Inbox
x
Inbox
|
2:51 PM (8 hours ago)
| |||
|
ကံကောင်းစေရန် အရှင်လတ်လတ် မြေမြှုပ်ခံသည့် ရုရှားလူမျိုး သေဆုံးသွား
၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ကံကောင်းစေသည်ဟူသော အယူအဆဖြင့် အရှင်လတ်လတ် မြေမြှုပ်ခံခဲ့သော ရုရှားလူမျိုးတစ်ဦး သေဆုံးသွားခဲ့သည်။
၎င်းသည် သူငယ်ချင်း တစ်ဦးအား အကူအညီတောင်းကာ မြေအောက်တွင် တစ်ညနေရန်
ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံအရှေ့ပိုင်း
ဘလာဂေါ့ဗက်ရှချက်တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ပုဂ္ဂိုလ်သည်
အခေါင်းတစ်ခုထဲ ဝင်ရောက်ကာ လေပေါက်လေးများ ဖောက်ပြီးနောက်
ဥယျာဉ်တစ်ခုအတွင်း မြေမြှုပ်ခံခဲ့ခြင်းဖြစ်သည်။
သူငယ်ချင်း
ဖြစ်သူသည် အခေါင်းထဲတွင် ဖုန်းတစ်လုံးနှင့် ရေတစ်ပုလင်းကိုပင်
ထားခဲ့ပေးသည်။ ဖုန်းမှာ အရေးကြုံပါက ဆက်သွယ်အချက်ပေးရန်ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် သူငယ်ချင်း ဖြစ်သူမှာ ဥယျာဉ်အတွင်း
သွားရောက်ပြီး အခေါင်းကို ပြန်လည်ဖော်ခဲ့ရာ အတွင်းမှပုဂ္ဂိုလ်
သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
စုံထောက်များက သေဆုံးသူသည် ယတြာသဘောဖြင့် အခေါင်းထဲ
တစ်ညဝင်အိပ်ခြင်းဖြင့် ဘဝတလျှောက် ကံကောင်းစေမည်ဟု
ယုံကြည်ခဲ့ကြောင်း ပြောကြားသွားသည်။ သေသူမှာ ကွန်ပျူတာ ပရိုဂရမ်မာ
တစ်ဦးဖြစ်ပြီး ကလေးငယ်တစ်ဦးလည်းရှိကြောင်း သိရသည်။ အခေါင်းကို
ပြန်ဖော်ချိန်တွင် မြေအနက်မှာ ၂၀ စင်တီမီတာမျှသာ ရှိနေကြောင်း
စုံထောက်ဌာနကဆိုသည်။
ရဲများ
သည် မြေမြှုပ်ပေးခဲ့သော သူငယ်ချင်းအား စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်နေဆဲဖြစ်သည်။ ယင်းဖြစ်ရပ်မျိုးသည် ရုရှားတွင် ပထမဆုံးအကြိမ်
ကြုံရခြင်း မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီကလည်း
မော်စကိုမြို့သားတစ်ဦး ယတြာချေပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရာ
တစ်နာရီခွဲအကြာတွင် အခေါင်းကို ပြန်ဖော်ကြည့်ပြီးနောက် ၎င်း၏
အလောင်းကိုသာ ပြန်ရခဲ့ဖူးကြောင်း သတင်းများက ဖော်ပြသွားသည်။ ၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော
ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ်
အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။
ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက်
နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး
တက်ရောက်ခဲ့သည်။
ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင်
ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ
နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁
နှစ် ရှိနေပြီ ဖြစ်သည်။
ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း
ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊
အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည်
ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။
ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ်
တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ
ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။
''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ
အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့်
၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။
နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့
အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။
ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ
အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု
ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။
''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ
အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။
ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့
မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့
အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က
ပြောကြားခဲ့သည်။
ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက်
သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည်
ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။
အလှမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မိသည့် မွတ်ဆလင်မိန်းကလေး ကျောက်တုံးဖြင့်ပစ်ပေါက် အသတ်ခံရ
အစ္စလာမ်ဘာသာဝင် မိန်းကလေးတစ်ဦးသည် အလှမယ်ပြိုင်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်မိရုံဖြင့် ကျောက်တုံးများနှင့် ပစ်ပေါက်သတ်ဖြတ်
ခံခဲ့ရကြောင်း သိရသည်။
ယူကရိန်းမှ အသက် ၁၉ နှစ်အရွယ် ကက်တာယာကိုရန်သည် ခရီမီယာဒေသရှိ
ရွာတစ်ခုအနီး နေထိုင်သူဖြစ်ပြီး သူမ၏ အလောင်းကို ရွာပြင်တွင်
တွေ့ရှိခဲ့သည်။ သူမ၏ မိတ်ဆွေများက ကက်တာယာသည် ဖက်ရှင်ကျနသော
အဝတ်အစားများဖြင့် အလှမယ်ပြိုင်ပွဲတစ်ခုသို့
သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးေ နာက် အစ္စလာမ် ရှာရီယာ စည်းမျဉ်းများကို
ဖောက်ဖျက်ကြောင်း စွပ်စွဲခံရပြီး မွတ်ဆလင် လူငယ် ၃ ဦးက ဖမ်းဆီးကာ
သေဒဏ်စီရင်ခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။
လူငယ်
၃ ဦးအနက် ၁၆ နှစ်အရွယ် ဘီဟယ်ဂါဇီယက် ဆိုသူကို ဖမ်းဆီးထားပြီးဖြစ်သည်။
၎င်းက မိန်းကလေးအား ရှာရီယာ စည်းမျဉ်းများကို ဖောက်ပြန်မှုအတွက်
သေဒဏ်ထိုက်သင့်ကြောင်း ပြောကြားခဲ့သည်။ အစ္စလာမ်ဘာသာရေးတွင်
အိမ်ထောင်ရေးဖောက်ဖျက်ခြင်း ကဲ့သို့ ပြစ်မှုများအတွက်
ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်မှုများ ပြုလုပ်မှုများ ရှိနေဆဲဟု
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောကြားခဲ့သည်။
အီရန်၊
နိုက်ဂျီးရီးယားနှင့် ပါကစ္စတန်တို့တွင်လည်း အလားတူ ဖြစ်ရပ်များ
ပေါ်ပေါက်ခဲ့သည်ကို မိမိတို့ သတင်းရရှိထားကြောင်း အဆိုပါ
အဖွဲ့ကြီးက ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်က အဆိုပါ ပုံစံမျိုးဖြင့်
သေဒဏ်ချခံရသူ ၂၇၀ ကျော်ထိ ရှိခဲ့ကြောင်း သိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment