Tuesday, November 13, 2012

ကိုရွှေဘုရားငါးတို့ ဝိတ်ချနေကြရလေပြီ


★★★★★★★★★★★★★
  ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဘေးမဲ့ကန်တော်ကြီးမှ ငါးများ Diet လုပ်နေကြချေပြီ။ ယ္ခင် ခေတ်အဆက်ဆက် ၎င်းဘေးမဲ့ငါးများမှာ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် မိမိကိုယ်ပိုင် အစီအစဉ်ဖြင့် ဒလေဟော သယ်ယူကျွေးမွေးကြသူ၊ အနီးအနားရှိ ပျံကျဈေးသယ်များထံမှ အလွယ်တကူဝယ်ယူ၍ ကျွေးမွေးကြသူများ၏ ကျေးဇူးဖြင့် ငါးစား ပေါင်မုန့်များ အားပါးတရ စား၍ ဆူဖြိုးကား မဟားတရား ကြီးထွားပွားများ ခဲ့ကြသည်။

  ခုတော့ သူတို့ ခင်ဗျာ ဒိုင်းယက်လုပ်ချိန် (ဝိတ်ချချိန်) ရောက်နေကြပေပြီ။ သိမ်တော်ကြီးဘေးရှိ ကန်တော်ကြီးကို အဝင် လူသွားလမ်း ဗျက် ခြောက်ပေခန့်ကို သိမ်တော်ကြီးဘေးမှ ကန်ထိပ်အထိ ကွန်ကရစ် ခင်းလိုက်ချေပြီ။ ကားရပ်လျှင် ပါကင်ကြေး ကောက်ချေပြီ။ ကန်တော်ကြီး အနီးအနားတွင် အခပေး ပါဘလစ်အိမ်သာ ရှိခြေပြီ။ မိမိ စိတ်ကြိုက် ငါးကျွေးရန် အစာ ယူလာခွင့် မရှိတော့။ ၎င်းအစား ကန်သို့ သွားရာ လမ်းခုလတ်တွင် ငါးစာ ပေါင်မုန့်ကို ရောင်းချသည့် ဌာန ပေါ်ပေါက်လာလေသည်။ ပြင်ပအစာများ မကျွေးရန် ဆိုင်းဘုတ်ထောင်ထားလေသည်။ ဘုရားလုံခြုံရေးရဲများက ပြင်ပအစာ မကျွေးစေရန် စစ်ဆေးသည့်အလား အစာကျွေးသူမျ
ားနားတွင် တဝဲလည်လည် လှည့်ပတ် စောင့်ကြပ်ပေးနေကြသည်။ ရေထဲ ပြုတ်ကျလျှင် ကယ်မည့်ပုံမျိုးတော့ မဟုတ်ခြေ။ ပြင်ပအစာကျွေးလျှင် ငါးများ ချက်ချင်း သေတော့မည့်အလား၊ သူတို့ ငါးစာ အရောင်းဌာနမှ ငါးစာသာ ငါးစာ အစစ်ဖြစ်သည့်အလား...။

  ယ္ခုနှစ် ၂၀၁၂ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အခါသမယတွင် ထုံးစံအတိုင်း လူစည်ကားခဲ့သည်။ မိမိတို့ မိသားစုလည်း မိတ်ဆွေများနှင့်အတူ ငါးကန်သို့ ရောက်ခဲ့ကြသည်။ ကားရပ်လျှင် ဝိုင်းအုံလုယက်၍ ငါးစား ရောင်းကြမည့် လက်ပွေ့အရောင်းကိုယ်စားလှယ် ကလေးငယ်များ ယ္ခင်ကဲ့သို့ မရှိတော့ချေ။ (သူတို့ ဝင်ငွေရရန် အခြားအလုပ် ရှာကြံလုပ်ရတော့မည် သေချာသည်။) စိတ်မကောင်း ဖြစ်လျက်က ငါးစာ အရောင်းဌာနသို့ ရှေးရှုရလေသည်။ ငါးစာ အရောင်းဌာနကား ပိတ်ထား၏။ နေ့လည် ၂ နာရီခန့် ဖြစ်သည်။ ငါးစာ ပေါင်မုန့်များ သေတ္တာအတွင်းရှိသော်လည်း၊ အရောင်းဝန်ထမ်းများ ရှိနေသော်လည်း ဝယ်၍မရချေ။ သော့ကိုင်ဝန်ထမ်း အပြင်သွားနေ၍ ဟူ၏။

  ဝယ်ခွင့်ပြုမည့်အရေး ဇွဲနပဲကြီးစွာ စောင့်နေကြသော မိသားစု တချို့ တွေ့ရ၏။ ငါးကန်ရှိ ရေစပ်များတွင် လုယက် ပွက်လောထနေသော ငါးအုပ်ကြီး ရှိ၏။ လူအုပ်ကြီး ရှိပါလျက် ဘာကြောင့် အစာ ချမကျွေးသည်ကို သူတို့ နားလည်နိုင်ပါမည်လော။ အစာမစားပဲ လှုပ်ရှားနေရခြင်းက ပိုပြီး ဝိတ်ကျကုန်မည် သေချာသည်။ အတန်ကြာ ကြည့်ပြီးနောက် (ကြည့်လို့ပဲ ရသည် အစာမှ မကျွေးဖြစ်တော့သည်ပဲ) အောင်ဖျာလိပ်ဘို့ ပြင်ခဲ့သည်။ သော့ပျောက်နေဆဲ အရောင်းဆိုင်ဘေးဝယ် သော့ကိုင် လာလိမ့်နိုးနိုး စောင့်နေကြသည့် မိသားစု အသစ်များ ထပ်တွေ့ရပြန်၏။ ဒီအတိုင်းဆို ထိုနေ့အဘို့တော့ ဘုရားငါးများ ဥပုသ်စောင့်ရပေတော့မည်။

  ယ္ခင်ကဆိုလျှင် စေတနာရှင် ကြေးရတက်များ၊ အနီးအနားရှိ မုန့်တိုက်များက မာဒဇာ ပါဘလစ်ကာ ကားတစ်စီးတိုက် ပေါင်မုန့်များ တင်၍ လာကျွေးလေ့ရှိသည်။ အနီးအနားနေသူတိုင်း မြင်တွေ့နေကျ မုဒိတာ ပွားနေကျ မြင်ကွင်းမျိုး ဖြစ်၏။ ယ္ခုတော့ ထိုသို့ အခွင့်အလမ်း မကြုံရတော့ပြီ။ ဘုရားငါးများလည်း ဝိတ်ချရချေတော့မည်။

ငါးအုပ်ကြီး ရှိ၏။ လူအုပ်ကြီး ရှိ၏။ ဘာကြောင့် အစာကျွေး နည်းပါးသွားသည်ကို ကိုရွှေငါးတို့ နားလည်နိုင်ပါမည်လော။ ကိုရွှေငါးတို့ကို နားမလည်သည်ကို အသားထားဦး ထိုသို့ လုပ်ခြင်းဖြင့် မည်သူ့၌ ဘယ်သို့ အကျိုးထူး ရှိသည်ကို မိမိပင် နားမလည်နိုင်ခြေ။ ငါးကန်ကို ကန်ထရိုက်ပေးလိုက်ခြင်းပင်လော ??? မည်သို့ပင် ဖြစ်စေ ကိုရွှေငါးတို့ ဝိတ်ချနေကြရလေပြီ။

*** ဘုရားငါးများအတွက် စိတ်မကောင်းဖြစ်စွာဖြင့် ဤစာကို ရေးပါသည်။
ကိုရွှေဘုရားငါးတို့ ဝိတ်ချနေကြရလေပြီ
★★★★★★★★★★★★★
  ကမ္ဘာအေးဘုရားဝင်းအတွင်းရှိ ဘေးမဲ့ကန်တော်ကြီးမှ ငါးများ Diet လုပ်နေကြချေပြီ။ ယ္ခင် ခေတ်အဆက်ဆက် ၎င်းဘေးမဲ့ငါးများမှာ ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် မိမိကိုယ်ပိုင် အစီအစဉ်ဖြင့် ဒလေဟော သယ်ယူကျွေးမွေးကြသူ၊ အနီးအနားရှိ ပျံကျဈေးသယ်များထံမှ အလွယ်တကူဝယ်ယူ၍ ကျွေးမွေးကြသူများ၏ ကျေးဇူးဖြင့်  ငါးစား ပေါင်မုန့်များ အားပါးတရ စား၍ ဆူဖြိုးကား မဟားတရား ကြီးထွားပွားများ ခဲ့ကြသည်။ 

  ခုတော့ သူတို့ ခင်ဗျာ ဒိုင်းယက်လုပ်ချိန် (ဝိတ်ချချိန်) ရောက်နေကြပေပြီ။ သိမ်တော်ကြီးဘေးရှိ ကန်တော်ကြီးကို အဝင် လူသွားလမ်း ဗျက် ခြောက်ပေခန့်ကို သိမ်တော်ကြီးဘေးမှ ကန်ထိပ်အထိ ကွန်ကရစ် ခင်းလိုက်ချေပြီ။ ကားရပ်လျှင် ပါကင်ကြေး ကောက်ချေပြီ။ ကန်တော်ကြီး အနီးအနားတွင် အခပေး ပါဘလစ်အိမ်သာ ရှိခြေပြီ။ မိမိ စိတ်ကြိုက် ငါးကျွေးရန် အစာ ယူလာခွင့် မရှိတော့။ ၎င်းအစား ကန်သို့ သွားရာ လမ်းခုလတ်တွင် ငါးစာ ပေါင်မုန့်ကို ရောင်းချသည့် ဌာန ပေါ်ပေါက်လာလေသည်။ ပြင်ပအစာများ မကျွေးရန် ဆိုင်းဘုတ်ထောင်ထားလေသည်။ ဘုရားလုံခြုံရေးရဲများက ပြင်ပအစာ မကျွေးစေရန် စစ်ဆေးသည့်အလား အစာကျွေးသူများနားတွင် တဝဲလည်လည် လှည့်ပတ် စောင့်ကြပ်ပေးနေကြသည်။ ရေထဲ ပြုတ်ကျလျှင် ကယ်မည့်ပုံမျိုးတော့ မဟုတ်ခြေ။ ပြင်ပအစာကျွေးလျှင် ငါးများ ချက်ချင်း သေတော့မည့်အလား၊ သူတို့ ငါးစာ အရောင်းဌာနမှ ငါးစာသာ ငါးစာ အစစ်ဖြစ်သည့်အလား...။

  ယ္ခုနှစ် ၂၀၁၂ခုနှစ် သီတင်းကျွတ် လပြည့်နေ့ အခါသမယတွင် ထုံးစံအတိုင်း လူစည်ကားခဲ့သည်။ မိမိတို့ မိသားစုလည်း မိတ်ဆွေများနှင့်အတူ ငါးကန်သို့ ရောက်ခဲ့ကြသည်။ ကားရပ်လျှင် ဝိုင်းအုံလုယက်၍ ငါးစား ရောင်းကြမည့် လက်ပွေ့အရောင်းကိုယ်စားလှယ် ကလေးငယ်များ ယ္ခင်ကဲ့သို့ မရှိတော့ချေ။ (သူတို့ ဝင်ငွေရရန် အခြားအလုပ် ရှာကြံလုပ်ရတော့မည် သေချာသည်။) စိတ်မကောင်း ဖြစ်လျက်က ငါးစာ အရောင်းဌာနသို့ ရှေးရှုရလေသည်။ ငါးစာ အရောင်းဌာနကား ပိတ်ထား၏။ နေ့လည် ၂ နာရီခန့် ဖြစ်သည်။ ငါးစာ ပေါင်မုန့်များ သေတ္တာအတွင်းရှိသော်လည်း၊ အရောင်းဝန်ထမ်းများ ရှိနေသော်လည်း ဝယ်၍မရချေ။ သော့ကိုင်ဝန်ထမ်း အပြင်သွားနေ၍ ဟူ၏။ 

  ဝယ်ခွင့်ပြုမည့်အရေး ဇွဲနပဲကြီးစွာ စောင့်နေကြသော မိသားစု တချို့ တွေ့ရ၏။ ငါးကန်ရှိ ရေစပ်များတွင် လုယက် ပွက်လောထနေသော ငါးအုပ်ကြီး ရှိ၏။ လူအုပ်ကြီး ရှိပါလျက် ဘာကြောင့် အစာ ချမကျွေးသည်ကို သူတို့ နားလည်နိုင်ပါမည်လော။ အစာမစားပဲ လှုပ်ရှားနေရခြင်းက ပိုပြီး ဝိတ်ကျကုန်မည် သေချာသည်။ အတန်ကြာ ကြည့်ပြီးနောက် (ကြည့်လို့ပဲ ရသည် အစာမှ မကျွေးဖြစ်တော့သည်ပဲ) အောင်ဖျာလိပ်ဘို့ ပြင်ခဲ့သည်။ သော့ပျောက်နေဆဲ အရောင်းဆိုင်ဘေးဝယ် သော့ကိုင် လာလိမ့်နိုးနိုး စောင့်နေကြသည့် မိသားစု အသစ်များ ထပ်တွေ့ရပြန်၏။ ဒီအတိုင်းဆို ထိုနေ့အဘို့တော့ ဘုရားငါးများ ဥပုသ်စောင့်ရပေတော့မည်။ 

  ယ္ခင်ကဆိုလျှင် စေတနာရှင် ကြေးရတက်များ၊ အနီးအနားရှိ မုန့်တိုက်များက မာဒဇာ ပါဘလစ်ကာ ကားတစ်စီးတိုက် ပေါင်မုန့်များ တင်၍ လာကျွေးလေ့ရှိသည်။ အနီးအနားနေသူတိုင်း မြင်တွေ့နေကျ မုဒိတာ ပွားနေကျ မြင်ကွင်းမျိုး ဖြစ်၏။ ယ္ခုတော့ ထိုသို့ အခွင့်အလမ်း မကြုံရတော့ပြီ။ ဘုရားငါးများလည်း ဝိတ်ချရချေတော့မည်။ 

  ငါးအုပ်ကြီး ရှိ၏။ လူအုပ်ကြီး ရှိ၏။ ဘာကြောင့် အစာကျွေး နည်းပါးသွားသည်ကို ကိုရွှေငါးတို့ နားလည်နိုင်ပါမည်လော။ ကိုရွှေငါးတို့ကို နားမလည်သည်ကို အသားထားဦး ထိုသို့ လုပ်ခြင်းဖြင့် မည်သူ့၌ ဘယ်သို့ အကျိုးထူး ရှိသည်ကို မိမိပင် နားမလည်နိုင်ခြေ။ ငါးကန်ကို ကန်ထရိုက်ပေးလိုက်ခြင်းပင်လော ??? မည်သို့ပင် ဖြစ်စေ ကိုရွှေငါးတို့ ဝိတ်ချနေကြရလေပြီ။ 

*** ဘုရားငါးများအတွက် စိတ်မကောင်းဖြစ်စွာဖြင့် ဤစာကို ရေးပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment