ခုတလော ကျမနေလို့သိပ်မကောင်းဘဲ ရင်တွေ အရမ်းတုန်နေပါတယ်။မောလည်းမောပါတယ်။
အလုပ်ကိစ္စ အဆင်မပြေမှုတွေ နဲ့ ညတိုင်း ညဉ့် နက်တဲ့အထိ စာရေးတာကြောင့် လည်းပါပါတယ်။
နေမကောင်းတော့ အိမ်ပြန်ချင်ပါတယ်။ဂျပန်မှာ ကျမ ဘယ်မှ မသွားဘဲ တနေကုန် အိမ်ထဲမှာပဲ နေပါတယ်။
ကျမတည်းတဲ့ ဂျပန်အိမ် က မိသားစုလိုဖြစ်နေပြီး သိပ်သဘောကောင်းပြီးနွေးထွေးပါတယ်။
ကျမ ကို ကွန်ပြူတာရှေ့ က မထတမ်း ညဉ့် နက် တဲ့အထိ နေတာ ကို မကြိုက်ပါဘူး။
ကျမ နေမကောင်းတာ စိတ်ကြောင့် ရော တနေကုန် လှုပ်ရှားမှု မရှိလို့ ဆိုပြီး မနက်တိုင်းစောစောထပြီးလမ်းလျှောက်ရမယ်တဲ့ -
ကျမကလည်းကျမပါပဲ--
ညဉ့်  ၂ နာရီ ၃ နာရီ မှ အိပ်တဲ့ ကျမ အကျင့် ကိုလည်း မပြင်နိုင်ဘူးဖြစ်နေတယ်။
သူတို့က အိပ်ခိုင်းရင် ဟုတ်ကဲ့ ပြောပြီး သူတို့ အိပ်သွားတာနဲ့ တိတ်တိတ်လေး ကွန်ပြူတာခိုးသုံးတာပါ။
ဘယ်လောက် ညဉ့် နက်နက် မနက် သူတို့ထတဲ့အချိန် စောစော ထ ရပါတယ်။
ကြာလာတော့ ကျန်းမာရေး ထိခိုက်လာပါတယ်။သူတို့က နေမကောင်းတော့ လည်း အရမ်းဂရုစိုက်တော့
အားနာလာပါတယ်။ခုတော့ သူတို့စေတနာကို လေးစားတဲ့ အနေနဲ့  ကျမ စောစောအိပ်နိုင်အောင်ကြိုးစားနေပါတယ်။
ရေဒီယိုကလာတဲ့ သီချင်းလေးလိုခုတော့ စောစော အိပ် လို့ စောစော ထလို့ စောစောလမ်းလျှောက်မယ်။
လမ်းလျှောက်ထွက်တာကတော့ မနက် ၆ နာရီလောက်ပါ။
ဂျပန်ကိုရောက်ခါစက မိုးလင်းနိုးရင် တမျိုးကြီးပဲ--
သူတို့ ဆီက မနက်ခင်းက တိတ်ဆိတ်ငြိမ်သက်နေပြီးစိတ်ထဲမှာ တခုခုလိုနေသလိုပဲလို့ ခံစားရပါတယ်။
ကျမက အိမ်မှာဆိုအဖေတရားခွေဖွင့်တာကို အိပ်ယာထဲကနေ တရားနာရင်း ပဲပြုတ်သည်အော်သံကြားမှလူးလဲ ထတာပါ။
ကျမ မျက်နှာသစ်ချိန်လောက်ဆိုရင်တော့ အကြော်သည်၊ ကောက်ညှင်းပေါင်းသည် စတဲ့  ဈေးသည်လေးတွေ အိမ်ရှေ့ ကနေ ဖြတ်သွားပါပြီ။ကိုယ်ကြိုက်တာ အဆင်သင့် ခေါ်ဝယ်စားရုံပါပဲ--
မြန်မာပြည်ရဲ့ မနက်ခင်းဟာတရားသံ ၊ပဲပြုတ်သည်အော်သံ၊တခြားဈေးသည်လေးတွေရဲ့ အသံ နဲ့ စည်ကားနေပါတယ်။
ဂျပန်ရဲ့ မနက်ခင်းကတော့ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကျမလည်း ကင်မရာလေးယူပြီးလမ်းလျှောက်ထွက်လာပါတယ်။
အား--နံနက်ခင်း မှာ ရှူလိုက်ရတဲ့ အေးမြတဲ့ လေ က စိတ်ကို လန်းဆန်းသွားတာပါပဲ။
တစ်ယောက်တည်းလျှောက်ရမှာ ပျင်းသလိုလိုပဲဟယ်--
ကဲ--အားလုံး ကျမ နဲ့ အတူတူလမ်းလျှောက် လိုက်ခဲ့ကြနော်--
ဒါက ကျမတည်းတဲ့ အိမ်လေ၊အိမ် နှစ်ဆောင်ကို ၀ရန်တာနဲ့ ဆက်ထားတာပါ
ဒီဘက် အိမ်ဆောင်မှာ ကျမ တည်းတာပါ
လမ်းလျှောက် စ ထွက်မယ်
သူများတွေလည်း လမ်းလျှောက်ထွက်တယ်
ခွေးလေး ၀တ်ထားတာက အလန်း ပဲ နော်
လမ်းမဘေးက ပန်းပင်လေးတွေက လှလိုက်တာ
ဟို တစ်ယောက် ခွေးနဲ့အတူ လမ်းလျှောက် ပြီး တက်လာတဲ့ လှေခါးလေးကနေဆင်းမယ်
ဒီ လှေခါးလေးအတိုင်း ဆင်းပြီး စိုက်ခင်းလေးတွေ ရှိတဲ့ဘက်သွားမယ်
စိုက်ခင်းလေးနဲ့  အဖွားအို
ကုန်းလျှော လေးအတိုင်း ဆက်လျှောက်မယ်
ဟယ် --တောပန်းလေးတွေပါလား
ကားမချော်အောင်ဂရုစိုက် ဖို့ နဲ့ သတိပေး တဲ့ လမ်းပြ ဆိုင်းဘုတ်လေးတွေ
ခွေးလေးတွေနဲ့လမ်းလျှောက်တဲ့ သူတွေအတွက် ခွေးမစင် စွန့် ရန်အိတ်ယူခဲ့ဖို့ ၊
ကာကွယ်ဆေး ထိုးပေးဖို့မမေ့အောင်လည်း သတိပေးထားတယ်--
ဒီအိမ်လေးကလည်းတိတ်ဆိတ်နေတာပဲ--လူရှိတယ်လို့ တောင် မထင်ရဘူး လမ်းမနဲ့ ကပ်ပြီး ဒီလိုမျိုးကားတွေထားသလို မြန်မာမှာ ထားရင်လုံခြုံမယ် မထင်ဘူးနော်
ဂျပန်နွေဦးရာသီ မှာ မြေကပ်ပန်းလေးတွေ ပွင့်နေတာကလည်း လှ တယ်
ဒီပန်းလေးတွေက စပါယ်ခြုံလေးတွေလိုပဲ--တမျိုးလှတယ်
လမ်းလေးတွေက ညီညာပြန့် ပြူးနေတယ်--လူတိုင်းက ကားနဲ့ပဲသွားနေပြီး လမ်းမမှာလူရှင်းနေတော့ တမျိုးပဲ
ကားရှင်းမရှင်း ကြည့်လို့ ရအောင်လမ်းအချိုးအကွေ့ တိုင်းမှာ ဒီလို လမ်းပြ မှန်အ၀ိုင်းကြီးတွေရှိတယ်
ဟောဟိုနားက ဘုရားကျောင်းလေးထဲက သုသာန် ကို သွားစပ်စုလိုက်ဦးမယ်
ပန်းအိုးလေးတွေမှာ ပန်းလေးတွေက လန်းနေတာပဲ--အမြဲ ပန်းလာလဲကြတယ်နဲ့တူတယ်
စည်ပင်ရုံးဘက်သွားတဲ့ လမ်းဘေးက ဒီ ခရမ်းပြာပန်းလေးကလည်း လှတာပဲ
ဒါက Takahama မြို့ တော် စည်ပင်ရုံးကြီးပါ
အပြန် လမ်းကြားလေးတွေ ထဲ က နေ သွားမယ်--
သူတို့ လမ်းကြားလေးတွေ ကလည်း သန့် ရှင်းနေတာပဲဟယ်
ကဲ--ပြန်ရောက်ပါလာပါပြီ
ဒီတစ်မနက်တော့  လမ်းလျှောက်လို့  ပြီးသွားပါပြီရှင်---
်နောက်မနက် တခြားလမ်းတွေ လျှောက်သွားကြမယ်နော်--

0 ကွန်မန့်ရေးရန်:
Post a Comment