This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, August 6, 2012

*ကွန်ပျူတာ speed မြှင့်တင်ခြင်း*

(1) Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့
folder ထဲက file တွေကို delete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါအုန်း။ Registry Editor box
ပေါ်လာပါလိမ့်မယ်။အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop
Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။ပြီးရင်right click>>Modify
လုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။
(2) My Computer ကိုright click>> properties >>Advanced >>Settings >>visual Effects မှာ -
Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက
Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့
screen စာသားလေးတွေမှိန်သွားတာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။
မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။
(3) Advanced >> change မှာ Custom size မှာ initial size ကို
2000 Maximum size ကို 4000 ပေးပါ။ ပြီးရင် set , okေ

Sunday, August 5, 2012

ဇတ်တူသားစားသည့် ဖား...



ဖားဘီလူးများကားဆာလောင်မွတ်သိပ်လာသောအခါ အထွေအထူးစဉ်းစားမနေတော့ ပါ...
ဇတ်တူသားပင်စားဖို့ ဝန်မလေးတတ်ပါပေ...
Bullfrogs don't mess about when they're hungry - and even cannibalism isn't ruled out.

          ဤဖားဘီလူးကား အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှ ရေကူးကန်တစ်ခု၏ရေပိုက်ထဲမှာထွက်ပေါ်လာ
ဟန်ရှိပြီး ၎င်း၏ပါးစပ်ထဲတွင်တော့ သူနှင့် မျိုးနွယ်တူ ညီအစ်ကိုတော်ဖားငယ်တစ်ကောင်၏ခြေထောက်အ
စုံက ( သူဝါးမြိုထားစဉ် ) ထွက်လို့ နေပါတယ်...
အမေရိကန်နိုင်ငံသား ခင်ပွန်းဖြစ်သူတက်ဒ် နှင့် ဇနီးသည်ဘေကွန် တို့ ဟာ ၎င်းတို့ ရဲ့ ရေကူးကန်ကိုသန့် 
ရှင်းရေးလုပ်နေစဉ် အစားကျူးသောထိုကုန်းတစ်ပိုင်းရေတစ်ပိုင်းသတ္တ၀ါ ဖားက ဇတ်တူသားစားနေတာကို
မြင်တွေ့ ခဲ့ ကြ ( ဓါတ်ပုံရိုက်ယူခဲ့ ကြ ) တာဖြစ်ပါတယ်...
သူတို့ ဇနီးမောင်နှံဟာ ထိုအစားကျူးတဲ့ ဖားဘီလူး အစာတန်းလန်းနှ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့် လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး ထုတ်ဖော်ပြောဆို......




ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ 
အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက် သမ္မတ၏ အမိန့် ဖြင့် မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေး ရှည်လျှားသော နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ 
ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ
( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သ

အဆိုတော် အီတိုးတို့ရဲ့ အိမ်ထောင်ရေး ဘာဖြစ်သွားတာလဲ


 
ဓာတ်ပုံ- myanmarcelebrity.com

မြန်မာနိုင်ငံက ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်သူ အဆိုတော် အီတိုး ခေါ် ကိုဝင်းထွဋ်သော်တာ ဟာ ဒေါ်မြင့်မြတ်သူနဲ့ ပေါင်းသင်းနေထိုင်စဉ်မှာ ခွင့်မလွှတ်နိုင်စရာတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့လို့ အခု
တော့ ဒေါ်မြင့်မြတ်သူက တရားရုံး တက်ကာ ကွားရှင်းလိုက်ကြပါတယ်။

ဒါကြောင့်ပဲ ဇူလိုင်လ ၃၁ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ကွာရှင်းပြတ်စဲကြောင်း ကတိလက်မှတ်တွေ အသီးသီး ရေး ထိုးပြီးကြောင်း၊ ဒေါ်မြင့်မြတ်သူရဲ့ ဂုဏ်သိက

ရှုခင်းသာ အပန်းဖြေ အားကစားကွင်း မကြာမီ ပိတ်သိမ်းမည်


သာကေတမြို့နယ်ရှိ ရှုခင်းသာ အပန်းဖြေ အားကစား ကွင်းကို ယခု လကုန်တွင် အပြီး ပိတ်သိမ်းသွား မည်ဖြစ်ပြီး အဆိုပါ ပန်းခြံမှ ၀န်ထမ်းများ အား ပြည်သူ့ ဥယျာဉ်ရှိ ရေလွှာလျှောနှင့် အားကစား ကွင်းတွင် ပြန်လည်ခန့်ထားရန် စီစဉ်နေကြောင်း ယင်းအပန်းဖြေအားကစားကွင်းများကို ကန်ထရိုက် စနစ်ဖြင့် လုပ်ကိုင်နေသည့် သိဂီရွှေရည်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ “ရှုခင်းသာဘက်က ၀န်ထမ်းတွေ ဒီကိုရွှေ့ပြောင်းဖို့ရှိနေတာတော့ရှိပါတယ်။ ဒီလကုန်မှ သိရမှာပါ။
ကျွန်တော့်ဆီတော့ ခုထိ ညွှန်ကြားချက် မရောက်လာသေးပါဘူး။ လက်ရှိကျွန်တော်တို့က ပြည်သူ့ဥယျာဉ်မှာ ရေကူးကန်နဲ့ အားကစားကွင်းတို့ကို လုပ်ခွင့် ရထားတာပါ။ အခုလက်ရှိ ၀န်ထမ်း အင်အားက ၄၀ လောက်ရှိပါတယ်”ဟု ပြ

ဆေးလိပ်ဖြတ်မရသူတို့အတွက် အီလက်ထရွန်းနစ် E စီးကရက်



E စီး ကရက် သုံးစွဲမှု ဟာ ဆေးလိပ် အစားထိုး သောက်သုံး သူများ စွာရဲ့ လက်စွဲ တော်ဖြစ်နေ ပါပြီ။ ကမ္ဘာ ကျော် ရုပ်ရှင်သရုပ်ဆောင်တွေကစပြီး လူငယ်တွေအဆုံးE စီးကရက်ကို အသုံး ပြုနေကြပါပြီ။ ကျန်းမာရေး
အရကော၊ စီးပွားရေး (ဆေးလိပ်သောက်တဲ့အတွက် ကုန်ကျစရိတ်)အရကော၊ အနံ့အသက်ဆိုး တွေမထွက်တာအရကော အဘက်ဘက်မှ အကျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ E စီးကရက်မှာ ဆေးလိပ်လို ကျောက် မီးသွေး၊
ဆေးရွက်ကြီး၊ ကာဗွန်မိုနောက် ဆိုဒ်ဒါမှမဟုတ် ပြာစတာတွေမပါဘူး။

စစ်တမ်းတစ်ခုအရ ဆေးလိပ်သောက်သူ တွေမှာE စီးကရက်အစားထိုးသုံးရင် ကုန် ကျစရိတ် ပျမ်းမျှ တစ်နှစ်ကို ဒေါ်လာ တစ်ထောင် သက်သာစေပါတယ်။
ခန္ဓာကိုယ်နဲ့ တခြားဝတ္တုပစ္စည်းတွေ အပေါ် ဆေးလိပ်နံ့လိုမျိုး စွဲကျန်ခြင်း မ ရှိနိုင်ပါဘူး။ E စီးကရက်မှာ အနံ့အရသာ မျိုးစုံရှိပါတယ်။ E စီးကရက်ဟာ ပုံမှန် စီးကရက်လို ဆေးလိပ်သောက်လိုက်ပြီး ရင် အဆုတ်က အငွေ့ပြန်ထွက်တာမျိုး မရှိပါဘူး။

"တကယ်ဆေးလိပ် သောက်သုံး သူအားလုံးဟာ E စီးကရက်ကိုပဲ ပြောင်း သောက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ တစ်နှစ်တာ ပျမ်းမျှ သေစာရင်းက
သေဆုံးသူ လူပေါင်း လေးသိန်းကနေ လူပေါင်း လေးထောင်လောက်အထိတောင်

ရခိုင်ဒေသအရေး ဘင်္ဂလားဒေ့ရှ် သံအမတ် ဘာပြောသလဲ


အစိုးရက သံတမန်တွေကို စစ်တွေမြို့ကို နှစ်ရက်ကြာ ခေါ်သွားပြီး ရခိုင်ဒေသ ပဋိပက္ခအကြောင်း ရှင်းလင်းခဲ့ပုံကို သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရတဲ့အတွက် ဒီသတင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

သူ့ပြောဆိုချက်ကို သတင်းအဆုံးပိုင်းမှာ တွေ့နိုင်ပါတယ်။


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အသိအမှတ်ပြု
မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရ

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး

နိုင်ငံတော်သမ္မတကြီးသမ္မတ အဂ္ဂမဟာသရေစည်သူ ဦးသိန်းစိန်၏ အတ္တုပတ္တိ




သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။

အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊

၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့်ြ

*ဒေါ်လာငွေစက္ကူအတု ၂ဒသမ ၃သန်းပီရူးရဲတပ်ဖွဲ့ သိမ်းဆည်းရမိ**




ပီရူးရဲတပ်ဖွဲ့သည် အမေရိကန်ဒေါ်လာအတု ၂ဒသမ ၃သန်းကို သိမ်း ဆည်းရမိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၁ရက်တွင် သတင်း ထုတ်ပြန်သည်။ပီရူးနိုင်ငံမှ မိသားစုတစ်စုသည် အမှတ်တရပစ္စည်းများအတွင်း ဒေါ်လာငွေအတု များကို သိုဝှက်ကာ အမေရိကန်နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနိုင်ရန် စီစဉ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရာအူးလ်ဆာလာဇာက ပြောကြားသည်။ ပီရူးနိုင်ငံမှ ရိုဒရစ်အမည်ရှိ မိသားစုသည် အမေရိကန်ဒေါ်လာ ၅၀ တန်ငွေ စက္ကူများကို အတုပြုလုပ်မှုအတွက်တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပီရူးနိုင်ငံ မြို့တော်လီမာတွင် ငွေစက္ကူအတုပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်း ကိရိယာများကို သိမ်းဆည်းရမိခဲ့သည်။ရိုဒရစ်မိသားစုမှ မိသားစုဝင် အချို့

အစွမ်းထက်နေတဲ့ ဦးခင်ရွှေ (ဓာတ်ပုံနှင့်တကွ)များ...




(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဒီတခါ တင်ပြမယ့် သတင်းတပုဒ်က ဇေကမ္ဘာကုမ္ပဏီနဲ့ ပါတ်သက်ပါတယ်။
ဟုတ်ပါတယ် - လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးခင်ရွှေရဲ့ ဇေကမ္ဘာကု

ထူးဆန်းထွေလာ ဟင်္သာတမြို့မှ ဆက်သွယ်ရေးဋ္ဌာန အကြောင်း (တိုင်ကြားစာ)



ဟင်္သာတမြို့  မှာ GSM နှင့် CDMA ဖုန်းများ စကားပြောလျှင် ပြုတ်ကျသွားပြီး အိမ်တွင်း ပြန်ခေါ်တာတောင် ဆက်သွယ်မှု ပြင်ပရောက်နေကြောင်း ဖြေကြားနေခြင်းကိစ္စတွေကို ဟင်္သာတဆက်သွယ်ရေးက မဖြေရှင်းနိုင် ဖြစ်နေပါတယ်..။

ဟင်္သာတမြို့မှ ရဲတွေကိစ္စ၊ သစ်ကိစ္စ၊ ဖဲဝိုင်းကိစ္စ စသည့်တိုင်းတန်းချက်များ အင်တာနက်ပေါ်ပါလာပြီး နောက်နေ့များတွင် ဟင်္သာတမြို့ ပေါ်ရှိ GSMနှင့် CDMA ဖုန်းလိုင်းများမှာ တုံးအပြည့် မိနေပါလျှက်နှင့် စကားပြောနေရင်းနဲ့ လိုင်းကျကျသွားတဲ့ အဖြစ်များ ကြုံတွေ့နေရပါတယ်..။ ကျွန်တော်တို့လို ဝန်ထမ်းတွေ အနေနဲ့ (မသိရင် အထက်လူကြီးနဲ့ ပြောတဲ့ ၀န်ထမ်းအချို့ အတွက် ရင်လေးစရာပါ) မပြောချင်လို့ ချတယ်ထင်မှီရင် မလွယ်

ဖုန်းလိုင်းကလေး ရှင်းပေးစေချင်ပါတယ်....





ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး


နေလင်းအောင်

လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အ ကြောင်း များကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေး နွေးပွဲပါဝင်သူများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒ နယ်မြေ ကောမှူးမြို့နယ်သို့ သောကြာနေ့ ကသွား ရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်း အ ရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာန ကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သ မား များအား ကတြိ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်


နိရဉ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်း တွေ ကိုအသီးသီး ချမှတ်ထားပေမယ့် အဲသလို ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့ တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့ တရားရုံး ရှေ့နေ တစ်ဦး ကပြော ပါတယ်။မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြ ပြီး ဇ နီးမယားကိုလည်း တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ လက်ထပ်ခွင့်တင်ပြီးမှ လက်ထပ် ခွင့်ပြု ပေးဖို့ အထက်က ဒေသန္တာရ အမိန့် ဆိုပြီး ထုတ်ပြန်ထားပါတယ်။

အဲသလို ထုတ်ပြန်ထားတဲ့ အပေါ် နစက တာဝန်ရှိသူ အရာ

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း



မြန်မာနိုင်ငံ အနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ် ခွင့်အား ငြင်းပယ်ခြင်း အပါအ၀င်
ခွဲခြား ဆက်ဆံမှုများ ရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေအား ပြန်
လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ကွင်တားနားက တိုက်တွန်းပြောဆို လိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ
ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံ မေးမြန်းမှု
များပြုလုပ်ခဲ့ပြီး၊ ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပ
သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတို

နိုင်ငံတော်သမ္မတ ဦသိန်းစိန် နိုင်ငံရေးပါတီ ၁၄ခုနှင့် တွေဆုံရာတွင် မီဒီယာကိစ္စ ဆွေးနွေးခဲ့



နေပြည်တော်၊သြဂုတ်၊၎

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ၁၄ခုတို့ ယနေ့နံနက်၉း၀၀
အချိန်ခန့်မှ မွန်းလွဲ ၁း၂၀အချိန်ထိ သမ္မတ လယ်တောရိပ်သာ တွင်တွေ့ဆုံ
 ခဲ့ကြောင်းသတင်းရရှိသည်။

ယင်းတွေ့ဆုံပွဲသို့ လွှတ်တော်တွင်း ကိုယ်စားလှယ်လေးဦး တက်ရောက်ခွင့်
ရရှိခဲ့ပြီး လွှတ်တော်ပြင်ပ ပါတီများ သက်ဆိုင်သူများ အပြင် ၀န်ကြီးဦစိုးသိန်း၊
ဝန်ကြီးဦးအောင်မင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦတင်အေး တို့လဲ
ပါဝင်ခဲ့သည်ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီ
သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ပေါ်ပြူလာနယူးစ်အားပြောသည်။

“ပြောကြဆိုကြတာတွေတော့ရှိတယ်။ငြိမ်းချမ်းရေးကိစ္စတွေကများတယ်။
ကျွန်တော်နဲ့ဆိုင်တာထဲမှာ သမ္မတကြီးစိတ်ဝင်စားတာက မီဒီယာကိစ္စ။
 မီဒီယာတွေကိုသမ္မတကြီးကလည်း စတုတ္ထမဏ္ဍိုင် အဖြစ်အသိအမှတ်ပြု
 ထားတာပဲလို့ပြောပြီးThe Voiceနဲ့ လျှက်တပြတ်ဂျာနယ်တရား စွဲတာ
ဒီနေ့ ဒီအချိန်မှာ လုံးဝမဖြစ်သင့်ဘူး။ကျွန်တော်တို့ရဲ့ပြုပြင်ပြာင်းလဲရေး ကိုမလိုလားသူတွေအတွက်အခွင့်အရေးရသွား

Gmail တွင် နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ မှတ်ချင်သူများအတွက်

               မူရင်ေ၇းသားသူတော့မသိ....မေးလ်ထဲဒီအတိုင်းရောက်လာလို့တင်ပေးလိုက်ပီးနော်   ဝန်ခံထားပီးသား အဟီး....။

အခု ပြောပြချင်တာကတော့ Gmail မှာ ပိုလာတဲ့ ၀န်ဆောင်မှု့ 2 ခုထဲက 1 ခုကိုပြောပြချင်ပါတရ် ……
( ကျွန်တော်လည်း သိလို့တော့မဟုတ်ပါဘူး ….. ဂျာနယ်ထဲမှာ ပါလာလို့ ဖတ်ကြည့်ပြီး တင်ပေးလိုက်တာပါ )
အခု Gmail မှာ Contacts ဆိုတာလေး နဲ့ Tasks ဆိုတာလေး 2 ခုပိုလာပါတရ်
အဲ့ဒီ့ထဲက Contacts ဆိုတာကိုပြောမှာဖြစ်ပါတရ် …….
Contacts ဆိုတာကတော့ “ ဆက်သွယ်မှု့ ” ဆိုပြီးအဓိပ္ပာယ်ရပါတရ်
အဲ့ဒီ့ Contacts ဆိုတာကတော့ ကိုယ့်အကောင့်ထဲမှာရှိတဲ့ လူတွေရဲ့ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ စတာတွေကို မှတ်သားလို့ရပါတရ်
လုပ်မရ်ဆိုရင်တော့ အဲ့ဒီ့ Contacts ဆိုတာလေးကို နှိပ်လိုက်ပါ
ပြီးရင် ကိုယ်အကောင့်ထဲမှာ ရှိတဲ့လူရဲ့ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ ကို မှတ်ချင်တရ်ဆိုရင် အဲ့ဒီ့ အကောင့်ကို နှိပ်လိုက်
ပြီးရင် သူ့ အကောင့် နာမည်နဲ့ မှတ်ဖို့ နေရာလေးတွေ ပါလာပါလိမ့်မရ်
ကိုယ်သိထားသမျှကို ရေးမှတ်ပြီးပြီ ဆိုရင် Save Now ကို နှိပ်လို

မိန်းကလေးများဘဝကိုတန်ဖိုးထားကြပါ

          ဒီတစ်ခါအကြောင်းအရာလေးကတော့ သူငယ်ချင်းများကိုသိစေချင်လွန်းလို့ ကြားဖူးနားဝရှိတာလေးကိုမျှဝေပေးလိုက်ပါတယ်...
တစ်ခါက ရွာလေးတစ်ရွုာကနေ မြို့မှာတက္ကသိုလ်လာတက်တဲ့ သစ်သစ် ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်...အဲဒီကောင်မလေးက
ကျောင်းပြီးသွားတော့ တက်လမ်းမရှိတဲ့ရွာကိုမပြန်တော့ပဲနဲ့ အဲဒီမြို့မှာပဲ အဆောင်တစ်ခုမှာဆက်နေပြီး အလုပ်လုပ်နေခဲ့တယ်..
သူအရင်ကျောင်းတက်တုန်းကနေခဲ့တဲ့ အဆောင်ကလဲ ရောင်းလိုက်ပြီဆိုတော့ သူ့မှာအဆောင်အသစ်တစ်ခုကိုပြောင်းခဲ့ရတယ်...အတူတူ
တက်ခဲ့တဲ့ သူငယ်ချင်းတွေကလဲ ပြန်ကုန်ကြပြီဆိုတော့ သူ့မှာအဲဒီအဆောင်သစ်မှာ ရှိတဲ့ကောင်မလေးတွေကိုပဲ သူငယ်ချင်းလုပ်ခဲ့ရတယ်..
ဝမ်းရေးအခက်အခဲကလဲရှိနေတော့ အလုပ်တစ်ခုတည်းနဲ့ အဆင်မပြေဖြစ်တဲ့ သစ်သစ်ဟာအဆောင်မှာ ကောင်မလေးတွေလဲ ဖုန်းပြောရ
အဆင်ပြေအောင် သူလဲဝင်ငွေရအောင်ဖုန်းငှားတဲ့အလုပ်လဲလုပ်ခဲ့တယ်...အဲဒါနဲ့ သူ့ဖုန်းနံပါတ်ဟာ အဆောင်သူတွေနဲ့သက်ဆိုင်တဲ့
သူတွေဆီကိုရောက်သွားပါတယ်...ဇာတ်လမ်းကဒီလိုကနေ စပါတယ်...အဲလိုဖုန်းနံပါတ်ပေးတဲ့အထဲမှာ အဲဒီအဆောင်က မိန်းကလေးတစ်
ယောက်ကသူ့အစ်ကိုဝမ်းကွဲဆိုပြီး သစ်သစ်ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတယ်...အဲဒီလူကလဲ သစ်သစ်ဆီညတိုင်းဖုန်းဆက်ပြီး
သူ့ညီမကိုခေါ်ပေးဖို့ပြောပြီး ဖုန်းလှမ်းလှမ်းဆက်ပါတယ်...ဘယ်

မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ အလုပ် လုပ်နေသော (ဂက်စ်)စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

         ယမန်နေ့ ၄ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင်  မတော်တဆ မီးလောင်ပေါက်ကွဲမှု တခု နံနက် ၃ နာရီ ၂၀ မိနှစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မလေးရှားနိုင်ငံမှ မီးသတ်ယဉ်များ
အချိန်မှီ လာရောက် မီးများကိုငြိမ်းစေခဲ့ပါတယ်လို့ သိရပါတယ်။  အမြန်မာလုပ်သား ၇ ဦးအနက် ၅ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်  မြင်မကောင်းစွာ ဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။ အချိန်မှီ မလေးရှားမှ အရေးပေါ်လူနာတင်ယဉ် ရောက်ရှိလာပြီး ဆေးရုံသို့
အချိန်မှီပို့ဆောင်ပေးခဲ့သည်ဟုသိရပါတယ်။
          ဒဏ်ရာရရှိသူ ၅ ဦးအနက် ၁ ဦးမှာ အခြေအနေ ဆိုးရွားနေကြောင်း ကိုလွတ်မြောက်လာသူ ၂ ဦးမှ ပြောကြားခဲ့ပါတယ်။ ယင်းဒဏ်ရာ
ရရှိထားသော မြန်မာလုပ်သားများကို မလေးရှားမှ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရန် စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
၎င်းမြန်မာ လုပ်သားများမှာ ပါမစ်မရှိသော မြန်

စားကျက်မြေများ၊ အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ







 ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် တောစွန်း ကျေးရွာ၊ ဘူးသနွတ် ကျေးရွာ၊ မကိုက်ပုံ ကျေးရွာ၊ ဘိုးနတ်ပေး ကျေးရွာ တို့ရှိ စားကျက်မြေ ၊ သင်္ချိုင်းမြေ၊ နှင့် မိရိုးဖလာ လုပ်ကိုင်ကြသော အင်းများ စုစုပေါင်း ၅၇၅.၉၄ ဧက ကို ၂၀၀၅ ခုနှစ်မှ စ၍ စတီးလ်စတုန်းကုမ္မဏီ(Steel Stone Company) က ကျေးရွာ ရ.ယ.က ၊ ထန်းတပင်မြို့နယ် မ.ယ.က တို့နှင့်ပူးပေါင်း၍ သိမ်းယူခဲ့ပါသည်။

   ယင်းသို့သိမ်းယူခဲ့သည့်အတွက်ကြောင့် ကျေးရွာများမှ စားကျက်မြေများ မရှိတော့သည့်အတွက် နွားကျွေးရန် မြစ်ကိုကူး၍ တစ်ဖက်ကမ်း ညောင်တုန်းမြို့နယ်သို့ သွားရောက်၍ မြက်ရိတ်ရသည့်အတွက် အလွန်ဒုက္ခရောက်ရကြောင်း၊ သွားရောက်၍ မြက်မရိတ်နိုင်လျှင် မြက်ပေါသော မိုးရာသီ ဖြစ်သော်လည်း ကောက်ရိုးများကိုသာ ကျွေးရကြောင်း၊ သိမ်းယူသည့် မြေများအတွင်း သချိုင်းမြေပါသွားသည့်အတွက် နာရေးဖြစ်လျှင် ကုမ္မဏီမှ သိမ်းယူထားသည့် နယ်နိမိတ်အနီးမှ တာရိုးတွင် တိတ်တဆိတ်မြုပ်နှံ သဂြိုဟ်ရကြောင်း၊ သိမ်းယူထားသည့် စားကျ

တရုတ်မှာဖြစ်တဲ့ မွတ်စလင်အဓိကရုန်းအပေါ် တိုင်းမ် မဂ္ဂဇင်းမှ ဖော်ပြချက်







by Myo Set 

အီဂျစ်မှာရှိတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီကိစ္စဟာ မွတ်စလင်ကမ္ဘာကို ဒေါသ ဖြစ်စေခဲ့ပြီး ဂျာမဏီအစိုးရထံကနေ
တရားဝင် တောင်းပန်ခြင်းကို အလိုရှိခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါနဲ့  နှစ်ပတ်လောက် အကြာမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် ရှန်ကျင်းပြည်နယ်က မွတ်စလင်-ဟန် အဓိကရုန်း
ကိုတော့ အာရပ်ကမ္ဘာ၇လည်း ဂရုမစိုက်ခဲ့သလို တရုတ်ပြည်ထဲက မွတ်စလင်ဆိုသူတွေကလည်း အရေးမလုပ်ခဲ့ကြပါဘူး။

ဇူလိုင် ၅ ရက်နေ့မှာ ရဲတွေက လူနည်းစု Uighurs လူမျိုးတွေ ဆန္ဒပြတာကို နှိမ်နင်းခဲ့တယ်။ အဲ့ဒီ မွတ်စလင်လူနည်းစုဟာ တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်ရဲ့
မြို့တော် Urumqi ကဖြစ်တယ်။ Uighur လူငယ်တွေဟာ လူများစု ဟန်လူမျိုးတွေရဲ့ နေအိမ်တွေ ကို ဓါးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ အဓိကရုန်းအပြီးမှာ ဟန် ၁၃၇ ဦးသေဆုံးပြီး
Uighurs ၄၆ ဦးသေဆုံးကာ ဟွေလူမျိုး မွတ်စလင်တစ်ဦးသေဆုံးတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်တယ်။ ဒါပေမယ့် ဒိုင်ယာနာ ရတ်ရှ်ဝန်း လို့ခေါ်တဲ့ နိုင်ငံရေးကျွမ်းကျင်သူ (ကိုင်ရိုအခြေစိုက်)
ကတော့ အာရပ်နဲ့ မွတ်စလင်ကမ္ဘာက ဒီကိစ္စအပေါ် အထူးတလည် အာရုံမထားပါဘူးလို့ ပြောကြားခဲ့တယ်။
အာရပ်မီဒီယာတွေအနေနဲ့ ဒီဖြစ်ရပ်ကို သာမန်ကာလျှံကာပဲေ

ကာတွန်း

Inline image 2

Wireless Network သို့မဟုတ် Bluetooth ဆိုသည်မှာ





bluetooth ဆိုသည်မှာ Personal Area Network (PANS)တွင်သုံးတဲ့power အသုံးပြုမှု နည်းသည့် Short Range အကွာဝေးWireless နည်းပညာတစ်ခုဖြစ်ပါတယ်။Bluetooth ၏Short Range Wireless ကို အစ ပြုခဲ့တာ က
Swedish Telecom မှဖြစ်ပါတယ်။Bluetooth Technology မတူညီသောပစ္စည်းများကြား တွင် ပေါင်းစည်းအလုပ် လုပ် ပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြပါတယ်။


Bluetooth Network


Bluetooth Network များသည် 2.45GHz ရှိသောRadio Frequencyကို အသုံးပြုထားသောကြောင့် Wifi Network, Cordless Phone,Microwave Ovenများတွင်

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်

Inbox
x







ရန်ကုန်၊ သြဂုတ် ၃




ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။




ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်

ဦးအောင်သိန်းလင်း အား ကြံ့ခိုင်ရေး ပါတီ ရန်ကုန်တိုင်း တာဝန်ခံ အဖြစ် မှ ရပ်နား * Inbox x


20

0

မဲပေးပါ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်
ဦးအောင်သိန်းလင်းကို
ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်ကြောင်း  ယနေ့  ကျင်း
ပသည့် ပါတီတွင်း
အစည်း အဝေး တစ်ခု တွင် တရား ၀င် ထုတ် ဖော်ပြောကြား လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရန်ကုန်တိုင်း တာဝန်ခံ ရာထူးအား
ယခင် ရန်ကုန် မြို့ တော် ၀န် ဟောင်း ဦးအောင်သိန်းလင်းထံမှ ဦးမောင်မောင်သိမ်း
က လွှဲပြောင်းရယူ သည် ဟု ကြံ့ခိုင်ရေး ပါတီ ရန်ကုန် တိုင်း စည်းရုံးရေး အဖွဲ့  ၀င်
တစ်ဦး ဖြစ်သူ ကိုအောင်လင်းဇော်က FNG ကို ပြောသည်။

ဦးအောင်သိန်းလင်း သည် တရုတ် နိုင်ငံ ၏ သတင်း တစ်စောင် ဖြစ်သော
Southern Weekend Chinaနှင့် မေးမြန်းမှု တွင်  သမ္မတ ဦးသိန်းစိန် ၏
အမိန့် ဖြင့် ရပ်တန့် ထား သည့် မြစ်ဆုံ ရေကာ တာ ကို ပြန်လည် စတင် မည် ဟု ပြော
ကြား မှု ၊ အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံ သူများ သည် အရူးများ သာ
ဖြစ် ကြောင်း ပြော ကြား ခဲ့ ခြင်း ကြောင့် ဆန္ဒပြ ကန်

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပုံတူပန်းချီကားများ

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပုံတူပန်းချီကားများ

အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံး မှ လွင့်ထူထားသော မြန်မာနိုင်ငံတော်အလံကို အစ္စလာမ်အစွမ်းရောက်များမှ တတ်ရောက်ဖြုတ်ယူပြီး မီးရှို့ခြင်း *

Inbox
x






ဗီယင်နာသဘောတူညီမှုအရ လက်မှတ်ထိုးထားသောနိုင်ငံတိုင်းသည် ထိုတိုင်းပြည်အတွင်းရှိ သံရုံးအတွင်းသို့ဝင်ရောက်ခွင့်မရှိ။

ထို့ပြင် မည်သည့်အခြေအနေတွင်မဆို ဖျက်ဆီးခြင်း
၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်း ၃၁)

"တိုင်းပြည်တစ်ပြည်သည် သူ့နိုင်ငံအခြေစိုက်သံရုံးကို ကာကွယ်ပေးရန်တာဝန်ရှိသည်။ ယနေ့ တွင် အီဂျစ်ရှိမြန်မာသံရုံးအလံအား ဖြုတ်ချကာ မီးတင်ရှို့ခဲ့သည်။

ထိုသို့သော အရေးအခင်းသည်လည်း အီရန်နိုင်ငံတွေ ဖြစ်ပွားခဲ့သည်။ အီရန်တွင်ဖြစ်သည်က ဗြိတိသျှသံရုံးအား ဝင်ရောက်စီးနင်းကာ ဗြိတိန်ဘုရင်မပုံကို မီးနှင့်ရှို့၍ ဗြိတိန်အလံအား ဆုတ်ဖြဲမီးရှို့ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအတွက ဗြိတိန်အစိုးရက အီရန်မှ တာဝန်ရှိသူများအာားလုံး

Friday, August 3, 2012

ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ကန့်ကွက်ပေးကြပါရှင်

 ဗုဒ္ဓဘာသာ ဆိုတာမေတို့ တွေရဲ့ အထွဋ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ။
ဗုဒ္ဓမြတ်စွာ ဘုရားရှင်ဆိုသည်မှာ မေတို့ကိုးကွယ်ရာ သဗ္ဗေညုတ ဥာဏ်တော်ကို ရရှိသည့် အတုမရှိ  ဘုရားရှင်။
ယခုလို လေးလေးနက်နက် ယုံယုံကြည်ကြည် ကိုးကွယ်ခဲ့ကြတဲ့ ဗုဒ္ဓ ဘာသာကို ပျက်ရယ်ပြု ၊မြတ်စွာဘုရား၏ သီရိကျက်သရေနှင့် ပြည့်စုံတော်မူသော ရုပ်ဆင်းအဂါ င်္ကို အလှဆင်ခြင်းလောက်သာ အာရုံထားကြသည့် သူအချို့ကြောင့် ထိခိုက်ကြေကွဲစရာများ ကြုံတွေ့ခဲ့ရပါတယ်။
အင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရှိခဲ့သည့် ဖိနပ်ကြော်ငြာကြောင့် မေ မျက်ရည်ကျခဲ့ပါတယ်။
အဘ

ဟာသလေးများ။။

(၆၁) စကားပြောဖော်
အလွန်ကပ်စေးနှဲသူတစ်ဦးကို ဇနီးဖြစ်သူမှပြောလိုက်သည်။
ငွေကစကားပြောတယ် ဆိုတာ တကယ်ပဲ လားဟင် ကိုကို။
သိပ်ဟုတ်တာပေါ့ မိန်းမရယ်။
ဒါဆိုကိုကို အပြင်သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်းနေရတာပျင်းလွန်းလို့ စကားပြောဖော်အဖြစ် နည်းနည်းလောက်ပေးထားခဲ့စမ်းပါ။
……………………….
(၆၂) အာဂျင်တီးနား
စာသင်ကျောင်းတစ်ခု၌ ပထ၀ီဆရာသည် ကျောင်းသားတစ်ယောက်ကို မေးလိုက်သည်။
အာဂျင်တီးနား နိုင်ငံဘယ်နားမှာရှိလဲကွ။
ဟုတ်ကဲ့။ ပထ၀ီ စာအုပ်ရဲ့ စာမျက်နှာ ၄၃ မှာရှိပါတယ်ဆရာ။
……………………….
(၆၃) ဒါကြောင့်ကိုး
မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆင်ကာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။
ကိုင်း…ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြသေးဘူး။
ကျွန်တော်က စာမတတ်ဘူး ဆရာရဲ့။
………………………..
(၆၄)တကယ့်ရှေ့နေ
တရားခံရှေ့နေ- ဟိုဥစ္စာ ခင်ဗျားရဲ့ ကား မဟုတ်လား။
တရားလို – ရှေ့နေကြီး မေးခွန်းတွေကိုဖြေရင်း ဖြေရင်းနဲ့

ဂျပိုးဥဏှောက်၊ ဖြုတ်ဥဏှောက်၊ ဆင်ဥဏှောက် နဲ့ ရခိုင်ကိစ္စ



မနေ့ညနေက ဘီဘီစီ ရေဒီယို အမှတ် ၄ သတင်းဝေဖန်မှုတစ်ခု မှာ ဗြိတိန်က အင်္ဂလိပ်လူမျိုးလို့ ထင်ရတဲ့ လူ့အခွင့်အရေးခေါင်းဆောင်တယောက်ကို အင်တာဗျူးလုပ်တာကို တဝက်လောက်က စနားထောင်ရတယ်။ ဒါ့ကြောင့် သူဘယ်မှန်းမသိဘူး။ အင်္ဂလိပ်အသံစစ်စစ်ရှိတော့ အဖြူမှန်းတော့သိသာပါတယ်။ အင်တာနက်ပေါ်ကနေ ဒေါင်းလုဒ်လုပ်ပြီး သိမ်းထားကြပါ။

သူက မြန်မာအစိုးရ အာဏာပိုင်တွေက ရခိုင်လူမျိုးတွေ လူနည်းစု ရိုဟင်းဂျားတွေကို သတ်တာ မုဒိမ်းကျင့်နေတာကို ဘာမျှမလုပ်ဘဲ ရပ်ကြည့်တယ်လို့ ဒေါ်သသကြီး  ပြောတယ်။  ရိုဟင်းဂျား ၃ ယောက်က ရခိုင်မိန်းခလေးကို မုဒိမ်းကျင့်သတ်သွားပြီးနောက်မှာ ရခိုင်တွေက မွတ်စလင် ၁၀ ယောက်ကို သတ်တယ်။ ပြီး ကျန်တဲ့မွတ်စလင်တွေကိုလည်း သတ်တယ်။ မုဒိမ်းကျင့်တယ်။ အာဏာပိုင်တွေက ဘာမျှဝင်မတားဘူးတဲ့။

သူက ဆက်ပြီး  ဒီရိုဟင်းဂျားတွေက မြန်မာနိုင်ငံ

ရှင်းပေမယ့် မလင်းတဲ့ ရိုဟင်ဂျာပြသနာ . . .


--
    အကြောင်းအရာ တခုတည်းက ကျနော့်စိတ်ကို အချိန်တော်တော်များများ စိုးမိုးထားတဲ့ အဖြစ်ဟာ ဒီတစ်ကြိမ်ပထမဆုံးပါပဲ ။ ဒီအကြောင်းအရာတစ်ခုထည်းကိုပဲ အားအားရှိသ၍ ၊
နားနေရသ၍ တွေးနေမိတယ် ။အဲ့ဒီ အကြောင်းအရာကတော့  အခုတလော အငြင်းပွားနေရဆဲ ရိုဟင်ဂျာ ( ဘင်္ဂလီ ) အရေးပါပဲ ။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ကျနော်ဟာ ရခိုင်လူမျိုး
တစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်လူမျိုးများဘက်ကပိုပြီး ဖေးကူစဉ်းစားခဲ့တယ် ။

ဒီထက်ပို အမှန်အတိုင်းပြောရရင် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးတစ်မျိုးလိ
ု့ ဘယ်တုန်းကမှ လက်မခံခဲ့တဲ့အတွက် ၊ အခုလက်ရှိ လက်ခံရမယ်ဆိုရင်လည်း ဘယ်
လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး ။ ပြည်နယ်ကိုဖဲ့ပေးရမယ် ဆိုရင်လည်း ပိုတောင်လက်ခံနိုင်မှာမဟုတ်ဘူး ။ လူ့အခွင့်ရေး ဆိုတဲ့ စကားလုံးကိုအဲ့တော့မှ ကျနော်အလေးအနက်ထားစဉ်းစား
မိတော့တယ် ။ ကျနော်တို့ ကသာ လက်မခံနိုင်ဘူးဆိုရင် အဲ့ဒီ ဘင်္ဂလီ ရှစ်သိန်း ဘယ်မှာ သွားနေမှာလဲ ၊ ဂျီနိုဆိုက် ဆိုတဲ့ အရာကိုတော့ လုံးဝ လက်မခံနိုင်

လျှပ်စစ် (၁) ၀န်ကြး ဦးဇော်မင်းရဲ့ ကိုယ်ကျိုးရှာမှု ကွန်ယက်ကြီးအကြောင်း ပေးစာများ



နင်းပြားဝန်ထမ်း ပြည်သူများ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ပေးစာ (၁) – ၀န်ကြီးဌာနတခုလုံး အမျိုးနဲ့ ခရိုနီတွေချည်းပဲ
ကျနော်ဟာ လျှပ်စစ်(၁) ၀န်ကြီးဌါနက အရာထမ်းတဦး ဖြစ်ပါတယ်။ ကျနော်တို့ ဌါနက ၀န်ထမ်းရေးရာ ရာထူးတိုး အပြောင်းအရွေ့ မသမာမှုတွေ အကြောင်း ပြောချင်ပါတယ်။ ၀န်ကြီး(ဦးဇော်မင်း)၊ ညွှန်ချုပ် ဦးဆောင်ညွှန်ကြားရေးမှုးတို့ဟာ ၄င်းတို့နဲ့ နီးစပ်ရာ ဆွေမျိုး တပည့်သားမြေးတွေနဲ့ ငွေပေးနိုင်သူတွေကိုသာ ရာထူးတိုး မြှင့်ပေးလျှက်ရှိပြီး ရာထူးအလိုက် သိန်း ၂၀၀ -၃၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
တည်ဆောက်ရေး အမှတ် (၁) ကိုရွေ့ပြောင်းဖို့ အတွက် ညွှန်ကြားရေးမှုး (၂)ယောက် အပြိုင်ဈေး ပေးကြရတာ သိန်း (၈၀၀) အထိရောက် နေကြောင်း ၊ ကာယကံရှင် ပြောပြချက်အရ သိရှိရပါတယ်၊ ကျွမ်းကျင်မှု့အလိုက် လုပ်သက် အလိုက် အရည်အချင်းအလိုက် တိုးမြှင့်ပြောင်းရွေ့ပေးခြင်းမျိုး မဟုတ်တဲ့ အတွက် ဌါနတွင်းမှာ အုပ်ချုပ်မှု့ ပျက်ပြားပြီး ခြစားမှု့တွေ မသမာမှု့တွေ တိုးပွားလျှက်ရှိပါတယ်။ လူမှန်နေရာမှန် မရှိတဲ့ အတွက် ကြိုးနီစနစ်တွေ များပြီး ရစ်ခွေနေကြတာနဲ့ အလုပ်မဖြစ်သလို နည်းပညာပိုင်းမှာလဲ ဆုံးဖြတ်ချက်တွေမှားပြီး စီမံကိန်းတွေမှာ ဆုံးရှုံးမှု့တွေ ကြီးကြီးမားမားရှိနေပါတယ်။
ရဲရွာ စီမံကိန်းနဲ့ ကွန်းစီမံကိန်းတွေက သိုဝှက်ထားတဲ့ ဆုံးရှုံးပျက်စီးမှု့တွေရဲ့ အကြောင်းရင်းကလဲ ဒါတွေကြောင့်ပါပဲ ပိုပြီး ၀မ်းနည်းဖို့ ကောင်းတာက ဌါနတွင်း ၀န်ထမ်းရေးရာ ကိစ္စတွေမှာ ကုမ္ပဏီတွေက ပါဝင် စွက်ဖက်ချယ်လှယ်နေကြတာပါပဲ အထူးသဖြင့် အေးရှားဝါး (ဟိုက်တက်၊အမ်အက်စ်ပီ၊ မင်းအနော်ရထာ) စတဲ့ ကမ္ပဏီတွေ အရေးကြီးတဲ့ ရာထူးနေရာတွေ ဥပမာ လုပ်ငန်းခွင့်ပြုပေးနိုင်တဲ့ ရာထူး၊ ငွေရေးကြေးရေး ဆောင်ရွက်ပေးနိုင်တဲ့ ရာထူးနေရာ ပစ္စည်းဝယ်ယူတင်သွင်းပေးနိုင်တဲ့ ရာထူးနေရာတွေမှာ ကိုယ်ပိုင်တဲ့ အရာထမ်းတွေ တိုးမြှင့် ခန့်ထားရေး အတွက် ၀န်ကြီးကို ငွေပေးပြီး တွန်းအားပေးကြတာ အလွန်ရုပ်ပျက်လှပါတယ်။
ဝန်ကြီးကလဲ ဒီကုမ္ပဏီတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူ့မိသားစု စီး

““ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ဆုံးရှုံး””



မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ငါးမိုင်အကွာ၊ ရေတွင်းကျေးရွာအနီးရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံတွင် ယနေ့(သြဂုတ် ၁ရက်) မွန်းလွဲမှ စတင်ကာ လေးနာရီကျော်အကြာမီးလောင်ပေါက်ကွဲမှုကြောင့် တန်ဖိုး ကျပ်သန်းပေါင်း ၂၂၁၆ သန်းပျက်စီးဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါစက်ရုံမှာ စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်စက်ရုံ(H2O2) ဖြစ်ပြီး ဖြစ်စဉ်မှာ ယင်းစက်ရုံရှိ မိန်းယူနစ်အဆောက်အဦး၌ ဓာတုပစ္စည်းယိုစိမ့်မှုဖြစ်ပွားပြီး
စက်လည်ပတ်ချိန်တွင် အပူစွမ်းအားဖြင့် ဓာတ်ပြု

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

P
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မွတ်စလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ---

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

P
ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။

အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ေ

ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး-ဖြိုးဝေအောင်

P

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ  ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်။

ကိုဖြိုး ဝေ အောင်
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့  ကိုဖြိုးဝေအောင်ရဲ့ အမှုတွေ၊ ထောင်တွင်း အတွေ့အကြုံတချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၀ တုန်းက သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းထားပြီးတော့ နောက်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့အပေါ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကိုဖြိုးဝေအောင် ဘာပြောချင်ပါလဲ။
“ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကျနော်ဖြေရှင်းမှာပါ။ X2O ဗုံးပေါက်ကွဲမှုနဲ့ ဖြိုးဝေအောင် ပတ်သက်လား၊ မပတ်သက်လားဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ရှိပါတယ်။ ဒီ ၁ လ ၂ လအတွင်း၊ ကျနော့်မှာရှိတဲ့ တရားဝင် အမှုတွဲရဲ့ တရားလို သက်သေခံချ

ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော

P
ကချင်ပြည်နယ်အတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြတယ်
လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဦး စစ် မြိုင်
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်အနီးအနားက ဒုက္ခသည်စခန်း ၁၆ ခုကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြတာပါ။
စခန်းတွေရဲ့ အနေအထားဟာ  အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေး

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

P
ဘားအံမြို့ မှ ရေဘေးဒုက္ခသည်များ (ဓါတ်ပုံ-မြ၀တီသတင်း)

ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်

SKYNET ရုပ်သံလိုင်းများကိုပိုမိုကောင်းမွန်သောရုပ်သံအရည်အသွေးဖြင့် ထုတ်လွှင့်ပြသနိုင်ရန် *

ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူ
ညီအစ်ကိုမောင်နှမများခင်ဗျား - SKY NET ရုပ်သံလိုင်းမှ ယခုထုတ်လွှင့်ပြသနေသောရုပ်သံလိုင်းများကိုပိုမိုကောင်းမွန်သောရုပ်သံအရည်အသွေးဖြင့်
ထုတ်လွှင့်ပြသနိုင်ရန်နှင့်တိုးချဲ့ထုတ်လွှင့်မည့် CCTV-4, CCTV-9, KBS-World, NGC-Music, Zing, CNAI, DWTV, NHK-World, NHK-Premium, Goal-1, Goal-2, Baby TV
စသည့်ရုပ်သံလိုင်းများအပြင် HD လိုင်းများကို Apstar-7 ဂြိုလ်တုသို့တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ပါသည်။ တိုးချဲ့ထုတ်လွှင့်သောလိုင်းများကို ဖမ်းယူရရှိနိုင်ရန်လက်ရှိအသုံးပြုနေသော
 LNB ကိုလဲလှယ်ရမည်ဖြစ်ပါသည်။ SKY NET ဝယ်ယူအားပေးကြည့်ရှုနေသော မိဘပြည်သူများအနေဖြင့်လက်ရှိဖမ်းယူကြည့်ရှုနေသော Thaicom ဂြိုလ်တုများမှ
Apstar-7 ဂြိုလ်တုသို့ပြောင်းလဲဖမ်းယူကြည့်ရှုနိုင်ရန်အတွက် ဖော်ပြ ပါအတိုင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Thaicom-4 ဂြိုလ်တုအသုံးပြုသူမိဘပြည်သူများအနေဖြင့် အဆိုပြါ

သွင်းကုန်တင်ပို့ခွင့် တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေကို တစ်နှစ်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း



အမေရိကန်ကွန်ဂရက်မှ မြန်မာနိုင်ငံအပေါ် သွင်းကုန်တင်ပို့ခွင့် တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေ(တစ်နည်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့လာခြင်း) ကို
တစ်နှစ်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်ရလာပြီဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် ပြောင်းလဲမှုလမ်းစဉ်အတွက် ထပ်မံဖိအားပေးသည့်အနေဖြင့် ဥပဒေပြုလွှတ်တော်မှ ယင်းကဲ့သို့ စီးပွားရေး ပိတ်ပင်မှုဆိုင်ရာ ဥပဒေတစ်ရပ်ကို ဖြေလျော့ပေးခြင်းမရှိဘဲ ထပ်မံ သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင
်းလည်း သိရသည်။

ယင်းကဲ့သို့ သွင်းကုန်တင်ပို့ခွင့် ပိတ်ပင်တားမြစ်မှုဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် အမေရိကန်သမ္မတ အိုဘားမား၏ ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးလ်ခရော်လေက ''အခုလို ဥပဒေကြမ်းကို သက်တမ်းတိုးခြင်းဟာ သင့်လျော်တဲ့ ရလဒ်တွေကို ရယူနိုင်ဖို့ပါ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း
အရှိန်အဟုန်မြှင့်ပြီး ပံ့ပိုးကူညီသွားစေနိုင်မှာပါ။ အမေရိကန်ပြည်ေ

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ ပြန်လည်လွတ်မြောက်


ရန်ကုန်၊သြဂုတ်-၃

Inline image 3

Inline image 2

၂၀၁၀ ခုနှစ်က X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့ သြဂုတ် ၃ ရက်မွန်းလွဲ၁၂နာရီခန့်က ပုဒ်မ-၄၀၁ ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း မိသားစုက 7Day News သို့ပြောကြားသည်။

အင်းစိန်ထောင်တာဝန်ရှိသူက ကိုဖြိုးဝေအောင်၏ဇနီးကို ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်သည်ဟုသိရသည်။
ကိုဖြိုးဝေအောင်သည် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရကာ ၂၀၁၀ မေလက သေဒဏ်ချမှတ်ခံထားရသူဖြစ်သည်။
ကိုဖြိုးဝေအောင်သည် အကျဉ်းကျခံနေစဉ်အချိန်တွ

မြန်မာပြည် ရောက်ဖူးတဲ့ လူသား Barbie


valeria-lukyanova ၊ ဓာတ်ပုံ-www.tumblr.com

အခု မြင်ရတဲ့ ဘာဘီ အရုတ်ကလေးကို ချစ်စရာ ကောင်းတဲ့ ဆယ်ကျော်သက် ကောင်မလေးရဲ့ ဓာတ်ပုံတွေဟာ အင်တာ နက် စာမျက်နှာတွေမှာ ပျံ့နှံနေပြီး လူ

ဆန္ဒပြခွင့် ပိတ်ပင်သူတို့ကို လယ်သမားများက တရားစွဲရန် ပြင်ဆင်


နေလင်းအောင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၂

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ လယ်သမားများက အသိမ်းခံခဲ့ရသည့် ၎င်းတို့၏ လယ်မြေ များ ပြန်လည်ရယူလိုကြောင်း ဆန္ဒပြခွင့် တောင်း ဆိုမှုအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့က အကြိမ်ကြိမ်ငြင်းပယ်ခဲ့၍ ၎င်းတာဝန်ရှိသူများအား ဥပဒေကြောင်းအရ တရားစွဲ ဆိုရန် လယ်သမားများက ပြင်ဆင်လျက်ရှိသည်ဟု လယ်သမားများ၏ ဥပဒေရေးရာ အတိုင်ပင်ခံ ကိုဖိုးဖြူ က ပြောသည်။

“ဥပဒေနဲ့အညီ ဆန္ဒပြခွင့်တွေ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ အုပ်ချုပ်ရေး မှူးက ခွင့်မပြုဘူး။ ဒါက တာဝန်ပျက်ကွက် တာ ဖြစ်တယ်။ ဒါကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုဖို့ ဥပဒေ ကြောင်း အရ ပြင်ဆင် နေတယ်” ဟု မဇ္ဈိမကို ပြော သည်။

အစိုးရ ဝန်ထမ်းများကို တရားစွဲဆိုမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် တောင်းခံရန် လိုအပ်နေသေးသည် ဟုလည်း ကိုဖိုးဖြူ က ပြောသည်။

၁၉၉၃ ခုနှစ်က လပွတ္တာမြို့နယ် အာဏာပိုင် မဝတ

KIO လူဟု စွပ်စွဲဖမ်းဆီးခံရသည့် ကချင်ဒုက္ခသည် ပြန်လွတ်


ကျော်ခ

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ဆက်နွယ်သူဟု ဆိုကာမြစ်ကြီး နားခရိုင် ဒုစရိုက်နှိမ်နှင်းရေး(ဒန) အဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားသည့် ကချင် စစ်ပြေးဒုက္ခသည် တဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးက အပြစ် မရှိဟုဆိုကာ ပြန်လွှတ် ပေးလိုက်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာသား ဦးဘောမ်ဇုန်း ကို KIO ၏ ဝန်ထမ်း၊ မြစ်ကြီးနား မြို့ပေါ်တွင် KIO အတွက် သ တင်းယူ ရန် စေလွှတ်ထားသူ၊ လက်နက် သယ်ဆောင်ပေးနေသူဟူသော တရား လိုဘက်မှ စွဲဆိုထားခြင်းအား မှားယွင်းစွပ်စွဲသည် ဟုဆို ကာ တရားရုံးက ယမန် နေ့တွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“တရားလိုဘက်က စစ်ဆေးပြီးမှ စွဲချက်တင်သင့် မတင်သ

RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦး “၀” တပ်ဖွဲ့က ဖမ်းဆီး


ဇော်ကြီး

ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင် ပိုင်း RCSS/ SSA တပ်ဖွဲ့ဝင် (၇) ဦးအား ၀ပြည် သွေး စည်းညီညွတ်ရေး တပ်မ တော် UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြော သည်။

ထိုင်းမြန်မာ နယ်စပ်တလျောက်သို့ ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များ၏ စိုက်ပျိုးရေး လုပ်ငန်းအတွင်း ကူညီ ဆောင်ရွက်ပေးနေ သော SSA တပ်မဟာ (၇ ၂၇) မှ တပ်ဖွဲ့ဝင်များ ယခုလ (၃၀) ရက်နေ့ က ဖမ်းဆီးခံခဲ့ရသည်ဟု နားကောင်း မှူး ဒေသခံ တဦးက အခုလို ပြောသည်။

“နေ့တိုင်းလိုပါပဲ ညနေပိုင်း အလုပ်သိမ်းချိန်ဆိုရင် သူတို့ ရွာထဲကိုဝင်လာလည်နေ ကျပဲလေ။ အဲဒီနေ့ကတော့ “၀” တပ်တွေက သူတို့ (၇) ယောက်ကို

အရစ်ကျငွေချေစနစ်ဖြင့် ထိုင်းနှင့် မလေးရှားသို့ သွားရောက်သူ များပြား


မြန်မာနိုင်ငံမှ လုပ်သား အများစုသည် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ အရစ်ကျ ငွေချေ စနစ်ဖြင့် သွား ရောက်မှုများ ပိုမိုများပြားလာလျက်ရှိသည်ဟု ပြည်တွင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီထံမှ စုံစမ်းသိရသည်။
“ထိုင်းနိုင်ငံကို သွားမယ်ဆိုရင် ပထမဆုံး နှစ်သိန်းပေးရတယ်။ ဟိုရောက်လို့အလုပ်ရပြီဆိုရင် လစာ ထဲကနေ တစ်လကို ဘတ်ငွေ တစ်သောင်းစီနဲ့ ၁၀ လဖြတ်တယ်၊ မလေးဆိုရင်တော့ သုံးသိန်းအရင် ပေးရတယ်၊ ဟိုရောက်ရင် လစာထဲက မလေးငွေ ၂၄၀ဝ စီကို ၄လ သို့မဟုတ် ၆ လဖြတ်တယ်”ဟု ကျောက်တံတားမြို့နယ်အခြေစိုက် စည်းစိမ်သစ် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ
တာဝန်ရှိသူတစ်ဦး ကဆိုသည်။ အချို့အလုပ်အကိုင်ရှာဖွေရေးေ

အစိုးရစစ်တပ်၏ ဝင်ရောက်ပစ်ခတ်မှု ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်ဟု RCSS/SSA ပြောဆို


ဖိုးခွါးလေး (ကရင်သတင်းဌာန)

သျှမ်းပြည် ပြန်လည်တည်ဆောက်ရေးကောင်စီခေါ်သျှမ်းပြည်တပ်မတော်-တောင် ပိုင်း RCSS/SSA စခန်းနှစ်ခုကို မြန်မာအစိုးရ စစ်တပ် ကထပ်မံဝင်ရောက်တိုက် ခိုက်မှုမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အဟန့်အတားဖြစ်စေသည်ဟု SSA မှ ဗိုလ်မှူး စိုင်း လောဝ်ဆိုင်းက ပြောသည်။

“အစိုးရ တပ်မတော်က အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေး နည်းလမ်းနဲ့ ဖိအားပေးပြီးတော့ လိုအပ်ရင် လိုအပ်သလို ဝင် တိုက်သွားသလိုမျိုး လုပ်နေတဲ့ကိစ္စမှာဆိုတော့ ကျနော်တို့ ယုံကြည်မှု တည် ဆောက်တဲ့နေရာမှာ

မြေနီကုန်း မီးပွိုင့်အနီး ယာဉ် ငါးစီးဆင့် တိုက်မှုဖြစ်



ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

ပြည်လမ်းမပေါ်တွင် မောင်းနှင်နေခဲ့သော အမှတ် ၄၈ ဘတ်စ်ကားလိုင်းမှ မီနီဘတ်စ် တစီးက ဘရိတ်ပေါက်ပြီး နံဘေး ယာဉ်ကြောရှိ အငှားယာဉ်စီတစီးကို ဝင်တိုက်သည်။ ထိုမှတဆင့် အငှားယာဉ်က ရှေ့မှကားကို တိုက်ကာ ဆင့်ကဲ တိုက်မှု ဖြစ်သွားရသည်။
ဘတ်စ်ကားကြောင့် အငှားယာဉ်နှစ်စီး နှင့် အိမ်စီးကား ဆလွန်း နှစ်စီး ပါဝင်သော တိုက်မှုတွင် ယာဉ်များပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရမှု အန