By The IT Times 9 August, 2012 - 13:32
ငယ်ငယ်က စိတ်ပညာ ဘာသာရပ်ကို သင်ယူလေ့လာတဲ့အခါမှာ လူတွေဟာ သိစိတ်နဲ့
မသိစိတ်ဆိုတဲ့ စိတ်နှစ်မျိုး ပိုင်ဆိုင်ထားပြီး မသိစိတ်ဟာ စွမ်းအင်
ပိုမိုကြီးမားတယ်လို့ သိခဲ့ရပါတယ်။
အဲဒီပုံစံကို ဘာနဲ့
ဥပမာပေးလဲဆိုတော့ မြစ်ထဲမှာ မျောနေတဲ့ သစ်တုံးတစ်တုံးလို ပေါ်နေတဲ့အပိုင်းက
သိစိတ်ဖြစ်ပြီး မြှုပ်နေတဲ့အပိုင်းက မသိစိတ်ဖြစ်တယ်လို့ ဥပမာပေးခဲ့ပါတယ်။
ဒီအတိုင်းဆိုရင် ကျွန်တော်တို့ တစ်နေ့တာ အသုံးချနေတဲ့
စဉ်းစားတွေးတောနိုင်မှုက အိပ်ပျော်နေတဲ့ မသိစိတ်လောက် အင်အား မကြီးဘူးဆိုတာ
အသေအချာပါပဲ။
လူတစ်ယောက်က ဦးနှောက်ကို ဘယ်လောက်အသုံးချတယ်
ဆိုတာက ၂၀ ရာစု လေ့လာမှုတွေအတိုင်း ပြန်လည် ပြောပြရမယ်ဆိုရင် ဦးနှောက်ရဲ့
အနည်းငယ်သော အလုပ်လုပ်ဆောင်မှုတွေကိုသာ လူတွေက အသုံးချနိုင်တယ်လို့
အဖြေထွက်ခဲ့ပါတယ်။
ဒါကို အမှန်တရားလို့ ယုံကြည်ခဲ့ကြပြီး
စိတ်ပညာစာအုပ် အများအပြား မှာလည်း လူတွေက ဦးနှောက်လုပ်ဆောင်နိုင်မှုထက်
အများကြီးလျော့ကာ အသုံးချနေကြတယ်လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံး လေ့လာမှုတွေမှာတော့ လူတွေဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို အသုံးပြုနေကြပါသတဲ့။
ဘာကြောင့်လဲဆိုတော့ အိပ်စက်ချိန်မှာတောင် အနားမယူတဲ့ ဦးနှောက်ဟာ လူရဲ့
လုပ်ဆောင်မှုတိုင်းမှာ အစိတ်အပိုင်း အနည်းငယ်သာ အသုံးချနေတယ်ဆိုတဲ့ အယူအဆကို
လက်မခံနိုင်ကြတော့လို့ပါ။ ထိရောက်တဲ့ အသုံးချမှုနဲ့ အပေါ့စား အသုံးချမှုသာ
ကွာဟမှု ရှိနိုင်ပေမယ့် ဦးနှောက်ကို အသုံးချပုံကတော့ အစိတ်အပိုင်း
အားလုံးနီးပါးဖြစ်တယ်လို့ ယူဆကြပါတယ်။
By The IT Times 9 August, 2012 - 13:32
ငယ်ငယ်က စိတ်ပညာ ဘာသာရပ်ကို သင်ယူလေ့လာတဲ့အခါမှာ လူတွေဟာ သိစိတ်နဲ့
မသိစိတ်ဆိုတဲ့ စိတ်နှစ်မျိုး ပိုင်ဆိုင်ထားပြီး မသိစိတ်ဟာ စွမ်းအင်
ပိုမိုကြီးမားတယ်လို့ သိခဲ့ရပါတယ်။
အဲဒီပုံစံကို ဘာနဲ့ ဥပမာပေးလဲဆိုတော့ မြစ်ထဲမှာ မျောနေတဲ့ သစ်တုံးတစ်တုံးလို ပေါ်နေတဲ့အပိုင်းက သိစိတ်ဖြစ်ပြီး မြှုပ်နေတဲ့အပိုင်းက မသိစိတ်ဖြစ်တယ်လို့ ဥပမာပေးခဲ့ပါတယ်။
ဒီအတိုင်းဆိုရင် ကျွန်တော်တို့ တစ်နေ့တာ အသုံးချနေတဲ့ စဉ်းစားတွေးတောနိုင်မှုက အိပ်ပျော်နေတဲ့ မသိစိတ်လောက် အင်အား မကြီးဘူးဆိုတာ အသေအချာပါပဲ။
လူတစ်ယောက်က ဦးနှောက်ကို ဘယ်လောက်အသုံးချတယ် ဆိုတာက ၂၀ ရာစု လေ့လာမှုတွေအတိုင်း ပြန်လည် ပြောပြရမယ်ဆိုရင် ဦးနှောက်ရဲ့ အနည်းငယ်သော အလုပ်လုပ်ဆောင်မှုတွေကိုသာ လူတွေက အသုံးချနိုင်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။
ဒါကို အမှန်တရားလို့ ယုံကြည်ခဲ့ကြပြီး စိတ်ပညာစာအုပ် အများအပြား မှာလည်း လူတွေက ဦးနှောက်လုပ်ဆောင်နိုင်မှုထက် အများကြီးလျော့ကာ အသုံးချနေကြတယ်လို့ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံး လေ့လာမှုတွေမှာတော့ လူတွေဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို အသုံးပြုနေကြပါသတဲ့။
ဘာကြောင့်လဲဆိုတော့ အိပ်စက်ချိန်မှာတောင် အနားမယူတဲ့ ဦးနှောက်ဟာ လူရဲ့ လုပ်ဆောင်မှုတိုင်းမှာ အစိတ်အပိုင်း အနည်းငယ်သာ အသုံးချနေတယ်ဆိုတဲ့ အယူအဆကို လက်မခံနိုင်ကြတော့လို့ပါ။ ထိရောက်တဲ့ အသုံးချမှုနဲ့ အပေါ့စား အသုံးချမှုသာ ကွာဟမှု ရှိနိုင်ပေမယ့် ဦးနှောက်ကို အသုံးချပုံကတော့ အစိတ်အပိုင်း အားလုံးနီးပါးဖြစ်တယ်လို့ ယူဆကြပါတယ်။

Posted in: ဗဟုသုတ
0 ကွန်မန့်ရေးရန်:
Post a Comment