This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 9, 2013

ဖြစ်နေဆဲ တိုက်ပွဲ များသည် အကြောင်း အမျိုးမျိုး ပြသော နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးဟု KIA ဆို ......................

ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် အစိုးရ တပ်ဖွဲ့ တို့သည် အောက်တိုဘာလ (၇) ရက်နေ့ တွင် (၃) နေရာ၌ တောက်လျှောက် ယခု သတင်း မေးမြန်းချိန် ထိုင်းစံတော်ချိန် ည (၇) နာရီ အထိ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“အေး မနက် ကတည်း ကနေ အခုထိပဲ ၊ တောက်လျှောက်ပဲ၊ (၉) နာရီခွဲ လောက် ကတည်း ကနေ စပြီး ညနေ အခုထိကို သုံးနေ ရာမှာ တိုက်ပွဲ တောက်လျှောက် ဖြစ်နေတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသည်။

အောက်တိုဘာလ (၇) ရက်နေ့ မနက် ၉း ၃၀ မိနစ်တွင် ကောင်လွန် ရွာအနီးတွင် ရှိသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ များကို အစိုးရ ဗျူဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

ကောင်လွန်၌ ဖြစ်ပွား နေသော တိုက်ပွဲအား ကေအိုင်အေ တပ်ရင်း (၁၂) မှ ဗိုလ်ကြီး အင်ခွန်တန် ဦးဆောင်သော တပ်များနှင့် အစိုးရ ဗျူဟာ (၃) တပ်ဖွဲ့မှ တပ်များ တို့အကြား ဖြစ်ပွား နေခြင်း ဖြစ်သည်။

“ဗျူဟာ (၃) က နဖာ လမ်းဘက်က စစ်ကြောင်း တစ်ကြောင်း၊ ခတ်ကြီး ဘက်က စစ်ကြောင်း တစ်ကြောင်းနဲ့ နှစ်ဖက်လှ ညှပ်ပြီး ကျနော်တို့ကို လာတိုက်တာ” ဟု တပ်ရင်း (၁၂) တပ်ရင်းမှုး ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

အစိုးရ၏ ဗျူဟာ (၃) စစ်ကြောင်း အဖွဲ့သည် အိမ်ခြေ (၁၀၀) ခန့်ရှိသည့် ကောင်လွန်ရွာကို သိမ်းပိုက်နိုင်ရန် အတွက် လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေကြောင်း ဗိုလ်မှူး ဂျွှမ်းအောင် က ဆိုပါသည်။

ထို အစိုးရတပ် ဗျူဟာ (၃) မှ KIA တပ်အား ကောင်လွန်ရွာ အနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် အစိုးရ တပ်မှ (၂) ဦး ခြေထောက်၌ လက်နက်ငယ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဆိုပါသည်။

ထို့အတူ မနက် ၁၀း ၄၅ မိနစ်တွင် မုန်းဒိန်ပါ၊ မခေါ်ရန်ရွာ အနီးတွင် လှုပ်ရှား နေသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့အား ဗျူဟာ (၁) လက်အောက်ခံ တပ်တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပြန်သည်။

ထို့ပြင် ညနေ ၄း ၁၀ မိနစ်ခန့်မှ စ၍ ကောင်ဂျာရွာ အနီးတွင် အစိုးရ၏ ဗျူဟာ (၁) လက်အောက်ခံ တပ်များက KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

၎င်း ဗျူဟာ (၁) လက်အောက်ခံ စစ်ကြောင်း များမှ မုန်းဒိန်ပါ၊ မခေါ်ရန် ရွာအနီးနှင့် ကောင်ဂျာ ရွာအနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် KIA မှ ထောင်ထားသည့် မိုင်းကြောင်း အစိုးရ တပ်မှ အနည်းဆုံး (၄) ဦး ဒဏ်ရာ ရခဲ့ကြောင်း KIA မှ ပြောသည်။

ထို (၃) နေရာ စလုံးတွင် ယနေ့ မနက်က စ၍ လက်နက်ငယ် များဖြင့် အပြင်းအထန် တိုက်ခိုက် ခဲ့ကြပြီးနောက် ညနေပိုင်းတွင်မူ နှစ်ဖက် လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ် နေလျက် ရှိပြီး လက်နက်ငယ် တိုက်ပွဲများ အနည်းငယ် ရပ်တန့် နေခဲ့ပါသည်။

KIA တပ်ရင်း (၁၂) မှ ရင်ဆိုင် နေရသော အစိုးရ စစ်ဗျူဟာ (၃) ခု အနက် စစ်ဗျူဟာ (၁) တွင် ခမရ (၃၈၇) ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များဖြင့် စုဖွဲ့ ထားပါသည်။ ထို့ပြင် စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါကာ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် ပါဝင် စုဖွဲ့ ထားပါသည်။

ထို တပ်ရင်း (၁၂) နယ်မြေတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂) ရက်နေ့မှ စ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေခဲ့ ပါသည်။ ၄င်းကိစ္စအား ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့ တွင်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်အား ခေါ်ယူ တွေ့ဆုံ သဖြင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ သွားရောက် တွေ့ဆုံ ခဲ့ပြီး ဒုက္ခသည် အခြေအနေ များကို တင်ပြ ခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွား ရခြင်းနှင်း ပတ်သက်၍မူ တိုင်းမှူးမှ သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲ ဖြစ်ပွား နေရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း သွားရောက် တွေ့ဆုံ ခဲ့သည့် ဦးလမိုင်ခွန်ဂျာက အစောပိုင်း ရက်များတွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားပါသည်။

အစိုးရ နည်းဗျူဟာ တပ်များသည် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နယ်မြေအား နည်းဗျူဟာ (၃) ခုဖြင့် စစ်ဆင် နေပြီး အရန် ဗျူဟာ အဖြစ် နည်းဗျူဟာ (၂) ခု ရန်ထား သေးကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

ထိုနည်းဗျူဟာ တပ်များသည် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ဦးစီး ကွပ်ကဲသည့် တပ်များ ဖြစ်ကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသော်လည်း ၄င်းကို မြန်မာ့ငြိမ်းချမ်ရေး စင်တာမှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးကမူ လုံးဝ မဟုတ် မှန်ကြောင်း ငြင်းဆို ထားပါသည်။

ဗိုလ်ချုပ် ထွန်းထွန်းနောင်ကမူ အကြောင်း ပြချက် (၃) ချက် ဖြစ်သည့် သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲများ ဖြစ်ပွား ရသည်ဟု ဆိုသော်လည်း ၄င်းအား ဗိုလ်မှူး ဂျွှမ်းအောင်မှ ငြင်းဆိုကာ နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသာ ဖြစ်ကြောင်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ပါသည်။

လက်ပံတောင်းမှာ လယ်တီသိမ်တော် ၀င်ရောက်ခွင့်ပြဿနာ ပြေလည်................


2013-11-08

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော် ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ၀င်ရောက်ဖူးမြော်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကို မနက်ဖြန်တစ်ရက်တည်း အတွက် ခွင့်ပြုတာဖြစ်ပြီး တခြားရက်တွေမှာ ၀င်ရောက် ဖူးမြော်မယ်ဆိုရင်တော့ သက်ဆိုင်ရာအသီးသီးကို ခွင့်ပြုချက်တောင်းယူရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသခံတွေ နဲ့ ကြေးနီစီမံကိန်းအနီး မိုင်းမြို့ဦးကျောင်းတိုက်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့တယ်လို့ အလယ်တောရွာသူမစန္ဒာက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ၀င်ရောက်ခွင့်ပိတ်ထားတယ်လို့သိရသလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဟန်းသံဃာတချို့နဲ့ ဒေသခံတချို့ဟာ အခုလ၂ရက်နေ့ကစပြီိး ထိုင်သပိတ် ဆန္ဒပြနေကြနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့မှာ ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်ဓါတ်အားခ နှုန်းထားများ ပြန်လည်လျော့ချပေးရန် အရေးအကြီးအဆို အတည်ဖြစ်၊ လျှပ်စစ်ဓါတ်အားခ နှုန်းထားများကို ပြန်လည်သုံးသပ်၍ အနီးစပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြန်လည်တင်ပြမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီဌာန ဒုဝန်ကြီးဆို.............



လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းတိုးမြှင့်ကောက်ခံမှုအပေါ် လျှပ်စစ်ဓါတ်အားခ နှုန်းထားများ ပြန်လည်လျော့ချပေးရန် အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ၄င်းအဆိုအား အတည်ပြုခဲ့ကြောင်းသိရသည်။

မလှိုင်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓါတ်အားခ တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူ့ဆန္ဒအရ ပြန်လည် လျော့ချပေးရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်က တင်သွင်းရာတွင် အများပြည်သူသို့လည်း အသိမပေး၊ ချပြရှင်းလင်းခြင်းမရှိ၊ လွှတ်တော်သို့လည်း တင်ပြခြင်းမရှိဘဲ လျှပ်စစ်ဓါတ်အားခများတိုးမြှင့်သည့်အပေါ် ပြန်လည်လျော့ချပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်၏ အရေးကြီးအဆိုအပေါ် ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး လျှပ်စစ်ဓါတ်အားခနှုန်းထားများ တစ်ပြေးညီဖြစ်ရေး၊ အရှုံးခံပေးနေသည့် အပေါ် ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးပုံနှင့် ဓါတ်အားခများအား နှိုင်းယှဉ်တွက်ချက်ပြကာ မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာကာ လက်ရှိတိုးမြှင့်ထားသည့် လျှပ်စစ်ဓါတ်အားခများကို ပြန်လည် တွက်ချက်သင့်ကြောင်း ထောက်ပြကာ ဦးအေးမောက်၏ အဆိုအပေါ် ထောက်ခံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း လွှတ်တော်အနေဖြင့်လည်း ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိဆန္ဒပြခြင်း၊ ဆန္ဒပြသူများအပေါ် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် အရေးယူမှု၊ ဆက်လက်၍လည်း ဆန္ဒပြမည်အစီအစဉ်များ ရှိနေခြင်းမှာလည်း မသင့်တော်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြီးပြတ်သည်အထိ ဆွေးနွေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အရေးကြီးအဆို နှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးမှ လက်ရှိတိုးမြှင့်ထားသည့် နှုန်းထားများကို ပြန်လည်သုံးသပ်၍ နီးစပ်ရာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

Friday, November 8, 2013

** လူတွေ မသိတဲ့ စုဘုရားလတ်ရဲ့  အတွင်းရေးအကြောင်း ** .......................


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။

♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။
 
.........
 
အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....

ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...

၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...

အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။

ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။

မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။

အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...

ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။

မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...

နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...

မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ...

ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...

ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...

သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...။
 

ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း ရေးသားသူး မောင်ကွန်ပျူတာ အမျိုးအစားး pdf အရွယ်အစားး 100MB

ညီနေမင်း


Posted: 06 Nov 2013 02:04 AM PST

စာအုပ်အမည်း ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း
ရေးသားသူး မောင်ကွန်ပျူတာ
အမျိုးအစားး pdf
အရွယ်အစားး 100MB

ယခု တင်ပေးလိုက်တဲ့ ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း စာအုပ်လေးတွင် လက်ရှိ PC တွင်ပါရှိသော အစိတ်အပိုင်းများကို upgrade လုပ်သင့်သည့်အချိန်နှင့် PC အသစ်တစ်လုံးကို ဝယ်သင့်သည့် အချိန်တို့ကို လေ့လာသိရှိနိုင်ပါသည်။ PC ကိုအသုံးပြုသူများအတွက် မရှိမဖြစ် လိုအပ်သောစာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ လေ့လာချင်တဲ့ မိတ်ဆွေများ အောက်မှာ Downland ယူသွားပါ။

This posting includes an audio/video/photo media file: Download Now

Thursday, November 7, 2013

သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ကျော်နှင့် ရွှေပိဿာ ၈၀၀ ကျော် ပေးသွင်းရန်ကျန် ..........................


Wednesday, November 6, 2013

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော်၏အရအသုံးစာရင်းများကို စစ်ဆေး ရာတွင် သတ္ထုတွင်းဝန်ကြီးဌာနက ကျပ်သန်း ၃၂၀ ဒသမ ၅၅၄ နှင့် ရွှေစင် ၈၂၁ ပိဿကျော်ဖြင့် အများဆုံး ပေးသွင်းရန် ကျန်ရှိနေကြောင်း နိုဝင်ဘာ ၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဝေငှသော ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကာလအတွက် ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခု၊ စည်ပင်သာယာရေး ကော်မတီ/အဖွဲ့ အစည်းများမှ နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိနေသည်။

ယင်းသို့ပေးဆပ်ရန်ကျန်ရှိရာတွင် မွေး/ရေ၀န်ကြီးဌာနက ကျပ် ၂၉၆ ဒသမ ၉၆၆ သန်းဖြင့် ဒုတိယအများဆုံး၊ ပညာရေးဝန်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ လယ်ဆည်ဝန်ကြီးဌာနမှ ၉၀ ဒသမ ၄၁၀ သန်း၊ စက်မှုဝန်ကြီးဌာန မှ ၂၈ ဒသမ ၈၂၅ သန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၁၁ ဒသမ ၉၉၄ သန်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ၇ ဒသမ ၃၀၈ သန်း အသီးသီးကျန်ရှိနေသည်။

ရွှေကြွေးကျန်များမှာ ရွှေတူးဖော်ရေးလုပ်ငန်းများမှ အကြောင်းကြောင်းကြောင့် ပေးသွင်းရန်ကျန်ရှိနေသော ရွှေ များဖြစ်ပြီး ၎င်းရွှေများကို အကြွေးလျော်ပေးရန် သြဂုတ်လအတွင်းက ပြည်သူ့လွှတ်တော်တွင် မေးမြန်းမှုများရှိခဲ့ပြီး ၀န်ကြီးဌာနက ကြွေးလျော်ပေးရန် အစီအစဉ်မရှိဟု ပြန်လည်ဖြေကြားထားသည်။

Written by  သီဟကိုကို
Mizzima - News in Burmese

Thit Htoo Lwin - News





ကချင်ပြည်နယ် ရွှေတူးဖော်ရေးလုပ်ငန်း

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို...................


မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။ “ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။ ---

Wednesday, November 6, 2013

ဆန္ဒထုတ်ဖေါ်သူများ ပြည်သူကိုကိုယ်စားပြုပါက ရှစ်ခိုးမည်ဟုဆို

မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားခများတိုးမြင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများအနေဖြင့် ပြည်သူကိုအမှန်တကယ် ကိုယ်စားပြုမည်ဆိုပါက ရှစ်ခိုးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ မှ ဥက္ကဌဦးအောင်ခိုင်က People Power သတင်းစာသို့ ပြောကြားသည်။

“ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီးရှစ်ခိုးလိုက်မယ်၊သူတို့ ကဘယ်သူ့  ကိုကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ၊အစိုးရ ကဘာပဲလုပ်လုပ် အမြင်ကပ်တဲ့အနေနဲ့ ပြမှာလား၊ဘယ်သူ့ ကိုကိုယ်စားပြုသလဲဆိုတာစဉ်းစားဖို့ လို တယ်၊ဒီလို လုပ်တာက ကိုယ်ကြီုအတ္တသမားတွေလုပ်တာပါ၊သူတို့ က ပြည်သူ့ နာမည်ကို ကိုင်ရိုက်နေတာ” ဟု ၄င်းကပြော ကြားသည်။

မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများစွာနေထိုင်ပြီး လျှပ်စစ်ဓါတ်အားခကို အိမ်သုံးလျှပ်စစ်ဓါတ်အားခနှုန်း ထားကို တစ်ယူနစ် ၃၅ကျပ်ကောက်ခံနေရာမှ ယခုအခါ ယူနစ် ၁၀၀ ကျော်မှသာ ကျပ် ၅၀နှုန်းကောက်ခံမည် ဖြစ်ကြောင်း၊လက်ရှိတွင် အိမ်သုံးလျှပ်စစ်ကို အခြေခံလူတန်းစား ၅၈ ဒသမ ၈၉ ရာခိုက်နှုန်းအသုံးပြုနေသော ကြောင့် အခြေခံလူတန်းစားများမထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အား ဖြန့်  ဖြူးရေးအဖွဲ့ ထံမှ သိရသည်။

ဓါတ်အားတစ်ယူနစ်ဆိုသည်မှာ ၁၀၀၀ ၀ပ်ရှိကာအင်အားရှိလျှပ်စစ်ပစ္စည်းအား တစ်နာရီကြာသုံးစွဲနိုင် ကြောင်း၊အခြေခ့လူတန်းစားများအတွက် တစ်လယူနစ် ၁၀၀ သက်မှတ်မည်ဆိုပါက တစ်ရက်လျှင် ၃ဒသမ၃ ယူနစ်ဖြစ်ပြီး လေးပေမီးချောင်း ၄ ချောင်း၊တီဗီတစ်လုံး၊ ပန်ကာနှစ်လုံးကို ခြောက်နာရီကြာအသုံးပြုနိုင်သော ကြောင့် အခြေခံလူတန်းစားများကိုမထိခိုက်ကြောင်း ဦးအောင်ခိုင်ကပြောကြားသည်။

အစိုးရအနေဖြင့် လျှပ်စစ်ဓါတ်အားကိုအရှုံးခံကာ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ပုဂလိကလုပ် ငန်းရှင်များဝင်ရောက်လာနိုင်မည်မဟုတ်ကြောင်း၊ယခုပြင်ဆင်လိုက်သော နှုန်းထားသည် အခြေခံလူတန်းစား များကို များစွာထိခိုက်နိုင်မည်မဟုတ်ကြောင်း စက်မှုလုပ်သန်းရှင်တစ်ဦးကပြောကြားသည်။

လတ်တလော လျှပ်စစ်ဓါတ်အားခများတိုးမြင့်ကောက်ခံခြင်းကြောင့် ရန်ကုန်မြို့တွင် အဖွဲ့ အစည်း အချို့ နှင့်ပြည်သူ အချို့က ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်နေစီစဉ်နေခြင်းဖြစ်သည်။

ရေးသားသူ-နီတိုး
People power

Thit Htoo Lwin - News




မီတာခ ၂ ဆ ဖြစ်ရင် အအေးခန်းစက်ရုံများ ပိတ်ပစ်ရတော့မည်...................



အခု နိုဝင်ဘာလဆန်းကစပြီး ယူနစ် ၅၀၀၀ အထက်သုံးတဲ့ စက်ရုံနဲ့ အလုပ်ရုံတွေရဲ့ မီတာခတွေကို ၂ ဆ မြှင့်လိုက်တာကြောင့် အအေးခန်းစက်ရုံတွေ ပိတ်ပစ်ရတော့မယ်လို့ ရေလုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောပါတယ်။

သူ အအေးခန်းစက်ရုံဆိုရင် နဂိုက ၁ လ မီတာခ ကျပ် သိန်း ၄၀ လောက်ကျပြီး အခုဆိုရင် ကျပ် သိန်း ၈၀ ကျသင့်တော့မယ်လို့ သူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က လုပ်တဲ့ ငါးလုပ်ငန်းအသင်း ရုံးချုပ် ပုံမှန် အစည်းအဝေးပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး စက်ရုံတွေ ပိတ်ရရင် အလုပ်သမားတွေလည်း အလုပ်ပြုတ်ပြီး ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကတော့ နဂို လုပ်ငန်း သုံး မီတာ ၁ ယူနစ် ၇၅ ကျပ်ကနေ အခု ကျပ် ၁၅၀ သတ်မှတ်လိုက်လို့ မီတာခ ၂ ဆ တိုးတာကို ရန်ကုန်မှာ လုပ်ငန်းရှင် ၄ ထောင်လောက်ကပဲ ကြုံရမှာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

by ဒီဗွီဘီ

မင်းဘူးက ဆရာတော် တပါး ရုပ်ကလာပ် ပျောက်ဆုံးမှု ဖြစ်ပွား ....................

လင်းသန့်

မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။

“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။

ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ၊ ၁၉၈၃ ခု ဇန်န၀ါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။

အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။

“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။

ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်းတွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။

ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကို မသိရှိကြောင်း တာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။

“ကျနော်က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆို သည်။

ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတ၀ိုက် ဒေသများကလည်း အလွန်ရိုသေလေးစား ကြည်ညိုကြကြောင်း သိရသည်။

“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ၀မ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြောဆိုသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြော သည်။

“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီသမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။

ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင် မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦက၀ိ ၏ ရုပ်ကလာပ် အပါအ၀င် ဖြစ်သည်။

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ ......................



တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက်လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်းကို အကြီးကောင်ကို ပြောလိုက်တယ်။

နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေးတယောက် အပြင် ထွက်လာတယ်။
“အစ်ကို သူပဲ။ အားလုံး အဆင်ပြေတဲ့ ကောင်မလေးပါ။ မနက်မိုးလင်တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့
ကိုအကြီးကောင်က ကိုကိုအောင်ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည်အသစ်၊ ဒီကို တခါမှလာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။
အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်
ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ကြတယ်။
ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲမှာ နေတဲ့သူပါ။ သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို လိင်အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။
သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတရုံမှာ အလုပ်စလုပ်ခဲ့တာ ၈ လ ကျော်လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။
“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ်တာကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန် ထောက်ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။
ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အလုပ်သမတွေ အတွက်က လမ်းဘေးလိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ်လို့ သူက ဆက်ပြောတယ်။
မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င် အနှိပ်ခန်းတွေ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။
“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ်ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက်သေးဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။
နောက်တယောက် ထပ်ခေါ်သွားတယ်။ ကျနော်က ခေါင်းတွေလိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် လိင်အလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။
သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့အပြင် တခါတခါ တာမွေလမ်းဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။
“တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်းထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင်မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေလမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင်အလုပ်သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှမဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။
အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ လိင်အလုပ်သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေတဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ လိင်အလုပ်သမတွေကို စီမံချက်နဲ့ အများအပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း လိင်အလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။
“တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှ ပေးမှာမဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကားမှုတွေလည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ၀ိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။
ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်းအပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေးများကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။
အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင်တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ၀င်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။
ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင်လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။
အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစုက ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။
“မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ်မလဲ” လို့ သူက ဆိုတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။
တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက်သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။
“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီက ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။
အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ်ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။
ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။
ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ အဲဒီလို ငွေကြေးတိုက်ရိုက်ယူတဲ့ လိင်အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။
အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ်တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။
တချို့ အနှိပ်ခန်းက လိင်အလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။
“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သလိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။
လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများစုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြတယ်လို့ သူက ဆက်ပြောတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ်ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင်အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“တကယ်တော့ လိင်အလုပ်သမတွေ တော်တော်များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက်တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲမှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

မှတ်ချက်။     ။ လိင်အလုပ်သတွေရဲ့ နာမည်တွေကို သူတို့ရဲ့ ဆန္ဒအရ ပြောင်းလဲ ဖော်ပြ ထားပါတယ်။

 မူရင်း လင့် http://burma.irrawaddy.org/article/2013/11/06/50572.html

မော်လမြိုင် သုံးဘီးကား .....................

Wednesday, November 6, 2013



သုံးဘီးတွေဟာ ကား မဟုတ်ဘူး၊ ဘာကြောင့်လဲ။
အဖြေက ရှုပ်ပါတယ် - လေးဘီးမဟုတ်လို့ပေါ့။

အခုခေတ် အသက် ၃၀ အောက်တွေက သုံးဘီးကားရောင် ဆိုတဲ့ အသုံးအနှုန်းကို သုံးကြသေးရဲ့လား။
သုံးဘီးကားရောင် ဆိုတာ လိမ္မော်ရောင်တမျိုးကို ခေါ်တာပါ။ ကားအရောင်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ စကားလုံးဖြစ်ဖွယ်ရှိပါတယ်။  

 


သုံးဘီးကားတွေဟာ တချိန်က ရန်ကုန်မှာပဲ အလုံးအရင်းနဲ့ရှိခဲ့တာပါ။
နယ်နှင်ခံရပြီးနောက်ပိုင်းမှာမှ တခြားသောမြို့ကြီးများကို ရောက်သွားပါတော့တယ်။

ကားလို့ အသိအမှတ်မပြုတာဟာ ဘီး လေးလုံး တပ်မထားလို့လား၊ သူ့ရဲ့အင်ဂျင်က ကားအင်ဂျင် မဟုတ်လို့လား။

ကား လို့ အသိအမှတ်ပြုခံရရေးဟာ ဒီကနေ့အချိန်မှာ သုံးဘီး ပိုင်ရှင်တို့အတွက် အရေးကြီးပါတယ်။
ယာဉ်အိုယာဉ်ဟောင်းတွေအပ်နှံရင် ယာဉ်သစ်တစီး ဈေးသက်သာစွာနဲ့ဝယ်ခွင့်ရတဲ့ကာလ မဟုတ်လား။ ဒါကြောင့် နံပတ်မှာ ဟ အက္ခရာပါတဲ့  သုံးဘီးကို ကား ဖြစ်စေလိုကြတာပါ။

အခုတော့ ဟ  အက္ခရာကို ကျော်ပြီး တခြားကားတွေကိုပဲ ကားသင်္ချိုင်းက လက်ခံနေတာပါ။
ဒါကြောင့် သုံးဘီးကားတွေ လမ်းပေါ်မှာ ချာချာလည်နေရဦးမှာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်း မော်လမြိုင်ကို ရောက်တော့ သုံးဘီးတွေကို တွေ့ခဲ့ရပါတယ်။ အင်ဂျင်သံကတော့ တကယ့်ကို ဆူဆူညံညံပါပဲ။ ခရီးသည် ၄ ယောက် လို့ ရေးထားသော်ငြား တကယ် တင်တော့ ၆ ယောက်လည်း ဆံ့တာပါပဲ၊ တင်တာပါပဲ။

မြို့လယ်ကနေ မြို့အထွက် တံတားထိပ်ကို ၁၅၀၀ ပေးရပါတယ်။ 

 

ခေတ်ဟောင်းသုံးဘီးထက် ပိုအဆင့်မြင့်တယ်လို့ ယူဆလိုက ယူဆနိုင်တဲ့ နောက်ပေါ် သုံးဘီး

မော်လမြိုင်မှာ မူလလက်ဟောင်းသုံးဘီးတွေရဲ့ ပြိုင်ဘက်ကတော့ ထိုင်းကသွင်းလာတဲ့ ဆမ်မလော့တွေပါပဲ။
 ဆမ်မလော့ ဆိုတာ ထိုင်းစကားပါ၊ မြန်မာလိုတော့ သုံးဘီးပေါ့။

ထိုင်းသုံးဘီးတွေဟာ ဆိုင်ကယ်ကို နောက်တွဲတပ်ပြီးဆင်ထားတာပါပဲ။ နယ်စပ်မြို့တွေမှာ တွေ့ရမှာပါ။ စက်တွေကို ထိုင်းကနေ သွင်းတယ်၊ ပြည်တွင်းမှာ သုံးဘီးဖြစ်အောင် ဆင်တယ်လို့ ဆိုပါတယ်။

ထိုင်းသုံးဘီးရဲ့ အားသာချက်က ပစ္စည်း များများဆံ့တာပါပဲ။ ဆွဲအားလည်း ပိုကောင်း၊ ဝယ်ဈေးလည်း ပိုများဖွယ် ရှိပါတယ်။

မီးခိုး အလွန်အကျွံ ထွက်ခြင်းကို  သည်းမခံကြတဲ့ခေတ်ရောက်ရင်တော့ မူလလက်ဟောင်း သုံးဘီးတွေ သံရေကြိုစက် ရောက်ကြဖွယ် ရှိတယ်လို့ ယူဆရပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မော်လမြိုင်က သုံးဘီး ရှေ့ခန်း နဲ့ သုံးဘီးဆရာကို နောက်ကျောဘက်က မြင်ရပုံ

အခုချိန်မှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ လေထု သန့်ရှင်းမှုကို ဦးစားမပေးနိုင်ကြသေးတဲ့အတွက် မူလလက်ဟောင်း သုံးဘီးတွေ မော်လမြိုင်မှာ ပန်းပန်လျက် ရှိတာ တွေ့ခဲ့ရပါတယ်။



.

မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို ရုံးတင်...........................




မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ဆက်ဆံမှုတွေ အပေါ် မကျေနပ်လို့ လက်စားချေတဲ့ အနေနဲ့ အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်သူ တစ်ယောက်ကို အကြမ်းဖက်မှု စွဲချက်နဲ့ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။

သူကတော့အသက် ၂၉ နှစ် အရွယ် Separiano ဆိုသူ ဖြစ်ပါတယ်။ နောက်ထပ် လူ ၄ ယောက်ကိုလည်း နောက်ပိုင်းမှာ ရုံးတင် စစ်ဆေးဖို့ ရှိပါတယ်။

အိမ်လုပ် ဗုံးတွေနဲ့ ဖောက်ခွဲဖို့ ကြံစည်ခဲ့ကြောင်း အပြစ် ထင်ရှားရင် တော့ သူဟာ သေဒဏ် ကျခံရဖွယ် ရှိပါတယ်။

ဖောက်ခွဲဖို့ စီစဉ်ထားတဲ့ ရက် မတိုင်ခင် တစ်ရက်က မသင်္ကာသူတွေထဲက နှစ်ယောက်က မော်တော်ဆိုင်ကယ်နဲ့ သွားလာစဉ် လမ်းမှာ တားဆီးပြီး စစ်ဆေး ခဲ့ရာမှာ ကျောပိုးအိတ်ထဲ ထည့်ယူလာတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Tuesday, November 5, 2013

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ: ချစ်သူသိလေ -..........................

  MoeMaKa


ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ: ချစ်သူသိလေ
မိုးမခ  ။ နိုဝင်ဘာ၊ ၀၄၊ ၂၀၁၃
(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တနှစ်ပြည့်မည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် - ၂)
ခင်မောင်တိုး (၁၉၅၀-၂၀၁၂)
ခင်မောင်တိုး ရဲ့ ဂီတ ဘဝ အစ ပထမ ဆယ်စုနှစ် က အောင်မြင်ခဲ့တဲ့ ကဗျာသီချင်း “မျက်သွယ်” နဲ့ ဂီတပညာရှင် ခင်မောင်တိုး ကို လွမ်းဆွတ် ဂုဏ်ပြု အပြီးမှာ ဒုတိယ အစီအစဉ် အနေနဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ နောက်ဆုံး ဆယ်စုနှစ်လို့ ဆိုနိုင်တဲ့ သက္ကရာဇ် ၂၀၀၀ မှာ ထွက်လာခဲ့တဲ့ “တိတ်တခိုး” တေးစု ပါ “ချစ်သူသိလေ” နဲ့ မိုးမခ ရဲ့ “ခင်မောင်တိုး ရက်သီတင်းပတ်” အမှတ်တရ အစီအစဉ် ကို ဆက်လက် ချီတက် ချင်ပါတယ်။
သက္ကရာဇ် ၂၀၀၀ ဝန်းကျင် ဗမာ့ စတီရီယို ဂီတ ရပ်ဝန်း ကို အကြမ်းဖျင်း ကြည့်မယ် ဆိုရင် ပြန်ဆိုတေးတွေ၊ နိုင်ငံခြားသံစဉ်မှီး အပြင်းစား သီချင်းတွေ ကြီးစိုး ဈေးကွက်ဝင်နေတာကို တွေ့ရပါမယ်။  ကိုယ်ပိုင် ဂီတ၊ ကိုယ်ပိုင်ဟန် နဲ့ သီးခြား ရပ်တည် တည်ရှိနေတဲ့ ဂီတပညာရှင်များ နဲ့ တေးစုများ လည်း အနည်းစု ရှိပါတယ်။  အဲဒီ ထဲမှာ “ခင်မောင်တိုး” နဲ့ “တိတ်တခိုး” တေးစု ဟာ ထူးခြား ပေါ်လွင်နေခဲ့ပြီး လူကြီး၊ လူငယ် မရွေး နှစ်ခြိုက် သဘောကျ ခဲ့ကြသလို ခင်မောင်တိုး အမာခံ ပရိသတ် များရဲ့ သဲသဲလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။
“တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ ငယ်သူငယ်ချင်း လို့ ဆိုနိုင်တဲ့ တက္ကသိုလ်ကျောင်းသားဘဝ ရောင်းရင်း မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ကဗျာ တွေကို ဂီတ ညီငယ် မဇ္ဈိမလှိုင်း ဝိုင်းတော်သား တေးရေးဆရာ နိုင်မင်း က သံစဉ်ထည့် တေးဖွဲ့ခဲ့တဲ့ တေးစု ဖြစ်ပါတယ်။
တေးစု ပါ သီချင်းများ အားလုံး လူကြိုက်များခဲ့ပြီး ခေါင်းကြီးတေး “တိတ်တခိုး” နဲ့ ယခု တင်ဆက်မယ့် “ချစ်သူသိလေ” နှစ်ပုဒ် ဟာ အထူး ကျော်ကြားလှတဲ့ “ပေါက်” သီချင်းများဖြစ်ခဲ့ကာ လူငယ်တိုင်းလိုလိုရဲ့ ပါးစပ်ဖျား မှာ၊ ဂစ်တာဝိုင်းမှာ နေရာယူခဲ့ပါတယ်။  အဆောင်ညတွေမှာ “ချစ်သူသိလေ” အရင်းပြု ကဗျာ ရွတ်လိုက်၊ သီချင်း ဆိုလိုက် နဲ့ ရွှေနားတော်သွင်းရင်း အချစ်ဇယားခင်း ခဲ့ဖူးကြတဲ့ လူငယ်များ နိုင်ငံတဝှမ်း မနည်း ရှိခဲ့ပါတယ်။
တေးစု တခုလုံး အနေနဲ့ ဆိုရရင်လည်း “တိတ်တခိုး” တေးစု ဟာ ခင်မောင်တိုး ရဲ့ သီချင်းအသစ် အဓိက အားပြု ထွက်ရှိနိုင်ခဲ့တဲ့ နောက်ဆုံး တေးစုဖြစ်တဲ့ အတွက် ခင်မောင်တိုး ဂီတ ဘဝ မှတ်တမ်း မှာ အရေးပါလှပါတယ်။
ဗမာ့ ကိုယ်ပိုင်သံစဉ် စတီရီယို ဂီတ သမိုင်းမှာ ကဗျာ အများအပြား ကို လူတိုင်း နားစွဲအောင် လှလှပပ၊ ခန့်ခန့်ထည်ထည်၊ အရသာမပျက်၊ သီချင်း လုပ်ကာ သီဆိုပြသွားခဲ့တဲ့ ခင်မောင်တိုး အား နှမြော တသ လွမ်းဆွတ် သတိရခြင်း များစွာဖြင့်…
ချစ်သူသိလေ (ကဗျာ)
(၁)
ပန်းပွင့်ရှိမှ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့် တစ်ငုံ
ထုံသည့်တစ်ပွင့် နမ်းခွင့် တစ်ရှိုက်
ရသည့်ခိုက်မှ ထာဝရတည်
ကာလရှည်လျား နှလုံးသားမှာ
စွဲမြဲစွာဖြစ် ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊
ချစ်သူသိလေ…။

(၂)
မျက်နှာတွေ့မှ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်
ဘယ်ကို သွားသွား
ဘယ်နား ရောက်ရောက်၊ ဘယ်လောက် ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်၊
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏၊
ချစ်သူသိလေ…။

(၃)
အသံကြားမှ နားမှာ ဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ၊
စမ်းရေသံကြား သူ့ စကားရှိ
ငှက်၏ တေးမှာ သူ သံသာတွေ
နှုတ်ခြွေ စကား နားမှာတီးတိုး
ဟိုး… အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏၊
ချစ်သူသိလေ…။

(၄)
ချစ်သူသိလေ…
သတိရလျှင် ဒေသ အကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက် ကွာမလဲ…
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာ ရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်...
အိမ်မက် တိုင်းမှာ ရှိနေသူ…။
မောင်စိန်ဝင်း(ပုတီးကုန်း)
ဓာတ်ပုံ မျှဝေသူ - ကိုသားငယ်
 
ချစ်သူသိလေ / ချစ်သူသိစေ (သီချင်း)

♫ ♪ ♫ ♪…
ပန်းပွင့်ရှိမှ.. ရနံ့.. ရတာ.. မဟုတ်ဘူး..
ဖူးသည့်.. တငုံ.. ထုံသည့်.. တပွင့်..
နမ်းခွင့်.. တရှိုက်.. ရခိုက်မှာ..
ထာဝရ.. အမြဲတည်..
နှလုံးသားမှာ.. စွဲမြဲစွာ.. ထုံယစ်..
ဆွတ်ပျံ့နေ.. ချစ်သူ.. သိစေ..

♫ ♪ ♫ ♪…
တွေ့ခွင့်ရမှ.. မင်း.. မျက်နှာ.. လဝန်း..
ကြည့်ခွင့်.. တခါ.. မြင်ခွင့်.. တလှည့်..
မင်း. .မရှိလည်း.. စွဲမြဲစွာ..
ဘယ်လောက်.. ဝေးနေ..
မော့.. ကြည့်ရင်.. မိုးကောင်းကင်လို.. ရှိ..
တွေ့လို့နေ.. ချစ်သူ.. သိစေ..

♫ ♪ ♫ ♪…
ဘယ်လောက်.. ဝေးဝေး.. ဘယ်မှာ.. ဖြစ်ဖြစ်..
တွယ်နှောင်.. ရစ်ငင်.. အိမ်မက်မှာ.. အစဉ်အမြဲ.. ရှိ..

နေရာချင်း.. လွဲလွဲ.. ဒေသချင်း.. ကွဲကွဲ..
မြင်ယောင်.. စိတ်.. အစဉ်.. အိမ်မက်.. မှာ. ရှိ..

♫ ♪ ♫ ♪…
ဖွင့်ဟ.. ပြောမှ.. ကြားတတ်တာ.. မဟုတ်ဘူး..
စီးဆင်းတဲ့.. စိမ့်.. စမ်းရေ..
ကျေးငှက်တို့.. တီးတိုးသံ..
ချိုစွာ.. ကြားရင်
မင်း.. စကားသံ.. စွဲမြဲစွာ.. ကျန်ရစ်..
ကြားလို့နေ.. ချစ်သူ.. သိစေ..

ချစ်သူသိလေ၊ စာသား - မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာ၊ သံစဉ် - နိုင်မင်း၊ တေးဆို - ခင်မောင်တိုး၊ တေးစု - တိတ်တခိုး (၂၀၀၀)
Music Video URL: http://youtu.be/uOsCz-ICfa4

(သည် အစီအစဉ်ကို တင်ဆက်နိုင်အောင် စီစဉ်ပေးတဲ့ ငြိမ်းချမ်းအေးကို မိုးမခက ကျေးဇူးတင်ပါသည်)


Categories: , , http://moemaka.blogspot.com/2013/11/moemaka.html

ငမိုးရိပ်တံတားနားက ယာဉ်တိုက်မှု .................

Monday, November 4, 2013




~


  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ လမ်းမကြီး ငမိုးရိပ်တံတားအနီး တနင်္ဂနွေည ၁၁ နာရီကျော်ခန့်က ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။



တံတားပေါ်ကမောင်းလာတဲ့ စူပါကာစတန်ယာဉ် နဲ့ သင်္ဃန်းကျွန်းဘက်က မောင်းလာတဲ့ အစ်ဆူဇူးယာဉ်တို့ တိုက်မိကြတယ်လို့ အဲဒီအနား နေထိုင်သူများက ပြောပြပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားတာ၊ သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

စူပါ ကာစတန် တုံးလုံး လဲသွားပြီး အစ်ဆူဇူးက ရှေ့ဘီးကျွတ်သွားတယ်လို့ သိရပါတယ်။

(သတင်းနဲ့ ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)








.

ဆင်ထိန်းဦးသိန်းစိန်သေဆုံးမှုနဲ့ ဝေဒဆရာတို့အမြင် ............................

Monday, November 4, 2013


ရန်ကုန်မှာ မွေးထားတဲ့ ဆင်ဖြူတော်တွေထဲတစီးရဲ့ တိုက်ခိုက်ချက်ကြောင့် 
နေကြတ်ဖို့ တရက်အလို၊ သီတင်းကျွတ်လကွယ်နေ့မှာ ဆင်ဦးစီးတယောက် သေဆုံးသွားပါတယ်။ ဒီအကြောင်းကို ဒီဘလော့ http://blog.irrawaddy.org/2013/11/blog-post_3.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ 
ဆင်ဦးစီးအမည်က သမ္မတအမည်နဲ့ သွားတူနေတဲ့အတွက် ဒီသတင်းက  အများစိတ်ဝင်စားတဲ့သတင်း ဖြစ်နေပါတယ်။ ဗေဒင်၊ နက္ခပညာရှင်တို့ကလည်း ဒီအကြောင်း စိတ်ဝင်စားကြပုံရပါတယ်။ သူတို့ရဲ့ ပြောဆိုချက် ခန့်မှန်းချက်တွေကို ဒီနေ့ထုတ် သတင်းစာတချို့မှာ တွေ့ရပါတယ်။

"ဆင်ဖြူတော်တွေက သစ္စာ ရှိကြတယ်။ ဒီလို ဆင်ဖြူတော်က လူသတ်တယ် ဆိုတော့ ကောင်းတဲ့ နိမိတ်တော့ မဟုတ်ဘူး" လို့ ဒေါက်တာဦးကံမင်းက 7Day သတင်းစာကို ပြောပါတယ်။
သမ္မတဦးသိန်းစိန်အတွက်တော့ ယတြာကျေသွားတာပဲ လို့ သူက ဆက်ပြောပါတယ်။

အဲဒီသတင်းစာမှာပဲ 
ဆရာမင်းသိမ်းခိုင် သုံးသပ်ထားတာက ဒီလိုပါ..."ဦးသိန်းစိန်အတွက် အန္တရာယ်ကင်းတဲ့ နိမိတ်ပါပဲ။ သမ္မတ ကြုံရမယ့် အခိုက်ကို ဆင်ဦးစီး ခံပေးလိုက်တဲ့ သဘော ယူဆလို့ ရပါတယ်"ရန်ကုန်တိုမ်း သတင်းစာမှာလည်း ဦးဇေယျာကိုရဲ့ အဆိုကို အခုလို တွေ့ရမှာပါ...
"
သမ္မတကြီးအနေနဲ့ ကံညံ့တွေ ကြုံနေတဲ့ အချိန်မှာ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တဲ့အတွက် နိုင်ငံတော်သမ္မတ နေရ
ာမှာ အခြား ကံနိမ့်တဲ့ နာမည်တူ ဆင်ဦးစီးက အခုလိုမျိုး ဖြစ်သွားတယ်လို့ သုံးသပ်နိုင်ပါတယ်"

ကဲ... ပညာရှင်များကတော့ အဲဒီလို သုံးသပ်နေကြပါပြီ။ ဧရာဝတီဘလော့ ပရိသတ်များကရော ဒီဖြစ်ရပ်ကို ဘယ်လို မြင်ကြပါသလဲ။ ဗေဒပညာရှင်များလိုပဲ မြင်ကြပါသလား။ အမြင်တွေကို ဒီဘလော့မှာ မှတ်ချက် ပေးသွားနိုင်ကြသလို ဖေ့စ်ဘုတ်မှာလည်း ရေးသွားနိုင်ပါတယ်။

မကြာသေးခင်ကပဲ ထိုင်းနိုင်ငံက မြန်မာ့ဆင်ဖြူကို  ငှားရမ်းလိုကြောင်း လေသံ ပစ်ခဲ့ဖူးကြောင်း http://blog.irrawaddy.org/2013/06/blog-post_594.html မှာ ဖတ်နိုင်ပါတယ်။ မြန်မာဘက်က အပြတ် ငြင်းလိုက်ပုံပါပဲ။ လက်ခံပြီး ခဏ ပို့လိုက်မိရင် ထိုင်းဘက်မှာ ဒီလိုအမှုမျိုးဖြစ်လာနိုင်ပါသေးတယ်။

ဆင်တွေရဲ့ အရေခွံအရောင်ကြောင့် လူတွေရဲ့ အာရုံကလည်း အမျိုးမျိုး အပြောင်းအလဲ ရှိနေပါတယ်။ ဆင်တွေကိုယ်တိုင်လည်း ဒါဟာ ကံဆိုးတယ်လို့ ဆိုနိုင်ပါတယ်။ သာမန်အရေခွံသာ ပိုင်ဆိုင်မယ် ဆိုရင် သူ့ဇာတိမှာပဲ လွတ်လွတ်လပ်လပ် ဆက်နေနိုင်မယ်လို့ ဆိုရပါမယ် (သစ်ပင်ခုတ်တာ များသွားလို့ သူတို့ဘုံပျောက်ခြင်းကတော့ တပိုင်းပေါ့လေ)။
သာမန်အရေခွံမဟုတ်၊ အဖြူကြိုက်သူများကြား အရေခွံဖြူဖွေးလုနီးပါး ဖြစ်နေတဲ့အတွက်  သံကြိုးခတ်ခံရပြီး ရုံသွင်းပြခံရတဲ့ ဘ၀ ရောက်နေတာကတော့ ကံဆိုးတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။


(အပေါ်ပုံကတော့ ဆင်ဖြူတော်တစီးကို ယခင် အစိုးရ ခေါင်းဆောင် သွားရောက် တွေ့ဆုံနေပုံ ဖြစ်ပါတယ်။)


ဆင်ဖြူတော်တွေကို ရောင်းတော့မှာလား 

http://blog.irrawaddy.org/2012/08/blog-post_1019.html

Loaner White Elephant to Thailand a No-Go: President’s Office
http://www.irrawaddy.org/burma/loaner-white-elephant-to-thailand-a-no-go-presidents-office.html

မြန်မာ့ ဆင်ဖြူ ထိုင်းကို မငှားနိုင် 
burma.irrawaddy.org/%E1%81%80_asean/2013/06/19/42473.html

 ဆင်ဖြူတော်အစွယ်နဲ့ထိုးလို့ ဆင်ထိန်း ဦးသိန်းစိန် သေဆုံး 
http://blog.irrawaddy.org/2013/11/blog-post_3.html



Google Voice နှင့် GTalk * Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ Software*......................................




အခုတင်ပေးလိုက်တာကတော့ Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ Andriod Version 1.0,2.0 အထက်တွေမှာ Gtalk က အကောင့်တခုပဲ သုံးလို့ရပါတယ်။ ပိုသုံးချင်ရင် ဆော့ဝဲလ် ထပ်ရှာရပါတယ်။ ဒါတောင် တချို့မော်ဒယ်နိမ့် ဖုန်းတွေက Gtalk Call လို့ မရ ပါဘူး။ 
GV Phone လေးကတော့ Gtalk Voice Call လည်းရပါတယ်။ Chatting လည်းရတယ်။ ပြီးတော့ Viber လိုပဲ GV Phone ဆော့ဝဲ ထည့်ထားတဲ့ ဖုန်း နံပါတ်အချင်းချင်း Free Call ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းကြည့်တာ အရမ်းကို အဆင်ပြေပါတယ်။ လိုင်းနဲတာတောင် အသံ ကြည်လင်ပြတ်သားမှု ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဆောင်ထားသင်ပါတယ်။
အောက်မှာ Screenshoot တွေနဲ့ ပြထားပေးပါတယ်။ သုံးရတာ ဒီဇိုင်းတမျိုးနဲ့ အရမ်းကိုလန်းပါတယ်။ ။ အခုတင်ပေးလိုက်တဲ့ GV Phone - Google Voice & GTalk ကိုတော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

ပေါက်တော ပဋိပက္ခ အမျိုးသမီး တဦး သေဆုံး .......................

ခင်ဦးသာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးမှု၊ ထိခိုက် ဒဏ်ရာရမှု တချို့ရှိကြောင်း သိရ သည်။

ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ အမျိုးသမီး ၅ ဦးသည် ရွာအနီး ပင်လယ်ကမ်းစပ်တွင် ခုံးကောက် သွားကြရာ ဘင်္ဂါ လီ မွတ်စလင် အမျိုးသား ၃ ဦးက ဓား၊ လှံ တို့ဖြင့်လိုက်လံ ခုတ်သည့်အတွက် တဦးသေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာ ရ ရှိသွားကြောင်း၊ ဒဏ်ရာ ပြင်းထန်သူ အမျိုးသမီးကို စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။

ဓားခုတ်ခံရသည့် အမျိုးသမီးငယ်သည် အသက် ၁၈ နှစ် ၀န်းကျင်ရှိ မေသန်းခင် ဆိုသူဖြစ်ရှိပြီး ဓားခုတ်ဒဏ်ရာ ပြင်းထန် သည့် အတွက် အချိန်ယူ ကုသရမည် ဖြစ်ကြောင်း၊ အခြေအနေ မစိုးရိမ်ရကြောင်း ပေါက်တော ဒေသခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ပြောသည်။

“ဓားနဲ့ အခုတ်ခံရတာ၊ လှံနဲ့ထိုးခံ ရတာတွေ ဖြစ်သွားတယ်၊ လှံနဲ့အထိုးခံရတဲ့ အမျိုးသမီးကတော့ သေသွားတယ်၊ ကျူးလွန် သူတွေက အမျိုးသားတွေဖြစ်ပြီး ဓားခုတ်ခံရတာက အမျိုးသမီးတွေ ချည်းပဲဆိုတော့ ထွက်ပြေးလို့ မလွတ်ဘူးပေါ့”ဟု ၎င်း က ဆိုသည်။

ဓားဖြင့် ခုတ်သူများသည် ထွက်ပြေး လွတ်မြောက်နေပြီး ဖမ်းမိရန် ဆောင်ရွက်နေကြောင်း၊ ပဋိပက္ခများကြောင့် စစ်တပ်၊ ရဲ တပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အစီအမံများ စီစဉ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရ၏ သတင်းနှင့်မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြော ရာတွင် ဘင်္ဂါလီ အလောင်း တလောင်း တွေ့ရှိသည့်အတွက် ရခိုင်တိုင်းရင်းသားများအပေါ် သံသယမကင်း ဖြစ်ပုံရကြောင်း၊ ထို့ကြောင့် ရခိုင်အမျိုးသမီးများအား လက်စားချေသည့် သဘောဖြင့် ဘင်္ဂါလီ အမျိုးသားများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

“လူသတ် တရားခံတွေကို ဖမ်းမိပြီလား၊ မမိသေးလားတော့ သေချာ မသိရသေးပါဘူး”ဟု ဦးလှသိန်း က ပြောဆိုသည်။

ရခိုင်ဒေသ၌ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအပြီး ပေါက်တောရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာနေကြောင်း၊ ၎င်းတို့သည် လူအင်အားကို အသုံးပြု၍ ဒေသခံများ၏ စိုက်ခင်း၊ ဥယျာဉ်ခြံများတွင် သစ်၊ ၀ါး၊ ထင်း ခုတ်ခြင်းတို့ လုပ်ဆောင်သည်ကို ဒေသခံများက ဟန့်တားခြင်းကြောင့်လည်း မကြာခဏ အငြင်းပွားမှုများ ရှိကြောင်း သိရသည်။

“ပေါက်တော ဒေသမှာ ဒေသခံတွေရဲ့ ကျွဲတွေ၊ နွားတွေ အခိုးခံရမှုတွေဟာလည်းပဲ ခဏခဏ ဖြစ်နေတယ်၊ ဒါပေမယ့် ခိုးတဲ့ တရားခံတွေကို ဖမ်းမိတာ အရမ်းနည်းတယ်၊ ပဋိပက္ခတွေ ဖြစ်နေတာတွေဟာ ဒီကိစ္စတွေလည်း ပါတယ်”ဟု ဦးတက်ထွန်း အောင် က ပြောပြသည်။

ပေါက်တော ပဋိပက္ခတွင် ဘင်္ဂါလီအမျိုးသား တချို့လည်း ဒဏ်ရာ ရကြောင်း၊ ဆင်တပ်မော်ကျေးရွာ အနီးတွင် လူသေ အ လောင်း တလောင်း တွေ့ရှိ၍ အာဏာ ပိုင်များက စစ်ဆေးနေစဉ် အနီးရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ လူ ၃၀၀ ၀န်းကျင်စုရုံး ရောက်ရှိလာသည့်အတွက် လူစုခွဲရန် ပြောဆိုရာ မလိုက်နာခြင်းကြောင့် ပစ်ခတ် လူစူခွဲရာမှ အမျိုးသား ၁ ဦး ဒဏ်ရာရ သွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ဆိုသည်။ ပစ်ခတ်မှုကြောင့် လူတဦး သေဆုံးသည်ဟုလည်း အတည်မပြုနိုင်သေးသော သတင်းများက ဆိုသည်။

ပဋိပက္ခများကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အစီအမံများ ဆောင်ရွက်နေ ကြောင်း၊ အမျိုးသမီးများအား ဓားဖြင့်ခုတ်သတ်သည့် တရားခံများကို ဖမ်းမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုဒေသတွင် အခြေစိုက် လုပ်ဆောင်နေသည့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) သည် နိုဝင်ဘာ ၂ ရက်နေ့ ပဋိပက္ခများ ကြောင့် ရခိုင်နှင့်ဘင်္ဂါလီ နှစ်ဘက်စလုံးတွင် ထိခိုက် ဒဏ်ရာရသူများရှိသော်လည်း ဘင်္ဂါလီ လူနာများကိုသာ အမြန်ရေယဉ်ဖြင့် စစ်တွေဆေးရုံသို့ တင်ဆောင်သွားကြောင်း၊ ဒဏ်ရာ ပြင်းထန်နေသည့် ရခိုင်အမျိုးသမီးများကို ကူညီပေးမှု မရှိကြောင်း ပေါက်တော ဒေသခံ ဦးသာထွန်းအေး က ပြောသည်။

“အရင်ကတည်းက ဘက်လိုက်နေတာ အခုချိန်ထိပါပဲ၊ ဒီလိုဘက်လိုက်မှုတွေရှိတဲ့အဖွဲ့တွေကို ကျနော်တို့ ဒေသမှာ မရှိစေ ချင်ဘူး၊ ဒီလုပ်ရပ်တွေဟာ ရခိုင်နဲ့ဘင်္ဂါလီတွေ အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ယူ ဆ ကြတယ်၊ သွေးထိုးမှုတွေ လုပ်နေတာတွေရှိနေတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ အခြေစိုက် NGO များ၊ INGO များသည် အားလုံးကို တပြေးညီကူညီမည်ဟု ဆိုသော်လည်း လက်တွေ့တွင် ခွဲခြား မှုများရှိကြောင်း၊ ဆေးကုသမှု၊ ရိက္ခာ ပေးဝေမှု စသည့်တို့တွင် ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း၊ ထို့ကြောင့် ထိုဒေသ၌ အခြေစိုက်သည့် NGO များအားလုံး ထွက်ခွာရန် လူထုအစည်းအဝေး တရပ်ပြုလုပ်ပြီး ယမန်နေ့က ကြေညာချက်ထုတ်၍ ပြည်နယ် ၀န်ကြီးချုပ်၊ ဒေသ အာဏာပိုင်များ၊ အဖွဲ့အစည်းများထံ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ကမူ“နှစ်ဘက်စလုံးကို မျှမျှတတ လုပ်ဆောင်ဖို့တော့ NGO တွေက အစိုးရနဲ့ သဘောတူထားပြီးသားပါ”ဟု ဆိုသည်။

ပေါက်တော ပဋိပက္ခနှင့်ပတ်သက်၍ ICRC ၏ လုပ်ရပ်အပေါ် မကျေနပ်ခြင်းကြောင့် စစ်တွေမြို့ခံများကလည်း စစ်တွေ ဆေးရုံကြီးရှေ့၌ ယမန်နေ့က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်။ ရခိုင်ဒေသခံများ အနေဖြင့် မြန်မာပြည်တွင်းမှ NGO အဖွဲ့များကိုသာ လက်ခံလိုကြောင်း ပြောဆိုကြသည်။