မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများ
မောင်တောမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းများ
စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထား
မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောEleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထား
0 ကွန်မန့်ရေးရန်:
Post a Comment