Thursday, April 19, 2012

အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ





လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည်။
အမှန်ဆိုရသော် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials)  များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော   အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့်  Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော   Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊ ဆန်၊ဂျုံပြောင်းတို့မှရရှိသော ကစီဓာတ်(Carbon hydrate)၊ အသားငါးဥနှင့်ပဲအမျိုးမျိုးမှ   ရရှိသောအသားဓာတ်(Protein)အစရှိသည်တို့ဖြစ်ပါသည်။
လူ၏ ခန္ဓာကိုယ်အတွင်းသို့ အကျိုးပြုဒြပ်ပေါင်းများကို အစာလမ်းကြောင်းမှတစ်ဆင့်ရရှိသလို အကျိုးမပြုသော ဒြပ်ပေါင်းများကိုလည်း    ယင်းအစာလမ်းကြောင်းမှပင် အများဆုံးရရှိသည်။ အကျိုးပြုသည့်ဒြပ်ပေါင်းများကိုရရှိလျှင်   ကျန်းမာရေးအတွက်  လွန်စွာအထောက်အကူပြုသလို အကျိုးမပြုသည့်ဒြပ်ပေါင်းများ  ရရှိပါကကျန်းမာ အသက်ရှည်ရေးအတွက် အလွန်ဒုက္ခပေးပါသည်။
ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့်  အကျိုးမပြုသော  ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်က အလိုမရှိသည့် အဆိပ်ပစ္စည်း(Toxic Materials)ဖြစ်သဖြင့် ယင်း
အဆိပ်တွေကို အသည်းက ချေဖျက်ပေးရသည်။ အသည်းကလည်း နိုင်သလောက်ဝန်ကိုသာ ချေဖျက်ပေးနိုင်သဖြင့် အဆိပ်တွေများလာလျှင် မချေဖျက်ပေးနိုင်တော့
ချေ။  ထိုရောအခါ  အသည်းကလပ်စည်း(Cell)များတွင်   ကင်ဆာဝေဒနာဖြစ်ရပါ တော့သည်။ ထို့အတူပင် ယင်းအဆိပ်ဓာတ်များသည် အစာလမ်းကြောင်းတစ် လျှောက်ရှိ လည်ချောင်း၊ အစာအိမ်နှင့် အူ စသည့်အင်္ဂါအစိတ်အပိုင်း(Organ)အမျိုးမျိုးကို ဖြတ်သန်းသွားသဖြင့် ထိုအင်္ဂါအစိတ်အပိုင်းတို့သည် အကာအကွယ်မဲ့(Exposure)သွားကာ အဆိပ်ဓာတ်များနှင့်ထိ တွေ့မှု (Contact)  ဖြစ်ပြီး အင်္ဂါအမျိုးမျိုးတွင် ကင်ဆာဝေဒနာ အမျိုးမျိုးကို ဖြစ်ပွားစေ ပါတော့သည်။
အကျိုးမပြုဘဲ အန္တရာယ်ပေးသည့်ဒြပ်ပေါင်းများ အစာလမ်းကြောင်းမှတစ် ဆင့် ခန္ဓာကိုယ်အတွင်းသို့  ၀င်ရောက်သည့် ဥပမာ သာဓကများကိုတင်ပြပါမည်။ အစားအ သောက်ဆိုးဆေး(Edible Dye)  မဟုတ်ဘဲ ဈေးပေါပြီး လူကို ဒုက္ခပေးသည့်  အ၀တ်အထည်ချည်မျှင် ဆိုးဆေး (Textile Dye)များဖြင့် ပြုပြင်စီမံထားသော  မျှစ်၊ အသားကင်အမျိုးမျိုး၊ ၀က်သားတုတ်ထိုး၊  ၀က်ဆီဖတ်ကြော်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ဆတ်သား၊ ဆိတ်သား-အမဲခြောက်၊ အအေးဖျော်ရည်အမျိုးမျိုး၊ ဆီးထုပ်၊ ယိုစုံအမျိုးမျိုး၊ လက်ဖက်၊ ငရုတ်ဆီ၊  ငရုတ်အရောင်တင်မှုန့် အစရှိသည်တို့ဖြစ်ပါသည်။  မှတ်မိသလောက်သာ  ဖော်ပြထားခြင်းဖြစ်ဖြစ်ပါသည်။ ယင်းပစ္စည်းများမှာ “ပြောမဆုံးပေါင် တောသုံးတောင်”ဆိုသလို များပြားလှပါသည်။    အမျိုးအမည်အမျိုးမျိုးကို စာရှုသူများ ဉာဏ်ဗဟုသုတဖြင့် ဆင်ခြင်ကြည့်ကြစေလိုပါသည်။
ဤသည်မှာ ဆိုးဆေးကိစ္စကိုသာ ပြောနေရင်းဖြစ်ပါသည်။ ဆိုးဆေးမဟုတ်ဘဲခန္ဓာကိုယ်အတွင်းသို့  ရောက်ရှိနိုင်သည့် အခြားအန္တရာယ်ပြု   ဒြပ်ပေါင်းများအကြောင်းကို ဆက်လက်၍ ဖော်ပြပါဦးမည်။ လက်ဖက်ရည်နှင့်  နို့ထွက်ပစ္စည်းလောကအကြောင်းကိုပြောပါမည်။ ဤကိစ္စနှင့်ဆက်စပ်၍  စာရေးသူ ၏အတွေးသည် လွန်ခဲ့သော ၂၅ နှစ်
ခန့်က ဖြစ်ရပ်တစ်ခုဆီသို့ ရောက်ရှိသွားပါသည်။ စာရေးသူ စစ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် စတင်တာဝန်ထမ်းဆောင်စဉ်ကာလများဖြစ်ပါသည်။ ထိုစဉ်က မိမိ၏
အထက်အရာရှိ လုပ်ဖော်ကိုင်ဖက်နောင်တော်ကြီး  စစ်တက္ကသိုလ်အမှတ်စဉ်(၈) ဆင်း စာပေထူးချွန်ဆု(သိပံ္ပ) ရရှိခဲ့သူသည် ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး ယာယီ
ဒုဗိုလ်မှူးကြီးဘ၀တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့ရရှာပါသည်။ အဖိုးတန်ပညာတတ် ပုဂိုလ်တစ် ဦး အကြေစောခဲ့ရ၍ နှမြောတသ ယူကျုံးမရဖြစ်ခဲ့ရပါသည်။ နောင် တော်ကြီးသည် ဘ၀ကို အလွန်ရိုးသားစွာဖြတ်သန်းလာခဲ့သူဖြစ် သည်။ အရက်မသောက်၊ ကွမ်း မစား၊ ဆေးလိပ်မသောက်၊ ဘာ အပျော်အပါးမှ မလိုက်စားချေ။
သို့သော် နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အင်မတန်ကြိုက်ရှာသည်။ သူ မန္တလေးတက္ကသိုလ်တွင် ဘွဲ့လွန် သင်တန်းသွားတက်တော့ သူနေ သည့်အဆောင်အခန်း၌ နို့ဆီဘူး ခွံတွေ၊ မလိုင်မုန့်ဘူးခွံတွေ တောင် လိုပုံနေသည်ဟု အခန်းနီးချင်းနေ စာရေးသူ၏ မိတ်ဆွေ တက္ကသိုလ် ဆရာကပြောပြပါသည်။
ထိုစဉ်က ပြည်တွင်းဖြစ် နို့ဆီတွေ စတင်ခေတ်စားချိန်ဖြစ်ပါသည်။ အချို့ နို့ဆီများတွင် တာ ရှည်အထားခံအောင် အဆိပ်အတောက်ဖြစ်ပြီး ဓာတုဒြပ်ပေါင်း တစ်မျိုး ဖြစ်သည့်   Formalin   ခေါ်   Formaldehyde    ကို လောဘသား စီးပွားရေးလုပ်ငန်းရှင်အချို့ က တရားမဲ့ ရောစပ်ထားကြောင်း သတင်းစကားများ ကြားသိခဲ့ရဖူး ပါသည်။ ယင်း   Formalin    ခေါ်   For-maldehyde    ဒြပ်ပေါင်းကို ဆေး သုတေသနလုပ်ငန်းများအတွက် အသုံးဝင်သည့်  သေဆုံးသွားသူ များ၏  ခန္ဓာကိုယ် အစိတ်အပိုင်း များကို တာရှည်ခံအောင် ဆေးရည်စိမ်ခြင်း၊ နာရေးအသုဘများတွင် ကွယ်လွန်သူ၏  ရုပ်အလောင်းကို မပုပ်မသိုးအောင်  ဆေးသွင်း ခြင်းကိစ္စများ၌  အသုံးပြုလေ့ရှိပါသည်။
ထိုစဉ်က မန္တလေးလက်ဖက်ရည်လောကတွင် ဂယက်တစ်ခု ရိုက်ခတ်သွားခဲ့ဖူးပါသည်။ “လက်ဖက်ရည်ဆို ရှယ်ပဲသောက်မယ်၊ ရိုးရိုးမသောက်ရဲဘူး။ အသည်းကင်ဆာ ဖြစ်မှာစိုးလို့”ဟု ပြောစမှတ်ပြုခဲ့ဖူးသည်ကို ယခုခေတ် လူငယ်များအား အသိပေးပြောလို ပါသည်။ ဖော်ပြပါ နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အလွန်ကြိုက်နှစ်သက်ကာ နှစ် ပေါင်းများစွာ သုံးဆောင်မှီဝဲခဲ့ရာ ၎င်းအစားအသောက်များတွင် ပါရှိနိုင်ခဲ့သည့်   Formalin    တန်ခိုး ဖြင့် သက်ဆိုးမရှည်ခဲ့သည့် သာဓ ကကို တခုတ်တရဖော်ပြအပ်ပါ သည်။ စကားစပ်သဖြင့် အရက် လောကကို ပြောပါဦးမည်။ လူ တွေသောက်နေကြသော အရက် အမျိုးမျိုးမှာ အီသိုင်းအယ်လ်ကို ဟော -   Ethyl Alcohol  ဒြပ်ပေါင်းဖြစ်သည်။ ၎င်းဓာတ်ပစ္စည်းသည် အဆိပ်အတောက်ပစ္စည်းစင်စစ် မဟုတ်သော်လည်း ခန္ဓကိုယ်အ တွက် လိုအပ်သော ဓာတ်ပစ္စည်း မဟုတ်သဖြင့် အသည်းက အလကားသက်သက် အလုပ်ပိုကာ ချေဖျက်ပေးနေရသည်။ ကြာလာ တော့လည်း အသည်းက မနိုင် ၀န်ထမ်းနေရသည့် ဒုက္ခကြောင့် အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်း၊   အသည်းအဆီ  ဖုံး ခြင်း စသည့်ဝေဒနာများကို ခံစား ရပါတော့သည်။
ပို၍ဆိုးသည်က  တောအ ရက်များနှင့် အရက်တုများ၏ အန္တ ရာယ်ဖြစ်သည်။ အရက်တုကိစ္စ ပြောပါဦးမည်။ အရက်တွင်ပါသော   Ethyl Alcohol    နှင့် အနံ့အရသာခွဲမရ အောင်တူသည့် အလွန်အဆိပ် ပြင်းသည့် ဓာတုပစ္စည်း    Methyl Alcohol    ၏ အန္တရာယ်မှာ လွန် စွာကြောက်မက်ဖွယ်ကောင်းပါ သည်။ နည်းနည်းသောက်မိလျှင် မျက်စိကွယ်မည်၊ လေဖြတ်မည်။ အတော်အတန်သောက်မိလျှင် သေဆုံးမည်။ သတင်းစာနှင့် ဂျာ နယ်များတွင်    Methyl Alcohol ပါသည့် အရက်တုများ သောက် မိသဖြင့် လူရာနှင့်ချီ၍ သေဆုံး ရသောသတင်းများကို မကြာခဏဖတ်ရသည်။
သီးနှံဟင်းသီးဟင်းရွက် လောကအကြောင်းပြန်၍ ကောက်ပါဦးမည်။ အဖေတို့၊ အမေတို့ပြော ခဲ့ဖူးသည့် “အသီးအရွက်များများစား အားရှိတယ်”ဆိုသောစကားသည် ယခုခေတ်တွင် ရာနှုန်းပြည့် မမှန်နိုင်တော့ပေ။ ခေတ်ပြောင်း သွားခဲ့ပါပြီ။ သိပံ္ပပညာထွန်းကား လာခြင်း၊ လူတို့၏ အတတ်ကျူး လာခြင်းနှင့် မဆင်မခြင်စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်မှုများကြောင့် စိုက်ပျိုးရေးလောကတွင် အန္တ ရာယ်ကြီးလှသော ပိုးသတ်ဆေး များ(Insecticides နှင့် Pesticides   ကို ပရမ်းပတာသုံးလာကြ သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ များက ယင်းပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန် ပညာပေးညွှန်ကြားထားသော်လည်း တောင် သူ/စိုက်ပျိုးရေးသမား အတော် များများက စိတ်မ၀င်စားကြချေ။ သူတို့ စိတ်ဝင်စားသည်က သီးနှံများ ရောင်းပန်းလှ ဈေးကောင်း ရရေးသာဖြစ်သည်။ ပိုးသတ်ဆေး ဖျန်းအပြီး သုံးပတ်အကြာမှ ဆွတ်ခူး ရိတ်သိမ်းရမည်ဖြစ်သော်လည်း တောင်သူ/စိုက်ပျိုးရေးသမား အတော်များများက အသိပညာ၊ ဗဟုသုတ၊ မေတ္တာစေတနာ နည်း လှစွာဖြင့် ယင်းစည်းကမ်းကို မလိုက်နာကြချေ။
ထိုရောအခါ ဈေးကွက်သို့ ရောက်ရှိလာသော သီးနှံဟင်းသီး ဟင်းရွက် အတော်များများတွင် အဆိပ်ဓာတ်များပါသည့် ပိုးသတ် ဆေးဓာတ်ကြွင်းများ(Toxic Residues of Insecticides and Pesticides)ပါရှိနေပေသည်။ ၎င်းအန္တရာယ်ကို မျက်စိဖြင့်လည်း မမြင်နိုင်၊ အနံ့အားဖြင့်လည်း မဆုံးဖြတ်နိုင်၊ အရသာအားဖြင့် လည်း မသိရှိနိုင်ပါပေ။ လူတွင် ၎င်းအန္တရာယ်ကို ရှာဖွေနိုင်သောကိရိယာ(Instrument)မရှိပေ။ဓာတ်ခွဲခန်း၌သာ ၎င်းအန္တရာယ်ကိုစစ်ဆေးအဖြေရှာနိုင်ပါသည်။    စာရေးသူမှာ နံနက် လမ်း လျှောက်ရင်း ကိုယ်တိုင်ဈေးဝယ် သူဖြစ်၍ ဈေးအတွင်းရှိ ချော ချောလှလှဖွံ့ဖွံ့ထွားထွား ဟင်းသီး ဟင်းရွက်များကိုမြင်တိုင်း ကြက် သီးတဖြန်းဖြန်းထပါသည်။ ဆရာ ကြီးရွှေဥဒေါင်း၏ စာရေးဟန်အ တိုင်းပြောရပါလျှင် “ကျွန်ုပ်သည် ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို လွန်စွာကြောက် လန့်လှပါသည်။ သင်တို့ ယခု ရောင်းချနေသော ချောချောလှ လှဖွံ့ဖွံ့ထွားထွား ဟင်းသီးဟင်း ရွက်များကို ကျွန်ုပ် စိုးစဉ်းမျှ အလိုမရှိပါ။ မီးယပ်ပိန် မီးယပ်ခြောက် ပိုးစားလောက်ကိုက် ဟင်းသီးဟင်းရွက်များကိုသာ  ကျွန်ုပ်ရွေးချယ် ၀ယ်ယူပါတော့မည်”ဟု ဆိုရမလို ဖြစ်ပါတော့သည်။
စာရေးသူသည် ထိုပိုးစား လောက်ကိုက် ဟင်းသီးဟင်းရွက်  များကို ဈေးတွင် ခက်ခက်ခဲခဲ ရှာ ဖွေဝယ်ယူရပါသည်။ သို့သော် လည်း ချက်ပြုတ်အပြီး မသဒီလှသေး သဖြင့် ကောင်းစွာ မျိုမကျ ချေ။ အခွံပါသော အသီးများကို တော့ အနည်းငယ်သဒီပါသေး သည်။ အခွံပါ အသီးအမျိုးမျိုးတို့ သည်လည်း ယနေ့ခေတ်တွင် မယုံကြည် စိတ်မချရတော့ချေ။ အသီး အမျိုးမျိုးသည် အသိဉာဏ်နုန့် နည်းသည့် လောဘသား စီးပွား ရေးသမားအချို့၏ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့် မသန့်စင်တော့ ကြောင်းကို အလျဉ်းသင့်၍ ဖော်ပြရပါဦးမည်။ အချို့ အုန်းသီး၊ ငှက်ပျောသီးဆိုင်ရှင်တို့သည် ငှက် ပျောသီးအစိမ်းများကို ၀ယ်ယူစု ဆောင်းထားပြီး အချိန်ကိုက် အမြန်မှည့်အောင် ရောင်းပန်းလှ တွက်ခြေကိုက်အောင် ဆောင် ရွက်ကြပါသည်။ ပြုလုပ်ပုံမှာ ငှက် ပျောသီးအဖီးလိုက်၊အခိုင်လိုက်ကိုဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်သည့်    Ethylene Oxide  အရည်တွင် စိမ်ပစ်လိုက်ခြင်းဖြစ်ပါသည်။  ဤ ဓာတုဒြပ်ပေါင်းမှာ ဆန်၊ဂျုံ၊ပဲများ သိုလှောင်ရာတွင် ပိုးမထိုးစေရန် အသုံးပြုသည့် ပိုးသတ်ဆေးတစ်မျိုး ပင်ဖြစ်ပါသည်။ ကဲ..စာရေးသူတို့ စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်ကအစ သစ်သီးအဆုံး ဘယ်ဟာမှ မသန့်စင်တော့ချေ။
နိဂုံးချုပ်ပြောရလျှင် အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ၏ အန္တရာယ်ကို ပညာဗဟုသုတဉာဏ် မျက်စိဖြင့်ကြည့်၍ ဝေးစွာရှောင်ရှားကြစေလို ကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ရပါသည်။
7 Day News ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မေမွန်ကျော်

0 ကွန်မန့်ရေးရန်:

Post a Comment