This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 25, 2013

လက်စားခြေခြင်း



တခါတုန်းက တနေရာစီကွဲနေကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိကြပါတယ် သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတယ်လေ နှစ်နာရီတစ်ခါ ဖုန်းနဲ့ဖြစ်စေ message နဲ့ဖြစ်စေ အွန်လိုင်းပေါ်ကဖြစ်စေ အဆက်အသွယ်အမြဲရှိနေခဲ့ကြပါတယ် တစ်ဦးကိုတစ်ဦးလည်းနားလည်ပေးခြင်းများစွာနဲ့ပေါ့။ ဒါပေမယ့် တနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့ကြားထဲကို မမျှော်လင့်ပဲ မုန်တိုင်းတစ်ခုဝင်လာပါတော့တယ် အဲဒိမုန်တိုင်းကို ဖန်တီးလိုက်သူကတော့ ကောင်မလေးပါပဲ သူမက အွန်လိုင်းပေါ်မှာ လာကျူတဲ့ကောင်လေးတစ်ယောက်ကို စချင်နောက်ချင်တဲ့စိတ်နဲ့ ပြန်ကျူလိုက်မိရာကနေ ဇာတ်လမ်းကလေးဖြစ်သွားတာပါ။ ကောင်မလေးဟာ တဖြည်းဖြည်း ဒုတိရ ရီးစားကောင်လေးအပေါ်မှာ စိတ်ဝင်စားမှုပိုပိုလာခဲ့ပါတယ်။သူမရဲ့ ငယ်ရွယ်မှု(မရင့်ကြတ်သေးတဲ့စိတ်)ကလည်း ဒါကိုအားပေးနေခဲ့တာပါ။ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေးအပေါ်မှာ ဆက်ဆံမှုတွေက တဖြေးဖြေးသွေးအေးလာခဲ့ပါတော့တယ်။ ကောင်လေးကလည်း ချက်ချင်းဆိုသလိုရိပ်မိတာပါပဲ။ဒါပေမယ့် သူနားလည်ပေးလိက်ပါတယ်။သူမပျော်နေတာကိုကြည့်ရင်း သူလည်းပျော်ရွှင်နေခဲ့မိပါတယ် (ရင်ထဲမှာတော့ ငိုကြွေးနေမှာပေါ့လေ) ဒီလိုနဲ့ တနေ့မှာတော့ ကောင်မလေးက အွန်လိုင်းပေါ်မှာရော message box မှာရော ပြောက်နေခဲ့ပါတေည့တယ်။ဖုန်းဆက်တေည့လည်း ပိတ်ထားတယ်တဲ့။ ကောင်လေးအရမ်းစိတ်ပူနေပါပြီ။ အဝေးရောက်နေတဲ့ ချစ်သူနဲ့ တနေကုန်အဆက်အသွယ်မရတာလဲ ဒါပထမဆုံးအကြိမ်ပဲလေ။သူစဉ်းစားမိတာလေးဆစ်ခုရှိတာနဲ့ ကောင်မလေး အကောင့်ကို ဟတ်ကာတယောက်အကူအညီနဲ့ password ရအောင်ယူထားလိုက်ပါတယ်။ ညရောက်တေ့ ကောင်မလေး အွန်လိုင်းပေါ်တက်လာခဲ့ပါတယ်။ သူမ အဖွားဆေးရုံတက်ရလို့ သူမ ဖုန်းပိတ်ပြီးဆေးရုံစောင့်ရကြောင်းပြောပြတောင်းပန်ပါတယ်။ကောင်ဘေးလဲ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေးလိုက်ပြီး သူမခက်ဘောက်ထဲဝင်စစ်ကြည့်ပါတော့တယ်။ အဲဒီမှာ ကောင်မလေးက သူနဲ့ ပြောနေရင်းက လင်းမြတ်ဆိုတဲ့တခြားကောင်လေးနဲ့လည်း ပြောနေတာကိုတွေ့ရပါတယ် အရင်ပြောနေတာတွေပြန်စစ်လိုက်တော့ ဒီနေ့သူတို့ချိန်းထားနာကိုတွေ့ပါလေရော။ကောင်လေးလဲဘာမှမပြောသေးပဲ ဆက်ဟမ်ဆောင်နေလိုက်ပါနယ်။ အဲဒီမာ ကောင်မလေးနဲ့ လင်းမြတ်နဲ့ ဆက်ပြောနေတာတွေ တွေ့ရတော့ ကောင်လေးခေါင်းတွေအကြီးကြီးဖြစ်သွားရပါတော့တယ်။ သူတို့ဒီနေ့ချိန်းတွေ့ရင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကောင်လေးသိလိုက်ရတာကိုး။ ကောင်လေး ဆက်ဖတ်နှိုင်တဲ့ အင်အားမရှိတော့သလို တမ်တတ်ရပ်နှိုင်စွမ်းလည်းမရှိတော့ပါဘူး။ မျက်ရည်များနဲ့ဝေဝါးနေတဲ့ မျက်လုံးနွေကို စွတ်ပိတ်ထားလိုက်ရပါတော့တယ်။ သူဘဝအတွက် အဲဒီအခိုက်အတန့်ဟာ ကမ္ဘာပျက်သွားသလို အရာအားလုံးလဲ ပျောက်ဆုံးသွားခ့တာပါ။ ကောင်လေးဟာ အားတင်ပြီး သူငယ်ချင်း ဟက်ကာကိုအကူအညီလှမ်းတောင်းလိုက်ပါတယ် လင်းမြတ်ရဲ့ အကောင့် password ကို ယူပေးဖို့ပါ။ သူငယ်ချင်းအငူအညီန့ password ရတာန့ ကောင်လေးက လင်းမြတ်ရဲ့ အကောင့်ထဲကိုဝင်ကြည့်လိုက်ပါတယ်။ ဘုရားဘုရား ။ကောင်လေးတကယ်ဘုားတသွားရပါတော့တယ် လင်းမြတ်က လူပွေလူရှုပ်တယောက်ဆိုတာ သူသိလိုက်ရလို့ပါပဲ။ သူအမျိုးမျိုးစဉ်းစားရပါတော့တယ်။ သူမကိုစွန့်လွှတ်နှိုင်သလားမေးလိုက်တာနဲ့ သူနှလုံးသားလေးက နာကျင်စွာ ခေါင်းယမ်းပြပါတယ်။ သူဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ကောင်မလေးရှိတဲ့ မြ်ု့ကို ထွက်ခွာခဲ့ပါတော့တယ်။

ကောင်လေးက လင်းမြတ်အကောင့်နဲ့ ကောင်မလေးကိုဆက်သွယ်လိုက်ပြီး ဟိုတယ်တစ်ခုရဲ့ အခန်းနံပါတ်တစ်ခုမှာ ချိန်းဆိုလိုက်ပါတယ်။ ကောင်မလေးကလာမယ်ပြောပြီး out သွားချိန်မှာပဲ သူပို့ထားတဲ့ ခြေရာလက်ရာတွေဖျက်ပြီး ကောင်မလေးအကောင့်ထဲဝင် ကောင်မလေးဟန်နဲ့ လင်းမြတ်ကိုလည်း အဲဒီနေရာအဲဒီ အခန်းကိုပဲ ချိန်းဆိုလိုက်ပါတယ်။

ချိန်းဆိုထားတဲ့အချိန်ရောက်တေ့ ကောင်လေးက အခန်းထဲမှာပဲ ပုန်းအောင်းနေခဲ့ပါတယ်။ လင်းမြတ်က အရင်ရောက်လာခဲ့ပြီး ငါးမိနစ်လောက်အကြာမှာ ကောင်မလေးရောက်လာခဲ့ပါတယ် သူတို့ ချစ်တင်းနှောနေချိန်မှာပဲ ကောင်လေးက ပုန်းနေရာကထွက်လာလိုက်ပါတော့တယ်။သူ့လက်ထဲမှာတော့ စာချုပ်တစ်စောင်ရယ် ဖုန်းတစ်လုံးရယ်ကိုင်လို့။ လင်းမြတ်နဲ့ကောင်မလေးအံ့အားသင့်နေချိန်မှာပဲ ကောင်လေးကပြောလိုက်ပါတယ်။

ဒီမှာလင်းမြတ် သူမကငါ့ချစ်သူဆိုပေမယ့် မင်းနဲ့လွန်ကျူးသွားပြီဖြစ်တဲ့အတွက်မင်းလက်ထပ်ပါ ငါသူ့မိဘတွေနဲ့ လူင်္ကြးတွေကို ဖုန်းဆက်ထားပီးပြီ မင်းတို့ တရားရုံးမှာ တစ်ခါတည်း စာချုပ်ချုပ်သွားပါလို့ပြောလိုက်ပါတယ်။ အဲဒီမှာ လငါးမြတ်က ငြင်းပါတော့တယ် သူလက်မထပ်နှိုင်ဘူး ဘာညပေါ့။ ဒ်ာပေမယ့် ကောင်လေးက အမှန်တကယ်ဖုန်းဆက်ပီးအငြောင်းကြားထားတာပါ။ ခဏအတွင်းမှာပဲ အခန်းတံခါးခေါက်သံနဲ့အတူ ကောင်မလေးမိဘများနဲ့ ရက်ကွက်လူကြီးတွေရောက်လာခဲ့ပါတော့တယ်။ လင်းမြတ်လဲ ငြင်းလို့မရတော့ပဲ ကောင်မလေးကို လက်ထပ်လိုက်ရပါတော့တယ်။ ကောင်မလေးကတော့ ရှက်တာရော ကြောက်တာရောကြောင့် ဘာတစ်ခုမှမပြောတော့ပဲ ခေါင်းသာငုံ့နေပါတော့တယ် ကောင်လေးက ကောင်မလေးကိုကြည့်ပြီး မျက်ရည်တွေကြားက စကားတစ်ခွန်းပြောလိုက်ပါတော့တယ်

"သစ္စာမရှိတဲ့ နင့်ကို သစ္စာမဲ့သူလက်ထဲ ထဲ့ပေးလိုက်တာ ငါ့ရဲ့ အကြီးဆုံးလက်စားခြေခြင်းပဲ" တဲ့ evil::evil::evil::twisted::twisted:
Credit to ယောကျာင်္းတို့ အတွက်အားဆေး

ပြောင်းလဲလာနိုင်တဲ့ မြန်မာ့စီးပွားရေး နဲ့ ဘဏ်စနစ် ........................

သမ္မတ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး
သမ္မတ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့  စီးပွားရေးနဲ့ ဘဏ်စနစ် ပတ်သက်တဲ့ အခြေအနေတွေကို သမ္မတဦးသိန်းစိန်ရဲ့  စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဇော်ဦး နဲ့ ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်းတို့ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီလုပ်ငန်းစဉ်မှာ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေဟာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်း အားနည်းချက်တွေ အများကြီးရှိနေသေးတယ်လို့ နိုင်ငံတော်သမ္မတရဲ့  စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာဦးဇော်ဦး က ပြောပါတယ်။ မကြာသေးခင်ကမှ သမ္မတအကြံပေးတဦးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဦးဇော်ဦး ကို ဝါရှင်တန်ဒီစီ ဗွီအိုအေရုံးချုပ်မှာ ကျနော် တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အခုလက်ရှိကတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်ပြီး သွားနေတယ်။ အထူးသဖြင့် ဦးဇော်ဦးတို့ အခုနောက်ပိုင်းမှာ တာဝန်ယူရတဲ့အကြောင်းက ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ။ အဲဒီတော့ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ ဘယ်လိုအပိုင်းတွေက အဓိက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသလဲဆိုတာကို အကျဉ်းချုံပြီး အရင်ပြောပြပါလား။

ဦးဇော်ဦး ။ ။ ဘဏ္ဍာရေးကဏ္ဍမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ နောက်ပြီး အာရှဖွံ့ဖြိုးမှုဘဏ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ သူတို့ရဲ့  ပူးပေါင်းကူညီမှုနဲ့ ကျနော်တို့ရဲ့  ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပါတယ်။ အဲဒီတော့ အရင်တုန်းကတော့ ဘာကို စတင်ဆောင်ရွက်ရသလဲဆိုတော့ ဘဏ္ဍာရေးစနစ်မှာ ဘာ အားနည်းချက်တွေ ရှိနေသလဲ။ ဘာ လစ်ဟမှုတွေ ရှိနေသလဲဆိုတဲ့ကိစ္စကို စမ်းစစ်တဲ့ကိစ္စ။ ဒါကတော့ ကမ္ဘာ့ဘဏ်ကနေ ဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ADB နဲ့ အမေရိကန်အစိုးရရဲ့  Treasury Department ကပါ ဝင်ပြီးတော့ ကူပေးခဲ့တဲ့ အစီအစဉ်တခု ရှိပါတယ်။ အဲဒါ PEFA (public expenditure and financial accountability)။ ဆိုလိုတာက ကျနော်တို့ရဲ့  ပြည်သူ့ဘဏ္ဍာ ခန့်ခွဲမှုမှာ ဘယ်လောက်အထိ တာဝန်ခံမှု ရှိသလဲဆိုတဲ့ကိစ္စကို စီစစ်တဲ့ကိစ္စပါ။ ပွင့်လင်းမြင်သာမှု ရှိသလဲဆိုတဲ့ဟာ။ အဲဒါက စီစစ်မှု ပြီးသွားပါပြီ။ ဆိုတော့ အဲဒီ စီစစ်ချက်အရ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ပိုပြီးတော့ နည်းဗျူဟာတွေကို စပြီးရေးဆွဲပြီးတော့ ဆောင်ရွက်တဲ့အပိုင်း ရှိပါတယ်။ အခုကတော့ Public Financial Management ဆိုတဲ့ PEFA အပြီးမှာ PFM နဲ့ စပြီးလုပ်နေပါတယ်။ ဒါကတော့ အဓိက ဌာနဆိုင်ရာ တော်တော်များများကို ဘဏ္ဍာစီမံခန့်ခွဲမှု အားကောင်းအောင် သင်တန်းတွေပေးတယ်။ အတွေ့အကြုံတွေ ဖလှယ်စေတယ်။ နောက်ပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရအောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ဖြတ်မေးရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်အတော်ကြာအတွင်းမှာ မြန်မာနိုင်ငံက အာဏာရှင်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ဌာနဆိုင်ရာတွေ၊ ဘဏ္ဍာရေးစနစ်တွေက ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့။ အလားတူပဲ ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် နိုင်ငံတကာစနစ်တွေနဲ့ ကင်းကွာနေတော့ ဒီလို အခြေအနေတွေကို နိုင်ငံတကာက ပြည်တွင်းဖြစ်နေတဲ့ အခြေအနေတွေကို တိတိကျကျသိအောင် နိုင်ငံတကာကနေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဒီအချက်ကို ပြန်ပြီးတည်ထောင်ယူရတယ့် သဘောပေါ့။

ဦးဇော်ဦး ။ ။ အဲဒီ သဘောပါပဲ။ အဲဒီတွေကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင်တော့ အခုနပြောတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျနော်တို့ကို ထိထိရောက်ရောက် ကူညီနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ မတိုင်ခင်ကိုက ကျနော်တို့ လုပ်ခဲ့ရတဲ့ကိစ္စတခု ရှိပါတယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ကျနော်တို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ကိစ္စ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျနော်တို့မှာ နိုင်ငံတကာ ချေးငွေတွေ အများကြီး အကြွေးတင်နေတဲ့ ပြဿနာ။ အဲဒါက စီးပွားရေး ပြစ်ဒဏ်ခတ် သတ်မှတ်ချက် ဆောင်ရွက်ပြီးတဲ့နောက်ပိုင်းမှာ အရင် အစိုးရကလည်း ဒီအကြွေးတွေကို မပေးနိုင်ပဲ ရှိခဲ့တယ်။ တချို့ ကြွေးမြီတွေကို မပေးခဲ့တာလည်း ရှိခဲ့သလို၊ တချို့ ကြွေးမြီတွေကို ပေးချင်ရဲ့ နဲ့ အမေရိကန်ဘဏ်တွေက ဖြတ်တဲ့အခါ ဖြတ်လို့မရတဲ့အတွက် မပေးခဲ့ရတဲ့ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒီတော့ ကြွေးမြီတွေက တော်တော်တင်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ စုစုပေါင်း ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်။

ဦးဇော်ဦး ။ ။ မကဘူး ခင်များ။ ကျနော်တို့ စုစုပေါင်းဆိုရင် ဒေါ်လာသန်းပေါင်း (၁၁) ဘီလီယန်လောက် ရှိပါတယ်။ (၁၁) ဘီလီယန်ဆိုပြီးတော့ ပြည်တွင်းမှာ ခေါင်းစဉ်တပ်ပြီး ပြောကြတယ်ဆိုတဲ့ဟာက account မဟုတ်ဘူး။ ကျနော်တို့ တင်တဲ့အကြွေး။ တင်နေတဲ့အကြွေးက (၁၁) ဘီလီယန်လောက်ရှိတယ်။ (၁၁) ဘီလီယန်လောက်က ကျနော်တို့က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တခြားအပြည်ပြည်ဆိုင်ရာ ငွေကြေးဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်တော့မယ်ဆိုရင် အကြွေးတင်နေရင် ဘာမှဆက်လုပ်လို့ မရဘူး။ အဲဒီ တင်နေတဲ့အကြွေးကို အရင်ဆုံး ပြေလည်အောင် ပြန်ဆပ်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ရှင်းအောင် နည်းနည်းထပ်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ပြဿနာတခုအနေနဲ့၊ ပြောစရာအနေနဲ့ ပေါ်လာတာက မြန်မာနိုင်ငံအစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံခြားကို တင်နေတဲ့ ဒေါ်လာသန်းပေါင်း (၈၉၀) ကျော်ကို လျှော်ပစ်ဖို့အရေးမှာ။ ဒီကြားထဲမှာတော့ ဦးဇော်ဦးတို့ ပြင်သစ်မှာသွားပြီးတော့ ညှိနှိုင်းပြီးတော့ ဂျပန်အစိုးရက ဝင်ပြီးတော့ ကြားခံလျှော်ပေးလိုက်တာရှိတယ်လေ။ အဲဒါ လျှော်ပေးလိုက်ပြီးမှ အကြွေးသစ်တွေရတယ်။ နိုင်ငံတကာ ထောက်ခံမှု။ အဲဒီနေရာမှာ အမြင်အထင်မှားပြီးတော့ ပြောကြဆိုကြတဲ့အကြောင်းတွေရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ တင်နေတဲ့အကြွေးတွေကို လျှော်ပစ်ဖို့အရေးမှာ ပြင်ပမှာရှိတဲ့ ဘဏ့်အကောင့် (၅) ခုမှာရှိနေတဲ့ (၁၁) ဘီလီယန်ကနေ လျှော်ပေးလို့ ရမလားဆိုတဲ့အချက်။ ဒါမျိုး ဆွေးနွေးခဲ့တာ ရှိလား။

ဦးဇော်ဦး ။ ။ အဲဒီဟာမျိုး ဆွေးနွေးခဲ့တာ လုံးဝမရှိဘူး။ အဓိကတော့ ကျနော်တို့ ကြွေးမြီက (၂) ပိုင်း ရှိတယ်။ တပိုင်းက အစိုးရတွေကို တင်တဲ့အကြွေးက (၁၁) ဘီလီယန်ကျော် ရှိတယ်။ နောက် နိုင်ငံတကာအဖွဲ့အစည်းကို တင်တဲ့အကြွေးက အခုနပြောတဲ့ ကမ္ဘာ့ဘဏ်ကို တင်တဲ့အကြွေးက သန်း (၈၉၀) ရှိတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်တဲ့အကြွေးက (၅၀၀) နီးပါးလောက်ရှိတယ်။ ဆိုတော့ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဒီကြွေးမြီကို လျှော်ပစ်ဖို့ကိစ္စကို ဆွေးနွေးတဲ့အခါမှာ ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့ကို အရင်သွားလုပ်လို့ မရဘူး။ ဒါပေမဲ့ နိုင်ငံတကာ တခြားအစိုးရတွေနဲ့ အရင်ဆုံး ညှိရတယ်။ ဘာကြောင့် ညှိရသလဲဆိုတော့ အစိုးရတွေက ကြွေးမြီကို လျှော်ပစ်ပေးလို့ရတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB က လျှော်ပစ်ပေးလို့ မရဘူး။ ပြန်ကိုဆပ်ရမယ်။ ဆိုတော့ ကျနော်တို့ ဘယ်လို လုပ်ခဲ့ရသလဲဆိုတော့ Paris Club မှာသွားပြီး ညှိခဲ့ရတဲ့ကိစ္စက အဲဒါပဲ။ အဲဒီမှာ ညှိခဲ့ရတဲ့ပုံစံမှာ အရေးကြီးတဲ့ လိုအပ်ချက်က (၃) ချက်ရှိတယ်။ နံပတ်တစ် က ကျနော်တို့မှာ တိကျမှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခု ရှိရမယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ Paris Club နဲ့ မဆွေးနွေးခင်မှာ FESR လို့ခေါ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဘောင်ကို ပထမဦးဆုံး ချမှတ်ပြီး ဒီလို မူဘောင်နဲ့ သွားမယ်ဆိုတဲ့ဟာကို ကျနော်တို့အစိုးရက ကတိကဝတ်ပြုပြီး Donor Conference မှာ ကြေညာခဲ့ရတယ်။ အဲဒါက နံပတ်တစ်။ နံပတ်နှစ်က ကျနော်တို့မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ သတ်မှတ်ထားတဲ့ တင်းကြပ်မှုတွေကို လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာ ရှိတယ်။ အဲဒါ လိုက်နာနိုင်ရမယ်ဆိုတဲ့ဟာမှာ သူတို့ခေါ်တာက Self Monitor Program ဆိုတဲ့ဟာ။ တခြားနိုင်ငံတွေမှာဆိုရင် (၃) နှစ်လောက် လုပ်ရတယ်။ ကျနော်တို့ကတော့ (၁) နှစ်နဲ့ ပြီးသွားတယ်။ နောက်ဆုံးကတော့ ကျနော်တို့မှာ တစုံတခုသော အတိုင်းအတာအားဖြင့် ချေးငွေကို ပြန်ဆပ်မယ့် အားသာချက် အားနည်းချက်တွေကို တွက်ချက်တဲ့ဟာ ရှိတယ်။ ဒါလည်း IMF က လုပ်ရတယ်။

အဲဒီ အချက် (၃) ချက်နဲ့ ပြည့်စုံပြီဆိုမှ ပြင်သစ် Paris Club မှာ သွားပြီးတော့ ကြွေးမြီလျှော်ပစ်ရေးကို ဆွေးနွေးရတယ်။ ဆိုတော့ ကြွေးမြီလျှော်ပစ်ပြီလို့ ဆုံးဖြတ်တော့မှ ကျနော်တို့က အခုနပြောတဲ့ တခြားနိုင်ငံအသီးသီးကနေ ကျနော်တို့ကို ကြွေးမြီလျှော်ပစ်လိုက်ပြီးတော့ ကြွေးမြီအသစ်ကို စနိုင်တဲ့ နိုင်ငံတခုအနေနဲ့ သတ်မှတ်လိုက်တယ်။ အဲဒီတော့မှ ကမ္ဘာ့ဘဏ်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က စပြီးလုပ်နိုင်တယ်။ အဲဒီမှာ တချိန်တည်းမှာ ကမ္ဘာ့ဘဏ်က ကျနော်တို့ ပြင်သစ်မှာ sign ထိုးနေတဲ့အချိန်မှာ ကမ္ဘာ့ဘဏ်က စောင့်နေတာ။ ဒီမှာပြီးသွားပြီဆိုတာနဲ့ ဟိုဘက်မှာ ကမ္ဘာ့ဘဏ်ရှိတဲ့အကြွေးကို လျှော်ပစ်မယ်ဆိုတဲ့ဟာ ဖြစ်လာတယ်။ ကမ္ဘာ့ဘဏ်အကြွေးက ဘယ်လိုလျှော်ရသလဲဆိုတော့ ဂျပန်ဆီကနေ အကြွေးကို အကြွေးသစ်ကို ယူလိုက်တယ်။ ကမ္ဘာ့ဘဏ်ကို ပေးလိုက်တယ်။ ဂျပန်နိုင်ငံကရတဲ့ အကြွေးဟာ ကမ္ဘာ့ဘဏ်ကို လျှော်ပစ်ရမယ့် အတိုးထက်တောင် ပိုပြီးနည်းတဲ့ အတိုးနှုန်းနည်းတဲ့ အကြွေးဖြစ်တယ်ဆိုတော့ ဒါက ဘာမှပြဿနာမရှိဘူး။ အဲဒါနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအသီးသီးနဲ့ ပြန်ပြီးတော့ လက်တွေ့လုပ်ငန်းတွေကို စနိုင်တဲ့အနေအထား ရောက်သွားတယ်။ အဲဒီကိစ္စတွေကို အခုနပြောတဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ ကောလဟာလတွေနဲ့ တခါမှ ဆွေးနွေးခဲ့ရတဲ့ အတွေ့အကြုံမရှိဘူး။ ကျနော်ကိုယ်တိုင် Paris Club မှာသွားပြီးတော့ ဝင်ပြီးတော့ ဆွေးနွေးပေးခဲ့ရတာ ရှိပါတယ်။ အဲဒီအနေအထားမှာ ဒီကိစ္စဟာ မတက်လာခဲ့ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကြောင်းကို အသာထားပြီးတော့ အစောကပြောတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကို အသေအချာ ကတိပြုနိုင်အောင်အတွက် မြန်မာနိုင်ငံကနေ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို တင်ပြရတယ်ဆိုတော့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေခံတွေကို ပြောသာပြောနေတယ် အဓိကအားဖြင့် သာမန်လူ နားလည်းအောင်ဆိုရင် ဘာတွေလဲဆိုတာကို တချက်လေး ပြောပြပါလား။

ဦးဇော်ဦး ။ ။ အဓိကတော့ ဈေးနှုန်းတွေ။ ဈေးနှုန်းတွေကို တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးဆုံး။ အဲဒီမှာ ကုန်ဈေးနှုန်းတွေရှိတယ်။ ဥပမာအားဖြင့် ငွေကြေးဈေးကွက်ကို ကြည့်မယ်ဆိုရင် အတိုးနှုန်းဆိုတာကလည်း ဈေးနှုန်းတမျိုး။ ဘဏ်တွေကလုပ်တဲ့ အတိုးနှုန်းတွေ။ နောက်ပြီးတော့ ငွေလဲနှုန်းဆိုတာလည်း ပြင်ပနဲ့ ကုန်သွယ်ရေးမှာ လုပ်တဲ့ဟာတွေ။ ငွေလွှဲနှုန်းတွေ။ ဒီဟာတွေ အားလုံးကို တည်ငြိမ်အောင် လုပ်ရတယ်။ အဲဒီနေရာမှာမှ ဒါကို ဝိုင်းပြီးတော့ အကြိတ်အနယ် ဆွေးနွေးကြတဲ့ကိစ္စက ငွေလွှဲနှုန်းက မြင့်နေတယ်၊ နှိမ့်နေတယ်တို့။ ကျနော်တို့ စီးပွားရေးရှုထောင့်က၊ ပေါ်လစီရှုထောင့်က ကြည့်မယ်ဆိုရင် ငွေလွှဲနှုန်းက တည်ငြိမ်နေဖို့လိုတယ်။ တည်ငြိမ်နေမှပဲ အပြင်ကလုပ်တဲ့ ကုန်သွယ်ရေးတွေကလည်း (၃) လလောက် ကြိုပြီးတော့ ကျနော်တို့နဲ့ ချိတ်ဆက်တာတွေရှိတယ်။ ပြီးတော့ အဲဒီ (၃) လအတွင်းမှာလဲ ငွေလွှဲနှုန်းက တည်ငြိမ်နေမှ သူ့ရဲ့  တွက်ချက်မှုတွေအားလုံးက မှန်မယ်။ အဲဒီတော့ ကျနော်တို့ဆီက ပိုကုန်လုပ်တဲ့လူတွေကလည်း ဒီအတိုင်းပဲ ပိုကုန်လုပ်တဲ့လူတွေ နောက်မှာဆိုရင် ထုတ်လုပ်တဲ့လူတွေ၊ လယ်သမားတွေ၊ တောင်သူတွေ ရှိကြတယ်။ ဒါတွေအားလုံးရဲ့  တွက်ချက်မှုမှာ သူတို့က ကြိုးစားပမ်းစားနဲ့ လုပ်ချင်တယ်။ သူတို့ အကျိုးအမြတ်တွေအားလုံးကို တွက်ထားတယ်။ အဲဒီအချိန်မှာ ငွေလွှဲနှုန်းက မတည်မငြိမ်တွေ ဖြစ်တယ်ဆိုရင် သူတို့တွက်ချက်မှုတွေအားလုံး မှားပြီးတော့ သူတို့လုပ်ငန်းတွေအားလုံး ပျက်ဖို့ရှိတယ်။ အဲဒီတော့ နိုင်ငံအစိုးရတခုရဲ့  အဓိကတာဝန်က အခုနပြောတဲ့ ဈေးနှုန်းတွေအားလုံးကို တည်ငြိမ်အောင်လုပ်တာ။ ကျနော်တို့ ပညာရှင်စကားနဲ့ ကျယ်ကျယ်ပြောမယ်ဆိုရင်တော့ microeconomic stability - microeconomic စီးပွားရေးပတ်ဝန်းကျင် တည်ငြိမ်မှုရှိအောင်လုပ်ရေး။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် အစိုးရလို့ ပြောရမှာထက် ဗဟိုဘဏ်လို့ ပြောလို့မရဘူးလား။ ဒီ နိုင်ငံမှာဆိုရင်တော့ အဓိကအားဖြင့်တော့ ဒီလို ဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းကိစ္စတွေက အစိုးရက လုပ်တာထက် ဗဟိုဘဏ်က လုပ်တာ။ ဆိုတော့ မြန်မာနိုင်ငံရဲ့  ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့လပိုင်းမှာတော့ ဗဟိုဘဏ်ဟာ အစိုးရနဲ့ သီးခြားလွတ်လပ်မှု ဖြစ်ရမယ်ဆိုပြီး ဥပဒေပြဌာန်းချက်နဲ့ ဖြစ်လာတယ်။ မကြာသေးခင်ကပဲ ထူးထူးဆန်းဆန်း ဒုတိယဥက္ကဋ္ဌ နုတ်ထွက်ခွင့်ပေးလိုက်တယ် ကြားတယ်ဆိုတော့ ဗဟိုဘဏ်ရဲ့  အခြေအနေက ဘယ်လိုရှိသလဲ။

ဦးဇော်ဦး ။ ။ ဗဟိုဘဏ်ရဲ့  ဥပဒေက အင်မတန်မှ တော်တော်ကို အားကောင်းပြီးတော့ ဗဟိုဘဏ်ကို သီးခြားရပ်တည်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ပေးထားတယ်။ အထူးသဖြင့် ဒီဘက်က အစိုးရတာဝန်ရှိတဲ့အပိုင်းက ဒါကို လမ်းဖွင့်ပေးသလို။ ပါလီမန်ကလည်း ဒီကိစ္စကို ပြည်သူ့လွှတ်တော်ကလည်း ဒါကို သေသေချာချာနဲ့ ဗဟိုဘဏ်ကို သီးသန့်ရပ်တည်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတခုအနေနဲ့ ရပ်တည်နိုင်အောင် ဥပဒေကြောင်းလမ်းအရ အခိုင်အမာ ပြဌာန်းပေးထားတယ်။ အခု ဗဟိုဘဏ်ထဲမှာ တာဝန်ယူဆောင်ရွက်တဲ့လူတွေကလည်း တကယ့် ကျနော်တို့ဆီမှာတော့ စီးပွားရေး ပညာရပ်ပိုင်းဆိုင်ရာမှာ ထိပ်တန်းတာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတော့ ဗဟိုဘဏ်က ရှေ့ မှာ ဈေးနှုန်းတွေ တည်ငြိမ်တဲ့ကိစ္စကို ဦးစားပေးပြီး လုပ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဒီကြားထဲမှာတော့ ဆက်ကူးမက်ကူး ကာလမှာတော့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့  အခန်းကဏ္ဍကလည်း အရေးကြီးသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သည် တချို့ သော ပေါ်လစီတွေ၊ တချို့ သော အမိန့်အာဏာတွေကို ချမှတ်နိုင်သေးတဲ့ အခွင့်အလမ်း ရှိနေတဲ့အခါကြတော့ ဒီ ပေါ်လစီတွေမှာလဲ မှန်ကန်ဖို့ အရေးကြီးတယ်။ ဒီကြားထဲမှာ သူတို့ရဲ့  ပေါ်လစီတွေ မှန်ကန်တော့မှ အခုနပြောတဲ့ ဈေးနှုန်းတည်ငြိမ်မှုက ရပြီးတော့ ဈေးကွက်ထဲမှာ အားလုံးရှင်သန်လှုပ်ရှားနိုင်မယ့် အခွင့်အလမ်းတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ သမ္မတရဲ့  စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဦးဇော်ဦး နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။http://burmese.voanews.com/content/burma-democracy-forum-myanmar-econmy-and-banking-system/1792011.html

မန္တလေးရှိ ဗလီ အတွင်းမှ လက်နက်များ လက်ဝယ်ထားရှိ သူများအား အရေးယူ

မန္တလေး ၊ နိုဝင်ဘာ ၂၂ ။ ။ မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို နေအိမ်ဂိုဒေါင်များအတွင်း
သို့ရွှေ့ပြောင်း၍ တရားမဝင်လက် ဝယ်ထားရှိထားသူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အ
ရေးယူ လိုက်ပြီဖြစ်ရာ မ သင်္ကာဖြစ် ဖွယ်ရာသတင်းများ ရရှိသည့်ဗလီများအား စစ်ဆေး မှုများကို ဆက်
လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုသိမ်းဆည်းရမိထား သော လက်နက်ပစ္စည်းများမှာ ပြီးခဲ့သည့် မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွား နေစဉ်
တွင် ဘာသာခြားများက ဗလီများအတွင်းထားရှိထားသည်ဖြစ်ရာ ဖြစ်စဉ်ပြီးနောက်တွင် နေအိမ်သို့ ပြောင်း
ရွှေ့သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ရမိရာတွင် ပြင်ပ ကောလာဟလများ
ထွက် ပေါ်နေသကဲ့သို့ ယမ်းအင်အားသုံးဖောက်ခွဲပစ္စည်းများ တစ်စုံတစ်ရာမပါဝင်ဘဲ ခိုင်လုံသော သတင်း
ရရှိမှုကြောင့်သာ သက်သေများနှင့် အတူ သွားရောက်ကာ စစ်ဆေးသိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေး
တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

''မိတ္ထီလာဖြစ်စဉ် ဖြစ်နေတုန်းက အဲဒီဂယက်က မန္တလေးဘက်ကိုကူးစက်လာရင် ခုခံကာ ကွယ်ဖို့အတွက်
ဆိုပြီး သူတို့က ဒီလက်နက်တွေကိုပြုလုပ်ခဲ့တာ လို့ ထွက်ဆိုထားပါတယ်။ ကျွန် တော်တို့ ရဲတပ်ဖွဲ့အနေနဲ့
ကတော့ လက်နက်တွေ တရားမဝင်ရှိနေ တယ်လို့ ခိုင်လုံတဲ့သတင်းရတယ် ဆိုရင် ဘယ်ဘာသာရယ်လို့
တော့ မခွဲခြားဘဲ မှုခင်းကြိုတင်ကာကွယ် ရေးအဖြစ် သွားရောက်ရှာဖွေဖမ်း ဆီးသွားမှာဖြစ်ပါတယ်''ဟု
ယင်း က ဆက်လက်ပြောသည်။

လက်နက်ပစ္စည်းများ ဖမ်း ဆီးရမိမှုဖြစ်စဉ်မှာ နိုဝင်ဘာ၂၀ ရက် ည၁၂နာရီခွဲတွင် ချမ်းအေး သာဇံမြို့နယ်
ချမ်းအေးသာဇံအလယ်ရပ်ကွက် ၂ရလမ်းနှင့် ၂၈ လမ်းကြား ၈၃လမ်းနှင့် ၈၄လမ်း ကြား ကြယ်တိုက်ဝင်း
အတွင်းရှိ မြောက်ဘက် တိုက်တန်း၊ ပထမ ထပ်နေ ဆန်းဝင်း(ခ)ဆိုင်ယဒ် အလီ ၃ရနှစ် မူဆလင် ဈေး
ရောင်း၏နေအိမ်အား မြို့နယ် ရဲမှူးအုန်းခင် ဦးဆောင်သည့်အ ဖွဲ့က သတင်းအရသက်သေများ နှင့်အတူ
ဝင်ရောက်ရှာဖွေရာတွင် နေအိမ်တိုက်ခန်း ရှေ့ရှိ ဂိုဒေါင် အတွင်းမှ အရိုးအသွား ၅ပေ၆ လက်မရှိ သံပိုက်
လုံးရိုးတပ်လျက် နှစ်ခွချွန် ခက်ရင်းခွရှစ်ချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့် ရှိ ဝါးရိုးတပ်လျက်နှစ်ခွ
ချွန်ခက် ရင်းခွလေးချောင်း၊ အရိုးအသွား ၅ပေ၃လက်မခန့်ရှိ သစ်သားရိုး တပ်လျက် အသွားချွန် လှံတစ်
ချောင်း၊ အရိုးအသွား ၃ပေ ၄ လက်မခန့်ရှိ ကြေးနှင့်သစ်သား ရောထားသည့် လက်ကိုင်ရိုးတပ် အနက်
ရောင်သစ်သားဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်း၊ အရိုးအ သွားနှစ်ပေခန့်ရှိ ဝါးလက်ကိုင် ရိုးတပ် ဓားဦးတုံး
သုံးချောင်း၊ ဓား ဦးချွန်တစ်ချောင်း၊ အရိုးအသွား တစ်ပေခွဲခန့်ရှိ ဝါးလက်ကိုင်ရိုး တပ်ဓားဦးချွန်နှစ်ချောင်း၊
ပုလင်း ကွဲများနှင့် သံစများရောထားပြီး ဓာတ်ဆီစိမ်ထားသည့် နှစ်ပြည် ခန့်အားထည့်ထားသည့် ပီနံအိတ်
တစ်လုံးနှင့် အစိမ်းရောင် ကော်ဇလုံတစ်လုံး ပုလင်းကွဲများနှင့်သံစများ ရောထောင်းရာတွင်အသုံး ပြုသော
သံဖြင့်ပြုလုပ်ထားသည့် ငရုတ်ဆုံတစ်ခုတို့ကို တရားမဝင် လက်ဝယ်ထားရှိကြောင်း စစ်ဆေး တွေ့ရှိရသ
ဖြင့် ဆန်းဝင်း(ခ)ဆိုင် ယဒ်အလီကို ချမ်းအေး သာဇံမြို့မ ရဲစခန်းတွင် (ပ)၄၉၂/၂၀၁၃၊ လက် နက်ပုဒ်မ-
၁၉(က)အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

အလားတူပင် စစ်ဆေးရေးအဖွဲ့များသည် အဆိုပါဝင်းအတွင်းရှိ တိုက်ခန်း၁၂နေ သိန်းတန်(ခ) ရှရီ ၂၉နှစ်
မူဆလင် ကုန်မာ ပစ္စည်းအရောင်းဆိုင်၏ နေအိမ် ကို ဆက်လက်ရှာဖွေရာတွင် ဓား ဦးတုံးသုံးချောင်း၊ ၅
လက်မခွဲ ခန့်ရှိ သံချောင်း များအား ပြား၍ ဂျင်ကလိပုံစံပြုလုပ်ရန် ပြင်ဆင် ထားသည့် ထိပ်ပြားချွန်၍ချိတ်
များပါဝင်သော သံချောင်း၆၀၀ ခန့်အားထည့်ထားသည့် ပီနံအိတ် တို့ကိုတွေ့ရှိရသဖြင့် ၄င်းကိုလည်း ချမ်း
အေးသာဇံ မြို့မရဲစခန်းတွင် (ပ) ၄၉၃/၂၀၁၃ လက်နက် ပုဒ်မ ၁၉(က)အရ အမှုဖွင့်ဖမ်းဆီးအ ရေးယူထား
ကြောင်း သိရသည်။

ခွန်စိုင်းအောင်- Yangon Media Group

Viber For PC (ကွန်ပြူတာမှာ Viber သုံးနိုင်ပါပြီ။ Video Call ပါရပါသည်.) ..........................

 
ကွန်ပြူတာ အတွက် Viber ထွက်လာတာ မနဲ ကြာပါပြီ တချို့သောသူငယ်ချင်းတွေက အဆင်မပြေကြ ပါဘူး။ Install ပြီးတာနဲ့ ဖုန်းနံပါတ်ထည့်ပြီး အဲအဆင့်ကနေ ထပ်မတတ် တော့ပဲ တစ်နေကြပါတယ်။ ကျနော် ရှင်းပြပါမယ်။  အောက်က ကျနော့် ပေးထားတဲ့ viber ကိုဒေါင်းလိုက်ပါ..။
ကွန်ပြူတာတွင် install မလုပ်ခင် ကိုထည့်မဲ့ ဖုန်းနံပါတ်အတွက် ဖုန်းတလုံးရှိဖို့လိုအပ်ပါတယ်။ အချိန်မရတာကြောင့် ပုံနဲ့ မပြနိုင်တာ ခွင့်လွှတ်ပေးပါဗျာ။ ကျနော့်စက်မှာ တည့်နည်းလေးအတိုင်းရေးပေးလိုက်ပါမယ်...
  • အရင်ဆုံး ဖုန်းမှာ viber အရင်ထည့်ပါ။ ပြီးရင် ဖုန်းက အင်တာနက်ကို ဖွင့်ထားပါ။ 
  • ကွန်ပြူတာတွင် install လုပ်ပါ။
  • ပြီးရင် ခုနကဖုန်းမှာ Viber ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေးလိုက်ပါ။
  • Code ဖြည့်ရန် ပြလာပါမယ်။ ခနနေရင် မိမိဖုန်းရဲ့ Viber ထဲကို ကုတ်နံပါတ် ပို့ပေးပါမယ်။ အဲကကုတ် နံပါတ်ကို ကွန်ပြူတာတွင်ဖြည့်လိုက်ပါ....ဒီအဆင့်ပြီးရင်တော့ အဆင်ပြေပါပြီ...) ....
 ကဲ သူငယ်ချင်းတို့ ဒီလောက်ဆို လုပ်လို့ အဆင်ပြေမယ်ထင်ပါတယ်..။ အဆင်မပြေသောသူငယ်ချင်းများ ရှိပါက ကျနော့် အကောင့်ကို အက်လာပါဗျာ Teamviewer ချိတ်ပြီး လုပ်ပေးပါမယ်။Teamviewer သာ ကွန်ပြူတာမှာ install ထားပါ...။ PC အတွက် Viber ရဲ့ ပိုထူးခြားတာက Video Call ပါ free ခေါ်ဆိုနိုင်ပါတယ်...။
အောက်ကလင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ ဗျာ....။

**  Step-1.အောက်ကDownload Viber For PC ကိုနှိပ်လိုက်ပါ  


**  Step-2. "5sec". လောက်စောင့်ပေးပါ။





**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။




**  Step-4. Download Link ကျလာပါလိမ့်မယ်။
 အားလုံးအဆင်ပြေပါစေ.......။

ပြည်ထောင်စု ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး UNFC ထပ်မံ ရှင်းပြ......................

ဖနိဒါ

မြန်မာ့တပ်မတော်ကို ပြည်ထောင်စု ဖက်ဒရယ် တပ်မတော်အဖြစ် ဖွဲ့စည်းနိုင်ရေးကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCအဖွဲ့ဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က နိုဝင်ဘာလ ၂၂ ရက်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း တက်ရောက်ဆွေးနွေးသူများက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sheik Istana ဟိုတယ်တွင် UNFC နှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖက်ဒရယ် ပြည်ထောင်စု တစ်ခုတည်ထောင်ဖို့ လက်ခံလိုက်ရင် သူနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် တပ်မတော် တစ်ခုက ဖွဲ့ရမှာပဲ။ ဒါငြင်းလို့ မရဘူး။ ဖက်ဒရယ်ကို လက်ခံပြီဆိုရင် ဘယ်လိုဖွဲ့မလဲဆိုတာကို စဉ်းစားရမယ်။ ပြည်ထောင်စု ပုံသဏ္ဍာန် ဖွဲ့မလား။ ဖက်ဒရယ် စနစ်ကနေ ဖွဲ့မယ်ဆိုရင် ပြဿနာ မရှိဘူး။ ဖက်ဒရယ် အပြင်ဘက်က ဖွဲ့မယ်ဆိုရင်တစ်မျိုးပေါ့။ ဗိုလ်ချုပ် ဂွန်မော်ပြောတာက အဲဒီလို မဟုတ်ဘူး။ တပ်မတော်နဲ့ဘယ်လို ပူးပေါင်းပြီးတော့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ သဘောကို ရှင်းပြသွားတာ” ဟု အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

သူက ဆက်လက်ပြီး “ဖက်ဒရယ် တပ်မတော်ဖွဲ့လို့ရှိရင် လက်ရှိ မြန်မာ့တပ်မတော်ကို ဖျက်ပြီးတော့ အစပြန်ဖွဲ့ရမလို တပ်က ထင်သွားပုံ ပေါ်တယ်။ ဒါပေမဲ့ ဒီမှာ ဗိုလ်ချုပ်ဂွန်မာ် ရှင်းပြတာက အဲဒီလို မဟုတ်ဘူး။ ရှိပြီးသား တပ်မတော်ကို ပေါင်းစပ်ပြီးတော့ ပြည်ထောင်စု တပ်မတော် ပုံစံမျိုးဖြစ်သွားအောင် ဖွဲ့သွားမယ်ဆိုတာကို သူလည်း ပြောသွားပြီပေါ့။ ဒါက ရှင်းလို့မရတာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများဘက်က တင်ပြသော ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေးကို လက်ရှိ မြန်မာတပ်မတော်ဘက်က နားလည်မှု လွဲနေခြင်းဖြစ်ပြီး ထိုကိစ္စအား ပြန်လည် ညှိနှိုင်းပါက မြန်မာအစိုးရ တပ်မတော်ဘက်မှ လက်ခံနိုင်မည်ဟု ယူဆကြောင်း သတင်းထောက်များအား ပြောဆိုခဲ့သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုကလည်း “ဒီကို လာတုန်းက စိတ်ထဲမှာ ကြားခဲ့တာရှိတယ်။ တပ်မတော်က ဒီပြည်ထောင်စု တပ်မတော်ကိစ္စကို မချိမနှစ်ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ် ဂွန်မော် ဒီနေ့ ရှင်းပြတာက ဘာမှ စိုးရိမ်စရာ ကြောက်စရာမရှိဘူး။ ဒါလေးကို ပိုပြီးတော့ အားလုံးသိသွားတာ ဒါလေးကို သံသယ ဖြစ်စရာမလိုဘူးဆိုတာ အင်မတန်မှ ကောင်းသွားတယ်”ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀မှ နိုဝင်ဘာလ ၂ ရက်အထိ ကျင်းပသော လိုင်ဇာ ညီလာခံမှ ရရှိသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ထဲမှ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များဘက်မှ မေးမြန်းခဲ့သဖြင့် ပြန်လည် ရှင်းပြခဲ့သည်ဟု UNFC မှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ပြည်ထောင်စု တပ်မတော်ဆိုတာက နှစ်မျိုးရှိတယ်။ တစ်မျိုးက ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်ဆိုရင်တော့ အဲဒီပြည်ထောင်စုအတွက် လိုအပ်တဲ့ ကာကွယ်ရေးတပ်ကတော့ ရှိရမှာဖြစ်တယ်။ သို့သော် လက်ရှိ မြန်မာ့တပ်မတော်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်အဆင့်ကို သွားဖို့ အချိန်နည်းနည်းယူပြီးတော့ အသွင်ပြောင်းရမယ်။ အဲဒီလို အသွင်ပြောင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံတို့၊ လက်ရှိ တပ်မတော်တို့ ပြောင်းဖို့။ ဖြုတ်ဖို့ မလိုအပ်သေးပါဘူး။ တိုင်ပင်ပြီး တဆင့်ချင်း ပြောင်းလဲသွားရမဲ့ ကိစ္စဖြစ်တယ်” သူက သတင်းထောက်များအား ပြောဆိုခဲ့သည်။

ထိုအဆင့်ထိ ရောက်ရန်အတွက် လာမည့် ဒီဇင်ဘာလလယ်၌ ကရင်ပြည်နယ် ဘာအံမြို့တွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲတွင် ခေါင်းစဉ်တစ်ခု အနေဖြင့် ထည့်သွင်းကာ အကောင်အထည်ဖော် ဆွေးနွေးသွားမည် ဖြစ်ကာ ယခုကဲ့သို့ တွေ့ဆုံခြင်းအားဖြင့် အပြန်အလှန် ယုံကြည်မှု ရရှိခြင်းနှင့် ညီညွတ်ရေးတည်ဆောက်နိုင်သဖြင့် တွေ့ဆုံခွင့်ပေးသော အစိုးရအား ကျေးဇူးတင်ကြောင်း ခွန်ဥက္ကာက ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၂ နာရီခွဲတွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ် ၇ ဦးတို့နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ကြပြီး “မြန်မာနိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးအတွက် ဒီမိုကရက်တစ်အင်အားစုများနှင့် တိုင်းရင်းသား လူမျိုးများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်နှင့် ဦးဇိုဇမ်တို့ ဆွေးနွေးခဲ့ကြသည်။

လက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ခုသည် အစိုးရ၏ စီစဉ်မှုဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူဘောင်နှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးတေဇ က ဦးမိုးဟိန်းကို တရားစွဲမယ်ပြောပြီးနောက် ...................

အခု ရက်ပိုင်း ရန်ကုန်မှာ စိတ်ဝင်စားမှုအများဆုံး၊ လူပြောအများဆုံးကိစ္စကတော့ အချိန်တိုအတွင်း လူ ကြိုက်များလာတဲ့ သူရိယ နေဝန်း ဂျာနယ် ဦးမိုးဟိန်းကို သူဋ္ဌေးကြီး ဦးတေဇက တရားစွဲမယ်ဆိုတော့ ဦးမိုးဟိန်းက ဦးတေဇ ကို ပြန်ပြောလိုက်တဲ့ စကားပါဘဲ။ 




 ဦးတေဇက တရားစွဲမယ်ပြောစေခဲ့တဲ့ သူရိယနေဝန်းရဲ့ ဖော်ပြချက်၊ ဓာတ်ပုံ- သူရိယနေဝန်း

ဦးမိုးဟိန်းပြောလိုက်တာ ဦးတေဇအနေနဲ့ တရားလိုက တရားခံ ပြန်ဖြစ်သွားနိုင်တယ်ဆိုတာ သတိပေးလိုက် ပါတယ်။  

ဒီလို သတိပေးလိုက်တာဟာ ဦးမိုးဟိန်းအနေနဲ့ ဦးတေဇနဲ့ပတ်သက်တဲ့ ဘယ်လို ဝှက်ဖဲတွေ ရှိနေလို့လည်း
ပြောသူပြော၊ ဦးတေဇက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံး မြန်မာ့စီးပွားရေးမှာ သူ့လက်သူ့ခြေ လုပ်ခဲ့ သူဖြစ်လို့ ဦးမိုးဟိန်းတယောက် မြန်မာပြည်က အမေရိကား ပြန်ပြေးရမှာပဲ စသဖြင့် လူတွေက ထင်
ကြေးတွေ ပေးနေကြပါတာလည်း ရှိပါတယ်။

ဒီပွဲမှာ ဦးမိုးဟိန်းဘက်မှာ  ဦးတေဇရဲ့ ပြိုင်ဘက်တွေကလည်း အကုန် ဝိုင်းပြီး ဆွမ်းကြီးလောင်းကြမယ်ဆို တာလည်း ပြောသူတွေက ပြောကြရဲ့။

ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ၊ လူငယ်၊ လူလတ်၊ လူကြီး စကားဝိုင်းတွေ၊ ယုတ်စွ အဆုံး ဈေးထဲက ဈေးသည် မိန်းမတွေလည်း ဒီပွဲမှာ ဘယ်သူနိုင်ကြမလဲဆိုပြီး အတော်စိတ်ဝင်တစား 
ပြောကြတယ်။ 

ဒါပေမယ့် ထူးခြားတာက သူတို့ တော်တော်များများက ကျမ သတိထားမိသလောက် သူရိယနေဝန်း ဂျာနယ်ကို ကိုယ်စီ ဖတ်နေရင်းပြောနေကြတာပါ။  

သူတို့ ပြောကြတာတွေထဲ ဦးမိုးဟိန်းနဲ့ ဦးတေဇတို့ဟာ မေမြို့ စစ်တက္ကသိုလ်တက်ခဲ့ဖူးတာလည်း တူနေ တာကြောင့် ဘယ်သူက ဘယ်သူ့ထက် စစ်ရေးအမြင်ပိုရှိပြီး ဘယ်လိုနိုင်အောင် တိုက်နိုင်ကြမလဲ ဆိုတာ လည်း ဝေဖန်နေကြလေရဲ့၊

သေချာတာကတော့ ဒီတပတ် သူရိယ နေဝန်းဂျာနယ်ကလည်း အရင် အပတ်တွေက ထက် ပိုရောင်း
ကောင်း ပြီး လူတွေက ပိုပြီး စိတ်ဝင်စားကြတာ ကျမ သတိထားမိပါတယ်။ 


အိမ့်သံစဉ် ~http://blog.irrawaddy.org/2013/11/blog-post_25.html

Sunday, November 24, 2013

ရွှေလီနှင့် မူဆယ်တွင် အိမ်ထောင်ရေးမိတ်ဆက်စာ ဝေငှခဲ့သူ တရုတ်နိုင်ငံသားကို အရေးယူ............................




ရွှေလီနှင့် မူဆယ်တွင် အိမ်ထောင်ရေး မိတ်ဆက်စာ ဝေငှခဲ့သူ တရုတ်နိုင်ငံ သားကို အရေးယူ
*************************************************
ရွှေလီနှ င့်မူဆယ်၌ အိမ်ထောင် ရေး မိတ်ဆက်စာကို မြန်မာ ဘာသာဖြင့် ဝေငှခဲ့သည့် တရုတ်နိုင်ငံသား လီပင်းရီ ကို တရုတ်ရဲ များက နှင်ထုတ်ခြင်းဖြင့် အရေးယူ လိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။

''တရုတ်ရဲတွေက သူ့ရဲ့နေရပ်ကျန်းစု ပြည်နယ်ကို နှင်ထုတ်လိုက် တာဖြစ်ပါတယ် ဟု ၄င်းကပြောသည်။
မြန်မာဘက်မှ စစ်ဆေးပေးရန် တောင်းဆိုမှုပြုခဲ့၍ တရုတ်ရဲများက စစ်ဆေးကာ ဟုတ်မှန်ခဲ့သည့်အတွက် ထိုသို့ အရေးယူအပြစ်ပေးလိုက်ခြင်း ဖြစ် ကြောင်း ၄င်းက Popular News သို့ ပြောသည်။

တရုတ်ရဲများက နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် အပြစ်ပေး အမိန့်ထုတ် ခဲ့ပြီး လီပင်းရီ၏ အိမ်ထောင် ရေး မိတ်ဆက် လိုင်စင်ကိုပါ ရုတ်သိမ်းလိုက် သည်ဟု ဒုရဲမှူးကြီးကဆက်လက်ပြော သည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး မိတ်ဆက်ခြင်းလုပ်ငန်းကို တရားဝင် ခွင့်ပြု ၍ လိုင်စင်ချထားပေးမှု ရှိသော်လည်း ယင်းလိုင်စင်က တရုတ်နိုင်ငံသား အချင်း ချင်း အတွက်သာဖြစ်ကြောင်း သိရသည်။ သို့သော် လီပင်းရီက ထိုသို့မဟုတ်ဘဲ မြန်မာဘာသာနှင့်ပါ ပြန်ဆိုကာ မြန်မာ အမျိုးသားများကို ဦးတည်နေသောပုံစံ ဖြစ်နေ၍ အရေးယူခံရခြင်းဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဘာသာပြန်ရန်အတွက် လီပင်းရီ ခန့်အပ်ထားသော မြန်မာနိုင်ငံသား အမျိုး သမီးကိုမူ အရေးမယူသော်လည်း သတိ ပေးမှု ပြုလုပ်ထားသည်ဟု သိရသည်။

''ကျွန်တော်တို့ လူကုန်ကူးမှု ကိစ္စရပ် တွေကို တင်းတင်းကျပ်ကျပ် ကိုင် တွယ်နေ ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေကို လုံးဝ လက်မခံပါဘူး'' ဟု ဒုတိယ ရဲမှူးကြီးက ထပ်လောင်းဆိုသည်။

မစ္စတာ လီပင်းရီ၏ ကြေညာစာတွင် တရုတ်ပြည်၌ တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ် ရယူနိုင်ပါကြောင်း၊ သင့်တွင် ဆွေမျိုးပေါင်းဖော် မိတ်ဆွေ သူငယ်ချင်းများက တရုတ်ပြည်တွင် အိမ်ထောင်ပြုလိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျွန်ုပ်က ယွမ် ၃ဝဝဝ ပေးအပ်မည် ဟု ဖော်ပြထားသည်။

Popular Myanmar News Journal

ရွှေလီနှင့်မူဆယ်၌ အိမ်ထောင်ရေးမိတ်ဆက်စာကို မြန်မာဘာသာဖြင့် ဝေငှခဲ့သည့် တရုတ်နိုင်ငံသား လီပင်းရီကို တရုတ်ရဲများက နှင်ထုတ်ခြင်းဖြင့် အရေးယူလိုက်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်လှက ပြောသည်။


''တရုတ်ရဲတွေက သူ့ရဲ့နေရပ်ကျန်းစု ပြည်နယ်ကို နှင်ထုတ်လိုက် တာဖြစ်ပါတယ် ဟု ၄င်းကပြောသည်။
မြန်မာဘက်မှ စစ်ဆေးပေးရန် တောင်းဆိုမှုပြုခဲ့၍ တရုတ်ရဲများက စစ်ဆေးကာ ဟုတ်မှန်ခဲ့သည့်အတွက် ထိုသို့ အရေးယူအပြစ်ပေးလိုက်ခြင်း ဖြစ် ကြောင်း ၄င်းက Popular News သို့ ပြောသည်။

တရုတ်ရဲများက နိုဝင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခွဲတွင် အပြစ်ပေး အမိန့်ထုတ် ခဲ့ပြီး လီပင်းရီ၏ အိမ်ထောင် ရေး မိတ်ဆက် လိုင်စင်ကိုပါ ရုတ်သိမ်းလိုက် သည်ဟု ဒုရဲမှူးကြီးကဆက်လက်ပြော သည်။

တရုတ်နိုင်ငံတွင် အိမ်ထောင်ရေး မိတ်ဆက်ခြင်းလုပ်ငန်းကို တရားဝင် ခွင့်ပြု ၍ လိုင်စင်ချထားပေးမှု ရှိသော်လည်း ယင်းလိုင်စင်က တရုတ်နိုင်ငံသား အချင်း ချင်း အတွက်သာဖြစ်ကြောင်း သိရသည်။ သို့သော် လီပင်းရီက ထိုသို့မဟုတ်ဘဲ မြန်မာဘာသာနှင့်ပါ ပြန်ဆိုကာ မြန်မာ အမျိုးသားများကို ဦးတည်နေသောပုံစံ ဖြစ်နေ၍ အရေးယူခံရခြင်းဖြစ်သည်ဟု ၄င်းထံမှ သိရသည်။

ဘာသာပြန်ရန်အတွက် လီပင်းရီ ခန့်အပ်ထားသော မြန်မာနိုင်ငံသား အမျိုးသမီးကိုမူ အရေးမယူသော်လည်း သတိ ပေးမှု ပြုလုပ်ထားသည်ဟု သိရသည်။

''ကျွန်တော်တို့ လူကုန်ကူးမှု ကိစ္စရပ် တွေကို တင်းတင်းကျပ်ကျပ် ကိုင် တွယ်နေ ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စတွေကို လုံးဝ လက်မခံပါဘူး'' ဟု ဒုတိယ ရဲမှူးကြီးက ထပ်လောင်းဆိုသည်။

မစ္စတာ လီပင်းရီ၏ ကြေညာစာတွင် တရုတ်ပြည်၌ တရားဝင် မှတ်ပုံတင်၍ အိမ်ထောင်ပြု လက်မှတ် ရယူနိုင်ပါကြောင်း၊ သင့်တွင် ဆွေမျိုးပေါင်းဖော် မိတ်ဆွေ သူငယ်ချင်းများက တရုတ်ပြည်တွင် အိမ်ထောင်ပြုလိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်ပါ။ အောင်မြင်လျှင် ကျွန်ုပ်က ယွမ် ၃ဝဝဝ ပေးအပ်မည် ဟု ဖော်ပြထားသည်။

Popular Myanmar News Journal


--

သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ.......................



http://www.thithtoolwin.com/


Saturday, November 23, 2013

ရန်​ကုန်​မြို့​မှာ ၁ ​လ​ကို ​ကား​အ​စီး​ရေ ၁ ​သောင်း​၀န်း​ကျင်​တိုး​လာ​နေ...................

http://burmese.dvb.no/archives/46826
ရန်​ကုန်​မြို့​ရဲ့​ကား​လမ်း​မ​တွေ​ပေါ်​မှာ​ကား​တွေ​ပြည့်​ကျပ်​နေ​ပြီး​  ​ယာ​ဉ်​ကြော​ပိတ်​ဆို့ ​မှု​ပြဿ​နာ ​ကြီး​ထွား​လာ​နေ​ပေ​မယ့်​   ​ပြည်​ပ​က​နေ ​တင်​သွင်း​ကား​တွေ ၁ ​လ​ကို ၁ ​သောင်း​နီ​ပါး​တိုး ​လာ​နေ ​တယ်​လို့​  ​ရန်​ကုန်​တိုင်း​ကုန်း​လမ်း​ပို့​ဆောင်း​ရေး​ဦး​စီ​ဌာ​န​က ​ပြော​ပါ​တယ်။

Tuesday, November 19, 2013

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင် .......................

Monday, November 18, 2013
~


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။


ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။

 မသိမ့်သိမ့်စိုးသိန်း -ပထမ
 မပိုးဇာခြည်ကျော် -ဒုတိယ
 မခိုင်ဇာဇာအောင် -တတိယ
 ရရှိကြပါတယ်။

 ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။
 ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။
 ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။

 ပထမ ဘတ် ၁၀၀၀၀
 ဒုတိယ ဘတ် ၇၀၀၀
 တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။

 အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။


 
























.

စကြာဝဠာကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို ....................


စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။


အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။
ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။
သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ  ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း  ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။
ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့်  “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ ယမန်နှစ်က အနားယူခဲ့သည်။
“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source Article: God did not create the universe, says Hawking
By Michael Holden Michael Holden – Thu Sep 2, 9:08 am ET

တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး


Monday, November 18, 2013

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးသည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။

သေဆုံးသူတွင် ဓာတ်လိုက်ခံရသည့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သစ်ပင်ပေါ်တွင် တွဲလျောင်းကျ သေဆုံးလျက် ရှိကြောင်း၊ အဆိုပါ နေရာအနီးတွင် သေဆုံးသူ၏ တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် ကိုချစ်ကိုကိုမှာ သစ်ပင်အောက်တွင် ရှိနေသော်လည်း မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည်ကို မသိရှိခဲ့ဘဲ သစ်ပင် ခွကြားသို့ ပြန်လည် ပြုတ်ကျသည့် အချိန်မှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုချစ်ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ မဟာဓာတ်အားလိုင်းမှာ သာကေတ ဓာတ်အားပေး စက်ရုံမှ သီတာ ဓာတ်အားခွဲ စက်ရုံသို့ ပို့လွှတ်ထားခြင်း ဖြစ်ပြီး ဗို့အား ပြင်းထန်ကာ ၎င်းဓာတ်အားလိုင်း (အဖိုလိုင်း) နှင့် ကိုးပေ အကွာအဝေး အတွင်းသို့ ရောက်ရှိပါက ဓာတ်ကြိုးထံသို့ အလိုလျောက် ဆွဲငင်တတ်ကြောင်း၊ ယခု ဖြစ်စဉ်တွင်လည်း သစ်ပင်မှတစ်ဆင့် မြေကြီးထံမှ (Earth) (ဓာတ်အားအမလိုင်း) မိနေစဉ် ဓာတ်အားလိုင်းက ဆွဲငင်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေးရုံးမှ လျှပ်စစ်ရုံး ဝန်ထမ်းလုပ်သက် အနှစ် ၃၀ ရှိသူ အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။
“ဓာတ်အားလိုင်းပေါ် ရေစိုနေတဲ့ စွန်ကြိုးတင်နေလို့ စွန်ကြိုးကို သွားကိုင် မိရင်တောင် မြေကြီးနဲ့ အပ်မိပြီး ဓာတ်ကြိုးက လှမ်းဆွဲသွားတာ။ အဲဒီအချိန် ဝိုင်းဆွဲရင် ဆွဲတဲ့လူပါ ပါသွားမှာ” ဟု ၎င်းကရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရေခဲတောင် ရေခဲစက်ရုံမှ ဝန်ထမ်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုအောင်သူထွန်းသည် ၎င်းစက်ရုံအနီး ဦးအောင်သူလမ်းနှင့် ဦးမိုးလမ်းထောင့်ရှိ မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးစဉ် အနီးရှိ စက္ကူစက်ရုံသို့ သွယ်တန်းထားသည့် ဗို့အား တစ်သောင်းတစ်ထောင်ရှိ ဓာတ်ကြိုးကို ကိုင်မိပြီး ဝဲဘက်လက်မ ညိုမည်းဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များဖြင့် အဆိုပါ မဲဇလီ သစ်ပင်ခွကြား တွင်ပင် သေဆုံးခဲ့ကြောင်း လှိုင်သာယာ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


Thit Htoo Lwin - Crime

ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost


ညီနေမင်း (နည်းပညာ) via google.com 
11:41 AM (15 hours ago)

to me

ညီနေမင်း


Posted: 17 Nov 2013 08:25 AM PST
ဒီဆော့ဝဲလေးကတော့ Computer သမားတွေအတွက်အလွန်သုံးဝင်စေမှာပါ။ အရမ်းစက်အားနည်းတဲ့ ကွန်ပြူတာတွေမှာ ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost
လေးထည့်ထားမယ်ဆိုရင်အရင်က ကစားရင် ထစ်နေတဲ့ ဂိမ်တွေကိုအထစ်အငေါ့
 မရှိကစားနိုင်မှာဖြစ်ပါတယ်ခင်ဗျား....ပြီးတော့ အင်တာနက်အမြန်နှုန်းလည်း
မြှင့်ပေးနိုင်ပါတယ်။စက် Model နိမ့်နေလို့ဂိမ်းကစားလို့အဆင်မပြေဖြစ်ပြီးစိတ်
ဓါတ်ကျနေတဲ့ ကိုကို၊မမ တွေအတွက်အသုံးလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာ download ယူသွားပါခင်ဗျား.....