(၁) လက်ပြောင်းစားပါ
သင်က ညာသန်ဆိုရင် ဘယ်ဘက်လက်နဲ့ ဇွန်းကိုကိုင်ကာ စားကြည့်ပါ။ ဒီလိုဆိုရင် လက်နဲ့ပါးစပ် ချိန်ညှိပြီး အစာကို ကောင်းကောင်းစားနိုင်ဖို့ ပိုမိုအားထုတ်ရပါတယ်။ ဒီလိုစားပါက အစာကို နည်းနည်းစားရုံနဲ့ စိတ်ကျေနပ်မှု ရရှိလာပါလိမ့်မယ်။
(၂) ဇွန်း၊ ခက်ရင်းကို ချထားပါ
တချို့လူတွေက အစာထဲ စိတ်မရောက်ဘဲ ပန်းကန်ထဲမှာ ရှိနေတဲ့ အစာတွေကို တဇွတ်ဇွတ် စားဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစာတစ်လုတ် စားပြီးတိုင်း ဇွန်း၊ ခက်ရင်းကို ချထားပြီး ကြေညက်အောင် ဝါးပေးပါ။ ဇွန်းသေးသေးနဲ့စားရင် အစာကို လျှော့စားဖြစ်တတ်ပါတယ်။
(၃) ပန်းသီးတစ်လုံးစားပါ
လေ့လာမှု တစ်ခုအရ နေ့လယ်စာမစားခင် ပန်းသီးတစ်လုံး စားပေးတာက အစာကို ၁၅ ရာခိုင်နှုန်း လျှော့စားဖြစ်စေတယ်လို့ သိရပါတယ်။ ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ အစာကို အလွန်အမင်း မစားဖြစ်အောင် ထောက်ပံ့ပေးနိုင်ပြီး ဗိုက်ပြည့်လွယ်စေလို့ပါ။ အမျှင်ဓာတ် များစွာပါဝင်တဲ့ သစ်တော်သီးနဲ့ စတော်ဘယ်ရီသီးတွေကလည်း ဗိုက်ပြည့်စေပါတယ်။
(၄) တူကိုသုံးပြီး အစာစားပါ
ဓားနဲ့ ခက်ရင်းကို သုံးတာထက် တူကိုသုံးပြီး အစာစားရင် သေးငယ်တဲ့ အစာအစိတ်အပိုင်းတွေကိုပဲ စားဖြစ်စေပါတယ်။ အဲဒီအခါ အစာကို နှေးနှေးပဲ စားဖြစ်ပြီး စိတ်ကျေ


























