အထင်အရှားဖြစ်နေကြသော ကုသိုလ် အကုသိုလ် ဇောစေတနာတွေကို "ကံ" ဟု ခေါ်၏ ။
ထို ကံတရားတို့သည် ထုံးစံအတိုင်း ချုပ်ပျောက်ကြသော်လည်း
ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည်မဟုတ်။
မိမိတို့၏ ကံစွမ်းသတ္တိကို ခန္ဓာအစဉ်မှာ မြုပ်ထားလျက် ချုပ်သွားကြလေသည်။
ဆိုလိုရင်းကား- ခန္ဓာကိုယ်၌ စိတ်တစ်ခုပြီးတစ်ခု ဖြစ်ရာဝယ်
သတ္တိနည်းသောစိတ်တို့သည် ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစ်စုံတစ်ရာ မကျန်ရစ်တော့။
သတ္တိထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။
ဥပမာ- မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ
သူတို့၏ အရှိန်အ၀ါသည် သားသမီးအပေါ်၌ သိသိသာသာ မကျန်ရစ်တော့ဘဲ
ထက်မြက်ထင်ရှားသောမိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန်အ၀ါသည်
သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။
(ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ)
ဇော်ထွန်း
0 ကွန်မန့်ရေးရန်:
Post a Comment