This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 16, 2012

iphone/ipad ပျောက်ရင်၊အခိုးခံရရင် ... (ပြန်လည်မျှဝေခြင်း)


iphone/ipad/ipod ပျောက်ရင်၊အခိုးခံရရင် စိတ်မပှုပါနဲ့  ကျွန်တော်တို့ ကြည့်နေကျ  James Bond (007) movie ထဲ ကလိုမျိုး ရန်သူဘယ်ရောက်နေပြီးလဲဆိုတာကို James Bond (007) က ပစ္စည်းလေးတခု ထည့်ပေး လိုက်တာနဲ့  မြေပုံမှာ ပြသလိုဘဲ။ အခုကျွန်တော်တို့ရဲ့ Iphone/ipad, Ipod မှာ ရပါပြီး မနေ့ကဘဲ သူငယ်ချင်းတစ်ယောက်က သူရဲ့ Iphone 4s ကို shopping centre မှာ ပျောက်သွားတာ နဲ့ ကျွန်တော်ကို ဖုန်းဆက်တယ် ဒါနဲ့ဘဲ ကျွန်တော်လဲ သူ့ရဲ့  Iphone မှာ သုံးတဲ့  Apple ID and password ကို အသုံးပြုပြီး
ဒီ https://www.icloud.com/#find မှာ ၀င်ပါပြီးတော့ Find My iphone ဆိုတာကိုနှိပ်ပါ။
ဒီအခါမှာ ကိုယ့်ရဲ့ ပျောက်သွားတဲ့  Iphone က ဘယ်မှာရောက်နေလဲ ဆိုတာကို မြေပုံပေါ်မှာ ဖော်ပြပေး
မှာ ဖြစ်ပါတယ်။ ဆိုတော့ သူခိုးသွားတဲ့ လူဆီကို ကိုယ်က အိမ်တာရာရောက် လိုက်တောင်းလို့ ရတာပေါ့။ ပြီးတော့ အောက် ကပုံထဲမှာ မြင်တဲ့အတိုင်းဘဲ ကိုယ့်က သူ့ဆီကိုလဲ စာပို့လို့ရတယ်။
ဥပမာ -အကယ်၍ ကိုယ်က သူငယ်ချင်း အိမ်မှာ ကျန်ခဲ့တယ်ဆိုရင် သူဆီကို ဒီ online ကနေဘဲ  
Message ပို့လို့ရပါတယ် ဒီအပြင် Lock လဲလှမ်းလုပ် လို့ရပါတယ် ပြီးနောက် နောက်ဆုံး ပြန်မရတော့
အဆိုးဆုံးတော့ ကိုယ့်ရဲ့ I-devices အထဲထဲက Data တွေက တအားကိုအရေးကြီးပြီး
သူများမသိစေချင်ဘူးဆိုရင်လဲ Remote wipe ကိုနှိပ်ပြီး ကိုယ့်ရဲ့ Idevices ထဲက data နဲ့ information
တွေ ကိုလှမ်းဖျတ် လို့ရပါတယ်။


Note:I-Devices (ios=<5.0)
Settings-Location Services ကို On ထားပေးရပါမယ်။
Apps လဲရှိပါတယ် Apple store မှာ Free ပါ (Find My Iphone)
  
SBSangpi(စံပီး)
ကိုစံပီး  blog မှ ကူးမူရင်းအတိုင်း ကူးယူဖော်ပြထားပါသည်။ ကိုစံပီး blog သို့ သွားရောက်လိုလျှင် ဒီမှာ ပါ...

စင်္ကာပူ ပညာရေး အတွေ့အကြုံ (အပိုင်း ၂)



နိုင်ငံခြားမှာ ကျောင်းတက်တဲ့အခါ အသက်ငယ်လေ၊ အဲဒီနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ မြန်မြန်ဆန်ဆန် နေသားတကျ ပိုဖြစ်လေ ဖြစ်သည်။ သို့သော် အသက်ငယ်လေ အဲဒီနိုင်ငံရဲ့ စရိုက်၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင်တို့ လွှမ်းမိုးတာကို ပိုခံရတတ်လေလည်း ဖြစ်သည်။ အဲဒီအခါ ကိုယ့်မွေးနိုင်ငံရဲ့ ထုံးတမ်းစဉ်လာ၊ ဘာသာစကား စတာတို့ကို မမေ့ မပျောက်အောင်၊ မိဘတွေက ကိုယ့်သားသမီးကို ဘယ်လိုထိန်းသိမ်း လမ်းညွှန်မလဲဆိုတာ အရေးကြီးသည်။

စင်္ကာပူမှာ မြန်မာအသိုင်းအ၀န်း အတန်အသင့်ရှိတာကြောင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာတရား၊ အသိုင်းအ၀ိုင်းတို့နှင့် ကျမ အဆက်မပြတ်ခဲ့။ ဒါ့အပြင် ကျမက စာဖတ်ဝါသနာပါတော့ မြန်မာစာအုပ်များကို အမြဲဖတ်ရင်း၊ အိမ်မှာ မြန်မာလိုပြောရင်း မြန်မာဘာသာစကားကို အမြဲထိတွေ့နေခဲ့သည်။ ဒါ့အပြင် ကျမအမေက ကျမကို သူ့ထက်စာရေးကောင်းတယ်လို့ မြှောက်ပေးပြီး ဆွေမျိုးတွေဆီ အမြဲဒိုင်ခံ စာရေးခိုင်းခဲ့သည်။ ကျမအမေကျေးဇူးကြောင့် မြန်မာစာအရေးအပိုင်းမှာလည်း အဆက်မပြတ်ခဲ့ချေ။
စင်္ကာပူနိုင်ငံတွင် တရုတ်၊ မလေး၊ အိန္ဒိယ စသော အဓိက လူမျိုးစု သုံးစု ရှိသည်။ ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကား အပြင် ထိုလူမျိုးစုသုံးစု၏ မိခင်ဘာသာစကား (mother tongue) များထဲမှ တခုခုကို ဒုတိယဘာသာစကား (second language) အဖြစ် ကျောင်းသားတိုင်း သင်ကြားရသည်။ နိုင်ငံခြားသား ကျောင်းသားများအတွက် အဲဒီ ဘာသာစကား ၃ ခုထဲမှ တခုခုကို သင်ယူတာမှာ မလိုက်နိုင်ခဲ့ရင်၊ တတိယဘာသာစကား (third language) အဖြစ် သင်ကြားပေးသော ဂျာမန်၊ ဂျပန်၊ ပြင်သစ် ဘာသာစကားများထဲမှ တခုခုကို ရွေးချယ်လေ့လာနိုင်သည်။ ထို ဘာသာစကားများကို ကကြီး ခခွေး လို အက္ခရာမှစပြီး သင်ပေးသည်။

စင်္ကာပူနိုင်ငံသည် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊ ဘာသာတရားစုံလင်သော နိုင်ငံဖြစ်သောကြောင့် အမြဲ စည်းလုံးညီညွှတ်ဖို့ကို ကျောင်းတွေမှာ Civic & Moral Education လို ဘာသာရပ်ကနေတဆင့် ဦးစားပေးသင်ကြားသည်။ အဓိကပွဲတော်တိုင်းကိုလည်း ကျောင်းမှာ ကျင်းပပြီး လူမျိုးတဦးနှင့်တဦး ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေ့လာဖလှယ် ရင်းနှီးစေသည်။

စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်မှာ အဓိက အဆင့်လေးဆင့် ရှိသည်။

ပထမအဆင့်မှာ မူလတန်းအတွက် ၆ နှစ်တက်ရသည်။ မူလတန်းကျောင်း (Primary School) မှာ ၆ နှစ်တက်ပြီး Primary 6 ကိုရောက်သောအခါ Primary School Leaving Examination (PSLE) ဟုခေါ်သော အစိုးရစစ် စာမေးပွဲကို ဖြေရသည်။

ဒုတိယအဆင့်ကတော့ အလယ်တန်းကျောင်း (Secondary School) ဖြစ်သည်။ အဲဒီအဆင့်မှာ Special, Express, Normal (Academic), Normal (Technical) ဆိုပြီး PSLE မှာရခဲ့သော အမှတ်ပေါ်မူတည်ပြီး ပြန်ခွဲထုတ်သည်။ Special နှင့် Express လိုင်းတွေမှ ကျောင်းသားများက Secondary School ကို ၄ နှစ် တက်ပြီး အင်္ဂလန်နိုင်ငံမှ စစ်သော GCE ‘O’ Level Exam ကို ဖြေရသည်။ Normal (Academic) နှင့် Normal (Technical) လိုင်းမှ ကျောင်းသားများကတော့ ၅ နှစ်ပြီးမှ GCE ‘O’ Level Exam ကို ဖြေခွင့်ရှိသည်။

တတိယအဆင့်မှာတော့ GCE ‘O’ Level စာမေးပွဲမှ ရသော အမှတ်အားလုံးပေါင်းပေါ်မူတည်ပြီး ဆက်လုပ်နိုင်သော လမ်းသုံးလမ်းရှိသည်။ ပထမလမ်းမှာ ပေါ်လီတက္ကနစ် (Polytechnic) မှာ ၃ နှစ်တက်ပြီး ဒစ်ပလိုမာ (Diploma) ယူနိုင်သည်။ ဒုတိယလမ်းကတော့ Junior College မှာ ၂ နှစ်တက်ပြီး GCE ‘A’ Level စာမေးပွဲကို ဖြေဆိုနိုင်သည်။

တတိယလမ်းကတော့ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အဓိကထား သင်ကြားပေးသော Institute of Technical Education (ITE) ကို တက်နိုင်သည်။ ITE တက်သူများက GCE “O” Level မှာ အမှတ်အနည်းဆုံးရသူများ ဖြစ်ကြသည်။ ITE မှ Higher National ITE Certificate နှင့်ရပြီးတဲ့အခါ ပေါ်လီတက္ကနစ်သို့ ဆက်တက်ရန် အခွင့်အလမ်းလည်း ရှိသည်။

နောက်ဆုံးအဆင့်အနေနဲ့ကတော့ ပေါ်လီတက္ကနစ်မှပေးသော ဒစ်ပလိုမာနှင့် ကောလိပ်မှပေးသော GCE “A” Level certificate တို့ကို သုံးပြီး စင်္ကာပူနိုင်ငံမှတက္ကသိုလ်များ၊ တခြားနိုင်ငံမှ တက္ကသိုလ်များမှာ ဆက်တက်နိုင်သည်။

စင်္ကာပူမှ ပေါ်လီတက္ကနစ် (Polytechnic) များက မြန်မာလူငယ်များအတွက်သာမက စင်္ကာပူလူငယ်များ ကြားမှာလည်း ယခုအခါ ရေပန်းစားလာသည်။ GCE ‘O’ Level ပြီးသော စင်္ကာပူလူငယ်အများစုက၊ ကောလိပ်ဆက်မတက်ဘဲ ပေါ်လီတက္ကနစ်များကို ဦးစားပေးလျှောက်လာကြသည်။ ပေါ်လီတက္ကနစ်တွေမှာ နှစ်စဉ်နှစ်တိုင်း ကျောင်းသားဦးရေမြင့်လာသလို၊ အမှတ်ကောင်းသူတွေ လျှောက်ကြတဲ့အတွက် ရေပန်းစားတဲ့ ကော့စ် (course) တွေ၏ ၀င်ခွင့်အမှတ်လည်း မြင့်တက်သွားသည်။

ပေါ်လီတက္ကနစ်ပညာရေးကို စင်္ကာပူမှကျောင်းသားများ ပိုရွေးချယ်ကြတာ အောက်ဖော်ပြပါ အချက် ငါးချက်ကြောင့် ဖြစ်နိုင်သည်။ အဓိကအချက်ကတော့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ စသော အထွေထွေဘာသာရပ်တွေကို သင်ကြားစရာမလိုဘဲ ၊ ကိုယ်စိတ်ဝင်စားရာ အလုပ်အကိုင်နှင့် ပတ်သက်သည့် ဘာသာရပ်များကိုပဲ အသေးစိတ် သင်ပြပေးသောကြောင့် ဖြစ်သည်။ ဥပမာ .. အိုင်တီလိုင်းကို စိတ်ဝင်စားသူအနေနှင့် အိုင်တီလိုင်းနှင့်ဆိုင်သည့် ဘာသာရပ်များကိုပဲ သင်ယူရသည်။

စင်္ကာပူက လူငယ်တွေဟာ သူတို့ဘယ်လိုင်းကို စိတ်ဝင်စားတယ်၊ ဘ၀မှာ ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ့်ဘာသာ ပိုဆန်းစစ်လာနိုင်ကြသည်။ သူတို့စိတ်ထဲမှာ သူတို့စိတ်ဝင်စားသော ဘာသာရပ်တွေအတွက်ပဲ သင်ကြားလိုကြသည်။ အထွေထွေဘာသာရပ်များကို သင်ကြားရတာ သူတို့လုပ်မယ့် အလုပ်အတွက် အကျိုးမရှိသောကြောင့် အချိန်ကုန်တာပဲဟု မြင်လာကြသည်။

ဒုတိယ အချက်ကတော့ ကောလိပ်ကျောင်းပြီးလျှင် ရသော GCE ‘A’ Level လက်မှတ်နှင့် စာရေးအဆင့်လောက်သာ လုပ်လို့ရသည်။ အိုင်တီ၊ အင်ဂျင်နီယာ၊ သူနာပြု စသည့် အတတ်ပညာနှင့်ဆိုင်သော အလုပ်အကိုင်များကို လုပ်လို့မရ။ ပေါ်လီတက္ကနစ်မှ အင်ဂျင်နီယာပိုင်း ဒစ်ပလိုမာရထားလျှင် လက်ထောက်အင်ဂျင်နီယာအဖြစ် အလုပ်ဝင်လို့ရသည်။ လစာပိုကောင်းသည်။ ကိုယ်ရထားသော ဒစ်ပလိုမာကိုသုံးပြီး၊ နောက်တဆင့်အနေနှင့် စင်္ကာပူ၊ အင်္ဂလန်၊ သြစတေးရီးယား တို့လို နိုင်ငံများမှာ တက္ကသိုလ်ဆက်တက်ပြီး ဘွဲ့ယူနိုင်သည်။

တတိယအချက်ကတော့ ပေါ်လီတက္ကနစ်တွေမှာ သင်ပြသောကော့စ်များက ခေတ်နဲ့အညီ အလုပ်အကိုင်ရဖို့အတွက် အသုံးဝင်သည်။ ဥပမာ စင်္ကာပူနိုင်ငံတွင် လေယာဉ်ပျံများကို ပြုပြင် ပြင်ဆင်ထိန်းသိမ်းနိုင်မည့် လူတွေလိုလာလျှင်၊ ပေါ်လီတက္ကနစ်တွေမှာ အရင်က သင်နေသော အီလက်ထရောနစ် အင်ဂျင်နီယာပညာသာမက၊ လေယာဉ်များကို ပြုပြင် ထိန်းသိမ်းတာနှင့် ပတ်သက်သည့် နည်းပညာများကို သင်ကြားပေးသည့် ဒစ်ပလိုမာများကို အသစ်တိုးချဲ့ ထည့်သွင်းသည်။

ကုန်ထုတ်လုပ် စက်ရုံတွေ စင်္ကာပူမှာ အရှုံးများလာပြီး လုပ်သားဦးရေ လျှော့ချလာလျှင်၊ ပေါ်လီတက္ကနစ်တွေမှာ ကုန်ထုတ်လုပ်ပိုင်းနှင့်ဆိုင်သော ကော့စ်များကို ဆက်ထားသင့် မထားသင့် စဉ်းစားကြသည်။ ထိုသို့ ပေါ်လီတက္ကနစ်များက စင်္ကာပူ၏ လုပ်ငန်းပိုင်ဆိုင်ရာမှာ ဖြစ်နေတာတွေကို အမြဲလေ့လာစောင့်ကြည့်နေပြီး၊ ပညာရေးဋ္ဌာနမှ ခွင့်ပြုချက်ယူပြီး ပြောင်းသင့်တာများကို အစဉ် ပြောင်းလဲလေ့ရှိသည်။ ထို့ကြောင့် ပေါ်လီတက္ကနစ်မှာ ကော့စ်များက ခေတ်နောက်ကျသွားတာမျိုး မရှိချေ။

စတုတ္ထအချက်ကတော့ အလုပ်သင်အနေနှင့် ကိုယ်တက်နေတဲ့လိုင်းနှင့် သက်ဆိုင်သော ကုမ္ပဏီတွေမှာ သုံးလလောက် သွားလုပ်ခွင့် ရကြလို့ဖြစ်သည်။ အဲလို အလုပ်သင်ဆင်းတာက ပေါ်လီကျောင်းသားအများစုအတွက် အကျိုးရှိသည်။ ပေါ်လီပြီးလို့ အလုပ်လျှောက်သောအခါ အထောက်အကူဖြစ်သည်။ အလုပ်သဘောကို နားလည်သွားသည်။

နောက်ဆုံးအချက်ကတော့ ပေါ်လီတက္ကနစ်မှာ ကျောင်းသားတွေကို လူကြီးတယောက်လို ပိုဆက်ဆံတယ်လို့ သူတို့ ခံစားရလို့ ဖြစ်သည်။ ကောလိပ်ကျောင်းသားတွေလို ကျောင်းဝတ်စုံလည်း သူတို့မ၀တ်ရ။ စာသင်ကြားရာမှာလည်း လက်တွေ့ပိုကျသော၊ ပိုလွတ်လပ်သော ပတ်ဝန်းကျင်မျိုးမှာ သင်ကြားရသည်။ ခုခေတ် လူငယ်တွေသဘာဝ ကိုယ့်ဘာသာ ဆုံးဖြတ်ပိုင်ခွင့် ပိုရှိတာမျိုးကို သူတို့က လိုလားကြသည်။

ဒါပေမယ့် ခုအခါ ပေါ်လီတက္ကနစ်တွေမှာသာမက အလယ်တန်းကျောင်းနှင့် ကောလိပ်တွေမှာလည်း တချို့ကိစ္စတွေ ဆုံးဖြတ်ရာမှာ ကျောင်းသားတွေကိုပါ ထည့်သွင်းလာကြသည်။ ဥပမာ - စင်္ကာပူနိုင်ငံမှာ ကျောင်းဝတ်စုံ အရောင်က တကျောင်းနှင့် တကျောင်း မတူညီပေ။ ကျောင်းတိုင်းက ကိုယ့်ကျောင်းဝတ်စုံအရောင်ကို ဆုံးဖြတ်နိုင်သည်။

ကျောင်းဝတ်စုံအရောင်ကို ဆုံးဖြတ်ရာမှာ ကျောင်းတွေက ကျောင်းသားများကို အကြံပေးစေသလို၊ မဲပေး ရွေးချယ်စေတာမျိုးတွေလည်း လုပ်လာကြသည်။ ကျောင်းသားများကို ကိုယ့်ကျောင်းမှ ကျောင်းဝတ်စုံကို ဂုဏ်ယူစွာ ၀တ်ဆင်စေချင်တာအပြင်၊ ကျောင်းက သူတို့အမြင်၊ ဆုံးဖြတ်ချက်များကို တန်ဖိုးထားပါလားဟု ပြသတာမျိုးလည်း ဖြစ်သည်။

စင်္ကာပူနိုင်ငံ၏ ပညာရေးစနစ်ကြောင့် တနိုင်ငံလုံးမှာရှိသော ကျောင်းများဟာ နာမည်ကြီးကြီး မကြီးကြီး အဆင့်အတန်းတခုဆီတော့ ရှိကြသည်။ နာမည်ကြီးကျောင်းတွေမှာတော့ သင်ပြသောဆရာများနှင့် သင်ပြပုံနည်းစနစ်တွေက ပိုကောင်းတတ်ကြသည်။ ဒါ့အပြင် ကြီးပြင်းရသော ပတ်ဝန်းကျင်မှာ အများအားဖြင့် လူတော်တွေနှင့် ပြည့်နေသည်လို့ စင်္ကာပူနိုင်ငံသား မိဘများက ခံယူကြသည်။

စင်္ကာပူ ပညာရေးကို မြန်မာနိုင်ငံမှ လူငယ်များ၊ မိဘများလည်း စိတ်ဝင်စားကြသည်။ အရှေ့တောင်အာရှမှာသာမက ကမ္ဘာပေါ်မှာလည်း စင်္ကာပူပညာရေးက နာမည်တခု ရထားသည်။

စင်္ကာပူနိုင်ငံတွင် အလယ်တန်းအဆင့်မှ ကျောင်းစတက်ခဲ့သလို၊ နောက်ပိုင်းမှာလည်း ပေါ်လီတက္ကနစ်တွင် ဆရာမလုပ်ခဲ့သောကြောင့် စင်္ကာပူပညာရေးကို ကျောင်းသားတယောက်အနေနှင့်ရော၊ ဆရာမတယောက်အနေနှင့်ရော ကျမသုံးသပ်မိသည်။ စင်္ကာပူမှာ အလယ်တန်းက စကျောင်းတက်ခဲ့သောကြောင့် ကနေဒါ နှင့် အင်္ဂလန်နိုင်ငံတို့တွင် ကျမ ဆက်လက်ပညာသင်သောအခါ အဘက်ဘက်မှာ ပြဿနာမရှိအောင် အခြေခံကောင်းခဲ့သည်ဟု ကျမယုံကြည်မိသည်။

ကမ္ဘာပေါ်မှာအသုံးပြုသော အင်္ဂလိပ်ဘာသာစကားကို စင်္ကာပူပညာရေးတွင် အဓိကထား သုံးသည်။ ဘာသာရပ်တိုင်းက အင်္ဂလိပ်လို၊ သင်တာကလည်း အင်္ဂလိပ်လို။ တချိန်တည်းမှာလဲ ကိုယ့်မိခင်ဘာသာစကားကို မမေ့မပျောက်အောင် ဒုတိယဘာသာစကားအနေနှင့် သင်ပေးသည်။ ဆရာကောင်းတွေကို ပြုစုပျိုးထောင်သည်။ အစိုးရကလည်း ပညာရေးကို အဓိကထား ဆောင်ရွက်သည်။

ဒါကြောင့် စင်္ကာပူပညာရေးဟာ ကမ္ဘာပေါ်မှာ အဆင့်အတန်းရှိသော ပညာရေးလို့ သတ်မှတ်ခံရပြီး၊ အနောက်နိုင်ငံတွေမှာ စာဆက်သင်တဲ့အခါလည်း ဘာသာစကားအရ အခက်အခဲမရှိတော့ချေ။

အချိန်နှင့်အမျှ ကမ္ဘာပေါ်တွင် ပြောင်းလဲမှုတွေ ရှိနေသလို၊ စင်္ကာပူပညာရေးမှာလည်း ပြောင်းလဲမှုတွေ ရှိနေသည်။ တချို့ပြောင်းလဲမှုများက အောင်မြင်ခဲ့သလို၊ တချို့ကတော့ အချိန်ယူပြီးမှ ရလဒ်ကို သိရသည်။ တချို့ပြောင်းလဲမှုများကတော့ ထင်သလောက် မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် ပြောင်းလဲမှုများ လုပ်ရတာလည်း ရှိသည်။ မည်သို့ဆိုစေ ပြောင်းလဲမှုရှိနေသော၊ ရပ်တန့်မနေသော စင်္ကာပူပညာရေးစနစ်က ခေတ်နှင့်အညီ လိုက်နေသော ပညာရေးစနစ် ဖြစ်ပေသည်။

ခင်နှင်းစိုး
၇ ဇွန် ၂၀၁၂
(၁၄ ရက်၊ ဇွန်လ၊ ၂၀၁၂ ထုတ် Venus News Journal တွင်ဖော်ပြပြီးဖြစ်သည်)

http://www.maukkha.org/

Victoria’s Secret မော်ဒယ်လေးများရဲ့အလှတရားအတွက် အလေ့အကျင့်များ

 
စူပါမော်ဒယ်လေးတွေရဲ့ အလှအပနဲ့ပတ်သက်တဲ့ အမူအကျင့်တွေကို လူတိုင်းသိချင်နေကြတယ်နော်။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းလှတာကိုး။ ခု စင်မြင့်တွေပေါ်မှာနတ်သမီးလေးတွေလို အမြဲလှနေတဲ့ Victoria’s Secret မော်ဒယ်လေးတွေရဲ့အမူအကျင့်လေးတွေကို ရင်နှင်းလေ့လာထားတယ်။ သူငယ်ချင်းတို့ကို ပြောပြမယ်နော်။





Alessandra Ambrosio
သူမရဲ့မလုပ်မဖြစ် အလေ့အထအကျင့်တစ်ခုက ညအိပ်ယာဝင်ခါဝင်ခါနီးတိုင်း မိတ်ကပ်တွေကို စင်ကြယ်အောင်ဖျက်တာပါပဲ။ အသားအရေကို ထိခိုက်မှာစိုးလို့ သူမ ဘယ်လောက်ပင်ပန်းနေပါစေ မိတ်ကပ်တွေကိုတော့ ရအောင်ဖျက်တာပါပဲတဲ့။ ပြီးတော့ သူမက အုန်းရေကို အမြဲသောက်ပါတယ်။ အုန်းရေမှာ သတ္တုဓာတ်တွေ အများကြီးပါပါတယ်။ ပြီးတော့ ရေဓာတ်ကို ကောင်းကောင်းဖြည့်ပေးပါတယ်။


Lily Aldridge
တရက်ကို အနဲဆုံး၇နာရီတော့ အိပ်ဖြစ်အောင် အိပ်တတ်တဲ့သူပါ။ ပြီးတော့ သူမက ရေမွှေးရဲ့အရေးပါပုံကိုပါ ပြောပြပါသေးတယ်။ ရေမွှေးနံ့ကောင်းကောင်းလေး ဆွတ်ထားရင် တစ်နေ့လုံးစိတ်ရွှင်လန်းနေမှာပါ။ အဲ့ဒီတော့ မျက်နှာလေးလည်း ကြည်ပြီး လန်းနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုတိုးလာပါတယ်။ သူမအတွက်တော့ ရေမွှေးကောင်းလေးဟာ မရှိမဖြစ်ပါပဲတဲ့။


Andriana Lima
သူမရဲ့အလှအပ လျှို့ဝှက်ချက်က ဘယ်ရီသီးတွေပါတဲ့။ ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်လို့ နုပျိုစေတယ်။ အဆီတွေကို ချေဖျက်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျအောင်၊ ကျန်းမာအောင်၊ ဖျတ်လတ်တက်ကြွနေအောင် အားကစားကို တပတ်ကို ၅ ရက်လောက်တော့ ဖြစ်အောင်လုပ်ပါတယ်တဲ့။


Rosie Huntington-Whiteley
သူမက အသားအရေကို သေချာထိန်းသိမ်းပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် မျက်နှာပေါင်းတင်ပါတယ်။ မျက်နှာပေါင်းတင်ခြင်းရဲ့အစွမ်းက အံ့မခန်းပါပဲ။ မျက်နှာကို ဂရုစိုက်ပေါင်းတင်နေတဲ့သူနဲ့ ပေါင်းမတင်တဲ့သူတွေက ကွာကိုကွာတာပါလို့ သူမက ပြောပါတယ်။


Doutzen Krose
မျက်နှာနဲ့ လိုက်ဖက်တဲ့ဆံပင်ပုံစံဖြစ်နေအောင် အမြဲဂရုစိုက်ပါတယ်။ ဆံပင်ပုံစံက မျက်နှာပုံစံကို ပြောင်းလဲစေလို့ပါတဲ့။ အိုင်းလိုင်နာခြယ်ပြီး မျက်တောင်ကော့ရတာလည်း သူ့အလှအတွက် မလုပ်မဖြစ်ပါပဲတဲ့။


သူတို့ပြောသွားတဲ့အထဲမှာ မှတ်သားစရာတွေ အများကြီးပါပါတယ်။ အတုယူပြီး အသုံးချကြည့်နော်။
by myanmarskylink.com မှာဝေမျှပေးသည်...

အထိုင်များသော အလုပ်ကြောင့် စောစောစီးစီး သေဆုံးစေနိုင်


တစ်ခါ ထိုင်ရင် သုံး-လေး နာရီကျော် ကြာတဲ့ သူတွေကို လေ့လာခဲ့ရာ စောစော စီးစီး
သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့် ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာ ခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေမှာတော့ အချိန်မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့် မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ဩစတြေးလျလေ့လာမှုအရ တစ် နေ့ ၁၁နာရီကျော်ထိုင်တဲ့သူတွေက
အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ရာ ခိုင်နှုန်းပိုမိုမြင့်မားကြောင်း တွေ့ရှိရပါ တယ်။
လေ့လာမှုနှစ်ရပ်အရ လူတွေက အ ထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အ ခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရပါတယ်။
အထိုင်များသူတို့အတွက် ဖြေရှင်းနည်း
အထိုင်များတဲ့ အလုပ်လုပ်ရသူတွေအ နေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ် တပ်ရပ်ပေးဖို့လိုပါတယ်။
ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင် ဖုန်း ကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြော ရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြော မယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။
နာရီများစွာ ကြာကြာထိုင်ပြီး အလုပ် လုပ်မယ့်အစား မကြာခဏ ရေသောက် လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်) လုပ်ပေးပါ။
ZKO(Ref; yahoo.com)

နိုင်ငံခြားမှာပညာသင်မည်ဆိုလျှ င် ဤအချက်(၁၀)ချက်ကို သိစေချင်ပါသည် ...


 lubo601@gmail.com



LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။ကျနော်တို့၏ အတွေ့အကြုံများနှင့်
အင်တာနက်ပေါ်မှ အချက်အလက်များ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်းသား
ကျောင်းသူများဗဟုသုတရရန်ကိုမျှော်ကိုး၍ဘာသာပြန်ရေးသားလိုက်ရပါသည်။ ကျွန်တော်တို့ရဲ
ဘာသာပြန်ချက်ထဲတွင် အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
နိုင်ငံခြားမှာပညာသင်မည်ဆိုလျှင်အဤအချက်(၁၀)ကို သိစေချင်ပါသည် ။
နိုင်ငံခြားသို့ပညာသင်သွားလိုသော ကျောင်းသားများသည် နိုင်ငံတကာ တက္ကသိုလ်ကျောင်းများတွင် တက္ကသိုလ်ပညာရေးကိုမိမိတို့အလိုကျရွေးချယ်ခွင့်ရရန်စဉ်းစားနေကြပြီးဖြစ်သည်။ကျောင်းသားများအနေ ဖြင့်မည်သည့်နေရာသို့သွားရောက်ရန်လျှောက်ထားရမည်ကိုဆုံးဖြတ်ရာတွင်အကူအညီရစေရန်အချက် (၁၀) ချက်ကို အောက်ပါအတိုင်းဖော်ပြလိုက်ပါသည်။

(၁)ကွန်ရက်များ
တက္ကသိုလ်တွင်သင်နှင့်အတူနေခဲ့သောသူငယ်ချင်းများနှင့်ထားရှိခဲ့သောခင်မင်ရင်းနှီးမှုသည်သင့်ဘ၀တစ် လျောက်လုံးတွင်တည်တံ့နေပါလိမ့်မည်။သင့်အနေဖြင့်မည်သို့သောကွန်ရက်မျိုးကိုရှာဖွေနေပါသလဲ။နိုင်ငံတကာတက္ကသိုလ်များအနေဖြင့်နိုင်ငံပေါင်းစုံမှကျောင်းသားများကိုလက်ခံသင်ကြားပေးရာမိမိအနေဖြင့်ကမ္ဘာ့ နေရာအနှံ့အပြားမှသူငယ်ချင်းများနှင့်မိတ်ဖွဲ့ခွင့်ရသောသဘောပင်ဖြစ်သည်။ ကျွန်တော်၏ကျောင်းသား ဟောင်း တကောက်အကြောင်းကိုဥပမာပေးလိုပါသည်။သူ့ကိုအမှတ်မထင်ပြန်တွေ့ခွှင့်ရသာအခါ သူဘာတွေလုပ်နေသလဲဟုမေးမိသည်။ အလုပ်အားလပ်ရက်များတွင် တက္ကသိုလ်တုန်းက သူငယ်ချင်းများ ထံသို့အလည်အပတ်သွားရင်းဖြင့် အားလပ်ချိန်များကုန်လွန်သွားသည်ဟု သူကကျွန်တော့်ကို ဖြေကြားခဲ့ သည်။ဆိုလိုသည်မှာသူသည်ဂရိ၊ယူကေ၊ပြင်သစ်၊ဆွစ်ဇာလန်နှင့်မော်ရိုကိုနိုင်ငံများသို့သွားရောက်ခဲ့သည့်အပြင်သူ့ဇာတိအီတလီနိုင်ငံသို့လည်းသူငယ် ချင်းများကိုအလည်တစ်ခေါက်ခေါ်သွားခဲ့သောအဓိပ္ပာယ်လည်းသက်ရောက်ပါသည်။နိုင်ငံတကာတက္ကသိုလ်များသည်ကျနော်သူငယ်ချင်းကဲ့သို့ကမ္ဘာပတ်ကာမွေလိုသူမဟုတ်သည့်တိုင်သင့်ကိုတစ်ကမ္ဘာလုံးက သူငယ်ချင်းများ နှင့် မိတ်ဖွဲ့နိုင်သောကွန်ရက်ကိုရရှိစေပါလိမ့်မည်။
(၂) စာပေဌာန
နိုင်ငံတကာကျောင်းတစ်ကျောင်းကိုရွေးချယ်ရန်စဉ်းလျှင်ကျောင်းသားရောဆရာပါလူမျိုးစုံလင်သည့်ကျောင်းနှင့်ဌာနကိုစဉ်းစားသင့်ပါသည်။ပြည်တွင်းရှိတက္ကသိုလ်အများစုတွင်ဒေသအစဉ်အလာအရသင်ယူပြီးမြောက်ခဲ့သောပါမောက္ခအများစုဖြင့်သင်ကြားပေးသော်လည်း နိုင်ငံတကာတက္ကသိုလ်ကျောင်းများတွင်မူ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ဆရာများစုံလင်ကြရသည်။ ကျွန်တော်၏တက္ကသိုလ်တွင်ဥပမာအားဖြင့်ကျောင်းသား များကို ပထမနှစ်ကတည်းကစပိန်၊ကနေဒါ၊ဖင်လန်၊အမေရီကန်၊ပါကစ္စတန်၊ဂျာမနီ၊အာဂျင်တီးနားနှင့်ပြင်သစ်အပါအ၀င်နိုင်ငံစုံမှပါမောက္ခများကသင်ကြားပို့ချပေးကြသည်။ ထို့ကြောင့်ကျယ်ဝန်းသောပညာရေးနောက်ခံများမှ အကျိုးကျေးဇူးများကို အတန်းထဲတွင်မျှော်လင့်နိုင်ရုံမျှမက အသံနေအသံထား အမျိုးမျိုးကိုလည်း ထိတွေ့ ကြားသိခွင့်ရပါလိမ့်မည်။
(၃)စာသင်ခန်းပတ်ဝန်းကျင်
နိုင်ငံတကာတက္ကသိုလ် များသည် ပို၍သေးငယ်လာပြီးအင်ဂလို-အမေရီကန် စာသင်ခန်းပုံစံအတိုင်းရှိနေ ကြသည်။စာသင်ခန်းများသေးငယ်သဖြင့်အပြန်အလှန်သင်ယူမှုပတ်ဝန်းကျင်ကိုပို၍ရရှိစေသည်။ပြည်တွင်းတက္ကသိုလ်၊ကောလိပ်များတွင်(အမြဲတမ်းတော့မဟုတ်ပါ)ကျောင်းသားများသည် ၂ နှစ်စာသင်ကာလ ပထမပိုင်းတွင်၎င်းတို့၏ပါမောက္ခအများစုနှင့်အပြန်အလှန်ပြောဆိုဆွေးနွေးရန်ကန့်သက်ခံရပြီးစာသင်ခန်း ကျယ်ကြီးများထဲတွင်သာအချိန်ကုန်ဆုံးသွားကြရသည်။နိုင်ငံတကာကျောင်းများမှာမူလစ်ဘရယ်ဝိဇ္ဇာဘာ သာရပ်ကောလိပ်များကဲ့သို့ပင်စာသင်ခန်းထဲရှိကျောင်းသားပမာဏကိုကန့်သတ်ထားကာပါမောက္ခများကိုစာသင်ခန်းပြင်ပရှိတက္ကသိုလ်နယ်မြေထဲတွင်ပင်ဆွေးနွေးမေးမြန်းနိုင်ရန်အားပေးလှုံ့ဆော်ထားသည်။
(၄)တက္ကသိုလ်နယ်မြေဘဝ
များသောအားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်အရွယ်အစားသေးငယ်ပြီးအဆောင်ထားရှိသောပုရ၀ုဏ် နယ်မြေများထားရှိကြသည်။ကျောင်းသားဘ၀သည်တက္ကသိုလ်ကြီးများကဲ့သို့အိမ်မှတက္ကသိုလ်နယ်မြေသို့ သွားရောက်ကာသင်ယူရန်သို့မဟုတ်ပို့ချချက်ကိုနာယူရန်လောက်သာမဟုတ်တော့ဘဲတစ်ဦးနှင့်တစ်ဦးမသိသူမရှိဖြစ်လာစေပါသည်။ထို့ကြောင့်သင့်အနေဖြင့်ပိုမိုတက်ကြွသောကျောင်းသားဘ၀ကိုရယူလိုပါကတက္ကသိုလ် နယ်မြေ ပမာဏပို၍သေးငယ်လေ၊ပိုကောင်းလေပင်ဖြစ်သည်။သို့သော်ပြောင်းပြန်ဖက်မှ ကြည့်လျှင် တက္ကသိုလ်ကောလိပ်များပိုမိုသေးငယ်လေလေ အရင်းအမြစ်ပိုနည်းလေလေ ဟုလည်းဆိုနိုင်ပြန်သည်။အား ကစားအထောက်အကူပစ္စည်းများ၊သုတေသနစာကြည့်တိုက်ကြီးများနည်းသွားမည်။ထို့ကြောင့်မိမိရယူလို သော တက္ကသိုလ်နယ်မြေအတွေ့အကြုံပေါ်တွင်မူတည်၍အရေးကြီးသည်ကိုစဉ်းစားသင့်ပါသည်။
(၅)နိုင်ငံတကာနှင့်နိုင်ငံခြားကျောင်းသား
နိုင်ငံခြားကျောင်းသားဖြစ်ခြင်းနှင့် နိုင်ငံတကာကျောင်းသားဖြစ်ခြင်းတို့အကြားအရေးပါသောကွာခြားချက်ရှိ သည်။ဥပမာပြည်တွင်းရှိပို၍ကြီးသောတက္ကသိုလ်များတွင်ပညာဆည်းပူးရန်နိုင်ငံခြားမှလာသောကျောင်း သား များသည်အခြားနိုင်ငံခြားကျောင်းသားများနှင့်မိတ်ဖွဲ့္ဇရုံမျှဖြင့်သာအချိန်ကုန်ဆုံးသွားမည်ဖြစ်သည်။ နိုင်ငံတကာတက္ကသိုလ်များတွင်မူလူတိုင်းသည်ဒေသခံကျောင်းသားများပါမကျန်နိုင်ငံခြားသားများဖြစ်နေ သည်။တက္ကသိုလ်နယ်မြေပေါ်တွင်လွှမ်းမိုးထားသောနိုင်ငံသားဟူ၍မရှိသောကြောင့်ဖြစ်သည်။ယဉ်ကျေးမှု ပြယုဂ်တစ်စုံတစ်ရာကကျောင်းသားများထဲသို့စိမ့်ဝင်နေလျှင်နိုင်ငံတကာကျောင်းဟူသောအမည်မှာအဓိ ပ္ပာယ်ကင်းမဲ့သွားပေလိမ့်မည်။လူတိုင်းသည်နိုင်ငံတကာဖြစ်နေပြီးသူစိမ်းဆန်ဆန်သီးခြားဖြစ်မနေပါ။
(၆)ဘာသာစကား
နိုင်ငံတကာတက္ကသိုလ်များတွင်အမြဲသုံးနှုန်းသောဘာသာစကားမှ ကျွန်တော်သိသလောက်ပြောရလျှင် အင်္ဂလိပ်ဘာသာစကားပင်ဖြစ်သည်။သင်၏ပညာရပ်များကိုယင်းဘာသာစကားဖြင့်လေ့လာဆည်းပူးရန်စိတ်ဝင်စားလျှင်နိုင်ငံတကာတက္ကသိုလ်သည်အလွန်သင့်တော်သောတကက္ကသိုလ်ပင်ဖြစ်နိုင်ပါလိမ့်မည်။ နိုင်ငံတ ကာသို့ကျယ်ကျယ်ဝန်းပေါက်ရောက် ရန်အတွက် အင်္ဂလိပ်စာတတ်ကျွမ်းမှု အဆင့်သည်ကျောင်းသား ထုထဲတွင်အမျိုးမျိုး ကွဲပြားနိုင်သော်လည်း  TOEFLကဲ့သို့သောရမှတ်များ နှင့် အခြားသောစာမေးပွဲ ရလဒ်များအရ နိုင်ငံ တကာတက္ကသိုလ်များတွင် ကျောင်းသားအားလုံးကို အင်္ဂလိပ်စာတတ်ကျွမ်းမှုပိုင်းတွင် သင့်တော်သောအဆင့်တစ်ခုသို့ရောက်ရှိုအောင်စီစဉ်ပေးထားသည်။ သို့သော်လေးနှစ်ကြာသော အင်္ဂလိပ်ဘာသာစကားပြော ပတ်ဝန်းကျင်တွင် အပြောကောအရေးပါ ကောင်းစွာတတ်မြောက်လာကြသည် ကို ကျွန်တော်သတိထားမိခဲ့ပါသည်။ ကျွန်တော်တို့တက္ကသိုလ်သို့ဝင်ရောက်လာသောကျောင်းသားများအနေ ဖြင့်အင်္ဂလိပ်ဘာသာစကားစွမ်းရည် အကောင်းဆုံးမဖြစ်သည့်တိုင်ဘွဲ့ရသောအခါမိင်ဘာသာစကားပြောသူနီး ပါးကျွမ်းကျင်လာတတ်ကြပါသည်။ နိုင်ငံတကာတက္ကသိုလ်များသည်အဓိပ္ပာယ်ဖွင့်ဆိုမှုအရယဉ်ကျေးမှုစုံလင်သည့်အလျောက်ဘာသာစကားအသိုင်းအ၀ိုင်းသည်လည်းစုံလင်လှသဖြင့်အကျိုးကျေးဇူးတစ်မျိုးလည်းရပြန်သည်။ဥပမာ ကျွန်တော့်အတန်းထဲ တွင်ကျွန်တော့်ကျောင်းသားများပြောသောဘာသာစကားသောင်းပြောင်းထွေလာကိုကျွန်တော်သဘောပေါက်ခွင့်ရလာသည်။သင်၏ပြဠာန်းချက်ကိုအင်္ဂလိပ်သင်နေစဉ်သင်၏လောက၀န်းကျင်မှာဘာသာစကားပေါင်း စုံရောနှောနေပါလိမ့်မည်။
(၇)အလုပ်အကိုင် အစီအစဉ်များ
နိုင်ငံတကာတက္ကသိုလ်ကျောင်းတစ်ကျောင်းသည် ထူးခြားသောအလုပ်အကိုင်ကြိုတင်ပြင်ဆင်မှု အချို.တစ် ၀က်ကိုဖန်တီးပေးတတ်သဖြင့်ဤသည်မှာလည်းအရေးကြီးပါသည်။သင်သည်ဆရာဝန် သို့မဟုတ် ကျောင်း ဆရာဖြစ်လိုပါကဥပမာ သင့်အနေဖြင့် ပြည်တွင်းတက္ကသိုလ်တစ်ခုခုတွင်သင်ယူဆည်းပူးလျှင်ပိုကောင်းပါ လိမ့်မည်။သို့ရာတွင်သင်သည်နိုင်ငံတကာအလုပ်အကိုင်ရှာဖွေလိုလျှင် နိုင်ငံတကာတက္ကသိုလ်တစ်ကျောင်း ကျောင်းကိုရွေးချယ်ခြင်းသည်သာကောင်းပါလိမ့်မည်။သူတို့ဘွဲ့ရသောအခါတစ်ကမ္ဘာလုံးရှိအလုပ်အကိုင်များ ကိုဖြန့်ကြက်စဉ်းစားချင့်ချိန်နိုင်လာမည်ဖြစ်သည်။ကျောင်းသားအချို.မှာမူမိမိတို့၏ဌာနေနိုင်ငံသို့ပြန်ရန်ရွေး ချယ်မည်ဖြစ်သော်လည်းအချို့မှာနယူးယောက်၊လန်ဒန်သို့မဟုတ်စင်ကာပူစသောနေရာများသို့ဦးတည် သွား ရောက်ကြလိမ့်မည်။ထိုနေရာများတွင်သူတို့၏ပညာရေး၊သူတို့၏တက္ကသိုလ်ကွန်ရက်များကအလုပ်အကိုင်အခွင့်အလန်းအတွက် တံခါးဖွင့်ထားပြီးသောကြောင့်ဖြစ်သည်။
(၈)ယဉ်းကျေးမှုတတ်မြောက်ခြင်း
သင်မည်သည့်နေရာတွင်သင်ယူလေ့လာသည်ဖြစ်စေ တက္ကသိုလ်ပုရ၀ုဏ်ပြင်ပရှိလောကကိုရှာဖွေသင်ယူ ခြင်းဖြင့်သာအဆုံးသတ်ရပေမည်။ ထိုယဉ်ကျေးမှုနယ်ပယ်ထဲတွင်သင်ယူတတ်မြောက်မှုကိုရရှိရန်အခွင့်အ လန်းရှိနေခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်သင်သည်နိုင်ငံခြားတွင်ပညာဆည်းပူးရန်စဉ်းစားနေပါကတက္ကသိုလ်တည်ရှိသည့်နေရာတွင်သင့်နိုင်ငံနှင့်ဆက်နွယ်ပတ်သတ်မှုရှိမရှိသေချာအောင်ကြည့်ရမည်။ကျွန်တော်တို့ကျောင်းသားများစွာသည်စပိန်နိုင်ငံကိုစိတ်ဝင်စားသည်ဟူသောအချက်တစ်ချက်ဖြင့်ကျွန်တော်တို့ထံသို့ရောက်ရှိလာကြသည်။စပိန်ဘာသာစကားကိုရောယဉ်ကျေးမှုကိုပါသင်ယူလိုသဖြင့်လာကြခြင်းပင်ဖြစ်သည်။တစ်ခါတစ်ရံတွင်မူဤမျှလောက်တော့လေးနက်ခြင်းမရှိပါ။ ကျောင်းသူတစ်ယောက်ကိုကျွန်တော်ကြုံဖူး သည်။သူမကအင်္ဂလိပ်ဘာသာစကားဖြင့်စီးပွားရေးဘွဲ့တစ်ဘွဲ့ရလိုသည်။ဆောင်းရာသီကို မနှစ်သက်သဖြင့် သူမအနေဖြင့်နေသာပြီး၊ပူနွေးမှုအများဆုံးဖြစ်သောနေရာတစ်နေရာကိုရွေးချယ်နေခြင်းဖြစ်သည်ဟုဆို သည်။ယင်းအချက်နှင့်ကိုညီသောနေရာကိုစဉ်းစားရာမှစပိန်ကသူမအတွက်ကောင်းသောနေရာဖြစ်သွားခဲ့ လေသည်။သင့်စိတ်နှိုး ဆော်မှုမည်သို့ပင်ရှိနေစေကာမူ ၄ နှစ်လုံးလုံး သင်နေထိုင်ရမည့်နိုင်ငံသည် သင့်အ တွက် နေပျော်သောနေရာဖြစ်သင့်ပါသည်။
(၉)လက်ရှိကျောင်းသားများကိုစကားပြောကြည့်ပါ
ဖြစ်နိုင်လျှင်သင်တက်ရောက်ရန်စဉ်းစားထားသည့် တက္ကသိုလ်များသို့စာသင်ချိန်တစ်ချိန်၊နှစ်ချိန်ခန့် သွားတက် ကြည့်ပြီး တက္ကသိုလ်ဘ၀ကိုလက်တွေ့ခံစားကြည့်လိုက်ပါ။ သင်၏တက္ကသိုလ်ပညာရေးကို ရယူသောနေရာသည်သင့်ဘ၀၏အရေးအကြီးဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့်မည်။ထို့ကြောင့်သင်ရွေးချယ်မည့်နေရာသည်သင့်အ တွက်သင့်တော်ခြင်းရှိမရှိုသေချာစွာသိရှိစေရန်အချိန်ယူပြီး             အားထုတ်ကြည့်သင့်သည်။သင်၏နေအိမ်နှင့်ဝေးကွာလှသောတက္ကသိုလ်များကိုစဉ်းစားကြည့်လျှင်အမြဲတမ်း အလွယ်တကူဖြစ်နိုင်မည်တော့မဟုတ်ပါ။သို့ရာတွင်ကျောင်းတက်နေသောကျောင်းသားများနှင့်စကား တော့ပြောကြည့်ပါ။ထိုတက္ကသိုလ်အကြောင်း၊ယဉ်ကျေးမှုဓလေ့စရိုက်အကြောင်း၊ပါမောက္ခများအကြောင်း၊ပြ ဠာန်းချက်အကြောင်းနှင့်ကဖေးဆိုင်မှအစားအစာများအကြောင်းတို့ကိုထိုကျောင်းသားများထက်ပို၍မည်သူကမျှပြောပြနိုင်ကြမည်မဟုတ်ပါ။တကက္ကသိုလ်တိုင်းတွင်ထိုတက္ကသိုလ်နှင့်ပတ်သက်သည့်အားသာချက်၊ အားနည်းချက်များအကြောင်းရိုးသားပွင့်လင်းစွာပြောဆိုခွင့်ရစေသောတစ်စုံတစ်ယောက်ကိုသေချာစွာမေးမြန်းသင့်ပါသည်။သင်ကိုယ်တိုင်အနေဖြင့်လည်းယင်းအခွင့်အလန်းကိုရအောင်ယူသင့်သည်။ ကျွန်တော်၏တက္ကသိုလ်တွင်ကျောင်းသားလူမှုဝန်ထမ်းများကိုကျောင်းတက်မည့်လူသစ်များနှင့်တွဲပေးသောအစီအစဉ်တစ်ခုထားရှိပေးပါသည်။ထိုကျောင်းသားလူမှုဝန်ထမ်းများသည်မိမိတို့သဘောအလျောက်စိတ်အားထက်သန်မှုရှိသူများဖြစ်ကြပြီးတက္ကသိုလ်ကောင်းကြောင်းသာပြောပေးသူများမဟုတ်ဘဲတက္ကသိုလ်ပုရ၀ုဏ်အတွင်းအပြင်တွင်ရှိသည့်ပညာရေး၊လူမှုရေးဘ၀ နှင့်ပတ်သက်၍ရိုးသား ပွင့်လင်းသောအဖြများဖြေကြား ပေးပါလိမ့်မည်။
(၁၀)သင်၏အနာဂတ်ကို ဒေသတွင်းအတွက် သို့မဟုတ် တစ်ကမ္ဘာလုံးအတွက်လိုလားပါသလား ။
ဤမေးခွန်းသည် အနှစ်သာရမရှိသောဆောင်ပုဒ် တစ်ခုသဖွယ်ဖြစ်နေပါမည်။ သို့ရာတွင်အဤအချက်သည် လည်းထည့်သွင်းစဉ်းစားရမည့်ကိစ္စပင်ဖြစ်သည်။ “ကမ္ဘာဆန်သော” ဆိုသည့်စကားလုံးအတွက်ကျွန်တော် တို့သည်ထိုက်တန်သောဂုဏ်ဒြပ်ကိုရင်းနှီးမြုပ်နှံထားရသဖြင့် “ သြော် - ငါတော့ကမ္ဘာဆန်တဲ့ နိုင်ငံသား ဖြစ်ချင်လိုက်တာ”ဟုစိတ်သဘောအရတွေးမိကောင်းတွေးမိပါလိမ့်မည်။သို့သော်အမှန်တကယ်အားဖြင့် ဟုတ်မှန်ပါသလားဟုလေးလေးနက်နက်တွေးကြည့်သင့်သည်။ဘားရက်အိုဘားမားသည်အိမ်ဖြူတော်ထဲ တွင်ရှိသည်မှာသေချာပေသည်။သူ၏နိုင်ငံသားအမှတ်သင်္ကေတမှာအမေရီကန် နိုင်ငံသား ဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။(ကျွန်တော်လည်းဟားဗတ်တက္ကသိုလ်ရောက်မှာသေချာပေလို့လား)နိုင်ငံ တကာ တက္ကသိုလ်များတွင်ဒီဂရီဘွဲ့များရလိုသောကျောင်းသားများမှာနိုင်ငံတကာနောက်ခံများဖြင့်လာရောက်ကြသူများဖြစ်ပြီးကွဲပြားသောဒေသအသီးသီးတွင်နေထိုင်ခဲ့ခြင်း၊ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း၊နိုင်ငံကူးလက်မှတ်မျိုးစုံရှိခြင်းစသည်ဖြင့်စုံလင်လှသည်။ထို့ကြောင့်ပြည်တွင်းကန့်သတ်ချက်ကိုမကျော်လွန်ဘဲမိမိတို့အနာ ဂတ်ကိုသက်တောင့်သက်သာစီစဉ်ကြသကဲ့သို့အခြားကျောင်းသားများမှာမူမိမိတို့ပြည်တွင်းအ၀န်းအ၀ိုင်းကိုကျော်လွန်၍အကျိုးခံစားခွင့်ရယူလိုကြသောသဘောပင်ဖြစ်သည်။ထိုကျောင်းသားများသည်ပိုမိုကျယ်ဝန်းသောယဉ်ကျေးမှုရပ်ဝန်းမှအတွေ့အကြုံများဖြင့်အိမ်ပြန်ရန်မျှော်မှန်းကြသည်။မည်သည့်ရပ်ဝန်းတွင်သက် တောင့်သက်သာဖြစ်မည်ဟု စဉ်းစားတတ်ရန်လူတိုင်းအတွက်တော့မဖြစ်နိုင်ပေ။
မြန်မာကျောင်းသား ကျောင်းသူများအားလုံး ပြည့်စုံကောင်းမွန်သော ပညာရေး နှင့် ပတ်ဝန်းကျင်ကောင်းများတွင် ပညာသင်ယူရရှိနိုင်ကြပါစေ။
လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။
LAS Group – International Education Consultants, Mandalay Head Office
No. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.
Mobile:   (+95) 9910 53125, 9731 64372, 9431 46107
Skype:    las.group