This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, October 24, 2013
ဟန်းဆက်များအား အွန်လိုင်းမှ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ဆောင်ရွက်
ဟန်းဆက်များအား ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာသို့ ဝင်ရောက်ကာ အိမ်အရောက်ဝယ်ယူနိုင်မည့် အစီအစဉ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။
iPhone, Samsung, Sonyနှင့် Huawei ဖုန်းများကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝယ်ယူနိုင်ရန် OMS (Online Mobile Showroom) မှ ဆောင်ရွက်လိုက်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ကိုကျော်ရဲပိုင်ကပြောသည်။ “လောလောဆယ်မှာ ဖုန်းအမျိုးအစားလေးမျိုးကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်း တခြားအမှတ်တံဆိပ်တွေကိုပါ ဝယ်ယူနိုင်ောအင် တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်ကပြောသည်။ ရန်ကုန်မြို့တွင်း မှာယူသူများအတွက် အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။
နယ်မှ ဝယ်ယူလိုသူများအတွက် သက်ဆိုင်ရာ ကားဂိတ်အထိသွားရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ “အိမ်ရောက်မှ ငွေချေပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့် အိမ်ကိုပစ္စည်းလာပို့တဲ့အခါ မိမိဝယ်ယူထားတဲ့ပစ္စည်းဟုတ်မဟုတ် ကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်မှ ငွေပေးချေရမှာဖြစ်ပါတယ်” ဟု ကိုကျော်ရဲပိုင်က ဆက်လက်ပြောကြားသည်။ ဟန်းဆက်များဝယ်ယူရာတွင် မိမိအသုံးပြုမည့် ငွေပမာဏနှင့် မိမိရယူလိုသော ဖုန်းအမျိုးအစားများကို အွန်လိုင်းမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ အိမ်တိုင်ရာရောက် အခမဲ့ဝန်ဆောင်မှုပေးနိုင်ခြင်းမှာ အွန်လိုင်းစနစ်ဖြစ်သောကြောင့် ဝန်ထမ်းအများအပြား ခန့်ထားရန်မလိုအပ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခနှင့် စည်ပင်အခွန်ပေးဆောင်ရန် မလိုအပ်ခြင်းတို့ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
www. facebook. com/onlinemobileshowroom နှင့် www.onlinemobileshowroom.omctc.com ဖုန်း- ၀၉-၄၉၆၅၈၄၄၄၊ ၀၉-၄၂၁၇၃၂၈၅၇ တွင် ဆက်သွယ်နိုင်ကြောင်းသိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ရောင်းချသောပစ္စည်းများမှာ ပင်ရင်းကုမ္ပဏီများမှ တိုက်ရိုက်မှာယူထားသည့် ပစ္စည်းများဖြစ်၍ ပုံမှန်ထက် ဈေးနှုန်းသက်သာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း
Ref : http://www.myanmarinternetjournal.com
စူပါ မော်ဒယ်များနေ့ အံ့ဖွယ် နို့ဝတ်ရုံ ဓာတ်ပုံ များ ရိုက်ကူး
လန်ဒန် အခြေစိုက် ဓာတ်ပုံပညာရှင် ဂျိုရိုဆလာဝီခရာ ဇိုကီဝါ သည် ဆွဲဆောင်မှု ရှိသော မော်ဒယ် များအား အကျီအ၀တ်အစား များ အစား နို့ဝတ်ရုံများဖြင့် ဓာတ်ပုံရိုက်ကူး ခဲ့သည်။
ref: ပြည်မြန်မာ
ဘရာဇီး ဆေးရုံ တစ်ခု တွင် ညာဘက် ခြေထောက်ကို ဖြတ်ရမယ့် အစား ဘယ်ဘက် ခြေထောက်ကို မှားယွင်းကာ ဖြတ်တောက်မိခဲ့
ဘရာဇီး နိုင်ငံရှိ ရီယိုဒီဂျန်နာရိုဒပီရို အန်းနတ်စတို တက္ကသိုလ် ဆေးရုံတွင် ဆီးချို ရောဂါ ကြောင့် ကျောက်ကပ်ပျက်စီး ထားသည့် လူနာတစ်ဦးကို ...
ref: ပြည်မြန်မာ
Samsung Galaxy Note 3 ဖုန်းများအား အခြားဖုန်းများ၏ ကေဘယ်လ်များနှင့် တွဲဆက်အသုံးပြုခြင်းအား ရှောင်ရှားသင့်
ပြည်တွင်းဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်ထားသော ဖုန်းအမျိုးအစားတစ်ခုဖြစ်သည့် Samsung ၏ Galaxy Note 3 ဖုန်းများအား အသုံးပြုရာတွင် အဆိုပါ Note 3 ဖုန်းများအတွက်ထုတ်လုပ်ပေးထားသော ကေ ဘယ်လ်ကြိုးများမှလွဲ၍ အခြားသောဖုန်းများ၏ ကေဘယ်လ်များနှင့် အရေးပေါ်ချိတ်ဆက် အသုံးပြုခြင်းများအား ရှောင်ရှားသင့်ကြောင်း သိရသည်။
Galaxy Note 3 ဖုန်းများ၏ ကေဘယ်လ်စနစ်မှာ Dual Cable စနစ်ပုံစံမျိုးဖြစ်ပြီး Charger ပေါက်နှင့် Data ပေါက်နှစ်မျိုးခွဲခြားထားသော ကေဘယ်လ်ပုံစံမျိုးရှိပြီး ကွန်ပျူတာများတွင် ချိတ်ဆက်အသုံးပြုသော External Hard disk များ၏ကေဘယ်လ်ပုံစံမျိုးနှင့် ဆင်တူသောကေဘယ်လ် အမျိုးအစားများ ဖြစ်ခြင်းကြောင့် အခြားသောအမျိုးအစား မတူညီသည့် ကေဘယ်လ်များနှင့် ချိတ်ဆက်အသုံးပြုမည် ဆိုပါက ဖုန်းအားထိခိုက်နိုင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ဈေးကွက်အတွင်းရှိ ကျွမ်းကျင်သူများမှပြောသည်။
ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းဆားဗစ် ကျွမ်းကျင်သူများမှ ပြောပြရာတွင် “Galaxy Note 3 တွေမှာအသုံးပြုထားတဲ့ ကေဘယ်လ်စနစ်ကို အခြားကေဘယ်လ်တွေနဲ့ စမ်းသပ်အသုံးမပြုသင့်ပါဘူး။ Charger ဖုန်းအားသွင်းတာပဲဖြစ်ဖြစ်၊ Data အထည့်အသွင်းလုပ်တာပဲဖြစ်ဖြစ် သူ့မှာပါဝင်တဲ့ Original Cable နဲ့ပဲအသုံးပြုသင့်ပါတယ်။ Note 3 ရဲ့ USB ပေါက်မှာ နှစ်ခြမ်းဖြစ်နေပြီး တစ်ဖက်ခြမ်းဟာ အခြားကေဘယ်လ်တွေနဲ့ ထိုးလိုက်တဲ့အခါမျိုးတွေမှာ ဝင်သွားတတ်ပါတယ်။ အသုံးပြုသူတွေကလည်း ဒါဟာအဆင်ပြေတယ်လို့ယူဆပြီး အသုံးပြုတဲ့သူတချို့က အခြား Cable တစ်ခုနဲ့ အသုံးပြုလိုက်တဲ့ ဖုန်းအချို့မှာ LCD မလာတော့တာတို့၊ အခြား Error တွေဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုဖြစ်လာတဲ့ဖုန်းတွေကို မေးကြည့်လိုက်ရင်ကေဘယ်လ် မတူဘဲထိုးလိုက်လို့ဆိုတဲ့ အဖြေက အသုံးပြုသူတွေဆီကနေ ထွက်လာပါတယ်” ဟုပြောသည်။
Note 3 အသုံးပြုသူများအနေဖြင့် ဖုန်းအတွက်ပါဝင်သော Original ကေဘယ်လ်ကိုသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့ ပြင် မိမိဖုန်းကေဘယ်လ်မဟုတ်ဘဲ အခြားသောဆင်တူယိုးမှားကေဘယ်လ်များဖြင့် တပ်ဆင်အသုံးပြုခြင်းမှာ မည်သည့်ဖုန်းအမျိုးအစား များအတွက်မဆို အန္တရာယ်ရှိနိုင်ပြီး ဖုန်းများ၏ကေဘယ်လ် စနစ်များမှာ ဖုန်းအမျိုးအစားကိုလိုက်၍ အသုံးပြုစနစ်နှင့် Charger Watt များ မတူညီခြင်းကြောင့် လွဲမှားအသုံးပြုခြင်းများ မပြုလုပ်သင့်ကြောင်း ထပ်မံပြောပြခဲ့သည်။
Ref : http://www.myanmarinternetjournal.com
ရေခဲပြင်များကြား နှစ်ပေါင်း ၅၃၀၀ နီးပါး မြုပ်နှံကာ ရုပ်ကြွင်း အဖြစ် ကျန်ရှိနေသော ရေခဲလူသား နှင့် အမျိုးတော်စပ်နေသူ ၁၉ ဦးကို ရှာဖွေတွေ့ရှိ .............................
သြစတြီးယား နိုင်ငံ အနောက်ပိုင်း နှင့် အီတလီ နိုင်ငံ မြောက်ပိုင်း အကြား တည်ရှိသော တိုင်ရော ဒေသမှ ဒေသခံ ၁၉ ဦး သည် ၁၉၉၁ ခုနှစ် ၌ အီတလီ နိုင်ငံ အဲလ်ပ်စ်တောင်တန်း များ ၏ ....
ref: ပြည်မြန်မာ
" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"
" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"
================
အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။
အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။ ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။
ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့  "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။
Source - Live Science, Images from Gizmodo, iowntheworld
mymclub
အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့ ကြပါတယ်။
ဒါပေမယ့် Inspiration Mars Foundation က၂၀၁၈ ခုနှစ်မှာ လက်ထပ်ပြီး စုံတွဲတစ်တွဲကို Mars ကို ၅၀၁ ရက်ကြာ mission တစ်ခုအတွက် ပို့မယ် ဆိုတဲ့ လတ်တလော ထုတ်ပြန်ချက် တစ်ခုက ပထမဆုံး အာကာသမှာ လိင်ဆက်ဆံခြင်း ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိင်ဆက်ဆံခြင်းက စိတ်ချ ရပါ့မလား။ University of Massachusetts ရဲ့ Medical School က biologist တစ်ယောက် ဖြစ်တဲ့ Athena Andreadis ကဆွဲငင်အား မရှိတဲ့ zero gravity မှာလိင်ဆက်ဆံဖို့ ဆိုတာ အရမ်းခက်ခဲ ပါတယ်။ သင့်မှာ ဆွဲငင်အားလည်း မရှိဘဲ နံရံကို ဆန့်ကျင်ပြီး တွန်းတိုက် နေမှာပါ။ ပွတ်တိုက်အား မရှိသလို ခံနိုင်အားလည်း မရှိတာ ကြောင့်ပါလို့ ဆိုပါတယ်။ ဒီလို သဘာဝကို ဆန့်ကျင်တဲ့ အခက်အခဲ တွေကြောင့် ကိစ္စပြီးမြောက်ဖို့ ခက်ခဲတဲ့ အပြင် ဒီအာကာသ ထဲမှာ ကလေးမွေးဖို့ ဆိုတာ ကလည်း အင်မတန်ကို အန္တရာယ် များတဲ့ အလုပ်ပါလို့ ပြောပါတယ်။
ဒီလို ဆွဲငင်အား နည်းတဲ့၊ မရှိသလောက် အခြေအနေ မျိုးမှာ ကလေးက သားအိမ်ပြင်ပမှာ သားတည်တာမျိုး (Ectopic pregnancy) လိုအန္တရာယ် များတဲ့ အဖြစ်အပျက်တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ကမ္ဘာ့လေထုရဲ့ အကာအကွယ် မရှိတာကြောင့် ဓာတ်ရောင်ခြည် သင့်တာတွေက ကလေးတွေမှာ အထိအခိုက် အဖိတ်အစဉ် ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်လို့ "Sex in Space" စာအုပ်ကို ရေးသားခဲ့တဲ့ Laura Woodmansee ကဆိုပါတယ်။ သူမက ဒီစာအုပ်ကို Sally Ride နဲ့ Shannon Lucid တို့ကို အမျိုးသမီး အာကာသ ယာဉ်မှုးတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို အင်တာဗျူး ပြီးနောက်မှာ ရေးဖြစ် ခဲ့တာပါ။ သူမက လူသားတွေရဲ့ အာကာသကို လေ့လာစူးစမ်းမှု နောက်တစ်ဆင့် ကဘာဖြစ်မလဲ ဆိုတာ သိချင်နေ ပါတယ်။ အဲ့ကတည်းက အာကာသကို လေ့လာနေတဲ့ ဘယ်အဖွဲ့အစည်း မဆို ကမ္ဘာဂြိုဟ်ရဲ့ ပြင်ပက မျိုးပွား ဆက်ဆံမှုတွေ အကြောင်းကို တိုင်ပင် လေ့လာ သင့်တယ်လို့ ခံစားမိပါတယ်။ ရိုးရိုးလေး ပါပဲ။ တခြားနေရာကို မ၀င်ရောက်ခင် ဘာတွေ ဖြစ်မလဲ ဆိုတာကို သေချာ သိသင့်ပါတယ်။ ဒီအကျိုးဆက်က ကျွန်မတို့ တင်မက နောက်မျိုးဆက်တွေ ပေါ်မှာပါ သက်ရောက်မှုတွေ ရှိနိုင်တာ ကြောင့်ပါလို့ သူမက ထပ်ပြောပါတယ်။
Source - Live Science, Images from Gizmodo, iowntheworld
mymclub
မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုး
တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။
ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မဝါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။
ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မဝါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မဝါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...
မဝါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်ရှိပြီလဲဟု မေးလိုက်လေရာ မဝါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘဝကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမဝါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။
သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ဝင်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေးများတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မဝါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။
ထို့နောက် မဝါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွဲချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ... ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။
ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မဝါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....
    ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
    ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
    မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
    မျက်ရည်ခံမှဲ့ (ညာရယ်)
    နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
    ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
    စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။
အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခဏပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ၊ ပတ္တမြား၊ စိန်၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။
နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်းတွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။
နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝ မဝတ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။
နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။
နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။
နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။
ကျွန်ုပ်သည် အထက်ပါအတိုင်း မဝါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မဝါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏ အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မဝါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးယားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မဝါက...
မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေဝစ်ရှိ ဝပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။
  • ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။
.
Wednesday, October 23, 2013
"ဇာတ်ပေါင်းခန်းလေး ကျန်သေးတယ်"................
Thanlay Ko added a photo from October 21, 2013 to his timeline.
ဇနီးဖြစ်သူ ဂျေလို (J Lo) တယောက်၊ ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်လာလို့ ကျနော့်မှာ စိတ်အတော်ပျက်ရတယ်။ ဈေးကြီးပေးပြီး ဝယ်တာလည်း မပြောနဲ့၊ အဲဒီအလှကုန်ရဲ့ ကြော်ငြာစာသားကလည်း ဆွဲဆောင်မှုရှိတာကိုး 
ဘာတဲ့... ..."မိန်းကလေး... သင့် အသက်ကို ၅ နှစ်လောက်ငယ်စေချင်သလား၊ ကျွန်ုပ်တို့ရဲ့ အလှကုန်များကို သုံးပါ"... တဲ့လေ။
တရက်...
အပြင်သွားကြဖို့ရှိလာတော့ သူအလှပြင်တာကို စောင့်လိုက်ရတာဗျာ မပြီးနိုင်မစီးနိုင်ပဲ
အဲဒီ ဈေးကြီးတဲ့ အလှကုန်တွေနဲ့ ပြင်ဆင်နေတာလေ
စိတ်ပျက်လက်ပျက်နဲ့ ထိုင်စောင့်နေတုန်း ခဏနေတော့ သူထွက်လာပြီး မေးတယ်... ...
"ဟေး... ဂျေကို၊ ကျမ ခုလိုပြင်လိုက်ဆင်လိုက်တော့ ကျမအသက်ကို ဘယ်လောက်လို ထင်သွားရလဲ၊ အမှန်အတိုင်းပြောနော်"
သူ့ကို ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီး ကျနော်က ပြန်ပြောလိုက်တယ်... ...
"အင်း... အသားအရေကို ကြည့်ရင် ၂ဝ၊ မျက်နှာနဲ့ ဆံပင်လေးကို ကြည့်ရင် ၁၈၊ ကိုယ်လုံးလေးကို ကြည့်ရင် ၂၅ ပေါ့"
သူ သဘောကျသွားရှာတယ်... ...
"အဟင်း ဟင်း... ဂျေ့ကိုကိုကတော့လေ၊ အရမ်း မြှောက်ပြောတတ်တာပဲ အဟင့်"
ဒီတော့မှ ကျနော့်လည်း ကမန်းကတန်းဆက်ပြောရတယ်... ...
"ခဏလေး...၊ အကုန်လုံး မပေါင်းရသေးဘူး"
"တေနာဂျကြီး"
J Lo ရဲ့ကိုကို-သန်ဂျေ့ကို
(နာမည်ကလည်း ဆိုးထှာ၊ 'သန်ဂျေ့ကို' လို့ပဲ၊ မြန်မြန်ခေါ်ကြည့်ရင် သံချေးတက်နေတဲ့ ကောင်လိုလို ဘာလိုလို၊ ဟယ်... တတ်နိုင်ဘူး၊ ဒီတနေ့တော့ 'သန်ဂျေ့ကို' လို့ပဲ ခေါ်ကြ)
Tuesday, October 22, 2013
facebook account များ လတ်တလော ယာယီအပိတ်ခံ၇မည် (ရှယ်ပေးကြပါရန်).....................
facebook account များ လတ်တလော ယာယီအပိတ်ခံ၇မည်သတင်း။  လောလောဆယ်ယခုအချိန်မှာ ကျွန်တော်စိုင်းသူ အကောင့် သည် ယာယီအပိတ်ခံလိုက်ရပါသည်ခင်ဗျာ။
မှာrepot လုပ်နိုင်ပါတယ်။
ဒီိလို message လေးပေါ်လာရင် log out လုပ်လိုက်ပါ။
ထိတ်လန့် မှူ့ ဘေးမှကင်းဝေးကြပါစေ အသစ်တင်တိုင်း
facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
Height အရပ်ရှည်နည်း ..................
Height အရပ်ရှည်နည်း 
(၁) လေးစားအပ်ပါသောဆရာခင်ဗျား။ ကျွန်တော့်သူငယ်ချင်းအတွက်မေးတာပါ။ အသက်က (၂၃) နှစ် ယောက်ျားလေးပါ။ သူကအရပ် (၅) ပေ သာသာလောက်ပဲရှိပါတယ်ဆရာ။ သူ့မိဘတွေကတော့မပူပါဘူးဆရာ။ သူကအရပ်ရှည်အောင်ဆိုပြီး Mega ten နဲ့ Tall and tallဆိုတဲ့ဆေးနှစ်မျိုးသောက်နေတာ တစ်လလောက်ရှိပါပြီဆရာ။ အဲဒီ့ဆေးတွေက တကယ် အရပ်ရှည်လား။ ပြီးတော့စွဲသောက်ရမှာလား။ အရပ်ရှည်အောင် ဘယ်လိုနေထိုင်ရမယ် ဘာဆေးတွေကို သောက်ရမလဲ သိချင်လို့ပါဆရာ။
(၂) ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေ လုပ်ရမလဲ။ ကျွန်တော် အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေကနေ မတက်လာဘူး။ 
(၃) ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။
(၄) ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။
“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။ 
လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။
လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။
လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။ 
• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။ 
ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။
Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး
(၁) Hanging တွဲလဲခိုနည်း၊
(၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(၃) Swim ရေကူးနည်း နဲ့
(၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။
(၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။
(ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။
(ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်း လုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။
သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။
• လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။ 
• ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။ 
• အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။ 
• ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။ 
• အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။
• အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။
• ဘားဆွဲရင် လက်ရှည်တယ်ဆိုရင် ခါးလဲရှည်နိုင်တာပေါ့။ ဘားတန်းဆွဲရင် ခါးကလဲ ဆန့်ရတယ်။ ခြေကလဲ ဆန့်ရတယ်။
နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။
အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက် မပေးနိုင်ပါ။
Dr. တင့်ဆွေ
၎-၃-၂ဝ၁၂
(၁) လေးစားအပ်ပါသောဆရာခင်ဗျား။ ကျွန်တော့်သူငယ်ချင်းအတွက်မေးတာ
ပါ။ အသက်က (၂၃) နှစ် ယောက်ျားလေးပါ။ သူကအရပ် (၅) ပေ သာသာလောက်ပဲရှိပါတယ်ဆရာ။ သူ့မိဘတွေကတော့မပူပါဘူးဆရာ။ သူကအရပ်ရှည်အောင်ဆိုပြီး Mega ten နဲ့ Tall and tallဆိုတဲ့ဆေးနှစ်မျိုးသောက်နေတာ တစ်လလောက်ရှိပါပြီဆရာ။ အဲဒီ့ဆေးတွေက တကယ် အရပ်ရှည်လား။ ပြီးတော့စွဲသောက်ရမှာလား။ အရပ်ရှည်အောင် ဘယ်လိုနေထိုင်ရမယ် ဘာဆေးတွေကို သောက်ရမလဲ သိချင်လို့ပါဆရာ။ (၂) ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေ လုပ်ရမလဲ။ ကျွန်တော် အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေကနေ မတက်လာဘူး။
(၃) ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။ (၄) ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။ “လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။ လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။ လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။ လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။ • မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။ • ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။ • ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။ • ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။ ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။ Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး (၁) Hanging တွဲလဲခိုနည်း၊ (၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊ (၃) Swim ရေကူးနည်း နဲ့ (၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။ (၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊ (က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။ (ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။ (ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်း လုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။ သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။ • လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။ • ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။ • အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။ • ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။ • အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။ • အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။ • ဘားဆွဲရင် လက်ရှည်တယ်ဆိုရင် ခါးလဲရှည်နိုင်တာပေါ့။ ဘားတန်းဆွဲရင် ခါးကလဲ ဆန့်ရတယ်။ ခြေကလဲ ဆန့်ရတယ်။ နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။ အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက် မပေးနိုင်ပါ။
 Dr. တင့်ဆွေ ၄-၃-၂ဝ၁၂
ဒေါက်ဖိနပ်လေးတွေနဲ့ Smart ကျအောင် လမ်းလျှောက်နည်း ...................
ပျိုမေတို့ရေ ဒေါက်ဖိနပ်လေးတွေစီးပြီး စမတ်ကျကျလမ်းလျှောက်နိုင်တဲ့သူ ဖြစ်ချင်ပါသလား။ ဒေါက်ဖိနပ်စီးပြီး ရရှိလာတတ်တဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် နည်းလမ်းတချို့ကို လမ်းညွှန်ပေးလိုက်တယ်နော်။
(၁) ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ပါစေ။
မေတို့အနေနဲ့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဒေါက်ဖိနပ်မျိုးကို သေသေချာချာ ရွေးချယ်ရပါတယ်။ ဖိနပ်ဆိုင်မှာ ကိုယ့်ရဲ့ဆိုဒ်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်က အရောင်းကုန်သွားလို့သူ့ထက် တစ်ဆိုဒ်ကြီးတာမျိုးကို မ၀ယ်မိပါစေနဲ့။ ကိုယ့်ရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲဆိုတာကို သေသေချာချာ မသိဘူးဆိုရင် ဖိနပ်ဆိုင်ကိုသွားပြီး ကိုယ့်ခြေထောက်ရဲ့ဆိုဒ်ကို တိုင်းပါ။ အဲဒီဆိုင်တွေက ကိုယ့်ခြေထောက်ရဲ့ဆိုဒ်နဲ့ ခြေထောက် ပုံသဏ္ဌာန်အမျိုးအစားကိုပါ ပြောပြပေးနိုင်ပါတယ်။ ဥပမာ-ခြေထောက်ကျယ်ကျယ်(သို့) ခြေဖမိုးမောက်မောက်ပြည့်ပြည့် အစရှိသဖြင့် ပြောပြပေးနိုင်ပါတယ်။
(၂) စတိုင်(လ်)ကို စစ်ဆေးပါ။
ခြေထောက်တိုင်းဟာ ဖိနပ်စတိုင်(လ်)အမျိုးအစားအားလုံးကိုစီးလို့ လိုက်ဖက်မှု မရှိပါဘူး။ ဒါ့ကြောင့် ကိုယ့်ခြေထောက်နဲ့လိုက်ဖက်တဲ့ ဖိနပ် Style မျိုးကို ရွေးချယ်ရပါမယ်။ ကိုယ်ရွေးလိုက်တဲ့ ဖိနပ်ကလည်း ကိုယ့်အတွက် အမှန်တကယ် သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အောက်ခြေမညီ၊ သက်သောင့်သက်သာမရှိတဲ့ ဖိနပ်တွေဟာ လမ်းလျှောက်ဖို့အတွက် ဘယ်လိုမှ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။ Style ကျစေနိုင်ဖို့အတွက် ကိုယ့်ခြေထောက်နဲ့ ဖိနပ်က တစ်သားတည်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ခြေဆစ်ပိုင်း၊ ခြေမျက်စိပိုင်း၊ နားတွေမှာ လိမ်သွားတာမျိုး၊ စောင်း/ယိုင်သွားတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်လို Style မျိုးကို ရွေးချယ်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ ကြိုးသိုင်း ဒေါက်ဖိနပ်မြင့်မြင့်လေးတွေကို အရင်ဆုံး စစ်ဆေးပြီး ရွေးချယ်ကြည့်ပါလို့ အကြံပြုပါရစေနော်။
(၃) ဆိုးပြားကို စစ်ဆေးပါ။
ဆိုးပြားတွေက ဖိနပ်တစ်ရန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါ့ကြောင့် အချိန်ပေးပြီး စစ်ဆေးပါ။ ဖိနပ်က ဆိုးပြားဟာ လုံးဝပြားချပ်နေရပါမယ်။ ကြမ်းပြင်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိရပါမယ်။ အောက်ခြေလှေပုံသဏ္ဌာန်ရှိတဲ့ ဖိနပ်တွေမှာ ဆိုးပြားအကုန်လုံးက ကြမ်းပြင်နဲ့ ထိတွေ့မှုမရှိတဲ့အတွက် လမ်းလျှောက်ရတာ လွယ်ကူသက်သာမှာ မဟုတ်ပါဘူး။
(၄) တည့်တည့်မှန်မှန် လမ်းလျှောက်ပါ။
ဒေါက်ဖိနပ်တွေက ပျိုပျိုတို့ရဲ့ ဟန်ပန်အသွင်ကို ပိုမိုအချိုးကျလှပစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တတ်ဖို့တော့ လိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ပျိုပျိုတို့ရဲ့ ဦးခေါင်းကို မတ်မတ်ထားပြီး ပခုံးကိုလည်း မကိုင်းပါစေနဲ့။ ဒေါက်ဖိနပ် စီးပြီးတော့ အခုလို နည်းစနစ်၊ အနေအထား မှန်မှန်နဲ့ လမ်းလျှောက်နိုင်မယ်ဆိုရင် ပိုမိုသက်သောင့်သက်သာရှိပြီး ပိုငြိမ်မှာဖြစ်ပါတယ်။
(၅) ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပါ။
ကြွက်သားတွေနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းကို မလုပ်တော့ဘူးဆိုရင် ထင်သလောက် မသန်မာဘူးဆိုတာကို သတိထားမိကြပါသလား။ Gym တစ်ခုခုမှာ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါမှာ ကျွန်မတို့ ကြွက်သားတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ ကြွက်သားတွေ သန်မာရင် လမ်းလျှောက်ရတာ ပိုပြီးလွယ်ကူ အဆင်ပြေစေပါတယ်။ ပျိုပျိုတို့အနေနဲ့လည်း ကိုယ့်ရဲ့ကြွက်သားသန်မာမှုက ကိုယ့်ရဲ့လမ်းလျှောက်နိုင်မှုအပေါ် ဘယ်လောက်အထိ ထိန်း ချုပ်ပေးနိုင်တယ်၊ ခါး၊ ပခုံးတွေမကိုင်းဘဲ ပုံသဏ္ဌာန်မှန်မှန်နဲ့ စမတ်ကျကျ လမ်းလျှောက်နိုင်စေတယ်ဆိုတာကို လက်တွေ့သိလာပါလိမ့်မယ်။
(၆) ရှေ့ကိုကြည့်ပါ။
လမ်းလျှောက်တဲ့အခါမှာ ရှေ့ကိုကြည့်ပြီး လျှောက်ရပါမယ်။ အကယ်၍ ပျိုပျိုဟာ အောက်ကိုပဲငုံ့ကြည့်ပြီး လျှောက်နေမယ်ဆိုရင် စီးထားတဲ့ ဒေါက်ဖိနပ်က ခြေထောက်တွေကို နာကျင်နေစေပါလိမ့်မယ်။ သက်သောင့်သက်သာလည်း ရှိမှာ မဟုတ်ပါဘူး။ လမ်းလျှောက်တဲ့အခါ ကိုယ့်အရှေ့ရဲ့ 1/3 ကိုကြည့်ပြီး လျှောက်ရပါမယ်။ ဒါကိုအချိန်ပေးပြီး လေ့ကျင့်ဖို့တော့ လိုပါတယ်။ လေ့ကျင့်တတ်မြောက်သွားပြီဆိုရင်တော့ ပျိုပျိုအနေနဲ့ လမ်းလျှောက်တဲ့အခါမှာ ဘယ်လောက်အထိ ပိုမိုလွယ်ကူလာသလဲဆိုတာကို လက်တွေ့ မြင်လာနိုင်မှာ ဖြစ်ပါတယ်။
(၇) လေ့ကျင့်ပါ။
အကောင်းဆုံးနည်းလမ်းကတော့ ဒေါက်ဖိနပ်စီးပြီး လမ်းများများလျှောက်ကြည့်ဖို့ပါပဲ။ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဖိနပ်တွေကို စီးကြည့်ပြီး အိမ်ထဲမှာ လမ်းလျှောက်ကြည့်ပါ။ အစပိုင်းတော့ အချိန်အနည်းငယ်သာပေးပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ကျင့်သားမရသေးတော့ ပျိုပျိုရဲ့ခြေထောက်လေးတွေက အကြာကြီးစီးနိုင်မှာ မဟုတ်သေးလို့ပါ။ ကိုယ်စီးချင်တဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာကြာအထိပဲဖြစ်ဖြစ် စီးနိုင်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒေါက်ဖိနပ်လေးနဲ့ စတိုင်ကျကျ လန်းချင်သူလေးတွေအတွက် အခုလက်ဆောင်ပေးလိုက်တဲ့ နည်းကောင်းလမ်းကောင်းလေးတွေအတိုင်း ကျင့်သုံးကြဖို့ မမေ့ပါနဲ့နော်။
စွဲယုနှင်း(အင်တာနက်)
M Plaza Shopping Magazine & Journal
ဓာတ်ပုံတွေထဲမှာ သေးသေးသွယ်သွယ် ချစ်စဖွယ်ဖြစ်လိုပါသလား ..............
ဓာတ်ပုံတွေထဲမှာ အပြင်ကထက် ပိုလှပြီး ကြည့်ကောင်းစေဖို့အတွက်က လှည့်စားမှုတစ်ခုကို ပြုလုပ်ရသလိုပါပဲ။ ဒါပေမဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အနုပညာရှင်တွေအနေနဲ့ ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်ဖို့အတွက် သူတို့သုံးတဲ့ လျှို့ဝှက်နည်း လမ်းလေးတွေရှိနေတာ အမှန်ပါ။ ဒါတွေကတော့...
(၁) ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပါ။
အခြေခံအားဖြင့်တော့ ကိုယ့်ရဲ့လှုပ်ရှားမှုကြောင့် မေးနှစ်ထပ်ဖြစ်သွားနိုင်ပါတယ်။ မေးရိုးတစ်လျှောက်ကို ညီညာပြေပြစ်အောင် ခြယ်သခြင်းက ဘယ်သူ့ကိုမဆို ပိုပြီးသွယ်လျစေပါ တယ်။ လုပ်ဆောင်ရမှာကတော့ ပခုံးကို တန်းတန်းမတ်မတ်ထားပြီး ရင်ကို လိုအပ်သလို ကော့ညွတ်ရပါမယ်။ ခေါင်းကို မတ်မတ်ထားဖို့ ကျင့်ရပါမယ်။ မေးကိုအပြင်ထုတ်ပြီး အောက်ကို စိုက်ထားဖို့ ကျင့်ရပါမယ်။ ဒါတွေအားလုံးကို ဖြည်းဖြည်းချင်းရွှေ့ပြီး၊ လှုပ်ရှားပြီးကျင့်ပါ။ မှန် ရှေ့မှာကြည့်ပြီး တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း လေ့ကျင့်မယ်ဆိုရင် ပိုပြီးလွယ်ကူပါတယ်။
(၂) လျှာကိုအသုံးပြုပါ။
မေးနှစ်ထပ်ဖြစ်တာကို ဖုံးကွယ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဓာတ်ပုံ ရိုက်လို့ ပြုံးပြတဲ့အခါမှာ လျှာကိုအာခေါင်မှာထားပြီး ပြုံးရပါမယ်။
(၃) နေရာအမြင့်မှာ နေခိုင်းပါ။
ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံရိုက်ပေးတဲ့ သူကို ကိုယ့်ထက်မြင့်တဲ့နေရာမှာ နေခိုင်းပြီး ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုခြင်းကလည်း မေးနှစ်ထပ်ဖြစ်တဲ့ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ပြီးတော့ အဲဒီအနေအထားအတိုင်း ရိုက်မယ်ဆိုရင် ပျိုပျိုတို့ရဲ့ မျက်လုံးအောက်က မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းကျပြီး ညိုတာတွေကိုပါ လျော့ပါးစေနိုင်ပြီး ပျိုပျိုတို့ရဲ့ ခြေထောက်လေးတွေကိုပါ သွယ်လျသွားစေနိုင်မှာ ဖြစ်ပါတယ်။
(၄) အကွာအဝေးကို သတိထားပါ။
ဓာတ်ပုံရိုက်တဲ့အခါ ပျိုပျိုတို့ သေသေချာချာ သတိမူရမဲ့အချက်ကတော့ အကွာအဝေးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကင်မရာနဲ့ ပိုနီးလေလေ ပုံကအကြီးကြီးပေါ်လာလေဖြစ်လို့ပါ။
(၅) စိတ်ကိုတင်းမထားဘဲ သဘာဝကျကျနေပါ။
ပျိုပျိုတို့အနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပုံထွက်ကောင်းပါ့မလားဆိုတဲ့အချက်ကို စိတ်ပူပန်မနေဘဲ သဘာဝကျကျလေးပြုံးနေလိုက်ပါ။ အဲဒီလိုမျိုး စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် ဓာတ်ပုံထဲမှာ ပိုလှပြီး၊ ပိုသဘာဝကျမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ခံရတာ၊ မော်ဒယ်ထိုင်ရတာဟာ ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး နဲ့ ပျော်ပျော်ရွှင်ရွှင်သာလုပ်ပါ။ အဆင်ပြေပါလိမ့်မယ်။
ဝင်းရံထက်(အင်တာနက်)
M Plaza Shopping Magazine & Journal
Website (သို့) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်... ..............
ဒီလိုတွက်ချက်တာကို Blog နဲ့ website ပိုင်ရှင်တွေ စိတ်ဝင်စားကြမှာပါ... 
မိမိတို့ရဲ့ Blog ဒါမှမဟုတ် website တွေ ဒေါ်လာငွေ ဘယ်လောက်တန်တယ်ဆိုတာ ဒီ http://domainvalue.congland.com/  ဆိုတဲ့ နေရာမှာ တွက်ချက်နိုင်ပါတယ်...ေ
နာက်ပိုင်း ဘိုင်ပြတ်လို့ Blog တွေWebsite တွေ ရောင်းချင်တယ်ဆိုရင်လည်း ဈေးနှုန်းသိရတာပေါ့ဗျာ...း-)
http://domainvalue.congland.com/ ကို ၀င်ပြီးရင် Box ထဲမှာ မိမိ Blog/website လိပ်စာကို ရိုက်ထည့်ပြီး Submit လုပ်... ၁၀ စက္ကန့်လောက်နေရင် ဈေးနှုန်းပေါ်လာလိမ့်မယ်... အခြားပေါ်ပြူလာဖြစ်နေတဲ့ blog/website တွေကိုလည်း ဒီအတိုင်းလေ့လာကြည့်နိုင်ပါတယ်... ဗဟုသုတပေါ့ဗျာ....
ref: >>  htwe naing
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Monday, October 21, 2013
ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူလိုသူအချို့ မိမိဝယ်ယူမည့်တိုက်တွင် ခွင့်ပြုမိန့် ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်းမှုများ ရှိနေ..............
ခွင့်ပြုချက်မဲ့ ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူလိုသူအချို့ မိမိဝယ်ယူမည့်တိုက်တွင် ခွင့်ပြုမိန့် ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်းမှုများ ရှိနေ
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )
ရန်ကုန်မြို့ မြို့နယ်အချို့တွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော ကန်ထရိုက် တိုက်များကြောင့် တိုက်ခန်းဝယ်ယူ လိုသူအချို့ မိမိဝယ်ယူမည့် တိုက်မှာခွင့်ပြုမိန့် ပါမစ် ရှိ၊ မရှိနှင့် ဆောက်လုပ်သည့် ကန်ထရိုက် လိုင်စင်ရှိ၊ မရှိကို စည်ပင်တွင် လာရောက်စုံစမ်း နေကြသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့၏ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်စသည့် မြို့နယ်များတွင် ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်နေခြင်းဖြစ်ပြီး ယခုလာရောက် စုံစမ်းမေးမြန်း သူများမှာလည်း သင်္ဃန်းကျွန်းနှင့် လှိုင်မြို့နယ်များမှ တိုက်ခန်းဝယ်ယူ လိုသူများ ဖြစ်သည်။
"သင်္ဃန်းကျွန်းနဲ့ လှိုင်က တိုက်ခန်းဝယ်ချင်တဲ့ သူတွေ လာမေးကြတယ်။ သူတို့ဝယ်မယ့်တိုက်က စည်ပင်သာယာရဲ့ ခွင့်ပြုမိန့် ရှိမရှိနဲ့ ပါမစ် ရှိ၊ မရှိကို မေးကြတာ ဖြစ်ပါတယ်။ အချို့ဆိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီး မေးကြတယ်။ ဒီလိုမေးလာတာဟာ တစ်ဖက်မှာ အသိပညာ ပေးမှုတွေကြောင့်လည်း ပါတယ်လို့ ယူဆတယ်။ ဒီလိုလာမေးတာဟာ ကောင်းပါတယ်။ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေနဲ့ ပတ်သက်လို့ လျှပ်စစ်ကလည်း ပါမစ်မရရှိရင် မီးမပေးဘူးလို့ ပြောလာတော့ တိုက်ခန်းဝယ်မယ့် သူတွေက စိုးရိမ်လာကြတယ်။ ၀ယ်ပြီးမှ ခွင့်ပြုချက်မဲ့ဆိုရင် ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ကန်ထရိုက် တိုက်များနှင့် ပတ်သက်၍ ခွင့်ပြုမိန့် ရှိ၊ မရှိနှင့် ဆောက်လုပ်သည့် ကန်ထရိုက်လိုင်စင် ရှိ၊ မရှိကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးများတွင် စုံစမ်းနိုင်သည်ဟု သိရသည်။
ရန်ကုန်မြို့တော် စည်ပင်မှ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် ထုတ်ပေးသည့် အဆောက်အအုံများသည် အဆောက်အအုံ ဆောက်လုပ်နေစဉ်အတွင်း "စည်ပင်၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်သည်" ဟူသော ဆိုင်းဘုတ်အစိမ်း ထောင်ရမည်ဖြစ်ပြီး အဆိုပါ ဆိုင်းဘုတ်တွင် ခွင့်ပြုသည့် ရက်စွဲ၊ ပါမစ် စသည့် အချက်အလက်များ ပါဝင်ကြောင်းနှင့် ယင်းဆိုင်းဘုတ်အစိမ်း ထောင်ပါက ခွင့်ပြုမိန့်ရှိသော အဆောက်အအုံဖြစ်ကြောင်း၊ ဆိုင်းဘုတ်အစိမ်း မရှိပါက အဆိုပါ အဆောက်အအုံမှာ ခွင့်ပြုချက်မဲ့ဖြစ်ပြီး တရားစွဲဆို ထားခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
လိုင်စင်မရှိသော ကန်ထရိုက်များမှ မြေရှင်နှင့် စည်းရုံးကာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်နေ၍ စည်ပင်ကမြေရှင်ကို တရားစွဲဆိုထားမှုမှာ သင်္ဃန်းကျွန်းမြို့နယ် တစ်ခုတည်း၌ပင် အလုံး ၅၀၀ ကျော် ရှိနေပြီး ၁၁ လုံးမှာ ခွင့်ပြုသည့် အထပ်ပမာဏထက် ကျော်လွန်ဆောက်လုပ်၍ ကျော်လွန်သည့် ပမာဏကို ပြန်လည်ဖျက်သိမ်း ရမည်ဟု သိရသည်။
http://news-eleven.com/
လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်
လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်
=================================
ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။
နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။
ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။
ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။
Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အ၀တ်လဲပေးပါတယ်..၊ ဒီလိုအ၀တ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အ၀တ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။ သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့ကို သက်ရှိလူတစ်ယောက်လို့ပဲ ထင်ပါတယ်..။
အောင်ထွန်းဦး
Aung Htun
ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? 
အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။
နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။
ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။
ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။
Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အ၀တ်လဲပေးပါတယ်..၊ ဒီလိုအ၀တ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အ၀တ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။
သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့ကို သက်ရှိလူတစ်ယောက်လို့ပဲ ထင်ပါတယ်..။
အောင်ထွန်းဦး
Aung Htun
မြ၀တီ
သိမ်ကြီးဈေးဒီရုံ၌ 2D အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား................
အောက်တိုဘာလ (၂၀)ရက်၊ ည (၈း၃၀)၀န်းကျင်ခန့်တွင် ရန်ုကုန်မြို့၊သိမ်ကြီးဈေး(D)ရုံ၅ လွှာရှိ ဂိုဒေါင်တစ်ခု၌ မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းရခြင်းအကြောင်းအရင်းကိုမူစုံစမ်းနေဆဲဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဋ္ဌာနများမှ သိရှိရသည်။
“ရှစ်နာရီခွဲလောက်မှာ စပြီး လောင်တယ်၊ ကိုးနာရီဆယ့်ငါးလောက်မှာမီးငြိမ်းနိုင်ခဲ့တယ်။ အသေးစိတ်အ ချက်အ လတ်တွေတော့ အတည်မပြုနိုင်သေးဘူး။မီးလောင်မှုအဆင့်က level (2D)ရှိတယ်။” ဟုစမ်းချောင်းမြို့ နယ်မီသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ရဲသူရိန် သိန်းမြင့်က ပြောသည်။
အဆိုပါမီးလောင်းကျွမ်းမှုနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အပါအ၀င်အခြားနယ်မြေမီးသတ် တပ်ဖွဲ့များမှ မီးငြိမ်းသတ်ယာဉ်နှင့်ကွပ်ကဲမှုယာဉ်(၂၅)စီးနှင့် ကြက်ခြေနီတပ်ဖွဲ့လူနာတင်ယာဉ် (၃)စီးရောက်ရှိခဲ့သည်။
လုံခြုံရေးအရ လိုအပ်ပါက တာဝန်ယူနိုင်ရေး တပ်မတော်သားများလည်းမီးလောင်ကျွမ်းရာနေရာသို့ လာရောက်ခဲ့သည်ဟု သိရသည်။
ထိုသို့မီးလောင်ကျွမ်းမှုအားငြှိမ်းသက်နေစဉ် (၉း၄၅)နာရီတွင် ရန်ကုန်မြို့၊လမ်းမတော်မြို့နယ် ရွှေတောင်တန်းအောက်ဘလောက်၊ တိုက်(၃၆)၊ မြေညီထပ်၌လည်း မီးလန့်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါရွေတောင်တန်းလမ်းသို့ သိမ်ကြီးဈေးမီးလောင်ကျွမ်းမှုအား ငြှိမ်းသက်နေသည့်ရှေ့တန်းမီးငြှိမ်းသက် ယာဉ် သုံးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။
“မီတာဘောက်ခ်စ်ကနေ အပူလွန်ပြီး မီးခိုးတွေ ညှော်နံ့တွေထွက်လာတာ၊ သူတို့တွေမီးသတ်ဘူးနဲ့ ငြှိမ်းခဲ့လို့ကျွန်တော်တို့ ရောက်လာတော့ ဘာမှမဖြစ်တော့ဘူး” ဟု ကျောက်တံတားမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက
ပြောသည်။http://myitmakhamediagroup.com/news/%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/1179-%E1%80%9E%E1%80%AD%E1%80%99%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%B1%E1%80%85%E1%80%BA%E1%80%B8%E1%80%92%E1%80%AE%E1%80%9B%E1%80%B6%E1%80%AF%E1%81%8C-2d-%E1%80%A1%E1%80%86%E1%80%84%E1%80%B9%E1%82%94-%E1%80%99%E1%80%AE%E1%80%B8%E1%80%B1%E1%80%9C%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%BC%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%82%88%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8
ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို
ရွှေတိဂုံဘုရား၌ ဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို
ရန်ကုန်၊ အောက်တိုဘာလ ၂၀။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ ကုန်သယ်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ တွင် ဗုံးဖောက် ခွဲရန်ကြိုးစားခဲ့သူများသည် မြန်မာနိုင်ငံတွင် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကြံစည်ကာ အစ္စလာဒ်ဘာသာဝင်များ၏ အစ်နေ့တွင် ရွှေတိဂုံဘုရား၌ ဗုံးဖောက်ရန်ကြံစည်ခဲ့ကြောင်း တရားခံဟု ယူဆရယူ (စောမြင့်လွင်)အား စစ်ဆေးစဉ် ထွက်ဆိုချက်များအရ သိရသည်။
သတင်းအပြည့်အစုံ - http://themyanmaage.com/?p=11648
ရွှေတိဂုံဘုရားအားဗုံးခွဲရန်ကြံစည်သော်လည်း မအောင်မြင်ခဲ့ဟုဆို | The Myanma Age
themyanmaage.com
မြန်မာ့ခေတ်သတင်းအေဂျင်စီသည် နေ့စဉ်ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသော သတင်းဌာနဖြစ်သည့်အပြင် အခြား
၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို .....................
Cloud Cuckoo Land shared Myawady News's photo.
 ၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။ ၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။ အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန် လိုအပ်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ မလုပ်နိုင်ပါကမြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများ ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောကြားသည်။ ၂၀၇၀ ပြည့်နှစ်၌ ရန်ကုန်မြို့ဆိုသည်မှာ ရှိတော့မည်မဟုတ်ကြောင်း ၂၀၈၀ တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့၏ သုံးပုံနှစ်ပုံမှာ ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များသည် ကမ္ဘာ့သမိုင်းတွင် အပူဆုံးဖြစ်ခဲ့ပြီးမြန်မာနိုင်ငံအနေဖြင့် Global Warning ကို မည်သို့မျှ ရှောင်လွှဲ၍ မရဘဲ မိနေကြောင်းနှင့် လိုအပ်သည့် ပြင်ဆင်မှုများ မပြုလုပ်ရသေးကြောင်း လေ့လာသူများကသုံးသပ်သည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် လျင်မြန်စွာ ပျက်စီး ယိုယွင်းနေကြောင်း ပြည်တွင်း ပြည်ပပညာရှင်များကလည်းထောက်ပြလျက်ရှိသည်။ ပြည်ပပညာရှင်၊ သုတေသနအဖွဲ့များ၏ ထုတ်ပြန်ချက်များအရမန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ထိခိုက်မှု အဆိုးဆုံးခံရသည့် ၁၀ နိုင်ငံ စာရင်းသည် ဒုတိယနေရာတွင်ရောက် ရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲခြင်း၏ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရမည့် နိုင်ငံများစာရင်းတွင်လည်း ဒုတိယနေရာသို့ရောက်ရှိနေသည်။ အပူချိန်များတိုးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့သည် Global Warning ကမ္ဘာကြီး ပူနွေးလာမှု၏ ဆိုးကျိုးများဖြစ်ပြီး ၎င်း၏ သက်ရောက်မှု (Impact) များကို အရှေကတောင်အာရှနိုင်ငံများမှ လေ့လာ စူးစမ်း၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် စတင်နေပြီဖြစ်သော်လည်း အခြားသော နိုင်ငံများထက် ထူးခြားစွာ ထိခိုက်မည့်မိမိတို့နိုင်ငံသည် Global Warming ၏ Imparct များကို မလေ့လာဘဲ ကြိုတင်ပြင်ဆင်မှုများမရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။ “သူများနိုင်ငံတွေ အကုန်လေ့လာပြီးပြီ၊ ဘာမှမလုပ်ရသေးတဲ့ မြန်မာနိုင်ငံကတော့ ကျေနပ်စရာ တစ်ကွက်မှ မရှိဘူး၊ အရှေ့တောင်အာရှမှာ အပူဆုံးနိုင်ငံဖြစ်တော့မယ်၊ အားလုံးကြို တင်ပြင်ဆင်မှုတွေ လုပ်သင့်ပြီ”ဟု ၎င်းက ပြောကြားသည်။ ၂၁ ရာစုကုန်ပိုင်း အပူချိန်တိုးလာချိန်တွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ဆားငန် ရေများ ၀င်လာပြီး မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များက သုံးသပ်သည်။ ထို့ပြင် သောက်သုံးရေပြတ်လပ်ခြင်း၊ စိုက်ပျိုးမြေပျက်၍ ဆန်ရေစပါး ရှားပါးခြင်း၊ ငါးလုပ်ငန်း များ ပျက်ဆီးခြင်း၊ တောတာင်များ မီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း၎င်းတို့က ဆိုသည်။ ကမ္ဘာကြိး၏ ၃၀ ရာခိုင်နှုန်းသည် စိမ်းလန်းသည့် သစ်တော့များနှင့် ဖုံးအုပ်ထားပြီး စတုရန်းမီတာ သန်းပေါင်း ၄၀၀ ရှိကြောင်း၊ သက္ကရာဇ် ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဧရိယာစတုရန်းမီတာ၇၃၂၀၀ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာရခြင်းသည် လူသား တို့ကိုယ်တိုင် ဖန်တီး ခဲ့ခြင်းဖြစ်ပြီး လူသားများပင် ပြန်လည် ထိန်းသိမ်းကာကွယ်ရမည့် ပြဿနာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများကို အမှတ်တမဲ့ မနေသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းကပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆိုးရွာလာတဲ့ အကျိုးဆက်များကို သေချာလေ့လာသုတေသနပြု ကြိုတင်ကာကွယ်ထိန်း သိမ်းခြင်းများ လုပ်ဆောင်ရတော့မည်ဖြစ်သော်လည်း သုတေသနအနေဖြင့် စနစ်တကျ လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ဦးထွန်းလွင်က ပြောကြားသည်။ ကမ္ဘာ့ပူနွေးမှုကို ကာကွယ်ပေးမည့် မြန်မာ့ သစ်တောများသည် မြေ အသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့်ပျက်စီးနေရသကဲ့သို့ သဘာဝကို ပြုစုပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တော အရည်အသွေးများ ကျဆင်းလျက်ရှိရာ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ် အတွင်း ကျွန်းနှင့် ပျဉ်းကတိုး တို့၏ ထုထည်နှင့် ပါဝင်မှု ရာခိုင်နှုန်းများသိသိသာသာ ကျဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်း ရှိနေရာမှကုဗမီတာ သန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်းသစ် ၁၀မျိုးကို ကြည့်လျှင်လည်း ထုထည် ကုဗမီတာ သန်းပေါင်း ၁၃၄၀ ဒသမ ၀၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေရာမှ ထုထည် ကုဗမီတာ သန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့်ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနတို့ထံမှ စုံစမ်းသိရှိရသည်။ တောင်ယာလုပ်ရန် ရှို့သည့်မီးလောင်ခြင်း အပါအ၀င် တောမီးလောင်မှုခြင်းများလည်း မြန်မာနိုင်ငံအနှံ့ တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းကလည်း သစ်တောပြုန်းတီးမှုကို အားပေးနေကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ်ကာကွယ်တားဆီးရေးကော်မတီက ထုတ်ပြန်ချက်များအရလည်း သိရသည်။ မြန်မာနိုင်ငံသည် အာရှ၏ စက်မှုအင်အားကြီး နိုင်ငံကြီးနှစ်ခုဖြစ်သည့်တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် ကျရောက်ခြင်းကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အကျိုးသက်ရောက်မှု ကြီးကြီး မားမားဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်ထားသည်။ ရေးသားသူ- မောင်ထက် တည်းဖြတ်သူ- ဂျူးဂျူးလှိုင် By The Express Times
တိုင်တန်းနစ်တယော လေလံတင်ရာ၌ ပေါင် ၉ သိန်းခန့် ရမည်ဟု ခန့်မှန်း ..................
Monday, October 21, 2013
လန်ဒန် ၊ ၂၀-၁၀-၂၀၁၃
တိုင်တန်းနစ် သင်္ဘောကြီး စတင် နစ်မြှုပ်နေစဉ် ခရီးသည် များကို စိတ်သက်သာရာ ရစေရန် တိးခတ် ဖျော်ဖြေခဲ့သော တယော တစ်လက်ကို အင်္ဂလန် နိုင်ငံ ၊ ၀စ်ရှိုင်းယား ပြည်နယ် ၊ ဒီဗိုင်းဇစ်မြို့ ၌ ယမန်နေ့ ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် လေလံတင် ရောင်းချရာ အဆိုပါ တယောကို ပေါင် ၉ သိန်းခန့် ရမည်ဟု မရောင်းချမီ ကပင် ကြိုတင် ခန့်မှန်း ကြကြောင်း သိရသည်။
တိုင်တန်းနစ် တယော ကို ထိုစဉ်က သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၁၅၁၇ ဦးတွင် တစ်ဦး ဖြစ်သော တီးဝိုင်းခေါင်းဆောင် ဝေါလပ်စ်ယာလေ က တီးခတ် ခဲ့ခြင်း ဖြစ်ပြီး ကြမ်းခင်းဈေး ပေါင် ၃ သိန်း သတ်မှတ် ထားသည်။
အဆိုပါ တယော ထည့်သည့် အိတ်နှင့် ဂီတ စာရွက်ကိုလည်း လေလံပစ်မည့် အထဲ ပါဝင်မည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု တွင် ၃ လကြာ ပြသထားခဲ့ရာ လာရောက် ကြည့်ရှုသူ ဦးရေ ၃၁၅၀၀၀ ခန့် ရှိကြောင်း သိရသည်။
ယင်း တယောသည် တိုင်တန်းနစ် သင်္ဘောကြီး က ကျန်ရစ်ခဲ့သည့် အမှတ်တရ ပစ္စည်းများထဲမှ အရှားပါးဆုံး နှင့် အထူးခြားဆုံး ဖြစ်သည်ဟု လေလံပွဲ စီစဉ်သူ အယ်လန် အဲဒရစ် က ပြောသည်။
တိုင်တန်းနစ် တယောကို ဂျာမနီနိုင်ငံ တွင် ထုတ်လုပ်ခဲ့ပြီး ဝေါလစ် အား သူ၏ ချစ်သူက စေ့စပ် လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ကာ ရေနစ် သေဆုံးခဲ့သူ ဝေါလစ် ၏ ခန္ဓာကိုယ် တွင် တွဲချည်လျက် သားရေအိတ် ထဲတွင် မပျက်မစီး တွေ့ရှိ ခဲ့ရပြီး ကျွမ်းကျင်သူ များက ဝေါလစ်၏ တယော မှန်ကန်ကြောင်း အတည်ပြုရန် ၇ နှစ်ကြာ စစ်ဆေး ခဲ့ကြောင်းလည်း သိရှိရသည်။
The MYAWADY Daily
နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး .............
Monday, October 21, 2013
အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာမျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။
နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ
နန်းခင်ဇေယျာဟာ တိုးရစ် ဂိုက်လည်း လုပ်သလို မနှစ်ကတော့ မြန်မာကိုယ်စားပြုပြီး ဂျပန်နိုင်ငံမှာ ကျင်းပ တဲ့ Miss International ပြိုင်ပွဲမျာ အင်တာနက်ဆုအပါအ၀င် ဆုတွေရခဲ့လို့ အခုတော့ သူဟာ ကြေညာမင်းသမီး လည်း ဖြစ်လာ ပါတယ်။
တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို အခုတော့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် တဲ့ Miss တချို့ကို နန်းခင်ဇေယျာက တိုးရစ်ဂိုက်အနေနဲ့ လိုက်ပါ ပို့ဆောင် ရှင်းလင်းပြသဖို့ ရှိပါတယ်။
အခု မြင်ရတဲ့ ပုံထဲမှာတော့ နန်းခင်ဇေယျာအပါအ၀င် မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့ Miss တွေ ဟာ မြန်မာဝတ်စုံတွေ ၀တ်၊ မြန်မာ့သနပ်ခါးကိုလိမ်းပြီး မြန်မာဆိုတာဘာကို စတင် လေ့လာဖို့ အဆင်သင့် ဖြစ်နေပုံကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်က တဆင့် အသိပေးထားပါတယ်။
နန်းခင်ဇေယျာကတော့ နိုင်ငံခြားသူ Miss တွေကို မြန်မာ့ရိုးရာ ၀တ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေနဲ့ မြန်မာဆိုတာ ကမ္ဘာက ပိုပြီးစိတ်ဝင်စားအောင် ကြိုးစားမှုလည်းဖြစ်ပါတယ်။
အိမ့်သံစဉ် ~ Irrawaddy Blog
တရားမ၀င်အလုပ် လုပ်ကိုင်နေသူတွေ သတိထားရမည့် အဆိုတော် Rihanna
သတိထားရမယ့် အဆိုတော်
ကိုယ်က တရားမ၀င်အလုပ် လုပ်ကိုင်နေတယ် ဆိုရင် ကိုယ်သတိပြုရမယ့်စာရင်းထဲမှာ အဆိုတော် Rihanna ကို ထည့်ထားရပါတော့မယ်။ 
မကြာသေးခင်က ဒီအဆိုတော်ရဲ့ ထိုင်းခရီးစဉ်အတွင်း ရောက်ခဲ့တဲ့အရက်ဆိုင်တခုမှာ အ၀တ်မဲ့ပြပွဲ ရှိတဲ့အကြောင်း တွစ်တာမှာ လက်ဆော့ ရေးသားလိုက်ပါသတဲ့။
ရလဒ်က ဆိုင်ပိုင်ရှင် အဖမ်းခံရတာပါပဲ။ အဲဒီဆိုင်က ဖူးခက်မြို့မှာပါ လို့ ဆိုတယ်။ ဆိုင်ပိုင်ရှင်ဟာ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေတင်ပြပွဲပြုလုပ်မှုနဲ့ တရားစွဲခံရဖွယ် ရှိနေပါတယ်။
ဒီအကြောင်း ဧရာဝတီသတင်းစာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/asia/thai-bar-owner-arrested-following-rihannas-tweets.html မှာ ရေးထားတာပါ။
အ၀တ်မဲ့ကချေသည်တွေရဲ့ပြပွဲအထွေထွေကို စီမံချက်နဲ့ ၀င်ဖမ်းစဉ်မှာ အဲဒီဆိုင်ပိုင်ရှင် အဖမ်းခံထိတာပါ။
အဆိုတော်ရဲ့ ရေးသားချက်ကြောင့် စီမံချက်လုပ်ပြီးဖမ်းကြတာလား၊ နဂိုကတည်းက ဖမ်းဖို့စီမံချက် ရှိပြီးသားလား ???
ခရိုင်အရာရှိ Weera Kerdsirimongkon ရဲ့ အပြောကတော့ ... အဆိုတော်ရဲ့ ရေးသားချက်ကြောင့် ဒီဆိုင်မှာ ဒါတွေ ရှိမှန်း သိရတာလို့ ဆိုပါတယ်။ ၀င်ရောက် စစ်ဆေးပေမယ့် တရားမ၀င် ပြသမှု တစုံတရာ မတွေ့ပေမယ့် စနေည တညမှာတော့ လက်ပူးလက်ကြပ် ကွက်ကွက်ကွင်းကွင်း မိတဲ့အတွက် ဖမ်းလိုက်တယ်လို့ ဆိုပါတယ်။
ခရိုင်အရာရှိရဲ့ အဆိုအရ .... ဆိုင်ရှင်ဟာ ထောင်တလ ကျနိုင်တယ်၊ ဘတ်ခြောက်သောင်း (ဒေါ်လာ နှစ်ထောင်နီးပါး) ဒဏ်ရိုက်ခံရနိုင်တယ် တဲ့။
အဆိုတော်ကြောင့် ဖမ်းရဆီးရမိရတာနောက်တခုကလည်း ထိုင်းမှာပါပဲ။ slow loris လို့ ခေါ်တဲ့ ရှဥ့်လိုလို ဘာလိုလို မျက်လုံးပြူးပြူးကောင်တကောင်နဲ့ တွဲရိုက်ထားတဲ့ပုံကို အဆိုတော်က Instagram အင်တာနက်စာမျက်နှာမှာ တင်လိုက်ပါတယ်။ ဖြစ်ချင်တော့ ... အဲဒီကောင်က ကာကွယ်စောင့်ရှောက် ရမယ့် ရှားပါးတိရိစ္ဆာန်ထဲ ပါဝင်နေတာပါ။
ဒါကြောင့် ဒီအကောင်ရဲ့ ပိုင်ရှင်တွေကို ရဲက လိုက်ရှာပါတယ်။ လူငယ် ၂ ယောက် အဖမ်းခံရပါတယ်။
အခုလောက်ဆို သူတို့ ထောင် ၄ နှစ် နဲ့ ဒဏ်ငွေ လေးသောင်း (ဒေါ်လာထောင့်သုံးရာ) ဒဏ်ရိုက်ခံရမယ့် အမှုကို ရင်ဆိုင်နေရပါပြီ။
အဆိုတော်က စမတ်ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်လိုက်၊ အွန်လိုင်းတင်လိုက်တာပါပဲ။ နောက်ဆက်တွဲ ကတော့ အဖမ်းအဆီးတွေ ဖြစ်ပါတယ်။
ဒီအဆိုတော် မြန်မာပြည်လာဖြစ်ရင် အရက်ဆိုင်တို့ ဘာတို့ သွားမယ် ထင်ပါတယ်။ မြန်မာပြည်က ဆိုင်တွေ၊ ဘာတွေမှာ ဟိုလိုလို ဒီလိုလိုတွေ ရှိရှိ မရှိရှိ ဒီအဆိုတော် Rihanna က ဓာတ်ပုံရိုက် အမှတ်တရ မှတ်တမ်းတင်သွားဖို့များပါတယ်။ ဒါဆိုရင် ဟိုလိုလို ဒီလိုလိုတွေ ရှိမယ့် ဆိုင်ပိုင်ရှင်တွေလည်း အရှုပ်ထဲမှာ ရှင်းအောင်နေလို့မရတော့တဲ့ကိန်းဆိုက်မှာ သေချာပါတယ်။
(ရီဟားနားပုံကို သူ့အွန်လိုင်းစာမျက်နှာပိုစတာတခုကနေ ဖြတ်ယူပါတယ်)
မူရင်းသတင်း
Thai Bar Owner Arrested Following Rihanna’s Tweets
http://www.irrawaddy.org/asia/thai-bar-owner-arrested-following-rihannas-tweets.html
Irrawaddy Blog
အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ ......................
( ၁ ) Doctor ဝတဲ့သူ တွေမှာ အကြော ပြတ် ကြပါတယ် အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရ ပါသလဲ
( ၂ ) ဆရာ ရှင့် အကြော ပြတ် တဲ့ အကြောင်း လေး လည်း ရှင်းပြ ပေးပါဦး ဆရာ။ ကျွန်မ ရဲ့ ဒူးခေါင်း နဲ့ ပေါင်ခြံ တွေမှာ သိသိ သာသာ ကြီး အကြောပြတ် လာပါ တယ်။ အကြောပြတ် တာ ကုလို့ ရပါသလား။ သူများ ပြောတာ သံလွင် ဆီ လိမ်း ရတယ် ဆိုတာ အကြော မပြတ်ခင် လိမ်းရတာ မဟုတ်လား။ ပြတ်ပြီး သား အရာ ကြောင်းကြီး ကော လိမ်းဆေး ရှိပါ သလား ဆရာ။
“ဗိုက်အကြော ပြတ်တယ်” လို့ ပြောလေ့ ရှိတဲ့ ဟာက ရောဂါ တော့ မဟုတ် တတ် ဘူး။ ကျန်းမာရေး ပြဿနာ တော့ ဖြစ် တယ်။ ဗိုက်မှာ တင် မဟုတ် ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာ တွေ မှာပါ ဖြစ်တတ် တယ်။ ဖြစ်တဲ့ နေရာ မှာ ပြိုင်နေ တဲ့ မျဉ်းကြောင်း တွေလို၊ ပါးလျ၊ ပြောင် ချော၊ အရောင် ဖျော့၊ ဖြစ်စ မှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ် လိုလို အပိုတွေ ဖြစ်လာ တယ်။ အနား ရှိတဲ့ ပုံမှန် အရေပြား ထက် နဲနဲ နိမ့်ပြီး၊ ထိ - ကိုင်ကြည့် ရင် ခံစားမှု မတူ ဘူး။
ကိုယ်ဝန် ဆောင် ရလို့ ဖြစ်ရ တာက အများဆုံး ပါ။ ကိုယ်ဝန် ရင့်လာ ချိန် ၇၅% ကနေ ၉ဝ% မိခင် လောင်း တွေ မှာ ဖြစ် ပါတယ်။ ကိုယ်ဝန် မဟုတ် ဘဲ ရုတ်တရက် ဝလာ - ပိန်သွား တာက နေ လည်း ဖြစ်တတ် တယ်။ တခြား အကြောင်း ခံ ရောဂါ တွေ လည်း ရှိသေး တယ်။ ( ကော်တီဇုန်း ) လိမ်းဆေး ကြာကြာ သုံးလို့၊ ဆီးချို ရောဂါ၊ Cushing syndrome, Ehlers - Danlos syndrome, Lichen planus ရောဂါ တခုခု ရှိလို့ ဖြစ်တတ် တယ်။ လူပျို ဝင်၊ အပျို ဖြစ်ဆို တဲ့ အရွယ် ရောက်ချိန် မှာ ကိုယ်ခန္ဓာ အချိုး အစား ပြောင်းလာ လို့ လည်း ဖြစ်ရ ပါတယ်။ လူပျို ဖြစ်ပြီး နောက် ( မာစတာ ဘေးရှင်း ) လုပ်တတ် တဲ့ အရွယ် မို့ ဒူး နေရာ အကြောတွေ ပြတ်တာ ရင် ဒီ အလေ့ ကြောင့်လို့ ပြောင် ချင်ကြ တယ်။
Collagen ( ကိုလာဂျင် ) တွေ ပုံမှန် မဟုတ် ဖြစ်လာ လို့၊ အရေပြား ရဲ့ အလည် ထပ် Dermis မှာ သွား ဖြစ် ပါတယ်။ Glucocorticoid ဟော်မုန်း နဲ့ ဆိုင်သေး တယ်။ လူမဲ တွေ မှာ အဖြစ် နည်း တယ်။ မျိုးရိုး လိုက်တာ လည်း ရှိတယ်။ အမေ ဖြစ်ရင် သမီး တွေမှာ အဖြစ် များ လို့ မိန်းမ မယူ ခင် သူ့အမေ ကိုပါ လေ့လာ သင့် တယ်။ ဈေး အကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်း ဝင် သြစတြေးလျ က Miranda Kerr ကလေး ယူတော့ မယ် ဆိုတော့ သူ့ အဖွါးက ပြောတယ် "ခါးရ် မိသားစု မှာ ဗိုက်ကြော ပြတ် တဲ့ ရာဇဝင် မရှိဘူး" တဲ့။
ဘယ်လို ကုရမလဲ ဆိုတာ “ပြော ရမှာ တော့ ဝမ်းနည်း ပါတယ်။” ( ဒီ စကား အသုံး အနှုံး က I am sorry to tell you ကို တိုက်ရိုက် ဘာသာ ပြန် ပြော တာပါ။ နောက်ပေါ် အသုံး အနှုံး တခုပါ။ ဒီလို ပါဘဲ နုတ်ဆက် ရင် “မင်္ဂလာပါ” လို့ ပြောလာ နေ ကြတယ်။ မူလ ပဋိ သန္ဓာရ စကားက “နေကောင်း လား” “ထမင်း စားပြီး ပြီလား” မျိုး သာ ဖြစ်ပါ တယ်။ Good morning ကို ဘာသာ ပြန်ရာ ကနေ အခုတော့ ယဉ်ကျေး တဲ့ နုတ်ခွန်း ဆက် တခု လိုလို ဖြစ်လာ တယ်။ ကိုယ့် စကား ကိုယ် အား မရ တာလား။ ဗိုလ် ဆန်ချင် တာလား တော့ မသိ ဘူး။ )
ကြော်ညာ ပြီး ရောင်းတဲ့ ( ခရင်မ် ) တွေက လက်တွေ့ မှာ တကယ် ကောင်းတယ် လို့ အာမ မခံ နိုင်ပါ။ အကြော ပြတ်တာ ဖြစ် စေတဲ့ အခံ ရောဂါ ရှိရင် ကုသ ဘို့ လိုတယ်။ မဖြစ် အောင် ကာကွယ် ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ် ခန္ဓာ အလေးချိန် ကို အပြောင်း အလဲ မမြန်အောင် သတိ ထား ရမယ်။ ကော်တီဇုံး ဆေးတွေ သိပ် လိုအပ် မှ သာ သုံးပါ။ ကိုယ်ဝန် ဆောင် နေတုံး မှာ လေ့ကျင့်ခန်း လုပ်ပါ။ ဆီးချို ရှိ - မရှိ စစ်ပါ၊ ကုပါ။ ဟော်မုန်း ပါ ဆေးတွေ ကို သတိ ထားပါ။
အကြော ပြတ်တာ က အမာရွတ် သဘော နဲ့ တူတယ်။ အမာရွတ် ဆိုတာ မျိုး က ပျောက် သွားအောင် လုပ် လို့ မရ သလောက် ပါ။ အနာ - ဒဏ်ရာ ဖြစ်တုံး က အရေပြား ကို ဘယ်လောက် ထိ နက် သွားခဲ့ သလဲ အပေါ် မှာ မူတည် ပြီး အကြီး - အသေး၊ အပျောက် နှေး - မြန် ကွာ တယ်။ ဖြစ်တဲ့ နေရာ အရ လည်း မတူ ကြ သလို၊ လူ အပေါ်မှာ ပါ တည်သေး တယ်။ အသား အရေ ကောင်းသူ၊ အရွယ် ငယ်ငယ် မှာ အပေါ်ယံ ဖြစ်တဲ့ အမာရွတ် ဆိုရင် ကြာ လေလေ ပျောက် လေလေ။
စိတ်ဓါတ် မကျ ပါနဲ့အုံး။ သုတေသန တခု က Gotu kola, Vitamin E, Collagen hydrolysates တွေ က အကြောပြတ် တာ အတွက် အကျိုး ရှိတယ် လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြား မဟုတ်ဘူး မြင်းခွါရွက် ပါ။ Collagen hydrolysates ဆိုတာ က လည်း Shampoos, Conditioners, Soaps, Face cares, Make - up လူသုံး ပစ္စည်း တွေ မှာ ပါတဲ့ ဓါတ်ပါဘဲ။ ဗီတာမင် E ကို စာ တပုဒ် ရေးထား ပါတယ်။
နောက် သုတေသန တခု က Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ ( Verum ) Cream က ကောင်းတယ် လို့ ဆိုတယ်။ Cocoa butter ဆိုတာ ကလည်း ရေငွေ့ ပေးတာ မို့ ကောင်းတယ် ပြော တယ်။ သုတေ သန တော့ မရှိသေး ဘူး။
Dermatologic Surgery ဂျာနယ် က Radiofrequency combined with 585 - nm pulsed dye laser နဲ့ ၃၇ ယောက် ကို ကုတာ၊ ၃၃ ယောက် မှာ အလွန် ကောင်း တဲ့ ရလဒ် ရတယ် လို့ ဆိုပါ တယ်။ Tummy tuck ခေါ် တဲ့ ခွဲစိတ် ဖယ်ရှား မှု လည်း လုပ်ကြ တယ်။ Fractional laser resurfacing ( လေဆာ ) နည်းသစ် က လည်း ပိုကောင်း သတဲ့။
Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study" စာတမ်း မှာ အမျိုး သမီး ၁၇ ယောက် ကို ၆ ပါတ် ကုသ ပေး တာ ဆေးပါတ် ပြည့် ပြီး နောက် ၁ ပါတ် မှာ ၃၈့၂ % က ၂၅့၅ % နဲ့ ၁၁့၈ % က ၅၁့၇၅ % တိုးတက်မှု တွေ့ရ တယ်။ ၂၃ % က ကျေနပ် ကြပြီး၊ ၁၂ % ကတော့ ကျေနပ်မှု မရှိဘူး ဆို ပါတယ်။
“အကြော ပြတ်တာ ကျန်းမာရေး ပြဿနာ” လို့ ရေးခဲ့ ပါတယ်။ လူ ဆိုတာ မွေးတုံး ကထက် ဖြစ်နိုင် ရင် ပိုလှ ချင်၊ ပိုကောင်း ချင်၊ ပို ကျန်းမာ သန်စွမ်း ချင် ကြတယ်။ လျော့ သွား၊ ကျ သွား၊ ပြောင်း သွားရင် လည်း နဂို အနေ ပြန် ဖြစ်ချင် ကြတယ်။ ဒီ အထိ တော့ ( နော်မယ် ) ပါ။ မဖြစ် နိုင်ဘူး ဆိုတာ ကို ပါ ဖြစ်ချင် နေရင် တော့ ဝေဒနာ တိုးတာ ပါ။ ဒါ့ကြောင့် ကံနဲ့ စိတ် ဟာ အကြောင်း တရား တွေထဲ မှာ ပါနေ တာပေါ့။ အဲဒါ ကြောင့် လည်း စိတ် ကို ထားတတ် အောင် ပြုပြင် နည်းတွေ၊ ကံ တရား ကောင်း အောင် ကျင့်ကြံ စရာ တွေ ပေါ်ပေါက် လာခဲ့တယ်။
ကောင်းခြင်း ငါးဖြာ ထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့ အတူ အရေ ၏ ကောင်းခြင်း လည်း ပါတယ်။ အမျိုး သမီး တွေ သာမက အမျိုးသား တွေ အတွက် လည်း ဗိုက်စူ၊ ဗိုက်ပူ တွေ မဖြစ်ချင် ကြတာမို့ “ဗိုက်ခေါက် ကျန်းမာရေး” က အတော် အရေး ပါလှ တယ်။ ဗိုက်ကြော ပြတ်တာ က အရေပြား မှာ ဖြစ်တာ ပါ။ အရေပြား အောက်မှာ အဆီ ပြင်၊ ကြွက်သား၊ နောက်ခံ အရွတ် ပြား၊ အတွင်းဆုံး ကြမှ ဗိုက်ကို ဖုံးနေ တဲ့ အလွှာ ဆိုပြီး ၅ ထပ် ရှိတယ်။ ဗိုက် မစူ ချင်ရင် ဗိုက် လှ ချင်ရင် အရေပြား လှ ရမယ်။ အဆီ မထူ ရဘူး။ ( ဗယ်လီ ) ခေါ်တဲ့ ဗိုက် ကြွက်သား သန် နေရမယ်။ တချို့ သိပ် မသိကြ တာက အရွတ်ပြား ရဲ့ အရေးပါ မှု ဘဲ။ ဗိုက် ကို ခွဲစိတ် ရရင် ဒီ အထပ် ကို ကျကျ နန ပြန်ချုပ် ပေးရတာ လက်ဝင် တဲ့ အလုပ် တခုပေါ့။
လူ တယောက် ကို ကြည့်တာ နဲ့ ဗီတာမင် ဘီ ၂ နည်း နေတာ ကို သိနိုင် တယ်။ ပါးစပ် ဘေး စွန်း တွေ မှာ အရောင် ဖျော့နေ၊ နီနေ။ အနာ ဖြစ်ချင် နေတာ မြင်ရ မယ်။ ဆက်သိ ဘို့က သူ့မှာ ဘီ ၂ နည်း နေရင် ဘီ ၁ လည်း နည်း နေနိုင် သလို၊ တခြား တခြား အာဟာရ တွေ ပါ နည်း နိုင်တယ် လို့ မှန်းတတ် ရတယ်။ ဒီ ဆင်ခြင်မှု သဘော အတိုင်း ဘဲ ဗိုက် ကြောပြတ်သူ တယောက် မှာ အရေ ပြား အောက်လွှာ တွေ လည်း တခုခု လို နေနိုင် တယ် လို့ သံသယ ဝင်ဘို့ ထိုက် တယ်။
ရေနဲ့ အာဟာရ ဓါတ် ပြည့်ဝ နေတဲ့ အရေပြား ဆိုရင် အကြော ပြတ်တာ ဟာ အဖြစ် နည်းတယ်။ ရေသောက် မနည်း စေနဲ့။ မျှတ တဲ့ အစား အစာ စားပါ။ အသား - ငါး၊ အသီး အရွက် - အသီး အနှံ၊ ပဲတွေ စုံအောင် စားရတာ မျိုး ပြောတာပါ။ လှုပ်ရှား ရုံးကန် နိုင်ဘို့ Energy အား ဖြစ်စေတဲ့ အစာ၊ ကြီးထွား ဘို့၊ ပျက်တာ တွေ ပြုပြင် ဘို့ Protein ( ပရိုတင်း )၊ နည်းနည်း စီ နဲ့ နေ့တိုင်း မပါ မဖြစ်တာ တွေ က ဆီ၊ ဗီတာမင် တွေ နဲ့ ဓါတ်ဆား တွေ ဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့် တယ်။ သူ နည်းနေ ရင် ပြော့ ဖတ်ဖတ် ဖြစ် နေတာမို့ ( ပိုတက် ဆီယံ ) ပါ ဖြည့်ပေး ဘို့ လိုတယ်။ အကြော ပြတ်ပြီး သူတွေ အတွက်ပါ ကောင်း ပါတယ်။
ဗိုက်ကြော ပြတ်တာ အတွက် ရေဓါတ်၊ အာဟာရ ဓါတ် နဲ့ စိတ်ဓါတ်၊ အလေး ထားပြီး သကာလ၊ မအိုသေး သမျှ အပျိုလေး လို လှနေ ကြပါစေ။
Dr. တင့်ဆွေ