ဤ blog ရေးသားခြင်းသည် ကိုယ်တိုင်အမြင်အတွေး သက်သက်ဖြင့်သာရေးသားခြင်းဖြစ်ပါသည် ။တစုံတရာထိခိုက်စေ
ရန်ရည်၇ွယ်ခြင်းမျိုး လုံးဝမဟုတ်ပေ ...။
လဲလှယ်မူ ဤ စကားလုံးသည် ကုန်သွယ်မူနဲ့တိုက်ရိုက်ဆက်သွယ်ပါသည် ...။ရှေးအရင်ငွေကြေးမပေါ်ခင်က နွားတစ်
ကောင် နှင့်ဆိတ် သုံးကောင် ဥပမာ လဲလှယ်ပြချင်ပါသည်... ။နောက်ပိုင်းငွေကြေးပေါ်လာပြီး ...၀ယ်ယူသည်ဟူသောစကားလုံး
ပေါက်ဖွားလာသည်...။အခုတော့ ငွေကြေးရဲ့ ထိရောက်ပုံကဟိုအရင် ခြေလျှင်လျောက်လို့ရတဲ့ခရီးကို လိုင်းကားစီးသွားဖို့
အဲဒီငွေ လိုအပ်နေပြီမဟုတ်လား.....။
ကျွန်တော်ကကုန်သည်ပွဲစားမဟုတ်ပါဘူး ...။ဒါပေမဲ့တနေရာကုန်ကူးရင် လမ်းစရိတ်ပါအရင်းထဲပေါင်းထည့်ပြီး အပို
အစွန်းထွက်မှ ငါအမြတ်ရမှာပဲဆိုတာလူ လူပြိန်းဖြစ်တဲ့ ကျွန်တော်တောင် ဒါမျိုးကျရင်သိတယ်....။မှတ်ထားကြဈေးတွက် အဲလို
တွက်ရတယ်....။
မလေးရှားအကြောင်းသိချင်ရင်နည်းနည်းပြောပြမယ် ...။ရာသီဥတု အရမ်းကောင်းတယ်...။သစ်ပင်တွေဟာတခါမှ
အရွက်မပြတ်ဘူး အမြဲတမ်းစိမ်းစို လှပနေတယ် ...။တောင်ကုန်းတောင်တန်းတလျှောက်သာယာပြီးလှပတယ်....။အထူးသဖြင့်
high way ကားလမ်းမကြီးတလျှောက် တနိုင်ငံလုံးမှာ စနစ်တကျ ရင်သတ်ရူမောလောက်အောင် တန်းစီစိုက်ပျိုးထားတဲ့
ဆီအုန်းပင်တွေဟာ မလေးရှားရဲ့ ကျက် သရေဆောင်ရွှေပင် ငွေပင်တွေပဲ...။အင်မတန် တင့်တယ် တယ် ။လေယာဉ်ပေါ် က
ငုံ့ကြည့်ရင်တောင် ဘယ်လောက်လှလဲ ဆိုတာမြင်ရမယ်...။အခုဒါ တင်မကတော့ပါဘူး ပိုပြီးလှပအောင်ဆိုပြီး အဲဒီဆီအုန်းခြံ
တွေ ကြားနဲ့ ကားလမ်းတလျှောက် လွတ်နေတဲ့နေရာတွေမှာ မြန်မာပြည်ကကျွန်တော်တို့ ရွှေပင်ငွေပင်ဖြစ်တဲ့ ကျွန်းမျိုးတွေ
သေသေချာချာ မျိုးပွားပြီး စိုက်ပျိုးလာတာ တချို့ဆို လူတယောက်ဖက်လောက်တောင် ရှိနေကြပြီကွယ်....။(ပုံပြင်မဟုတ်ဘူး
နှော် အတည်ပြောတာ ဓါတ်ပုံတင်ချင်ပါသည် ကားပေါ်ကရိုက်ရတာအဆင်မပြေလို့ highway နဲ့နီးတဲ့သူငယ်ချင်းတွေ
boehufphyu@gmail.com သို့ပို့ပေးစေချင်ပါသည်...။)
ဗြုန်းခနဲဆို ကျွန်တော်လည်းတခုသတိရသွားတယ်.....။မလေးရှား ကမျိုးစေ့တွေမြန်မာပြည်မှာလည်းရှိနေတာပဲ
ဆိုတာကိုလေ ...။ အဲ.... ဘယ်မှာပါလိမ့် .......တွေးစမ်း..... တွေးစမ်း ....အဲဒီဦးနှောက် ထွက်စမ်း...။အဲသိပြီ......
သတိရပြီ ...ရန်ကုန်ပြည်လမ်း တလျှောက် လှလိုက်တဲ့ မလေးရှားပိတောက်တွေ....အကိုင်းအခက်တွေဝေဖြာလို့....အပွင့်
အ၀ါလေးတွေပွင့်လို့.... အသီးခိုင်တွေဝေလို့ ....
ဒါနဲ့.... မလေးရှားပိတောက် တွေဘယ်နေ ရာမှာများရှိမလဲဆိုပြီး ဟိုဟိုဒီဒီ သတိထားလိုက်ရှာတော့တယ်.....။ဟော !
တွေ့ပြီ မလေးရှားပိတောက်တော...။ဆင်တိုးရင်တောင် ပေါက်မှာမဟုတ်ပါလား...။ဒိလောက်လှတဲ့ ပန်းမျိုးတွေ ကိုဘာလို့
မလေးတွေတန်ဖိုးမထားကြတာလဲ ဆိုတာစဉ်းစားလို့တောင်မရဘူး...။ပြုပြင်ထိန်းသိမ်းမူ မရှိလို့တောစီးနေလိုက်တာ ကျွန်တော်
တို့ဆီကမနှိုင်းရဲ နှိုင်းရဲ နှိုင်းရရင် အရိုင်းတောလိုပါပဲလား.....။သူတို့ဆီမှာ ထင်းမသုံးပဲ gass ပဲသုံးလို့ အသုံးမ၀င်ကြတော့ တာ
ထင်ပါရဲ့......။ဒီလောက်ကောင်းတဲ့ အဖိုးတန်ပန်းမျိုးပင်တွေနှော် ....တန်ဖိုးမရှိဖြစ်ရတယ်လို့...စကားမပြောတတ်တဲ့ သူတို့အ
စားကျွန်တော်တောင် ငိုချင်မိခဲ့တယ်....။
ကျွန်တော့်အထင်ပြောရရင် မျိုးစေ့တွေကုန်ကူးတဲ့ ကုန်သည်ကြီးဟာလေယာဉ်ပေါ်မှာ အိပ်ငိုက်လာတယ်ထင်ပါရဲ့။
အောက်ကိုတချက်လောက် ငုံ့ကြည့် မိခဲ့ရင်တောင် အဖိုးတန် ကျွန်းသစ်ရတနာတွေနဲ့ တန်ဖိုးတူ ညီမျှတဲ့ ဆီအုန်းမျိုးပင်တွေကို
မြင်ခဲ့မိမှာ သေချာပါတယ်....။
လေယာဉ်ကွင်းရောက်တာနဲ့
"ရာဘာ'"
" ဒါကတော့ အသုံးမကျတဲ့ဆီအုန်း "
"ဒါကတော့ ရှားပါးတဲ့ တော်ဝင်မလေးပိတောက် ပင်လေ"
"ပေးစမ်း ! အဲဒီ အပင်နဲ့ လဲမယ် "
မြန်မြန်ပြန် မှပဲ ဆိုပြီး တော်ဝင်မလေးပိတောက်ပင် မထိခိုက်အောင် ရင်ခွင်ပိုက်ပြန် ခဲ့တဲ့ ကုန်သည်ပွဲစားကြီးသာအပြင်
မှာတကယ် ရှိခဲ့ ရင် တော်တော်ရယ်ရမှာပဲနှော် .....။အကျိုး အမြတ်များတဲ့ လဲလှယ်မူဖြစ် သွားလို့လေ....။
မြန်မာပြည်က မလေးရှားအိမ်ဖေါ် အလုပ်ကိုစိတ်ဝင် စားနေကြတဲ့ မြန်မာ့ အဖိုးတန်ရတနာလေးတွေ ကိုနှိုင်းယှဉ်ကြည်
နိုင်ရန် မလေးမှာ လက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်ရုံတွေက မြန်မာမလေးတွေအကြောင်း အနည်းငယ်ပြောပြဖို့လို
မည်ထင်ပါသည်...။
သူတို့လေးတွေရဲ့ အခြေခံလစာ ဟာ ၅၀၀ မှ ၇၀၀ ၀န်းကျင် ရှိပြီး ...တကယ်အလုပ်ကောင်းပါတယ်ဆိုတဲ့ စက်ရုံမှ
over time နင်းကန်အောင်ဆင်းပြီး ၁၀၀၀ ဆိုတဲ့ငွေ ကြေးကိန်းဂဏန်း ထိမြှင့်တင်နိုင်ကြပါသည် ...။အချိန်မတော်မှ
အလုပ်ကပြန်ရောက် ထမင်းဟင်းချက် ရေမိုးချိုး စားသောက်ပြီး "ဘုန်း " ဆို အိပ်ယာထဲ ထိုးအိပ် နောက်နေ့အတွက်
အလုပ်ဆင်းဖို့ အားမွေးရမှာပဲလေ ...။အလုပ်တရက်မဆင်းတာနဲ့ ဒဏ်ကြေး အမျိုး မျိုး ရှိပေမဲ့ တချို့စက်ရုံဆို ၃ ရက် စာ
လုပ်အားခကို ဖြတ်တောက်ခြင်း ခံရတတ်ပါသည်...။
သာမန်အားဖြင့် OT ရှိသောစက် ရုံတွေ ဟာ အခြေခံ လစာကိုနည်းနည်းသာပေး ထားတတ်ကြပြီး ...OT မရှိ
သောစက်ရုံတွေ က အခြေခံ လစာအနည်းငယ် ပိုပေးထားကြမှာပဲ ဖြစ်ပါတယ်...။ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်ကောင်းကောင်း
ဘယ်လောက်ပဲအလုပ် လုပ်လုပ် အခြေခံ လစာပေါ်မှာ မူတည်ပြီး မြင့်တက်လာတဲ့ OT ကြေးများသည် သတ်မှတ် ထားတဲ့ စံ
ချိန် အတိုင်းကိုက်ညီမှာမဟုတ်ပဲ သူတို့ပေးချင်သလောက်သာပေးကြတာဖြစ်လို့ နိုင် ငံ ခြားသားတယောက်ရဲ့ လစာဟာ
၁၀၀၀ ကကျော် ပြီးမထွက်နိုင်ကြပါဘူး....။
Agent တွေ ကအကြွေးနဲ့ခေါ်တာပဲ သွားမယ်ဆိုပြီးတက်လာ ဒီကိုရောက်တော့ လစာကမကောင်း သူတို့တွေက သူ
ဋ္ဌေး နဲကြို ညှိ ထားပြီး လမကုန်ခင်ကတည်းကကိုယ့်ရဲ့ လစာကို ကြိုထုတ် သွား ထမင်းစားဖို့တောင် မကျန်လို့ဖြစ်သလိုစား
သောက်ပြီး ဒုက္ခ ခံရတာကိုဘယ်သူမှမမြင်ဘူးလေ...။အဲဒီမှာ ဟိုကယူလာတာ ၁၀ တိုး ဆိုရင်တော့ သွားပြီ....။ ၁၀ သိန်း
လောက်ယူလာမယ် ဒီရောက်တော့ လစာက ၅၀၀ လောက်ပဲရမယ် ...။စဉ်းစာသာ ကြည့်ပေတော့ သူရတဲ့လစာဟာ စားစ
ရိတ်နူတ်ရင် အတိုးဖိုးတောင် မကျေဘူး...။တ စ်လကို တစ်သိန်း အတိုးတက်နေတာလေ...။
ပြောင်းလို့ရတဲ့ calling ဆိုရင်တော့ ဟုတ်ပါရဲ့ အလုပ်ပြောင်းမရတဲ့ စက်ရုံ calling မျိုး ဆိုရင်တော့ သွားပြီ....။
အဲဒီတော့ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ် အပြင်ထွက် အလုပ်ရှာပြီး အို ..ရ တော့တာပေါ့..။ OVER STAY ကအခုဆိုရင်
အခြေအနေ လုံးဝမကောင်းတော့ပါဘူး...။ယောက်ျား မလေးမှာရှိနေတဲ့ မိန်းမတွေက ကိုယ့်ယောက်ျားဆီ သွားပြီး အလုပ်အ
ကိုင်ရှာ ယောက်ျားမရှိတဲ့ သူတွေလဲ ရည်းစား တွေ ရှာပြီး လင်နောက် လိုက်ပြေးရတော့တာပေါ့...။ကောင်းတဲ့ လူနဲ့တွေ့
ရင်တော့ဟုတ်ပါရဲ့ မကောင်းတဲ့ လူတွေ့ရင် တော့ ဘယ်လိုလုပ်ရမလဲ ရည်းစားသစ် ထပ်ရှာပြီး ရည်းစားသစ်နောက် လိုက်ရ
ပြန်တော့မပေါ့....။
ကျွန်တော်တို့ ရွာကကောင်မလေးတွေ မလေးကိုရောက်ကြတယ် လူချင်းမတွေဖြစ်ကြပေ မဲ့ ဖုန်းနဲ့တော့ အဆက်
အသွယ်ရကြတယ်လေ...။ကြားရတဲ့ သီတင်းတွေက အဆောင် ကဘယ်သူကထွက်ပြေးသွားပြန်ပြီ ... ဘယ်သူကဘယ်နေ့
ထွက်ပြေးမယ်... ။ညီမတို့ တောင် စိတ်ပျက်လို့ အို ( overstay ) လိုက်ချင်ပြီ....။အစ်ကို over stay နေ ရ တာ လုံခြုံ မူ
ရှိ ရဲ့ လား ဆို ပြီး အမြဲတမ်းမေးနေလို့ စိတ် ကလဲတိုနေတာနဲ့ အော်ပြီး .....
" over stay နေရင်လား ...အဲမှတ်ထား...overstay နေတဲ့ မိန်းမဟာ ..မုဒိန်းကျင့် ခံရရင်
တောင် ရဲ ကိုတိုင်လို့မရဘူး ရဲကိုတိုင်ရင် သူ့ကိုအရင် ရဲဖမ်းမှာ "
ဆိုပြီး တခွန်းတည်းပြောလိုက်တယ်....။ရိုင်းသလိုဖြစ်သွားပေမဲ့ ထိတော့ထိရောက်တယ်...နောက်တ
ခါမှ မမေးတော့ သလိုပြေးလည် မပြေးဖြစ်လိုက်ဘူး....။
အိမ်ဖေါ်အလုပ်သည် စက်ရုံ အလုပ်ရုံ အလုပ် နဲ့ မတူပါဘူး...။ OVER TIME ရှိနေမှာမဟုတ်သလို သူတို့လစာသည်
၅၀၀ , ၆၀၀ ၀န်းကျင်သာ ဖြစ်ပြီး အဲဒီထက်ပိုထွက်လာစရာမရှိပါဘူး....။အချိန်မရှိ အလုပ်လုပ်နေရသည့်တိုင်အောင်
ပိုက်ဆံရမှာမဟုတ်ပဲ tolong အကူအညီပေးရခြင်း သာဖြစ်လိမ့်မည်...။နားရက်သတ်မှတ်ချက်ရှိပေမဲ့ တကယ်လုပ်နေရတဲ့
အိမ်ဖေါ်တွေမှာ နားရက်ရှိမနေကြပါဘူး...။နားရက်သူတို့ အမျိုး အိမ်တွေလျှောက်လည်ရင် အဲဒီနောက်ကိုလိုက်ပါရမှာဖြစ်ပြီး
...ဒါလေးလုပ်ပေးပါ အုံး ဆိုရင် ကူညီနေရ ဦးမှာပါ...။စက်ရုံအလုပ်ရုံတွေက နားရက်ဆိုရင်ကိုယ့်အိမ်မှာကိုယ် အိပ်ချင်အိပ်
စားချင်စား သွားချင်သွားလုပ် ချင်တာလုပ်နေလို့ ရပါသေးတယ်...။သူတို့ အိမ်မှာနေတဲ့ လူကတော့ သူတို့ အိပ်ရာထရင်လိုက်
ထ သူတို့ အိပ်ရာဝင်မှ ကိုယ် အိပ်ရာဝင်ရမှာပေါ့...။သူတို့ကျွေးတဲ့ထမင်းကိုပဲစားနေ၇တာလေ...။အားနာတတ်တဲ့ မြန်မာ အမျိုး
သမီးတယောက် အနေ နဲ့ အားနာလေခိုင်းကောင်းလေဖြစ်နေတော့မှာပါပဲ...။
တကယ်တော့ သူတို့ အချင်းချင်းအရမ်းကောင်းပါတယ်ဆိုတဲ့ မလေးတွေ တရုတ်တွေ တောင် နိုင်ငံခြားသား
နဲ့ ဆက်ဆံမှူတွေမှာ နိုင်ထက်စီးနင်းမူ တွေရှိနေပါတယ်...။မလေးနိုင်ငံဟာ သူတို့နိုင်ငံ သားအတွက် ဥပဒေ အရမ်းထိ
ရောက်ကောင်းမွန်ပေမဲ့ နိုင်ငံခြားသားနဲ့ဆက်ဆံရေးမှာ နိုင်ငံသားဦးစားပေးမူ လဒ်ပေးလဒ်ယူမူတွေဆက်ရှိနေ ဦးမှာပဲ
ဖြစ်ပါတယ်...။
တကယ်တော့ မလေးရှား အိမ်ဖေါ် အလုပ်သည် indonesia မိန်းခလေးများနဲ့ သာ လိုက်ဖက်သောအလုပ်ဖြစ်ပါ
သည်...။သူတို့စကားသည် မလေးဘာသာစကားနဲ့ အတူတူ သာဖြစ်ပြီး လေယူလေသိမ်း အနည်းငယ်သာကွဲ ပြားပါသည်။
ဘာခိုင်းခိုင်း စကားပြောရုံနဲ့ အဆင်ပြေ ပါ သည်..။မလေးရှားဝန်ကြီးကိုယ်တိုင် အင်ဒို အိမ်ဖေါ် မလေး ကိုမုဒိန်းကျင့်မူ
တရုတ် သူဋ္ဌေး အိမ်ရှင် ကလူမဆန် စွာ သေရာပါ အမှတ် အသားတွေ ပါသွားအောင် ရိုက်နှက်ခိုင်းစေမူ တွေနဲ့ အခြား အခြား
သော အမူတွဲ များစွာကြောင့် အိမ်ဖေါ် စေလွတ်မူမှာ လုံခြုံမူ မရှိ သည့် အတွက် indonesia ကအိမ်ဖေါ် မပေးနိုင်တော့ ဟု
ဆိုခြင်းကြောင့်သာမြန်မာ ပြည် ကို ဦးတည်ဆက်သွယ်လာခြင်းဖြစ်ပါကြောင်း ကိုသိစေချင်ပါသည်...။
ကိုယ့်ထက်နိမ့် ကျတဲ့ နီ ပေါ တို့ ဘင်္ဂလားဒေ့ရှ် တို့လို နိုင်ငံတွေက မိန်းမတယောက်တလေတောင် နိုင်ငံခြား
အလုပ်လာလုပ်တာမတွေ့ရပါဘူး ...။တကယ်လို့ကျွန်တော်တို့အစိုးရသာခွင့်ပြုချက်ပြုလိုက်မယ်ဆိုရင်....ဘုမသိ ဘမသိပဲ
စက်ရုံအလုပ်ပါ အရမ်းအလုပ်ကောင်းတယ်ဆိုပြီး agent တွေ ခြယ်လှယ်ပြီး အိမ်ဖေါ်ခိုင်းဖို့ ရောက်လာကြမဲ့ မြန်မာမလေး
တွေကိုမြင်ရောင်ရင်း ရင်လေးမိပါတော့တယ်..။ဒီတခါလည်း အကျိုးရှိသော လဲလှယ် မူ ဖြစ်လာမလား ဆိုတာတော့
ကံတရား ကိုပဲအားကိုး ရ တော့ မှာ ပါ လား လေ...။ ငွေ မျက်နှာ ပဲ မမြင် ကြ ပါ နဲ့ ... နောက်ဆက်တွဲ ဆိုးကျိုး တွေပါ မြင်
ယောင်ရင်း အန္တရယ် စက်ကွင်းမှလွတ်မြောက်နိုင်ကြပါစေ........။။။။။။
မည်သူမဆို မည်သည့်ဆိုဒ်မဆိုဖြစ်စေ ကူးယူဖေါ်ပြခွင့်ပြုပါသည် ။

0 ကွန်မန့်ရေးရန်:
Post a Comment