ဟိုး--ရှေးရှေးတုန်းကပါ။
မြန်မာပညာရှိ နဲ့ တရုတ်ပညာရှိတို့ ပညာပြိုင်ကြသည်။
ဘာသာစကားအခက်အခဲ့ကြောင့် ပညာရှိတို့သည် လက်ဟန်ခြေဟန်နှင့် အမေးအဖြေလုပ်ကြသည်။
တရုတ်ပညာရှိ။ ။ လက်ငါးချောင်းထောင်ပြသည်။
( မင်းတို့ ရှင်ဘုရင်ဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့
လုံခြုံအောင်စာင့်ထိန်းပါသလား ...)
မြန်မာပညာရှိ။ ။ လက်ဆယ်ချောင်း ပြန်ထောင်ပြသည်။
( ငါးပုလင်းလောက်တော့ ပျင်းတောင်ပျင်းသေးတယ်။
အရက်သာမှန်ရင် ဆယ်ပုလင်းဟေ့ ၊ဆယ်ပုလင်း)
(တရုတ်ပညာရှိအတွေး။သြော် -သူတို့ရှင်ဘုရင်က ငါးပါးသီလတောင်မကဘူး။မင်းကျင့်တ ရားဆယ်ပါးနဲ့တောင် ကျင့်ကြံလိုက်နာတယ်ဆိုပါလား ...။တော်လိုက်တဲ့ အဖြေ။ ပညာရှိပါပေသည်။)
တရုတ်ပညာရှိ။ ။ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ပုတ်ပြသည်။
( မင်းတို့ရှင်ဘုရင်ဟာ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့
အုပ်ချုပ်ပါသလား....)
မြန်မာပညာရှိ။ ။ လက်တစ်ဖက်က ရင်ကိုပုတ်ပြီး ကျန်လက်က ကျောကိုနောက်ပြန်ပုတ်ပြလိုက်သည် ။
( ငါးပုလင်းမက ဆယ်ပုလင်းသောက်တော့ ရင်မပူဘူးလား တဲ့ ။
မေးမှမေးတတ်ပလေ့ ။ ရင်တင်မကဘူး ။ ကျောပါပူတဲ့ဗျ။ )
(တရုတ်ပညာရှိအတွေး။တကယ်တော်လိုက်တဲ့ ပညာရှိပါပဲ။
ရှင်ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်သည့်အ ပြင် ရင်သားကျောသားမခွဲခြားဘူးဆိုပဲ။
တော်တော်လှတဲ့ အဖြေကိုဖြေတတ်တဲ့ ပညာရှိ။ ပူဇော်ထိုက်ပါပေတယ်။ )
(ဟာသလေးဘယ်နော် မီးမီးကြိုက်ကြိုက်ဘယ်အဟီးဟီး ^_^)

(တရုတ်ပညာရှိအတွေး။သြော် -သူတို့ရှင်ဘုရင်က ငါးပါးသီလတောင်မကဘူး။မင်းကျင့်တ
တရုတ်ပညာရှိ။ ။ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ပုတ်ပြသည်။
( မင်းတို့ရှင်ဘုရင်ဟာ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့
အုပ်ချုပ်ပါသလား....)
မြန်မာပညာရှိ။ ။ လက်တစ်ဖက်က ရင်ကိုပုတ်ပြီး ကျန်လက်က ကျောကိုနောက်ပြန်ပုတ်ပြလိုက်သည်
( ငါးပုလင်းမက ဆယ်ပုလင်းသောက်တော့ ရင်မပူဘူးလား တဲ့ ။
မေးမှမေးတတ်ပလေ့ ။ ရင်တင်မကဘူး ။ ကျောပါပူတဲ့ဗျ။ )
(တရုတ်ပညာရှိအတွေး။တကယ်တော်လိုက
ရှင်ဘုရင်က တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်သည့်အ
တော်တော်လှတဲ့ အဖြေကိုဖြေတတ်တဲ့ ပညာရှိ။ ပူဇော်ထိုက်ပါပေတယ်။ )
(ဟာသလေးဘယ်နော် မီးမီးကြိုက်ကြိုက်ဘယ်အဟီးဟီး ^_^)
Posted in: ဟာသ
0 ကွန်မန့်ရေးရန်:
Post a Comment