2013-11-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့
လယ်တီဆရာတော် ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ၀င်ရောက်ဖူးမြော်ဖို့
သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က
ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကို
မနက်ဖြန်တစ်ရက်တည်း အတွက် ခွင့်ပြုတာဖြစ်ပြီး တခြားရက်တွေမှာ ၀င်ရောက်
ဖူးမြော်မယ်ဆိုရင်တော့ သက်ဆိုင်ရာအသီးသီးကို
ခွင့်ပြုချက်တောင်းယူရမှာဖြစ်တယ်လို့
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသခံတွေ နဲ့ ကြေးနီစီမံကိန်းအနီး
မိုင်းမြို့ဦးကျောင်းတိုက်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးစဉ်မှာ
ပြောကြားခဲ့တယ်လို့ အလယ်တောရွာသူမစန္ဒာက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ၀င်ရောက်ခွင့်ပိတ်ထားတယ်လို့သိရ သလို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဟန်းသံဃာတချို့နဲ့
ဒေသခံတချို့ဟာ အခုလ၂ရက်နေ့ကစပြီိး ထိုင်သပိတ် ဆန္ဒပြနေကြနေတာကြောင့်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့မှာ ဒေသခံတွေနဲ့
လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။
2013-11-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော် ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ၀င်ရောက်ဖူးမြော်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ၀င်ရောက်ခွင့်ပိတ်ထားတယ်လို့သိရ
Posted in: ဆန္ဒပြပွဲ
0 ကွန်မန့်ရေးရန်:
Post a Comment