ဆိုင်ကယ်များ ရဲဖမ်းတော့ အော်ကြသည်။
ဦးထုပ်မဆောင်းတာကိုတော့ ထည့်မပြောပါ။
တပည့်များကိုဟောက်ပြီး ဆရာသမား ရုံးဆင်းသွားပြီ။
ကားပေါ်ရောက်တော့ စပယ်ရာဧ။် ဟောက်တာကိုခံရပေတော့သည်။
စင်္ကာပူကိုမမီဟု ၀ိုင်းကာလေကန်ကြသည်။
လေကန်သူတို့ကိုယ်တိုင် တွေ့ရာမှာ အမှိုက်ပစ်ကြသည်။
လူသားချင်းစာနာပါလို့ ပြောကြသည်။
ခွေနှစ်ကောင်ကိုက်ပါက သူများခွေးကိုလိုက်ရိုက်သည်။
ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိရမည်ဟု
ဆိုပြန်သည်။
သူများအိပ်ချိန်မှာ အသံချဲ့စက်ဖွင့်တာကြတော့ကောင်းသတဲ့လား။
ဖေါ်သူတွေ တစ်နေ့ထက် တစ်နေ့ပိုများလာဧ။်။
သူနေရာနှင့်သူဖေါ်ကအဆင်ပြေပါသည်။
နေရာတကာဖေါ်ပါက ဆဲသလိုဖြစ်နေသည်။
မဆဲကြရန်တောင်းပန်ပါသည်။
အမှိုက်ပုံလက်ညှိုးထိုးလို့ အပြစ်ပြောကြသည်။
အမှိုက်ရှင်ရန်ခေါ်တော့ မလာကြပါ။
လူမသိအောင် ခွေးသေလာပစ်ထားသေးသည်။
သူပုဆိုးဖင်ပေါက်ကိုမြင်ရဧ။်။
ကိုယ့်ပုဆိုးဖင်ပေါက်ကိုတော့ မမြင်နိုင်ပါ။
ကျွန်တော်လည်းအတုတူပါဘဲ။
ဒီနေ့တော့နားလိုက်ဦးမည်။
အားပေးလျှင်ဆက်ရေးပါမည်။
ဥက္ကာကျော်
0 ကွန်မန့်ရေးရန်:
Post a Comment