(by Alex Arakani )
မေး - အစ်ကိုရေ အခုလိုမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဦးဆုံးပြောပါရစေ။ သပြေချောင်းရွာက မသီတာထွေး
အသတ်ခံရတဲ့ ကိစ္စမှာ ကျောက်နီမော်ရွာကျေးရွာအုပ်စုက ဗုဒ္ဒဘာသာဝင်တွေ
အထူးမကျေမနပ်ဖြစ်ပြီးတော့ ရဲစခန်းကိုဝိုင်းရံပြီး တောင်းဆိုချက်တွေ
တောင်းဆိုကြတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ကျွန်တော်သိချင်တာက ဒီဒေသက
အစ္စလာမ်ဘာသာဝင်တွေကရော အခု ကိစ္စမှာ ဘယ်လိုသဘောထားကြပါသလဲခင်ဗျ။
ဖြေ - ဟုတ်ကဲ့၊ အခုကိစ္စမှာ ရဲစခန်းကိုတောင်းဆိုခဲ့တာ ဗုဒ္ဒဘာသာဝင်တွေချည်းဘဲ မဟုတ်ပါဘူးခင်ဗျ၊ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်
တွေလည်း ပါပါတယ်။
မေး - ဟုတ်ကဲ့ပါ။ ဘာတွေ တောင်းဆိုခဲ့ကြလဲ ပြောပြပါလား။
ဖြေ - ကျွန်တော်တို့ တောင်းဆိုခဲ့တာကတော့ တရားခံအစစ်အမှန်တွေကို
အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ရယ်၊ တရားခံတွေကို ဥပဒေအရ
ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဒဘာသာဝင်တွေကတော့
လက်ရှိစစ်ဆေးနေတဲ့ ကောင်လေးတွေကို သူတို့လက်ကို အပ်ဖို့ရယ်၊
အမြန်ဆုံးသေဒဏ်ချမှတ်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။
မေး - အခု
တရားခံတွေဖြစ်ကြတဲ့ အစ္စလာမ်ဘာသာဝင်(၃)ဦးဟာ တရားခံအစစ်အမှန်တွေ
မဖြစ်နိုင်ဘူးလို့ ပြောသံတွေလည်း ကြားရပါတယ်။ အဲဒီအပေါ်မှာရော
တိတိကျကျပြောပေးလို့ရမလား။
ဖြေ - အခုဖမ်းဆီးခံထားရတဲ့ကောင်လေး(၃)
ကျောက်ဖြူမြို့ကိုခေါ်ဆောင်သွာြး
မေး- အခု မသီတာထွေးကိစ္စကို အခြေခံပြီး တောင်ကုတ်မြို့မှာ
အစ္စလာမ်ဘာသာဝင်တွေ သတ်ဖြတ်ခံရပါတယ်။ အဲဒီကိစ္စအပေါ် ရန်ကုန်မြို့မှာလည်း
အစ္စလာမ်ဘာသာဝင်တွေက ဆန္ဒပြကြပါတယ်ခင်ဗျ။ အခုကျောက်နီမော်မှာရော
ဗုဒ္ဒဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ အခြေအနေတွေက ဘယ်လိုရှိလဲခင်ဗျ။
ဖြေ - ဟုတ်ကဲ့။ အခုကျောက်နီမော်ကျေးရွာအုပ်စုအတ
မေး - အစ်ကိုပြောတဲ့ ပိတ်ဆို့မှုမျိုးစုံဆိုတာကို သိပ်မရှင်းဘူးခင်ဗျ။
ဖြေ - ဒီလိုပါ။ ပိတ်ဆို့မှုမျိုးစုံလို့ သုံးလိုက်တာက ဥပမာဗျာ ပညာရေး
ပိတ်ဆို့မှုလုပ်တယ်။ ကျောက်နီမော်ကျေးရွာ အထက်တန်းကျောင်းက
ဗုဒ္ဒဘာသာဝင်တွေနေထိုင်တဲ့ စံပြကျေးရွာမှာရှိပါတယ်။ ကျွန်တော်တို့
မွတ်စလင်ရွာ(၃)ရွာက အဲဒီကိုကျောင်းသွားတက်ရတဲ့ကလေးက
(၂၅၀) လောက်ရှိပါတယ်။ အဲဒီကလေးတွေ အဲဒီကို ကျောင်းသွားတက်လို့မရဘူး။
ဆေးရုံ၊ ဆေးခန်းတွေကလည်း အဲဒီစံပြရွာမှာရှိပါတယ် အဲဒီကို သွားလို့မရဘူး။
မေး - ဘယ်သူတွေက တားဆီးတာလဲခင်ဗျ၊ အာဏာပိုင်တွေဘက်ကလား၊ ဗုဒ္ဒဘာသာဝင်တွေဘက်ကလား ရှင်းရှင်းလင်းလင်း ပြောပေးပါခင်ဗျ။
ဖြေ - ဗုဒ္ဒဘာသာဝင်တွေဘက်ကပါ။ သူတို့ရွာတွေကို
ဖြတ်သန်းသွားလာခွင့်မပြုဘူး၊ သွားလာတဲ့လူတွေကိုလည်း
ရိုက်လွှတ်တာတွေရှိတယ်ခင်ဗျ။ ဘယ်သူမှမသွားရဲကြပါဘူး။
မေး - အာဏာပိုင်တွေဘက်ကကော အဲဒီကိစ္စအပေါ် ဘာမှလုပ်မပေးဘူးလားခင်ဗျ
ဖြေ - ဘာမှလုပ်မပေးပါဘူးခင်ဗျ။ အခင်းစဖြစ်တုန်းက ညဘက်ကျရင်
ဗုဒ္ဒဘာသာဝင်တွက ရွာကိုဝင်စီးမယ်ဆိုပြီး သတင်းတွေထွက်တော့
ကျောက်ထရံရွာထိပ်မှာ နေ့ခင်းဘက်ကင်းစောင့်ပေးပါတယ်။ ညဘက်ကျရင်
ပြန်သွားကြပါတယ်။ လုံခြုံရေးအစီအစဉ်ကို ကိုယ့်ဖာသာကိုယ် တာဝန်ယူကြရပါတယ်။
နေ့ခင်းဘက် လာစောင့်ပေးတဲ့အတွက် ရပ်ရွာက သူတို့စားသောက်ဖို့အတွက်
အကုန်တာဝန်ယူပေးရပါတယ်။
မေး - တခြားပိတ်ဆို့မှုတွေကော ရှိသေးလားခင်ဗျ
ဖြေ - စီးပွားရးပိတ်ဆို့ပါတယ်။ ကျွန်တော်တို့ရွာက ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွ
မေး - အဲဒီကိစ္စတွေကို ဘယ်သူတွေကဦးဆောင်ပြီး လုပ်နေတာလဲခင်ဗျ။ ဥပမာဈေးတစ်ခု အပြောင်းအရွှေ့ဖြစ်သွားတယ်ဆိုတော
ဖြေ - ဟုတ်ကဲ့။ ဘယ်သူတွေကဦးဆောင်နေလဲဆိုတော့ စီးပွားရေးသမားတွေက
ဦးဆောင်ပြီး လူမျိုးရေးအစွန်းရောက်တွေက လုပ်နေတာပါ။ စည်ပင်သာယာရေးဌာနကတော့
ရမ်းဗြဲမှာဘဲရှိပါတယ်။ သူတို့ကတစ်နှစ်စာ ဈေးအခွန်အတွက် လေလံပစ်၊
ငွေယူပြီးပြန်သွားရင် နောက်နှစ်လေလံပစ်ချိန် ပြန်လာတတ်ပါတယ်။
မေး - အခုလိုပိတ်ဆို့ထားတဲ့အပေါ်မှာရော ဘယ်လိုအခက်အခဲ အကြပ်အတည်းတွေ ဖြစ်ပါသလဲခင်ဗျ။
ဖြေ - ဒီလိုဗျ အခုလိုပိတ်ဆို့ထားတဲ့အတွက် မွတ်စလင်တွေ
မထိခိုက်ဘူးလားမေးရင် ထိခိုက်ပါတယ်လို့ ပြန်ဖြေရပါလိမ့်မယ်။ ဒါပေမယ့်
ဗုဒ္ဒဘာသာဝင်တွေကော မထိခိုက်ဘူးလားလို့မေးရင်လည်း
သူတို့လိမ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျောက်နီမော်ကျေးရွာအုပ်စုမှာ
ရွာတွေအချင်းချင်း ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ နေကြတာဗျ၊
အဓိကထိခိုက်တာကတော့ အောက်ခြေလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ၊ ထိခိုက်မှာ။
စီးပွားရေးသမားတွေကတော့ အချိန်ကာလတစ်ခု အထိ အကျိုးခံစားရင် ခံစားရလိမ့်မယ်။
ရေရှည်တော့မရဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်ခြေလူတန်းစားတွေကို
အဲဒီလူတွေ ထမင်းမကျွေးထားနိုင်သလို တာဝန်လည်းမယူနိုင်ပါဘူး။ ကိုယ့်ဝမ်းစာ
ကိုယ်ဘဲရှာရမှာဘဲ။ ကျန်းမာရေးနှင့် ပညာရေးကတော့ အတိုင်းအတာတစ်ခုအထိ
ထိခိုက်နေရပါတယ်။
မေး - ပိတ်ဆို့ထားမှုအပေါ် ဘာများဆက်လုပ်ကြမလဲ၊ ဘယ်လိုအစီအစဉ်တွေရှိလဲ။
ဖြေ - အခု ကျွန်တော်တို့တိုင်ပင်နေတုန်းခင
0 ကွန်မန့်ရေးရန်:
Post a Comment