ပုဇွန်လေးကိုမီးကင်ပြီးသုပ်စားကြမယ်နော်
လွယ်လွယ်လေးနဲ့ စားကောင်းတဲ့ ( အဲ မြည်းလို့ကောင်းတဲ့ ) အသုပ်လေးပါရှင်
- ပုဇွန်(ကင်ပြီးသားကိုအခွံခွာပြီးအနေတော်ပိုင်းပေးပါ)
- သံပုရာသီး
- ကြက်သွန်နီ(ပါးပါးလှီးပါ)
- ငရုတ်သီးစိမ်း(ပါးပါးလှီးပါ)
- မုံလာဥနီ(ပါးပါးလှီးပါ)
- ဂေါ်ဖီ(ပါးပါးလှီးပါ)
- ပဲအကျက်မှုန့်
- ငံပြာရည်
- နံနံပင်
- ငရုတ်သီးအကျက်မှုန့်
- ဆီချက် တို့နဲ့သုပ်ပါမယ်
ပုဇွန်ကိုရေစင်အောင်ဆေးပြီးဒုတ်လေးများနဲ့ထိုးပေးပါ ကင်တဲ့အခါလှည့်းပေးရတာလွယ်အောင်ပါ |
အညှော်ကြောက်တာရယ် ကင်နေရင်းကျွန်းသွားရင်ကျန်းမာရေးနဲ့မညီတာရယ်ကြောင့်အနေတော်လေးမှာချထားလိုက်ပါတယ် |
ပုဇွန်ရဲ့အခွံတွေခွာပြီးခေါင်းတွေဖြုတ်ပေးပါ |
ပုဇွန်အခွံတွေခွာရင် ကျောလယ်က မဲမဲကြောင်းလေးတွေကိုဖယ်ပေးပါ ပြီးရင်တော့ဒီအတိုင်းလေးဘဲစားစား ငရုတ်သီးစိမ်း ကြက်သွန်စိမ်း သံပုရာသီးလေးတွေနဲ့ဘဲသုပ်စားစား အရမ်းကို စားလို့ကောင်းပါတယ် |
ပုဇွန်သုပ်ဖို့ ပြင်ထားတာပါ |
အစပ်မပါတဲ့ ပုဇွန်သုပ်လေးပါ |
ဒါလေးကတော့ငရုတ်သီးစပ်စပ်လေးနဲ့ပါ ဒါလေးကိုလည်း ထမင်းဖြူလေးနဲ့ဖြစ်ဖြစ် အမြည်းလိုပဲဖြစ်ဖြစ် တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်နော်.... ခင်တဲ့ နှင်းဆီ |
0 ကွန်မန့်ရေးရန်:
Post a Comment