ဆွစ်ဇာလန်ဘဏ်များ၏ ဖောက်သည်တို့အတွက် အချက်အလက်များကို
ထိပ်တန်းလျို့ဝှက်ပေးမှုဟူသော ၁၉၆၀ ပြည့်နှစ်များလောက်အထိ ထိန်းသိမ်းခဲ့သော
အစဉ်အလာသည် ရာဇ၀တ်ကောင် လူဆိုးဂိုဏ်းခေါင်းဆောင် များ၊ အာဏာရှင်
ဟောင်းများအတွက်သာ ကောင်းသော စနစ်ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့်
အာဏာရှင်လက်အောက်မှ လွတ်မြောက်အောင် ရုန်းကန်ခဲ့ကြသော နိုင်ငံများမှ
ပြည်သူများ၊ နိုင်ငံကြီးများမှ အခွန်ထ
မ်းပြည်သူ များနှင့် ကုမ္ပဏီကြီးများ၏ ရှယ်ယာရှင် သာမန်ပြည်သူများအတွက် တစ်ဖက်သတ်ဆန်သော ကျင့်စဉ်အပေါ် နိုင်ငံတကာ ဖိအားကြီးမားသထက် ကြီးမားလာသကဲ့သို့ ဘဏ်ကြီးများဘက်မှ တစ်ခုပြီးတစ်ခု အလျော့ပေးလာခဲ့ရပါသည်။
အစိုးရချင်း (ဂျီတူဂျီ)
ယခုနောက်ဆုံး အခွန်ရှောင်ပြေး ကွန်းခိုရာ tax havens အဖြစ် ကျန်နေသေးသည့် ဆွစ်ဇာလန်ဘဏ်များအပေါ် ဗြိတိသျှအစိုးရက သူ့နိုင်ငံသားများနှင့်ပတ်သက်၍ ဆက်လက် လုပ်ကိုင်မပေးတော့ရန် သဘောတူညီမှု ယူခဲ့သည်။ အလားတူ သဘောတူညီမှုကို ဂျာမနီနိုင်ငံနှင့် အစောပိုင်းက ပြုခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် ဗြိတိသျှ နိုင်ငံများ ဆွစ်ဇာလန်ဘဏ်တွင် တိတ်တဆိတ် သွားရောက်ထားသမျှအပေါ် ၂၀၁၃ မှစ၍ ၃၄ ရာခိုင်နှုန်းမျှ အခွန်ပေးဆောင်ရန် ဖြစ်လာပါသည်။ ယင်းနှင့်အတူ ဗြိတိန်သို့ ပြန်လည်လွှဲပြောင်းပေးပို့ remittance များအတွက်ပါ ဆွစ်ဇာလန်အစိုးရက ကြိုတင်ဖြတ်တောက်မှုအခွန် withholding tax ပြုထားပြီး ဗြိတိန်အစိုးရထံ လွှဲပြောင်းပြီးမှ စာရင်းပိတ်ရန် သဘောတူကြသည်။
ဤသဘောတူညီချက်မှ ဗြိတိန်သည် ဒေါ်လာအားဖြင့် ၇ ဒသမ ၈ ဘီလျံမျှ အခွန်ဝင်ငွေ ရရှိသွားမည်ဖြစ်သည်။ သို့သော် ရတနာကျွန်း Treasure Islands ၀တ္ထု (၁၉ ရာစုဂန္ထ၀င်) ကို အမည်ယူထားသော စီးပွားရေး စာအုပ်အားရေးသူ နီကိုလပ်စ်ရှက်ဆွန် Nicholas Shaxson က ဆွစ်ဘဏ်ကြီးများသည် သူတို့ဖောက်သည်များ၏ အမည်များကို ဆက်လက်ဖုံး ကွယ်ပေးထားနိုင်ရန် အတော်ကြီးမားသော လာဘ်ငွေများသုံးထား ဆဲရှိသည်ဟု ဆိုသည်။ ဤအတိုင်း မှန်လျှင် ပဲရစ်အခြေစိုက် ချမ်းသာသော နိုင်ငံကြီးများချည်း ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ကြီး Organization for Economic Co-operation and Development OECD က ချမှတ်သည့် နိုင်ငံတကာ အခွန်တိမ်းရှောင် မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး သဘောတူညီမှုအား ဖောက်ဖျက်ရာကျပါမည်။
ဆွစ်ဘဏ်ကြီးများဘက်မှ အ စိုးရ၏ရပ်တည်မှုတစ်ခုချင်းနောက် ဆုတ်ပေးလာရသည့်ကာလနှစ်ငါး ဆယ်မျရှိလာပါပြီ။ ဘဏ်ကြီးများ ဘက်မှရပ်တည်ကြသူတို့၏အင်အား မှာကလည်းမသေးငယ်လှပါ။ သူတို့ က ဘဏ်များတွင်ငွေထားခြင်းသည် စီးပွားရေးလည်ပတ်မှုကိုအားပေး သောကြောင့် ငွေကြေးခ၀ါချခြင်း အ ခွန်တိမ်းရှောင်လိမ်လည်ခြင်းမဟု တ် ဟုဆိုပါသည်။
ဘဏ်အပ်ငွေသည် ငွေကြေးဈေးကွက်၌ ရင်းနှီးမြှုပ်နှံရန်
ငွေချေးငှားမှုလွယ်ကူပေါများစြေ ပီး တိုင်းပြည်စီးပွားရေးကို အကျိုးရှိစေ
သည်။ ထိုဘဏ်အပ်ငွေအပေါ် အခွန်ကောက် ဖြတ်တောက်ခြင်းသည်ပင် ထိုစီးပွားရေး
အကျိုးပြုမှုကို ထိခိုက်စေသောကြောင့် 'မတို့မထိ' အပ်သောအရာဟု ဆိုကြသည်။
ဤအယူအဆအားဖြင့် ဘဏ်တို့၏ ဖောက်သည်အပေါ်သစ္စာရှိမှု၊ လျှို့ဝှက်စရာရှိတာ
လျှို့ဝှက်ပေးထားမှုသည် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းသာဖြစ်သည်ဟု
ဆိုပြန်သည်။
သူတို့လောက် အယူအဆ မပြင်းထန်သော်လည်း လက်တွေ့ကျသည့် ရှုထောင့်မှ ကန့်ကွက်သူများစွာ ရှိနေသေးသည်။ အချို့က ရှယ်ယာရှင်များ အကျိုးကိုသာ ကြည့်ရမည့်တာဝန်ရှိသော ကုမ္ပဏီများအနေဖြင့် အခွန်ကို ရှင်းရှင်းကလေးနှင့် နည်းနည်း ကလေးသာဆောင်နိုင်ရန် ကမ်းလွန်ဘဏ်များ၌ ငွေစာရင်းဖွင့်ခြင်းသည် လိုအပ်ချက်ဖြစ်သည်ဟု ဆိုပါသည်။ မိမိလုပ်ငန်းကို တကယ်လုပ်သော နိုင်ငံမဟုတ်သည့် အခွန်နှင့်စည်းမျဉ်း လျော့လျဲသည့်နိုင်ငံ၌ အခြေစိုက်ထားရှိခြင်း (သို့)ဘဏ်စာရင်း သွားရောက်ဖွင့်လှစ်ထားရှိ လွှဲယူ၊ လွှဲပို့လုပ်ခြင်းကို ကမ်းလွန် offshore ဟုခေါ်ပါသည်။
ကုန်းတွင်းမှာ ပြင်ဆင်ပါ
ကုန်းတွင်း onshore ၌ အခွန်နှင့် စည်းမျဉ်းတင်းကျပ်များပြားသလို မလိုအပ်မှုများ၊ ရှုပ်ထွေးမှုများ၊ မတူညီမှုများက လိုက်ပါဆောင်ရွက်ရသည့်စရိတ် transaction cost ကို ကြီးစေသည်။ ကမ်းလွန်ငွေကြေး လုပ်ငန်းရှင်များသည်လည်း ပေါ်ကာစနှင့်မတူတော့ဘဲ အခွန်နှင့်စည်းမျဉ်း ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များအားဖြင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများနှင့် ပြိုင်ဆိုင်မှု သဘောတရားအရ
ပိုမိုလွယ်ကူရှင်းလင်းခြင်းတစ် ခုသာ ကြီးမားသာလွန်ပါတော့သည်။
တဖန် ကုမ္ပဏီအတွက်သာ အမြတ်ရှောင်တိမ်းနိုင်သော်လည်း ရှယ်ယာရှင်များအဖို့ သူ့နိုင်ငံအရောက်တွင် သူ့ဥပဒေစည်းမျဉ်းနှင့် သူ့ရှယ်ယာအပေါ် အမြတ် dividends ကို ၀င်ငွေခွန်အဖြစ် ပေးဆောင်ကြရမည်သာဖြစ် ပါသည်။ ယခုအခါ ကုန်းတွင်း ငွေကြေးဘဏ္ဍာရေး ပြုပြင်ပြောင်း လဲမှုများ၌ လုပ်ငန်းအမျိုးမျိုးအပေါ် တစ်ခုချင်းစရိတ်နှင့် အမြတ်အစားကုမ္ပဏီ၏ နှစ်စဉ်အမြတ်ဝင်ငွေကိုသာ ကောက်ခံခြင်း၊ ကုမ္ပဏီဝင်ငွေအပေါ် ကောက်ခံပြီးပါက ရှယ်ယာရှင်တစ်ဦးချင်း၏ ၀င်ငွေအပေါ် ကင်းလွတ်ခွင့်ပြုခြင်း အစရှိသည့် စည်းမျဉ်းဖြေ လျော့မှုများ စတင်နေကြောင်း တွေ့ကြရပါသည်။
ဆိုလိုသည်မှာ OECD ၏ သဘောတူညီချက်ဖြစ်သော အခွန်တိမ်းရှောင်မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး၊ ကုမ္ပဏီကြီးများက ကမ်းလွန်ငွေကြေးလုပ်ငန်းများထံ သွားရောက်ရေး အစရှိသည်တို့မှာ မလိုအပ်တော့သော ခေတ်နောက်ကျကျန်ရစ်တော့မည့် မီဒီယာနှင့် အရပ်သားတို့ကြားသာ ကျန်ရစ်တော့မည့် အကြောင်းအရာများ ဖြစ်လာနေပါသည်။ တစ်နည်းအားဖြင့် ကမ်းလွန်ငွေကြေးလုပ်ငန်းများသည် ကုန်းတွင်းငွေကြေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများအား ကောင်းရာမှန်ရာဘက်သို့ လိမ္မာပါးနပ်စွာပြောင်းလဲသွားေ စသည့် အကျိုးကိုပင်ပြုနေသည်ဟု ဆိုရပါမည်။
ဤတွင်ဆင်းရဲပြီး ဖွံ့ဖြိုးမှုနှင့် ခေတ်နောက်ကျ ကျန်ရစ်သော နိုင်ငံငယ်များ၊
ကုမ္ပဏီငယ်များအတွက် ပါးနပ်သော ပြုပြင်ပြောင်းလဲရေးများ
လိုက်ပါဆောင်ရွက်ကြရန် လိုအပ်မှုကို ဆက်လက်တွေ့မြင်နေရပါသည်။
အခွန်တိမ်းရှောင်၊ ငွေကြေးခ၀ါချ၊ ပြည်ပပြေးထွက်မှုများ အစပြုခြင်းနှင့် ကြီးမားများ ကျယ်ပြန့်လာခြင်း၊ impulse and promulgation သည် ပြည်တွင်း၌ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားသထက် ကြီးမားလာခြင်းကို ဖြစ်စေသည်။ အစိုးရများဘက်မှ လွယ်ကူရှင်းလင်းမြင်သာပြီး ရိုးသားဖြောင့်မတ်စွာ အခွန်ဝင်ငွေ ကောက်ခံသုံးစွဲပေးမှုအားဖြင့် ပြဿနာကြီးမားမှုကို ချက်ချင်းသေးငယ်သွားအောင် လျော့ချနိုင်မည့် အနေအထားရှိသည်ဟု ဘောဂဗေဒပညာရှင်တို့က ယုံကြည်ကြပါသည်။ တိုင်းပြည်ဆင်းရဲပြီး လက်တစ်ဆုပ်စာ တစ်ဦးချင်း ချမ်းသာမှုကြီးမားခြင်း အားဖြင့် အလွယ်တကူမြင်တွေ့ ခံစားနိုင်သော ဤပြဿနာကိုဘာမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းမရှိသောကြောင့်သာ ဆက်လက်မြင်တွေ့နေရခြင်းဖြစ်ကြော င်း ထင်ရှားသည်။
ပြည်သူအများစုကြား လျှပ်စစ်မီးပြတ်တောက်မှု၊ သွားလာရေး ခက်ခဲပင်ပန်းမှု၊ နေစရာရှားပါးမှု၊ ၀င်ငွေနှင့် အသုံးစရိတ် မတန်တဆ ကွာဟမှု၊ ပေးရသော ငွေနှင့်ပစ္စည်းတန်ဖိုး အမျိုးမျိုးဖြစ်ရမှုဟူသော ကုန်ဈေးနှုန်း ကြီးမြင့်မှုအစရှိသော ပြဿနာများသည် အစိုးရဆင်းရဲခြင်းကို ပြ သပါသည်။ တစ်ဖက်တွင် နိုင်ငံခြား ဆေးသွားကု၊ ဈေးဝယ်ထွက်၊ အပန်းဖြေထွက်၊ ဈေးကြီးများ၌ အရွယ်နှင့်မလိုက်အောင် ငွေကြေးအထပ် လိုက်သုံးစွဲနေနိုင်သူ၊ နန်းတော်ကြီး တမျှ အိမ်ကြီးများနှင့် နေထိုင်နိုင်လာ ကြသူတို့ကို ပြည်သူအများ တွေ့မြင်လာနေရသည်။
ဈေးကွက်ကို မှန်ကန်ပါစေ
မိမိတို့အများစု ခံစားနေရသော ဒုက္ခနှင့် လူတစ်စုခံစားနေရသော ဘ၀တို့ကို မည်သူမျှ မနှိုင်းယှဉ်ဘဲနေကြမည် မဟုတ်ပေ။ အစပိုင်းတွင် အသံတိတ်နေနိုင်မည်ဖြစ်သော်လည်း မျက်လုံးများက အေးစက်မာကျော လာကြပေမည်။ 'ဝေါလ်စထရိကို သိမ်းပိုက်ကြ' ဟူသော မှန်ကန်သည့် ဈေးကွက်စီးပွားရေးနှင့် ကမ္ဘာမှုပြုခြင်းတို့၏ အကျိုးကျေးဇူးအပေါ် ဆန့်ကျင်ဖက်မြင်လာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ပေ။ ပြည်သူ့ဘဏ္ဍာ public coffers ခန်းခြောက်ပြီး ဖောင်ဒေးရှင်းများ၊ ရန်ပုံငွေအဖွဲ့များ၊ ပြည်ပအကူအညီများ၊ အရပ် ဘက်လူ့ဘောင်အဖွဲ့များ၏ လူမှုဝန်ဆောင်မှုများသာ မစို့မပို့၊ မထိမရောက် မျှော်ကိုးတောင်းခံနေရသည့် လူ့အဖွဲ့အစည်းများတွင် ဤအသံများ ထွက်ပေါ်လာပေမည်။ တစ်ကိုယ်ကောင်းဆန်ဆန် လွတ်မြောက်ရေး၊ လာဘ်ပေးလာဘ်ယူပုံစံထွက်ပေါက်ရှာ ရေး၊ မင်းမဲ့စရိုက်နှင့်
ကွန် မြူနစ်လေသံ လွှမ်းမိုးလာမည့်အရေးများ ရှိနေပါသည်။
ဈေးကွက်စီးပွားရေးသည် သူ့အလိုလို မျှတအောင် ကောင်းစွာပြန်လည်တည့်မတ်ပါသည်။ အချိန်ကို လိုအပ်သလိုယူဆရသည်မှာ ဈေးကွက်တွင် ပါဝင်ကစားကြရသူ စီးပွားရေးကိုယ်စားလှယ် economic agent လူသားများ၏ ကိုယ်ကျိုးအတွက် ဈေး ကွက်ကို စွက်ဖက်မှု အတိုင်းအတာအရ ကွာခြားမှုသာ ရှိပါသည်။
ကမ်းလွန် ငွေကြေးလုပ်ငန်းများသို့ ငွေကြေးစီးထွက်ခြင်း၊ ဆွစ်ဇာလန်ဘဏ်များသို့ လျှို့ဝှက်ငွေစာရင်းဖွင့် ငွေကြေးပေးပို့ အပ်နှံခြင်းများသည် နိုင်ငံတကာဖိအား၊ ကမ်းလွန်နှင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများ၊ ဈေးကွက် သဘောအရ ပြိုင်ဆိုင်ရခြင်းစသည်တို့ကြော င့် မှန်ကန်သော ငွေ ကြေးစီးဆင်းမှုပုံစံသို့
ပြန်လည်ဦးတည်နေပါသည်။ ဈေးကွက်၏ သူ့အလိုလို ပြန်လည်တည့်မတ်မှုကို
မြန်ဆန်မျှတအောင် အစိုးရများဘက်မှ လျော့ပေါ့ သင့်သော
အခွန်နှင့်စည်းမျဉ်းများကို ဖြေလျော့သည့် မူဝါဒါများသာ ကျင့်သုံးပေးရန်
လိုအပ်ပါသည်။
Ref; The Economist
Written by ဦးကြည်မြင့်(လသာ) Eleven Media Group
မ်းပြည်သူ များနှင့် ကုမ္ပဏီကြီးများ၏ ရှယ်ယာရှင် သာမန်ပြည်သူများအတွက် တစ်ဖက်သတ်ဆန်သော ကျင့်စဉ်အပေါ် နိုင်ငံတကာ ဖိအားကြီးမားသထက် ကြီးမားလာသကဲ့သို့ ဘဏ်ကြီးများဘက်မှ တစ်ခုပြီးတစ်ခု အလျော့ပေးလာခဲ့ရပါသည်။
အစိုးရချင်း (ဂျီတူဂျီ)
ယခုနောက်ဆုံး အခွန်ရှောင်ပြေး ကွန်းခိုရာ tax havens အဖြစ် ကျန်နေသေးသည့် ဆွစ်ဇာလန်ဘဏ်များအပေါ် ဗြိတိသျှအစိုးရက သူ့နိုင်ငံသားများနှင့်ပတ်သက်၍ ဆက်လက် လုပ်ကိုင်မပေးတော့ရန် သဘောတူညီမှု ယူခဲ့သည်။ အလားတူ သဘောတူညီမှုကို ဂျာမနီနိုင်ငံနှင့် အစောပိုင်းက ပြုခဲ့ပြီးဖြစ်သည်။ ဤသို့ဖြင့် ဗြိတိသျှ နိုင်ငံများ ဆွစ်ဇာလန်ဘဏ်တွင် တိတ်တဆိတ် သွားရောက်ထားသမျှအပေါ် ၂၀၁၃ မှစ၍ ၃၄ ရာခိုင်နှုန်းမျှ အခွန်ပေးဆောင်ရန် ဖြစ်လာပါသည်။ ယင်းနှင့်အတူ ဗြိတိန်သို့ ပြန်လည်လွှဲပြောင်းပေးပို့ remittance များအတွက်ပါ ဆွစ်ဇာလန်အစိုးရက ကြိုတင်ဖြတ်တောက်မှုအခွန် withholding tax ပြုထားပြီး ဗြိတိန်အစိုးရထံ လွှဲပြောင်းပြီးမှ စာရင်းပိတ်ရန် သဘောတူကြသည်။
ဤသဘောတူညီချက်မှ ဗြိတိန်သည် ဒေါ်လာအားဖြင့် ၇ ဒသမ ၈ ဘီလျံမျှ အခွန်ဝင်ငွေ ရရှိသွားမည်ဖြစ်သည်။ သို့သော် ရတနာကျွန်း Treasure Islands ၀တ္ထု (၁၉ ရာစုဂန္ထ၀င်) ကို အမည်ယူထားသော စီးပွားရေး စာအုပ်အားရေးသူ နီကိုလပ်စ်ရှက်ဆွန် Nicholas Shaxson က ဆွစ်ဘဏ်ကြီးများသည် သူတို့ဖောက်သည်များ၏ အမည်များကို ဆက်လက်ဖုံး ကွယ်ပေးထားနိုင်ရန် အတော်ကြီးမားသော လာဘ်ငွေများသုံးထား ဆဲရှိသည်ဟု ဆိုသည်။ ဤအတိုင်း မှန်လျှင် ပဲရစ်အခြေစိုက် ချမ်းသာသော နိုင်ငံကြီးများချည်း ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ကြီး Organization for Economic Co-operation and Development OECD က ချမှတ်သည့် နိုင်ငံတကာ အခွန်တိမ်းရှောင် မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး သဘောတူညီမှုအား ဖောက်ဖျက်ရာကျပါမည်။
ဆွစ်ဘဏ်ကြီးများဘက်မှ အ စိုးရ၏ရပ်တည်မှုတစ်ခုချင်းနောက် ဆုတ်ပေးလာရသည့်ကာလနှစ်ငါး ဆယ်မျရှိလာပါပြီ။ ဘဏ်ကြီးများ ဘက်မှရပ်တည်ကြသူတို့၏အင်အား မှာကလည်းမသေးငယ်လှပါ။ သူတို့ က ဘဏ်များတွင်ငွေထားခြင်းသည် စီးပွားရေးလည်ပတ်မှုကိုအားပေး သောကြောင့် ငွေကြေးခ၀ါချခြင်း အ ခွန်တိမ်းရှောင်လိမ်လည်ခြင်းမဟု
သူတို့လောက် အယူအဆ မပြင်းထန်သော်လည်း လက်တွေ့ကျသည့် ရှုထောင့်မှ ကန့်ကွက်သူများစွာ ရှိနေသေးသည်။ အချို့က ရှယ်ယာရှင်များ အကျိုးကိုသာ ကြည့်ရမည့်တာဝန်ရှိသော ကုမ္ပဏီများအနေဖြင့် အခွန်ကို ရှင်းရှင်းကလေးနှင့် နည်းနည်း ကလေးသာဆောင်နိုင်ရန် ကမ်းလွန်ဘဏ်များ၌ ငွေစာရင်းဖွင့်ခြင်းသည် လိုအပ်ချက်ဖြစ်သည်ဟု ဆိုပါသည်။ မိမိလုပ်ငန်းကို တကယ်လုပ်သော နိုင်ငံမဟုတ်သည့် အခွန်နှင့်စည်းမျဉ်း လျော့လျဲသည့်နိုင်ငံ၌ အခြေစိုက်ထားရှိခြင်း (သို့)ဘဏ်စာရင်း သွားရောက်ဖွင့်လှစ်ထားရှိ လွှဲယူ၊ လွှဲပို့လုပ်ခြင်းကို ကမ်းလွန် offshore ဟုခေါ်ပါသည်။
ပြည်သူအများစုကြား လျှပ်စစ်မီးပြတ်တောက်မှု၊ သွားလာရေးခက် ခဲပင်ပန်းမှု၊ နေစရာရှားပါးမှု၊ ၀င်ငွေနှင့် အသုံးစရိတ် မတန်တဆ ကွာဟမှု၊ ပေးရသော ငွေနှင့်ပစ္စည်းတန်ဖိုး အမျိုးမျိုးဖြစ်ရမှုဟူသော ကုန်ဈေးနှုန်းကြီးမြင့်မှု အစရှိသော ပြဿနာများသည် . . . |
ကုန်းတွင်း onshore ၌ အခွန်နှင့် စည်းမျဉ်းတင်းကျပ်များပြားသလို မလိုအပ်မှုများ၊ ရှုပ်ထွေးမှုများ၊ မတူညီမှုများက လိုက်ပါဆောင်ရွက်ရသည့်စရိတ် transaction cost ကို ကြီးစေသည်။ ကမ်းလွန်ငွေကြေး လုပ်ငန်းရှင်များသည်လည်း ပေါ်ကာစနှင့်မတူတော့ဘဲ အခွန်နှင့်စည်းမျဉ်း ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်များအားဖြင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများန
တဖန် ကုမ္ပဏီအတွက်သာ အမြတ်ရှောင်တိမ်းနိုင်သော်လည်း ရှယ်ယာရှင်များအဖို့ သူ့နိုင်ငံအရောက်တွင် သူ့ဥပဒေစည်းမျဉ်းနှင့် သူ့ရှယ်ယာအပေါ် အမြတ် dividends ကို ၀င်ငွေခွန်အဖြစ် ပေးဆောင်ကြရမည်သာဖြစ် ပါသည်။ ယခုအခါ ကုန်းတွင်း ငွေကြေးဘဏ္ဍာရေး ပြုပြင်ပြောင်း လဲမှုများ၌ လုပ်ငန်းအမျိုးမျိုးအပေါ် တစ်ခုချင်းစရိတ်နှင့် အမြတ်အစားကုမ္ပဏီ၏ နှစ်စဉ်အမြတ်ဝင်ငွေကိုသာ ကောက်ခံခြင်း၊ ကုမ္ပဏီဝင်ငွေအပေါ် ကောက်ခံပြီးပါက ရှယ်ယာရှင်တစ်ဦးချင်း၏ ၀င်ငွေအပေါ် ကင်းလွတ်ခွင့်ပြုခြင်း အစရှိသည့် စည်းမျဉ်းဖြေ လျော့မှုများ စတင်နေကြောင်း တွေ့ကြရပါသည်။
ဆိုလိုသည်မှာ OECD ၏ သဘောတူညီချက်ဖြစ်သော အခွန်တိမ်းရှောင်မှုအပေါ် ပူးပေါင်းနှိမ်နင်းရေး၊ ကုမ္ပဏီကြီးများက ကမ်းလွန်ငွေကြေးလုပ်ငန်းများထံ သွားရောက်ရေး အစရှိသည်တို့မှာ မလိုအပ်တော့သော ခေတ်နောက်ကျကျန်ရစ်တော့မည့် မီဒီယာနှင့် အရပ်သားတို့ကြားသာ ကျန်ရစ်တော့မည့် အကြောင်းအရာများ ဖြစ်လာနေပါသည်။ တစ်နည်းအားဖြင့် ကမ်းလွန်ငွေကြေးလုပ်ငန်းများသည် ကုန်းတွင်းငွေကြေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများအား ကောင်းရာမှန်ရာဘက်သို့ လိမ္မာပါးနပ်စွာပြောင်းလဲသွားေ
အခွန်တိမ်းရှောင်၊ ငွေကြေးခ၀ါချ၊ ပြည်ပပြေးထွက်မှုများ အစပြုခြင်းနှင့် ကြီးမားများ ကျယ်ပြန့်လာခြင်း၊ impulse and promulgation သည် ပြည်တွင်း၌ ဆင်းရဲချမ်းသာ ကွာဟမှုကြီးမားသထက် ကြီးမားလာခြင်းကို ဖြစ်စေသည်။ အစိုးရများဘက်မှ လွယ်ကူရှင်းလင်းမြင်သာပြီး ရိုးသားဖြောင့်မတ်စွာ အခွန်ဝင်ငွေ ကောက်ခံသုံးစွဲပေးမှုအားဖြင့် ပြဿနာကြီးမားမှုကို ချက်ချင်းသေးငယ်သွားအောင် လျော့ချနိုင်မည့် အနေအထားရှိသည်ဟု ဘောဂဗေဒပညာရှင်တို့က ယုံကြည်ကြပါသည်။ တိုင်းပြည်ဆင်းရဲပြီး လက်တစ်ဆုပ်စာ တစ်ဦးချင်း ချမ်းသာမှုကြီးမားခြင်း အားဖြင့် အလွယ်တကူမြင်တွေ့ ခံစားနိုင်သော ဤပြဿနာကိုဘာမှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းမရှိသောကြောင့်သာ ဆက်လက်မြင်တွေ့နေရခြင်းဖြစ်ကြော
ပြည်သူအများစုကြား လျှပ်စစ်မီးပြတ်တောက်မှု၊ သွားလာရေး ခက်ခဲပင်ပန်းမှု၊ နေစရာရှားပါးမှု၊ ၀င်ငွေနှင့် အသုံးစရိတ် မတန်တဆ ကွာဟမှု၊ ပေးရသော ငွေနှင့်ပစ္စည်းတန်ဖိုး အမျိုးမျိုးဖြစ်ရမှုဟူသော ကုန်ဈေးနှုန်း ကြီးမြင့်မှုအစရှိသော ပြဿနာများသည် အစိုးရဆင်းရဲခြင်းကို ပြ သပါသည်။ တစ်ဖက်တွင် နိုင်ငံခြား ဆေးသွားကု၊ ဈေးဝယ်ထွက်၊ အပန်းဖြေထွက်၊ ဈေးကြီးများ၌ အရွယ်နှင့်မလိုက်အောင် ငွေကြေးအထပ် လိုက်သုံးစွဲနေနိုင်သူ၊ နန်းတော်ကြီး တမျှ အိမ်ကြီးများနှင့် နေထိုင်နိုင်လာ ကြသူတို့ကို ပြည်သူအများ တွေ့မြင်လာနေရသည်။
ဈေးကွက်ကို မှန်ကန်ပါစေ
မိမိတို့အများစု ခံစားနေရသော ဒုက္ခနှင့် လူတစ်စုခံစားနေရသော ဘ၀တို့ကို မည်သူမျှ မနှိုင်းယှဉ်ဘဲနေကြမည် မဟုတ်ပေ။ အစပိုင်းတွင် အသံတိတ်နေနိုင်မည်ဖြစ်သော်လည်း မျက်လုံးများက အေးစက်မာကျော လာကြပေမည်။ 'ဝေါလ်စထရိကို သိမ်းပိုက်ကြ' ဟူသော မှန်ကန်သည့် ဈေးကွက်စီးပွားရေးနှင့် ကမ္ဘာမှုပြုခြင်းတို့၏ အကျိုးကျေးဇူးအပေါ် ဆန့်ကျင်ဖက်မြင်လာခြင်းသည် ကောင်းသော အလားအလာ မဟုတ်ပေ။ ပြည်သူ့ဘဏ္ဍာ public coffers ခန်းခြောက်ပြီး ဖောင်ဒေးရှင်းများ၊ ရန်ပုံငွေအဖွဲ့များ၊ ပြည်ပအကူအညီများ၊ အရပ် ဘက်လူ့ဘောင်အဖွဲ့များ၏ လူမှုဝန်ဆောင်မှုများသာ မစို့မပို့၊ မထိမရောက် မျှော်ကိုးတောင်းခံနေရသည့် လူ့အဖွဲ့အစည်းများတွင် ဤအသံများ ထွက်ပေါ်လာပေမည်။ တစ်ကိုယ်ကောင်းဆန်ဆန် လွတ်မြောက်ရေး၊ လာဘ်ပေးလာဘ်ယူပုံစံထွက်ပေါက်ရှာ
ဈေးကွက်စီးပွားရေးသည် သူ့အလိုလို မျှတအောင် ကောင်းစွာပြန်လည်တည့်မတ်ပါသည်။ အချိန်ကို လိုအပ်သလိုယူဆရသည်မှာ ဈေးကွက်တွင် ပါဝင်ကစားကြရသူ စီးပွားရေးကိုယ်စားလှယ် economic agent လူသားများ၏ ကိုယ်ကျိုးအတွက် ဈေး ကွက်ကို စွက်ဖက်မှု အတိုင်းအတာအရ ကွာခြားမှုသာ ရှိပါသည်။
ကမ်းလွန် ငွေကြေးလုပ်ငန်းများသို့ ငွေကြေးစီးထွက်ခြင်း၊ ဆွစ်ဇာလန်ဘဏ်များသို့ လျှို့ဝှက်ငွေစာရင်းဖွင့် ငွေကြေးပေးပို့ အပ်နှံခြင်းများသည် နိုင်ငံတကာဖိအား၊ ကမ်းလွန်နှင့် ကုန်းတွင်းငွေကြေးလုပ်ငန်းများ၊ ဈေးကွက် သဘောအရ ပြိုင်ဆိုင်ရခြင်းစသည်တို့ကြော
Ref; The Economist
Written by ဦးကြည်မြင့်(လသာ) Eleven Media Group
0 ကွန်မန့်ရေးရန်:
Post a Comment