တရုတ်နယ်စပ် အနီးရှိ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ်
လိုင်ဇာမြို့အနီး ထိုးစစ်ဆင် တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA
နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်း အဖွဲ့များက အပြင်းအထန်
ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု သတင်း ရေးသားနေချိန်
မွန်းလွဲပိုင်းအထိ နှစ်ဘက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌာနချုပ် လိုင်ဇာနှင့် ၅ မိုင် ဝန်းကျင်ခန့် အကွာရှိ လဂျာယန်ရွာနှင့် တုံဖုန်းယန်ရွာ အထက်ပိုင်း နှစ်နေရာတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး အစိုးရ
တပ်ဘက်မှ လက်နက်ကြီးများဖြင့် တရစ ပ်ပစ်ခတ် နေကြောင်း ရှေ့တန်းရောက် ကျောင်းသား တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အစိုးရ တပ်ဘက်က အင်အားများတယ်။ ပြန့်ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီးတွေနဲ့ တရစပ် ပစ်နေတယ်။ အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။ KIA တပ်ဖွဲ့မှလည်း
လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်လျှက်ရှိရာ အစိုးရတပ်များ လူစုကွဲကာ ကစဉ့်ကလျား ဖြစ်နေကြောင်း သူက ဆက်ပြောသည်။မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌာနချုပ် လိုင်ဇာနှင့် ၅ မိုင် ဝန်းကျင်ခန့် အကွာရှိ လဂျာယန်ရွာနှင့် တုံဖုန်းယန်ရွာ အထက်ပ
တပ်ဘက်မှ လက်နက်ကြီးများဖြင့် တရစ
“အစိုးရ တပ်ဘက်က အင်အားများတယ်။ ပြန့်ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီးတွေနဲ့ တရစပ် ပစ်နေတယ်။ အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။ KIA တပ်ဖွဲ့မှလည်း
“အခု လောလောဆယ်အထိ အစိုးရတပ်ဘက်က စခန်းသိမ်းနိုင်တာ မရှိသေးဘူး။ လဂျာယန်နားမှာ ရှိတဲ့ သူတို့ တပ်ကုန်းကို လူအင်အား (၁၀၀) ကျော်လောက် တက်သွားတယ်။ ပြန့်မှာတော့ အများကြီး ရှိနေသေး တယ်။ (KIA) ဒီဘက်ကလည်း ၁၂၀ တွေနဲ့ အဲဒီကုန်းကိုရော ပြန့်ဘက်ကိုရော လှမ်းပြီး ထုနေတယ်။ တချို့ နေရာတွေမှာ လူနဲ့ ပိတ်ပြီး မိုင်းတွေလည်း ထောင်ထားတယ် ” ဟု သူက ဆိုသည်။
လတ်တလော အစိုးရတပ်ဘက်မှ KIA ၏ ဗဟိုလုံခြုံရေး တပ်ဖြစ်သော တပ်မဟာ (၅) နယ်မြေနှင့် ဗန်းမော်ခရိုင် လွယ်ဂျယ် အနီးရှိ စခန်း တစ်ခုအား ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
0 ကွန်မန့်ရေးရန်:
Post a Comment