အဲဒီ တရားသူကြီးကို ငါကျွေးသလို မင်းကျွေးမထား နိုင်ခဲ့ဘူးလေ”
၁၄.၈.၂၀၁၂
MK ; ၄.၈.၂၀၁၂ --EUby
Myat Thi Ha , facebook အင်တာနက်စာမျက်နှာမှ
နေစရာ အိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်း ထပ်လိုချင်လို့ ….ဒေါ်စုကို
အောင်ဆန်းဦးက တရားစွဲတယ် ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် အမြှီးပါလဲ
လေးစားမယ် ဆိုတဲ့ စိတ်ဓါတ် ပျောက်သွားတယ်။ လူတွေဟာ လူတွေဘဲလေ ဘုရား
နဲ့ပတ်သက်တဲ့ အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။
ကရင့်ခေါင်းဆောင် စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ် ဆိုတာကြားဖူးတော့ .. သူ့ကို ဘာကြောင့်လေး စားထိုက်တယ် ဆိုတာသိသွားတယ်။
ကရင့်တော်လှမ်းရေးထဲ ရောက်ခါစ… သူများတွေ စောဘဦးကြီး ဆိုလို့သာ လိုက် “ဦး” နေတာ၊ ဘာကြောင့် လေးစားဖို့ ကောင်းတယ်ဆိုတာ မသိဘူး။
ပိုဆိုးတာက…ပြည်တွင်းမှာ နေတုန်း၊ အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ “နယ်ချဲ့
အင်္ဂလိပ် လက်ကိုင်ဒုတ်” ဆိုပြီးဓါတ်ပုံ တစ်ပုံ တွေ့ဖူးတယ်။ ဓါတ်ပုံထဲမှာ
စောဘဦးကြီးက မုတ်ဆိပ်မွှေး..ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလဲ.. ရွှေဘ
သရုပ်ဆောင်တဲ့ “ ဗိုလ်စံဖဲ” ဇာတ်ကားထဲက နောက်ဆုံး အခန်းမှာ….ဗိုလ်စံဖဲကို
ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ် အလိုတော်ရိ ပန်ချာပီစစ်ပုလိပ်
တွေယူနီဖေါင်း အတိုင်းဘဲ..... ဆိုတော့... အစိုးရသုံးတဲ့ စကားလုံးကို
ယုံသွားတယ်။
နယ်စပ်ရောက်မှ နဲနဲကြားဖူးလာတာက.... မော်လမြိုင်ကို ကရင်တပ်တွေ သိမ်းတော့
တချို့ ကရင်တပ်ဖွဲ့တွေက ဘဏ်တိုက်တွေ ဖေါက်ပြီး ငွေတွေယုကြလို့ ၊
စောဘဦးကြီးက သူ့မှာ တာဝန်ရှိပါတယ် ဆိုပြီး…..သူပိုင်တဲ့ လယ်မြေတွေရောင်း…. ငွေတွေ ပြန်စိုက် လျှော်တာ ကြားဖူးတော့ နဲနဲ လေးစားလာတယ်။
သူ့အဖေကို ဘာကြောင့် ဘယ်လို တရားစွဲတယ် ဆိုတာကြားဖူးတော့မှ စပြီး..အသေအခြာလေး စားထိုက်တယ် ဆိုတာ သိသွားတယ်။
တကယ်တော့ ဒီအကြောင်းက စာပေ မှတ်တမ်းမှတ်ရာ မရှိပါဘူး။ ၁၉၈၉ခုနှစ်.. ညတစ်ည
…..မာနယ်ပလောမှာ ဖူးဝါးခို (ဗိုလ်ချုပ်ကြီး တာမလာဘော )ပြောပြတဲ့ အိပ်ယာဝင်
ဖြစ်ရပ်မှန် ပုံပြင်ပါ ။
အဲဒီတုန်းက မာနယ်ပလောမှာ…လှေဆိပ် ကုန်းပေါ်ကို တက်တက်ချင်း … ဘယ်ဘက်မှာ
အိမ်ကြီး ဆိုတာရှိတယ်။ သစ်သားအိမ်ကြီးပေါ့။ အဲဒီမှာ ထိုစဉ်က စစ်ရေးချုပ်
ဗိုလ်ချုပ်က စဲဒိုနဲ့ ရုံးအဖွဲ့ရယ်…ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ ရယ်။
ရုံးလဲထိုင်တယ်….နေလဲနေတယ်။ အဲဒီတုန်းက ည ၉ နာရီဆိုရင် မာနယ်ပလော
တစ်ခွင်လုံး ရှိတဲ့ မီးစက်တွေပိတ်….ဘုရားရှိခိုး…အိပ်ယာ ၀င်ကြရတယ်။စစ်တပ်
ထုံးစံအတိုင်းပေါ့။ ဒါပေမဲ့ ဖူးဝါးခို ဟာဘယ်တော့ မှချက်ချင်း မအိပ်ဘဲ
မှောင်ထဲမှာဘဲ...အားလုံးကြားအောင် စကားစမြည်တွေ ပြောနေလေ့ရှိတယ်။
အဲဒီတုန်းကမှတ် သားဖူးတာပါ ။
ဇာတ်လမ်းက ဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါ ပါ။
ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေ ပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက်
သူ့မိဘများနှင့် အတူ နေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ
သူ့အိမ်ပေါ်ကနေ ခေါင်းငိုက်စိုက် မျက်ရည် စက်လက်နဲ့ ဆင်းသွားတာကို.....
အိမ်ရှေ့ ၀ရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးက တွေ့လိုက်တယ်။ ဒါနဲ့အကြောင်း
သိချင်လို့ထင်ပါရဲ့ ….. ခြံပြင် ရောက်သွားတဲ့ လယ်သမား ကြီးနောက်ကို
လိုက်သွားပြီး အကျိုးအကြောင်း မေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို
သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်း မသိတော့ အကျိုးအကြောင်း ရှင်းပြသတဲ့။
ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့ လယ်မြေတွေ ကို စောဘဦးကြီး ဖခင်ထံမှာ
ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာ နောက်ဆုံး ရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲ
အမျိုးမျိုးကြောင့် အဲဒီနေ့ကျမှ ရွေးနိုင်ပြီး လာခဲ့တဲ့ ခရီးကလဲ ခက်ခဲတော့
ညနေပိုင်းမှ ရောက်လာသတဲ့။ ဒါကြောင့် လယ်မြေကို သွားရွေးတဲ့အခါမှာ
နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရ ထိုနေ့ညနေအထိ ဆိုတော့ ညနေစောင်းသွားပြီ
ဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများ သိမ်းဆည်းလိုက်ပြီ
ဖြစ်ကြောင်း ပြောလိုက်လို့ …. ၀မ်းနဲ အားငယ်စွာနဲ့ ပြန်လာရတာ ဖြစ်ကြောင်း။
မိမိတို့ မိသားစုဘာဆက်လုပ်ရမည် မသိကြောင်း စောဘဦးကြီးကို ရှင်းပြသတဲ့။
ဒီအခါမှာ စောဘဦးကြီးက သူ့လက်က နာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲ
ရှိသေးတယ် ဦးကြီး သွားပြောတဲ့ အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲ
ရှိမယ်။ဒါကြောင့် ၆ နာရီ မထိုးသေးရင် အချိန်မှီ သေးတယ်လို့ ပြောလို့ရတယ်
ကျွန်တော် သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီး လယ်သမားကြီးကို
အကြံပေးတယ်။
ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ … နားမလည်...လက်လှမ်း
မမှီပါဘူးကွယ် ။ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ် တွေနဲ့မှဖြစ်မှာ၊
ဦးကြီးတို့မှာ ဒီလို ရှေ့နေ ငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေး
မပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊
ဒီအခါမှာစောဘဦးကြီးက --“ဒီမှာဦးကြီး ကျွန်တော်ဟာ ရှေ့နေဘဲ၊ ဦးကြီးက
မတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာ အမှုတင်ပါ
... ကျွန်တော်လိုက်မယ် ရှေ့နေခ တစ်ပြားမှ ပေးစရာမလိုပါဘူး ကျွန်တော်
မတရားမှုကို မကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား
ခဲ့တယ်တဲ့။
ဒီလိုနဲ့ … စောဘဦးကြီး အဖေကတစ်ဖက်…စောဘဦးကြီးနဲ့ လယ်သမားကြီးက တစ်ဘက် ….
အဆင့်ဆင့် တရားဆိုင်ကြရင်း…နောက်ဆုံး စီရင်ချက်ချတဲ့နေ့မှာ … စောဘဦးကြီးဟာ
လက်သီး ကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။
တရားရုံးက စီရင်ချက်မှာ သူ့ဖခင်ဘက်ကို အနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန်
ရောက်တော့ ဖခင်နဲ့မျက်နှာချင်း ဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က
ဥပဒေကြောင်း လျှောက်လှဲ ချက်တွေ ဘယ်လောက် ခိုင်ခိုင်မာမာ တင်ပြ
နိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ...မမျှတဟု
ထင်ကြောင်း….မကြေမနပ်နဲ့ ပြောသတဲ့။
အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ
အကုန်ပြည့်စုံပေမဲ့…မပြည့်စုံတာ တစ်ခုရှိတယ်..... အဲဒါက....
အဲဒီတရားသူကြီးကို ငါကျွေးသလို မင်းကျွေးမထား နိုင်ခဲ့ဘူးလေ” လို့
ခပ်အေးအေး ပြန်ပြောသတဲ့။
သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန် ပုံပြင်ကလေးကတော့ ဒါပါဘဲ ။ ဥပဒေပညာရှင်
စောဘဦးကြီးဟာ အဲဒီကထဲက.....ဥပဒေ ဆိုတာဟာ…တစ်ခါတရံမှာ တကပ်တမ်း ရိုးသား
ခံစားရတဲ့ သူတွေကို ကာကွယ်ဖို့ထက် ... နားလည်တဲ့ လူလယ် တွေက ဥပဒေ
နားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်” သဖွယ် ဖြစ်တတ်တယ်
ဆိုတာ …. နားလည် သဘောပေါက် သွားပုံရပါတယ်။ ဒါကြောင့်လဲ ကရင်အမျိုးသားရေးမှာ
“လက်နက်အစစ်” ကိုကိုင်တဲ့ လမ်းစဉ်ကို မရွေးမဖြစ် နောက်ဆုံး ရွေးခဲ့ရတာ
ဖြစ်ချင်လဲဖြစ်မှာပေါ့။
MK ; ၄.၈.၂၀၁၂ --EUby
Myat Thi Ha , facebook အင်တာနက်စာမျက်နှာမှ
0 ကွန်မန့်ရေးရန်:
Post a Comment