This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, November 19, 2013

မြဝတီအလှမယ်များ မဲဆောက်မှာ အလှပြိုင် .......................

Monday, November 18, 2013
~


စနေနေ့ညက နယ်စပ်မြို့ မဲဆောက်မှာပြုလုပ်တဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲနဲ့ မီးမျှောပွဲ(လွိုင်းကထုံး) အထိမ်းအမှတ် မယ်ရွေးပွဲ မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။


ဒီပွဲကို မြ၀တီမြို့က အလှဆုံးတွေထဲက   ၁၀ ဦး လာရောက်ယှဉ်ပြိုင်ကြပါတယ်။

 မသိမ့်သိမ့်စိုးသိန်း -ပထမ
 မပိုးဇာခြည်ကျော် -ဒုတိယ
 မခိုင်ဇာဇာအောင် -တတိယ
 ရရှိကြပါတယ်။

 ဒီပွဲကို မဲဆောက်မှာရှိတဲ့ ထာ့စိုင်လို့ဝပ်အပိုင် မြူနီစပါယ်အဖွဲ့က ပြုလုပ်တာပါ။
 ထိုင်းနဲ့မြန်မာအလှမယ်ရွေးပွဲကို တရက်ခြား ကျင်းပတာဖြစ်ပြီး ထိုင်းမယ်ရွေးပွဲကိုတော့ တနင်္ဂနွေညမှာ ကျင်းပါတယ်။
 ရက်ခြားပေမဲ့ ဆုကြေးငွေကတော့ အတူတူပါပဲ။

 ပထမ ဘတ် ၁၀၀၀၀
 ဒုတိယ ဘတ် ၇၀၀၀
 တတိယ ဘတ် ၄၀၀၀ - ဖြစ်ပါတယ်။

 အထူးဆုဖြစ်တဲ့ ပရိသတ်ပေးတဲ့ဆုအတွက်ကတော့ ဘတ် ၃၀၀၀ ဖြစ်ပါတယ်။


 
























.

စကြာဝဠာကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို ....................


စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။


အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။
ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။
အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။
သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ  ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း  ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။
ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့်  “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ ယမန်နှစ်က အနားယူခဲ့သည်။
“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source Article: God did not create the universe, says Hawking
By Michael Holden Michael Holden – Thu Sep 2, 9:08 am ET

တန်ဆောင်မုန်းလပြည့် မဲဇလီဖူး တက်ခူးသူနှစ်ဦး ဓာတ်လိုက်သေဆုံး


Monday, November 18, 2013

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တွင် မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးသည့် အမျိုးသားနှစ်ဦး နိုဝင်ဘာလ ၁၇ ရက်နေ့က (တန်ဆောင်မုန်း လပြည့်နေ့) ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက် သာကေတမြို့နယ် ၄ တောင်ရပ်ကွက်၊ ယမုံနာလမ်းမပေါ် ရှုခင်းသာ ပန်းခြံရှေ့အနီးရှိ မဲဇလီပင်ပေါ်တွင် မဲဇလီ အဖူးများကို ခူးဆွတ်နေသည့် အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ဗို့အား ၆ သောင်း ၆ ထောင်ရှိသည့် မဟာဓာတ်အားလိုင်း၏ ဆွဲယူခြင်း ခံရပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း (၄) တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းက The Voice သို့ ပြောကြားသည်။

သေဆုံးသူတွင် ဓာတ်လိုက်ခံရသည့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သစ်ပင်ပေါ်တွင် တွဲလျောင်းကျ သေဆုံးလျက် ရှိကြောင်း၊ အဆိုပါ နေရာအနီးတွင် သေဆုံးသူ၏ တူတော်စပ်သူ အသက် ၁၈ နှစ်အရွယ် ကိုချစ်ကိုကိုမှာ သစ်ပင်အောက်တွင် ရှိနေသော်လည်း မည်သို့မည်ပုံ ဖြစ်ပွားခဲ့သည်ကို မသိရှိခဲ့ဘဲ သစ်ပင် ခွကြားသို့ ပြန်လည် ပြုတ်ကျသည့် အချိန်မှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုချစ်ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ မဟာဓာတ်အားလိုင်းမှာ သာကေတ ဓာတ်အားပေး စက်ရုံမှ သီတာ ဓာတ်အားခွဲ စက်ရုံသို့ ပို့လွှတ်ထားခြင်း ဖြစ်ပြီး ဗို့အား ပြင်းထန်ကာ ၎င်းဓာတ်အားလိုင်း (အဖိုလိုင်း) နှင့် ကိုးပေ အကွာအဝေး အတွင်းသို့ ရောက်ရှိပါက ဓာတ်ကြိုးထံသို့ အလိုလျောက် ဆွဲငင်တတ်ကြောင်း၊ ယခု ဖြစ်စဉ်တွင်လည်း သစ်ပင်မှတစ်ဆင့် မြေကြီးထံမှ (Earth) (ဓာတ်အားအမလိုင်း) မိနေစဉ် ဓာတ်အားလိုင်းက ဆွဲငင်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း သာကေတ လျှပ်စစ်ဓာတ်အားပေးရုံးမှ လျှပ်စစ်ရုံး ဝန်ထမ်းလုပ်သက် အနှစ် ၃၀ ရှိသူ အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။
“ဓာတ်အားလိုင်းပေါ် ရေစိုနေတဲ့ စွန်ကြိုးတင်နေလို့ စွန်ကြိုးကို သွားကိုင် မိရင်တောင် မြေကြီးနဲ့ အပ်မိပြီး ဓာတ်ကြိုးက လှမ်းဆွဲသွားတာ။ အဲဒီအချိန် ဝိုင်းဆွဲရင် ဆွဲတဲ့လူပါ ပါသွားမှာ” ဟု ၎င်းကရှင်းပြသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ ရေခဲတောင် ရေခဲစက်ရုံမှ ဝန်ထမ်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကိုအောင်သူထွန်းသည် ၎င်းစက်ရုံအနီး ဦးအောင်သူလမ်းနှင့် ဦးမိုးလမ်းထောင့်ရှိ မဲဇလီပင်ပေါ်သို့ မဲဇလီဖူး တက်ခူးစဉ် အနီးရှိ စက္ကူစက်ရုံသို့ သွယ်တန်းထားသည့် ဗို့အား တစ်သောင်းတစ်ထောင်ရှိ ဓာတ်ကြိုးကို ကိုင်မိပြီး ဝဲဘက်လက်မ ညိုမည်းဒဏ်ရာ၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ များဖြင့် အဆိုပါ မဲဇလီ သစ်ပင်ခွကြား တွင်ပင် သေဆုံးခဲ့ကြောင်း လှိုင်သာယာ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


Thit Htoo Lwin - Crime

ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost


ညီနေမင်း (နည်းပညာ) via google.com 
11:41 AM (15 hours ago)

to me

ညီနေမင်း


Posted: 17 Nov 2013 08:25 AM PST
ဒီဆော့ဝဲလေးကတော့ Computer သမားတွေအတွက်အလွန်သုံးဝင်စေမှာပါ။ အရမ်းစက်အားနည်းတဲ့ ကွန်ပြူတာတွေမှာ ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost
လေးထည့်ထားမယ်ဆိုရင်အရင်က ကစားရင် ထစ်နေတဲ့ ဂိမ်တွေကိုအထစ်အငေါ့
 မရှိကစားနိုင်မှာဖြစ်ပါတယ်ခင်ဗျား....ပြီးတော့ အင်တာနက်အမြန်နှုန်းလည်း
မြှင့်ပေးနိုင်ပါတယ်။စက် Model နိမ့်နေလို့ဂိမ်းကစားလို့အဆင်မပြေဖြစ်ပြီးစိတ်
ဓါတ်ကျနေတဲ့ ကိုကို၊မမ တွေအတွက်အသုံးလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာ download ယူသွားပါခင်ဗျား.....   
                                                    




သားဆက်ခြား ပညာပေးရေး ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်မည်

နန်းဆိုင်နွမ်

မြန်မာနိုင်ငံတွင် သားဆက်ခြား ပညာပေးရေးနှင့် ပတ်သက်၍ ဆင်းရဲချမ်းသာ၊ နေရာဒေသအလိုက် ကွဲပြားမှု မရှိစေရန် ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

သားဆက်ခြားလုပ်ငန်းကို အမျိုးသားစီမံကိန်းနှင့်အညီ ဆင်းရဲချမ်းသာ နေရာဒေသအလိုက် ကွဲပြားမှုမရှိစေရန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သားဆက်ခြားနည်းကို အသုံးမပြုခြင်းကြောင့် ကိုယ်ဝန်ဖျက်ချကာ ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြသာနာကို ကြိုတင်ကာကွယ်လိုခြင်း၊ သားဆက်ခြားခြင်းကြောင့် ပျော်ရွှင်သည့် မိသားစုဘ၀ ပိုင်ဆိုင်မှုကို မြန်မာပြည်ရှိ ပြည်သူများ ရစေလိုကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပသော Family Planning 2020 Press Conference တွင် ပြောကြားသည်။

“သားဆက်ခြားခြင်းဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ မိသားစုတိုင်းဟာ ကလေးဘယ်နှယောက် ယူမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်လို့ ရပါတယ်။ တဆက်နဲ့ တဆက်ကြား ခြားရင်တော့ ကလေးတွေ ဖွံ့ဖြိုးမှု၊ ပညာရေးပါ တိုးတက်လာမှာပါ။ ပြီးတော့ ကိုယ်ဝန်ဖျက်ချပြီး နောက်ဆက်တွဲဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်းတွေ လျော့လာမယ်။တခြားနိုင်ငံလို မိသားစု ဘယ်နှယောက်မွေး ဆိုတာတော့ မလုပ်ပါဘူး” ဟု ဒု ဝန်ကြီး ဒေါက်တာ ဒေါ်သင်းသင်းဌေးက ဆိုသည်။

အစိုးရက ကျန်းမာရေးနှင့် ပညာရေးအတွက် ယခင်နှစ်ကထက် ပိုမို ထောက်ပံ့လာသည့်အတွက် သားဆက်ခြား ကျန်းမာရေးနှင့် ပတ်သက်၍ စီမံချက် နယ်မြေမှအပ တခြားမြို့နယ် အားလုံးကို ထောက်ပံ့လာနိုင်ကြောင်း၊ ဆေးဝါးများကိုလည်း ဝယ်ယူ စုဆောင်းလာနိုင်ကြောင်း၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် တခြား အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကြောင့်လည်း သားဆက်ခြားလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။

ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနစိတ်မှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ မြင့်မိုရ်စိုး က “ဝေးလံတဲ့ ဒေသတွေမှာလည်း သားဆက်ခြားဆေးတွေ ပေးနိုင်ဖို့ ဒေသခံတွေကို လိုအပ်ချက် ဘယ်လောက်ရှိလဲ ဆိုတာ စာရင်း လုပ်ခိုင်းထားပါတယ်။ တဆက်နဲ့ တဆက်ခြားခြင်းဟာ ကျန်းမာရေးအပြင် လူမှုရေး အခွင့်အရေးအရ ကျန်းမာပျော်ရွှင်မှုနဲ့ ကလေးပညာရေးလည်း ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပဋိပက္ခဖြစ်ပွားသည့်နေရာများကို UNFPA အဖွဲ့မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြား နည်းပညာ အသုံးချရန်အတွက်လည်း အဖွဲ့အစည်းများက ပညာပေးမှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြားဆေးဝါး သုံးစွဲခြင်းကြောင့် မိခင်သေဆုံးမှု သိသာစွာ လျော့ကျခဲ့ကြောင်း ဒေါက်တာ မြင့်မိုရ်စိုးက ဆိုသည်။

Family Planning International Assistance (FPIA) ၏ အထောက်အပံ့နှင့် မိသားစု ကျန်းမာရေး စီမံကိန်းကို ၁၉၉၁ ခုနစ်မှစတင် ဆောင်ရွက်ခဲ့ပြီး စမ်းသပ် ၁ မြို့နယ်မှ ၆ မြို့နယ်အထိ တိုးချဲ့ကာ၊ ၁၉၉၂ ခုနစ်တွင် မြို့နယ်ပေါင်း ၂၀ ကျော် လုပ်ခဲ့ကြောင်း၊ ၁၉၉၇ ခုနစ်တွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌာနနှင့် UNFPA အဖွဲ့၏ အထောက်အပံ့ဖြင့် မြို့နယ်ပေါင်း ၁၆၃ မြို့နယ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တခြားအစိုးရ မဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် PSI, MSI, IPPF နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း (MMCWA) တို့မှလည်း သားဆက်ခြားလုပ်ငန်းကို မြို့နယ် အများအပြား ဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရကလည်း မိသားစု စီမံကိန်း ၂၀၂၀ (Family Planning 2020) အတွက် လိုအပ်သည် ကျန်းမာရေး အသုံးစရိတ်ကိုနှစ်စဉ် ပိုမိုသုံးစွဲရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရောက်လျှင် သားဆက်ခြားနည်းလမ်း သုံးစွဲရန် ဇနီးမောင်နှံ သန်း ၃၀ ခန့်ကို ကျန်းမာရေး အသုံးစရိတ်ရန်ပုံငွေ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Commission on Information and Accountability for Women’s and Children’s Health (COIA) ဆိုင်ရာ နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ခုနစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနစ်တွင် FP/RH Best Practices Conference နှင့် ၂၀၁၆ ခုနစ်တွင် လိင်မှု ကျန်းမာရေးနှင့် အခွင့်အရေး၊ မျိုးပွားခြင်းဆိုင်ရာများ အာရှ ပစိဖိတ် ဒေသတွင်း ညီလာခံ (APCRSHR) တို့ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကျန်းမာရေးဌာနတို့ ပြုလုပ်သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်လောင်းသေဆုံးမှု အချိုးအစား (MMR) အရ ၁ သိန်းလျှင် ၃၁၆ ဦး ရှိကြောင်း၊ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဖျက်ချမှုနှင့် ဆက်စပ်ကြောင်း သိရသည်။

သင်္ချိုင်းကုန်းတွင် ချိန်းတွေ့သောစုံတွဲ အမျိုးသားလေးဦး တိုက်ခိုက်၍ ချိန်းတွေ့အမျိုးသား သေဆုံး

Monday, November 18, 2013

ညအချိန် သင်္ချိုင်းကုန်းရှိ  မှောင်ရိပ်ထဲတွင် ချိန်းတွေ့ကြသည့် စုံတွဲတစ်တွဲကို အမျိုးသားလေးဦးက ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ရာ အမျိုးသားသည် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ကျီစုသုသာန်၏ အရှေ့ဘက်အမှောင်ရိပ်ထဲတွင် နိုဝင်ဘာ ၁၅ရက် ည ၁၀နာရီခွဲခန့်က ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့နေကြသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကြသည် လူလေးဦးတို့က ရန်စကာ ၀ိုင်းဝန်းထိုးကြိတ်ကြသောကြောင့် အမျိုးသား သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူအမျိုးသားသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၁၀၅)ရပ်ကွက်တွင်နေထိုင်ပြီး ၎င်း၏ချစ်သူ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊  အမှတ် (၁၀၄ )ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်းတို့သည် (၁၀၄) ရပ်ကွက်ရှိ ဘုရားပွဲသို့ ဆိုင်ကယ်ဖြင့်သွားရောက်ရာ ဘုရားပွဲမရှိသောကြောင့် ယင်းသုသာန်မှောင်ရိပ်ထဲတွင် စကားပြောနေချိန် အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာသည့်လူနှစ်ဦးက ““ဆိုင်ကယ်တစ်စီးဖြတ်သွားတာ မတွေ့ဘူးလား””ဟု မေးရာ ချိန်းတွေ့နေသည့် အမျိုးသားက မတွေ့မိကြောင်းပြောလိုက်၍ ယင်းဆိုင်ကယ် ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ ယင်းဆိုင်ကယ်နှင့် နောက်ထပ်လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးပါ ထပ်မံရောက်လာကြပြီး ““မင်းက ဘာကောင်မို့ စကားကောင်းကောင်းမပြောတာလဲ””ဟုဆိုကာ အရက်မူးနေသည့် အဆိုပါလူလေးဦးက ၀ိုင်းဝန်းထိုးကြိတ်ပြီး ပြန်လည်ထွက်သွားကြကြောင်း သတင်းရရှိသည်။
ထိုသို့ ဖြစ်ပွားနေချိန်တွင် အမျိုးသမီးသည် အနီးရှိ ဘုန်းကြီးကျောင်းမှ လူများကို သွားရောက်အကူအညီတောင်းပြီး ပြန်ရောက်လာချိန်တွင် အမျိုးသားမှာ ဒဏ်ရာများဖြင့် လမ်းမပေါ်တွင်သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
““စုံစမ်းစစ်ဆေးနေတုန်းပဲ။ တရားလိုက ဒီလိုပဲ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်လို့ပြောတာနဲ့ အမှုကိုလည်း ဒီအတိုင်းဖွင့်ပေးထားတာ”” ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၇ ရက်တွင်ပြောသည်။

ချိန်းတွေ့သူအမျိုးသမီးက တရားလိုပြုကာ ရဲစခန်းတွင် တိုင်ကြားသောကြောင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသားလေးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7day Daily

Thit Htoo Lwin - Crime

ကမ္ဘာ့ အကောင်းဆုံး တီထွင်မှု ၁၀ခု


ကမ္ဘာ့ အကောင်းဆုံး တီထွင်မှု ၁၀ခု 

၁။ World Wide Web
အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က၁၉၉၀မှာ တီထွင် ခဲ့ပါတယ်။ 
၂။ Computer
၁၉၄၁ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။
၃။ Airplanes
၁၉၀၃မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။
၎။ Light Bulb
၁၈၇၈မှာ Thomas Edison ကတီထွင် ခဲ့ပါတယ်။
၅။ Phonograph
sound recorder တစ်မျိုး ဖြစ်တဲ့ phonograph ကို ၁၈၇၇မှာ Thomas Edison ကတီထွင်ခဲ့ ပါတယ်။ 
၆။ Telephone
၁၈၇၆မှာ Scottish Engineer Alexander Graham Bell ကတီထွင် ခဲ့ပါတယ်။ 
၇။ Stream Engine
Thomas Newcomen က၁၇၁၂မှာ တီထွင် ခဲ့တာပါ။ 
၈။ Printing Press
Germany နိုင်ငံသား Johannes Gutenberg က၁၄၃၉မှာ တီထွင် ခဲ့ပါတယ်။
၉။ Compass
206 BC လောက်မှာ တရုတ် ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာ စတင် တီထွင် အသုံးပြု ခဲ့ပါတယ်။
၁၀။ Paper
စက္ကူ ကိုလည်း ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာပဲ တီထွင် ခဲ့တာပါ။ 

[source: graphs.net]
၁။ World Wide Web
အင်္ဂလိပ် လူမျိုး အင်ဂျင်နီယာ Sir Tim Berners-Lee က၁၉၉၀မှာ တီထွင် ခဲ့ပါတယ်။
၂။ Computer
၁၉၄၁ခုနှစ်မှာ Konrad Zuse ကတီထွင်ခဲ့ ပါတယ်။
၃။ Airplanes
၁၉၀၃မှာ Wright Brothers ညီအကို နှစ်ယောက်က တီထွင်ခဲ့ ပါတယ်။
၎။ Light Bulb
၁၈၇၈မှာ Thomas Edison ကတီထွင် ခဲ့ပါတယ်။


၅။ Phonograph
sound recorder တစ်မျိုး ဖြစ်တဲ့ phonograph ကို ၁၈၇၇မှာ Thomas Edison ကတီထွင်ခဲ့ ပါတယ်။
၆။ Telephone
၁၈၇၆မှာ Scottish Engineer Alexander Graham Bell ကတီထွင် ခဲ့ပါတယ်။
၇။ Stream Engine
Thomas Newcomen က၁၇၁၂မှာ တီထွင် ခဲ့တာပါ။
၈။ Printing Press
Germany နိုင်ငံသား Johannes Gutenberg က၁၄၃၉မှာ တီထွင် ခဲ့ပါတယ်။
၉။ Compass
206 BC လောက်မှာ တရုတ် ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာ စတင် တီထွင် အသုံးပြု ခဲ့ပါတယ်။
၁၀။ Paper
စက္ကူ ကိုလည်း ဟန်မင်းဆက်တွေ အုပ်ချုပ်တဲ့ ကာလမှာပဲ တီထွင် ခဲ့တာပါ။

[source: graphs.net]

“ ကျော်နေ၀င်း၊ အေးနေ၀င်းတို့က ပေးတဲ့ သင်ခန်းစာ ”



အခုရက်ပိုင်း ထွက်ပေါ်လာတဲ့အထဲက စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ သမ္မတ အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထဲ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ယောက် ပါဝင်လာခြင်းပါ။ လွတ်မြောက်လို့ နေအိမ်ရောက်ရောက်ခြင်း ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲကနေ တဆင့် သူတို့ အဖြစ်အပျက်၊ သူတို့ အတွေ့အကြုံ တစ်ချို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူတို့ ပြောဆိုတာတွေထဲမှာ ဘာတွေ ထူးခြားတာတွေပါလဲ၊ အဖြစ်မှန်တွေက ဘာလဲ၊ ဒီ အဖြစ်အပျက်တွေကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွတ်မြောက်ခွင့်ပေးသင့်သူတွေလား
ကိုကျော်နေ၀င်းနဲ့ အေးနေ၀င်း တို့နှစ်ယောက်ဟာ နိုင်ငံရေးသမားတွေတော့ မဟုတ်ကြပါဘူး။ သူတို့ နှစ်ယောက် လွတ်မြောက်လာတာနဲ့ ပါတ်သက်ပြီး အငြင်းပွားကြသူတွေ ရှိသလို၊ ကြေငြာချက်ထုတ် ကန့်ကွက်သူတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စိစစ်တဲ့နေရာမှာ အဓိကအားဖြင့် ဘယ်ပုဒ်မ တွေနဲ့ ဖမ်းဆီးထားသူတွေကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ် သတ်မှတ်မလဲ၊ အဲဒီ ပုဒ်မတွေနဲ့ မဟုတ်ရင်တောင် နိုင်ငံရေးလုပ်လို့ ဆက်စပ် အဖမ်းခံ၊ ထောင်ချ အပြစ်ပေးခံရရင် လည်း ထည့်သွင်းဖို့ စသဖြင့် မူဘောင်တွေ ချမှတ်ပြီး လုပ်ခဲ့ကြတာပါ။ အခု ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် ဟာ အဲဒီ သတ်မှတ်ထားတဲ့ ပုဒ်မတွေနဲ့ ထောင်ချခံရသူတွေဖြစ်နေလေတော့ လွတ်ငြိမ်းခွင့်ပေးတာဟာ မှန်ကန်ပါတယ်။ ဒါတင်မက အာဏာရှင် တစ်ယောက်ယောက် လက်ထက်မှာ နိုင်ငံရေးကြောင့် မဟုတ်ပဲလည်း သူနဲ့ စီးပွားရေးအရသော်၎င်း၊ တစ်စုံတစ်ခုအပေါ်မှာ အမြင်ချင်း မတူလို့သော်၎င်း မတရား အပြစ်ပေး ထောင်ချခံရတာတွေ ရှိပါတယ်။ သူတို့ နှစ်ယောက် အဲဒီ အထဲမှာ အကျုံးဝင်တာကြောင့် လွတ်ငြိမ်းခွင့်ရတာ သဘာဝ ကျပါတယ်။

သူတို့ကို ဘယ်သူက ထောင်ထဲပို့ခဲ့သလဲ။
လွတ်မြောက်ပြီးပြီးချင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်းက သူတို့ မိသားစု မတရား ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အကြောင်း၊ သူတို့မှာ တစ်ဖက်က စွတ်စွဲသလို အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လျောက်လဲခဲ့ပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် သူတို့တွေအားလုံး သေဒါဏ်ချမှတ်ခံရသလို သူတို့ညီအကိုရဲ့ မိခင်၊ အာဏာရှင် ဦးနေ၀င်းရဲ့ သမီး ဒေါ်ခင်စန္ဒာဝင်း ကတော့ နေအိမ်အကျယ်ချုပ် ချမှတ်တာ ခံရပါတယ်။ သူတို့ မိသားစုကို အဲလို လုပ်တဲ့သူရဲ့ နာမည်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မပြုပါဘူး။ ဒါပေမယ့် အဲဒီလူဟာ အဲဒီ အချိန်ကာလက ရာထူးအာဏာ အရှိဆုံးနဲ့ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်လို့ ဆိုထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အာဏာရှင်ဟောင်း ဦးနေ၀င်း မိသားစုကို နှိပ်ကွပ်ခဲ့သူအဖြစ် နာမည် ထွက်ပေါ်ခဲ့ပါတယ်။

အာဏာရှင်ဟောင်းအပေါ် သစ္စာရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
သူတို့ နှစ်ယောက် သတင်းစာရှင်းလင်းပွဲမှာ နောက်ထပ် စိတ်တ၀င်စား သိလိုက်ရတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အာဏာရှင်ဟောင်း၊ နိုင်ငံတော် သမ္မတဟောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးနေ၀င်းကို နေအိမ်အကျယ်ချုပ်ချဖို့ အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်းတို့ နှစ်ယောက် ပြောဆိုချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးတဲ့ အဲဒီ အမိန့်ကို ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ရမယ့် ၀န်ကြီးတစ်ပါးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နှစ်ယောက်က ဒီလို နေအိမ်အကျယ်ချုပ် ချဖို့ လက်မှတ်ထိုးလိုက်ရင် သမိုင်းတရားခံ ဖြစ်နိုင်တယ်၊ ဒါကြောင့် လက်မှတ်မထိုးနိုင်ဘူး၊ တကယ်လို့ နေအိမ်အကျယ်ချုပ်ချချင်တယ်ဆိုရင် ကိုယ်တိုင် လက်မှတ်ထိုးပါ ဆိုပြီး အမိန့်ပေးသူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရည်ညွှန်းပုံရ) ကို ပြန်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာရတဲ့ အာဏာရှင်လက်အောက်မှာ ပြန်ပြီး တင်ပြရဲတဲ့ ထူးခြားတဲ့ လုပ်ရပ်ဖြစ်ကြောင်း သူတို့ နှစ်ယောက်က ပြောပါတယ်။ ပြောရရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ အာဏာရှင် ဦးနေ၀င်းကို နောက်ဆုံး အချိန်ထိ သစ္စာရှိသွားတယ် ဆိုတဲ့ ဇတ်လမ်းပါ။ ဒီအတွက် ကိုအေးနေ၀င်းနဲ့ ကိုကျော်နေ၀င်းတို့ ညီအစ်ကိုတစ်တွေက ခုအခါ နေအိမ်အကျယ်ချုပ်က လွတ်မြောက်နေပြီဖြစ်တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို သွားပြီး ကျေးဇူးတင်ကြောင်း ပြောကြမှာပါ။

တကယ့် အဖြစ်အပျက်က ဘာလဲ
သူတို့ နှစ်ယောက် သတင်းထောက်တွေကို ရှင်းပြတဲ့ဆီမှာ သူတို့မိသားစုဟာ အဲဒီအချိန်က စစ်အာဏာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား ရင်ကြားစေ့ရေး လုပ်ပေးဖို့ ကြိုးစားလို့ ဒီလို အညှိုးခံ အပြစ်ပေးခံရတာလို့ ဆိုထားပါတယ်။ သူပြောတဲ့အထဲက အချက်အလက် တစ်ချို့ မှန်ကောင်း မှန်နိုင်ပေမယ့် အဲဒါတွေဟာ နအဖ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာရှင်ဟောင်း မိသားစုဝင်တွေကို သေဒါဏ်ပေးဖို့လောက်အထိ အရေးပါခဲ့မယ့်ပုံတော့ မပေါ်ပါဘူး။ တကယ့် အဖြစ်မှန်ကတော့ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေပါ။ အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ ၁၉၈၈ စစ်ဘက်၊ အရပ်ဘက် ရာထူးတွေ အားလုံးကို စွန့်လွှတ်သွားတဲ့တိုင် အဲဒီအချိန်က စစ်ကောင်စီကို လိုအပ်တဲ့အခါ နောက်ကွယ်ကနေ ကြိုးကိုင်ညွှန်ကြားနေတယ်ဆိုတာ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာတဲ့ သတင်းအပိုင်းအစ တွေက အတည်ပြုချက်ပေးနေပါတယ်။ သူကိုယ်တိုင် မြှောက်စားထားတဲ့ ထောက်လှမ်းရေး အကြီးအကဲ၊ စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့် ကနေ တဆင့် တိုင်းပြည်ရဲ့ အရေးအရာတွေကို နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်ခဲ့သလို သမီးဖြစ်သူ ဒေါ်ခင်စန္ဒ၀င်းနဲ့ မြေးတွေကလည်း စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်ကြီးစိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း နောက်ပိုင်းအာဏာရှိလာတဲ့ စစ်အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးလာတာ ဖြစ်ပါတယ်။ အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ စကိုင်းလင့်ခ် ကုမ္ပဏီထောင်ပြီး မိုဘိုင်းဖုန်း တပ်ဆင်ရေး လုပ်ကိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပါတ်သက်ရင် အစိုးရ ၀န်ကြီးဌာနကသာ တစ်ခုတည်းသော အော်ပရေတာ ဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်စန္ဒ၀င်းတို့ မိသားစု လုပ်ကိုင်ချင်တာကတော့ ပုဂ္ဂလိက အော်ပရေတာ လုပ်ငန်းဖြစ်ပါတယ်။ ကနဦး အစီအစဉ်အဖြစ် တစ်လုံး ကျပ် ၅ သိန်းတန်၊ ဂျီအက်စ်အမ် အလုံးရေ တစ်သိန်း တပ်ဆင်ရေး ဖြစ်ပါတယ်။ အဲဒီခေတ် အဲဒီ ကာလက ငွေတန်ဘိုးနဲ့ ပါတ်သက်ရင် ပထမ အဆင့်မှာတင် ကျပ်ငွေ ဘီလျံ ၅၀ လောက်တန်တဲ့ အလွန်ကြီးကျယ်တဲ့ စီမံကိန်းပါ။ နောက်ပိုင်း နအဖ အာဏာပိုင်တွေဟာ အဲဒီ စီမံကိန်း ဦးနေ၀င်း မိသားကို လုပ်ခွင့်မပေးတော့တဲ့အပြင် နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် ပုဒ်မ မျိုးစုံနဲ့ သေဒါဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ အကျိုးစီးပွား ခွဲဝေမှုကနေ အာဏာ ပြသနာ အထိ ရောက်သွားခဲ့ရတာသာ ဖြစ်ပါတယ်။ ဘာနိုင်ငံရေး ကိစ္စမှ မဟုတ်ခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီးနဲ့ အာဏာရှင် လုပ်မယ့်သူတွေအတွက် ဘာအချက်ပြနေသလဲ
အခုနောက်ပိုင်း လူတွေကြား ဆွေးနွေးငြင်းခုံနေကြတဲ့ အချက်တစ်ခုကတော့ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သူ့တပည့်သားမြေးတွေအပေါ် တစ်စုံတစ်ရာ သြဇာညောင်း မညောင်း ကိစ္စပါ။ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အပြစ်ပေး အရေးယူထားတဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူုးကြီးဟောင်း သန်းရွှေရဲ့ သြဇာ သိပ်မရှိတော့ဘူးဆိုတာ ကောက်ချက်ချနိုင်ပါတယ်။ အာဏာရှင်တွေဟာ ဇတ်ခုံကန့်လန့်ကာ နောက်ကွယ် ရောက်သွားခဲ့ရင် အချိန်ကာလ တစ်ခုထက်ပို သြဇာ မရှိနိုင်ဘူး ဆိုတာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ ဘ၀ ဖြစ်စဉ်ကရော၊ အခု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဖြစ်ရပ်ကပါ သက်သေပြနေပါတယ်။
ပြောရရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးလျားလျား လွတ်မြောက်သွားပြီလို့ မပြောနိုင်သေးပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အာဏာရှင်စနစ်အောက်ကို ရောက်သွားနိုင်သေးတဲ့ ရေခံမြေခံတွေ အားလုံးကျန်ရစ်နေပါသေးတယ်။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ပျက်လုနီးပါး ဖြစ်ခဲ့ရတာတွေ၊ အာဏာရှင်တွေကိုယ်တိုင်လည်း ဇတ်သိမ်းမကောင်း၊ သမိုင်းမလှ ဖြစ်ခဲ့ရတာတွေကို လက်ရှိ အာဏာပိုင်တွေ၊ အထူးသဖြင့် တပ်မတော်ထဲက ခေါင်းဆောင်တွေ ကောင်းကောင်းသင်ခန်းစာယူဖို့ လိုပါတယ်။ သင်ခန်းစာ မယူခဲ့ရင်၊ အာဏာရှင်စနစ် ဖြစ်ပေါ်လာနိုင်တဲ့ ရေခံမြေခံတွေကို မြေလှန်မပစ်နိုင်ရင် တိုင်းပြည်လည်း မကောင်း၊ ကိုယ်လည်း သမိုင်းတရားခံဖြစ်၊ ပြည်သူတွေ တံတွေးခွက်ထဲလည်း ပက်လက်မြော ဆိုတဲ့ ဇတ်လမ်းတွေ ထပ်ပြီး ပေါ်ပေါက်လာနိုင်သေးတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။
မြန်မာပို့စ် ဂျာနယ်၊ ၁၈-၁၁-၁၃။ စာ- ၁၂။

အင်တာနက် ဂျာနယ် အတွဲ (14) အမှတ် (45) (18.11.13).............

အင်တာနက်ဂျာနယ်ကို အပတ်စဉ် တနင်္လာ တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ အင်တာနက်ဂျာနယ် ကိုဖတ်ချင်သူများ အတွက်မူရင်းဆိုဒ်က နေဒေါင်းလုပ်လင့်ကိုတင်ပေး လိုက်တာပါဗျာ။ အင်တာနက်ဂျာနယ်
ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ အင်တာနက် ဂျာနယ် အတွဲ (14) အမှတ် (43)ကို တင်ပေး
လိုက်ပါတယ်ဗျာ။ ဒီနေ့ 4  ရက်နေ့ထွက် Update လေးပါ ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက်အဆင် မပြေ
သောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to - http://www.myanmarinternetjournal.com/

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။



Monday, November 18, 2013

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိခိုက်သွားသောဘ၀များ ...................



Sunday, November 17, 2013

ရေးသားသူ- အောင်သစ်လွင်၊ ဇွဲမာန်၊ အေးမြတ်သူ၊ ရှင်းရှင်း

ကမ္ဘာကျော်နယူးယောက်တိုင်း(မ်)သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာဟောင်းဂျွန်က သူ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်တွင် အံ့အားအသင့်ဆုံးက ဘာလဲဟုမေးသောအခါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာဟု ပြောပါသည်။

ကမ္ဘာ့နိုင်ငံများစွာသို့ လှည့်လည်နေသော သူ့အတွက် မြန်မာကဲ့သို့ စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံငယ်တွင် ရန်ကုန်မြို့လူထုမှာ ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုကြား မည်သို့နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေကြသနည်းဟု သူအံ့သြစွာ မေးခွန်းပြန်ထုတ်သည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးဦးဆုံးအကြိမ် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံပြီး အစားထိုးတင်သွင်းစနစ်နှင့် လွတ်လပ်စွာ မော်တော်ယာဉ်တင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ၂ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်လာသည်။ ထိုပြဿနာ၏ နောက်ဆက်တွဲအဖြစ် မြို့တွင်းခရီးသည်တင်ဘတ်စ်ကားယာဉ်မောင်းများ၊ အငှားယာဉ်မောင်းများအပြင် အိမ်စီးကားမောင်းနှင်သူများသာမက မိမိတို့ ဘ၀ရပ်တည်မှုအခြေအနေအရ ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာနေရသည့် အလွှာအသီးသီးမှ လူတန်းစားပေါင်းစုံမှာ ယင်းပြဿနာကို နိစ္စဓူဝရင်ဆိုင်နေရသည်။

“အရင်တုန်းက တစ်နေ့ကို အုံနာခပေးပြီး တစ်သောင်းလောက် သာသာယာယာရှာလို့ရတယ်။ အခုက မရတော့ဘူး။ လမ်းပေါ်မှာတင် အချိန်တွေကုန်နေတာ”ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းကိုကျော်ဦးက ပြောသည်။

လွတ်လပ်စွာ ယာဉ်တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း တက္ကစီယာဉ်အစီးရေမှာလည်း ရန်ကုန်မြို့လမ်းမများထက်တွင် ပိုမိုများပြားလာကာ ယာဉ်မောင်းများ၏ နေ့စဉ်တစ်ဦးချင်း ၀င်ငွေကိုလည်း ထိခိုက်လာပြီး မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့ကြောင်း ခရီးသည်တင်ဘတ်စ်ကား ယာဉ်မောင်းများနှင့် တက္ကစီယာဉ်မောင်းများက ပြောသည်။

“ဟိုတုန်းက တစ်နေ့ကို ပုံမှန်ငါးကြောင်းလောက်မောင်းရပြီး အုံနာအတွက် ပိုက်ဆံပိုရှာနိုင်တော့ ကားပိုင်သူဌေးက ကြည်ဖြူတယ်။ အခုနောက်ပိုင်း သုံးကြောင်းလောက်ပဲဆွဲနိုင်တော့ အုံနာကိုအပ်တဲ့ ပိုက်ဆံနည်းသွားလို့ အရင်လို မကြည်ဖြူတော့တဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေဘူး”ဟု ဒညင်းကုန်းလမ်းဆုံနှင့် ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲသည့် ၂၀၂ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုသက်ဦးကပြောသည်။

ကိုသက်ဦးသည် ယာဉ်နောက်လိုက်အတွေ့အကြုံ ရှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သူ၏လုပ်သက်တစ်လျှောက်လုံး ကားပိုင်ရှင်သူဌေးနှင့် အပေးအယူမျှကာ မိသားစုသဖွယ် ဆက်ဆံရေးရှိခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် နေ့စဉ်ပုံမှန်ပြေးဆွဲရသည့် အုံနာခမအပ်နိုင်သည့်အခါ သူ၏ယာဉ်နောက်လိုက်အလုပ်ကိုပင် စွန့်ခွာချင်ပြီဟု ကိုသက်ဦးကပြောသည်။ “ကားသမားအလုပ်က ထောင်နှုတ်ခမ်းကိုနင်းပြီး လုပ်နေရတာ။ ပုံမှန်ဝင်ငွေရနေပြီး ဒီအလုပ်ကို သံယောဇဉ်ဖြစ်နေပေမယ့် အုံနာကတစ်မျိုး၊ ပိုက်ဆံရတာနည်းလို့ မိန်းမက မကြည်ဖြူတာတစ်မျိုးနဲ့ နေ့တိုင်းစိတ်ညစ်ရတယ်။ လမ်းပေါ်က အခြေအနေတွေကို သူတို့သိတာမဟုတ်ဘူး”ဟု လက်ထဲမှ ယာဉ်စီးခငွေစက္ကူအရွယ်စုံကို ရေတွက်ရင်းပြောသည်။

ရန်ကုန်မြို့တွင်း အရေးကိစ္စမျိုးစုံကြောင့် နိစ္စဓူဝသွားလာနေသည့် ဘတ်စ်ကားအသုံးပြုသူ ခရီးသည်အရေအတွက်မှာ ၂ ဒသမ ၄ သန်းခန့်ရှိပြီး သွားလာရေးအတွက် နေ့စဉ်အသုံးပြုနေသည့် ဘတ်စ်ကားအရေအတွက်မှာ ၄၃၀၀ သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိန်းရေးကြီးကြပ်မှု ဗဟိုကော်မတီက စာရင်းထုတ်ပြန်ထားသည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် ယခုအခါ ကားအစီးရေ သုံးသိန်းနှစ်သောင်းကျော် နေ့စဉ်အသုံးပြုနေသည်။ အဆိုပါ ယာဉ်များအနက်မှ မြို့တွင်းသွားလာရေးအတွက် ခရီးသည်တင်ဘတ်စ်ကားအဖြစ် အသုံးပြုနေသော ယာဉ်အရေအတွက်မှာ ၄၃၀၀ ကျော်၊ တက္ကစီစီးရေ လေးသောင်းကျော်ရှိသည်။ ထိုကြောင့် အများစုမှာ အိမ်သုံးကားများနှင့် လုပ်ငန်းသုံးကားများ ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တွင် လမ်းအချိုးအစားနှင့် သွားလာနေသည့် ကားအရေအတွက်မှာ အချိုးအစားမမျှတကြောင်း မြို့ပြအင်ဂျင်နီယာ ပညာရှင်ဒေါက်တာကျော်လတ်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် လိုရာခရီးနှောင့်နှေးရသည့် အကျိုးဆက်ကို အခြေခံလူတန်းစား အလုပ်သမားများအပြင် မြို့ပြင်တွင် တည်ထားသည့် တက္ကသိုလ်များသို့ သွားလာနေရသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

“အိမ်ကနေ ရုံးကိုလာတာ ကားပေါ်မှာတင် တိုင်ပတ်နေတယ်။ တက္ကစီငှားစီးဖို့လည်း ပိုက်ဆံမတတ်နိုင်ဘူး။ ရုံးနောက်ကျရင်လည်း လစာက အဖြတ်ခံရဦးမယ်။ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတော့ဘူး”ဟု ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

“ကျောင်းကို အရင်က ၄၅ မိနစ်လောက် ကားစီးရပြီး အခု တစ်နာရီခွဲလောက်စီးမှ ရောက်တယ်။ ရုံးချိန်မီဖို့ အစောကြီးထပြီး ကားစီးရတဲ့အတွက် မိသားစုကိုတောင် အချိန်မပေးနိုင် ဖြစ်နေပြီ”ဟု ဒဂုံတောင်ပိုင်းမြို့နယ် စိတ်ကျန်းမာရေးဆေးရုံအနီးတွင် ဖွင့်လှစ်ထားသည့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ သွားရောက်ရသည့် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကထိကဆရာမကပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မှ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)သို့ ဖယ်ရီဖြင့် ယခင်က ၄၅ မိနစ်ခန့်စီးလျှင် ရောက်နိုင်သော်လည်း ယခုအခါ ကားပေါ်တွင် တစ်နာရီခွဲခန့် အချိန်ဖြုန်းပြီးမှသာ ရောက်တော့ကြောင်း စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မဖြိုးသော်တာကပြောသည်။

“လမ်းပန်းဆက်သွယ်ရေး၊ ဒါမှမဟုတ် ပညာရေးဆိုတာတွေကို အစိုးရတာဝန်ရှိသူတွေ ဘယ်လိုစီမံကိန်းချတယ်ဆိုတာ ကျွန်မတို့မသိဘူး။ ဒါပေမဲ့ ကျောင်းသူ၊ ကျောင်းသားတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကိုတော့ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ ဒါဟာ ကျွန်မတို့အတွက် အရမ်းအရေးကြီးပါတယ်”ဟု မဖြိုးသော်တာက သူ၏လိုလားချက်ကိုပြောသည်။

မြို့ပြင်တွင် တည်ဆောက်ထားသော တက္ကသိုလ်များဆီသို့ သွားရောက်ကြသည့် ကျောင်းသားအများစုမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့စာသင်ခန်းသို့မရောက်မီ ကားပေါ်တွင် အချိန်ကုန်လူပင်ပန်းဖြစ်ကာ မိမိသင်ကြားမည့် ဘာသာရပ်အပေါ်တွင် အာရုံစူးစိုက်နိုင်မှုနည်းပါးသွားကြောင်း ဒဂုံတက္ကသိုလ် ပထမနှစ်ကျောင်းသား ကျော်ထက်အောင်ကပြောသည်။

“အိမ်ကထွက်ပြီး ကျောင်းရောက်တဲ့အချိန် လမ်းမှာကားပိတ်တာနဲ့ အနည်းဆုံးတော့ စာသင်ချိန်နှစ်ချိန်လောက် လွတ်သွားတယ်။ အဲဒီတော့ စာသင်ချင်စိတ်မရရှိတော့ဘဲ ကျောင်းကိုရောက်ပေမယ့် အပြင်မှာပဲနေတာများတယ်”ဟု ကျော်ထက်အောင်ကပြောသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုရှိ မြို့ကြီးများတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို သက်ဆိုင်ရာနိုင်ငံအစိုးရများက မြေအောက်ရထား၊ ကောင်းကင်ရထားစနစ်နှင့် ဘီအာရ်တီကဲ့သို့သော အဆင့်မြင့်သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြု၍ ဖြေရှင်းလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယခုအချိန်မှသာ ဘီအာရ်တီစနစ်ကို စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့အစည်းအနေဖြင့် ဘီအာရ်တီစနစ်ကို မဖော်ဆောင်မီကာလတွင် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်မည်ဟုဆိုသော ခုံးကျော်တံတားစီမံကိန်းသုံးခုကို အမြန်ဆုံးတည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ခုံးတံတားသုံးစင်းအနက် နှစ်စင်းမှာ စတင်အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်မစွမ်းနိုင်သေးပေ။ ဘတ်ဂျက်အခြေအနေပေါ်မူတည်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ခုံးကျော်တံတားများ တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လတ်တလောဖြေရှင်းနိုင်ဖို့ မြို့တွင်းယာဉ်မရပ်ရဇုန်တွေသတ်မှတ်ပြီး စည်းကမ်းမဲ့ရပ်ထားတဲ့ ယာဉ်တွေကို ကရိန်းတွေနဲ့ဆွဲပြီး အရေးယူတာမျိုးတွေ လုပ်နေရတယ်”ဟု ၀န်ကြီးဦးအောင်ခင်ကပြောသည်။ တက္ကစီအငှားယာဉ်များမှာလည်း ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် နေ့စဉ်သွားလာနေပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၏ နောက်ဆက်တွဲပြဿနာများကို ကြုံတွေ့နေသည်။

“အခု ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းတွေကျပ်နေတယ်။ ချောင်ကြိုချောင်ကြားကအစ ကျပ်တယ်။ ကားတွေကျပ်တော့ အုံနာနဲ့ မောင်းတဲ့ယာဉ်မောင်းတွေဆိုရင် အလုပ်ချိန်တွေ ပြောင်းလာကြတယ်။ မနက်အစောကြီးထဆွဲ နေ့လယ်ပိုင်းခဏနားပြီး ညဘက်တစ်ညလုံး ပြန်ဆွဲတယ်”ဟု တက္ကစီယာဉ်မောင်းကိုဌေးလွင်ကပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ပြဿနာကြီးမားရခြင်းမှာ လမ်းတံတားကဲ့သို့ အခြေခံအဆောက်အအုံများ မလုံလောက်ခြင်းအပြင် လူအများစု၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂ မထသ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

“ကားတစ်စီးကို သိန်းရာနဲ့ချီပြီးတော့ ရင်းနှီးမြှုပ်နှံထားပေမယ့် အရင်လို ပိုက်ဆံမရတော့ဘူး။ လမ်းတွေပိတ်ဆို့ပြီး ယာဉ်တိုက်မှုမကြာခဏဖြစ်လို့ ရှင်းနေရတာနဲ့တင် ကားလောကကို စိတ်ကုန်နေပြီ။ ဒါပေမဲ့ ဘ၀ကိုရပ်တည်နေရတဲ့ အလုပ်သမားတွေက ရှိနေသေးတော့ ရသလောက် ကြိုးစားပြီးတော့ လုပ်နေဦးမယ်”ဟု အဆိုပါယာဉ်ပိုင်ရှင်ကပြောသည်။

ထို့အပြင် ရုံးဆင်း၊ ရုံးတက်အချိန်များ၌ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်များကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယင်းပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးစေချင်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့ကဆိုသည်။

ခရီးသည်နှင့် မော်တော်ကားအစီးရေ မမျှမတဖြစ်နေသည့်အပြင် တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရအနေဖြင့် ဖြေရှင်းမည်ဆိုပါက ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းထက် မြို့ပတ်ရထားလမ်းများ တိုးချဲ့ကာ တစ်နေရာမှတစ်နေရာသို့ မီးရထားဖြင့် လွယ်ကူစွာသွားလာနိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း ယာဉ်မောင်းသက်တမ်း နှစ်လေးဆယ်ခန့် အတွေ့အကြုံရှိသော တက္ကစီယာဉ်မောင်းတစ်ဦးက အကြံပြုသည်။

လွန်ခဲ့သောမတ်လက အမေရိကန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သော ကိုအောင်ဇော်မင်းမှာ နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုမှာ အမေရိကသို့မသွားမီ အခြေအနေနှင့် လွန်စွာကွာခြားသွားကြောင်း အံ့သြစွာပြောကြားသည်။

“လမ်းတွေပေါ်မှာ ကားတွေပိုကျပ်လာတယ်။ ကားတွေက ပိုကောင်းလာပြီး တက္ကစီတွေက ပိုများလာတယ်။ လမ်းတွေကတော့ အရင်လိုပဲ မကောင်းသေးဘူး”ဟု ခုနစ်လတာကင်းကွာခဲ့သော ရန်ကုန်မြို့၏ အခြေအနေကို ကိုအောင်ဇော်မင်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့ခြင်းပြဿနာမှာ သွယ်ဝိုက်သောနည်းလမ်းများဖြင့် မိမိတို့၏စားဝတ်နေရေးနှင့် မိသားစုဆက်ဆံရေးများအပေါ် ဆိုးရွားစွာလွှမ်းမိုးမှုများရှိနေကြောင်း ဒလမှ ရန်ကုန်သို့ နေ့စဉ်ပုံမှန် အလုပ်လုပ်ကိုင်ရန်လာသော နေ့စားအလုပ်သမားများကဆိုသည်။

“အလုပ်က ၈ နာရီဆိုရင် အရင်ကပုံမှန် ၇ နာရီလောက် အိမ်ကစောထွက်ရင်ရတယ်။ အခုအလုပ်ကို ၈ နာရီရောက်ဖို့ကို အိမ်ကနေ မနက် ၅ နာရီကျော်လောက်ကတည်းက ထရတယ်။ ပြန်ရောက်တော့လည်း ည ၁၁ နာရီလောက်မှဆိုတော့ အိမ်က ကလေးတွေက အဖေကိုတောင် မခင်တွယ်တော့ဘူး။ ဒီကြားထဲ မိသားစုများပြီး အလုပ်ကလည်းပါးတော့ ဘာမှကိုအဆင်မပြေပါဘူး”ဟု ဒလမှ နေ့စားဆောက်လုပ်ရေးအလုပ်သမား ကိုဝလုံးကပြောသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုနှင့် ပွင့်လင်းလာသည့်အခြေအနေများကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် အ၀င်အထွက်ပိုမိုများပြားလာသည်။

နေ့စဉ်ဝင်ငွေနည်းပါးလာသည့် အခြေအနေများကြောင့် အချို့တက္ကစီယာဉ်မောင်းများမှာ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်များအပေါ် ယာဉ်စီးခများ ပုံမှန်ထက် ပိုမိုတိုးတောင်းလာခြင်းမျိုး တွေ့ကြုံလာရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဇော်ဘုန်းလင်းကပြောသည်။

“ကားသမားတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ကားက ဆွဲမကောင်းတော့ နယ်မြေကျွမ်းကျင်မှုမရှိတဲ့ နိုင်ငံခြားသားခရီးသည်တွေအပေါ် အခုလို ပိုက်ဆံပိုတောင်းတာ။ ဒါပေမဲ့ တိုးရစ်တွေက လေယာဉ်ပေါ်ကဆင်းတာနဲ့ သူတို့နဲ့ အရင်တွေ့ရမှာ။ နိုင်ငံရဲ့ပုံရိပ်အတွက် မကောင်းဘူး”ဟု ကိုဇော်ဘုန်းလင်းကပြောသည်။

နိုင်ငံအများစုတွင် ကျင့်သုံးလာကြသည့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်းတို့နိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ (GDP)ဖြင့် မတိုင်းတာဘဲ နိုင်ငံသားတစ်ဦးချင်းစီပျော်ရွှင်မှု (GNH)ဖြင့် တိုင်းတာလိုသည်ဟု ဘူတန်နိုင်ငံဘုရင်က ကမ္ဘာ့ကုလသမဂ္ဂသို့ ၂၀၁၃ တွင် တောင်းဆိုအသိပေး ကျင့်သုံးနေပြီဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက လက်ခံခဲ့သည့် ဘူတန်နိုင်ငံ၏ အဆိုပါတောင်းဆိုချက်အတိုင်း မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက ရန်ကုန်မြို့တွင်း နေရာပေါင်းများစွာသို့ နိစ္စဓူဝသွားလာနေကြရသည့် ပြည်သူများ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် GNH ဖြင့် တိုင်းတာလျှင် အဆင့်နောက်နားရောက်နေပါလိမ့်မည်။ ။

7Day News Journal

Thit Htoo Lwin - Feature

မေမြတ်မွန် နဲ့ ဟန်းနီးမွန်းခရီး

Sunday, November 17, 2013



 
ပြီးခဲ့တဲ့ရက်ပိုင်း Facebook မှာ မိတ်ဆွေအရဆုံးမြန်မာအမျိုးသမီးဟာ မေမြတ်မွန် ဖြစ်ဖွယ် ရှိပါတယ်။


သူ့ရဲ့ အွန်လိုင်း သီချင်းရုပ်သံတွေကြောင့် သူနဲ့မိတ်ဆွေဖြစ်လိုသူ အများအပြား ပေါ်လာသလို သူ့ကို ခပ်စပ်စပ်ဝေဖန်လိုသူလည်း အများအပြား ပေါ်ပေါက်နေပါတယ်။

သူငယ်ချင်း ငါးထောင်  (၄၉၉၉ ဦး) ပြည့်သွားသလို

မေမြတ်မွန်ချစ်သူများ လို့ အမည်ရတဲ့ ဖေ့ဘုတ်စာမျက်နှာကလည်း like လုပ်သူ ငါးထောင် ကျော်နေပါပြီ။
ဆိုခဲ့သလိုပဲ ရက်အနည်းငယ်အတွင်း သူ့ Facebook ပေါ်မှာ မိတ်ဖြစ်ဆွေဖြစ်ကြိုးပမ်းမှုအများအပြားရှိတာကိုတော့ သိသိသာသာ တွေ့ခဲ့ရတာပါ။ သူက အားလုံးကို မိတ်ဆွေအဖြစ် လက်ခံဖို့ အခက်အခဲ ရှိကြောင်း အွန်လိုင်းကနေ အခုလို ရေးထားပါတယ် -

All my friends from all over the world, Don't be upset if I can not accept your friend request anymore because of the limit of Facebook...I don't have my own facebook page as well. However, you all can send me message and you all can look at my profile without any privacy. Feel free to listen to my funny music videos and feel free to talk to me....at any time..I will be always close to all my friends. Love you all ..Really! Music is my life. Love is my choice and Hate is the one I avoid.
Peace!
May Myat Mon.


အကျဉ်းချုပ် ဘာသာပြန်ရရင်... အားလုံးကို Facebook မှာ မိတ်ဆွေလက်ခံဖို့  မဖြစ်နိုင်ဘူး၊  လက်မခံနိုင်တဲ့အတွက် စိတ်မပျက်ကြပါနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေများ လို့ ဆိုပါတယ်။

သူ့ဆီကို စာရေးနိုင်ပါတယ်၊  သူ့ Facebook ထဲက အချက်အလက်တွေကို ဖွင့်ကြည့်နိုင်တယ်၊  သူ့ရဲ့ အူကြောင်ကြောင်သီချင်းရုပ်သံများ (funny music videos) ကို နားထောင်ခွင့်ပြုပါတယ် တဲ့။

ပြီးတော့ Music is my life. Love is my choice and Hate is the one I avoid. လို့ ကာရန်နဘေတွေ  ဘာတွေနဲ့ ရေးထားတာ တွေ့ရမှာပါ။
ဂီတက ကျမဘဝဖြစ်သည်
အချစ်ကိုပဲ ကျမရွေးလိုက်ပြီ
အမုန်းကိုတော့ ရှောင်လိုက်ပါမည် တဲ့။

မင်္ဂလာဆောင်အသွားလမ်းမှာ စက္ကန့်သုံးဆယ်လောက် ရုပ်သံရိုက်ပြီး အွန်လိုင်း တင်လိုက်ပါသေးတယ်။ ရုပ်သံထဲမှာ သူ့ရဲ့မောင်၊  ယောင်းမတို့နဲ့ မိတ်ဆက်ပေးထားတာပါ။

ဒီကနေ့တော့ ဟန်းနီးမွန်းထွက်တယ် ဆိုပြီး My honeymoon....at Manly Beach လို့ ရေးပြန်ပါတယ်။ သူ့အမျိုးသားလား ... အင်း.... သူ့ facebook မှာ သူ့အမျိုးသားပုံ တွေ့ရမှာပါ။

လက်ထပ်အပြီးဟန်းနီးမွန်းခရီးဟာ လေထန်မှုနဲ့ ကြုံရတဲ့အတွက် ကမ်းခြေမှာ ရေကူးလို့ မဖြစ်နိုင်ဘူး တဲ့။

ရက်ပိုင်းအတွင်း အွန်လိုင်းမှာ အထင်ကရဖြစ်နေတဲ့၊ အများစိတ်ဝင်စားတဲ့သူက သူတယောက်ပဲ ရှိဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့လည်း စိတ်ဝင်စားနေကြမယ်၊ သူကလည်း သူ့အလုပ်တွေ သူ ဆက်လုပ်သွားဖွယ်ရှိမယ်လို့ ယူဆရပါတယ်။



မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့သော အဘိုး သခင်းလေးသောင်ကို တွေ့ပါပြီ

88 Generation & New Generation Society-Malaysia's photo.

ကျွန်ုပ်တို့  တိုင်းပြည်ရဲ့ သခင်တွေ အသက်က ၉၀ ကျော် လမ်းမ ပေါ်မှာ
ပိုက်ဆံတောင်းစားနေရကြရှာတယ်။
ပြောတော့ စစ်မှု့ ထမ်းဟောင်းတွေအတွက် ဘယ်လောက် ရာခိုင် နှုန်း
အစိုးရက ထောက်ပံ့ပေးနေတယ်ဆိုတာ ဘယ်ခွေးသူတောင်းစားတွေ
ပြောနေကြသလဲ။



အသက်တွေ မ သေလို့ ကျန်ခဲ့တဲ့သခင် တွေကျတော့ လက် ရှိဗိုလ်ချူပ်
တွေ အိမ်က အိမ်ဖော် တစ်ယောက်လောက်တောင် ခံစားခွင့် မရှိကြဘူး
အိမ်ဖော်နှင့်သခင် ခိုင်းနှိုင်းခြင်းမဟုတ်ပါ။
အိမ်စောင့် အစိုးရ တက်လာချိန်မှာ အစ ပထမ တော့ အနည်းအကျဉ်း
ထောက်ပံ့တယ်။ နောက်တော့ လိုက်လံဖမ်းဆီးတယ်။
သခင် လေးသောင် ဆို တောခိုသွားရရှာတယ်။
မထင် မရှား ဇာတ်မြှပ် နေခဲ့ကြတာ သူတို့ မိသားစု စားဝတ် နေ ရေးအတွက်
ဘယ်သူကို မှ အပူမကပ်ပဲ အသက် ၉၄ နှစ် တန်ပေမယ့်
လမ်းမ ပေါ်ပိုက်ဆံ ထွက်တောင်းနေရရှာတယ်။
အခုလို ပဲခူးက သခင် လှမြိုင် အ ကြောင်း ကြားသိလိုက် ရလို့ 
သခင် တွေကို သခင်လိုပဲ မြင်ချင်တဲ့ ကျွန်တော် ဆန္ဒ တစ်ခု ပြည့်ဝ လို့ 
အရမ်းဝမ်းသာရပါတယ်ဗျာ။
ကျွန်တော်ကြိုးစားပေးနေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ အဘ သခင် လေးသောင် ကိုလည်း
သခင် လို့ အသိမှတ်ပြုပေးကြပါအုံးလို့ မေတ္တာ ရပ် ခံ တင် ပြရင်း
ဓာတ်ပုံ များကို တင်ပြ လိုက် ရပါတယ်။
သခင် လှကြိုင် နဲ့ ကွဲကွာသွားကြတာ နှစ် ပေါင်းများစွာ ရှိခဲ့ပြီမို့ သခင် လှကြိုင်
အသက် ရှင် လျက် ရှိနေ သေးကြောင်းကြားသိရသည့် အတွက် အရမ်းဝမ်းသာ
၍ တွေ့ဆုံလိုပါ ကြောင်း ပြောလာပါသည်။

Sunday, November 17, 2013

ကာဗာကို ပိတ်လိုက်တာနဲ့ Screen ကို Auto Off လုပ်ပေးပါတယ်.... (စက်ရုပ်အတွက်ပါ..)

Auto Screen On-Off Apk
မိမိဖုန်းကို ဖုန်း ကာဗာ အဖုန်းလေးနဲ့ သုံးတဲ့ User တွေ အတွက် အလွန်အသုံး ၀င်ပါတယ်.. ဖုန်း ကာဗာကို ဖွင့်လိုက်တာနဲ့ Screen ကို Auto On ပေးပါတယ်.. ဖုန်း ကာဗာကို ပိတ်လိုက်တာနဲ့ Screen ကို Auto Off လုပ်ပေးပါတယ်.... (စက်ရုပ်အတွက်ပါ..)
Upload By Happy Mobile Centre မုံရွာမြို့

https://www.dropbox.com/s/fdb3uf9ijyvj4q9/Smart%20Cover.apk
 
https://www.dropbox.com/s/fdb3uf9ijyvj4q9/Smart%20Cover.apk

Friday, November 15, 2013

(ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေ

ဒီနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆောင်းပါး ရှင် သင့်နော် ရဲ့ (ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေတာပါ။
ဆောင်းပါးရှင် က တော့ ခပ်ကြမ်းကြမ်းရေးထား တာပါပဲ။ ဒါပေမယ့် သူ့ရဲ့ စေတနာနဲ့ ဂရုဏာဒေါသ ကိုမြင် ရလို့ အပြစ်မတင် ချင် ပါဘူး။
(ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ် လောက် ကစပြီး ပညာ ရေးလောကမှာ သမိုင်းနဲ့ပထဝီဟာအလယ် တန်း အဆင့်မှာ တင် စခန်းသိမ်းခဲ့တယ်။ကိုးတန်း ဆယ် တန်းမှာပထဝီနဲ့သမိုင်းသင် မယ့်ဆရာမရှိသ လောက် သင် မယ့်ကျောင်းသားမရှိသ လောက် ဖြစ်လာတာကို နေစိမ့်တယ် ဘာသိဘာသာပဲ အနာဂါတ်အတွက် ရလဒ် မ ကောင်းကို ဘာမှမ ဖြစ်သလိုငြိမ်နေခဲ့ကြတယ်။)
(သမိုင်းနဲ့ပါတ်သတ်လာရင် နလပိန်းတုံးအဆင့်နဲ့ ကမ္ဘာကိုဘယ် လိုရင် ဆိုင် မလဲ ပထဝီမသိပဲနဲ့ ကိုယ့်ရေ မြေ တောတောင် သဘာဝကို ဘယ်လို တန်ဘိုးထာတတ်မလဲ ဘယ် လိုထိန်းသိမ်း စောင့် ရှောက်ကြမလဲ။
သမိုင်းကိုနားမလည်တော့ ဂျူဗလီဟောကြီးကို ဖြိုခဲ့တယ်။မင်းတုန်းမင်းရဲ့ ကျုံးကူးတံတားတစ် စင်းကို လူမသိသူမသိ လက်စ ဖျောက်ခဲ့တယ်။ မန္တလေးရွာဟိုင်းသုသာန်က သခင် ဗဟိန်းအုတ် ဂူကိုအမြစ်ကလှန်ပလိုက်တယ်။ Guardian သတင်း စာတိုက်မှာစိုက်ထူးထားတဲ့ ရာဘင်ဒြာ နတ်တဂိုးဗမာပြည် လာစဉ်က ရေးထိုးစိုက်ထူ ထားတဲ့ ကျောက်စာ ဖြုတ်ထုတ်သတ်ထဲ ပါသွား တယ်။)
ကျန်တာတွေက တော့ နိုင် ငံရေးကိစ္စတွေပါ။

ကျွန်တော်ပြောချင် တာက သမိုင်းပါ ကျွန့်တော့် ညီအရွယ် က လေးတွေနဲ့ အခုနောက်ပိုင်း အလုပ် တွဲလုပ်ကြတဲ့အခါ စကားစမြည် ပြောကြတဲ့အခါ ဆယ်တန်းအောင် ဘွဲ့ရက လေးတွေဟာ တကယ် ကို သမိုင်းမှာအားနည်းပါတယ်။
ဒါကလည်းသူတို့အပြစ်မဟုတ်ပါဘူး သိပ္ပံဘွဲ့နဲ့ ဝိဇ္ဇာဘွဲ့ ယှဉ်ရင် ဦးစားပေးခံရတဲ့ လိုင်းကိုယူမှာ ပဲလေ။ ဆယ်တန်းမှာ အမှတ်မ ကောင်းလို့ သာမန်ဘွဲ့တစ်ခုယူရုံဆိုတော့မှ BAလုပ်ကြတာပါ ဒါတောင် လွယ်လွယ်ကူကူ မြန်မာစာပဲယူကြ ပါတယ်။
အဲ့ဒီက လေးတွေက ကျောင်းဆရာလည်းဖြစ် ရော သူတို့တပည့်က လေးတွေက ပိုဆိုးတော့တာ ပေါ့။ဟုတ်ပါတယ် ဆရာကြီးDr သန်းထွန်းပြော ဖူးပါတယ် မအ အောင် လို့သမိုင်းသင် တာပါတဲ့
ကိုယ့်နိုင် ငံရဲ့သမိုင်း ကိုယ့်လူမျိုးရဲ့သမိုင်း မသိ တော့ မကြားဝံ့မနာသာ အမှားကြီးတွေ မှားတော့ တာပါပဲ။
မီဒီယာက နေ ယုံကြည် လောက်ဖွယ် ရှိသူက ပြော ရင် လက်ခံလိုက်တာပဲ။ သမိုင်းအမှန်က ဘာလဲ မရှာတော့ဘူး။မစဉ်းစားတော့ပါဘူး။

မှန်နန်းရာဇဝင် (1991)ခုနှစ် ထုတ်တွင် မိမိတို့ ၏ သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိသော လူမျိုးသည် မိမိကိုယ်ကိုမိမိ ဘာကောင် မှန်းမသိ တတ်သော အဖြစ်သို့ရောက် ရှိနေသည့် သူတစ် ယောက်ဖြစ်နေပြီဟု ဖွင့်ဆိုထားပါသည်။

ရည် ရွယ်ချက်ရှိသည်ဖြစ်စေ ရည် ရွယ်ချက် မရှိ ဘဲနဲ့ဖြစ်စေ လူငယ် လူရွယ် တွေ သမိုင်းကို စိတ် ဝင် စားမှုနည်းပါးအောင် (တနည်းအာ့းဖြင့် အ အောင်)လုပ် ထားမှုအ ပေါ် တပ်လှန့်နှိုးဆော် လိုက် တဲ့ ဆောင်းပါးအားကြိုဆိုပါတယ်ခင် ဗျာ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတဲ့ (နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY) ဧ။် လုပ်၇ပ်

ဗျို့ဆရာတို့ ဗျို့ဆရာတို့
သတင်းသမားပီပီသသ လုပ်ကြစမ်းပါ
လေဖမ်းဒန်းစီးမ နေပါနဲ့ဗျ
လပွတ္တာမြို့နယ်မှရပ်ကွက် အုပ်ချုပ်ရေးမှူးတစ် ဦးက ဖုန်းခွဲတမ်းရောင်းစားပြီး ထွက်ပြေးနေတယ် လို့ရေးထားတယ်။ ဒီဖြစ်စဉ် ကို တချို့ဂျာနယ်တွေ ထဲမှာပါပြီးပါပြီ။ပြန်ဖတ်ကြပါဦ
လပွတ္တာမှာ ရပ်ကွက်(၁၀)ခုပဲရှိတာ အုပ်ချုပ်ရေး မှူး (၁၀)ယောက်စလုံးကျန်းမာပကတိ ချမ်းသာစွာရှိပါဗျာ။
ဖြစစဉ်အမှန်က ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအ ထောက်အကူပြု ကော်မတီဥက္ကဌ(ရွာက ရွေးထားတာနော်) ဦးကျော်စွာထွန်းက စက်တင် ဘာလအတွက် ဖုန်းခွဲတမ်းကို မြို့မှာလာထုတ်တယ်။ညကျတော့ တည်းခိုခန်းတစ်ခုတည်းမှာအတူတည်းရင်း ရင်း နှီးသွားတဲ့ ရန်ကုန်က ဆိုသူနှစ်ယောက်နဲ့ အရက် အတူသောက် ရင်းမူးသွားတော့ ဟိုလူနှစ်ယောက် ကဖုန်းကတ်တွေသွားရောင်းပြီး သုံးကြတာပေါ့။
အမူးပြေ လို့ပြန်တောင်းတဲ့အခါ ရန်ကုန် လိုက်ယူ ဆိုပြီးခေါ်လို့ လိုက်သွားတာဗျ။ ရွာအတွက် ဖုန်း ကဒ် ရောက်မလာလို့ရွာသားတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးက လိုက်လာပြီး အမှုဖွင့် လို့အခု အထဲမှာခင် ဗျ။
ရောင်းစားလိုက်တဲ့ ဖုန်းကဒ်တွေကိုလည်း ဆက် သွယ်ရေးကို ညှိနှိုင်းပြီး လိုင်းပိတ်လိုက်တယ်။ပြီး မှ ကဒ်သစ်ပြန်လျှောက် ပြီးရွာကို ပြန်ဝေပြီးပါပြီ ဗျီု့

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတာပေါ့ဗျာ။
(နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY)

Thursday, November 14, 2013

အိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ/စုငွေ တွေကို အလွယ်တကူမှတ်တမ်းတင်နိုင်တဲ့ Personal Finances Pro v5.5 Full...................



Personal Finances နဲ့ ကိုယ့်အိမ်ရဲ့ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဒီနေ့ ဘာတွေဝယ်လိုက်ပြီ. ဒီနေ့ ဘယ်လောက်စုထားလိုက်မယ် စသည်ဖြင့် ငွေစာရင်းရှင်းတမ်းတစ်ခုကို Database အနေနဲ့ မှတ်ထားထားနိုင်ပါတယ်.. လကုန်ရှင်းတမ်း၊ နှစ်ကုန်ရှင်းတမ်း စသည်ဖြင့်လည်း လွယ်ကူစွာ ရှင်းတမ်းထုတ်နိုင်ပါတယ်.. Database တည်ဆောက်ဖို့ ကျွမ်းကျင်နေစရာမလိုဘဲ လွယ်လွယ်ကူကူပဲ လုပ်နိုင်တဲ့အပြင် အချက်အလက်တွေ စုံလင်အောင်လုပ်ဆောင်နိုင်တာကြောင့် အိမ်သုံးသာမက ဈေးဆိုင်ရောင်သူတွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်..

Patch ချိုးနည်း
**********
1. Setup နဲ့ Install လုပ်လို့ ပြီးခါနီးမှာ Lunch ဘေးက အမှန်ခြစ်ကို ဖြုတ်ပြီး Finish လုပ်ပါ
2. Desktop ပေါ်က Personal Finances ရဲ့ shortcut Icon ကို ညာကလစ်ထောက်ပြီး Properties>Find Target ( Windows 7 တွင် Open File Location ) ကိုနှိပ်ပါ..
3. ဒေါင်းထားတဲ့ Patch ဖိုင်ကို ကူးပြီး ဒီထဲကိုထည့်လိုက်ပါ.. ပြီးရင် Patch.exe ကို Run ပြီး အလယ်က စာသားကို တစ်ချက်နှိပ်လိုက်ပါ.. ၃ စက္ကန့်ကြာရင် Patch ကိုပိတ်လိုက်ပါ..
သုံးဆောင်နိုင်ပါပြီ.. အဲ. အသုံးပြုနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ယောက်ျား ၂ ယောက်နဲ့ အတူနေ မာရီယာရဲ့ မိသားစု .............................

Thursday, November 14, 2013
.စိတ်ဝင်စားစရာမို့ ပြန် လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း 
ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာတို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 

 ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror
ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။ 

မာရီယာရဲ့ ခင်ပွန်းသည် ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ ငါးဖမ်း အတူထွက်ကြစဉ်
နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်းကို ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ပါ တယ်။ 

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့ လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အတူ မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ် ကြီး မှာ နေကြပါတယ်။ 

မာရီယာ၊ ခင်ပွန်းဖြစ်သူ ပေါလ်နဲ့တကွ သားသမီး ၂  ဦး၊ မာရီယာရဲ့ချစ်သူ ပီတာတို့ ကို အခုလိုပျော်ပျော်ရွင်ရွင်တွေ့ရစဉ်
“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂ ယောက် လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်ပါဘူး” လို့ အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။ 

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့လ ည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ” လို့ မာရီယာက ပြောပါတယ်။ 

ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီယာ ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှုစိမ့် မဖြစ် ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။ 

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။ 

မာရီယာနဲ့ ပေါလ် တို့ လက်ထပ်ကြချိန်က မြင်ကွင်း

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ ချိန်းတွေ့ကြတယ်တဲ့။ 

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး ထပ်မွေးခဲ့ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာခဲ့ တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။ 

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။ 

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။ 

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု
တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ် သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာလို့ သိရပါတယ်။ 


အိမ့်သံစဉ် ~