ဒေါင်းမြရင်
ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်သူများမှာ စစ်တွေမြို့ပေါ်၌ ရှိနေသောကြောင့် ညမထွက်ရအမိန်အား ဖောက်ဖျက် ကျူးလွန်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ရာတွင် ရခိုင်တိုင်း ရင်းသားများမှာ အများစုဖြစ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောသည်။" စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ဦး၊ သံတွဲ နှစ်မှုမှာ လူ ၂ ဦး၊ စုစုပေါင်း ၆၃ ဦးစီရင်ချက်ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့် ဆုံး ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့တာဖြစ်တယ်။အများစုမှာ ရခိုင်တိုင်း ရင်းသား တွေ ဖြစ် တယ်။ စစ်တွေမှာ အများဆုံးဖြစ်နေတာကလည်း တ ရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်သူတွေဟာ စစ်တွေမြို့ပေါ် မှာပဲ ရှိနေ ခြင်းကြောင့်ဖြစ်တာ။ " ဟု သူကပြောသည်။
ညမထွက်ရအမိန့် ဖောက်ဖျက်သူများထဲတွင် အမှန်တကယ် ချိုးဖောက်သူ တွေလည်း ပါသလို ကျန်းမာရေးအရ၊ စားဝတ်နေရေးအရ မ လွဲမရှောင် သာ သွားလာရသူများလည်း ပါဝင်နေကြောင်း ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ(RNDP) အတွင်းရေးမှူး ဦးခိုင်ပြည် စိုး ကပြောသည်။
" အမှန်တကယ် ပြစ်မှုကျူးလွန်ပြီး ဖမ်းထားတဲ့ INGO ၀န်ထမ်းဘင်္ဂါလီတွေကို ပြန်လွှတ်ပေးလိုက် တဲ့အချိန်မှာ ရခိုင်တိုင်းရင်းသားတွေကို ပြစ် ဒဏ်တွေ ချမှတ်ထားတယ်၊ အခုလို ဖြစ်နေတာဟာ ဘင်္ဂလီတွေအတွက် လူ့အခွင့်အရေး ဆို တဲ့ ဆောင်ပုဒ်အောက်ကနေနိုင်ငံတကာကလုပ် ဆောင်ပေးမယ့်သူတွေရှိတယ်၊ ရခိုင်တိုင်းရင်းသားတွေ အတွက်ကကျတော့ လူ့အခွင့် ရေး ဆိုတဲ့ ဆောင်ပုဒ်အောက်က အော်မယ့်လူ မရှိဘူး၊ မြန်မာအစိုးရကိုလည်း ဒေသခံ တိုင်းရင်းသားတွေအပေါ်မှာ အကာအကွယ် မပေး နိုင်တာဖြစ်တယ်။ " ဟု ၎င်းက ဆက်ပြော သည်။
သြဂုတ် ၁၆ ရက်နေ့က နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs)ဖြစ်သည့် AZG မှ ၀န်ထမ်းသုံးဦးနှင့် WFPမှ ၀န်ထမ်း နှစ်ဦး တို့အား စစ်တွေ၊ ဘူးသီးတောင် အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ INGO ၀န်ထမ်းများမှာ အရေးအခင်း၌ အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သည့် ခိုင်မာသော သက်သေများ ရရှိထားပြီး၊ ဥပဒေနှင့် အညီ အရေးယူသွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဇူလိုင် ၃၀ ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာရုံးဟောင်း ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက် ကိန်းဂဏန်းများအရ ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူများအပါအ၀င် အရေး အခင်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ စုစုပေါင်း ၈၇၂ ဦး ရှိကြောင်းသိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment