Inbox
x
Inbox
ဒီမိုဝေယံ
ဒုသမ္မတကြီး မလာမှီ တစ်ည အလို
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ကို မနက်ဖြန် (၂၅ရက်နေ့မှာ)ဆိုရင် ဒုသမ္မတ ဦးဥာဏ်ထွန်း လာပါမည်။ ထို့ကြောင့်လမ်းနှင့် ဌာနဆိုင်ရာ အဆောက်အဦးများ ဆေးသုတ်၊ လမ်းခင်း ပြုလုပ်ကြရပါသည်။ တစ်သက်လုံး မပြုပြင် မတည်ဆောက် ခဲ့သော လမ်းများကို ညတွင်းချင်း(တစ်ညတည်းနှင့်) အပြီး လမ်းခင်းဖာထေးနေကြသည်မှာ အတော် အံသြဖို့ ကောင်းလှပါသည်။ သမ္မတကြီး ပြောကြားထားသော စကား(ပွင့်လင်းမြင်သာမူ)ကို အတည်ပြု ပေးနေပုံမှာ အင်မ တန်မှပင် ချီးကျူးစရာပါ။
ဒုသမ္မတကြီး မလာခင်ည လမ်းများကို (သဲနှင့် ရွံ့) ခင်း၊ မရှိတဲ့ ပလတ်ဖောင်း ထုံးသုတ်၊ ချိုင့်ကြီးလျှင် ကားနှင့် ကာကွယ်ထားပါသည်။ လမ်းဘေးဈေးသည် ဆိုင်ခန်းများ (၁၂၀) ခန့်ကြိုဖျက်ထားသည်။ သမ္မတကြီးပြန်လျင် ၀ါးဝယ်၊ အမိုး ၀ယ်နှင့် မရှိလို့ ဈေးရောင်းစားပါတယ်။ သမ္မတကြီးလာမှ ဆိုင်အဟောင်းဖျက် အသစ်ထပ်ဆောက် ရပါမည်။ မြို့အင်္ဂါရပ် ရှိရမည်အချိန်သည် သမ္မတကြီး လာချိန် လို့ယူဆရမလိုဖြစ်နေပါသည်။ ယခုလို လိမ်လည် လှည့်စားနေသော အောက်ခြေ ၀န်ထမ်းများကို ကောင်းမွန်စွာ သတိပေးသင့် နေပါပြီ။ လူကြီးလာမှ အလုပ်လုပ်၊ လူကြီးမျက်နှာကြည့်၊ လူကြီးကို လိမ်၊ ပြည်သူကို မကြည့် ဒူးခေါင်း လောက်မြုပ်နေတဲ့ လမ်းကို မပြ၊ ခေတ် အဆက်ဆက်လိမ်ခဲ့ ကြသည်မှာ တော်သင့်ပါပြီဗျာ။ ဒုသမ္မတကြီးလာလျှင် ကားစောင့် မှာစိုးလို့
သဲခင်းထားပါသည်။ (ဖြည်းဖြည်းမောင်းနော် ကားဆရာ) ကားတွန်းနေရအုံးမယ်။ ထို့ကြောင့် သမ္မတကြီး ပြန်လျှင် ခရမ်းမြို့တော့ ဗွတ်ထပါပြီဗျာ။ အကြံပြုလိုသည်မှာ လမ်းဆင်းလျှောက်ပြီး ပြည်သူကို လိုက်ကြည့်စေချင်ပါသည်။
ခရမ်းသား..

0 ကွန်မန့်ရေးရန်:
Post a Comment