ရခိုင်မှာ....
ကိုင်တွယ်လို့ မရသေးတဲ့ အဖြစ်
ညစ်နွမ်းတဲ့ အတ္တသမားတွေကြောင့် 
ဓါးနဲ့ ခုတ်တုတ်နဲ့ ရိုက်
အမိုက်တိုက်ထည်းရောက်ကုန်ကြ
ခံလိုက်ရတာကအပြစ်မဲ့ သူတွေ
တာရှည်ရင်ကြာလေလေဆိုးတော့ မှာမို့ 
အမျိုးအဆွေတွေကိုထိန်းသိမ်းကြ
ရလာမဲ့ အကျိုးဆက်တွေက
အမျိုးအတွက်ရော
အဆိုးဖက်ရောမကောင်းနိုင်တာမို့ 
သံသယာဝဋ်ကြွေးတွေမလည်ပတ်အောင်
ဓမ္မသတ်တရားနဲ့ အညီ
သွေဖီလို့ ရှောင်မတိမ်းဘဲ
ထိန်းသိမ်းလို့ ဆုတ်ခွါ
တာဝန်ရှိသူတွေတာဝန်ယူ
မဆိုင်သူ မပူရတာမို့ 
ကိုယ့် အမျိုးတွက်ဖြစ်ပေမဲ့ 
အကျိုးဆက်မကောင်းနိုင်တဲ့ အဖြစ်မို့ 
သူငယ်ချင်းတို့ ရေ
တာရှည်မှာကြာလေအဆိုးမများရအောင်
ကုလားလည်းလူငါးခူလည်းငါးပါ
မှားသူဒါဏ်မှားသူသာခံလိမ့် မှာမို့ 
နောက်ဆုတ်လို့ အိမ်ကိုပြန်
ချိန်တန်ရင်အမှန်တရားဟာအမှားမဖြစ်တာမို့ 
ရာဇ၀င်မှာတင်မကောင်းတဲ့ အဖြစ်မျိုး
ဆိုးကျိုးတွေထပ်မများခင်
အများရှင်လူစိတ်နှလုံး
ညှိုးချုံးဖို့ မဖြစ်ရအောင်
ရှောင်ကျဉ်ပါမကောင်းတဲ့ အပြစ်
တောင်းခဲ့ ရစ်လိုက်ပါရဲ့ မေတ္တာဘာဝနာ
စာနာနားလည်နိုင်ကြပါစေကြောင်း
တောင်းဆုပန်ချွေမေတ္တာရေဖြင့် 
ေ၀ေနယ်သတၲ၀ါ မ်ားသူငွာတို ့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ ကြောင့် ကျခပ်သိမ်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိပ်ဝမ်းငြိမ်းချမ်းကြပါစေ.........
Kyawshein
(လူအခြင်းခြင်းသတ်ဖြတ်ခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေသော်)
0 ကွန်မန့်ရေးရန်:
Post a Comment