Inbox
x
Inbox
<kkogyister@gmail.com>
BBC အတင်းဋ္ဌာန(Anna Jones) ၏ နောက်ကွယ်မှ ......
(ရိုဟင်ဂျာအရေးစိတ်ဝင်စားသူတိုင
်း ဖတ်ရန်)
by Yan Aung on Monday, 31 October 2011 at 17:31
အခုဖော်ပြမယ့်အကြောင်းအရာတွေကို ရိုဟင်ဂျာဆန့်ကျင်ရေးကို လက်ခံသူကော လက်မခံသူအားလုံးကော သေသေချာချာ လေ့လာဝေဖန်သုံးသပ်စေလိုပါတယ်..။ ရိုဟင်ဂျာအမည်ခံ တစ်ဖက်နိုင်ငံက ဘင်္ဂလီနွယ်တွေနဲ့ နည်းအမျိုးမျိုးနဲ့ ခေါင်းစဉ်မျိုးစုံတတ်ပြီး ပိုက်ဆံယူနေတဲ့ ဒီမိုလုပ်စားအဖွဲ့အစည်းတွေရဲ့ 2010 ရွေးကောက်ပွဲ မတိုင်ခင် ပိပိယိယိ ကြိုတင်ကြံစည်ထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်..။ အဲဒီကိစ္စတွေမှာ မီဒီယာတွေလည်း ပါဝင်ပတ်သတ်နေကြပါတယ်..။ အဲဒါတွေကို စုဆောင်းတင်ပြထားပါတယ်..။ပထမဆုံ လေ့လာတွေ့ရှိချက်ကို ပြောချင်ပါတယ်..။ bbc သတင်းထောက် Anna Jones ရဲ့ မြေပုံပါတဲ့ ဆောင်းပါးကို သေသေချာချာဖတ်ကြည့်တော့ .. Mark Farmaner of UK-based charity Burma Campaign, describes failure to grant ethnic groups greater autonomy as "the root cause of the instability in Burma". လို့ သွားတွေ့ပါတယ်…။ အဲဒီတော့ Burma Capmaign UK အဖွဲ့က ပါဝင်ပတ်သက်နေတာ သေချာနေပါပြီ..။မူရင်းစာသားပါတဲ့ လင့်ကို အောက်မှာ ကြည့်ပါ..။အဲဒီတော့ online မှာ ဟိုရှာဒီရှာလုပ်ကြည့်တော့ ဒီပုံကို သွားတွေ့ပါတယ်..။နောက်တွပ်ရပ်နေသူမှာ Mark Farmaner (Director of Burma Campaign UK) ဖြစ်ပြီး ရှေ့တွင် အမျိုးသမီးများနှင့် တွဲရပ်နေသူမှာ Burmese Rohingya Organisation UK ရဲ့ ခေါင်းဆောင်ဖြစ်သူ ထွန်းခင် ဖြစ်ပါတယ်..။သူ့ရဲ့ ၀ဲယာ မှာ ရပ်နေတဲ့အမျိုးသမီး ၂ ဦးကတော့ ကရင်ဒီမိုမင်းသမီးလေး ဇိုရာဖန်း နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ သမီး မွတ်ဆလင် ဒီမိုမင်းသမီးလေ နှင်းပွင့်ဝေသုန် တို့ဖြစ်ပါတယ်။ အဲဒီပုံကို ကြည့်ခြင်းအားဖြင့် Anna Jones ရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူဆိုတာ .အလွယ်တကူ မှန်းလို့ရပါတယ်..။Burma Campaign website မှာ လေ့လာရင်းနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတစ်ခုကို သွားတွေ့ပါတယ်.. ။ သတင်းက ဘူးသီးတောင် မောင်တောမှာ 2010 ရွေးကောက်ပွဲဝင်နေတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) ရဲ့ ပံ့ပိုးသူတွေကို မဲဆွယ်ကာလမှာ မြန်မာ နယ်စပ်ဒေသလုံခြုံရေး နစက မှ ဖမ်းဆီးပြီး ရိုက်နှက်တဲ့ သတင်းပါ…။ နစက ဖမ်းတာ မထူးခြားပါဘူး.။ ထူးခြားတာကအဲဒီသတင်းမှာ NDPD ပါတီကို Burma Campaign website မှာ Rohingya Party လို့ သုံးနှုန်းထားပါတယ်..။ မူရင်း စာသားပါတဲ့ လင့်ကို အောက်မှာ လေ့လာကြည့်ပါ..။အဲဒီတော့ အဲဒီပါတီဟာ ရိုဟင်ဂျာတွေ မျက်နှာဖုံးစွပ်ပြီး ၀င်ပြိုင်တဲ့ပါတီဖြစ်တယ်လို့ နားလည်လိုက်ပါတယ်..။ထူးခြားမှု နောက်တစ်ခုက အဲဒီ ပါတီနဲ့ပတ်သက်သူတွေ အဖမ်းခံရတဲ့ သတင်းကို DVB RFA နဲ့ နိုင်ငံတကာအခြေစိုက် မြန်မာဘာသာလွှင့်တဲ့ မီဒီယာတော်တော်များများက မြိုင်ဆိုင်စွာ ထုတ်လွှင့်သွားတာကို နားထောင်ခဲ့ဖူးလို့ပါပဲ..။ ဒါပေမယ့် လွှင့်သွားတဲ့အချိန်မှာ အဲဒီပါတီဟာ ရိုဟင်ဂျာပါတီဖြစ်ကြောင်း မပါဝင်ပါဘူး..။ အဲဒီပါတီဟာ ဒီမိုကကရေစီ အရေခြုံဝင်လာတဲ့ ရိုဟင်ဂျာပါတီမှန်း မသိပဲ ကျွန်တော်တို့ Blogger တော်တော်များများကလည်း အဲဒီသတင်းကို share လိုက်ကြပါသေးတယ်..။ ဒီမိုနံမည်ပါတော့ ဒီမိုပါတီလို့ ထင်တာကိုး..။ကံဆိုးစွာနဲ့ အဲဒီပါတီ (NDPD) ဟာ မောင်တောမှာ ကြံ့ဖွတ်ကို အပြတ်အသတ် ရှုံးသွားခဲ့ပါတယ်..။ ကြံ့ဖွတ်က ရခိုင်မှာ အဲဒီပါတီကို ပါဝါသုံး၊ မဲခိုးပြီး နည်းမျိုးစုံသုံးပြီး အနိုင်ယူလိုက်ပါတယ်..။ မဲဆွယ်စည်းရုံးနေတုန်းကလည်း အဲဒီ ရိုဟင်ဂျာပါတီ (NDPD) နဲ့ ကြံ့ဖွတ်နဲ့ ခဏခဏ ပဋိပက္ခ ဖြစ်တယ်လို့ သိရပါတယ်..။အဲဒီတော့ ဆရာချိုတူးဇော်ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ခင်ရတနာပြောသလို ကြံ့ဖွတ်ထဲမှာ ရိုဟင်ဂျာရှိလို့ ကြံ့ဖွတ်နိုင်သွားတာလား၊ ကြံ့ဖွတ်ကြောင့်ပဲ ရိုဟင်ဂျာပါတီ ရှုံးသွားတာလား သက်သေပါပဲ..။ အောက်က မဲစာရင်းတွေ.. နဲ့ ပုံတွေကို ကြည်ပါ..။အဲဒီတော့  အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဆိုတာ ရိုဟင်ဂျာအရေခြုံထားတဲ ပါတီဆိုတာ သေချာနေပါပြီ..။ အဲဒီတော့ သူတို့ရဲ့ ရည်မှန်းချက်က တော်တော် ရင်လေးစရာပါ..။ Facebook မှာ ရိုဟင်ဂျာဘက်က အမြဲတမ်း ပြန်လည်တိုက်ခိုက်တဲ့ Soe Myat ညွန်းတဲ့ Document တစ်ခုကို ဖတ်မိတာကို သတိရပါတယ်..။ အဲဒါက ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားပါတီ (ရခိုင်အခြေစိုက်) က ရိုဟင်ဂျာဆိုတာကို လူမျိုးအဖြစ် အသိအမှတ်ပြုထားတဲ့ စည်းရုံးရေးစာအုပ်ပါ..။အဲဒီစာအုပ်ထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ရခိုင်နဲ့ အတူတူ ဆင်းသက်လာတယ်လို့ ဖော်ပြထားပြီး ၁၇ ရာစုရောက်မှ ရိုဟင်ဂျာလို့ အမည်တွင်ကြောင်း ဖော်ပြထားပါတယ်..။အောက်မှဖော်ပြထားတဲ့ လင့်ကို ဖတ်ကြည့်ပါ..။RFA က အင်တာဗျူးတဲ့ ရိုဟင်ဂျာ ပါမောက္ခ ဒေါက်တာဝါကာအူဒင်ကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အာရပ်တွေ သင်္ဘောပျက်လို့ ဒီမှာသောင်တင်ပြီး ရိုဟင်ဂျာအဖြစ် အသွင်ပြောင်းသွားတယ်လို့ ပြောသွားပါတယ်..။ (အာရပ်ဆီက ပိုက်ဆံတောင်းလို့ကောင်းအောင်ဖြစ်မှာပါ)။ အဲဒီသမိုင်းကြောင်းနှစ်ခုတောင် မတူပါဘူး..။ ကြုံသလို ပြောနေကြတာပါ..။ အဲဒီစာတွေကို ဖတ်မိရင် ၁၉၉၀ အမျိုးသားပါတီဆိုတာလည်း ရိုဟင်ဂျာပါတီတစ်ခုဆိုတာ ငြင်းမရပါဘူး..။ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး Burma Campaign UK က ရိုဟင်ဂျာပါတီလို့ ပြောတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) နဲ့ အဲဒီ အမျိုးသားပါတီဟောင်းနဲ့ ပတ်သတ်ဆက်စပ်မှုရှိမယ်လို့ ယူဆပါတယ်..။ အဲဒါဆိုရင် သူတို့ရဲ့ အဓိက ဦးတည်ချက်က .. ဘာလဲ… ????ဘယ်အစိုးရတက်တက်၊ ဘာမူဝါဒ ပေါ်လစီပြောင်းပြောင်း.. ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲဝင်၊ အစိုးရအဖွဲ့ရယူ၊ တိုင်းရင်းသား/ ကိုယ်ပိုင်အုပ်ချုပ်ဖို့ အခွင့်အရေးတောင်း၊ အစရှိသဖြင့် ရသမျှအကုန်ယူဖို့၊ ရခိုင်လူမျိုးတွေ၊ ရခိုင်နယ်မြေတွေကို ၀ါးမျိုးဖို့ ပိပိယိယိ ကြံစည်ထားတဲ့ အစီအစဉ်ပါ..။အဲဒီ ရိုဟင်ဂျာတွေအတွက် အာရပ်နိုင်ငံတွေအပါအ၀င် (၅၇) နိုင်ငံပါဝင်တဲ့ Organization of International Islamic Cooperation OIC အပြည်ပြည်ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်က ဦးဟန်ညောင်ဝေရဲ့ EBU ကို ငွေပေးပြီး ကြိုးစားနေတယ်ဆိုတာလည်း သိသင့်သလောက် သိပြီးကြပါပြီ..။အဲဒီတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိရှိ တိတိကျကျ အထောက်အထားအခိုင်အမာ ဖော်ထုတ်ဖို့က ကျွန်တော်တို့တာဝန်ပဲဖြစ်ပါတယ်.။ ရိုဟင်ဂျာကို လူ့အခွင့်အရေးလက်နက်အဖြစ်အသုံးချပြီး အမေစုနဲ့ NLD ကို ပစ်နိုင်အောင် ဒီမိုလုပ်စားတော်တော်များများက ဖန်တီးနေကြပါတယ်..။ တချို့ကလည်း အမေရိကန်ကြောင့်လို့ ပြောကြသလို၊ တချို့လည်း အစိုးရ အကွက်ရွှေ့နေတာ လို့ပြောကြပါတယ်..။ ခုအချိန်မှာ ဘယ်သူ့ကိုပဲ လက်ညိုးထိုးနေပါစေ လက်ရှိ ဖော်ညွှန်းနေတဲ့ အထောက်အထားတွေကတော့ သစ္စာဖောက်လောက်ကောင် ဒီမိုလုပ်စားတွေ၊ ကျွန်တော်တို့အားကိုးခဲ့တဲ့ ပြည်ပအခြေစိုက် မီဒီယာတွေ ဖြစ်နေတာက ရင်အနာဆုံးပါ..။ အဲဒီ နောက်ကွယ်က ဘယ်သူပါဝင်လဲဆိုတာကိုလည်း လေ့လာဖော်ထုတ်ဖို့ ကြိုးစားပါဦးမယ်..။ သူငယ်ချင်းများလည်း လေ့လာဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်..။(စုစည်းတင်ပြသူ - ရန်အောင်)မည်သူမဆို ခွင့်တောင်းစရာမလိုပဲ လွတ်လပ်စွား ကူးယူ share နိုင်ပါသည်..။
0 ကွန်မန့်ရေးရန်:
Post a Comment