ငါအိုသွားသောအခါ ငါဟာအရင်ကငါ မဟုတ်တော့ဘူး ငါ့ကို နာလည်ပေးပါ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်း ဟင်းတွေအင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့ ၊ငယ်ငယ်တုန်းက ငါသုတ်သင်ပေခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေပါ။
အပ်ကြောင်းထပ်မက ပြောဘူတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကာမဖြတ်ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ။ငယ်ငယ်တုန်က အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာ့ငါးဆယ်နိပါတ် တော်တွေ ဇာတ်ကြီး ဆယ်ဘွဲ့တွေစတဲ့ ပုံပြင်တွေကိုမရိုး အောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကိုသတိရပေပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါကို မငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းကချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့.ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကိုစိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီးလမ်းမလျှောက်နိုင်တဲ့အခါခွန်အားပါတဲ့ လက်တစ်စုံနဲ့ငါ့ကို ကူတွဲပေးကြပါ.လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာ တွေကိုသတိရပေပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘဝ နောက်ဆုံးအချိန် အတွက်အဖော်ပြုပေးပါ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
အရှင်တေဇနိယရေးသားပါသည်
ပြန်လည်မျှဝေးလိုက်ပါသည်
0 ကွန်မန့်ရေးရန်:
Post a Comment