July 24, 2012
ခနီး္တအခြေစိုက် ခ.လ.ရ (၅၂) တပ်ရင်းမှူး ကျော်ကျော်ဟန်နှင့် ဒုတပ်ရင်းမှူး လှိုင်စိုးကျော် တို့ ဦးစီးသော တပ်ရင်းမှ တပ်သား မင်းမင်းထွဏ်နှင့် ချစ်ကို တို့်နှစ်ဦးသည် ဇူလှိုင် ၁၉ ရက်နေ့တွင် MA သေနတ် ၂ လက်နှင့် ကျည်ဆန် ၆၀၀ ခန့်ဆောင်ယူလျှက် ဖားကန့် အခြေစိုက် KIA တပ်ရင်း ၆ သို့ အလင်းဝင် ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
ခ.လ.ရ (၅၂) တပ်ရင်းမှာ ခနီး္တမှ ဖားကန့်ဒေသသို့ လွန်ခဲ့သော ၃ လခန့်မှ လှုပ်ရှားတပ် အနေဖြင့် ရောက်ရှိ နေခဲ့ပြီး တနိုင်းဒေသသို့ ၁ လခန့် စစ်ကြောင်း ထိုးခဲ့ပြီးနောက်
ဇူလှိုင် ၁၅ ရက်နေ့တွင် ခ.လ.ရ (၅၂) သည်
KIA နှင့် တိုက်ခိုက်စဉ် အထိနာပြီး ဒဏ်ရာရ တပ်သား ၅ ဦးပါသည့် ခ.လ.ရ (၈၉)အား
မအူပင်တွင် သွားရောက် ကူညီပြီး ပြန်လည်ခေါ်ဆောင်လာရ န်
တက်သွား ခဲ့ရပါသည်။ ထိုစဉ် ည ၁၂ နာရီတွင် တပ်ကြပ်ကြီး ဖြစ်သူမှ
အရက်မှူးပြီး ထိုတပ်သား နှစ်ဦးအား အကြောင်းမဲ့ ရိုက်နှက်၊ နှိပ်စက်သဖြင့်
ထိုတပ်သား နှစ်ဦးမှာ သေနတ် ၃ ချက်ဖောက်ပြီး၊ စစ်ကြောင်းမှ ထွက်ပြေး
သွားခဲ့ပါသည်။
ယခုအခါ ထိုတပ်သား မင်းမင်းထွဏ်နှင့်
တပ်သား ချစ်ကို တို့နှစ်ဦးမှာ KIA တပ်ရင်း ၆ သို့ ရောက်ရှိနေပြီး
လိုအပ်သော အင်္ကျီ အ၀တ်အစားများနှင့် အခြား လိုအပ်ချက်များကို တပ်ရင်း ၆ မှ
ဖြည့်ဆည်း ပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက် ထားကြောင်း သိရှိရပါသည်။
Jinghpaw Kasa , Facebook သတင်းမှ
0 ကွန်မန့်ရေးရန်:
Post a Comment