lubo601@gmail.com
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်သပါရစေ။ကျနော်တို့၏ အတွေ့အကြုံများနှင့် အင်တာနက်ပေါ်မှ အချက်အလက်များ အပေါ်အခြေပြု၍ ဒီဆောင်းပါးလေးကို မြန်မာကျောင်းသားကျောင်းသူများဗဟုသုတရရန်ကိုမျှော်ကိုး၍ဘာသာပြန်ရေးသားလိုက်ရပါ သည်။ ကျွန်တော်တို့ရဲ ဘာသာပြန်ချက်ထဲတွင် အမှားများပါလျှင် ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
နိုင်ငံခြားမှာပညာသင်မည်ဆိုလျှ င်အဤအချက်(၁၀)ကို သိစေချင်ပါသည် ။
နိုင်ငံခြားသို့ပညာသင်သွားလိုေ သာ ကျောင်းသားများသည် နိုင်ငံတကာ တက္ကသိုလ်ကျောင်းများတွင် တက္ကသိုလ်ပညာရေးကိုမိမိတို့အလို ကျရွေးချယ်ခွင့်ရရန်စဉ်းစားနြေ ကပြီးဖြစ်သည်။ကျောင်းသားများအနေ ဖြင့်မည်သည့်နေရာသို့သွားရောက် ရန်လျှောက်ထားရမည်ကိုဆုံးဖြတ်ရာ တွင်အကူအညီရစေရန်အချက် (၁၀) ချက်ကို အောက်ပါအတိုင်းဖော်ပြလိုက်ပါသည် ။
(၁)ကွန်ရက်များ
တက္ကသိုလ်တွင်သင်နှင့်အတူနေခဲ့ေ သာသူငယ်ချင်းများနှင့်ထားရှိခဲ့ သောခင်မင်ရင်းနှီးမှုသည်သင့် ဘ၀တစ် လျောက်လုံးတွင်တည်တံ့နေပါလိမ့် မည်။သင့်အနေဖြင့်မည်သို့သောကွန် ရက်မျိုးကိုရှာဖွေနေပါသလဲ။နိုင် ငံတကာတက္ကသိုလ်များအနေဖြင့်နိုင် ငံပေါင်းစုံမှကျောင်းသားများကို လက်ခံသင်ကြားပေးရာမိမိအနေဖြင့် ကမ္ဘာ့ နေရာအနှံ့အပြားမှသူငယ်ချင်းများ နှင့်မိတ်ဖွဲ့ခွင့်ရသောသဘောပင် ဖြစ်သည်။ ကျွန်တော်၏ကျောင်းသား ဟောင်း တကောက်အကြောင်းကိုဥပမာပေးလိုပါ သည်။သူ့ကိုအမှတ်မထင်ပြန်တွေ့ခွှ င့်ရသာအခါ
သူဘာတွေလုပ်နေသလဲဟုမေးမိသည်။ အလုပ်အားလပ်ရက်များတွင် တက္ကသိုလ်တုန်းက
သူငယ်ချင်းများ ထံသို့အလည်အပတ်သွားရင်းဖြင့်
အားလပ်ချိန်များကုန်လွန်သွားသည် ဟု သူကကျွန်တော့်ကို ဖြေကြားခဲ့ သည်။ဆိုလိုသည်မှာသူသည်ဂရိ၊ယူကေ၊ ပြင်သစ်၊ဆွစ်ဇာလန်နှင့်မော်ရို ကိုနိုင်ငံများသို့သွားရောက်ခဲ့ သည့်အပြင်သူ့ဇာတိအီတလီနိုင်ငံသို့လည်းသူငယ် ချင်းများကိုအလည်တစ်ခေါက်ခေါ်သွားခဲ့သောအဓိပ္ပာယ်လည်းသက်ရောက်ပါ သည်။နိုင်ငံတကာတက္ကသိုလ်များသည် ကျနော်သူငယ်ချင်းကဲ့သို့ကမ္ဘာပတ် ကာမွေလိုသူမဟုတ်သည့်တိုင်သင့်ကိုတစ်ကမ္ဘာလုံးက သူငယ်ချင်းများ နှင့် မိတ်ဖွဲ့နိုင်သောကွန်ရက်ကိုရရှိ စေပါလိမ့်မည်။
(၂) စာပေဌာန
နိုင်ငံတကာကျောင်းတစ်ကျောင်းကို ရွေးချယ်ရန်စဉ်းလျှင်ကျောင်းသား ရောဆရာပါလူမျိုးစုံလင်သည့်ကျော င်းနှင့်ဌာနကိုစဉ်းစားသင့်ပါသည် ။ပြည်တွင်းရှိတက္ကသိုလ်အများစုတွ င်ဒေသအစဉ်အလာအရသင်ယူပြီးမြောက် ခဲ့သောပါမောက္ခအများစုဖြင့်သင်ြ ကားပေးသော်လည်း နိုင်ငံတကာတက္ကသိုလ်ကျောင်းများ တွင်မူ ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ ဆရာများစုံလင်ကြရသည်။ ကျွန်တော်၏တက္ကသိုလ်တွင်ဥပမာအာြး ဖင့်ကျောင်းသား များကို ပထမနှစ်ကတည်းကစပိန်၊ကနေဒါ၊ဖင် လန်၊အမေရီကန်၊ပါကစ္စတန်၊ဂျာမနီ၊ အာဂျင်တီးနားနှင့်ပြင်သစ်အပါ အ၀င်နိုင်ငံစုံမှပါမောက္ခများ ကသင်ကြားပို့ချပေးကြသည်။ ထို့ကြောင့်ကျယ်ဝန်းသောပညာရေးေ နာက်ခံများမှ အကျိုးကျေးဇူးများကို အတန်းထဲတွင်မျှော်လင့်နိုင်ရုံ မျှမက အသံနေအသံထား အမျိုးမျိုးကိုလည်း ထိတွေ့ ကြားသိခွင့်ရပါလိမ့်မည်။
(၃)စာသင်ခန်းပတ်ဝန်းကျင်
နိုင်ငံတကာတက္ကသိုလ် များသည် ပို၍သေးငယ်လာပြီးအင်ဂလို-အမေရီ ကန် စာသင်ခန်းပုံစံအတိုင်းရှိနေ ကြသည်။စာသင်ခန်းများသေးငယ်သဖြင့်အပြန်အလှန်သင်ယူမှုပတ်ဝန်းကျင် ကိုပို၍ရရှိစေသည်။ပြည်တွင်းတက္က သိုလ်၊ကောလိပ်များတွင်(အမြဲတမ်း တော့မဟုတ်ပါ)ကျောင်းသားများသည် ၂ နှစ်စာသင်ကာလ ပထမပိုင်းတွင်၎င်းတို့၏ပါမောက္ခ အများစုနှင့်အပြန်အလှန်ပြောဆိုေ ဆွးနွေးရန်ကန့်သက်ခံရပြီးစာသင် ခန်း ကျယ်ကြီးများထဲတွင်သာအချိန်ကုန် ဆုံးသွားကြရသည်။နိုင်ငံတကာကျော င်းများမှာမူလစ်ဘရယ်ဝိဇ္ဇာဘာ သာရပ်ကောလိပ်များကဲ့သို့ပင်စာ သင်ခန်းထဲရှိကျောင်းသားပမာဏကို ကန့်သတ်ထားကာပါမောက္ခများကိုစာ သင်ခန်းပြင်ပရှိတက္ကသိုလ်နယ်ြေ မထဲတွင်ပင်ဆွေးနွေးမေးမြန်းနို င်ရန်အားပေးလှုံ့ဆော်ထားသည်။
(၄)တက္ကသိုလ်နယ်မြေဘဝ
များသောအားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်အရွယ်အစားသေးငယ်ပြီး အဆောင်ထားရှိသောပုရ၀ုဏ် နယ်မြေများထားရှိကြသည်။ကျောင်း သားဘ၀သည်တက္ကသိုလ်ကြီးများကဲ့သို့ အိမ်မှတက္ကသိုလ်နယ်မြေသို့ သွားရောက်ကာသင်ယူရန်သို့မဟုတ် ပို့ချချက်ကိုနာယူရန်လောက်သာမဟု တ်တော့ဘဲတစ်ဦးနှင့်တစ်ဦးမသိသူ မရှိဖြစ်လာစေပါသည်။ထို့ကြောင့် သင့်အနေဖြင့်ပိုမိုတက်ကြွသောကျောင်းသားဘ၀ကိုရယူလိုပါကတက္ကသိုလ် နယ်မြေ ပမာဏပို၍သေးငယ်လေ၊ပိုကောင်းေ လပင်ဖြစ်သည်။သို့သော်ပြောင်ြး ပန်ဖက်မှ ကြည့်လျှင် တက္ကသိုလ်ကောလိပ်များပိုမိုသေး ငယ်လေလေ အရင်းအမြစ်ပိုနည်းလေလေ ဟုလည်းဆိုနိုင်ပြန်သည်။အား ကစားအထောက်အကူပစ္စည်းများ၊သုေ တသနစာကြည့်တိုက်ကြီးများနည်းသွားမည်။ထို့ကြောင့်မိမိရယူလို သော တက္ကသိုလ်နယ်မြေအတွေ့အကြုံပေါ်တွ င်မူတည်၍အရေးကြီးသည်ကိုစဉ်းစား သင့်ပါသည်။
(၅)နိုင်ငံတကာနှင့်နိုင်ငံခြားေ ကျာင်းသား
နိုင်ငံခြားကျောင်းသားဖြစ်ခြင်း နှင့် နိုင်ငံတကာကျောင်းသားဖြစ်ခြင်း တို့အကြားအရေးပါသောကွာခြားချက် ရှိ သည်။ဥပမာပြည်တွင်းရှိပို၍ကြီးေ သာတက္ကသိုလ်များတွင်ပညာဆည်းပူး ရန်နိုင်ငံခြားမှလာသောကျောင်း သား များသည်အခြားနိုင်ငံခြားကျောင်း သားများနှင့်မိတ်ဖွဲ့္ဇရုံမျြှ ဖင့်သာအချိန်ကုန်ဆုံးသွားမည်ြ ဖစ်သည်။ နိုင်ငံတကာတက္ကသိုလ်များတွင်မူလူ တိုင်းသည်ဒေသခံကျောင်းသားများပါ မကျန်နိုင်ငံခြားသားများဖြစ်နေ သည်။တက္ကသိုလ်နယ်မြေပေါ်တွင်လွှမ်း မိုးထားသောနိုင်ငံသားဟူ၍မရှိသော ကြောင့်ဖြစ်သည်။ယဉ်ကျေးမှု ပြယုဂ်တစ်စုံတစ်ရာကကျောင်းသားများထဲသို့စိမ့်ဝင်နေလျှင်နိုင်ငံ တကာကျောင်းဟူသောအမည်မှာအဓိ ပ္ပာယ်ကင်းမဲ့သွားပေလိမ့်မည်။လူ တိုင်းသည်နိုင်ငံတကာဖြစ်နေပြီး သူစိမ်းဆန်ဆန်သီးခြားဖြစ်မနေပါ။
(၆)ဘာသာစကား
နိုင်ငံတကာတက္ကသိုလ်များတွင်အမြဲ သုံးနှုန်းသောဘာသာစကားမှ ကျွန်တော်သိသလောက်ပြောရလျှင် အင်္ဂလိပ်ဘာသာစကားပင်ဖြစ်သည်။သင်၏ ပညာရပ်များကိုယင်းဘာသာစကားဖြင့် လေ့လာဆည်းပူးရန်စိတ်ဝင်စားလျှင် နိုင်ငံတကာတက္ကသိုလ်သည်အလွန်သင့် တော်သောတကက္ကသိုလ်ပင်ဖြစ်နိုင်ပါ လိမ့်မည်။
နိုင်ငံတ ကာသို့ကျယ်ကျယ်ဝန်းပေါက်ရောက် ရန်အတွက် အင်္ဂလိပ်စာတတ်ကျွမ်းမှု
အဆင့်သည်ကျောင်းသား ထုထဲတွင်အမျိုးမျိုး ကွဲပြားနိုင်သော်လည်း
TOEFLကဲ့သို့သောရမှတ်များ နှင့် အခြားသောစာမေးပွဲ ရလဒ်များအရ နိုင်ငံ
တကာတက္ကသိုလ်များတွင် ကျောင်းသားအားလုံးကို အင်္ဂလိပ်စာတတ်ကျွမ်းမှုပိုင်းတွင်
သင့်တော်သောအဆင့်တစ်ခုသို့ရောက် ရှိုအောင်စီစဉ်ပေးထားသည်။
သို့သော်လေးနှစ်ကြာသော အင်္ဂလိပ်ဘာသာစကားပြော ပတ်ဝန်းကျင်တွင် အပြောကောအရေးပါ
ကောင်းစွာတတ်မြောက်လာကြသည် ကို ကျွန်တော်သတိထားမိခဲ့ပါသည်။
ကျွန်တော်တို့တက္ကသိုလ်သို့ဝင်ေ ရာက်လာသောကျောင်းသားများအနေ ဖြင့်အင်္ဂလိပ်ဘာသာစကားစွမ်းရည် အကောင်းဆုံးမဖြစ်သည့်တိုင်ဘွဲ့ ရသောအခါမိင်ဘာသာစကားပြောသူနီး ပါးကျွမ်းကျင်လာတတ်ကြပါသည်။ နိုင်ငံတကာတက္ကသိုလ်များသည်အဓိ ပ္ပာယ်ဖွင့်ဆိုမှုအရယဉ်ကျေးမှုစုံ လင်သည့်အလျောက်ဘာသာစကားအသိုင်း အ၀ိုင်းသည်လည်းစုံလင်လှသဖြင့် အကျိုးကျေးဇူးတစ်မျိုးလည်းရပြန် သည်။ဥပမာ ကျွန်တော့်အတန်းထဲ တွင်ကျွန်တော့်ကျောင်းသားမျာြးေ ပာသောဘာသာစကားသောင်းပြောင်းထွေ လာကိုကျွန်တော်သဘောပေါက်ခွင့် ရလာသည်။သင်၏ပြဠာန်းချက်ကိုအင်္ဂလိ ပ်သင်နေစဉ်သင်၏လောက၀န်းကျင်မှာ ဘာသာစကားပေါင်း စုံရောနှောနေပါလိမ့်မည်။
(၇)အလုပ်အကိုင် အစီအစဉ်များ
နိုင်ငံတကာတက္ကသိုလ်ကျောင်းတစ်ေ ကျာင်းသည် ထူးခြားသောအလုပ်အကိုင်ကြိုတင်ြ ပင်ဆင်မှု အချို.တစ် ၀က်ကိုဖန်တီးပေးတတ်သဖြင့်ဤသည်မှာလည်းအရေးကြီးပါသည်။သင်သည်ဆရာ ၀န် သို့မဟုတ် ကျောင်း ဆရာဖြစ်လိုပါကဥပမာ သင့်အနေဖြင့် ပြည်တွင်းတက္ကသိုလ်တစ်ခုခုတွင် သင်ယူဆည်းပူးလျှင်ပိုကောင်းပါ လိမ့်မည်။သို့ရာတွင်သင်သည်နိုင် ငံတကာအလုပ်အကိုင်ရှာဖွေလိုလျှင် နိုင်ငံတကာတက္ကသိုလ်တစ်ကျောင်း ကျောင်းကိုရွေးချယ်ခြင်းသည်သာေ ကာင်းပါလိမ့်မည်။သူတို့ဘွဲ့ရသော အခါတစ်ကမ္ဘာလုံးရှိအလုပ်အကိုင်များ ကိုဖြန့်ကြက်စဉ်းစားချင့်ချိန်နိုင်လာမည်ဖြစ်သည်။ကျောင်းသားအချို.မှာမူမိမိတို့၏ဌာနေနိုင်ငံသို့ပြန်ရန်ရွေး ချယ်မည်ဖြစ်သော်လည်းအချို့မှာ နယူးယောက်၊လန်ဒန်သို့မဟုတ်စင်ကာ ပူစသောနေရာများသို့ဦးတည် သွား ရောက်ကြလိမ့်မည်။ထိုနေရာများတွ င်သူတို့၏ပညာရေး၊သူတို့၏တက္ကသို လ်ကွန်ရက်များကအလုပ်အကိုင်အခွင့်အလန်းအတွက် တံခါးဖွင့်ထားပြီးသောကြောင့်ြ ဖစ်သည်။
(၈)ယဉ်းကျေးမှုတတ်မြောက်ခြင်း
သင်မည်သည့်နေရာတွင်သင်ယူလေ့လာသည်ြ ဖစ်စေ တက္ကသိုလ်ပုရ၀ုဏ်ပြင်ပရှိလောကကို ရှာဖွေသင်ယူ ခြင်းဖြင့်သာအဆုံးသတ်ရပေမည်။ ထိုယဉ်ကျေးမှုနယ်ပယ်ထဲတွင်သင်ယူ တတ်မြောက်မှုကိုရရှိရန်အခွင့်အ လန်းရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်သင်သည်နိုင်ငံခြားတွ င်ပညာဆည်းပူးရန်စဉ်းစားနေပါကတက္ကသိုလ်တည်ရှိသည့်နေရာတွင်သင့်နိုင်ငံနှင့်ဆက်နွယ်ပတ်သတ်မှုရှိ မရှိသေချာအောင်ကြည့်ရမည်။ကျွန်ေ တ်ာတို့ကျောင်းသားများစွာသည်စပိ န်နိုင်ငံကိုစိတ်ဝင်စားသည်ဟူသော အချက်တစ်ချက်ဖြင့်ကျွန်တော်တို့ ထံသို့ရောက်ရှိလာကြသည်။စပိန်ဘာသာ စကားကိုရောယဉ်ကျေးမှုကိုပါသင်ယူ လိုသဖြင့်လာကြခြင်းပင်ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူဤမျှလောက်တော့ေ လးနက်ခြင်းမရှိပါ။ ကျောင်းသူတစ်ယောက်ကိုကျွန်တော်ြ ကုံဖူး သည်။သူမကအင်္ဂလိပ်ဘာသာစကားဖြင့်စီးပွားရေးဘွဲ့တစ်ဘွဲ့ရလိုသည်။ဆော င်းရာသီကို မနှစ်သက်သဖြင့် သူမအနေဖြင့်နေသာပြီး၊ပူနွေးမှု အများဆုံးဖြစ်သောနေရာတစ်နေရာကို ရွေးချယ်နေခြင်းဖြစ်သည်ဟုဆို သည်။ယင်းအချက်နှင့်ကိုညီသောနေရာ ကိုစဉ်းစားရာမှစပိန်ကသူမအတွက်ေ ကာင်းသောနေရာဖြစ်သွားခဲ့
လေသည်။သင့်စိတ်နှိုး ဆော်မှုမည်သို့ပင်ရှိနေစေကာမူ ၄ နှစ်လုံးလုံး
သင်နေထိုင်ရမည့်နိုင်ငံသည် သင့်အ တွက် နေပျော်သောနေရာဖြစ်သင့်ပါသည်။
(၉)လက်ရှိကျောင်းသားများကိုစကား ပြောကြည့်ပါ
ဖြစ်နိုင်လျှင်သင်တက်ရောက်ရန် စဉ်းစားထားသည့် တက္ကသိုလ်များသို့စာသင်ချိန်တစ် ချိန်၊နှစ်ချိန်ခန့် သွားတက် ကြည့်ပြီး တက္ကသိုလ်ဘ၀ကိုလက်တွေ့ခံစားကြည့် လိုက်ပါ။ သင်၏တက္ကသိုလ်ပညာရေးကို ရယူသောနေရာသည်သင့်ဘ၀၏အရေးအကြီး ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိ မ့်မည်။ထို့ကြောင့်သင်ရွေးချယ် မည့်နေရာသည်သင့်အ တွက်သင့်တော်ခြင်းရှိမရှိုသေချာ စွာသိရှိစေရန်အချိန်ယူပြီး အားထုတ်ကြည့်သင့်သည်။သင်၏ေ နအိမ်နှင့်ဝေးကွာလှသောတက္ကသိုလ် များကိုစဉ်းစားကြည့်လျှင်အမြဲ တမ်း အလွယ်တကူဖြစ်နိုင်မည်တော့မဟုတ် ပါ။သို့ရာတွင်ကျောင်းတက်နေသောေ ကျာင်းသားများနှင့်စကား တော့ပြောကြည့်ပါ။ထိုတက္ကသိုလ်အြေ ကာင်း၊ယဉ်ကျေးမှုဓလေ့စရိုက်အကြော င်း၊ပါမောက္ခများအကြောင်း၊ပြ ဠာန်းချက်အကြောင်းနှင့်ကဖေးဆို င်မှအစားအစာများအကြောင်းတို့ကိုထိုကျောင်းသားများထက်ပို၍မည်သူ ကမျှပြောပြနိုင်ကြမည်မဟုတ်ပါ။ တကက္ကသိုလ်တိုင်းတွင်ထိုတက္ကသိုလ် နှင့်ပတ်သက်သည့်အားသာချက်၊ အားနည်းချက်များအကြောင်းရိုးသား ပွင့်လင်းစွာပြောဆိုခွင့်ရစေသော တစ်စုံတစ်ယောက်ကိုသေချာစွာမေြး မန်းသင့်ပါသည်။သင်ကိုယ်တိုင်အေ နဖြင့်လည်းယင်းအခွင့်အလန်းကိုရေ အာင်ယူသင့်သည်။ ကျွန်တော်၏တက္ကသိုလ်တွင်ကျောင်း သားလူမှုဝန်ထမ်းများကိုကျောင်း တက်မည့်လူသစ်များနှင့်တွဲပေးသော အစီအစဉ်တစ်ခုထားရှိပေးပါသည်။ထို ကျောင်းသားလူမှုဝန်ထမ်းများသည်မိ မိတို့သဘောအလျောက်စိတ်အားထက်သန် မှုရှိသူများဖြစ်ကြပြီးတက္ကသိုလ်ေ ကာင်းကြောင်းသာပြောပေးသူများမဟု တ်ဘဲတက္ကသိုလ်ပုရ၀ုဏ်အတွင်းအပြင် တွင်ရှိသည့်ပညာရေး၊လူမှုရေးဘ၀ နှင့်ပတ်သက်၍ရိုးသား ပွင့်လင်းသောအဖြများဖြေကြား ပေးပါလိမ့်မည်။
(၁၀)သင်၏အနာဂတ်ကို ဒေသတွင်းအတွက် သို့မဟုတ် တစ်ကမ္ဘာလုံးအတွက်လိုလားပါသလား ။
ဤမေးခွန်းသည် အနှစ်သာရမရှိသောဆောင်ပုဒ် တစ်ခုသဖွယ်ဖြစ်နေပါမည်။ သို့ရာတွင်အဤအချက်သည် လည်းထည့်သွင်းစဉ်းစားရမည့်ကိစ္စ ပင်ဖြစ်သည်။ “ကမ္ဘာဆန်သော” ဆိုသည့်စကားလုံးအတွက်ကျွန်တော် တို့သည်ထိုက်တန်သောဂုဏ်ဒြပ်ကို ရင်းနှီးမြုပ်နှံထားရသဖြင့် “ သြော် - ငါတော့ကမ္ဘာဆန်တဲ့ နိုင်ငံသား ဖြစ်ချင်လိုက်တာ”ဟုစိတ်သဘောအရေ တွးမိကောင်းတွေးမိပါလိမ့်မည်။သို့သော်အမှန်တကယ်အားဖြင့် ဟုတ်မှန်ပါသလားဟုလေးလေးနက်နက်ေ တွးကြည့်သင့်သည်။ဘားရက်အိုဘားမားသည်အိမ်ဖြူတော်ထဲ တွင်ရှိသည်မှာသေချာပေသည်။သူ၏နို င်ငံသားအမှတ်သင်္ကေတမှာအမေရီကန် နိုင်ငံသား ဖြစ်နေသော ကြောင့်ပင်ဖြစ်သည်။(ကျွန်တော် လည်းဟားဗတ်တက္ကသိုလ်ရောက်မှာသေချာပေလို့လား)နိုင်ငံ တကာ တက္ကသိုလ်များတွင်ဒီဂရီဘွဲ့များ ရလိုသောကျောင်းသားများမှာနိုင် ငံတကာနောက်ခံများဖြင့်လာရောက်ြ ကသူများဖြစ်ပြီးကွဲပြားသောေ ဒသအသီးသီးတွင်နေထိုင်ခဲ့ခြင်း၊ ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း၊နိုင်ငံကူးလက်မှတ်မျိုးစုံရှိ ခြင်းစသည်ဖြင့်စုံလင်လှသည်။ထို့ ကြောင့်ပြည်တွင်းကန့်သတ်ချက်ကို မကျော်လွန်ဘဲမိမိတို့အနာ ဂတ်ကိုသက်တောင့်သက်သာစီစဉ်ကြသကဲ့ သို့အခြားကျောင်းသားများမှာမူ မိမိတို့ပြည်တွင်းအ၀န်းအ၀ိုင်း ကိုကျော်လွန်၍အကျိုးခံစားခွင့် ရယူလိုကြသောသဘောပင်ဖြစ်သည်။ထိုေ ကျာင်းသားများသည်ပိုမိုကျယ်ဝန်း သောယဉ်ကျေးမှုရပ်ဝန်းမှအတွေ့အကြုံများဖြင့်အိမ်ပြန်ရန်မျှော်မှ န်းကြသည်။မည်သည့်ရပ်ဝန်းတွင်သက် တောင့်သက်သာဖြစ်မည်ဟု စဉ်းစားတတ်ရန်လူတိုင်းအတွက်တော့ မဖြစ်နိုင်ပေ။
မြန်မာကျောင်းသား ကျောင်းသူများအားလုံး ပြည့်စုံကောင်းမွန်သော ပညာရေး နှင့် ပတ်ဝန်းကျင်ကောင်းများတွင် ပညာသင်ယူရရှိနိုင်ကြပါစေ။
လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။LAS Group – International Education Consultants, Mandalay Head OfficeNo. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.Mobile: (+95) 9910 53125, 9731 64372, 9431 46107Skype: las.groupWeb: www.lasgroups.com
0 ကွန်မန့်ရေးရန်:
Post a Comment