This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 30, 2012

သြဂုတ်က ၂၇ ရက်နေ့မှစတင်ပြီး ဖားကန့်ဒေသတွင် တိုက်ပွဲများပြင်းထန်နေကြောင်းသိရ




https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-snc6/199755_423952527642376_920795105_n.jpg
ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း သြဂုတ်လ ၂၇ ရက်နေ့မှစတင်ပြီး KIA နှင့် တပ်မတော်အကြား တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။

သြဂုတ်လ ၁၇ ရက်နောက်ပိုင်းမှစတင်ပြီး ဖားကန့်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် အပြန်အလှန်ပစ်ခတ်မှု များဖြစ်ပေါ်ခဲ့သည်ဟု သိရပြီး သြဂုတ် ၂၇ ရက်နောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်ထန်လာခဲ့ခြင်းဟုသိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ဖားကန့်မြို့ပေါ်သို့ လူဦးရေ တစ်သောင်းကျော် လာရောက်ခိုလုံလျက်ရှိသည်ဟု ဖားကန့်မြို့ခံတစ်ဦးကပြောပါသည်။

“အရင်က KIA စခန်းတွေနဲ့ နီးတဲ့ရွာတွေကို တပ်က ကင်းလှည့်သွားတဲ့အချိန်မှ နည်းနည်းပစ်တာခတ်တာရှိ တာ။ အခုရက်ပိုင်းမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်တာခတ်တာတွေပါ ရှိလာတယ်။ သြဂုတ်လ ၂၉ ရက်နေ့က ဆိုရင် ဖားကန့်မြို့နားမှာ ကပ်ပြီး ဖြစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်ကြခတ်ကြလို့ မီးခိုးတွေတက်လာတာကို မြို့ ထဲကတောင် မြင်နေရပါတယ်။ ဒုက္ခသည် အရေအတွက်က သြဂုတ် ၃၀ ရက်နေ့မှာ သောင်းဂဏန်းလောက် ရှိနေပါပြီ” ဟု အဆိုပါမြို့ခံကပြောပါသည်။

တိုက်ပွဲများ ဖြစ်ပွားရာမှ ထွက်ပေါ်လာသော မီးခိုးများကို ဖားကန့်မြို့အတွင်မှ

Malwarebytes Anti-Malware (PRO) 1.65.0.1000 Beta (သုံးကြည့်ပေးပါ)



မင်္ဂလာပါခင်ဗျာ... Malware တွေကို အကောင်းဆုံး ဖယ်ရှားရှင်းလင်းပေးနိုင်မယ့် Malwarebytes Anti-Malware (Pro) လေးကို မျှဝေပေးလိုက်ပါတယ်... တစ်ခုပြောပြချင်တာက Antivirus တစ်မျိုးမျိုးတင်ထားရင် လုံလောက်တယ်လို့ မထင်စေချင်ပါဘူးခင်ဗျာ... ယခုကျွန်တော့် ကွန်ပျူတာမှာ Kaspersky Internet Security 2013 တင်ထားပါတယ် SUPERAntiSpyware တင်ထားပါတယ်... အခုထပ်ပြီး Malwarebytes Anti-Malware တင်လိုက်ပါတယ်... သိစေချင်တာက သုံးမျိုးစလုံးတင်သုံးလို့ ရတယ်ဆိုတာကိုပါ...  FB မှာလည်းသူငယ်ချင်း တစ်ယောက်မေးထားပါတယ်... Antivirus နဲ့ AntiSpyware နှစ်မျိုးစလုံးတင်သုံးလို့ရလားတဲ့... တင်သုံလို့ရယုံတင်မဟုတ်ပါဘူး တင်သုံးသင့်ပါတယ်ခင်ဗျာ... ကျွန်တော်တို့ အင်တာနက်အသုံးပြုသူတွေဆိုတာ ဆိုက်ပေါင်းစုံ ၀င်ကြတာများပါတယ်... FB မှာလည်းလင့်တွေက အမျိုးမျိုးစုံရှယ်နေကြတာပါ... ကျွန်တော်တို့လိုပြန်လည်ဝေမျှနေတဲ့သူတွေဆို ပိုဂရုစိုက်ရပါတယ် Software တစ်ခုကို ကိုယ်တိုင်စမ်းပြီး Full version အဆင်ပြေတယ်ဆိုကာမှ Virus, Malware တွေစစ်ပြီး ကိုယ်တိုင် Upload ပြန်တင်ပေးတာပါ...  အခုတင်ပေးလိုက်တဲ့ Malwarebytes Anti-Malware လေးကိုသုံးကြည့်ပေးပါ Pro ဖြစ်ဖို့အတွက် keygen ထည့်ပေးထားပါတယ်.... မိမိစက်မှာ တွယ်ကပ်နေတဲ့ Malware တွေနဲ့ တစ်ချို့ဆိုက်တွေမှာ ရှိနေတဲ့ Malware တွေကို ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်... Malware ရှိနေတဲ့ဆိုက်တွေကို ၀င်မိရင်ရှိကြောင်းကို ညာဘက်အာက်ခြေနားမှာ ဖော်ပြပေးမှာဖြစ်ပြီး ရှင်းလင်းပေးပါလိမ့်မယ်... ဒီကောင်လေး တင်ပြီးသွားရင်လည်း Update ပုံမှန်လေးလုပ်ပေးပါ... Minus, Mediafire နှစ်နေရာ

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲ တည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး


2012-08-28
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbp_v0Ok8hvhjmjw_ckYWW2bb5GjouyBQUEzt4NLHegeZbQmIgBxrDcNQ62rhbVG1DWkwRTnsJ0kSeTRKAFOn6ACSl7XnZ6XiplrWAW4gHw_F8QZcL1eluqKajbNE7uuIEJOBMU9H70gk/s1600/Fire.jpg
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲ တည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
 
အဲဒီလုပ်ငန်းစုမှာ မစ်ဆူဘီရှီ၊ မာရူဘီနီနဲ့ ဆူမီတိုမို ဆိုတဲ့ ဂျပန် ကော်ပိုရေးရှင်းကြီး သုံးခုပါဝင်ပြီး စီမံကိန်းရဲ့ ရှယ်ယာ ၄၉ ရာနှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက အများပြည်သူတွေကိုလည်း ရှယ်ယာတွေ ပါဝင်ကြဖို့ အစိုးရက ခေါ်ယူထားပါတယ်။
 
ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ အပါအ၀င် စက်မှုလုပ်ငန်း အများအပြား ပါဝင်မယ့် သီလ၀ါ အထူးစီပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေး အကူအညီတွေ ပေးမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။
 
သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း ဂျပန်အပေါ် မြန်မာက တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း လေးထောင်နီးပါးကို ဂျပန်အစိုးရက လျှော်ပစ်လိုက်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးတွေ ပြန်လည် စတင်နိုင်ရေးအတွက် နောက်ထပ်ငွေချေးဖို့ သဘောတူခဲ့ပါတယ်။
 
အဲဒီနောက် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် ထူထောင်ရေးမှာ ကူညီဖို့ ဂျပန် ဒိုင်ဝါ လုပ်ငန်းအုပ်စုက သဘောတူညီခဲ့ပြီး မြန်မာ အစိုးရအနေနဲ့ ဂျပန် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်အောင် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကျောထောက်နောက်ခံ ဌာနတစ်ရပ် ထူထောင်ရေးအတွက် ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။
 
အလားတူ ဆူမီတိုမို မစ်ဆူအီဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို ကူညီမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကျောက်ဖြူနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာလည်း ဂျပန်က ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်ေ

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနယ် ဆမ္မဆယ်ကျေးရွာမှ တဆင့် တရုတ်ပြည်သို့ နွားကောင်ရေ တင်ပို့မှုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ (၁၀၀၀)၀န်းကျင်  တင်ပို့နေ သည်ဖြစ်၍ နွားမျိုးပြုန်း တီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နောင်ချိုမြို့နယ်   ဆမ္မဆယ်မှတဆင့် တရုတ်ပြည်သို့တင်ပို့ရာတွင်   (၁၂)ဘီးကားကြီးများဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး   ကားတစ်စီးလျှင်နွားအကောင်ရေ(၂၀)မှ(၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်  ကားအစီးရေ (၅၀)အထိ  သယ်ဆောင်နေခြင်းဖြစ်သည်။

“တစ်နေ့ကိုကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသခံတော်တော်များများက  စိတ်ပူနေကြတယ်”ဟု   ဆမ္မဆယ်ရွာခံတစ်ဦးဖြစ်သူကပြောသည်။

အဆိုပါနွားများမှာ မြန်မာပြည်အလယ်ပိုင်းမှ  အများဆုံးဖြစ်ပြီး   ဈေးကောင်းပေးဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်ဆောင်သောကားများမှာ   ဆမ္မဆယ်မှမူဆယ်အထိ  တစ်ကြောင်းလျှင်

သာကေတ ကန်ကြီးဒေါင့် မှတ်တိုင်တွင် ယာဉ်တိုက်မှု ဖြစ်ပွါး


သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့် က ရန်ကုန်တိုင်း သာကေတမြို့ နယ် ကန်ကြီးဒေါင့် မှတ် တိုင် Horizon ကျောင်းအနီးမှာ ဆွမ်းခံကြွ ဆရာတော်များ တင်ဆောင်လာသည့် light truck ကားနှင့် သစ်လုံးတင် ဆောင်လာသည့် ကွန်တိန်နာကား တိုက်မိခဲ့ ကြောင်းသိရပါတယ်။

သံဃာ ကိုးပါးနှင့် လူလေးဦး လိုက်ပါလာသော Light Truck ယာဉ်သည် သာကေတ မြို့ နယ်မှ ယုဇန ဥယာဉ်မြို့ တော် အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းသို့ အသွားမှာ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တာပါ။

အဆိုပါ ယာဉ်တိုက်မှုကြောင့် သံဃာလေးပါးနှင့် လူနှစ်ဦး ထိခိုက် ဒါဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ တဦးက Myanmar News Now သိရပါတယ်။

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ


အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ
        တိုက်ပွဲများကြောင့် ဖါးကန့်မှ ထွက်ခွာရန် ကြိုးပမ်းနေသည့် ကုမ္ပဏီ စက်ယန္တယားများ။
29 August 2012
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ်တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန်

Mobile Reviews: Samsung Galaxy Note II


Share


Samsung ချစ်သူတို့ မျှော်လင့်စောင့်စားနေကြတဲ့ Samsung Galaxy Note II ဟာ ၃၀ ရက်နေ့ Samsung Unpacked 2012 ပွဲမှာ ပွဲထုတ်ပြသခဲ့ပြီဖြစ်ပါတယ်။ Galaxy Note II ကိုအဖြူရောင် နဲ့အနက်ရောင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။  Screen size ကတော့ ၅ လက်မခွဲရှိပါတယ်။ Galaxy Note II ရဲ့ Processor ကို Quad-core 1.6 GHz Cortex-A9 Processor ကိုအသုံးပြုထားတာကြောင့် Samsung Galaxy SII ထက် Processor အလုပ်လုပ်နှုန်းကပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ Operating System ကိုတော့ Android ရဲ့နောက်ဆုံးထွက် version Android 4.1 JellyBean ကိုအသုံးပြုထားပါတ

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု



မြန်မာအစိုးရ အဖွဲ့တွင်း ၀န်ကြီး အပြောင်း အလဲတွေ ဆက်တိုက် လုပ်လာတဲ့ အပေါ် အများစုက အကောင်း မြင်ကြပါတယ်။ သမ္မတဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့ မယ်လို့ မြင်ကြတာပါ။
ဝန်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့

အမေရိကန် စတိုးဆိုင်တွေပေါ်က ခုန်ချပေးရမယ့် ဆမ်ဆောင်း



တောင်ကိုရီယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီကတော့ ဆမ်ဆောင်က ထုတ်လုပ်တဲ့ စမတ်ဖုန်းအပါ အ၀င် ဆမ်ဆောင်တံဆိပ် ပစ္စည်း ၈ မျိုးကို အမေရိကန်က စတိုးဆိုင်တွေပေါ်မှာ တင်မရောင်းဘို့ Apple က တောင်းဆိုမှု ကို ကတိပေးလိုက်ရပါပြီ။


လွန်ခဲ့တဲ့ အပတ်က အမေရိကန် တရားရုံးမှာ Apple ကုမ္ပဏီက ဆမ်ဆောင်ဆီက အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလျံ အလျော်ရမယ်ဆိုတဲ့ အောင်ပွဲဆင်ပြီးနောက်မှာ Apple က လွန်ခဲ့တဲ့ တနင်္လာနေ့က တရားရုံးမှာလျှောက် ထား လိုက်တာကတော့ ဆမ်ဆောင်က ထုတ်တဲ့ Galaxy၊ Droid စမတ်ဖုန်းတွေနဲ့ ဆမ်ဆောင်ထုတ် မိုဘိုင်း ပစ္စည်း ၈ မျိုးကို တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ကမ္ဘာအကြီးဆုံး နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ ဆမ်ဆောင်က

မြွေ - ၃



~




ဆရာကြီး စံဇာဏီဘို၏ ၃၀-၈-၂၀၁၂ မှ ၅-၉-၂၀၁၂ အတွင်း အဌဟောကိန်း







တနင်္ဂနွေ
 
အတွေ့အကြုံသစ်များ ရရှိမည်။ စိတ်အနှောင့်အယှက်များကြုံမည်။ နာရေး ကိစ္စ၊ 
လူမှုရေးကိစ္စများအတွက် အချိန်ပေးရမည်။ ကိုယ်နှင့်ပတ်သက်သည့် 
ဝန်းကျင်အတွင်း ချူချာသူများတစ်ဦးပြီးတစ်ဦးရှိမည်။ ဆွေမျိုးမကင်းသူထဲမှ
 ဖြစ်စေ၊ မိတ်ဆွေရင်းထဲမှဖြစ်စေ နာရေးကိစ္စကြုံက လူမှုရေးကူညီမှုများ 
မပျက် ကွက်သင့်ပါ။ ငွေမြှုပ်နှံမှုများ ထင်သလောက်အကျိုးမရှိ။
ယတြာ ။ ။ မွေးနေ့တွင် ကြံသကာဆွမ်းတော်တင်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
 
လုပ်သမျှအောင်မြင်၍ ဘဝခရီးတိုးတက်မည့်ကာလဖြစ်သည်။
 မိမိကိုယ်မိမိ မှန်းမထားသော အောင်မြင်မှုရမည်။ အများကလ

""ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား""



ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည
၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုး
သမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်
စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်

အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်း
တွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေ့းရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊

နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လူအင်အားအဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီးယခင်ကလည်းယခုလိုဖြစ်ရပ်ကဲ့သို့ပင်

"ကသာမြို့မှ ၁၂နှစ်သမီးလေး အဓမ္မပြုကျင့်သတ်ဖြတ်ရမှု ဆရာတော်ဦးဝီရသူ ကူညီသွားမည်"



၇၊၂၀၁၂ရက်နေ့ကကသာမြို့နယ်အပိုင်၊
အင်းရွာကျေးရွာရှိကြံခင်းအနီး၁၂နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခါ ဇက်ချိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားသွားခဲ့
ပါသည်။


သတ်ဖြတ်ခံသည့် ကလေးငယ်မှာ မလှလှဆိုသူဖြစ်ပြီး အင်းရွာရဲ
စခန်းမှ တရားခံပေါ်ပေါက်ရေးစစ်ဆေးနေကြောင်းသိရခဲ့ရပါသည်။

မှုခင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ကသာခရိုင်မှ ရဲအရာရှိ(၂၀)ကျော်စေလွှတ်စုံစမ်းခဲ့သော်လည်း ရက်အတန်ကြာသည်အထိတရားခံဖေါ်နိုင်ခဲ့ခြင်းမရှိခဲ့ပါ၊

နောက်တွင်စစ်ကိုင်းတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးသာအေးမှကသာသို့ရောက်ရှိစဉ် တာဝန်ရှိရဲများ
အား တရားခံမပေါ်ပေါက်ပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းညွှန်ကြားသွားခဲ့ပါသည်၊။

ထိုသို့ညွှန်ကြားသွားပြီး (၂)ရက်အကြာတွင် လူသတ်မဒိန်းကျင့်သော တရားခံမှာ အသတ်ခံရသူမလှလှ၏ အဖိုးအရင်းဦးမြဒေါင်း(၅၇)နှစ်ကိုယ်တိုင်ဖြစ်ကြောင်းကြားရသော်အခါ မြို့ပေါ်မှ သို့လော သို့လော
ဖြစ်ကုန်ကြပါသည်။

ဦးမြဒေါင်းမှာ အရက်စွဲနေသူတစ်ယောက်သာဖြစ်ကြောင်း၊အင်းရွာကားလမ်းခွဲ၌ နေ့စဉ်ကုန်ထမ်းပိုးခြင်းဖြင့် အရက်ဖိုးရှာကြောင်း၊ရဲများက နှိပ်စက်ညှင်းပမ်းမှုကြောင့်

သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများညံ



မောင်အေး
မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည်
ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး
ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များ
ကို သမ္မတ အာဏာကို အသုံးပြုပြီး


တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့်

 ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက
ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂)  နှစ်မှ (၆) နှစ်ထိ ချမှတ်ခံခဲ့ရသူ မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား

သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်ပေးခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ် ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူးသီးတောင် မြို့မှ ထောင်

USB Stick ကို အလွယ်တကူ ပြန်ဖြုတ်နိုင်တဲ့ Software ဒီမှာ ယူလိုက်ကြပါ



 သူငယ်ချင်းတို့ စက်တွေမှာ USB Stick တွေ အသုံးပြုပြီး အပြစ်ကင်းစွာ ပြန်ဖြုတ်ဖို့ အခက်အခဲ ရှိနေပါသလား?
 ဒါဆို ရှည်ရှည်ဝေးဝေး မစဉ်စားနေပါနဲ့။ အောက်မှာ ကျွန်တော်ပေးထားတဲ့ Software ကိုသာ ဒေါင်းယူပြီး Desktop ပေါ်မှာ Drag ဆွဲယူပြီး တင်ထားလိုက်ရုံပါပဲ။
 Install လုပ်စရာလည်းမလို နှစ်ချက်ကလစ်လိုက်ရုံနဲ့ တပ်ဆင်ထားတဲ့ USB Stick ကို အပြစ်ကင်းစင်စွာ အလွယ်တကူ ပြန်ဖြုတ်နိုင်ပါလိမ့်မယ်။
Zip File ဖြစ်ပြီး 924KB သာ ရှိပါ

အီရန်အမျိုးသမီးများတက္ကသိုလ် ပညာသင်ကြားခွင့် အပိတ်ခံရ



                    တက္ကသိုလ်သင်တန်း  ရ၀  ကျော်တွင် အမျိုးသမီးများတတ်ရောက်သင်ကြားခွင့်ကို
အီရန်နိုင်ငံတွင် တားမြစ်ပိတ်ပင်လိုက်ကြောင်း ဗြိတိန်နိုင်ငံထုတ် ဒေးလီးတယ်လီဂရပ် သတင်းစာ
က သြဂုတ်လ ၂၀ ရက်နေ့တွင် ဖေါ်ပြသည်။
                    အီရမ်အစ္စလာမ်မစ် သမ္မတနိုင်ငံ မှုဝါဒအသစ်အရ ယင်းနိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း 
၃၆ ကျောင်းတိုသည် လာမည့်ပညာသင်နှစ်အတွင်း ၀ဇ္ဖာဘွဲ့ သင်တန်းနှင့် သိပ္ပံဘွဲ့ သင်တန်း ၇၇ ခု တို့
တွင် အမျီုးသမီးများတတ်ရောက်သင်ကြားမှုကိုပိတ်ပင်တားမြစ်ခဲ့သည်။  အီရမ်အမျိုးသမီးထုအတွင်း 
အသိပညာမြင့်မားလာမှုနှင့်အတူ ပေါ်ပေါက်လာသော ကလေးမွေးဖွားမှုနှုံးနှင့် လက်ထပ်ထိန်းမြားမှု့  တို့
ကျဆင်းလာခြင်းအပါအ၀င် လူမှုရေးအကျိုးသက်ရောက်မှု့ များအပေါ် အီရန်နိုင်ငံဧ။် ဘယသာရေးခေါင်းဆောင်များ
မှ စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။
                  ထိုသို့ တက္ကသိုလ် ဘွဲ့သင်တန်းများတွင် အမျိုးသမီးများ တတ်ရောက်ပညာသင်ကြားခွင့်ကို 
ပိတ်ပင်ခြင်းသည် နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသော လွိင်ခွဲခြားမှုစနစ်ဖြစ်ကြောင်းဝေဖန်သူများမှ ပြောကြားခဲ့
သည်။ပြီးခြ့သည့်နှစ်များအတွင်း အီရန်ကျောင်းသူများသည် အမျိုးသားများထက် ပညာအရေအသွေးပိုမိုပြသနိုင်ခဲ့ရာ 
အစဉ်အလာအားဖြင့်  မဟာပုရိသ ( မဟာယောက်ကျား ၀ါဒ )အယူအဆကို

Computer ကိုမ Slow အောင်ဘယ်လိုဘယ်လိုလုပ်ရမလဲ။




Computer နှေနေတာဘာကြောင့်လဲ မနှေအောင်ဘယ်လိုလုပ်ရမလဲ Computer
နှေနေရင်တော့ ကျွန်တော်ပြောတဲ့အတိုင်းတာလုပ်ကြည်ပါ ဘာကြောင့်နှေနေရတာ
လဲဆိုရင်တော့ Computer မှမလိုအပ်တဲ့ဟာတွေ Computer မှာများနေလိုပါ ဒါကြောင့်
Computer ဟာနှေကွေးနေတာပါ။ ကဲစရအောင်အရင်ဦးဆုံ Windows စစခြင်မှာဘဲ
ဥပမာဘော့ Google Talk လေးမဖွင့်ဘဲ အလိုဖွင့်လာတယ် အဲဒါမျိုးက

သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကိုဖယ်ရှာပေးမယ့်Process Hacker




Hacker ဆိုလို့ လန့်မသွားပါနဲ့။ ဒီ Hacker က သင့် Computer လုပ်ငန်းစဉ်ကို ၀န်ဆောင်းမှုပေး မယ့် Process Hacker ပါ။ သင့် computer လုပ်ငန်းစဉ်များကို စစ်ဆေးကြည့်နိုင်ပြီး လုပ်ငန်းစဉ် များ ကို စီမံ ပေးနိုင်ပါတယ်။ Process Hacker သည် Open Source Application ဖြစ်ပြီး Task Manager ရဲ့ အသွင်အပြင် များကို သူ့ရဲ့ လုပ်ဆောင်ချက်အသစ်များနဲ့ ပူးပေါင်းပြီး သင့် computer ကို အန္တရာယ်ပေးမယ့် ခြိမ်းခြောက်နေတဲ့ အရာတွေကို စောင့်ကြည့်ပေးမှာပါ။

Computer ကို ဖွင့်ပြီး စသုံးလိုက်တာနဲ့စနစ်နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ application တွေ ရှိနေပါတယ်။ ဒါတွေကို ကျွန်တော်တို့သိထားသင့်ပါတယ်။ Windows Task Manager နဲ့ စစ်ကြည့်နိုင်ပေမယ့် အသေးစိတ်တော့မသိနိုင်ပါ။ ဒီ အားနည်းချက်ကို Process Hacker က အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ Process Hacker က ဖျောက်ထားတဲ့ ၊ ဖွက်ထားတဲ့ လုပ်ငန်း စဉ်များကိုပါ သိတာတယ်။ တစ်ချို့က ဒါတွေ သိစရာမလိုဘူးလို့ ပြောကြပါတယ်။ Computer မှာ Error တွေ ခဏခဏ တက်နေတဲ့အခါ (သို့) စနစ်က အလုပ်ကောင်းကောင်း မလုပ်တဲ့အခါ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ သိဖို့ လိုလာ ပါပြီ။.....

တို့ဆေး


   တို့ဆေး  
မချွင်လေး(ပါရီ)
   ဟိုတလောက visiting card တွေမှာ BURUNDANGA ဆေးသုပ်ထားပြီး၊ အမျိုးသမီးတွေ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်နေတုန်းပေးပြီး၊ အဲဒီအမျိုးသမီးဆေးကြောင့် ကားမမောင်းနိုင်တဲ့ အခါနောက်ကလိုက်ပြီးဒုက္ခပေးတတ်ကြောင်းဖတ်လိုက်ရတော့ မြန်မာပြည်မှာခေတ်စားတဲ့ တို့ ဆေး ဆိုတာသတိရပြီး BURUNDANGA ဆေးအကြောင်းရှာကြည့်မိပါတယ်။
ရန်ကုန်မှာမကြာခဏဆိုသလို၊ တစိမ်းတစ်ယောက်ကလက်တို့ပြီး၊ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ၊ ပိုက်ဆံတွေပေးခိုင်းတဲ့အခါ တဘက်လူရဲ့ ပြောစကားကိုမှင်သက်မိပြီး တစ်သွေမသိမ်းလိုက်နာကြပြီး၊ အဲ့ဒီလူထွက်သွားမှပြန်သတိလည်လာတယ်လို့ကြားရပါတယ်။ အထက်လမ်းနည်းလိုလို၊ အောက်လမ်းနည်းလိုလိုနဲ့ ဘာကြောင့်မှန်း သေသေချာချာမသိရလို့၊ ယုံရအခက်၊ မယုံရအခက်ဖြစ်ခဲ့ ပါတယ်။
  လက်စသတ်တော့ သူက ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့ ပဒိုင်းသီးအပင်ကရတဲ့ scopolamine ဆေးဖြစ်နေပါတယ်။ ဒီဆေးက အလွန်သေးငယ်တဲ့ ပမာဏနဲ့ အကျိုးသက် ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေးကိုစားလို့၊ သောက်လို့ပဲဖြစ်ဖြစ်၊ အကြောထဲပဲထိုးထိုး၊ အရေပြား မှာ စက္ကူနဲ့ပဲကပ်ကပ်၊ မျက်စဉ်းပဲခပ်ခပ်၊ နှခေါင်းကပဲရူရူ၊ အစွမ်းပြတဲ့ ဆေးလည်း ဖြစ်ပါတယ်။ သူ့မှာ အရောင်အဆင်း၊ အနံ့ အရသာ မရှိပဲ၊ ရေမှာလွယ်ကူစွာပျော်ဝင်လို့ လည်း အစားအစာတွေမှာ အလွယ်တကူဆေးခပ်လို့ရပါတယ်။
ဒါကြောင့် ဆေးရည်ကိုလက်မှာသုပ်ပြီး၊ နှောက်ယှက်လိုသူရဲ့အသားကိုတို့ပြီး၊ ဒါမှ မဟုတ် ဆေးမှုံကိုမျက်နှာပေါ်မှုတ်ထုတ်ပြီး သူလိုတာခိုင်းခဲ့ တာကိုးလို့ သဘောပေါက် ပါ တော့တယ်။
ရွှေပေလွှာ (Chain letters) ဆိုတဲ့ ယခုရသောစာကို ဘယ်နှစ်စောင်ဝေပါ။ ဘယ်သူ ကလေို့ထီပေါက်သွားတာ၊ ဘယ်လို ကောင်းကျိုး ရသွားတာ၊ မဝေလို့ ဘယ်လိုဒုက္ခရောက် သွားတယ်ဆိုတဲ့ စာတွေ ရခဲ့ဖူးမှာပါ။ တကယ်က ရွှေပေလွှာတွေမဟုတ်ပါဘူး။ အဆိပ်

မင်းအုပ်စိုး ၏ လှူဒါန်းတတ်ကြပါစေ




    ဒီစာကိုရေးဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ရပါတယ်။ မရေးတော့ဘူးလို့လည်း ခဏခဏဆုံးဖြတ်ခဲ့ပါတယ်။ မရေးဖြစ်အောင်လည်း ကိုယ့်စိတ်ကို ထိန်းထား ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်ထိန်းထိန်း ကျွန်တော့်ရဲ့ သန္ဓေဗီဇကိုက မကောင်းတဲ့အတွက် ဘယ်လို မှ ထိန်းမရတော့ဘဲ ဒီစာကို ရေးဖြစ်သွား တာပါ။
    ဒီစာကိုရေးဖြစ်တဲ့အတွက် ရှိပြီးသားမိတ်ဆွေတွေ ဆုံးရှုံးကုန်မှာ ဖြစ်သလို မိတ်ဆွေအဖြစ် မရှိသေးတဲ့ သူတွေလည်း ရန်သူအဖြစ်ရောက်သွားမှာ သေချာပါတယ်။ နဂိုကတည်းက ကျွန်တော့် အပေါ် ခါးခါး သီးသီးမုန်း နေတဲ့ လူတွေကတော့ မျက်နှာကို မကြည့်ချင်လောက်အောင် အသံကို မကြားချင် လောက်အောင် ရွံရှာစက်ဆုပ်သွားမှာ သေချာပါတယ်။
    ဘာအကြောင်းကြောင့် အဲ့ဒီလိုဖြစ်သွားရမှာလဲလို့ မေးခဲ့ရင် ကျွန်တော်ရေးမယ့်အကြောင်း က မြန်မာ တစ်ပြည်လုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်နေကြတဲ့ အားပေးနေကြတဲ့ နိုင်ငံ ကျော်အနုပညာရှင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ အကြောင်းပါ။
    အထူးသဖြင့် ပြေတီဦးပညာရေးဖောင်ဒေးရှင်းအကြောင်းပါ။
    ဒီစာကို ဖတ်ပြီးတဲ့အချိန်မှာ တော်တော်များများက ကျွန်တော့်အပေါ် မှတ်ချက်ချကြပါ လိမ့်မယ်။
    ပြေတီဦးရဲ့ အောင်မြင်ကျော်ကြားမှုကို
    ကျွန်တော် က မနာလိုလို့  မရှုစိမ့်လို့    မုဒိတာမပွားနိုင်လို့     ဒီလိုမျိုးရေးတာလို့ သတ်မှတ်မှာ သေချာ ပါတယ်။ သူတို့ဇနီးမောင်နှံအပေါ်မှာ အချစ်ကြီး ချစ်နေတဲ့ ပရိသတ် တွေလည်း ကျွန်တော့်အပေါ် အမုန်းကြီး မုန်းသွားမှာ သေချာပါတယ်။
    တကယ်တော့ ပြေတီဦးနဲ့ကျွန်တော်ဟာ အင်မတန်မှ ချစ်ခင်ရင်နှီးတဲ့ သူငယ်ချင်းအရင်း ကြီးတွေပါပဲ။ သုညအောက် ရောက်နေတဲ့ ဘသတွေကို အတူတူဖြတ်သန်းရင်း လည်ပင်းဖက် ပေါင်းလာကြတဲ့ ညီအစ်ကို သူငယ်ချင်းတွေပါ။ အခုအချိန်ထိလည်း သူနဲ့ကျွန်တော်နဲ့ကြားမှာ အမုန်း ပွားစရာတစ်စက်မှ မရှိ သလို ပြဿနာလည်း နည်းနည်းလေးတောင် မရှိပါဘူး။
    ဒါဆိုရင် ဒီစာမရေးဘဲ မင်းတို့သူငယ်ချင်းအချင်းချင်း လူချင်းတွေ့ပြီး ပြောလိုက်ပါလားလို့ စာဖတ် ပရိသတ်ကြီးက ပြောချင်ကောင်းပြောချင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် ကျွန်တော် ဒီစာကို ရေးရသလဲ ဆိုရင်...
    ဒီစာထဲမှာပါတဲ့အကြောင်းအရာဟာ ပြေတီဦးတစ်ယောက်တည်းနဲ့ ပတ်သက်နေတာ မ ဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရဲ့ စာနယ်ဇင်းလောကမှာ အင်မတန်မှကို ထိပ်ဆုံးရောက်နေတဲ့ ဆရာ ဦးဝင်းငြိမ်းနဲ့ ဆရာ ဦးမြတ်ခိုင် တို့ နှစ်ယောက်လည်း ပါဝင်ပတ်သက်နေ

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း


ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ
ဒါလေးလဲမှတ်ထားသင့်တယ်လို့ထင်ပါတယ်........
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲမရှိပါ ။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်မြစ်ဖြစ်သည် ။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ်မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်း
နေတာပါပဲ ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက်ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀သည်အစမ်းသဘောဖြစ် နေထိုင်ခွင့်မရှိသေားအရာ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပဲ ။
(၂၁)နာလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာေ

ဝိတ်လှော့နည်း (၁၀)ချက်ပါ...ဆိုဒ်လေးတစ်ခုမှာ ဖတ်မိလို့ မမ၀၀ ၊ ကိုကို ဖက်တီးတို့ အတွက်ပါ ..... မီးမီးတို့လို မော်ဒယ်လေးတွေပါဘူးနော်....


၀၀လေးနှင့် လှလှလေး စာရင်းတွင် ပါနေသော၊ ရှိသင့်သော ကိုယ်အလေးချိန်ထက် အနည်းငယ်/လွန်စွာ ပိုနေသော၊ သို့သော်လည်း ၂၀၁၂တွင် ကိုယ်အလေးချိန်လျော့ချလိုသော သူများအနေဖြင့် အချက် (၁၀)ချက်ကို လိုက်နာနိုင်လျင် ၂၀၁၂နှစ်ကုန်ချိန်၌ ကိုယ်ရေစစ်ခြင်းနှင့်အတူ ကျန်းမာသန်စွမ်းဖျတ်လတ်မှုကို ခံစားရမည် ဖြစ်သည်။

၁။ အစားအသောက် ဆင်ခြင်ရန်။
ဥပမာ -Coke တစ်ဗူးသောက်ခြင်းသည် ၂၅၀ကယ်လိုရီ စားသုံးလိုက်ခြင်းဖြစ်သည်။ ထိုစားသုံးလိုက်သော ၂၅၀ကယ်လို ရီ လောင်ကျွမ်းရန်အတွက်မူ မိနစ်၃၀ခန့် ပြေးရမည်။(စားသုံးသော အစားအစာ ပမာဏ – ကိုယ်လက်လှုပ်ရှားမှု = အ၀ လွန်ခြင်း ဖြစ်သည်။) လူအများစုသည် မိမိခန္ဓာကိုယ်၏ လိုအပ်ချက်ထက် ပိုမိုစားသောက်သောကြောင့်သာ ၀ နေခြင်း ဖြစ်၏။
ထို့ကြောင့် တစ်ခြား လေ့ကျင့်ခန်းအစီအစဉ်များ မစတင်မီတွင် အစားအသောက်ကို ကျန်းမာရေးနှင့်အညီ စားသောက်တတ်ရန် လိုအပ်သည်။ အစားအသောက်လျော့ရန် မဟုတ်ချေ။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများကို များများစားတတ်ရန် ဖြစ်၏။၂။ ရေများများ သောက်ရန်။
ရေသောက်ခြင်းဖြင့် ဗိုက်ပြည့်နေတတ်ပြီး တစ်ခြား သားရည်စာများ၊ အချိုရည်များ မသောက်ဖြစ်တော့ချေ။ ထို့အပြင် ရေများများသောက်ခြင်းဖြင့် ကိုယ်တွင်း၌ အစာချေဖျက်မှုမြန်ဆန်လာပြီး အဆီချေဖျက်အား

တောင်ဥက္ကလာတွင် ရဲတစ်ဦး ကားတိုက် ခံရ၍ သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ရဲ တပ်ကြပ် စီးနင်း လာသည့် မော်တော် ဆိုင်ကယ်နှင့် ကိုယ်ပိုင်ယာဉ် တစ်စီး တိုက်မိရာမှ ရဲတပ်ကြပ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။---

ညီမလေးတွေ အထူးသတိထားစေဖို့

မုဒိမ်မှု ဖြစ်ပွါးခဲ့သည့် ၀မ်းအလှ ပြုပြင်ရေး ဆိုင်


တနသာင်္ရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်း နယ်မြေ၊ မင်္ဂလာလမ်း၊ အိမ်အမှတ်(၇၆)တွင် ၀မ်းအလှပြုပြင်ရေး ဆိုင်ဖွင့်လှစ် ထားသော မိန်းမလျှာ ၀မ်း(ခ) ကိုတင်မျိုးဦးမှ အသိဥာဏ်(နဲနဲပါးပါး)ချို့တဲ့ နေသော မိန်းကလေးဖြစ်သူ၊မ.......အားဓါးထောက် မုဒိမ်းကျင့်ပြီး ထွက်ပြေး တိမ်းရှောင် ----

အမျိုးသားများအတွက်အန္တရယ်အကြီးဆုံးငါး

Photo: အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။ အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဝှေးစေ့တွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသား လိင် အင်္ဂါတွေကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။ သူတို့ကြောင့် ငါးဖမ်းသ မားနှစ်ဦး ရုပ်ပျက်ဆင်းပျက် သေသွား တာကိုလည်း ကျွန်မတို့ သိထားပါပြီ။ အမျိုးသားတန်စာမှန်း မသိကြပေမယ့် သူတို့က အဲဒီနေရာကိုမှ ရွေးကိုက်ကြ တာပါ။ အတော်လေး ကြောက်စရာ ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါ တယ်။ <a href=

 အဏ္ဏဝါ ရေပြင်တွေမှာ အင် မတန် ထူးခြား ဆန်းပြားတဲ့ ငါးတွေရှိ တယ် ဆိုတာကို အားလုံးသိပြီးသားပါ။ အခုလည်း အဲဒီလို ထူးခြားတဲ့ ငါးတစ် မျိုးကြောင့် အမေရိကန်နိုင်ငံ အီလီ နွိုက်စ်ပြည်နယ်က နာမည်ကြီးရေကန် တစ်ခုမှာ လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ်ချထားရပါပြီ။ အရင်တ လောတုန်းက ပါးပူးဝါးနယူးဂီနီ ငါး ဖမ်းသမားနှစ်ဦးကို သေဆုံးစေခဲ့တဲ့ Pacu ငါးတစ်ကောင်ကို အဲဒီရေကန်မှာ ဇူလိုင် (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါ တယ်။
အဲဒီ Pacu ငါးက သေဆုံးသွား တဲ့ ငါးဖမ်းသမား (၂) ယောက်ရဲ့ ဟာတွေကို ကိုက်ဖြတ်ခဲ့တာပါ။ ဒါ ကြောင့် သွေးထွက်လွန်ပြီး သေဆုံးကြ တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ပိုင်း Pacu ငါးတွေကို အမျိုးသားများရဲ.အင်္ဂါကို စားတဲ့ငါးတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူတို့မှာ မာ ကျောချွန်ထွက်တဲ့ သွားတွေရှိတာ ကြောင့် သားကောင်ကို အလွယ်တကူ ကိုက်ဖြတ်ဝါးစားနိုင်ပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “Lou Yaeger ရေကန်မှာPacu ငါး တစ် ကောင်တွေ့တယ်ဆိုတဲ့ သတင်းကြား လိုက်တော့ အားလုံးတုန်လှုပ်သွားခဲ့ကြ ပါတယ်။

Wednesday, August 29, 2012

စမတ်ဖုန်းကင်မရာ megapixels မြင့်တိုင်း ဘာကြောင့် ပုံထွက်မကောင်းတာလဲ







ယနေ့ခေတ်မှာ စမတ်ဖုန်းရဲ့ ကင်မရာစွမ်းဆောင်ရည်ကို megapixels နဲ့ တိုင်းတာနေမှုကို မေ့လိုက်သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ အရောင်းရဆုံး စမတ်ဖုန်းဖြစ်တဲ့ Galaxy S II ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး quad-core နဲ့ Android Ice Cream Sandwich အသုံးပြုထားတဲ့ Samsung Galaxy S III မှာ 8-megapixel ကင်မရာပါဝင်ပေမယ့် ထင်သလောက် ပုံထွက်ကောင်းမွန်ခြင်းမရှိတာကြောင့် ဖြစ်ပါတယ်။.

  
ဒါ့အပြင် ယနေ့ခေတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကင်မရာတွေအတွက် 8-megapixel ကို စံသတ်မှတ်ချက် တစ်ခုအနေနဲ့ အသုံးပြုကြပေမယ့်လည်း Samsung Galaxy S III ရဲ့ ကင်မရာဟာ Samsung Galaxy Nexus ရဲ့ 5-megapixel ကင်မရာလောက် အသုံးပြုသူများရဲ့ အမွှမ်းတင်မှုကို ရရှိခဲ့ခြင်း မရှိပါဘူး။ 5-megapixel ကင်မရာတွေဟာ အလွန်ကောင်းမွန်တယ်လို့ မဆိုနိုင်ပေမယ့်လည်း 8-megapixel မှန်ဘီလူးပါဝင်တဲ့ ဖုန်းတွေထက် ပိုမိုကောင်းမွန်နိုင်ပါတယ်။ Samsung Focus ရဲ့ 5-megapixel ကင်မရာဟာ Motorola Droid Razr ရဲ့ 8-megapixel မှန်ဘီလူးထက် ပိုမိုလှပတဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပြီး 5-megapixel ကင်မရာပါဝင်တဲ့ Apple iPhone 4 ကလည်း အချို့သော 8-megapixel ကင်မရာတွေထက်  ပိုမိုကောင်းမွန်တဲ့ ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။
ဒါပေမဲ့ ကင်မရာ megapixel မြင့်တိုင်း စွမ်းဆောင်ရည်မကောင်းဘူးလို့ ပြောလို့မရနိုင်ပြန်ပါဘူး။ HTC One X ရဲ့ စွမ်းဆောင်ရည်မြင့် 8-megapixel စမတ်ဖုန်း ကင်မရာဟာ လျင်မြန်တဲ့ ရိုက်ချက်တွေနဲ့ ဓာတ်ပုံများကို ရိုက် ကူးပေးနိုင်သလို HTC Titan II ရဲ့ 16-megapixel ကင်မရာကလည်း အရည်အသွေးမြင့်တဲ့ ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။
ကင်မရာ တစ်ခုမှာ ကင်မရာ မှန်ဘီလူးက အဓိကကျသလို ၎င်းရဲ့

လက်ထပ်ပြီးသော အမျိုးသမီးများသည် အဝလွန်မှုရှိလာ …………..


https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash4/225086_139453829530496_573949564_n.jpgလက်ထပ်ပြီးသော အမျိုးသမီးများသည် အဝလွန်မှုရှိလာ …………..

လက်ထပ်ပြီးသော အိမ်ထောင်သည်အမျိုးသမီးများတွင် ငါးဦးအနက် လေးဦးသည် လက်ထပ်မင်္ဂလာပွဲပြီးနောက်တွင် အစားအသောက်များကို အလွန်အကျွံစားသောက်တတ်ကြသောကြောင့် အဝလွန်မှုဖြစ်ပွားကြေင့် ဆေးသုတေသီများက လေ့လာတွေ့ ရှိခဲ့သည် ။

အမျိုးသမီးတဦးသည် လက်ထပ်ပြီးနောက် တစ်နှစ်အကြာတွင် ဝလာတတ်ပြီး အမျိုးသမီး၂၂ ရာခိုင်ရာခိုင်နှုန်းက လက်ထပ်ပြီးနောက် သူမတို့ သည် ကိုယ်ခန္ဓာပုံပန်းသွင်ပြင် မလှဘဲ ဝလာမည်ကို စိုးရိမ်ဖွယ်ရာ မရှိတော့ သောကြောင့်ဟု ဆိုကြသည် ။

၄၂ ရာခိုင်နှုန်းခန့် မှာမူ ခင်ပွန်းသည်ဖြစ်သူကြောင့် စိတ်ချမ်းသာပျော်ရွင်ကာ အစားအသောက်မှန်၍ ဝလာခြင်းဖြစ်ကြောင်းဆိုသသည် ။

၂၂ ရာခိုင်နှုန်းခန့် မှာမူ ခင်ပွန်းသည်နှင့်လက်ထပ်ပြီးနောက်

မြန်မာပြည်ကအမျိုးသမီး ဘုရားရှိခိုးနေသောမိခင်အားဆိုးယုတ်မှု့ကြောင့်ချက်ချင်းလုကနေ ခွေးဖြစ်သွားခြင်း !!!!


https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash3/547306_459124974110676_1594903828_n.jpgမြန်မာပြည်ကအမျိုးသမီး ဘုရားရှိခိုးနေသောမိခင်အားဆိုးယုတ်မှု့ကြောင့်ချက်ချင်းလုကနေ ခွေးဖြစ်သွားခြင်း !!!!
ဒီသတင်းကကြာခဲ့ပါပီ သူငယ်ချင်းတို့ ဖတ်ဖုး မြင်ဖုးသိကြားဖုးမလားမသိဘုး 2005တုန်းကသတင်းပါ ...........
တစ်ကယ့်အဖြစ်အပျက် ပာုတ်မပာုတ်ဆိုတာကိုသွားပီးစုံစမ်းဖုးတယ်လို့သတင်းထဲမှာလည်းဖေါ်ပြထားပါတယ်....
ထိုအမျိုးသမီး ကကုလားလုမျိုး စစ်ကိုင်းတိုင်းမုံရွှာမြို့မှာနေထိုင်ပါတယ် ။
ဖြစ်ပွားပုံကအိမ်မှာမိခင်ဘုရားဝတ်ပြုနေသောအချိန်တွင်သမီးကမိခင်နှင့်စကားပြောချင်တယ် ။မိခင်က တရားအားထုတ်နေတာမို့ဘာမှပြန်မပြောဘုး။သမီးဖြစ်သူကမိခင်၏ပါး
ကိုရိုက်လိုက်တယ်။ အမေကဘာမှပြန်မပြောလစ်လျှူထားလိုက်ပီးပီးဆက်လက်ဘုရားရှိခိုးနေလိုက်၏ ထိုအမျိုးသမီးကပို၍စိတ်ဆိုးလာပီးမိခင်အားခြေထောက်ဖြင့်ကန်လေတော့၏ မိခင်ကြီးကလစ်လျှုရှု့မြဲရှိနေပီးဘုရားရှိခိုးနေဆဲဆက်ပြူနေ၏ အဲဒီအချိန်လေးမှာပဲအမျိုးသမီးကအကျီင်္ အဝတ်အစားတွေကိုအကုန်ချွတ်
လိုက်တယ်ပါးစပ်မှအဖြုရောင်အမြုပ်များထွက်လာပီးအော်ငေါက်နေတော့တယ်။ တခဏနေတော့ကြမ်းပြင်မှာဝပ်နေတော့တယ်။ မိခင်ကြီးဘုရားရှိခိုးပြီး ပြန်လှည့်ကြည့်တော့ခွေးလိုပဲအော်နေတာကိုတွေ့ရတယ် ။ အိမ်ကသူတွေလဲသူ့ကိုအိမ်မှာမထားချင်တော့ဘုး ဒါကြောင့်မို့
ရန်ကုန်မှာရှိတဲ့တိရိစ္ဆာန်ရုံကိုပို့လိုက်တယ်။ တိုအမျိုးသမီး

သစ္စာမဲ့အမျိုးသမီးများစာရင်းမှာ ထိုင်းနဲ့မလေး ထိပ်တန်းကပါဝင်




ကွန်ဒွန်ကုမ္ပဏီ Durex ရဲ့ စစ်တမ်းကောက်ချက်အရ သစ္စာမရှိဆုံး အမျိုးသမီးတွေစာရင်းမှာ မြန်မာပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေ ပါဝင်နေတယ်လို့ မနေ့ကနဲ့ဒီကနေ့ တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။ထိပ်ဆုံးမှာ ဗိုလ်စွဲသူကတော့ အာဖရိကတိုက် ဂါနာနိုင်ငံက အမျိုးသမီးများ ဖြစ်ပါတယ် တဲ့။

အဆင့် ၁။ ဂါနာ
အဆင့် ၂။ ထိုင်း
အဆင့် ၃။ မလေးရှား
အဆင့် ၄။ ရုရှား
အဆင့် ၅။ စင်္ကာပူ
မြန်မာအမျိုးသမီးများကိုတော့ ဒီစစ်တမ်းရလဒ်ထဲ မတွေ့ရပါ။နိုင်ငံ ၄၀ နီးပါး အကျုံးဝင်တယ်၊ လူပေါင်း သောင်းနဲ့ချီကို ကောက်ခဲ့တဲ့စစ်တမ်းလို့ ဆိုပါတယ်။မနှစ်ကလည်း စစ်တမ်းကောက်ခဲ့တယ်၊ အဲဒီတုန်းက အဆင့် ၁ မှာ ရောက်ခဲ့တာကတော့ နိုင်ဂျီးရီးယားအမျိုးသမီးတွေပါ တဲ့။ ဒီနှစ်မှာတော့ နိုင်ဂျီးရီးယားအမျိုးသမီးတွေက ဘယ်အဆင့်မှ မချိတ်ခဲ့ပါဘူး။
နိုင်ဂျီးရီးယားကို ဒီနှစ် ထည့်မတွက်တာလား ဒါမှမဟုတ် နိုင်ဂျီးရီးယားအမျိုးသမီးတွေက ရုတ်တရက် သစ္စာရှိသွားတာလား ဆိုတာတော့ မသိရပါ။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဒီအကြောင်းအရာကို စိတ်ဝင်စားသူ မနည်းပါဘူး။ ထိုင်းရဲ့ အထင်ကရ သတင်းစာ ဘန်ကောက်ပို့စ် ဆိုရင် မနေ့က သူများတွေ ရေးပြီး

လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင် မောင်မြင့်နှင့် စာရင်းစစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ ဖယ်ရှား



ဦးဇော်မင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(အရွယ်သုံးပါးစလုံး ကာမဂုဏ်၌ မနေကောင်း)




ရှေးလွန်လေပြီးသောအခါ မှုးမတ်တစ်ဦး၏သား (ဘုရားလောင်း) နှင့် ပညာရှိတစ်ဦး၏သား ငယ်သူငယ်ချင်းနှစ်ယောက် ရှိကြလေ၏။ အရွယ်ရောက်ကြသောအခါ မိဘများမှ တက္ကသိုလ်ပြည် ဒိသာပါမောက္ခထံ စေလွှတ်၍ အတတ်ပညာများ ဆည်းပူးစေ၏။မူးမတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရြေ
ပည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။
သူငယ်ချင်းနှစ်ယောက် ပညာများတတ်မြောက် ပြည့်စုံကြသောအခါ ဒိသာပါမောက္ခ ဆရာကြီးအား နှုတ်ဆက်၍ မိမိတို့ရပ်ထံ ပြန်ခွင့်တောင်းကြ၏။ ဒိသာပါမောက္ခဆရာကြီးမှ လိုအပ်သော ဆုံးမစကားများ ပြောကြားပြီး သူငယ်တို့၏ ရုပ်အင်္ဂါ၊ အမူအရာ၊ အကျင့်စရိုက်များကို ကြည့်၍ နောင်ရေးကို နိမိတ်ဖတ် ဟောကိန်းထုတ်လိုက်၏။ အမတ်ကြီးသား သူငယ်အား တိုင်းပြည်တစ်ခုတွင် မကြာမီ ဘုရင်ဖြစ်လိမ့်မည်။ ပညာရှိသူတော်ကောင်း၏ သားကမူ ပညာအရာတွင် ထူးချွန်သော ပညာရှိ သူတော်ကောင်းကြီး ဖြစ်လိမ့်မည်ဟု ပြောကြားကာ သူငယ်ချင်းနှစ်ယောက်အား ပြန်ခွင့်ပြုလိုက်၏။

လမ်းတွင် တစ်ခုသော တောအုပ်ကိုကျော်၍ တောစပ်နားတွင် ကျောက်ဖျာကြီးတစ်ခုအနီးရောက်သော် ခရီးပန်းလာသောကြောင့် ပါလာဥောအစားအစာများ စားသောက်ပြီးခေတ္တခဏ အနားယူကြလေသည်။ များမကြာသောကာလ၌အဝေးမှ ဖုန်တထောင်းထောင်းထကာ မြင်းကသော ရထားဖြင့် စစ်သည်တော်များ လာနေကြသည်ကို မြင်သောအခါ ပညာရှိသားသည် စိတ်တွင်ချက်ခြင်းဖြစ်ပေါ်လာသည်မှာ သူ့သူငယ်ချင်းအား ဘုရင်ဖြစ်လိမ့်မည်ဟု ဆရာသမားမှ နိမိတ်ဖတ်ခဲ့သည့်အတိုင်း ယခု မြင်းကသော ရထားသည် သူငယ်ချင်းအား ဘုရင်တင်မြှောက်ရန် ရောက်လာခြင်းဖြစ်ပေလိမ့်မည်ဟု အမှန်ကို သိမြင်လိုက်သည်။ အကယ်၍ သူငယ်ချင်းသည် ဘုရင်ဖြစ်ခဲ့ေ

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ



 
28 August 2012

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။

 “ လိုင်ဇာ ဌာနချုပ် အနားမှာကို နှစ်နေရာလောက် တိုက်ပွဲ အပြင်းထန် ဖြစ်နေတုန်းပါဘဲ။ စတာက မနေ့ကတည်းကပါ။ ဒီနေ့ မှာတော့ ပိုပြီး ပြင်းထန်လာပြီး တိုက်ပွဲတွေဟာလည်း ပိုပြီး ကြာလာပါတယ်။ ပြီးတော့ လိုင်ဇာဌာနချုပ် အ၀င်ထောက်ပို့ လမ်း ကြောင်းတွေမှာလည်း နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အနဲဆုံးတော့ နေရာ (၅-၆)နေရာမှာ ဖြစ်နေတယ်။ ပြင်းထန် တယ်။ အသေးစိပ်တော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဗဟိုဒေသ လိုင်ဇာ အပြင် တပ်မဟာ (၅) ဧရိယာရှိ နေရာအနှံ့တွင် ဖြစ်ပွား နေခြင်းဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့ များသည် လိုင်ဇာ ဌာနချုပ်ကို နေ့စဉ် ပစ်ခိုက် တိုက်ခိုက် နေသော်လည်း ရှေ့မတိုးနိုင်ဘဲ လနှင့်ချီ ရှိနေခဲ့ရာမှ KIA တပ်ဖွဲ့များက ယခုကဲ့သို့ တန်ပြန် စစ်ဆင်မှုများ၊ ဖြစ်လာခဲ့သည်ဟု ဆိုပါသည်။

KIA, တပ်မဟာ (၅) ဒေသတွင် အစိုးရ (ခ.လ.ရ-၅၆)တ

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်


စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းအပေါ် အကောင်းမြင် ကြောင်းကရင်အမျိုးသားအစည်း အရုံး-KNU က ယနေ့ ပြောကြားလိုက်သည်။

KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့အပြောင်းအလဲ ပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မ ဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန်ဆိုတာကလည်းအပြောင်းအလဲကိုတကယ်ဖြစ် စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာ တွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အ ကောင်းဆုံး ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်းစောဒေးဗစ်သကဘော က ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ပြောင်းလဲခန့်လိုက်သည့် ၀န်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦး လှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။

ထို့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို (ပြန်ကြားရေးဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး ဦး ကျော်ဆန်းကို (သမ၀ါယမ၀န်ကြီး)၊ သမ၀ါ ယမ၀န်ကြီး ဦးအုန်ြး

မိန်းကလေးများ လက်မတွဲသင့်သော ယောင်္ကျားများ

မာမာ marmarmyint1981@gmail.com




၁. လက်ပါတတ်သောသူ (ရန်ဖြစ်တာနဲ့ လူရှေ့မရှောင် သူရှေ့မရှောင် လက်သံပြောင်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  သူကတောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေလို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်)
၂. ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (တစ်သက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
၃. အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့...မစဉ်းစားနဲ့ .... တစ်ဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
၎. အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
၅. ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲရှိပါတယ်....ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့  ထင်ရင်တော့ ဂိုးပြီးနော်...ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...)
၆. စကားပြောသိပ်ကောင်းသူ (သူ့ မှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ မျောမယ်မှတ်)
အပျော်အပါးကိုစွဲလန်းသူ (အဲလိုယောင်္ကျားမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..မိန်းမရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်ပါပဲ)
၇. ရောဂါရှိသူ (နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ

နှစ် ၆၀ မြန်မာ့သမိုင်း


နှစ် ၆၀ မြန်မာ့သမိုင်း
         
ဟိုးငယ်ငယ်ကတည်းက ခေါင်းဆောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခဏခဏအသင်ခံခဲ့ရဖူး
တာပေါ့။မူလတန်းကျောင်းသားဘ၀၊အလယ်တန်းကျောင်းသားဘ၀၊အထက်တန်းကျောင်းသား
ဘ၀တွေမှာနိုင်ငံတကာမှာ ထင်ရှားခဲ့တဲ့ ခေါင်းဆောင်များအကြောင်းကို အသင်ခံခဲ့ရဖူးတယ်ဆို
တာမှတ်မိနေတယ်။
          မြန်မာ့သမိုင်း၊ကမ္ဘာသမိုင်းများမှာ ပါတတ်တဲ့ ခေါင်းဆောင်တွေ၊အာဇာနည်တွေရဲ့
အကြောင်းဆိုရင်သင်ခန်းစာ မစခင်ကတည်းက ၀တ္တုဖတ်သလို စိတ်ကူးယဉ်ပြီး ဖတ်ပြီးနေပြီ။
သခင်အောင်ဆန်းဟာ ဘယ်လိုလူမျိုးလဲ။ဆရာစံဟာ ဘယ်လိုလယ်သမားကြီးမျိုးလဲ။ဆရာတော်
ဦးဥတ္တမ၊ဦးဝိစာရတို့ဟာ ဘယ်လိုသာသနာ့အာဇာနည်တွေလဲဆိုတာ င်ါတို့ငယ်ငယ်တုန်းက
သိပ်ကံကောင်းလွန်းလို့ အသင်ခံခဲ့ရဖူးတာပါလားလို့ အခုအချိန်မှာ တွေးနေမိတယ်။
           အခုကစပြီး လွန်ခဲ့တဲ့ နှစ်၆၀မြန်မာ့သမိုင်းသင်ရိုးညွှန်းတန်းကို အသစ်ပြန်ဆွဲမယ်ဆိုရင်
ကျွန်တော်ထင်တယ်။ အနာဂတ်မျိုးဆက်ဟာ လူလိမ်ကြီးတွေ၊သူခိုးကြီးတွေ၊ပရမ်းပတာလူတွေ
အကြောင်းတွေအကြောင်းပဲ အများစုသင်ကြရမှာ။ စံပြုစရာလူဆိုလို့ လက်၅ချောင်းထက်ပြည့်
မယ်မထင်ဖူးနော်။
            မျိုးဆက်တစ်ခုချင်းစီတိုင်းဟာ သူတို့ခေတ်အခါမှာ အနာဂတ်လူငယ်တွေ စံပြုအားထား
လောက်တဲ့ခေါင်းဆောင်တွေ၊အာဇာနည်တွေကို ချန်ရစ်ထားခဲ့ဖို့ တာဝန်ရှိတယ်။ဘယ်လောက်
ကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ပါစေ၊ဘယ်လောက် စွန်လွှတ်တဲ့အာဇာနည်ဖြစ်ပါစေ သေကြရမှာ
ဆိုပေမယ့်သမိုင်းဟာမသေဘူးမဟုတ်လား။ သူတို့ဟာ သမိုင်းမှာ ထာဝရရှင်သန်နေတယ်မဟုတ်
လား။နောင်လာနောင်သားဆိုတာဟာလည်း အရေးကြုံရင် ကိုယ့်တိုင်းပြည်က အာဇာနည်တွေကိုပဲ
စံပြုပြီး ဆုံးဖြတ်သုံးသပ်ဥပမာပြုရတယ်မဟုတ်လား။
            စံပြုလောက်တဲ့ ခေါင်းဆောင်တွေများများပေါ်ထွက်လေေ

ည8နာရီမှ မနက် 6 နာရီထိ အသွေးအသားများအရောင်းခံနေရရှာသော ကောင်မလေးများ

http://t0.gstatic.com/images?q=tbn:ANd9GcTijOtujVITprRzhQdS0DEeQFDaz7qx_ylvfjcMMB78ts7b2neOLQ&t=1http://t0.gstatic.com/images?q=tbn:ANd9GcRUH0qkKV2PlslvayLBO-koW2s9PxkVXHJA1w8W2hAf6b2-jtwcfA&t=1
ရန်ကုန်မြို. ဗိုအောင်ကျော်လမ်းပေါ်ရှိNew Aye Yar Hotelတွင် ကျွန်တော်
တစ်ခေါက်တည်းမိပါသည်..။
တည်းမိသည်ကိုပင်ရင် နာမိပါသည်..။အဘယ်ကြောင့်ဆိုသော် ...ထိုဟိုတယ် တွင်
မိန်းခလေးများကို အခကြေးငွေ ယူ၍ ဧည်သည့်များအတွက် ..ပြည့်တန်ဆာ
လုပ်ငန်းကိုတွင်တွင် ကျယ်ကျယ်ကြီးလုပ်နေခြင်း
ကြောင့်ဖြစ်ပါသည်...။ ကျွန်တော် စတည်းတဲ့နေ.က
ဟိုတယ်ရှေ.သို.ရောက်သည်နှင့် ဧည့်ကြိုကောင်လေးတွေက အထုပ်ကို လာပြေးယူ၍
ခရီးဦးကြိုပြုကြပါ သည်...။ထို.နောက် ကောင်တာတွင်
နှစ်ယောက်ခန်းတစ်ခန်းယူပါသည်..။
အခန်းမှာတစ်ယောက်ခန်းမရှိ၍နှစ်ယောက်ခန်းယူရခြင်းဖြစ်ပါသည်..။
အခန်းယူပြီးသည်နှင့်ဧည့်ကြိုကောင်လေးတစ်ယောက် က အခန်းသို.လိုက်ပို.ပေးပါ
သည်..။ကောင်လေးဆိုပေမဲ့ အသက်က ကျွန်တော့်ထက်တော့ ကြီးမည် ထင်ပါသည်..။
အခန်းသို.ရောက်သည် နှင့် အထုပ်ကိုနေရာချပေး ပီးသည်နှင့် ထို
ဧည့်ကြိုကောင်လေးက ကျွန်တော့်အားမေးပါသည်....။အကိုဘာလိုသေးလဲ
...ကျွန်တော်က ဘာမှ မလိုဘူး လိုရင်မှာမယ်လို.ပြောလိုက်ပါ သည်..။ထို.နောက်
သူက ပြုံးရွှင်ရွှင်မျက်နှာထားနှင့် အကိုစော်တွေ ဘာတွေ လိုချင်ရင်
ရတယ်လို.ပြောပါသည်..။ကျွန်တော့်မှာနည်းနည်း
ကြောင်တောင်တောင်ဖြစ်သွားပါသည်..။ဘယ့်နှယ် ..
မြို.လည်ကောင်ကြီးက ဟိုတယ်မှာထိုလိုမျိုးရသလားဟု
နည်းနည်းကြောင်မိပါသည်..။ သို.သော် စပ်စုချင်
စိတ်နှင့်ထပ်မေးမိပါသည်...။အမှန်မှာခေါ်ချင်၍မဟုတ်ပါ .

ပြန်ကြားရေးဝန်ကြီးသစ်ရဲ့ ကိုယ်ပိုင်ဝက်ဆိုက် *

Inbox
x







The Irrawaddy's Blog (zarny win)
မြန်မာပြည်က၀န်ကြီးတွေထဲမှာ ကိုယ်ပိုင် အွန်လိုင်းစာမျက်နှာ ဖန်တီးထားတဲ့သူက ဦးအောင်ကြည် တယောက်ပဲ ရှိမယ်လို့ ယူဆရပါတယ်။
ဦးအောင်ကြည်ဟာ မနေ့က စတင်ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုင်တွယ်ရတဲ့ ၀န်ကြီး ဖြစ်လာတာပါ။
သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သူ့ဇာတိမြို့နယ်ဖြစ်တဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်ကနေ ရွေးကောက်ခံရပါတယ်။
ဦးသိန်းစိန် အစိုးရဖွဲ့တော့ သူ့ကို ၀န်ကြီးဌာန ၂ခု ကိုင်တွယ်ဖို့ တာဝန်ပေးခံရပါတယ်။
တနေ့ကအထိ အလုပ်သမားဌာန၊ လူမှုဝန်ထမ်းဌာနတို့ကို ကိုင်တွယ်ခဲ့ရတဲ့ဝန်ကြီးပါ။
မင်းဗထူး၊ ဗိုလ်ချုပ်အောင်ကြည် စတဲ့ ကလောင်အမည်တွေနဲ့လည်း စာရေးပါတယ်။
မင်းဗထူး ဒေါ့ကွန်
minbahtoo.com မှာ သူရေးတဲ့ ဆောင်းပါးများကို ဖတ်ရှုနိုင်ပါပြီ။
သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရလက်ထက်မှာရော၊ လက်ရှိအစိုးရလက်ထက်မှာပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်

Tuesday, August 28, 2012

Apple ၏ နည်းပညာ များ ၊ ပစ္စည်းအသွင်အပြင်များကို ကူးယူသုံးစွဲခဲ့သည်ဆိုသော Apple နှင့် Samsung ပစ္စည်းများနှိုင်းယှဉ်ချက်


Share
Samsung ကုမ္ပဏီဟာ Apple ကုမ္ပဏီနည်းပညာပစ္စည်းများ ၊ Apple ကုမ္ပဏီရဲ့မူပိုင် နည်းပညာတစ်ချို့ကိုကူးယူသုံးစွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ Samsung ကုမ္ပဏီအားတရားစွဲခဲ့ရာ Samsung ကုမ္ပဏီ တရားရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် Apple ကုမ္ပဏီထံသို့ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလီယံ ပေးဆောင်ရန် Samsung ကုမ္ပဏီ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ အခု ဖော်ပြမှာကတော့ Apple ကုမ္ပဏီရဲ့ Product များနဲ့ပုံစံတူထုတ်လုပ်ထားတယ် ၊ Apple ရဲ့နည်းပညာတစ်ချို့ကိုသုံးစွဲထားတယ်လို့ Apple ကစွပ်စွဲထားတဲ့ Samsung ပစ္စည်းများ နဲ့ Apple ပစ္စည်းများကိုပုံနှင့်တကွ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။
Source: Pandaapp.com


1. iPhone 3G/3GS design

ဗိုလ်မှူးကြီးအောင်ဇေယျ၏ အမိန့်နှင့်ဝန်ကြီးများ၏ ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးနေ

စရဖ တပ်ဖွဲ့ ဝင် တဦးကို တွေ့  ရစဉ်

ဗိုလ်မှူးကြီး အောင်ဇေယျရဲ့  အမိန့်နဲ့ ၀န်ကြီးများ၏  ပိုင်ဆိုင်မှုတွေကို (၉) မိုင်မှာရှိတဲ့  ရန်ကုန်တိုင်း စရဖ တပ်ဖွဲ့ဝင်တွေက စုံစမ်းနေကြတယ်လို့ သိရပါတယ်။ ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်မြင့် တို့ပိုင်ဆိုင်တဲ့ မြေကွက်တွေနဲ့ အိမ်တွေကို စုံစမ်းနေကြတာဖြစ်ပါတယ်။

ယခုထက်ပိုမိုသက်သာသည့် မိုဘိုင်းဖုန်းငွေဖြည့်စနစ်အား ပြည်သူများမျှော်လင့်

မိုဘိုင်း ဖုန်းသုံးစွဲနေ သူများ အနေဖြင့် ငွေကျပ် တစ်သောင်း တန်ထက် ပိုမို နည်းပါးသည့် တန်ဖိုးနည်း ဖုန်းငွေဖြည့်ကဒ် (Prepid) (သို့မဟုတ်) ငွေဖြည့် စနစ်များ ပေါ်ထွက်လာရန် မျှော်လင့်လျှက် ရှိကြောင်း သိရှိရသည်။ အရှေ့တောင် အာရှ အိမ်နီး ချင်းနိုင်ငံများတွင် မိုဘိုင်း ဖုန်းများအား ငွေဖြည့်ရာ၌ မိမိ တတ်နိုင်သည့် ငွေကြေး ပမာဏ အတိုင်းသာ----

ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ




အပိုင်း – ၃

အပိုင်း ၁ နဲ့ ၂ မှာ ရန်ကုန်မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းနဲ့ ကြံ့ဖွံ့အထွေထွေအတွင်းရေးမှူး ဦးဌေးဦး တို့ကို အရေးယူပေးဖို့ အကြောင်းနဲ့ မြို့တော်ဝန်ရဲ့ဖြတ်စား၊ လာဘ်စားနဲ့ သူခိုး အကြီးစားဖြစ်ပုံ အချို့ကိုဖေါ်ပြ ထားပြီးပါပြီ။

ခုအပိုင်း ၃ ကို ဆက်လက် တင်ပြမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ဝန်ဟောင်းအောင်သိန်းလင်းဟာပြည်တွင်းမှာ နည်းမျိုးစုံနဲ့ ဖြတ်စားလာဘ်စား၊ ခိုးဝှက်ထားတဲ့ ငွေတွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို တရားမ၀င်နည်းနဲ့ ပြည်ပကို ကဲ့ထုတ် ပြီးနိုင်ငံခြားဘဏ်တွေမှာ သူရယ်၊ သူ့ဇနီးဒေါ်ခင်စန်းနွယ်၊ သမီး မသီတာမျိုး နာမည်နဲ့ အောက်ပါဘဏ်တွေမှာ လျှို့ဝှက် အပ်နှံတာ တွေ့ရပါတယ်။

အဲဒီဘဏ်တွေက – (က) The Reserve Bank of Australia ဘဏ်။ (ခ) Bank of England ဘဏ် (ဂ) European Union Bank စတဲ့ဘဏ်တွေမှာ အပ်နှံထားကြတာဖြစ်ပါတယ် ။

(က)။ ။အဲဒီAustralia ဘဏ်ရဲ့ထုတ်ပြန်ချက်အရ နအဖ ကောင်စီနဲ့ ၄င်းတို့မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ ၄င်းတို့ မိသားစုဝင်တွေ၊ တိုင်းမှူးတွေနဲ့  ၄င်းတို့မိသားစုဝင်တွေ၊ ဌာနဆိုင်ရာ၊ စစ်ဘက်၊ အရပ်ဘက် အကြီးအကဲတွေနဲ့ ၄င်းတို့အားလုံးနဲ့ ပတ်သက်တဲ့ အကျိုးတူစီးပွားဘက်တွေ စုစုပေါင်း ၄၆၄ ယောက်ထဲမှာအောင်သိန်းလင်းမိသားစု ၃ ယောက်လုံးလည်းပါဝင်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ဘဏ်အပ်တဲ့အမှတ်စဉ်မှာ အောင်သိန်းလင်း က နံပါတ် ၃၃၆ ယောက်မြောက်ဖြစ် တာတွေ့ရပါတယ်။ အသေးစိတ်သိလိုပါက http://www.rab.gov.au/Media/Releases/2008/Mr_08_23.html ကြည့်ပါ။

(ခ)။ ။ Bank of England ဘဏ်

ဒီဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နအဖ ကောင်စီဝင်နဲ့ မိသားစုဝင်တွေ၊

ဒုလ္လဘဝတ်ပြီးမှ လူဖြစ်လာတယ်လို့ ကိုယ့် ကိုယ်ကိုယ် ခံစားရတယ် မိုးအောင်ရင်


လတ်တလော ဇာတ်ကား ရိုက်ကူး မှုက..
ကျွန်တော် ဒုလ္လဘ ဝတ်ထားတော့ ဘုန်းကြီးလူထွက် ဇာတ်လမ်းတစ်ပုဒ် ရိုက်တယ်။
အဲဒီဇာတ်လမ်းရိုက်ဖို့ ဒုလ္လဘဝတ်တာလား..
မဟုတ်ဘူးဗျ။ ဒုလ္လဘဝတ်ပြီးမှ ဒီဇာတ်ကားရိုက်ကူးဖို့ ဖြစ်လာတာ။
Lucky 7 နဲ့ ဆက်ပြီး အလုပ်လုပ်ဖြစ်တဲ့ ပုံစံကရော...
တစ်လမှာ တစ်ကားရိုက်မယ်။ ပြီးတော့ အပြင်တိုက်တွေနဲ့ ရိုက်ကူးခွင့်ပြုလိုက်ပြီ။
တစ်လမှာ တစ်ကားဆိုတော့ ပရိသတ်နဲ့ ဝေးလွန်းမသွားဘူးလား..
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကားတွေက တစ်လမှာ ငါးကားထွက်ပြီး ငါးကားစလုံး မကောင်းရင် အလကားပဲလေ။ ကျွန်တော့်အနေနဲ့ကတော့ အဆိုးထဲက အကောင်းပဲ ရွေးရမှာပဲ။ တစ်လမှာ တစ်ကားပဲရိုက်ပြီး အဲဒီတစ်ကားကို ကောင်းအောင်ရိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
အပြင်တိုက်နဲ့ ရိုက်ကူးမှု အခြေအနေတွေကရော..
လောလောဆယ်ကတော့ အပြင်တိုက်တွေက ကမ်းလှမ်းမှု မရှိေ

မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်မည်


7477
ရှန်စီးပြည်နယ် တိုင်းယွမ်မြို့ရှိ တိုင်းယွမ် တိရစ္ဆာန်ဥယျာဉ်တွင် အလှပြနေသော
ပင်လယ်ဖျံကို တွေ့ရစဉ် Photo: People Daily
မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှပင်လယ် ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံချစ်ကြည်ရေး အရ လဲလှယ်သွားမည်ဖြစ်ကြောင်း ထူး (Zoo & Gardens Business Unit) မှ သိရသည်။
အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန် ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန် အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။
“ဒီပင်လယ်ဖျံတွေကို  အရင် သစ်တောဦးစီးဌာနလက်အောက်မှာ ရှိစဉ်ကတည်းက လဲလှယ်ဖို့စီစဉ် ထားတာပါ။ ပင်လယ်ဖျံ ပြသဖို့ ကိုလည်း နည်းစနစ်ပိုင်းတွေကိုအကုန် ပြင်ဆင်ထားပြီးသားပါ။ သူတို့ကို ဘောလုံးပစ်ပြီး ကစားတာတို့၊ ရေပေါ်မှာ ကျွမ်းထိုးတာတို့စတဲ့ ပြကွက်တွေကို
ဟိုမှာလေ့ကျင့်ထားပြီးသား ဖြစ်ပေမယ့် ဒီကိုရွှေ့ပြောင်းလာပြီ ဆိုရင် ဒီကနေရာ အနေအထားအရ နည်းနည်းတော့ ပြန်လေ့ကျင့်ပေးရမယ်။ သူတို့ကိုစောင့်ရှောက်မယ့် ဆရာဝန်တွေကိုလည်း တရုတ်ပြည်ကိုလွှတ်ပြီး အနီးကပ်လေ့လာမှုတွေ လုပ်ထားပါတယ်”ဟု ထူး(Zoo & Gardens Business Unit) မှ အမူဆောင် ဒါရိုက်တာဦးဝေမျိုးအောင်က ပြောပါသည်။
အဆိုပါ ပင်လယ်ဖျံသည် မြန်မာနိုင်ငံတွင်

ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ဘီးချော်မှုဖြစ်


ရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထား ရထားဘီးလမ်းချော်မှုဖြစ်ပွားခဲ့သော်လည်း ခရီးသည်များ ထိခိုက်မှု တစုံတရာမရှိ၍ ခရီး
စဉ်အားဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ(၂၇)ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာလာသော နံနက်(၈)နာရီရန်ကုန်-နေပြည်တော် (၃၁)အဆန်ရထားသည် တိုးကြောင်
ကလေးဘူတာ မရောက်ခင်ငမိုးရိပ်ဘူတာအကျော်၌ ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
''တိုးကြောင်ကလေးဘူတာတောင် မရောက်သေးဘူး။ ငမိုးရိပ်ဘူတာအလွန်လေးမှာရထားတွဲ(၅)တွဲမြောက်က ဘီးချော်ပြီး ဖြစ်တာ။ ခရီးသည်တွေလည်း ပြေးလွှားကုန်ကြတယ်။ ခုန်ချတဲ့သူက ခုန်ချနဲ့။   ပေတစ်ရာကျော်လောက်ကိုတရွတ်တိုက်ချော်ထွက် သွား
တော့  ရထားကိုခါသွားတာပဲ'' ဟု ရထားဘီးချော်မှုအားကိုယ်တိုင် မြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။
အဆိုပါရထားဘီးလမ်းချော်မှုတွင်  သံလမ်းများအကြားရှိ  ကွန်ကရစ်ဇလီဖာတုန်း(၁ဝဝ)ကျော် ခန့်ပျက်စီးသွားပြီး  ခရီးသွားပြည်သူ
များမှာ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။
ဘီးချော်သွားသော (၅)တွဲမြောက်ရထားတွဲအား  တိုးကြောင်ကလေးဘူတာတွင်  ဖြုတ်ချကာခရီးစဉ်အား ဆက်လက်ပြေးဆွဲသွား
မည်ဖြစ်ကြောင်းသိရှိရသည်။
မြန်မာ့မီးရထားသို့ မေးမြန်းရာတွင်အဆိုပါကိစ္စနှင့်ပါတ်သက်၍အတ

မလေးရှားရောက် မြန်မာမိတ်ဆွေများ ဖတ်ပေးကြပါ..

.
ခု..ညီက မလေး၇ှား( မာဂျူးဂျာရာ..ပူချုန်းမြို့မှာပါ) ခုဆားဗားနဲ့ မြန်မာတွေ သတ်ပွဲဖြစ်နေတယ်.... ပြောရရင် ၂၁ရက်နေ့ ညဦးပိုင်း ( နာ၇ီ ၈နာရီ ခွဲလောကမှာ ဆားဗားကောင်တွေက အရက်မူးပြီးဟိုသူ့ လိုက်ရန်ရှာ .ဒီသူ့  လိုက်ရန်၇ှာနဲ့ ...မြန်မာတချို နဲ့ တွေ့ တော့ ရန်၇ှာတာကနေ ထိုးပွဲဖြစ်ရောဆိုပါတော့ ...စစချင်း မြန်မတယောက်တော်တော် အထိုးခံထိလိုက်တယ်လို့ ပြောကြတယ်...အဲခဏနေတော့ ...နောက်မြန်မာတယောက်ကိုရစ်ပါလေရော ရစ်ပြီးတော့ ထိုးလွှတ်လိုက်တယ်တဲ့  အဲမြန်မာကောင်ကလည်း သူ့ အိမ်က သူသူငယ်ချင်းတွေကိုခေါ်ပြီး အဲ ဆားဗားကောင်တွေကို ဝိုင်းဖဲ့တာ တယောက်ပဲပိတ်မိပြီး အဲတယောက်ကို မြန်မာတွေတော်တော်များများက ဝိုင်းဖဲ့ ဝိုင်းထိုးကြတာ...အတော်ကြာတော့ ရဲကားရောက်လာတော့ ထိုးတဲ့ မြန်မာတွေ ပြေးရော ဆိုပါတော့ အဲ အဆက်က နောက်ရက်ရောက်တော့(၂၂)ရက်နေ့ မှာ ဆားဇားကောင်တွေတ်ေတော်များများ ကားတွေ ဆိုင်ကယ်တွေနဲ့  ရောက်လာကြတယ်တဲ့ ...( ပြောရဦးမယ် ညီတို့ နေတဲ့ မားဂျူးဂျာရာ( ပူချုန်း) မှာကညနေခင်း အလုပ်ပြန်လာကြတာနဲ့  မြန်မာအတော်များများကပန်းခြံထဲမှာ ခြင်းခတ်..ဘောလုံးကန် လုပ်ကြတာ...အဲ ရန်ပွဲဖြစ်ပြီး နောက်နေ့  ( ၂၂) ရက်နေ့ ကြတော့ ဆားဗားကောင်တွေ ကားတွေဆိုင်ကယ်တွေနဲ့ ရောက်လာပြီ ပန်းခြံထောင့်ကနေ ဝိုင်းရှိုးနေကြတယ်တဲ့ ....အဲနေ့ ကဘာမှမဖြစ်လိုက်ဘူး ဖြစ်တာကေ နာက်နေ့ ( ၂၃ )ရက်နေ့ မှာပဲ.ညနေခင်း ၆နာရီလောက်မှာ ဒီကောင်တွေ အုပ်စုဖွဲပြီးရောက်လာကြတာ လူလေးဆယ်ထက်မနည်းဘူး ရဲကားတွေရော ရဲ