Saturday, June 9, 2012

စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီကျေးရွာများမှ အကြမ်းဖက် တိုက်ခိုက်


  ဒီမိုဝေယံ 

ယနေ့(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီရွာများမှ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများ ရှိကြောင်းသိရှိရသည်။

 ထိုအချိန်တွင် ကားပေါ်မှ အော်ဟစ်ဆူညံသံများ ကြားသောအခါ မင်းဂံကျေးရွာရှိ ရခိုင်အမျိုးသားများမှ ရွာပြင်ဖက်သို့ ထွက်ကြည့်ရာတွင် ဘုမေကျေးရွာအုပ်စု ၀ါယာလိတ်ရွာနှင့် လက်သမားရွာရှိ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများဝတ်ပြုရာ ဗလီအတွင်းမှာ လူနှစ်ရာခန့် ထွက်လာပြီး မင်းဂံ ရွာအနီး ရထားလမ်းဘေးတွင် နေထိုင်သူ ဖော်ပြပါ ဓာတ်ပုံပါ ခြောက်ဦးအား လေးဂွ တုတ်ပုလင်းများ၊ ခဲများဖြင့် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရရှိပြီး နှစ်ဦးမှာ စစ်တွေဆေးရုံ၌ တက်ရောက်ကုသ ခံနေကြရကြောင်း သိရှိရပါသည်။ 

၎င်းနေ့ညနေ လေးနာရီခွဲအချိန်တွင် မှန်စီကျေးရွာ(ရခိုင်ရွာ)တွင် အိမ်ခြေ ၂၂ လုံးသာရှိပြီး ရခိုင် မိသားစုဝင်များ လုံခြုံမှုမရှိသောကြောင့် ကျေးရွာတွင်မအိပ်ရဲဘဲ စစ်တွေမြို့အနီးရှိ မင်းဂံနှင့် ရွာသာယာကျေးရွာ များသို့ သွားရောက် ခိုလှုံနေထိုင်ကြရသည်။

ဓါတ်ပုံ၊ သတင်း...D-nwe Oo's Facebook


လုံးဝ ကန့်ကွက် ရှတ်ချပါသည်...

လက်ရှိ ဖြစ်ပျက်နေသော ဘဂါင်္လီ ရိုဟင်ဂျာဆိုသူများမှ တိုင်းရင်းသား ညီအကို ရခိုင်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား အကြမ်းဖက် ဖျက်ဆီးနေသည့် လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချသည်...။

ရခိုင်တိုင်းရင်းသား ပြည်သူများအား အရိပ်နေနေ အခက်ချိုးချိုး စော်ကားသည့် လုပ်ဆောင်မှုနှင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာအား ထိပါးသည့် စော်ကားသည့် လုပ်ရပ်ဟု သတ်မှတ်သည်..။ အဆိုပ...ါဖြစ်ရပ်အတွက် လုံခြုံရေး ရဲများနှင့် စစ်တပ်အနေဖြင့် ယခုဖြစ်စဉ်အတွင်း မိမိတို့၏ သွေးချင်း ရခိုင်တိုင်းရင်းသား များ၏ အသက်အိုးအိမ် စည်းစိမ်အား အစွမ်းကုန် စောင့်ရှောက် ကာကွယ်ပေးပါရန် တိုက်တွန်း နှိုးဆော်အပ်သည်။ ထိုသို့ စောင့်ရှောက် ကာကွယ်ခြင်းဖြင့် မိမိတို့၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ကြပါ။ မိမိတို့ ရခိုင်တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်များအား အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပါက ပြည်သူများမှလည်း အပြည့်အဝ ပြန်လည်ထောက်ခံ ရပ်တည်မှာ မလွှဲမသွေပါ။ ရခိုင်တိုင်းရင်းသား ဒေသတွေမှာ လုံခြုံရေးအတွက် တပ်အင်အားများ ဆက်လက်ဖြည့်တင်း ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။ 


ပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူမှန်သမျှ ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝ ရရှိခံစားနိုင်စေဖို့နဲ့ ဋ္ဌာနေတိုင်းရင်းသား ပြည်သူများအား အပြည့်အဝ အကာအကွယ်ပေးဖို့ ဥပဒေများ ထုတ်ပြန် ပေးဖို့ လက်ရှိအစိုးရအား တောင်းဆိုသည်။


ထို့အတူ မြန်မာပြည်တွင်းမှ ဆိုးတူကောင်းဖက် အတူ ယှဉ်တွဲ နေထိုင် လာခဲ့ကြသည့် မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များ အနေဖြင့်လည်း အဆိုပါ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ လုပ်ရပ်အား ကန့်ကွက်ကြောင်း ကွဲကွဲပြားပြား သိမြင်နိုင်ရန် ကြေငြာချက် ထုတ်ပြန်ပေးဖို့ တောင်းဆိုပါသည်။


အရေးကြီးလျှင် သွေးနီးသည်...။ ရခိုင်ပြည်သူများနှင့် တသားတည်း ရှိသည်။ အိမ်ရှင်အား ဧည့်သည်မှ စော်ကားမှု၊ သွေးချင်း ရခိုင် ပြည်သူများ၏ အသက်အိုးအိမ်အား ဖျက်ဆီးမှုနှင့် အမိမြန်မာပြည်၏ အချုပ်အခြာ အာဏာ ထိပါးမှုနှင့် ပတ်သက်၍ ကျူးကျော်သူ ဘင်္ဂါလီ ရိုဟင်ဂျာများအား အပြင်းအထန် ကန့်ကွက် ရှုတ်ချသည်...။

ဒီမိုဝေယံ



 ဒီမြေမှာနေ ဒီရေကိုသောက် ဆိုးတူကောင်းဖက် ဒိုးတူဘောင်ဘက်  မြန်မာပြည်ဖွား အစ္စလာမ် ဘာသာဝင်များနဲ့ ကျူးကျော်သူ ဘင်္ဂလီများကိုခွဲခြားပြီး မြင်ကြပါ...။ ဘာသာရေးမဟုတ် ကျူးကျော် စော်ကားပြီး အချုပ်အခြာ အာဏာကို ထိပါးစော်ကားသည့် ဘင်္ဂလီများ ရိုဟင်ဂျာများ အရေးဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment