This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Friday, June 15, 2012
သင်မသိသေးသော အကြောင်းများ
သင်သိလား?
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ
ချေလို့မရပါဘူးခင်ဗျာ
(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်
(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့
လူအရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်
(4) ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ကြပါတယ်
(5) ကျွန်တော်တို့အားလုံး Queen Elizabeth I ကို
မသိရင်တောင်ကြားဖူးကြမှာပါ ဘုရင်မကြီးဟာ လိုအပ်သည် ဖြစ်စေ
မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။
(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis
(ဝှေးစေ့)တစ်လုံးသာ ရှိပါတယ်
(7) ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်
(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်(
အချိုင့်)ပေါင်3း36 ရှိပါတယ်
(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု
မဖြစ်စေရန်ဂရုစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ
ကွဲထွက်သွားနိုင်သောကြောင့်ဖြစ် သည်
(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင်
ဆက်လက်အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာ လည်း
ဆယ့်ငါးရက်တိုင်
အစာမစားရသောကြောင့်သာဖြစ်ပါသည်
(11) ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး
ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမ္ဘာကို အပတ် 60ပတ်မိ မှာဖြစ်ပါတယ်
(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်
(13) ရေဘ၀ဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်
(14) နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်။
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့
ဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေ၀င်ပြီးသွားပါပြီ
(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင် တဲ့
အစားအစာကတော့ ပျားရည်ဖြစ်ပါတယ်၊၊
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်
(17) ၀က်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ
ကောင်းကင်ကို မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊
(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက်
ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်
(19) အက်စ်ကီးမိုး လူမျိုးတွေမှာ
ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး
(hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊
(20) ကမ္ဘာပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ
ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊
အမေရိကတိုက်မှ 14 ယောက် နှင့်အာဖရိကတိုက်မှ 8 ယောက်
စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲ မှ
တစ်ယောက်တည်းကသာလျှင်ကွန်ပြူတာတ စ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ် ၊၊
(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ
တရွယ်တည်းဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း
ရပ်တန့်သွားခြင်းမရှိပေ
(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ
စင်တီဂရိတ်ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ
နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်
(23) ကမ္ဘာပေါ်ရှိ ငှက်များအားလုံးထဲမှ
အပြာရောင်ကိုမြင်နိုင်သောတစ်ခုတ ည်းသော ငှက်မှာဇီးကွက်ဖြစ်သည်
(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000
ကျော် ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000
ကျော်ပြောပြီးဖြစ်ပေသည်၊၊ (သြော်... မိန်းမ မိန်းမ )
(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း
2000ကျော် ဖြတ်သန်းနားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော်
ပျံသန်းရပေသည်၊၊
(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော
နို့တိုက်သတ္တ၀ါကတော့ဆင်ဖြစ်ပါတယ်
(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက
စကော့တလန်ပြည်မှ စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊ သူတို့ဟာ အဲ့ဒီ
ကစားနည်းကို " Gentlemen Only
Ladies Forbidden " လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး
စတင်ကစားကြတာ ဖြစ်ပါတယ်၊၊also call Game Of Lazy Fallows
(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း
ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ် ခြကောင်ရေသုံးသောင်းထိ
မွေးဖွားပေးနိုင်ပါတယ်၊၊
(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000
(ဆယ်သန်း)ဖြစ်ပါတယ်
(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်
(31) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846
ခုနှစ်မှာရွေးချယ်ခြင်းခံရပါတယ် ၊၊ သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ်
1946 ခုနှစ်မှာရွေးချယ်ခံရပါတယ် ၊၊
(32) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရြ ပီး
သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊
(33) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး
သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်
(34) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့
ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ် သမ္ဓတနှစ်ဦးစလုံးဟာ
သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲကျည်ဆန်ထိမှ န်
သေဆုံးခဲ့ရပါတယ်၊၊
(35) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့
ဂျွန်ဆင်ကြောင့်ပဲအောင်မြင်ခဲ့ရ ပြီး တောင်ပိုင်းသားတွေကပဲ
ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတ ယ် သမ္ဓတကြီးလင်ကွန်းကို
နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့ တဲ့ အန်ဒရုးဂျွန်ဆင်ဟာ 1808 ခုနှစ်မှာ
မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့
လန်ဒန်ဂျွန်ဆင်ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်
 သိပြီးသားတွေဆိုရင်လဲ ခွင့်လွတ်နော်........
အကုသိုလ်ကံတူအကျိုးပေး
အကုသိုလ်အရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင်ဖြစ်၏ ။
ရှေးက ဇနီးမောင်နှံ ၂ ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တစ်ခုသို့ ရောက်သွားသည်။
ထိုနေရာ၌ အစာမရ၍ ငှက်ကလေးများကို သတ်၍စားကြရသည်။
ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏သားတော်
ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသော် ရှေးက ငှက်ကလေးတွေကို သတ်စားမိခဲ့သော
ကံကြောင့် သားသမီးမရဘဲ ရှိလေသည်။
ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမကသဘောမတူလျှင်
မိန်းမအတွက် သားသမီးရထိုက်၏ ။
ယောက်ျားက သဘောမကျခဲ့လျှင် ယောက်ျားအတွက် သားသမီး ရထိုက်၏ ။
ထိုသူ ၂ ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီးမရဘဲ ရှိလေသည်။
ဤသို့ စသည်ဖြင့် စိတ်တူကိုယ်တူ ပြုခဲ့သော အကုသိုလ်ကံများ၏
ကံတူအကျိုးပေးတတ်ပုံကို သတိထား၍
တစ်ယောက်က အကုသိုလ်ပြုလိုလျှင် သဘောမတူဘဲ တားမြစ်ဖို့ သတိပြုသင့်ကြပေသည်။
အကုသိုလ်နှင့် ကုသိုလ်နှစ်ပါး
ကံတရားကား မယားပြုရာ
စိတ်မပါလျှင် လင်မှာမရ
လင်ပြုကလည်း မယားအိမ်သူ
စိတ်မတူသော် မှတ်ယူမှန်စွာ
မရရာဘူး။
                       (မဃဒေ၀)
(ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ)
                                                                  ဇော်ထွန်း
ကဗျာချစ်သူများအတွက် မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာများ
အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်
ပန်းတပွင့်ဧ။်နိယာမ
ဖူးမယ်
ပွင့်မယ်
နွမ်းမယ်
ပြီးတော့ကြွေမယ်။
သဇင်တို့ လိုပင်မြင့်မှာနေ
တော်ဝင်တဲ့ပန်းတော့မဟုတ်ဘူး
အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်။
ဝေရင်လည်းမွေး
ကြွေရင်လည်းမွေး
နွမ်းရင်လဲမွေးတုန်းပါကွယ်။
လေအဝှေ့ မှာ ကြွေလွင့်တဲ့ ပန်းခရေ
ကောက်ယူကာသီကုံး
ဘုရားမှာလည်းတင်
ခေါင်းမှာလည်းဆင်
ပန်းဘုရင်တော့မဟုတ်ပေမဲ့….
နွမ်းရင်လည်းသိမ်းထားပါအုံးမယ်….။     ။
အပြောင်းအလဲ
နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်းကြွေမျှောမိ၊
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဩော် … နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ…။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ …
ဘဝဆိုတာ … ဒါပဲ ခင် … ။
““ရင်ထဲက……..အချစ်ကဗျာ””
အချစ်ကဗျာလှလှလေးတွေကိုမှ
စာသလို့ ယဉ်ချင်သူ။
အချစ်မပါရင် ကဗျာမဖြစ်သလိုပေါ့
သိပ်ချစ်တတ်သူ။
ထမင်းမရှိသော်လည်း အချစ်ရှိပါသတဲ့
စိတ်ကူနဲ့ ပြည်တည်သူ
ရူးသူလို့ ဆိုလေမလား။
မရူးပါဘူးကွယ်
လက်တွေ့နယ်မှာလေ……
ထမင်းမပါရင် တကယ်မရသော်လည်း
ဘဝမှာအချစ်မပါခဲ့ရင်ဖြင့်
ရင်ထဲမှာ ဗလာကျင်းပါလို့
ကြည်နူးစရာ လွမ်းစရာ ဘယ်မှာရှိပါ့မလဲ
လူ့အဖြစ်ဟာ တကယ်ရှုံးတာကြောင့်
ဘယ်သူလာ ဘာတွေပြောပေမယ့်
ဘဝအမောတွေ ဖြေကာသိပ်စေတဲ့
“အချစ်ကဗျာ ပန်းလွှာရိပ်” မှာလ
စက်အိပ်နေနား…။။    ။။
ချစ်ရင်းနဲ့ မုန်းတက်သွားတယ်
ခဏခဏ အလေးမထားမှုကို ခံခဲ့ရတဲ့ငါ…..
အရာမယွင်းတဲ့ ချစ်တက်မှုတွေနဲ့ ပေါ့ပျက်မှုက ကပ်ပါလာခဲ့တယ်….။
ခဏခဏ လှည့်စားမှုကို ခံရတဲ့ငါ….
အယုံမလွယ်မှုနဲ့ နင့်မျက်နှာကို ကြည့်တက်သွားတယ်…..။
ခဏခဏ ရက်စက်ခြင်းတွေခံရတဲ့ငါ
သည်းခံမှုတွေနဲ့ နင့်ရဲ့အတ္တ ကို ရှာတက်သွားတယ်…..။
ခဏခဏ ရှောင်ဖယ်ခြင်းတွေခံရတဲ့ငါ
နင်ဘယ်မှာရှိရှိ ဆိုတဲ့အတွေးနဲ့ သွေးအေးမှုကို ခုံမင်တက်သွားတယ်….။
ခဏခဏ အနိုင်ယူမှုကို ခံရတဲ့ငါ
အရှုံးပေးရင်း နင့်အတွက် အတွေးတွေတောင် အေးစက်သွားတယ်….။
ခဏခဏ မသိတက်မှုကို ခံရတဲ့ငါ
နားလည်ပေးရင်းနဲ့ မျှော်လင့်ခြင်းတွေရပ်စိုင်းသွားတယ်……။
အမြဲလိုလို နင့်ဆီက ငါမထင်ထားမိတဲ့ မစာနာမှုတွေ
အတားအဆီးမဲ့ခ့စားရတဲ့ငါ….
နင့်ကို ချစ်နေရင်းနဲ့ မုန်းတက်သွားတယ်….။
ပြန်ဆုံခွင့်လေး
ငါဟာနင့်ကို
Romeo and Juliet လို
ခဏတာဆုံချိန်လေးမှာ
တစ်ဘ၀အတွက်ရွေးချယ်ခဲ့ တာ
လောကမှာခွဲမရတဲ့ အချစ်နဲ့ ပါ…..
အားလုံးနဲ့  နှိုင်းစရာမရှိ
အပြစ်ကင်းတဲ့ ချစ်ခြင်းကို
အထင်အမြင်နဲ့ ဘေးစကားတွေက
ဝိုင်းဟားနေကျ
သူတို့ တွေ ရော…တစ်နေ့ နားလည်မှာလား
အငြိုးတွေရော
ဘယ်အချိန်ကျမှ ကျေအေးမှာလဲ…
ဆွေမျိုးတွေရော
ဘယ်အချိန်ကျမှနားလည်မှာလဲ…
ငါတို့ တွေ ရောဘယ်ဘ၀မှ
ပြန်ဆုံခွင့်လေးရဦးမှာလဲ………….
ဘ၀ရဲ့သခင် (မင်းကိုချစ်တဲ့သူ)
တိတ်တဆိတ် ညတွေထဲ
အလွမ်းတွေကို ကဗျာဖွဲ့
အတွေးတွေကို နယ်ချဲ့လို့
သူ့ရှိတဲ့နေရာ အပြေးလာခဲ့တယ် (အိပ်မက်)…
စိတ်ကူးယဉ် ကမ္ဘာလေးထဲ
သူ့ရဲ့လက်ကလေးကိုတွဲလို့
ဆည်းဆာအလှ ရှုစားရချိန်မှာ
ကျနော်ဟာ ကမ္ဘာပေါ်မှာ
အပျော်ဆုံးလူသားပါပဲ…
ပြုစားခံထားရတဲ့ နှလုံးသားလို
သူ့စကားကို ထပ်ကြပ်မကွာ
သူ့အနားမှာ ခစားချင်တဲ့
သိပ်ချစ်ရတဲ့ ကောင်မလေးရယ်
တနေ့ထပ်တနေ့ ချစ်တထပ်ချစ်ပါပဲ…
မဟူရာ ညနက်နက်ထဲမှာ
လမ်းပျောက်နေသူပမာ
အမှတ်တမဲ့ ဆုံတွေခဲ့တဲ့
ကောင်းကင်ထက်က ကြယ်တစ်စင်းဟာ
မရေမရာ ကျနော့်ဘ၀ကို
လမ်းပြပေးတဲ့ လမ်းပြကြယ်လေးပါပဲ…
အတူသွား အတူလာ
အတူတူရှိနိုင်မယ့် အချိန်ကို
အတူတူ ဆုပန်ရင်း
မဆုံမခြင်း မလှမပဘ၀ကို
ဝတ္တရားအရ ဖြတ်သန်းရင်း
စိတ်ထဲကနက်နက်နဲနဲ လွမ်းတယ်…
သူလိုသမျှပေးဆပ် 
သူပျော်ရင် ကျေနပ်
သူ့ငိုရင် အနေခက်ပေမယ့်
ဆုံခွင့်ရှိမရှိ ကျနော်မသိ
ယုံသင့်မယုံသင့် ကျနော်မသိ
ပုံအပ်ချစ်မိ ကျနော်သိသည်
သူသာလျှင် ကျနော့်ဘ၀ရဲ့သခင်
နေ့စွဲမရှိတဲ့အချစ်
နေ့စွဲမရှိတဲ့အချစ်
မမေ့ရဲပေမယ့်
တစ်နေ့ခွဲရမှာတော့ သိတယ်ခင်။
နေ့စွဲမဲ့အချစ်၊
မမေ့ရဲတဲ့ အဖြစ်တွေမို့၊
ယနေ့လည်း သစ်ဆဲ သစ်မြဲလို့ထင်။
“ဘာသံမှ မကြားချင်ဘူးနော်” တဲ့၊
အမိန့်တော်လို အမှာစကားတွေနဲ့၊
အခါတစ်ပါးက သူ့သံစဉ်၊
အခုပြန်မြင်ရဲ့ သူ့အမူအနွဲ့။
တစ်ရံခါဆီက၊
ဒဏ္ဍာရီလို အဖြစ်တစ်ခုလို့၊
ချစ်သူ့အတွေးမှာ ပုံပြင်မှတ်ပါသလား …၊
စိမ်းပြတ်နာ မာနအငွေ့တွေနဲ့၊
တိမ်းဖြတ်ကာ ထာဝရမေ့ချင်လို့၊
မတွေ့သာအောင် သခင်ခွဲတော့မှ
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
အချစ်ရယ် ……. လွမ်းလို့ကျန်ရဲ့ …. ။ ။
မြင်သာ ထင်သာ မရှိတဲ့အချစ်
၁။  ဒီကောင့်ရင်ခွင်ထဲ
     နင်မပျော်ဝင်သင့်ပါဘူး လမင်းရဲ့
     (သွားပါ……..)
     တိမ်စွန်တိမ်ဖျားမှာ အလှဆုံးတောက်ပ
     (ငါ့လမင်းလေး………)
     ဆုမွန်ကောင်းတောင်းလိုက်ပါတယ်……
     ……………………………………………………..
၂။  ပြောပါ လမင်းရယ်…….
      ………………………………….
      ပြောပါ………
      …………………………………..
      အပျော်တမ်းသမား
      ချစ်တမ်းကစားတတ်တဲ့သူလို့ …..
      …………………………………………….
      အချုစ်မပါ
      ရင်ဘတ်ဗလာနဲ့ သူလို့ …..
      …………………………………………….
      (ပြီးတော့…….)
       နင့်နင့်နာနာစကားလုံးတွေနဲ့ 
       အယဉ်ကျေးဆုံးမုန်းလိုက်စမ်းပါဦး…….
       ………………………………………………………
၃။  (ငါ့အတ္တ……..)
      နင့်ဘ၀တောက်ပဖို့ 
       လှလှပပ ဖြစ်ပေါ်ခဲ့ရတဲ့ ငါ့အတ္တ
      နားလည်ပေးမနေပါနဲ့ လမင်းလေးရယ်
      မုန်းလိုက်စမ်းပါ………
       ……………………………………………………..
၎။   ဒီကကောင်လေ……..
      သံပတ်ပေးမှ
      ငိုပြ ရယ်ပြတတ်တဲ့အရုပ်မဟုတ်ပါဘူး
       (နင့်နင့်နဲနဲ……..)
       ခံစားကြေကွဲ အသေအလဲချစ်တတ်ခဲ့တဲ့လူ
        ဒါပေမယ့် လမင်းရယ်…….
         ငါ့လိုလူ နင်မကြည်ဖြူပါနဲ့ တော့…….
        …………………………………………………
၅။   မြေပြင်ကလူလေ…….
       ဒီအပူတွေကို ထုတ်ဖော်ရှင်းပြ
       ဘယ်သူ့ ကိုမှ
       ပြော………….
             ပြ……………….
                မနေတော့ပါဘူးကွယ်……….
နင်…………..၀င်မလာသင့်ဘူး
ပျော်နိုင်ပါ့မလား……..
………………………………
ရေဆန် လေဆန်
(ဘ၀မှာ……)
နေဒဏ် မိုးဒဏ်လည်းခံရမယ်
နင်………
…………………………….
ဝင်မလာသင့်ဘူး……
နေ အကျိုးအပဲ့
လ အစုတ်အပြတ်နဲ့ 
နေကျဲကျဲပူ
နှင်းထူထူကျ
မိုးသည်းသည်းရွာ
(ဟောဒီ့ကောင်ရဲ့ကမ္ဘာ……)
သုံးရာသီဖျားနာမယ်
နင်……..
……………………………
ဝင်မလာသင့်ဘူး……
အိမ်ရှေ့ မှာမိုးစိုမယ်
နောက်ဖေးမှာမိုးယိုတယ်
အပေါစားဖိနပ်နဲ့ 
နင်မတ်တပ်ရပ်ဝံ့ပါ့မလား
တစ်ရာတန်ဘတ်(စ်)နဲ့ 
နင်သွားလာတတ်ပါ့မလား
(ဒီကောင့်ကမ္ဘာဆိုတာ…..)
နင်မကြားဖူးတဲ့အပေါစား ကဗျာတစ်ပုဒ်ပါ
နင်………..
…………………………………………..
ဝင်မလာသင့်ဘူး
ပျော်စမ်းပါ……..
……………………………………..
နင်တို့ ကောင်းကင်မှာ
ရောင်စဉ်တွေတောက်ပနေတာပဲ
တိမ်စွန်တိမ်ဖျားမှာ
သွားချင်ရာသွားလို့ ရတယ်
အစီအရီပွင့်ဖူး
ခူးချင်ရာခူးလို့ ရတယ်
(နင်တို့ ကမ္ဘာမှာ……)
ပန်းလှလှလေးတွေ ပွင့်နေကြတာပဲကောင်မလေးရယ်
ချစ်တယ်………..
…………………………………….
(မတန်မရာပါးစပ်)
လမင်းကိုမြေပေါ်ဆွဲချ
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
နင့်ရင်ခုန်သံလေးတွေတောင် အားနာမိပါရဲ့
တော်ပြီ……
…………………………….
တစ်ခန်းရပ်…….
………………………………………
ငါ့အတွက်နဲ့ တော့…….
………………………………………………
နင်…….
……………………………………………………….
……………………………………………………………….
ကိုယ့်ရင်ဘတ်ကိုယ်သော့ခတ်
မမြင်သာအောင်သိုဝှက်
အညတြအိမ်မက် မက်ခဲ့တဲ့ကောင်
တစ်ချောင်ချောင်မှာပဲ
ပြုံးပြုံးလေး သေနေပေးပါ့မယ်……….
……………………………………………………….
တော်ပြီ……..
…………………………
တစ်ခန်းရပ်……….
……………………………………
ငါ့အတွက်နဲ့ တော့……..
………………………………………….
(ကလေးရယ်…….)
နင်………..
          မ…………….
             လာ……………..
                  သင့်……………….
                        ပါ……………………..
                           ဘူး……………………..။
                                                           မိုးထက်အောင်
……………သင့်အတွက် မနက်ဖြန်………………………..
ကြင်နာတယ်ဆိုပြီး
၇င်နာအောင်လုပ်ရင်
နင်ငါ့ကိုလာမချစ်နဲ့
အပြင်မှာအစဉ်လို့ပြောပြီး
နင့်ရင်ထဲမှာလဲငါမ၇ှိတာလဲငါသိတယ်
ကြိုက်လို့လိုက်တာ မိုက်လို့ခိုက်တာ
Fight ဖို့ Case မပါဘူး လို့ဆိုလာတော့လဲ
နင့်အကျင့်တွေကိုသိလို့
မကြိုက်လို့
လိုက်တာကို
မမိုက်လို့မကြိုက်ဘူးလို့
ငါကပြန်ပြောတော့
နင်စိတ်ဆိုးတယ်
အဲ့ဒီတော့လည်း
သင့်အတွက်မနက်ဖြန်က
အချစ်တွက်ဆက်ရန်မ၇ှိပါတဲ့
(သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ် အခုလိုသည်းခံပြီးဖတ်ပေးတဲ့အတွက်)
Phobia(အကြောက်လွန်ရောဂါ)
လူတစ်ယောက်ဟာ ကြောက်စရာမဟုတ်ပဲနဲ့ အလွန်ကြောက်နေတတ်တာကို ရယ်မောခဲ့ဖူးကြမှာပါ။ဒါပေမဲ့ သူတို့ ဘာလို့ကြောက်တာလဲကိုနားမလည်ကြပါဘူး။ဥပမာ.....ပင့်ကူကြောက်တတ်တဲ့သူကိုပင့်ကူနဲ့စပြီးပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ဖူးလိမ့်မယ်။သူတို့ဘာကြောင့်ကြောက်နေရတာလဲကို သတိမထားဂရုမစိုက်မိခဲ့ကြပါဘူး။၁၅ထပ်မြောက်မှာ ရှိတဲ့ တိုက်ခန်းလေးတစ်ခန်းကို ဓါတ်လှေကားမသု့းပါပဲနဲ့ ရိုးရိုးလှေကားက တတ်နေတဲ့လူကို “အရူး သက်သာရာနေရာကို မရွေးတတ်ဘူး” ထင်ကောင်းထင်ခဲ့ ပြောဖူးကောင်းပြောဖူးလိမ့်မယ်။အခု ကျွန်မတို့ “သူတို့ဘာကြောင့်ပင့်ကူ အစရှိတဲ့ သေးသေးမွှားမွှားအကောင်တွေကြောက်တာလဲ၊ဓါတ်လှေကားမသုံးပဲနဲ့လှေကားသုံးတက်ကြတာလဲ” ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
အကြောက်လွန်ရောဂါသယ်တွေ(Phobias)တွေကို စိတ်ရောဂါဒေနာသည်လို့ မထင်ကြပါနဲ့။သူတို့ဟာ သာမန်လူတွေ မကြောက်တဲ့အရာတွေကို ကြောက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ဟာ ရူးနေတဲ့သူတွေမဟုတ်ပါဘူး။အကြောက်လွန်ရောဂါသည်တွေကို သူတို့ပတ်ဝန်းကျင် သူတို့မိသားစုက နားလည်မပေးတာဟာ ရောဂါပိုဆိုးလာအောင် တွန်းအားပေးနေသကဲ့သို့ ဖြစ်ပါတယ်။သူတို့ဘာလို့ phobias ဖြစ်လာရတာပါလဲ။phobias တော်တော်များများဟာ ငယ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် ဖြစ်ပါတယ်။ငယ်ငယ်တုန်းက ပင့်ကူနဲ့အလွန်အကျွံအစခံရဖူးတဲ့ကလေးက ကြီးလာတဲ့အခါ ပင့်ကူကိုအလွန်ကြောက်ပါတယ်။တချို့ phobias တွေကတော့ စိတ်ဖိစီးမှုတွေစိုးရိမ်မှုတွေကနေ ဖြစ်ပေါ်လာတတ်ပါတယ်။
Phobias အမျိုးအစားများ
(၁) specific phobias (အဖြစ်များသော တွေ့ရများသော အကြောက်လွန်ရောဂါ) ဒီအမျိုးအစားမှာက ပိတ်ဆို့ကျဉ်းမြောင်းတဲ့နေရာတွေကိုကြောက်တဲ့ claustrophobia animals တွေ ဥပမာ မြွေ ပင့်ကူ ကြွက် စတာတွေကို အလွန်ကြောက်တဲ့ acrophobia pterygophobia ဆိုတဲ့ အမြင့်ကြောက်တဲ့ ရောဂါ
ရေကြောက်တဲ့ hydrophobia အစရှိတဲ့ phobias တွေပါပါတယ်။
(၂) social phobias ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်ဖြစ်တာများပါတယ်။အခက်အခဲတွေကြုံတာများတာတို့ အဆင်ပြေမပြေမှာကို အလွန်စိုးရိမ်တာတို့ပါပါတယ်။
(၃)လူတွေကိုကြောက်တဲ့ ရောဂါ(agoraphobia)
ဒီအမျိုးအစားကတော့ လူများတဲ့နေရာတွေကိုကြောက်တာပါ။ဈေးတို့ ရုပ်ရှင်ရုံ စားသောက်ဆိုင်တွေ စတဲ့ လူထုများတတ်တဲ့နေရာတွေကို မသွားရဲတာတွေပါ။
တစ်ချို့ phobia gamophobia ဆိုတဲ့ လက်ထပ်ရမှာကို ကြောက်တဲ့ ဟာလည်းရှိပါသေးတယ်။
တစ်ချို့လူတွေကတော့ သူတစ်ပါးဖြစ်နေတဲ့ရောဂါတွေကို ကိုယ့်ဆီမှာကောရှိတဲ့ ထင်တဲ့ ရောဂါပါ။ဥပမာ မိတ်ဆွေသူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကလေးဖက်နာဖြစ်နေတယ်ဆိုပါစို့။့phobia ရှိနေတဲ့ သူက သူငယ်ချင်းခ့စားနေရတဲ့ အဆစ်တွေကိုက်တာ ရောင်တာတွေ သူလည်းခံစားလာရသလိုဖြစ်ပြီး လေးဘက်နာဖြစ်နေတယ်လို့ထင်လာတာပါ။
phobias ရော၈ါသည်တွေကို ဘယ်လိုကုသမလဲ?
သူတို့ကို ပစ်ပယ်ထားရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်လို့ သူတို့ကို ဂရုစိုက်သင့်ပါတယ်။ phobias ရောဂါသည်တွေကို ကုသတဲ့နည်းက အမျိုးမျိုးပါပဲ။ ဆေးပေးပြီးကုသတဲ့ နည်းလည်းရှိပါတယ်။ဒါပေမဲ့ သိပ်မသုံးပါဘူး။ရောဂါအခြေအနေ အလွန်ဆိုးနေမှာ သုံးတာများပါတယ်။ အိမ်မွေ့ချပြီး ကုသတဲ့ psychotherapy ။ behavior therapy အစရှိတာတွေနဲ့ ကုသပေးကြပါတယ်။
 ပတ်ဝန်းကျင်မှာရှိတဲ့ phobias ရောဂါသည်တွေကို မလှောင်ပြောင်မစနှောက်ပဲ အားပေးကူညီကြပါစို့။  ကိုယ်တိုင်လည်း phobias ရှိမရှိ သေချာမသိနိုင်ပါ။
ဒါကြောင့် “ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားပါ” ဆိုတဲ့ အတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့ အားပေးကူညီလိုက်ကြပါစို့
မှတ်ချက်။      ။  သူငယ်ချင်းတစ်ယောက်ဆီကရလို့ပြည်လည်ဖေါ်ပြလိုက်ပါတယ်။
ရခိုင်ပဋိပက္ခ ချုပ်ငြိမ်းရန် ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Photo- FaceBook
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေကို ပြေလည်အောင် နည်းလမ်းရှာဖို့ အတွက် ဇွန် ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့က ခေါင်းဆောင်တွေ ဟာ နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများထံ သွားရောက်ပြီး ငြိမ်းချမ်းရေး အတွက် လျှောက်ထားကြပါတယ်။
ဒီနောက် အစ္စလာမ်ခေါင်းဆောင်တွေဟာ ဘာသာပေါင်းစုံ စည်းလုံးချစ်ကြည်ရေးအသင်း (ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာတို့  ပူးပေါင်းပါဝင်ဖွဲ့စည်း) နဲ့ ရခိုင်တိုင်းရင်းသားတွေ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲကြောင့် အောင်မြင်မှုတချို့ ရရှိခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်တဲ့ မြန်မာ-မွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က ပြောပါတယ်။
တွေ့ဆုံပွဲ အခြေအနေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ဦးကျော်ခင်က “ကျနော်တို့က တဘက်က သုံးပွင့်ဆိုင်ပေါ့၊ ရန်ကုန်မှာ လုပ်သလိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရန်ကုန်မှာ မနေ့က နိုင်ငံတော် သံဃမဟာနာယကကို လျှောက်တယ်။ တဘက်က ရခိုင်အမျိုးသားများကို ခေါ်တယ်။ တဘက်က အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ထိုင်ပြီးဆွေးနွေးတော့ သံသယတွေက နည်းနည်းလေး ပြေသွားတယ်။ အဓိကဖြစ်တာက လှုံ့ဆော်မှုကြောင့် သံသယဖြစ်တယ်” လို့ ပြောပါတယ်။
အခုလုပ်ခဲ့တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲလိုမျိုး စစ်တွေမှာလည်း ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
“လောလောဆယ် မောင်းတောကို သွားပါတယ်။ ကျနော်တို့ အစ္စလာမ် ဘာသာဝင် အများစုရှိတဲ့အတွက် ဒေသခံများကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ဒီအစီအစဉ်အတိုင်း ဖြစ်ဖို့ အတွက်ကို ဆောင်ရွက်ပါတယ်။ စစ်တွေမှာ ဒါကိုလုပ်ဖို့ စီစဉ်နေပါတယ်။”
ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက်လည်း အဖွဲ့တွေ စုပေါင်းပြီး သိန်း ၂၃၀၀ အလှူငွေ ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“အတိဒုက္ခရောက်တဲ့အတွက်ကို ကျနော်တို့ သာသနာ့နုဂ္ဂဟအသင်းကနေ သိန်း ၁၀၀၀ အလှူငွေထည့်ပါတယ်။ အစ္စလာမ် ဘာသာရေး အသင်းကနေ သိန်း ၁၀၀၀ ထည့်တယ်။ ရခိုင်အမျိုးသားများ အသင်းကနေ သိန်း ၃၀၀ ထည့်ပါတယ်။ အာလုံး သိန်း ၂၃၀၀ ရပါတယ်။ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်များအတွက် ဒါကို ထည့်ဝင်လှူဒါန်းခြင်းဖြစ်ပါတယ်။”