အထူးသတင်းထုတ်ပြန်ချက်
Monday, 04 June 2012 08:20 administrator
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့်
ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်
ဆောင်ရွက် သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်း
အစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း၊
ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် တည်ငြိမ်
အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို
ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင် ဆောင်ရွက်ကြပါရန် မေတ္တာ
ရပ်ခံအပ်ပါသည်။
0 ကွန်မန့်ရေးရန်:
Post a Comment