Tuesday, December 24, 2013
ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင်.................
Inbox
x
Inbox
|
Dec 21 (3 days ago)
![]() | ![]() ![]() | ||
| ||||
ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့ သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် (သေသေချာချာ ဖတ်ကြပါ ခင်ဗျာ)
့" ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ် ပဲ ဗကသ က သူတွေ အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။
ကိုကိုကြီး၏ကောက်ကြောင်းများ... ..
၈၈ များထဲမှာ ကေကျူဟု ခေါ်ဆိုကြသည့် ကိုကိုကြီး၏ အကြောင်းကို ဆက်လိုပါတယ် ။ ၈၈တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ နှင့်ပတ်သက်ပြီး ပြည်သူတွေကြားမှာ အသံတစ်ချို့ ထွက်လာဖူးတာက ဒေါ်စုကိုက လက်မတွဲတာ ၊ ငြင်းဆန် ဖယ်ထုတ်နေတာ ဆိုပြီးပါ ။ စဉ်းစားဖို့ တစ်ခု ပြောချင်တာက ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၄၃ နေရာ ရှိတဲ့အထဲက ၈၈တွေကို နေရာ ၂၀ ပေးခဲ့တာပါ ။ NLD က ၂၃ နေရာဝင်မယ် ။ ၈၈တွေ နေရာ ၂၀ ယူပါ ။ အတူလက်တွဲပြီး ဝင်ကြဖို့ ပါ ။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး ။ အဲဒီအချိန်က NLD CEC မှာ တင်ပြီးတော့ ဆွေးနွေး ပြီးသားပါ ။ အဲဒီအဆိုပြုချက်ကို အဓိက ကန့် ကွက်ခဲ့တာက ကိုကိုကြီး ဖြစ်ကြောင်းကိုလည်း ၈၈ အဖွဲ့ ရဲ့  စည်းဝေးမှတ်တမ်းများက သက်သေရှိနေဦးမှာပါ ။ ပွင့်လင်းရုံးခန်းဟာ ကိုကိုကြီးရဲ့  ချုပ်ကိုင်မှုအောက်မှာဆိုတာကို ဆက်စပ်မှုရှိတဲ့သူတိုင်း သိတဲ့အရာပါ ။ အံ့သြစရာကောင်းတာက ၈၈ တွေအတွင်းမှာ အနည်းဆုံး ၃ ဖွဲ့ လောက် အမြင်မတူတာတောင် နောက်ဆုံး ကိုကိုကြီးသြဇာက အတည်ဖြစ်နေနိုင်တာကိုပါ ။ ကိုဂျင်မီ မမီးမီး မနီလာသိန်းတို့ အင်အားစုရဲ့  အမြင်ကတစ်မျိုး ၊ ကိုဌေးကြွယ် ကိုမင်းဇေယျာ တို့ ရဲ့  အမြင်ကတစ်မျိုးနဲ့  ကိုကိုကြီးအမြင်ဆိုတာပါ ။
ကိုပေါ်ရဲ့ အေးဆေးတည်ငြိမ်မှုနဲ့  ခပ်အေးအေးသာနေလိုတော့မှုတွေအေ ပ်ါမှာ ဒါမှမဟုတ်လည်း ကျွန်တော်တို
့မသိနိုင်သေးတဲ့နောက်ထပ် အကြောင်းတရားများရဲ့ အောက်မှာ ကိုမင်းကိုနိုင်ရဲ
့အပေါ်မှာ ကိုကိုကြီး ရဲ့ သြဇာက လက်ရှိအချိန်မှာ
အများဆုံးလွှမ်းမိုးထားနိုင်ပါ တယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကယ်၍ ဆိုတာမျိုး
မှာ ထည့်သွင်းတွက်ချက်ထားပြီးသားသူ ပါ ။သူဟာ သမ္မတဖြစ်ဖို့ အတွက်
နိုင်ငံရေးလုပ်နေတဲ့သူမဟုတ်ပါဘူး ။ နိုင်ငံအတွက်မို့  လုပ်ပေးနေတဲ့သူပါ ။
ပြည်သူအတွက်မို့ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဖို့  ကြိုးစားနေတာပါ ။
ပြည်သူကိုမတရားဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြင်ဖို့  လုပ်နေတာပါ ။ ၅၉
(စ)ကိုပြင်ဖို့  သူ့ အတွက်သူရဖို့  လုပ်နေတဲ့သူ မဟုတ်ပါဘူး ။ အဲဒီအတွက်
အကယ်၍ ၅၉(စ) ကိုပြင်မရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းခဲ့တဲ့
သမ္မတအဖြစ်သင့်တော်မယ့်သူက မင်းကိုနိုင် လို့ အစကမြင်ထားခဲ့တာပါ ။ ဒါဟာ
ကိုကိုကြီးရဲ့  အသည်းကို စိုက်ခဲ့တဲ့မြှားလို့ ပဲ ဆိုကြပါစို့  ။
ကိုကိုကြီးဟာ ကျောင်းသားဘဝကတည်းက ရည်မှန်းချက်ကြီးပါတယ်။ အကြံကြီးပါတယ် ။
စနစ်တကျ ကြိုတင်ပြင်ဆင်မှု ကောင်းပါတယ် ။
စာဖတ်အားလေ့လာအားကောင်းပါတယ် ။ စကားပြော ကောင်းပါတယ်။ စည်းရုံးရေး စွမ်းရည်ကောင်းပါတယ် ။ သူ့ မှာ မရှိတဲ့တစ်ခုတည်းသောအရာက ရိုးသားမှုပါ ။ အဲဒီလိုပဲ မင်းကိုနိုင်နဲ့  ကိုကိုကြီးရဲ့  အဓိကကွာခြားချက်ကလည်း ရိုးသားမှု ဖြစ်နေတာကို အသက်အရွယ်အရကော ၊ ဖြတ်သန်းမှုအရပါ သိနေတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုကြီးအပေါ်မှာ မယုံကြည်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်များ မှားနေမလားလို့ ပြန်ဆန်းစစ်ကြည့်ရအောင်ပါ ။ ပထမဆုံးအကြိမ် ထောင်ကပြန်လွတ်အပြီးမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမတိုင်ခင်အချိန်ေ တွအထိကြားမှာ ကိုကိုကြီးရဲ
့လှုပ်ရှားမှုတွေ မြုပ်နေခဲ့ပါတယ် ။ အတည်မပြုနိုင်သော သတင်းများအဆိုအရ
ကိုကိုကြီးဟာ အဲဒီကာလတွေမှာ ဗိုလ်ခင်ညွန့် ရဲ့  လှမ်းအဖွဲ့ နဲ့ 
နီးစပ်မှုများ ရှိတယ်လို့ ဆိုကြပါတယ် ။ အဲဒီကနေတစ်ဆင့် စစ်အစိုးရနဲ့  တွေ
့ဆုံဆွေးနွေးပတ်သက်မှုတွေရှိခဲ့ တယ်လို့ သိရပြီး မြန်မာ အီးဂရက် ရဲ့ 
လှုပ်ရှားမှုအစအနများမှာ တတိယလမ်းကြောင်းဆိုတာကို အကောင်အထည်ဖော်ဖို့ 
အားသန်ခဲ့သူ တွေထဲ ပါခဲ့တယ်လို့  ယူဆရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားသခင် မဟုတ်ပေမယ့် အတွေ့ အကြုံရှိပြီးသား လူကြီးသူမတစ်ယောက်အနေနဲ့  မယုံသင့် မယုံထိုက်တာ အချို့ ကို မြင်ခဲ့သိခဲ့တာဖြစ်ပါလိမ့်မယ် ။ လက်ရှိဗကသ ခေါင်းဆောင်များ ၊ လှုပ်ရှားမှုများအပေါ်မှာအထိပါ ကိုကိုကြီးရဲ့ သြဇာညောင်းပါတယ် ။ ဘာဖြစ်လို့  ညောင်းရသလဲဆိုတော့ အဲဒီအဖွဲ့ တွေရဲ့  နိုင်ငံရေးလှုပ်ရှားမှုများအပေါ်မှာ
ဖမ်းဆိးခြိမ်းခြောက်မှု တစ်စုံတစ်ရာရှိလာတဲ့အခါ ကိုကိုကြီးသိတာနဲ့ "
ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က
ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ် ပဲ ဗကသ က သူတွေ
အသိဆုံး ၊ ကြုံဖူးတဲ့သူတွေအသိဆုံးပါ ။
ကိုကိုကြီး မိနေတဲ့ထောင်ချောက်က ဒုတိယသမ္မတပါ ။ သမ္မတကိုတော့ ဦးရွှေမန်းဒါမှမဟုတ် ကာချုပ်လုပ်ပါ့မယ် ။ ဒုသမ္မတ တစ်ယောက်က ကိုကိုကြီး ဆိုပြီး မျှားထားတဲ့ငါးစာတစ်ခုရှိပါတယ် ။ အဲဒါကို ၈၈ များက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုကိုကြီးကိုတော့ အားကိုးပါတယ် ။ သူဟာ ၈၈ တွေကို တစ်စုံတစ်ရာတော့ အရေးပါတဲ့လမ်းကြောင်းအပေါ်မှာ ဦးဆောင်မှုပေးသွားနိုင်မယ့်သူအြ ဖစ် လက်ရှိသူ့ ဦးဆောင်မှု နောက်ကို
လိုက်နေကြတာပါ ။ ဒါတွေကို သိရက်နဲ့  ကျွန်တော်တို့ ဘာလို့ မရေးလည်းဆိုရင်
အတိုက်အခံအင်အားစုအချင်းချင်း အင်အားချိနဲ့ မှု မဖြစ်စေချင်လို့ ပါ ။
ဒါပေမယ့်လည်း ကိုကိုကြီးဟာ သူ့ ခြေလှမ်းတွေ ၊ သူ့ အကြံအစည်တွေကို
ဘယ်သူမှမသိလောက်ဘူးဆိုတဲ့ အထင်နဲ့  အရှိန်အဟုတ်မြှင့်လာတဲ့အခါမှာေ တာ့
ကျွန်တော်တို့ ဟာ အ အတွေမဟုတ်ကြောင်းကိုတော့ ဖော်ထုတ်ကြရမှာပါ ။
တစ်ခုတော့ရှိပါတယ် ။
ခုလက်ရှိအတိုင်းဆိုရင် ဒုသမ္မတနှစ်ယောက်လုံးသူတို့ လူဖြစ်နေတာပဲ ။ ကိုကိုကြီးဖြစ်တော့ မကောင်းဘူးလား ဆိုရင် ကောင်းတော့ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် ကိုယ့်အတွက် ရဲဘော်ရဲဘက်ကို ဒါမှမဟုတ် အဖွဲ့ ကို ထိုးကျွေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ဟာ ၊ တိုင်းပြည်ကိုလည်း လိုအပ်ရင် ထိုးကျွေးမှာပဲပေါ့ဗျာ ။ လိုအပ်ရင် ရန်သူနဲ့ ပူးပေါင်းဖို့ လိုပေမယ့် အဲဒါဟာ ယုံကြည်ချက်ကို သစ္စာဖောက်လိုက်တာ အထူးသဖြင့်တော့ ကိုယ့်အပေါ်ယုံကြည်ထားတဲ့ ပြည်သူအများကိုသစ္စာဖောက်လိုက်တာ ပိုပြီးတော့ မဖြစ်ရပါဘူးဗျာ ။ ပြီးတော့ မြန်မာပြည်သူတွေဟာ
လူထုစိန်ဝင်းစကားနဲ့ ပြောရရင်တော့ ကြောက်ရင်သာကြောက်မယ် မညံ့ဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ အကြိမ်ကြိမ်လည်း အလိမ်ခံခဲ့ပါးဝနေပြီ ။ ထင်သလောက်တော့ ညံ့လိမ့်မယ်လို့  မထင်ထားပါနဲ့  လို့ ပဲပြောချင်ပါတယ် ။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင်တော့ ရိုးသားမှု ၊ အခြေခံရိုးသားမှုတစ်ခု အရင် တည်ဆောက်ပေးပါလို့ ပဲ ပြောချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့ သားအဖနှစ်ယောက်လုံးကို ပြည်သူယုံတဲ့အချက်က အရည်အချင်း မဟုတ်ပါဘူး ။ ရိုးသားမှုပါ ဆိုတာကို နိုင်ငံရေးသမားတွေ သတိမလွတ်စေချင်ပါဘူးဗျာ ။ ။
ပြည်ချစ်သူ 20.12.2013
— with Myo Myint and 18 others.့ " ဦးရွှေမန်းဆီ ငါဖုံးဆက်လိုက်မယ် " ဆိုတာမျိုးနဲ့  အဖြေတစ်ချို့  ယ ကနေ က ဖြစ်ကုန်ကြပါတယ်။ ဒါဟာ မျက်ရမ်းမှန်းဆစွပ်စွဲချက်မဟုတ်
ကိုကိုကြီး၏ကောက်ကြောင်းများ...
၈၈ များထဲမှာ ကေကျူဟု ခေါ်ဆိုကြသည့် ကိုကိုကြီး၏ အကြောင်းကို ဆက်လိုပါတယ် ။ ၈၈တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြဖို့ နှင့်ပတ်သက်ပြီး ပြည်သူတွေကြားမှာ အသံတစ်ချို့ ထွက်လာဖူးတာက ဒေါ်စုကိုက လက်မတွဲတာ ၊ ငြင်းဆန် ဖယ်ထုတ်နေတာ ဆိုပြီးပါ ။ စဉ်းစားဖို့ တစ်ခု ပြောချင်တာက ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၄၃ နေရာ ရှိတဲ့အထဲက ၈၈တွေကို နေရာ ၂၀ ပေးခဲ့တာပါ ။ NLD က ၂၃ နေရာဝင်မယ် ။ ၈၈တွေ နေရာ ၂၀ ယူပါ ။ အတူလက်တွဲပြီး ဝင်ကြဖို့ ပါ ။ ဒါဟာ ကောလဟာလ မဟုတ်ပါဘူး ။ အဲဒီအချိန်က NLD CEC မှာ တင်ပြီးတော့ ဆွေးနွေး ပြီးသားပါ ။ အဲဒီအဆိုပြုချက်ကို အဓိက ကန့် ကွက်ခဲ့တာက ကိုကိုကြီး ဖြစ်ကြောင်းကိုလည်း ၈၈ အဖွဲ့ ရဲ့  စည်းဝေးမှတ်တမ်းများက သက်သေရှိနေဦးမှာပါ ။ ပွင့်လင်းရုံးခန်းဟာ ကိုကိုကြီးရဲ့  ချုပ်ကိုင်မှုအောက်မှာဆိုတာကို ဆက်စပ်မှုရှိတဲ့သူတိုင်း သိတဲ့အရာပါ ။ အံ့သြစရာကောင်းတာက ၈၈ တွေအတွင်းမှာ အနည်းဆုံး ၃ ဖွဲ့ လောက် အမြင်မတူတာတောင် နောက်ဆုံး ကိုကိုကြီးသြဇာက အတည်ဖြစ်နေနိုင်တာကိုပါ ။ ကိုဂျင်မီ မမီးမီး မနီလာသိန်းတို့ အင်အားစုရဲ့  အမြင်ကတစ်မျိုး ၊ ကိုဌေးကြွယ် ကိုမင်းဇေယျာ တို့ ရဲ့  အမြင်ကတစ်မျိုးနဲ့  ကိုကိုကြီးအမြင်ဆိုတာပါ ။
ကိုပေါ်ရဲ့ အေးဆေးတည်ငြိမ်မှုနဲ့  ခပ်အေးအေးသာနေလိုတော့မှုတွေအေ
စာဖတ်အားလေ့လာအားကောင်းပါတယ် ။ စကားပြော ကောင်းပါတယ်။ စည်းရုံးရေး စွမ်းရည်ကောင်းပါတယ် ။ သူ့ မှာ မရှိတဲ့တစ်ခုတည်းသောအရာက ရိုးသားမှုပါ ။ အဲဒီလိုပဲ မင်းကိုနိုင်နဲ့  ကိုကိုကြီးရဲ့  အဓိကကွာခြားချက်ကလည်း ရိုးသားမှု ဖြစ်နေတာကို အသက်အရွယ်အရကော ၊ ဖြတ်သန်းမှုအရပါ သိနေတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုကြီးအပေါ်မှာ မယုံကြည်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်များ မှားနေမလားလို့ ပြန်ဆန်းစစ်ကြည့်ရအောင်ပါ ။ ပထမဆုံးအကြိမ် ထောင်ကပြန်လွတ်အပြီးမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမတိုင်ခင်အချိန်ေ
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရားသခင် မဟုတ်ပေမယ့် အတွေ့ အကြုံရှိပြီးသား လူကြီးသူမတစ်ယောက်အနေနဲ့  မယုံသင့် မယုံထိုက်တာ အချို့ ကို မြင်ခဲ့သိခဲ့တာဖြစ်ပါလိမ့်မယ် ။ လက်ရှိဗကသ ခေါင်းဆောင်များ ၊ လှုပ်ရှားမှုများအပေါ်မှာအထိပါ ကိုကိုကြီးရဲ့ သြဇာညောင်းပါတယ် ။ ဘာဖြစ်လို့  ညောင်းရသလဲဆိုတော့ အဲဒီအဖွဲ့ တွေရဲ့  နိုင်ငံရေးလှုပ်ရှားမှုများအပေါ်မှ
ကိုကိုကြီး မိနေတဲ့ထောင်ချောက်က ဒုတိယသမ္မတပါ ။ သမ္မတကိုတော့ ဦးရွှေမန်းဒါမှမဟုတ် ကာချုပ်လုပ်ပါ့မယ် ။ ဒုသမ္မတ တစ်ယောက်က ကိုကိုကြီး ဆိုပြီး မျှားထားတဲ့ငါးစာတစ်ခုရှိပါတယ် ။ အဲဒါကို ၈၈ များက ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုကိုကြီးကိုတော့ အားကိုးပါတယ် ။ သူဟာ ၈၈ တွေကို တစ်စုံတစ်ရာတော့ အရေးပါတဲ့လမ်းကြောင်းအပေါ်မှာ ဦးဆောင်မှုပေးသွားနိုင်မယ့်သူအြ
ခုလက်ရှိအတိုင်းဆိုရင် ဒုသမ္မတနှစ်ယောက်လုံးသူတို့ လူဖြစ်နေတာပဲ ။ ကိုကိုကြီးဖြစ်တော့ မကောင်းဘူးလား ဆိုရင် ကောင်းတော့ကောင်းတာပေါ့ဗျာ ။ ဒါပေမယ့် ကိုယ့်အတွက် ရဲဘော်ရဲဘက်ကို ဒါမှမဟုတ် အဖွဲ့ ကို ထိုးကျွေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ဟာ ၊ တိုင်းပြည်ကိုလည်း လိုအပ်ရင် ထိုးကျွေးမှာပဲပေါ့ဗျာ ။ လိုအပ်ရင် ရန်သူနဲ့ ပူးပေါင်းဖို့ လိုပေမယ့် အဲဒါဟာ ယုံကြည်ချက်ကို သစ္စာဖောက်လိုက်တာ အထူးသဖြင့်တော့ ကိုယ့်အပေါ်ယုံကြည်ထားတဲ့ ပြည်သူအများကိုသစ္စာဖောက်လိုက်တာ ပိုပြီးတော့ မဖြစ်ရပါဘူးဗျာ ။ ပြီးတော့ မြန်မာပြည်သူတွေဟာ
လူထုစိန်ဝင်းစကားနဲ့ ပြောရရင်တော့ ကြောက်ရင်သာကြောက်မယ် မညံ့ဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးပြီ ။ အကြိမ်ကြိမ်လည်း အလိမ်ခံခဲ့ပါးဝနေပြီ ။ ထင်သလောက်တော့ ညံ့လိမ့်မယ်လို့  မထင်ထားပါနဲ့  လို့ ပဲပြောချင်ပါတယ် ။ အဲဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင်တော့ ရိုးသားမှု ၊ အခြေခံရိုးသားမှုတစ်ခု အရင် တည်ဆောက်ပေးပါလို့ ပဲ ပြောချင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းတို့ သားအဖနှစ်ယောက်လုံးကို ပြည်သူယုံတဲ့အချက်က အရည်အချင်း မဟုတ်ပါဘူး ။ ရိုးသားမှုပါ ဆိုတာကို နိုင်ငံရေးသမားတွေ သတိမလွတ်စေချင်ပါဘူးဗျာ ။ ။
ပြည်ချစ်သူ 20.12.2013
--
May Peace Be Upon You
Regards,
Ruby
ဆက်ဆံရေး မပြေပြစ်သော ရဲတပ်ဖွဲ့ ဝင်များကို အရေးယူမည် ဟုဆို......................
|
![]() |
![]() |
![]() |

ကလေး၊ ဒီဇင်ဘာ ၂၁
သတင်း မီဒီယာ များနှင့် ဖြစ်စေ၊ ပြည်သူ များနှင့် ဖြစ်စေ ပြောဆို ဆက်ဆံ ရာတွင် ပြေပြစ်မှု မရှိသော
ပြည်သူ့ ရဲတပ်ဖွဲ့ဝင် များကို ထိုက်သင့်သော ပြစ်ဒဏ် များဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း က
လေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြားသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့က ကလေးမြို့တွင် ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းနှင့်
ပတ်သက်၍ မုံရွာဒေသခံ သတင်းထောက် တစ်ဦးက မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းသို့ တယ်လီဖုန်း
ဖြင့် ဆက်သွယ် မေးမြန်းမှုကို တာဝန်ကျ ရဲအရာရှိက မချေမငံ ဆက်ဆံသည်ဟု ရဲချုပ်ထံ တိုင်ကြား
ချက်အရ ကလေး ဒေသခံ သတင်းမီဒီယာများ ရှေ့တွင် ရဲမှူးက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ဒီတိုင်းဆို ကျွန်တော်တို့ လူတွေ မှားနေပြီ။ ဒါကို ကျွန်တော်က လက်မခံသလို ကျွန်တော့် အကြီးအ
ကဲ များကလည်း လက်ခံမှာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို မောက်မောက်မာမာ
မပြောသင့်ဘူး။ နောက်ကို ဒီလိုမဖြစ်အောင်တာဝန်ယူပါမယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ဆောင်ချက် များကို အများပြည်သူ တို့ သိရှိစေရန် မီဒီယာများတွင် ချပြချင်ပါ
ကြောင်း၊ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်ရန် မလွယ်ကူလျှင် မိမိရုံးသို့ ဆက်သွယ်နိုင်ပြီး မချေမငံ ဆက်
ဆံကြောင်းပေါ်ပေါက်ခဲ့လျှင် ထိုက်သင့်သောပြစ်ဒဏ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မှုခင်းသတင်းဆိုတာ သက်ဆိုင်ရာ ရဲစခန်းက အတည်ပြုပေးမှ ရေးရတာ။ ပနံပါတ်တို့၊ ပုဒ်မတို့ လွဲ
သွားရင် သတင်းထောက်ပဲ နစ်နာတာပါ။ တာဝန်ကျ ဝန်ထမ်းက ပြည်သူကို မပြောနဲ့၊ သတင်း
ထောက်တွေကို တစ်ခါတလေ ရိုင်းပျစွာ ဆက်ဆံတာတွေ ရှိနေတယ်ဆိုတာ ရဲချုပ်သိအောင် တိုင်
ကြားတာပါ”ဟု ကလေးမြို့ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော မုံရွာမြို့ခံသတင်းထောက်
က The Voice သို့ ပြောကြားသည်။
မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မပြုဘဲ စခန်းသို့ လာရောက်ရန်သာ ပြောကြားပြီး တယ်လီဖုန်း
ကို မချဘဲ နေခဲ့သဖြင့် မိမိက ငါးမိနစ်ခန့် စောင့်သော်လည်း ပြန်လည် ဆက်သွယ်ခြင်း မရှိကြောင်း
၎င်းကဆိုသည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်သော သတင်းထောက်ကို စခန်းသို့ လာရောက်ရန် ပြောကြားခဲ့ပြီး တယ်
လီဖုန်းဖြင့် ပြောဆိုရာတွင် တစ်စုံတစ်ရာ အမှားအယွင်း ပါသွားပါက ဖြေကြားသူ၏ တာဝန် ဖြစ်သ
ဖြင့် လွဲမှားမည်ကို စိုးရိမ်ကာ စခန်းသို့ လူကိုယ်တိုင် လာယူစေခြင်း ဖြစ်ကြောင်း အဆိုပါနေ့က တာ
ဝန်ကျသော ရဲအရာရှိ တစ်ဦးက ပြန်လည် ရှင်းပြသည်။
ကလေးမြို့သို့ ရဲချုပ် လာရောက်စဉ် ဧည့်ခံရန်ဟုဆိုကာ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်များထံ ငွေတောင်း
သော ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားပွဲတွင် အရက်အတူ သောက်ကာ မိမိယူနီဖောင်းကို အရပ်သား တစ်
ဦးအား ဝတ်ဆင်စေသော ရဲတပ်ဖွဲ့ဝင်၊ မူးယစ်ဆေး လုပ်ကိုင်သူများနှင့် ပူးပေါင်းသော ရဲတပ်ဖွဲ့ဝင်
စသည်ဖြင့် စည်းကမ်း ချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များကို အရေးယူခဲ့ခြင်းများ ရှိကြောင်း ကလေး
ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောသည်။
The Voice Weekly မှကူးယူမျှဝေသည်။
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဆက်ဆံရေး မပြေပြစ်သော ရဲတပ်ဖွဲ့ ဝင်များကို အရေးယူမည် ဟုဆို http://www.simon-vlog.com/2013/12/blog-post_2263.html#ixzz2oKR6yy1O
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
KIA ဖမ်းသွားတဲ့ ရှမ်းရွာသားများ အားလုံးပြန်လွတ် ...................

Monday, December 23, 2013
ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ အခုလဆန်းပိုင်းက
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေတပ်တချို့ ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ
ရှမ်းတိုင်းရင်းသားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ မြစ်ကြီးနားမြို့
အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့က ဒီနေ့ပြောပါတယ်။
အဖမ်းခံထားရတဲ့ ရှမ်းတိုင်းရင်းသားတွေကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုတွေ လူထုအစည်းအဝေးကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေက မြစ်ကြီးနားမှာရှိတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရုံးမှာ အကူအညီတောင်းခဲ့တဲ့အတွက် ကေအိုင်အိုနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
အခုအခါမှာ ဖမ်းထားတဲ့ရှမ်းတိုင်းရင်းသားတွေ အားလုံးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း PCG အဖွဲ့ဝင် ဦးအင်ရှန်ဆန်းအောင်က ပြောပါတယ်။
"တပ်စုဆောင်းခဲ့တာတော့ တောက်လျှောက်ရှိမယ်၊ ရှမ်းချည်းပဲ မဟုတ်ဘူး၊ တခြားဟာတွေလည်း တောက်လျှောက်စုဆောင်းခဲ့တယ်လို့ သိရတယ်၊ ကျနော်က အားလုံးလွှတ်ပြီးပြီလို့ပဲ သိရပါတယ်၊ ၂ဝ ကျော် ပြန်လွှတ်ပေးတာပေါ့နော်၊ အဲဒီမှာ ၄ ယောက်ကတော့ ကျနော်တို့စစ်သားပဲလုပ်ချင်ပါတယ် မပြန်ချင်ပါဘူးဆိုတယ်၊ အဲဒါမျိုးလေးတွေက ကျန်ခဲ့တာပါ၊ သူတို့ကိုယ်တိုင်ရဲ့ဆန္ဒပြီးရင် အဲဒီ ၅ဝ၊ ၆ဝ ဆိုတဲ့ဟာက ရှမ်းချည်းပဲ မဟုတ်ပါဘူး၊ ကချင်တွေရောပါနေတယ်၊ ကချင်တွေက လွတ်တဲ့အထဲမှာ မပါပါဘူး"
ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းက မန်စီမြို့နယ် မန်ဖွကျေးရွာနဲ့ ကောင်လွင်ကျေးရွာက ဒေသခံပြည်သူ ၅၀ ကျော်ကို ကေအိုင်အေက ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စအတွက် ကချင်ပြည်နယ်လွှတ်တော်မှာ လွန်ခဲ့တဲ့ဒီဇင်ဘာလ ၁၉ ရက်နေ့က အရေးပေါ်အဆိုတင်ပြီး ဆွေးနွေးခဲ့ပါတယ်။ အဲဒီ လွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ်အစိုးရ နယ်စပ်လုံခြုံရေးဝန်ကြီးက အဖမ်းခံရတဲ့ ၅၀ ထဲက ၂၅ ယောက် လွတ်မြောက်လာကြောင်း ဖြေကြားတယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့က RFA ကမေးမြန်းတဲ့အခါမှာ ကချင်တိုင်းရင်းသားတွေ အပါအဝင် ၃၂ ယောက် ပြန်လည်လွတ်မြောက်လာတယ်လို့ PCG အဖွဲ့က ပြောပါတယ်။
RFA Burmese

Thit Htoo Lwin - News
ဂျီတော့ voice call နဲ့ video call Vtok - Gtalk Voice and Video Call (for andriod phone)
Posted by ဇော် မင်း သန်း
Posted on 5/03/2013
with 3 comments

ကဲ သူငယ်ချင်းအပေါင်းတို့ရေ...။ ဂျီတော့ voice call နဲ့ video call
မရတဲ့သူတွေ ဘာမှ စိတ်အားငယ်နေ စရာမလိုတော့ဘူး....။ဒီကောင်လေးကို install
ပြီးတာနဲ့ gtalk sign in ၀င်ပြီးတာနဲ့ ခေါ်လို့ရပြီ....။ လက်ရှိ ကျနော်လည်း
သုံးနေပါတယ်..။ ဆောဝဲလေးရတုန်း မသိသေးတဲ့ သူငယ်ချင်းအပေါင်းတို့ကို ကျနော်
ပြန်ရှယ်ပေး လိုက်တာပါ....။ အရင်ကလည်းကျနော် gtalk video call
ရဖို့ဆောဝဲတွေ တင်ပေးဖူးပါတယ် ..။ဒါပေမဲ့ တချို့ အဆင်ပြေတဲ့သူပဲပြေကြတယ်
တချို့က အဆင်မပြေကြဘူး....။ ဒီကောင်လေးက တော့ ဖုန်းကို root လည်း
လုပ်စရာမလိုတော့ဘူး ....။install ပြီးတာနဲ့ သုံးလို့ရပြီ....။
စိတ်ဝင်စားရင် အောက်က လင့်မှာ ဒေါင်းယူလိုက်ပါ.....။
မူရင်း လင့် = http://www.torrapk.com/download/apps/Vtok
မှတ်ချက် : အကောင့် sign in ၀င်ရင် ကို့အကောင့်ရဲ့ လိပ်စာအပြည့်စုံ ထည့်ပေးပါ...။ (ဥပမာ = zawmintan@gmail.com)
အားလုံးအဆင်ပြေပါစေ.....။
ဇော်မင်းသန်း ....။
BMW မြန်မာပြည် လာပြီ ...........................
Monday, December 23, 2013
မေခ
နာမည်ကျော် ဂျာမန်ကား BMW တံဆိပ်မော်တော်ယာဉ်များကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရောင်းချတော့မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သုံးရန် ခေတ္တပေးအပ်ထားမည်ဖြစ်ကြောင်း သိရသည်။
BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က “တင်သွင်းမယ့် ကားအမျိုးအစားတွေက 5 Series, 7 Series and X5 ကားအမျိုးအစားတွေ တင်သွင်းပါမယ်။ ကနဦး စစချင်း တော့ ၉၅ စီး တင်သွင်းပါမယ်။ နောက်ပိုင်းတော့ ဈေးကွက်လိုအပ်ချက်အရ တင်သွင်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဝယ်ယူသည့် ကားများနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ပေးထားသည့် ဝန်ဆောင်မှုအတိုင်း ဝယ်ယူသူများကို ပေးအပ်သွားမည်ဟုလည်း ဆိုသည်။
“ရောင်းချမှုပိုင်းနဲ့ပတ်သက်ပြီးတော့ ခုချိန်မှာ ပြည်တွင်းက ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အရစ်ကျ ပေးချေနိုင်မှုအပိုင်းကို နောက်ပိုင်းမှာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒေါ်စန်းစန်းမြင့်က ပြောသည်။
နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း၊၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
BMW ကုမ္ပဏီကအနေဖြင့် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင် နိုင်ငံ့ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး လာမည့် ၂၀၁၄ ခုနှစ် မေလအတွင်း ၃ ရက်ကြာကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏ သွားလာရေး အတွက် ကူညီသွားရန် စီစဉ်ထားကြောင်း သိရသည်။ အစည်းအဝေးအပြီး အဆိုပါ မော်တော်ယာဉ်များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်းလည်း ဆိုသည်။
“အခုပေးမယ့် ဝန်ဆောင်မှုက ကားနဲ့ပတ်သတ်ပြီး ပြင်ဆင်တာ၊ ရောင်းဝယ်တာ ဒီအပိုင်းတွေကို တနေရာထဲမှာလိုချင်တဲ့ Customer များအတွက် ရည်ရွယ်ထားပါတယ်။ဝန်ဆောင်မှုပိုင်းကတော့ ဝယ်ယူတဲ့အခါမှာကော ဝယ်ပြီးတဲ့အခါမှာကော နိုင်ငံတကာမှာပေးတဲ့ ဝန်ဆောင်မှုတွေအတိုင်း အပြည့်အဝပေးမှာပါ။ အတိအကျ ဆောင်ရွက်သွားမှာပါ”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။
လက်ရှိတွင် နာမည်ကျော် တံဆိပ်မျိုးစုံမှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေသော်လည်း အစိုးရပိုင်းမှ နိုင်ငံတကာနည်းတူ တနေရာထဲတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် ကားအရောင်းစင်တာများကို ဖွင့်လှစ်ခွင့် မပြုသေးပေ။
အစိုးရ၀န်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို ရေးဆွဲပြီးမှသာ ကားအရောင်း စင်တာများ ကိုဖွင့်ခွင့်ပေးသွားမည်ဟု သိရသည်။
“လတ်တလောက ဂျပန်တပတ်ရစ်တွေဝင်တာ ဝယ်တာများတယ်။ နာမည်ကြီးတံဆိပ်တွေ ဝင်လာပေမယ့် ဒီကလူတွေဝယ်နိုင်တဲ့ ဈေးရှိမှ ဒီကလူတွေက ဂျပန်ကားကြိုက်တာများတယ်။ အလုံးစုံဝန်ဆောင်မှုတွေနဲ့ သိပ်လည်းမရင်းနှီးဘူး ”ဟု Farmer Auto မှ ဒေါက်တာ စိုးထွန်းကပြောသည်။
လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ၀ယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း ကားအရောင်းစင်တာများထံမှ သိရသည်။
BMW ကားများကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်ကို မသိရသေးသော်လည်း ပုံပါ BMW 7 Series တစီး နိုင်ငံတကာဈေးကွက်တွင် အနည်းဆုံး ဒေါ်လာ ၇၄,ဝဝဝ (မြန်မာငွေ ကျပ် သိန်း ၇၄၀ ခန့်) ပေါက်သည်။
Posted by
Koko Zaw

ကျောင်း အင်္ဂါရပ်ဖြင့် မညီသော ကိုယ်ပိုင်ကျောင်း များကို ပိတ်သိမ်း အထိ အရေး ယူမည်...............

ရန်ကုန် ဒီဇင်ဘာ ၂၂ ။ ။ လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ကိုယ်ပိုင် ကျောင်းများ၌ ကိုယ်ပိုင်ကျောင်း အင်္ဂါ
ရပ်ဖြင့် ညီညွတ်ခြင်း မရှိ သော ကျောင်း များကို ပြန်ပိတ် သိမ်းသည် အထိ ဆောင်ရွက် သွားမည်ဖြစ်
ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။
ကိုယ်ပိုင်ကျောင်း အသစ် ဖွင့်လှစ်လိုသူများလာရောက် လျှောက်ထားပါကလည်း အ သေးစိတ် စစ်ဆေး
ပြီးမှသာ လက်ခံတော့မည်ဖြစ်ကြောင်း၊ လက်ရှိ ဖွင့်လှစ်ထားသည့် ကိုယ် ပိုင်ကျောင်းတချို့မှာ ကိုယ်ပိုင်
ကျောင်းလျှောက်ထားစဉ် က ပြုလုပ်ထား သည့် အချက်များ နှင့် ကျောင်းဖွင့်လှစ်ပြီးသည့် အချိန်နှင့် လွဲ
မှားနေသည့်အ ချက်များကို တွေ့ရှိနေရကြောင်း အမှတ် (၃)အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူအရာ
ရှိတစ် ဦးက ပြောသည်။
''ဆရာတို့အနေနဲ့အစော ပိုင်းကတော့ ကိုယ်ပိုင်ကျောင်း တွေကို ပညာရေးလိုအပ်ချက် အရ အတင်းအ
ကျပ်စစ်ဆေး ခြင်းမလုပ်ဘဲ သင့်တင့်မျှတတဲ့ စစ်ဆေးမှုတွေလုပ်ပြီး လက်ခံ ခဲ့တယ်။ နောက်ပိုင်း ကိုယ်
ပိုင် ကျောင်းတွေက ကျောင်းစ လျှောက်တဲ့ အချိန်နဲ့ ကျောင်း ဖွင့်ပြီးတဲ့အချိန်နဲ့ တခြားစီဖြစ် နေတယ်။
အပြောနဲ့အလုပ်တ ခြားစီ ဖြစ်နေတယ်။ ခုနောက် ပိုင်း တင်းတင်းကျပ်ကျပ် စစ် ဆေးသွားမယ်။ ကျောင်း
လာ လျှောက်တိုင်း ဖွင့်ခွင့်မပေးတော့ ပါဘူး။ ဖွင့်ထားပြီး သားကျောင်း တွေကို သေချာပြန်လိုက်စစ်ဆေး
ဖို့ရှိပါတယ်။ ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နဲ့မညီရင်တော့ ဖွင့်ရ တော့မှာမဟုတ်ပါဘူး''ဟု အဆို ပါအရာရှိ
ကပြောသည်။
ဆက်လက်၍ ယင်းက ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်း များထဲမှ ငါးနှစ် သက်တမ်း ရရှိ နိုင်သည့် ကိုယ်ပိုင်
ကျောင်းများ လည်း ရှိနေကြောင်း၊ နောက် ပိုင်းတွင် ဖွင့်လှစ် လာသည့် ကိုယ် ပိုင်ကျောင်း များသည်
ကိုယ် ပိုင်ကျောင်း အင်္ဂါရပ်များနှင့် ညီစေရန် သေချာ ပြင်ဆင်ထား သည်ကိုလည်း တွေ့ရကြောင်း၊
လက်ရှိဖွင့်လှစ်ထားသည့် ကိုယ် ပိုင်ကျောင်းတချို့မှာ အရည် အသွေးညံ့ဖျင်းမှုကြောင့် တ ဖြည်းဖြည်း
ပျောက်ကွယ်သွား နိုင်ကြောင်း ပြောကြားသည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း မှ အကြံပေးအရာရှိ တစ်ဦးက ''တချို့ကျောင်းတွေက ပညာ ရေးနဲ့မသက်
ဆိုင်ဘဲ စုဆောင်း ထားတာလေးတွေနဲ့ ရှယ်ယာ ခေါ်လုပ်ကြတာမျိုးတွေ၊ ဘော် ဒါ သာသာလောက်
ကို နည်း နည်းထပ်ချဲ့ပြီး ကိုယ်ပိုင် ကျောင်း လုပ်တာမျိုးတွေကြောင့် အရည် အသွေးပိုင်းပြသနာတွေ
ဖြစ် နေရတာ။ ဒီလိုလိုက်စစ်မယ်ဆို တာကောင်းတယ်။ သန့်သွား တာပေါ့''ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ် ခွင့်ပေးထားခြင်းမှာ မြေနေရာ အကျယ်အဝန်း
သတ်မှတ်ပေး ထားခြင်းမျိုးမရှိဘဲ ကျောင်း အတွင်းတွင် ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နှင့်ညီစေသည့် ပ
စ္စည်း များ ရှိနေရန်သာ လိုအပ် ကြောင်း၊ ပညာရေးဝန်ကြီးဌာန သည် ကိုယ်ပိုင်ကျောင်းများကို နေရာ
တစ်ခုတည်းတွင်သာ ဖွင့် လှစ်စေလိုကြောင်း သိရသည်။
ယင်းက ''တချို့ကျောင်း တွေက စီးပွားရေးသက်သက် ပဲ။ နှစ်ချိန်ကျောင်းတွေဖွင့်ပြီး ကျောင်းသား နှစ်
ဆရအောင် လုပ်တဲ့ ကျောင်းမျိုးတွေရှိ တယ်။ သင်တော့ ဆရာတစ်ဦး တည်းကိုပဲ လစာပိုပေးပြီး နှစ်
ချိန်သင်တာမျိုးတွေ ရှိတယ်။ အဲဒီလို တွေ လုပ်ကတည်းက ကိုယ်ပိုင်ကျောင်း မဟုတ်တော့ ဘူး။ ဆ
ရာတို့ကျောင်းတွေကို ဝန်ကြီးဌာနက နေရာတစ်ခု တည်းမှာပဲ ဖွင့်စေချင်တာက စာသင်ဆောင်ရယ်၊
အုပ်ချုပ် ရေးဆောင်ရယ်၊ အိပ်ဆောင် တွေရယ်ကို တစ်စုတည်းမှာပဲ ထားတော့ ကျောင်းသားတွေ
ကို ပိုကောင်းတဲ့ အုပ်ချုပ်ရေး ပေးနိုင်လို့ပါ''ဟုပြောသည်။ ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂ ခုနှစ်တွင်
စတင်ဖွင့်လှစ် ခွင့်ပေးခဲ့ပြီး စတင်ဖွင့်လှစ်ချိန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျောင်း၆ဝကျော်
သာဖွင့် လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀ဝ ကျော် ဖွင့်လှစ်ထားရှိပြီးဖြစ်
ကြောင်း သိရသည်။
အောင်သက်ကို - Yangon Media Group
တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့........................

Monday, December 23, 2013
တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။
အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။
ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။
7day Daily

Thit Htoo Lwin - Crime
အပျိုစင် ဘ၀ကို ဒုတိယ အကြိမ် ထပ်မံ ရောင်းချမည့် အပျိုစင် မလေး ..........................

အလှူလုပ်ချင်လို့ ပထမအကြိမ် အပျိုစင်ဘ၀ ကိုရောင်းချ ရာမှာ ၀ယ်သွားတဲ့ ယောင်္ကျားက ညမအိပ်ခဲ့လို့
အပျိုစင်ဘ၀ကို ဒုတိယ အကြိမ် ထပ်မံရောင်းချမည့် အပျိုစင်မလေး အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ဘရာ
ဇီးလ်နိုင်ငံသူ ကာတာရီနာဟာ သူ့ရဲ့အပျိုစင် ဘ၀ကို နောက် တစ်ကြိမ်ရောင်းချဖို့ ကြိုးစား နေတယ်လို့ သိ
ရပါတယ်။ ကာတာရီနာဟာ အစောပိုင်းတုန်းကလည်း သူ့ရဲ့ အပျို စင်ဘ၀ ကို ရောင်းချမယ်လို့ အွန်လိုင်း
ပေါ်မှာ တင်ခဲ့တာမို့ ကမ္ဘာ တစ်လွှားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ ပါတယ်။
အ ကျိုး ဆက်ကတော့ ကာတာရီနာ ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါ်ပြူလာဖြစ်သွား ပြီး ဒေသတွင်း Play Boy
မဂ္ဂ ဇင်းတွေမှာ တောင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ကာတာရီနာဟာ သူ့ရဲ့အပျိုစင်ဘ၀ကို နောက်
တစ်ကြိမ် ရောင်းချရာမှာ ပေါင် ၄၈၅၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားပါတယ်။
ပထမတစ်ကြိမ် လေလံတင်ရောင်းချခဲ့ စဉ်က ဂျပန်နိုင်ငံသား တစ်ဦးက အနိုင်ရသွား ခဲ့ပေမယ့် သူ့ကို ဘာမှ
လုပ်ခဲ့ခြင်း မရှိလို့ ကာ တာရီနာအနေနဲ့ အပျိုစင်ဘ၀ကို နောက်တစ် ကြိမ် လေလံ ပစ်ဖို့ အခွင့် အရေးရသွား
ခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကာတာရီနာ ဟာ အပျိုစင်ဘ၀ကို ရောင်းချဖို့ထက် နာမည် ကြီး လာ
အောင် တမင်ဖန်တီးနေခြင်းဖြစ်တယ် လို့ မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကာ တာရီနာဟာ ပထမ အကြိမ်သူ့ရဲ့အပျိုစင်ဘ၀ကို လေလံတင်ရာ မှာ တစ်ကမ္ဘာ
လုံးရဲ့ စိတ်ဝင်စား မှုကို ရခဲ့ပြီး မှတ် တမ်းတင် ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အထိ ဖြစ်ခဲ့ပါတယ်။ ကာတာရီနာ
ဟာ ကျောင်းပညာ ရေး သင်ယူနေ ဆဲဖြစ်ပြီး အပျိုစင်ဘ၀ကို ရောင်းချရာမှာ ရရှိလာမယ့် ငွေကြေး ၉၀ ရာ
ခိုင်နှုန်းကို လူမှုရေးအဖွဲ့ အစည်းတွေ ကို ပြန် လည်လှူဒါန်းသွားမှာ ဖြစ်ပြီး ကျန် ၁၀ ရာခိုင် နှုန်းကို သူ့ရဲ့နေ
အိမ်ပြုပြင်ရာမှာ အသုံးပြုသွား မယ်လို့ ကြော်ငြာထားပါတယ်။ ဒါပေမဲ့ ဒီ တစ်ကြိမ်မှာတော့ ကာတာရီနာရဲ့
အကြောင်း ကို စိတ်ပါဝင်စားမှု လျော့နည်း သွားတယ်လို့ သိရပါတယ်။
From: Myawady
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: အပျိုစင် ဘ၀ကို ဒုတိယ အကြိမ် ထပ်မံ ရောင်းချမည့် အပျိုစင် မလေး http://www.simon-vlog.com/2013/12/blog-post_5640.html#ixzz2oKIgpWJ2
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
ကေအန်ယူနှင့် ဆက်စပ်သူထံက အိုက်စ်မူးယစ်ဆေး ဖမ်းဆီးရမိ ............................

Monday, December 23, 2013
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ဆက်စပ်သူ ၁ ဦးအပါအ၀င် အပေါင်းပါ ၂
ဦးတို့ဆီကနေ အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့
ထိုင်းရတ်သတင်းစာမှာ ဖော်ပြသွားပါတယ်။
ကေအန်ယူရဲ့ ကွန်မန်ဒိုတပ်က ဗိုလ်ကြီးအဆင့် အထောက်အထားရှိသူ ဦးစိုးဇာနည် ၂၉ နှစ်၊ ဦးတိုး ၄၀ နှစ်နဲ့ ဦးထူး ၂၉ နှစ်တို့ ၃ ဦးဆီက အဲဒီမူးယစ်ဆေးဝါးတွေကို ရဲဘက်က ၀ယ်သူ အယောင်ဆောင်ပြီး ဖမ်းမိတာလို့ အမှတ် ၁ ဒေသ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ရဲချုပ် နိုင်းချင်းထန် ခွတ်ခ်ျဖလိုင်းယုဒ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ဘန်ကောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဒီမတိုင်ခင်က ဦးစိုးဇာနည်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ ကြားပွဲစားလုပ်နေတယ် လို့ ကြိုတင်သတင်းရထားတဲ့အတွက် ကြိုးစား ဆက်သွယ်ပြီး ဘန်ကောက်ကို ဘတ် ၄ သန်း တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို မှာယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့က လမ်းမှာ လုံခြုံရေးဂိတ်တွေ များတဲ့အတွက် မဲဆောက်မှာ လာယူဖို့ သဘောတူခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ခွဲမှာ မဲဆောက်မြို့ လိုးတပ်စ်ကုန်တိုက်ရဲ့ အနောက်ဘက် ယာဉ်ရပ်နားရာမှာ အရောင်းအ၀ယ်လုပ်ဖို့ အချိန်းအချက် လုပ်ခဲ့ကြောင်း၊ မှာထားတဲ့ မူးယစ်ဆေးတွေ ကားပေါ် တင်ပြီးတာနဲ့ အရပ်ဝတ် ထိုင်းရဲဘက် တရားခံတွေကို လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။
တရားခံတွေဆီက အိုက်စ်ဆေး ၂ ကီလိုနဲ့အတူ လက်ကိုင်ဖုန်း ၃ လုံး၊ ဂြိုဟ်တု ဆက်သွယ်ရေးဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဦးစိုးဇာနည်ဆီထံမှာ ကေအန်ယူတပ်ကနေ ကွန်မန်ဒို သင်တန်းဆင်း အထောက်အထားကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးဟာ တဘက် မြန်မာနိုင်ငံ မြ၀တီဘက်ကနေ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးကြောင်း၊ သယ်ဆောင်ခ ၁ ကြိမ်မှာ ၁ ဦးကို ဘတ် ၅ သောင်း ရတယ်လို့ ၀န်ခံခဲ့ကြောင်း ရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေအထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။
“ကျနော်တို့ အဖွဲ့ဝင်မဟုတ်ဘူး၊ ဒါကတော့ သေချာသွားပြီ။ ကျနော်တို့အဖွဲ့ဝင်တွေထဲကလည်း ဒါတွေလုပ်ဖို့ မရှိဘူး။ အဖွဲ့ဝင်ဆိုရင် ကျနော်တို့ဆီ အစီရင်ခံစာ ရောက်မှာပဲ။ စိုးဇာနည်ဆိုတာလည်း မရှိဘူး။ ကျနော်တို့ တပ်မှူးတွေကိုလည်း စုံစမ်းခိုင်းတာ မရှိဘူး။ ညနေပိုင်းလောက်မှ ကျနော်တို့ကို ထပ်ခေါ်ပါလား။”။
By ဒီဗွီဘီ

ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ .........................
Monday, December 23, 2013
ဉဏ်လှိုင်လင်း
လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။
“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။
သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။
ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာအများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။
ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။

မင်းပြားမြို့နယ်မှ ပျောက်ဆုံး အမျိုးသမီး ၆ ဦး မိဘများ လက်သို့ ပြန်လည် လွဲပြောင်း ......................

(နိရဉ္စရာ- ၂၂ ဒီဇင်ဘာ ၂၀၁၃)
Minbya signboardရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာအချို့မှ အလုပ် လုပ်ရင်း ပျောက်ဆုံးသွား
ခဲ့သည့် အမျိုးသမီးငယ် (၆) ဦးအား မင်းပြားရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ မိဘများထံသို့ ယမန်နေ့က လွှဲ
ပြောင်း အပ်နှံလိုက်သည်ဟု သတင်း ရရှိသည်။
၎င်းအမျိုးသမီးငယ် (၆) ဦးအား မင်းပြားမြို့ပေါ် ရပ်ကွက် အချို့မှ အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင်
ရဲတပ်ဖွဲ့မှ လွှဲပြောင်း ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးဝင်းကျော်က ပြော
ကြားသည်။
“ မနေ့ကည နေ့လယ် ၁၂ နာရီမှာ မင်းပြားရဲ စခန်းကို ရောက်ပါတယ်။ တစ်ဦးချင်းစီကို ရဲက စစ်
ဆေးချက်တွေ ယူပါတယ်။ ညနေပိုင်း ၅ နာရီခန့်မှာ မိဘ ဖြစ်သူတွေထံကို လွှဲပြောင်း ပေးအပ်ပါ
တယ်။
အဲဒီ အမျိုးသမီးငယ် တွေကို လွှဲပြောင်းတာမှန်ကန်ကြောင်း မင်းပြားမြို့ပေါ် အလယ်ပိုင်း၊ အောက်
ရွာပိုင်းရွာနဲ့ ဈေးဟောင်းပိုင်းက ရပ်ကွက် အုပ်ရေးမှူးတွေက အသိသက်စေ အဖြစ် လက်မှတ်ရေး
ထိုးပြီး လွှဲပြောင်း လိုက်တာပါ” ဟု ယင်းက ဆိုသည်။
မင်းပြားမြို့နယ် သင်ပုန်းချောင်း အုပ်စု အ၀ရွာ၊ ပြားရှည်ပြင်ရွာနှင့် ခွဆုံရွာတို့မှ မချိုချိုဝင်း (၁၇) နှစ်
မဌေးဌေးးသန်း( ၂၂) နှစ်၊ မသင်းသင်းစိုး( ၁၅) နှစ်၊ မစိုးစိုး (၂၂) နှစ် ၊ မလှဖြူ (၁၄) နှစ်၊ မလုံးလုံး
(၂၃) နှစ် တို့ သည် မြေပုံမြို့နယ်ရှိ လမ်းလုပ်ငန်းခွင် တစ်ခုမှ အလုပ် လုပ်နေစဉ် ယခုလဆန်းပိုင်း
က ပျောက်ဆုံးသွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် သူမတို့ (၆) ဦးအား တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဆောက်လုပ်ရေး လုပ်
ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
“ သူတို့ကို မိဘတွေ မသိဘဲနဲ့ ခေါ်ယူသွားတာက အေဘီစီ ဆောက်လုပ်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ
ဖြစ်ကြတဲ့ ကိုထိန်လင်းနဲ့ ကိုရာဇာတို့ ဖြစ်ကြပါတယ်။ သူတို့ကို တနင်္သာရီတိုင်းမှာ အလုပ် လုပ်ဖို့
ခေါ်သွားတယ်လို့ သိရပါတယ်။ ခေါ်သွားတဲ့ သူတွေကို တရားစွဲ မစွဲဆိုတာကတော့ မနက်ဖြန်မှ သိ
ရမယ်။ မိဘတွေက သမီးဖြစ်သူတွေကို မေးမြန်းပြီး ကျေနပ်မူ ရှိတယ်ဆိုရင် တရားမစွဲဘူး။ မကျေနပ်
ရင် တရားစွဲမယ်” ဟု သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။
မင်းပြား ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိမှ နောက်နောင် ယခုကဲ့သို့ ဥပဒေနှင့် မညီဘဲ သွားလာ
ခေါ်ဆောင်မူများ မပြုလုပ်ကြရန်နှင့် ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မည်သို့ ရှိ
သည်ကို ရှင်းပြ ပြောဆိုမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယခုအခါ ၎င်းအမျိုးသမီးငယ်များမှာ နေရပ်ကျေးရွာ အသီးသီးသို့ မိဘများနှင့် အတူ ရောက်ရှိသွားခဲ့
ပြီဟု သိရသည်။
နိဉ္စရာ-သတင်းဋ္ဌာန by admin
အိမ်ထောင် တစ်ခုမှာ အချစ်အပြင် တစ်ခြား လိုအပ် တာက သစ္စာ တရားပါ..........................

အိမ်ထောင် တစ်ခုမှာ အချစ် အပြင် တစ်ခြား လိုအပ်တာက သစ္စာတရားပါ နန်းသူဇာ လူရယ်လို့ ဖြစ်လာ
ရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်
ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ ဆိုပြန်ပါ တယ်။
အချစ် ဒသန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆို ကြသလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြား
မှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...
မြင်မြင်ချင်း ချစ်မယ်လို့ မထင်ဘူး
မြင်မြင်ချင်း အချစ်ဆိုတာမျိုး ကို ရှိမယ်လို့ မထင်ဘူး။ ကြားပဲကြား ဖူးတာပါ။ မြင်မြင်ချင်း ကြိုက် တာလို့ ပဲ
ထင်ပါတယ်။ ကောင်လေးတစ် ယောက်က ကောင်မလေး တစ်ယောက် ကိုမြင်သွားရင် ချစ်သွားတယ်လို့
မ ထင်ဘူး။ ကောင်မလေး ပုံစံကိုကြည့် ပြီး သူနဲ့လိုက်မယ် ထင်လို့ကြိုက်သွား တာပဲဖြစ်မှာပါ။
ဆယ်ကျော်သက် အချစ်က
ဆယ်ကျော်သက် အချစ်က ဆယ်ကျော်သက် အချစ်ပါ။ ဒီတစ် ယောက်မှ ဒီတစ်ယောက်ကို ချစ်ပြီး မြဲ မယ်
ထင်တာတွေ မမြဲခဲ့တာလည်းရှိ တာပဲ။ တစ်ဖက်သတ်ကြိုက်တာ တွေလည်းရှိတာပဲ။ အဲဒါကတော့ ဆယ်
ကျော်သက်အချစ်ပေါ့။
ကိုယ့်အတွက် အချစ်က ပှုလောင်တယ်၊ အေးချမ်းမှု မရှိပါဘူး...
ဆယ်ကျော်သက် အရွယ်က အချစ်တို့၊ အသက် အရွယ် ရလာပြီး နောက်ပြီးမှ အချစ်ဆိုတာ မျိုးတော့ မရှိ
ပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ ရင့် ကျက်ပြီးတစ်ယောက်တည်း ကိုချစ် သွားတာလည်း ရှိတာပဲ။ အသက်
ကြီး မှချစ်ရတဲ့ သူကိုတွေ့ပြီး ချစ်သွားတာ လည်းရှိပါတယ်။ နန်းသူဇာအတွက် အချစ်ကပူလောင်တယ်။
အေးချမ်း တယ်မရှိပါဘူး။ အဓိကက နားလည် မှုတစ်ခုပါပဲ။ လူနှစ်ယောက်မှာ တစ် ဘဝလုံး သွားဖို့အ
တွက် မိသားစု အပြင် အချစ်ကို ရာခိုင်နှုန်းနဲ့ ပြောရရင် မတရားဘူးလို့ ထင်တယ်
အချစ်က ရာခိုင်နှုန်းနဲ့ ပြောလို့ မရဘူး။ ရာခိုင်နှုန်းနဲ့ ပြောရင် မတရားဘူးလို့ နန်းသူဇာထင်ပါတယ်။ အ
ချစ်နဲ့ လက်ထပ်ခြင်းက အချိုးကျ လားဆိုတာကတော့ မိန်းကလေးဆိုလည်းသူ့ရဲ့ခံစားချက် ဆုံးဖြတ်ချက်
အပေါ်မှာပဲမူတည် ပါတယ်။ အချစ် မပါဘဲနဲ့ အိမ်ထောင်ရေးက မြဲချင်မှ မြဲမှာပါ။ အိမ်ထောင် တစ်ခုမှာ
အချစ် ကအရေးပါပါတယ်။
အိမ်ထောင်ပြုခါနီး စဉ်းစားကြပါ
အိမ်ထောင် တစ်ခုမှာ အချစ် အပြင် အခြားလိုအပ်တာက သစ္စာ တရားပါ။ မိန်းမဆိုလည်း မိန်းမကျင့်
ဝတ်နဲ့ အညီ နေထိုင်ဖို့လိုပါတယ်။ လင်နဲ့မယားမှ လျှာနဲ့သွားမဟုတ်ပါ ဘူး။ သူငယ်ချင်းအချင်းချင်း
လည်း လျှာနဲ့သွားလိုပါပဲ။ အချင်းချင်းရန် ဖြစ်ပြီးလည်း ပြန်ချစ်သွားတာပါပဲ။ နန်းသူဇာအတွက် အိမ်
ထောင်ပြုဖို့ က ဝေးပါသေးတယ်။
အိမ်ထောင်ပြုခါနီး စဉ်းစာကြပါ.....။
By 8 Days
အမျိုး သမီး မောင်းနှင် လာသော ကား အမြန် လမ်းတွင် တိမ်းမှောက်......................
ရန်ကုန်-မန္တလေး အမြန်လမ်း မပေါ်တွင် အမျိုးသမီး တစ်ဦး မောင်းနှင်လာသော ကားမှာ အရှိန် မထိန်း
နိုင်ဘဲ တိမ်းမှောက်ခဲ့၍ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီး တစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကား
သည် မိုင်တိုင် အမှတ် ၁၀ ကြား အရောက်တွင် လမ်းကွေ့ကြော အားကွေ့စဉ် ယာဉ်အရှိန်မ ထိန်းနိုင်ဘဲ
လမ်းလယ်ကျွန်းတွင် ကာရံ ထားသော တန်းများကို တိုက်မိခဲ့သည်။
ထို့နောက် လမ်းလယ်ကျွန်းရှိအုတ်ကန်ကို ၀င်တိုက်မိပြီး ယာဉ်ရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် နှင့် အသက်
၁၃ နှစ်အရွယ် ကလေးတို့မှာ နှာခေါင်း၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။
““ကားပေါ်မှာတော့ သူရယ်ကလေးနှစ်ယောက်ပဲပါတယ်။ အမြန်လမ်းမှာ ယာဉ်မှောက်တာအမျိုးသားတွေ
ပဲများတယ်။ အမျိုးသမီးမောင်းလို့ ယာဉ်တိမ်းမှောက်တာသိပ်မရှိဘူး”” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရ
ရှိသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းကြေသွားခဲ့ပြီး ကိုယ်ထည်များတွင်လည်းပွန်းပဲ့သွားခဲ့ရာ
ငွေကျပ်တန်ဖိုးသိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ၎င်းအား အမှတ် (၃)အမြန်လမ်းမရဲစခန်း မှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7day Daily
video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့Videoder (One Click Video Downloader) v4.1.1 apk for Android
video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့
Videoder(One Click Video Downloader)update လေးတွေ့ လို့ တင်ပေးလိုက်
ပါတယ်။ဒီကောင်လေးက TubeMate နဲ့ တူတယ်။video quality ရောရွေးပီးဒေါင်းလို့ 
ရတယ်။မိမိစိတ်ကြိုက် video ပေါ် ကလစ်တစ်ချက် နှိပ်တာနဲ့ ဒေါင်းရုံပဲ။
တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပဲ။စတိုင်ကလည်း ရိုးရိုးလေးရယ်။မျက်စိနောက် သက်သာတယ်။သုံးချင်ရင်တော့အောက်ကလိပ်စာမှာယူလိုက်ပါ။အဆင်ပြေပါစေ။http://www.amyokaungtarr.com/2013/12/videoder-one-click-video-downloader.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FFwmdR+%28%E1%80%A1%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%29
Download
=================
Saturday, December 21, 2013
အသုဘကမ္မဋ္ဌာန်း စီးဖြန်းပုံ. ........................................
အသုဘ ဟူသမျှသည် မတင့်တယ်ဖွယ် အတူတူပင် ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ရာဂစရိုက်-တပ်မက်နှစ်သက်မှု များသောပုဂ္ဂိုလ်များအတွက် ရာဂစရိုက် လျော့ပါးအောင် အသုဘကမ္မဋ္ဌာန်းကို ရှုရပါ သည်။ ထိုသို့ရာဂစရိုက် ဖြစ်ပေါ်ရာ၌ တပ်မက်နှစ်သက်မှု ပုံစံ အမျိုးမျိုးရှိကြသည့်အတွက် ထိုတပ်မက်နှစ် သက်မှု ကွဲပြားသည့် အလျောက် အသုဘ ၁၀-မျိုး ခွဲခြမ်းထားခြင်း ဖြစ်ပါသည်။

(၁) ကိုယ်နေဟန်ထား-ကာယအလှမောင်မယ်တိ
(၂) အရောင်အဆင်း ၀ါဝင်းဖြူဖွေးသောအဆင်းကို နှစ်သက်တပ်မက်သူသည် ၀ိနီလကအသုဘ=ညိုမဲနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
(၃) အမွှေးနံ့သာ ပန်းနံ့သာ ဆင်မြန်းထားသဖြင့် ကိုယ်နံ့တသင်းသင်း မွှေးပျံ့ခြင်းကို စုံမက်သောစရိုက်ရှိသူသည် ၀ိပုဗ္ဗကအသုဘ=ပြည်ပုပ်များယိုကျ
(၄) တစုတပေါင်းတည်း လုံးလုံးကျစ်ကျစ် တဆက်တစပ်တည်း တင့်တယ်မှုကို
စုံမက်သောသူသည် ၀ိစ္ဆိန္ဒကအသုက=ခါးတပိုင်း ပြတ်နေသော အကောင်ပုပ်
စက်ဆုပ်စရာကို ရှုရမည်။
(၅) အိအိစက်စက် အသားဆိုင်ညက်ညက် ဖောင်းဖောင်းအိအိ ပြည့်ပြည့်ဖြိုးဖြိုး
နှစ်သက်တတ်သူသည် ၀ိက္ခာယိတကအသုဘ=ကျီး၊ ခွေး၊ လင်းတတို့ အသားဆိုင်များကို
ကိုက်စားထားသဖြင့် ပုံပန်းပျက်နေသော သူသေကောင်ပုပ်ကို ရှုရမည်။

(၆) ခေါင်း၊ ခါး၊ ခြေ၊ လက်၊ အင်္ဂါကြီးငယ် တင့်တယ်လှသည်ဟု တစိမ့်စိမ်ကြည့်ရှု နှစ်သက်သောသူသည် ၀ိက္ခာယိတကအသုဘ=ခြေ၊ လက်၊ ကိုယ်၊ ခေါင်း၊ တကွဲတပြားစီ ပစ်ထားသော မနှစ်သက်ဖွယ် အသုဘကို ရှုရမည်။(တခုချင်းဖြစ်နေလျှင် နှစ်သက်ဖွယ်မဟုတ်တော့)။
(၇) ရွှေငှက်ပျောအသွင် မထင်ရိုးဆစ်၊ ချေမောပြေပြစ်သော ခန္ဓာကိုယ်ကို နှစ်သက်သူသည် ဟတ၀ိက္ခိတ္တကအသုဘ=ဒဏ်ရာအမျိုးမျိုး မွှမ်းထား ခုတ်လှီးထားသော မတင့်တယ်ဖွယ် အသုဘကို ရှုရမည်။
(၈) ရွှေငွေတန်ဆာ ရတနာအမျိုးမျိုးတို့၏ အရောင်ကြောင့် ပြောင်ပြောင်လက်လက် တင့်တယ်သည်ဟု နှစ်သက်တတ်သူသည် လောဟိတကအသုဘ=ဒဏ်ရာအမျိုးမျိုးတိ
(၉) ငါတဦးတည်း ပိုင်နိုင်စိုးမိုးသည်ဟု မြတ်နိုးစုံမက်တတ်သူသည် ပုဠုဝကအသုဘ=မရေတွက်နိုင်သော ပိုးလောက်တို့ တဖွားဖွားကျနေသော သူသေကောင်ပုပ်ကို ရှုရမည်။
(၁၀) ဖြူဖွေးသောသွား၊ ပုလဲကုံးအလားဟု အရိုးကောင်းဖြစ်အင် ခုံမင်နှစ်သက်သူသည် အဋ္ဌိကအသုဘ= အရိုးများကျနေသော အကောင်ပုပ် စက်ဆုပ်စရာကို ရှုရမည်။
၁။ ဥဒ္ဓုမာတက အသုဘ -သေသည်မှအထက် ၂-ရက် ၃-ရက်ကြာသည့်အခါ ဖူးဖူးရောက်ပုပ် စက်ဆုပ်ဖွယ်ရာမသာလောင်း။
၂။ ၀ိနီလက အသုဘ -ဖြူနီ သဘော၊ ရောနှောစပ်တွဲ၊ ညိုမဲမဲပုပ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။
၃။ ၀ိပုဗ္ဗက အသုဘ -ပြည်တစိုစို၊ ပေါက်ကွဲယိုပြီး၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။
၎။ ၀ိစ္ဆိဒ္ဒက အသုဘ -ထက်အောက်နှစ်ရက်၊ မဆက်စပ်အောင်၊ အပိုင်းပိုင်း
ဖြတ်တောက်လျှက်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။
၅။ ၀ိက္ခာယိတက အသုဘ - ခွေး၊ လင်းတ၊ ကျီး၊ အသီးသီးတို့၊ နည်းမျိုးစုံပြား၊ ဖုံဖုံအားဖြင့်၊ ခဲစားထားသော
စက်ဆုပ်ဖွယ်ရာမသာလောင်း။
၆။ ၀ိက္ခိတ္တက အသုဘ -လက်ခြေခေါင်းကိုယ်၊ ဖရိုဖရဲ၊ ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော
စက်ဆုပ်ဖွယ်ရာမသာလောင်း။
၇။ ဟတ၀ိက္ခိတ္တက အသုဘ -ကျီးခြေမယွင်း၊ ဓါးဖြင့်မွှန်း၍၊ ညှဉ်းအပ်ထိုထို၊ လက်ခြေကိုယ်တို့၊ ဖရိုဖရဲ၊
ထိုထိုကြဲသဖြင့်၊ လွှင့်ပစ်ထားသော၊ စက်ဆုပ်ဖွယ်ရာမသာလောင်း။
၈။ လောဟိတက အသုဘ -သွေးများထွက်ယို၊ တကိုယ်လုံးပေ၊ လိမ်းကျံနေသော၊ မသာလောင်း။
၉။ ပုဠုဝက အသုဘ -ပိုးလောက်တွေပြည့်၊ ကျိကျိတက်နေ၊ ထွက်စေတတ်သော၊ မသာလောင်း။
၁၀။အဋ္ဌိက အသုဘ -အရိုးစုပေါင်း၊ တစ်ချောင်းဖြစ်စေ၊ အသရေယုတ်၊ စက်ဆုပ်ဖွယ်ရာ မသာလောင်း။
( အသေလွတ်နည်း ) http://buddhagonyi.blogspot.com/2012/12/blog-post_22.html
ကိုယ့်ထက်ကြီးသူ ၊ ကိုယ့်အောက်လူ ၊ရွယ်တူသေတာများလှပြီ ။
ခန္ဓာမစဲ ၊ အိုစမြဲ ၊ငါလဲသေဘို့နီးခဲ့ပြီ ။
မသေသေးမှီ ၊ပါရမီ ၊ငါသည့် ဖြည့်မှတော်လိမ့်မည် ။
ဝိပဿနာ ၊ ဘာဝနာ ၊ ငါဟာပွားမှတော်တော့မည် ။