ရန်ကုန် (မဇ္ဈိမ) သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်
တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော်
ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူ
ဦးမင်းအောင်က ပြောသည်။
ထိုသို့
ကန့်ကွက်စာ တင်ရန်အတွက် ဇူလိုင် ၂၈ ရက်နေ့က စတင်သော သဘောထား
လက်မှတ်ကောက်ယူမှုတွင် တောင်ဥက္ကလာ မဲဆန္ဒရှင် ၁,၃ဝဝ က လက်မှတ်ရေးထိုးပြီး
ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)အရ
လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက
သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည်
ဖြစ်သည်။
တောင်ဥက္ကလာမြို့နယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင်
မဲပေးပိုင်ခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုရရှိထားသော လက်မှတ်သည်
မဲပေးခွင့်ရှိသူ၏ ၁.၆၃ ရာခိုင်နှုန်း ဖြစ်သည်။
ထိုသို့ ဦးအောင်သိန်းလင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြ စ်မှ
ရုတ်သိမ်းပေးရန် တောင်းဆိုမှုသည် Southern Weekend China သတင်းစာနှင့်
ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းမှုအတွင်း မြစ်ဆုံဆည် စီမံကိန်း
ဆိုင်းငံ့ထားမှုအပေါ် သဘောမတူမှုနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကို
ထောက်ခံသော ပြည်သူများအား Crazy ဟူသည့် အသုံးအနှုန်း ပါရှိလာရာမှ
စတင်ခဲ့ခြင်း ဖြစ်သည်။
ဝေဖန်မှုများ များပြားလာပြီးနောက်
ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်းအား ပါတီတွင် ထမ်းဆောင်နေသော
တိုင်းတာဝန်ခံရာထူးနေရာတွင် တနင်္သာရီတိုင်းမှ ဦးမောင်မောင်သိမ်းအား
အစားထိုးခန့်အပ်ခဲ့သည်။
ပါတီ၏ ဗဟိုအလုပ်မှုဆောင် နေရာတွင်မူ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ရန်ကုန် (မဇ္ဈိမ) သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်
တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။
ထိုသို့ ကန့်ကွက်စာ တင်ရန်အတွက် ဇူလိုင် ၂၈ ရက်နေ့က စတင်သော သဘောထား လက်မှတ်ကောက်ယူမှုတွင် တောင်ဥက္ကလာ မဲဆန္ဒရှင် ၁,၃ဝဝ က လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)အရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။
တောင်ဥက္ကလာမြို့နယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုရရှိထားသော လက်မှတ်သည် မဲပေးခွင့်ရှိသူ၏ ၁.၆၃ ရာခိုင်နှုန်း ဖြစ်သည်။
ထိုသို့ ဦးအောင်သိန်းလင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြ
ဝေဖန်မှုများ များပြားလာပြီးနောက် ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်းအား ပါတီတွင် ထမ်းဆောင်နေသော တိုင်းတာဝန်ခံရာထူးနေရာတွင် တနင်္သာရီတိုင်းမှ ဦးမောင်မောင်သိမ်းအား အစားထိုးခန့်အပ်ခဲ့သည်။
ပါတီ၏ ဗဟိုအလုပ်မှုဆောင် နေရာတွင်မူ ဆက်လက်ရှိနေဆဲ ဖြစ်သည်။
Posted in: နိုင်ငံရေး
0 ကွန်မန့်ရေးရန်:
Post a Comment