နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၏ ရှင်းလင်း ပြောကြားချက်
(Sky Net - Up to Date တွင် ထုတ်လွှင့်မှုမှ)
(ဒုတိယဝန်ကြီး) နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့
အစ္စလ်ာမ်မစ်ပူးပေါင်းဆောင်ရွက်ေ ရးအဖွဲ့
OIC တို့အကြား ရခိုင်ပြည်နယ် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ
ပေးအပ်သွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို (၁၁-၉-၂၀၁၂)ရက်နေ့မှာ
နတလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
(Sky Net) ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။
(ဒုတိယဝန်ကြီး) ပထမအချက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ OIC တို့ဟာ
ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီလိုအပ်နေတဲ့ နှစ်ဖက် အဖွဲ့အစည်းများမှ
လိုအပ်ချက် ရှိသူများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့
အကူအညီများကို လူမျိုး-ဘာသာ ခွဲခြားမှု မပြုဘဲ ထောက်ပံ့ခြင်းများ
ဆောင်ရွက်ရန် ရည်ရွယ်ပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ဆောင်ရွက်နေတဲ့
လုပ်ငန်း အားလုံးဟာ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ
ထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ
အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှုနဲ့
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အကောင်အထည်ဖော်ရာမှာ စနစ်တကျနဲ့ အဆင်ပြေချောမွေ့စေရေး အစီအစဉ် လုပ်ငန်းလမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် OIC အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ အကူအညီနဲ့
အာဟာရ၊ ဆေးဝါးအကူအညီ၊ နေအိမ်၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေး၊
အသက်မွေးဝမ်းကျောင်းမှု၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး၊
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ စတဲ့ လုပ်ငန်းများစွာကို
ဆောင်ရွက်လျက်ရှိတဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများရဲ့ လုပ်ငန်းစဉ်များမှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်
လို့ စာချွန်လွှာ အပိုဒ်(၅)မှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
(Sky Net ) ဟုတ်ကဲ့ပါ အဘ။ OIC ရုံး(၂)ရုံးကို ရန်ကုန်မြို့နဲ့
စစ်တွေမြို့တို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ပြည်သူများအကြားမှာ
ပြန့်နှံ့လျက် ရှိပါတယ်။ ဒီရုံး(၂)ရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ရော
ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိကို သိလိုပါတယ် အဘ။
(ဒုတိယဝန်ကြီး) OIC ရုံးဖွင့်လှစ်ရန် ကိစ္စနဲ့ ပတ်သက်လို့တော့
ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အပိုဒ်(၆)မှာ အဆိုပါရည်ရွယ်ချက်များကို
ပြီးမြောက်အောင်မြင်စေရန်နဲ့ OIC အား ရခိုင်ပြည်နယ်အတွင်း
လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ
နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့ အဆင့်နဲ့ လျော်ညီတဲ့
လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီရုံး(၁)ရုံးကို မြန်မာနိုင်ငံမှာ
တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် နတလက အကူအညီ ပေးရန်လို့ ဖော်ပြ ပါရှိပါတယ်။
မူလသဘောတူညီထားတဲ့ ပစ္စည်းများ ထောက်ပံ့ကူညီမှု ရှိလျှင် အဆင်ပြေစေရန်အတွက်
ရည်ရွယ်ပြီးတော့ ယာယီရုံး(၁)ရုံး ဖွင့်လှစ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ယခုအချိန်ထိလည်းပဲ OIC က တာဝန်ရှိသူများအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီ
ရုံး(၁)ရုံ ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းလာမှုတွေ မရှိ
သေးကြောင်း၊ ကမ်းလှမ်းလာပါကလည်း ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာ
ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် ၏ မှတ်ချက်
“ကျွန်တော်တို့နိုင်ငံက
OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစၥလာမ္ဘာသာ
ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က
ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊
အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင်
ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့်
ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအ
တိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။
ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့
တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန်
တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မော တောင်ဖက်သွားဖို့
Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ
ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။
အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့
နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။
အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။
သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ
ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်
(Sky Net) ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။
(ဒုတိယဝန်ကြီး) ပထမအချက်ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ OIC တို့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကူအညီလိုအပ်နေတဲ့ နှစ်ဖက် အဖွဲ့အစည်းများမှ လိုအပ်ချက် ရှိသူများ အားလုံးအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများကို လူမျိုး-ဘာသာ ခွဲခြားမှု မပြုဘဲ ထောက်ပံ့ခြင်းများ ဆောင်ရွက်ရန် ရည်ရွယ်ပြီးတော့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ဆောင်ရွက်နေတဲ့ လုပ်ငန်း အားလုံးဟာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန
ဒါ့အပြင် OIC အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ အကူအညီနဲ့ အာဟာရ၊ ဆေးဝါးအကူအညီ၊ နေအိမ်၊ ရေနဲ့ သန့်ရှင်းရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ စတဲ့ လုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိတဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများရဲ့ လုပ်ငန်းစဉ်များမှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည် လို့ စာချွန်လွှာ အပိုဒ်(၅)မှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
(Sky Net ) ဟုတ်ကဲ့ပါ အဘ။ OIC ရုံး(၂)ရုံးကို ရန်ကုန်မြို့နဲ့ စစ်တွေမြို့တို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း ပြည်သူများအကြားမှာ ပြန့်နှံ့လျက် ရှိပါတယ်။ ဒီရုံး(၂)ရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ရော ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိကို သိလိုပါတယ် အဘ။
(ဒုတိယဝန်ကြီး) OIC ရုံးဖွင့်လှစ်ရန် ကိစ္စနဲ့ ပတ်သက်လို့တော့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အပိုဒ်(၆)မှာ အဆိုပါရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေရန်နဲ့ OIC အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများရဲ့ အဆင့်နဲ့ လျော်ညီတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီရုံး(၁)ရုံးကို မြန်မာနိုင်ငံမှာ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် နတလက အကူအညီ ပေးရန်လို့ ဖော်ပြ ပါရှိပါတယ်။
မူလသဘောတူညီထားတဲ့ ပစ္စည်းများ ထောက်ပံ့ကူညီမှု ရှိလျှင် အဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီးတော့ ယာယီရုံး(၁)ရုံး ဖွင့်လှစ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ယခုအချိန်ထိလည်းပဲ OIC က တာဝန်ရှိသူများအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီ ရုံး(၁)ရုံ ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းလာမှုတွေ မရှိ သေးကြောင်း၊ ကမ်းလှမ်းလာပါကလည်း ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် ၏ မှတ်ချက်
“ကျွန်တော်တို့နိုင်ငံက OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင် ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့် ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအ
တိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန် တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မော တောင်ဖက်သွားဖို့ Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။ အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့ နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။ သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်
0 ကွန်မန့်ရေးရန်:
Post a Comment