Monday, December 9, 2013
Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3
သူငယ်ချင်းများအတွက် Activation Code တောင်းစရာ/ထည့်စရာ မလိုတဲ့ Viber နောက်ဆုံး version 3.0.1.3 ကိုရယူနိုင်ပါပြီ။
Android ဖုန်းအားလုံးအတွက် Activation code မရတဲ့ ၊ code တောင်းရတဲ့
ဒုက္ခတွေကနေ ကင်းဝေးစေ မယ့် Activation Code ဖြည့်စရာမလိုတဲ့ Viber v3.0.1.3
ကိုတင်ပေးလိုက်ပါတယ်။
Code သီးသန့်တောင်းစရာမလိုတော့တဲ့အတွက်တော်တော်လေးအဆင်ပြေကြမှာပါ။
အခု Viber ဆော့ဝဲ ထဲမှာ မိမိတို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်တာနဲ့ သူ့ဘာသာသူ code ဖြည့်ပြီး activate ဖြစ်သွားမှာပါ။
ဆော့ဝဲသွင်း ဖုန်းနံပါတ်ရိုက်ပြီးအသင့်သုံးရုံပါပဲ။ ကြိုက်တယ်ဆိုရင်အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။
Click Here =>>Downloads
အောက်ကလင့်မှာ သွားရောက် ကြည့်ရှု့လိုက်ပါ..
တရုတ်ခရီးမှာ ရန်ကုန်က ဝတ်သွားတဲ့အတိုင်း၂ ရက်တိတိ နေခဲ့ရသူများ .........................
Sunday, December 8, 2013
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို သွားရောက်ပြသခဲ့ပါတယ်။

တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook) ဒီရုပ်ရှင် ပွဲတော်ကို မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းနိုင်၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အောင်ခိုင်၊ Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးမှ ခင်စန္ဒာမြင့်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲတော်သွားရောက်မှု အတွေ့အကြုံနဲ့ ပတ်သက်ပြီး
“ကျနော်တို့ တဖွဲ့လုံးက တရုတ်စကား ပြောတတ်တဲ့သူ တယောက်မှ မပါဘူး ဆိုတော့ သွားတဲ့ရက်မှာ ကျနော်တို့ လေယာဉ် အကူးအပြောင်းလုပ်တဲ့ ကူမင်းမြို့မှာ လေယာဉ်ချိန် ပြောင်းသွားတယ်။ အဲဒါကြောင့် လေကြောင်းလိုင်းကနေ တာဝန်ယူပြီး ဟိုတယ်တခုကို ပို့ပေးတယ်။
စကား လုံးဝ မပေါက်တဲ့အတွက် လန့်လည်းလန့်တယ်။ စိတ်လည်း ပူတယ်။ ညကြီး ဖြစ်နေတဲ့အတွက် ဘယ်သူ့ကိုမှ ဖုန်းဆက်လို့ မရဘူး။ ရင်ခုန်စရာလေးနဲ့ အမှတ်တရ တခုလေးပါ။ နောက်တနေ့ ရောက်တော့လည်း ကူမင်းကနေ ပွဲတော်လုပ်တဲ့ ၀ူဟန်မြို့ကို လေယာဉ် အဆင်ပြေပြေနဲ့ ရောက်ပေမဲ့ ဟိုရောက်တော့ ကျနော်တို့ရဲ့ အိတ်တွေ မပါလာဘူး။
ခရီးသွားတုန်း ၀တ်ထားတဲ့ အ၀တ်အစားတွေ ကျနော်တို့ တဖွဲ့လုံး နှစ်ရက်ဆက်တိုက် ၀တ်လိုက်ရတယ်။ ပြန်တွေးကြည့်တော့ ပျော်စရာကြီးဗျ။ ပွဲတော်က တရုတ်ရုပ်ရှင် ပွဲတော် ပါတယ်၊
International ရုပ်ရှင်ပွဲတော် ပါတယ်။ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲ ပွဲတော်ရှိတယ်။ အဲဒီထဲက ပွဲတော်တခုကို ဒီကနေ ၀တ်သွားတဲ့ နှစ်ရက်စာ အ၀တ်အစားနဲ့ ကျနော်တို့ တက်လိုက်ရတယ်” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ International ရုပ်ရှင်ပွဲတော်မှာ ပြပွဲတင် ၂၈ ကားရှိပြီး အဲဒီ ၂၈ ကားထဲမှာ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားပါတယ်။
“ပြပွဲဝင်တဲ့ကားတွေကို သူအချိန်နဲ့သူ ပြပါတယ်။ ဒါပေမဲ့ ဆွေးနွေးတာမျိုးတွေ မရှိပါဘူး။ အခြား ရုပ်ရှင်ကား ကြည့်ဖို့လည်း အခွင့်အရေး မရပါဘူး။
ကျနော်တို့ကို နောက်တရက်မှာ ဧည့်သည်တွေ အနေနဲ့ သူတို့ မြို့တွင်းနေရာများကို လိုက်ပို့ပါတယ်။ လည်ဖို့ ပတ်ဖို့ စီစဉ်ပေးတယ်။ Dinner တွေ ဖိတ်ကျွေးတယ်။
တရက်က International ရုပ်ရှင် ဆုပေးပွဲ တက်ရပါတယ် ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
ပြပွဲမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားများအတွက် ဆုပေးပွဲကို ရုပ်ရှင်ရုံ တရုံမှာ အကျဉ်းရုံး ပြုလုပ်တာ ဖြစ်ပြီး တရုတ်ရှပ်ရှင် ပွဲတော်ရဲ့ ဆုပေးပွဲ အခမ်းအနားကို အကြီးအကျယ်၊ အခမ်းအနားဆုံး ပြုလုပ်တယ်လို့ သိရပါတယ်။
“ဆုပေးပွဲကတော့ ကျနော်တို့ဆီမှာလိုပါပဲ၊ တင်ဆက်မှုတွေ၊ ဆုတဆုနဲ့ တဆုကြားမှာ Performance တွေ၊ သီချင်းဆိုတာတွေ၊ တင်ဆက်တာတွေကို ခမ်းခမ်းနားနား လုပ်ပါတယ်။
ပြီးတော့ ထူးခြားတာက ပွဲမစခင်မှာ Celebrity တွေ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေရဲ့ Red Carpet (ကော်ဇောနီ) လျှောက်တဲ့ အခမ်းအနား ပါဝင်ပါတယ်။
ကော်ဇောနီ လျှောက်တဲ့ အခမ်းအနားကို စနစ်တကျ သီးသီးသန့်သန့် စီစဉ်ထားတာပါ။
၅ နာရီမှာ ကော်ဇောနီလျှောက်ဖို့ စမယ်ဆိုရင် ၄ နာရီလောက် ကတည်းက တဖွဲဖွဲ ရောက်လာပြီး နားနေခန်းထဲမှာ နေကြတယ်။ ၅ နာရီမှာ ကော်ဇော်နီ စလျှောက်တယ်။
ကော်ဇောနီပေါ် ပရိသတ်တွေရော၊ စာနယ်ဇင်းတွေရော၊ ကင်မရာမန်းတွေရော တက်လို့မရဘူး။ အားလုံး သူ့နေရာနဲ့သူ ရှိနေကြတယ်။
အဲ့ဒီတော့ ကျနော်တို့ဆီမှာလို ၀ရုန်းသုန်းကား ရှုပ်ပွနေတာတော့ မရှိဘူး” လို့ စိုင်းစိုင်းခမ်းလှိုင်က တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
တရုတ်နိုင်ငံ ရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ် လမ်းလျှောက်ရတာနဲ့ မြန်မာနိုင်ငံရဲ့ အကယ်ဒမီပေးပွဲ ၀င်တဲ့ လမ်းကြောင်းပေါ် လျှောက်ရတာ ခံစားမှု ကွာခြားလားဆိုတာနဲ့ ပတ်သက်ပြီး
“ဘယ်လိုပဲ ခမ်းနားအောင် ပြင်ဆင်ထားပေမဲ့လည်း ဒီပရိသတ်က ကိုယ့်ပရိသတ်မှ မဟုတ်တာ။ ဘယ်သူမှ မသိဘူး။
ဒီအတိုင်းပဲ လျှောက်တယ်ဆို လျှောက်သွားတာပဲပေါ့။
သူတို့မင်းသားတွေ အတွက်ကတော့ သူတို့ပရိသတ်တွေနဲ့ ပျော်စရာကောင်းမှာပေါ့၊
ကျနော်ကကျတော့ ကျနော့်ပရိသတ်က ဒီမှာပဲရှိတာကိုး၊
ဒီမှာ ကျနော်တို့ကို ချစ်တဲ့လူတွေ ပရိသတ်တွေ ရှိတယ်ဆိုတော့ ကော်ဇောနီပဲ လျှောက်ရ လျှောက်ရ ကော်ဇောမပါပဲ ဖြစ်ဖြစ် ကျနော်ကတော့ ကိုယ့်ပရိသတ်ကြားမှာ လျှောက်သွားရတဲ့ အရသာကိုပဲ ပိုကြိုက်တာပေါ့။ ပိုပြီးပျော်တယ် ” လို့ စိုင်းစိုင်းခမ်းလှိုင် က ဆိုပါတယ်။
အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ကားကို တရုတ်နိုင်ငံရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ပြသမှုနဲ့အတူ အတွေ့အကြုံ ရချင်လို့၊ ရောက်ဖူးချင်လို့ စိုင်းစိုင်းခမ်းလှိုင်က သွားခဲ့တာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရှိပေမဲ့ နောက်ထပ် ရုပ်ရှင်ပွဲတော်တွေကို သွားဖို့ မပြောတတ်သေးဘူးလို့ သိရပါတယ်။
- ခင်လေးမြင့်
အလင်းတန်းဂျာနယ်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည် ဖော်ပြပါတယ်။
ဆီးဂိမ်းကိုဂုဏ်ပြုကာ ဧရာဝတီမြစ်အား တစ်ကိုယ်တော် လက်ပစ်ကူး .....................
Sunday, December 8, 2013
ဓါတ်ပုံ - Lusoe Lay
မုံရွာ၊ မဇ္ဈိမ။ ။ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် နေထိုင်သော အသက်၅၈နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် တစ်မိုင်ကျော်ကျယ်သော ဧရာဝတီမြစ်ကို ဒီဇင်ဘာလ ၆ရက် နံနက် ၁၀နာရီခန့်က အသွားအပြန်လက်ပစ်ကူးဂုဏ်ပြုခဲ့သည်ဟု မြင်းမူမြို့နယ် အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ အမျိုးသားကြီးသည် မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်း ထာဝရကျောင်းသားကြီး၊ ST သိုင်းရိုင်းဖြူ(ခ) ဘကြီး၊ ဗိုလ်ကြီး(ခ) ဦးသိန်းဇော်ဖြစ်ပြီး မြင်းမူမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။
သိုင်းရိုင်းဖြူ(ခ) ဘကြီးသည် ဒီဇင်ဘာလ ၆ရက် နံနက် ၁၀ နာရီတွင် မြင်းမူမြို့၊ ညောင်ဦးဖီးဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြီးကို မိကျောင်းကူးနည်းဖြင့် လက်ပစ်ကူးစွမ်းရည်ပြသခဲ့ပြီး မနက် ၁၁ နာရီ ၅၅ မိနစ်တွင် မြစ်တစ်ဘက်ကမ်းရှိ ငါန်ဇွန်မြို့နယ်၊ ရေလည်သောင်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ထိုဆိပ်ကမ်းတွင် ခေတ္တ အနားယူပြီးနောက် ဘကြီးသည် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် ငါန်ဇွန်မြို့နယ်၊ ရဲပဒိုင်း ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို ပြန်လည်ကူးခတ်လာခဲ့ရာ နေ့လည် ၁ နာရီ ၁၅မိနစ်တွင် မြင်းမူမြို့နယ်၊ အာသောကရပ်ကွက်၊ သုံးအိမ်တန်း ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
ယင်းသို့ တစ်ကိုယ်တော် စွမ်းရည်ပြကာ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုခဲ့ခြင်းကို ဒေသခံ (၅၀၀)ကျော်က လာရောက်ကြည့်ရှုခဲ့ပြီး ဆုငွေချီးမြှင့်မှုများလည်း ရှိခဲ့သည်ဟု အားကစားနှင့် ကာယဗလအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
Written by ကိုတိုးကြီး
Mizzima - News in Burmese

Thit Htoo Lwin - News
အမျိုးသမီးငယ်တဦးကို ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား လူကုန်ကူး ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း အရေးယူခြင်းမရှိ ..............
Sunday, December 8, 2013
ဒီဇင်ဘာလ ၇ ရက် (ပုသိမ်)
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ အမျိုးသမီးငယ်တဦးအား အလုပ်ပေးမည်ဟု ဖျားယောင်းသွေးဆောင်ကာ နေပြည်တော်ရှိ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ခဲ့သူအား ပုသိမ်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုထံ တိုင်ကြား ထားသော်လည်း ယနေ့ထက်တိုင် တစုံတရာ အရေးယူခြင်းမရှိကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်မရှိဖူးသူ (အပျို) အမျိုးသမီးငယ်တဦးအား ကန်ကြီးထောင့်မြို့နယ် ၀ါးထူးအုပ်စု အကယ်ကျေးရွာနေ နန့်ကြူကြူငွေက ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းတွင် နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သော နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ နန့်ကြူကြူငွေမှာ လူပို့ပေးခ ၅ သိန်းကျပ် ရရှိခဲ့ကြောင်း၊ ပို့ဆောင်ခံရသူ အမျိုးသမီးငယ်မှာ ကိုယ်လွတ်ရုန်းထွက် ပြေးလာပြီး ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ထံ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုင်ကြားခဲ့ရာ ယနေ့အထိ အရေးယူခြင်း မရှိကြောင်း
အမျိုးသမီးငယ်အား လိုက်ပါကူညီ ပေးနေသည့် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဝင်းထွန်းနိုင်က Myanmar News Now ကို ပြောသည်။
“ကောင်မလေးအမေက နေမကောင်းဘူး။ သူတို့မိသားစုက ဆင်းရဲတော့ ဆေးကုဖို့ ငွေလိုနေတယ်။ ကောင်မလေးကလည်း ငွေလိုလို့ အလုပ်ရှာနေတဲ့အချိန် နန့်ကြူကြူငွေက ရန်ကုန်မှာ စားပွဲထိုး အလုပ်ရမယ်လိုက်မလားဆိုပြီး ခေါ်တယ်။ ကောင်မလေးကလည်း နန့်ကြူကြူငွေနဲ့ သူငယ်ချင်းတွေ။ မိသားစုချင်းတွေကလည်း ရင်းနှီးနေတာကြောင့် လိုက်သွားတယ်။ ပြီးတော့ ရန်ကုန်ကိုမပို့ဘဲ နေပြည်တော်ခေါ်သွားပြီး ပြည့်တန်ဆာအိမ်ကို ပို့ပစ်လိုက်တယ်။ သူ့ကို
ဟိုအိမ်က ၅ သိန်းပေးတယ်လို့ သိရတယ်။ နောက်တော့ ပြည့်တန်ဆာအိမ်မှာ ရောက်နှင့်ပြီးသား မိန်းကလေးတွေက ဒီကလေးမကို သနားတာနဲ့ သူတို့လိုမဖြစ်အောင် ၀ိုင်းကယ်ပြီး အိမ်ပြန်နိုင်အောင် ၀ိုင်းကူညီလိုက်ကြတယ်။ ရွာပြန်ရောက်လာတော့ ကောင်မလေးက မကျေနပ်လို့ တိုင်ချင်တယ်ဆိုတော့ ကျနော်ကိုယ်တိုင် လူကုန်ကူးအဖွဲ့ဆီကို လိုက်ပို့ပေးပြီး တိုင်ချက်ဖွင့်ထားတယ်။ ဒါပေမယ့် ဒီနေ့ထက်ထိ ဘာမှအရေးယူတာ မရှိဘူး”ဟု သူက ပြောသည်။
နန့်ကြူကြူငွေက အမျိုးသမီးငယ်အား အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ် - နေပြည်တော် ပြေးဆွဲနေသည့် “ထွန်းတောက်” အမြန်ယာဉ်ဖြင့် နေပြည်တော်သို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
နန့်ကြူကြူငွေနှင့် ငယ်သူငယ်ချင်းများဖြစ်သည့်အတွက် ယုံကြည်ပြီးလိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရမည်ဟု ပြောဆို၍ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မူလက ရန်ကုန်၌အလုပ်ရှာပေးမည်ဟုပြောဆိုသော်လည်း နေပြည်တော်သို့ ခေါ်ဆောင်သွားပြီး မိမိအား ပြည့်တန်ဆာအိမ်၌ ထားရစ်ခဲ့ကာ နန့်ကြူကြူငွေ ပြန်သွားခဲ့ကြောင်း အသက် ၂၄ နှစ်အရွယ် ကာယကံရှင် အမျိုးသမီးငယ်က Myanmar News Now ကို ပြောသည်။
“သူပြောတော့ ရန်ကုန်ဆိုပြီး ရန်ကုန်ရောက်တော့ ဒီမှာအလုပ်မကောင်းဘူး။ နေပြည်တော်မှာဘဲ အလုပ်ဆက်ရှာပေးမယ် ဆိုပြီး ခေါ်သွားတယ်။ နေပြည်တော်ရောက်တော့ မှောင်နေပြီ။ သူက ဖုန်းနဲ့ဆက်လိုက်တော့ အစ်မကြီးတယောက်က ဆိုင်ကယ်နဲ့ လာခေါ်တယ်။ နှစ်ထပ်အိမ်တအိမ်ကို ခေါ်သွားတယ်။ သူ (နန့်ကြူကြူငွေ) က ဆိုင်ရှင်ဆိုတဲ့အစ်မကြီးနဲ့ မိတ်ဆက်ပေးတယ်။ အဲဒီအစ်မကြီးက နင်ပင်ပန်းနေပြီ။ သွားနားလိုက်တော့ဆိုပြီး သူတို့လူတွေနား တဲ့နေရာကို ခေါ်သွားခိုင်းတယ်။”
“အခန်းထဲရောက်တော့ ကောင်မလေးတွေက ကျမကိုကြည့်ပြီး နင်ဒီမှာ ဘာလာ လုပ်တာလဲတဲ့။ ကျမက အလုပ်လာလုပ်တာလို့ပြောတယ်။ ဒါဆို နင်ကအိမ်ထောင်သည်လား ကလေးဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ ကျမက ကလေးလည်းမရှိဘူး။ အိမ်ထောင်လည်း မရှိပါဘူးလို့ပြောတော့ သူတို့က နင်ဒီမှာမနေနဲ့။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက မကောင်းတာ လုပ်စားတဲ့လူတွေချည်းပဲ။ အဲ့ဒီအလုပ်မလုပ်ရင်လည်း ပိုက်ဆံမရဘူးဆိုပြီးပြောတော့ ကျမ ချက်ခြင်းပဲ နန့်ကြူကြူငွေကို လိုက်ရှာတယ်။ သူ့ကိုတွေ့တော့ နင်ငါ့ကိုပြန်ခေါ်ပါ။ ငါဒီမှာ မနေပါရစေနဲ့လို့ပြောတယ်။ ငါဒီအလုပ်တွေလည်း မလုပ်ချင်ဘူး။ မလုပ်နိုင်ဘူးလို့ပြောတယ်။ ငါ့မှာနင့်ကိုပြန်ခေါ်ဖို့ လမ်းစရိတ်မရှိဘူး။ လမ်းစရိတ်ရှာ လိုက်ဦးမယ်ဆိုပြီး ကျမကို အဲဒီအိမ်မှာ ထားခဲ့ပြီး သူထွက်သွားတယ်”ဟု သူမက ပြောသည်။
“ကျမဒါတွေမလုပ်နိုင်ဘူး။ ပြန်မယ်ဆိုပြီး ဆိုင်ရှင်မိန်းမကိုသွားပြောတော့ နင်ပြန်လို့ မရဘူး။ နင့်ပိုက်ဆံတွေ သူယူသွားတယ်လို့ ဆိုင်ရှင်ကပြောတယ်။ ပိုက်ဆံက ၅ သိန်း ယူသွားတာ။ အဲဒါနဲ့ ကျမလည်း ပြန်စရာလည်းငွေမရှိ။ နေလည်းမနေချင်တော့ ဘာမှမကြံတတ်တာနဲ့ ငိုနေတော့တယ်။ အဲဒီမှာ အဲဒီအိမ်ကကောင်မလေးတွေက နန့်ကြူကြူငွေကို ဖုန်းဆက်ပြီး ယူသွားတဲ့ ၅ သိန်းကို ပြန်ပေးဖို့၊ မပေးရင် ရဲတိုင်မယ်ဆိုတော့မှ အဲဒီငွေကိုလူကြုံနဲ့ ပြန်ထည့်ပေးတယ်။ ကျမတို့တော့ ပြန်မခေါ်ဘူး။ အဲဒါနဲ့ အဲဒီအိမ်က ကောင်မလေးတွေကပဲ သူတို့လိုဘ၀ မရောက်အောင်ကူညီပြီး လမ်းစရိတ်တွေပါဝိုင်းထုတ်ပေးပြီး ဧရာဝတီတိုင်းကို ပြန်လွှတ်လိုက်တာ။ အသွားတုန်းကလည်း ထွန်းတောက်ကားနဲ့ပဲ။ အပြန်ကျတော့လည်း ထွန်းတောက်ကားနဲ့ပဲ ပြန်လာခဲ့တာ”ဟု သူမက ပြောသည်။
အမျိုးသမီးငယ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် နေရပ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (ပုသိမ်တပ်ဖွဲ့စု) ထံ သွားရောက်တိုင်တန်းခဲ့ရာ ဒုရဲအုပ် သက်ဦးက စစ်ဆေးမေးမြန်းခဲ့ကြောင်း အမျိုးသမီးငယ်အား လိုက်ပါကူညီပေးနေသူ ဒေါ်သန်းလွယ်က ပြောသည်။
“လူကုန်တားတပ်ဖွဲ့က ကိုသက်ဦးက ကောင်မလေးကို စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ နောက်တနေ့မှာ နန့်ကြူကြူငွေကို စခန်းကိုခေါ်စစ်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘာကြောင့်လဲတော့မသိဘူး။ နန့်ကြူကြူငွေကို ဒီနေ့ထက်ထိ ဘာအရေးယူမှုမှ မလုပ်ဘူး။ အဲတော့ နန့်ကြူကြူငွေက ရွာမှာပြန်လာပြီး ငါကစေတနာနဲ့ အလုပ်ရှာပေးတာကို စော်ကားတယ်။ ဘာညာဆိုပြီး ကြိမ်းဝါးနေတော့တာ။ ကောင်မလေးခမျာမှာ ကံကောင်းလို့ ပြည့်တန်ဆာဘ၀မရောက်ဘဲ လွတ်လာတာ။ ခုကျတော့ သူ့ကိုအဲဒီလို ဖာတန်းပို့တဲ့လူ ကျတော့ ဘာမှအရေးယူမခံရဘဲဖြစ်နေတော့
ကျမတို့နိုင်ငံမှာ တရားဥပဒေဆိုတာက ရှိမှ ရှိသေးရဲ့လားလို့တောင် အံ့သြမိတယ်”ဟု သူက ပြောသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ပုသိမ်တပ်ဖွဲ့စုစခန်းမှာ ပုသိမ်မြို့ကိုးသိန်းဘောလုံးကွင်းအနီးတွင် တည်ရှိပြီး တပ်ဖွဲ့စုမှူးမှာ ရဲမှူး ဒေါ်ခင်ခင်စိုးဖြစ်သည်။
by Thit Htoo Lwin

::: အခြားမိန်းမတစ်ယောက်နှင့် ချိန်းတွေ့ခြင်း ::: ...............
Myint Aung shared Ko Ko Swe's photo.
အိမ်ထောင်သက် ၂၁နှစ်ကြာပြီးနောက်ပိုင်းမှာ ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကို အခြားမိန်းမတစ်ယောက်ကိုခေါ်၊ ညစာထွက်စား၊ ရုပ်ရှင်သွားကြည့် ပြုလုပ်စေချင်ပါတယ်။ ဇနီးဖြစ်သူကပြောတယ်။ “ ကျွန်မရှင့်ကို ချစ်ပါတယ်။ ဒါပေမယ့် အဲဒီအခြားမိန်းမဖြစ်သူကလည်း ရှင့်ကိုချစ်နေတယ်၊
နောက်ပြီး သူဟာ ရှင်နဲ့အတူ နေချင်တဲ့အချိန်ရှီလိမ့်မယ်ဆိုတာ ကျွန်မသိနေတယ်” တဲ့။ - ကျွန်တော့်ဇနီးက ကျွန်တော်သွားတွေ့စေချင်တဲ့ အခြားမိန်းမ ဆိုတဲ့သူကတော့ ကျွန်တော့်အမေပဲဖြစ်ပါတယ်။ အမေဟာ မုဆိုးမအဖြစ်နဲ့နေထိုင်လာတာ ၁၉ နှစ်ရှိနေပါပြီ။ သို့သော်လည်း ကျွန်တော့်မှာ အလုပ်ကတစ်ဘက်၊ ကလေးသုံးယောက်ကလည်းရှိဆိုတော့ အမေ့ဆီကို ရံဖန်ရံခါမှသာရောက်ဖြစ်တာမျိုးပါ။ - အဲဒီနေ့ညမှာပဲ အပြင်ထွက် ညစာစား၊ ရုပ်ရှင်သွားကြည့်ဖို့ အမေ့ကို ကျွန်တော်ဖုန်းဆက် ဖိတ်ကြား လိုက်ပါတယ်။ “ ဘာဖြစ်လို့လဲ? ငါ့သားနေမကောင်းဘူးလား?” လို့အမေကပြောတယ်။ သူဟာ တစ်ခုခုကို သံသယဖြစ်နေပုံရပါတယ်။ “မဟုတ်ပါဘူးအမေ၊ အမေနဲ့အတူတူ အချိန်လေးယူပေးရတာ ကောင်းမယ်လို့ ကျွန်တော်တွေးမိလို့ပါ” လို့ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲ”။ အမေဟာ အတန်ကြာအောင်စဉ်းစားပြီးမှ ပြန်ပြောပါတယ်။ “ အဲဒီလိုဆိုရင် အမေ သိပ်ကြိုက်ပါတယ်” တဲ့။ အဲဒီသောကြာနေ့ အလုပ်ကနေအပြန်မှာ ကျွန်တော်အမေ့ကို ကားနဲ့သွားကြိုတဲ့အချိန်မှာ အမေဟာ ကုတ်အကျီ င်္ကိုဝတ်ပြီး အိမ်ရှေ့တံခါးဝမှာ ရပ်စောင့်နေပါတယ်။ သူဟာ ဆံပင်လေးတွေကို ကောက်ထားပြီး ၀တ်ထားတဲ့အ၀တ်အစားဟာ သူ့ရဲ့နောက်ဆုံးမင်္ဂလာပွဲမှာ ၀တ်ဆင်ခဲ့ဖူးတဲ့ မင်္ဂလာဝတ်စုံနဲ့ပါ။ နတ်သမီးတစ်ပါးရဲ့လင်းရောင်ခြည်တွေလိုဖြာနေတဲ့ အမေ့မျက်နှာက ကျွန်တော့်ကိုပြုံးပြပါတယ်။ “ အမေ့သူငယ်ချင်းတွေကို အမေပြောပြထားတယ်။ ဒီနေ့ သားတော်မောင်နဲ့အတူတူ အပြင်ထွက်မလို့ဆိုတာပြောတော့ သူတို့တွေ အမေ့ကို အထင်တွေကြီးနေကြတယ် သားရယ်” လို့ ကားထဲမှာဝင်ထိုင်ရင်းပြောပါတယ်။ - တော်တော်ကောင်းပြီး ဇိမ်ကျလှတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ဆီကို ကျွန်တော်တို့သွားကြပါတယ်။ အမေဟာ ကျွန်တော့်လက်မောင်းကို ကိုင်ထားတာများဆိုရင် သမ္မတ ကတော် လေလား ထင်ရပါတယ်။ ဆိုင်စားပွဲမှာထိုင်တော့ ကျွန်တော်ဟာ အစားအသောက်စာရင်းကိုကြည့်ပေးဖို့ဖြစ်လာပါတယ်။ အမေ့မျက်လုံးတွေဟာ စာလုံးကြီးကြီးမှပဲ မြင်နိုင်တော့တဲ့အတွက်ပါ။ အစားအသောက်စာရင်းကိုကြည့်နေတုန်း တစ်ဝက်လောက်အရောက်မှာ အမေ့ကိုကြည့်လိုက်တော့ အမေဟာ ကျွန်တော့်ကို စိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်။ အမေ့နှုတ်ခမ်းပေါ်ကအပြုံးကတော့ လွမ်းဆွတ်နေတဲ့အပြုံးဖြစ်ပါတယ်။ “ ငါ့သား ငယ်ငယ်လေးတုန်းက menu ကိုဖတ်ပေးခဲ့တာ အမေပေါ့” လို့ပြောပါတယ်။ ကျွန်တော်က “ အခုအမေကအနားယူဦး ဒီတစ်ခါသားကို တလှည့် ဖတ်ခွင့်ပြုပါဦး” လို့တုံ့ပြန်ပြောဖြစ်ပါတယ်။ ညစာစားရင်း စကားပြောကြတာမှာ ကျေနပ်နှစ်သက်စရာကောင်းလှပါတယ်။ စကားကတော့ ထူးခြားတဲ့ အကြောင်းအရာမပါပါဘူး။ တစ်ဦးချင်းစီရဲ့လတ်တလောကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုသာ ပြောဆိုမိကြတာပါ။ စကားပြောတာကောင်းသွားတော့ ကျွန်တော်တို့ဟာ ရုပ်ရှင်ကိုမမီလိုက်တော့ပါဘူး။ အဲဒါနဲ့ အမေ့ကို သူ့အိမ်ပြန်ပို့တော့ အမေကပြောပါတယ်။ “ အမေသားနဲ့ အပြင်ကို နောက်ထပ်သွားချင်ပါသေးတယ်- ဒါပေမယ့်လည်း သားကဖိတ်မှ အမေလိုက်မှာပါ” တဲ့။ ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။ - “ ညစာစားရင်း ချိန်းတွေ့တာ ဘယ်နှယ်လဲ?” လို့အိမ်ပြန်ရောက်တော့ ဇနီးဖြစ်သူကမေးပါတယ်။ ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။ “သိပ်ကိုကောင်းတာပဲကွာ။ အဲဒီလောက် ကောင်းလိမ့်မယ်လို့ ကိုယ်တော့ မတွေးတောမိခဲ့ဘူး”။ - ရက်အနည်းငယ်ကြာအပြီးမှာ ပြင်းထန်တဲ့နှလုံးတိုက်ခိုက်မှုကြောင့် အမေကွယ်လွန်သွားခဲ့ပါတယ်။ ချက်ချင်းလက်ငင်းကြီးဖြစ်သွားတာကြောင့် အမေ့အတွက်တစ်ခုခုလုပ်ကိုင်ပေးဖို့ရာ ကျွန်တော့်မှာ အခွင့်မသာခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်လေးတော်တော်ကြာလာတော့ စားသောက်ဆိုင်တစ်ဆိုင်က စာအိတ်လေးနဲ့အတူ ငွေလက်ခံဖြတ်ပိုင်းလေးရောက်လာပါတယ်။ အမေနဲ့ကျွန်တော်အတူတူ သွားခဲ့ကြတဲ့ စားသောက်ဆိုင်ကပါ။ စာအိတ်မှာအတူတွဲပါလာတဲ့ စာကိုဖတ်ကြည့်လိုက်တော့ “ အမေဒီစာရင်းအတွက် ပိုက်ဆံကြိုတင်ပေးခဲ့လိုက်ပါတယ်။ အမေ အဲဒီဆိုင်ကိုရောက်ဖြစ်ဦးမယ်၊ မရောက်ဖြစ်ဘူးဆိုတာကိုတော့ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ နှစ်ပွဲစာဖိုးကို ပိုက်ဆံချေခဲ့လိုက်တယ်။ တစ်ပွဲက သားအတွက်နဲ့ နောက်တစ်ပွဲက မင်းမိန်းမအတွက်ပါ။ အဲဒီနေ့ညက အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာ ငါ့သားသိချင်မှ သိပါလိမ့်မယ်။ မင်းကိုအမေချစ်တယ် သား ။” - အဲဒီအခိုက်အတန့်လေးမှာပဲ ချစ်တယ်ဆိုတဲ့စကားကို အချိန်မီပြောလိုက်ခြင်းဟာ အရေးပါတယ်ဆိုတာရယ် ကျွန်တော်တို့ချစ်တဲ့သူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အချိန်ကိုပေးဖို့ဆိုတာ ကို ကျွန်တော် သဘောပေါက်နားလည်လိုက်ပါတယ်။ ဘ၀မှာ မိသားစုထက် ဘယ်အရာကမှ ပိုပြီးအရေးမကြီးပါဘူး။ သူတို့တွေနဲ့ထိုက်တန်တဲ့အချိန်ကိုပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအရာတွေဟာ “နောက်တော့မှ” ဆိုပြီးရွှေ့ဆိုင်းလို့မရတဲ့အရာတွေဖြစ်နေလို့ပါပဲ။
- A Date with another woman
=================
After 21 years of marriage, my wife wanted me to take another woman out to dinner and a movie. She said, “I love you, but I know this other woman loves you and would love to spend some time with you.” - The other woman that my wife wanted me to visit was my MOTHER, who has been a widow for 19 years, but the demands of my work and my three children had made it possible to visit her only occasionally. - That night I called to invite her to go out for dinner and a movie. “What’s wrong, are you well ?” she asked. She was suspicious of something. “I thought that it would be pleasant to spend some time with you,” I responded. “Just the two of us.” She thought about it for a moment, and then said, “I would like that very much.”That Friday after work, as I drove over to pick her up , She was waiting at the door with her coat on. She had curled her hair and was wearing the dress that she had worn to celebrate her last wedding anniversary. She smiled from a face that was as radiant as an angel’s. “I told my friends that I was going to go out with my son, and they were impressed, “she said, as she got into the car. - We went to a restaurant that was very nice and cozy. My mother took my arm as if she were the First Lady. After we sat down, I had to read the menu. Her eyes could only read large print. Half way through the entries, I lifted my eyes and saw Mom sitting there staring at me. A nostalgic smile was on her lips. “It was I who used to have to read the menu when you were small,” she said. “Then it’s time that you relax and let me return the favor,” I responded. During the dinner, we had an agreeable conversation – nothing extraordinary but catching up on recent events of each other’s life. We talked so much that we missed the movie. As we arrived at her house later, she said, “I’ll go out with you again, but only if you let me invite you.” I agreed. - “How was your dinner date?” asked my wife when I got home. “Very nice. Much more so than I could have imagined,” I answered. - A few days later, my mother died of a massive heart attack. It happened so suddenly that I didn’t have a chance to do anything for her. Some time later, I received an envelope with a copy of a restaurant receipt from the same place mother and I had dined. An attached note said: “I paid this bill in advance. I wasn’t sure that I could be there; but nevertheless, I paid for two plates – one for you and the other for your wife. You will never know what that night meant for me. I love you, son.” - At that moment, I understood the importance of saying in time: “I LOVE YOU” and to give our loved ones the time that they deserve. Nothing in life is more important than your family. Give them the time they deserve, because these things cannot be put off till “some other time.” Credit to English-မြန်မာ စာပဒေသာ။
You might also like:
စင်္ကာပူက ကားမတော်တဆ တိုက်မှုမှ ပွားလာတဲ့ Little India ဆူပူလှုပ်ရှားမှု....................
စင်္ကာပူနိုင်ငံရှိ Little India တွင် တနင်္ဂနွေနေ့ည ၉နာရီ ၂၃မိနစ် အချိန်က
ဖြစ်ပွားခဲ့သော ကားမတော်တဆတိုက်မှုကနေ ရဲကားငါးစီး ၊ ဆေးရုံကားတစ်စီးနဲ့
အခြားကိုယ်ပိုင်ကားများ မီးရှို့ ၊ ဖျက်ဆီးခံရသော ဆူပူလှုပ်ရှားမှုကြီးတစ်ရပ်
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သော ဆူပူသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၄၀၀
ခန့်ရှိကြောင်း သိရသည်။ ထိုဆူပူမှုကြောင့် စင်္ကာပူရဲအရာရှိ (၁၀)ဦး
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အနည်းဆုံး စင်္ကာပူရဲကား နှစ်စီးဟာ ပြောင်းပြန်လှန်ထားခြင်း ခံထားရကာ ဆေးရုံကားကတော့ မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ Little India ရှိ Race Course လမ်းဆုံတွင် တနင်္ဂနွေနေ့ည ၉နာရီ
၂၃မိနစ် အချိန်က ကိုယ်ပိုင်ဘတ်စ်ကားတစ်စီးဟာ ဘင်္ဂါလီဟု ယူဆရသည့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အလုပ်သမားတစ်ဦးအား မတော်တဆတိုက်မိ၍ အတိုက်ခံရသူ
ပွဲချင်းပြီး သေဆုံးသွားသည့်ကိစ္စကို မကျေနပ်သော အနီးရှိသူများက စတင်၍
တိုက်သည့်ဘတ်စ်ကားအား မှန်ရိုက်ခွဲဖျက်ဆီးကာ အကြမ်းဖက်
ဆူပူလှုပ်ရှားပြီးနောက် ထိုကဲ့သို့ အုပ်စုလိုက် ဖျက်ဆီး ၊ မီးရှို့မှုများ
ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်္ကာပူရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်များအရ တနင်္ဂနွေနေ့
ညသန်းခေါင်နီးပါး ည၁၁နာရီ ၄၇မိနစ်အထိ ဆူပူလှုပ်ရှားမှုများဟာ
ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ထိုအကြမ်းဖက် ဆူပူမှုများ ဖြစ်ပွားနေခဲ့သော
Little India ဧရိယာသို့ ဖြတ်သန်းသွားလားခြင်း မပြုကြဖို့ အများသူငါကို
သတိပေး နှိုးဆော်ခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက် ဆူပူလှုပ်ရှားကြသူအများစုဟာ စင်္ကာပူနိုင်ငံသို့ ပြည်ပနိုင်ငံမှ
အလုပ်လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း စင်္ကာပူ
The Straitstimes သတင်းစာက ရေးသား ဖော်ပြထားခဲ့သည်။
Source : Yahoo
Credit ပုံရိပ်(burmesehearts.com)
Friday, December 6, 2013
ငွေဖြည့်ကဒ် အတုတွေ ပေါ်နေ.........................
Published On: Wed, Dec 4th, 2013
Tags

ငွေဖြည့်ကဒ် အတုတွေ ပေါ်နေပါတရ်။ဆိုင်မှာ ခုနလေးတင် ဖြစ်သွားတာပါ။
ဈေးဝယ် တစ်ယောက် ပထမ တသောင်းတန် တကဒ် ၀ယ်သွားတယ်။ ၀ယ်ပြီး
သိပ်မကြာသေးခင်မှာပဲ ငါးထောင်တန် နှစ်ကဒ်နဲ့ လဲပေးပါ ဆိုလို့
လဲပေးလိုက်တရ်. ။ ခနနေတော့ သူလဲ သွားတဲ့  တသောင်းကဒ် ကို ဆိုင်က
ဖုန်းတလုံးထဲ ဖြည့်တာ ဘယ်လိုမှ ဖြည့် မရပါဘူး။ ဒါနဲ့ ဆက်သွယ်ရေး ကို Serial
No. နဲ့ တိုက် ပြီး မေး ကြည့်တော့ ငွေဖြည့်ကဒ်က လွန်ခဲ့တဲ့ တပတ်လောက်ကထဲက
သုံးထားတဲ့ နံပတ် တွေပါ တဲ့။ဘေးနား ပတ်ဝန်းကျင်က အသိ ဆိုင်တွေ စုံစမ်းလိုက်တော့ သူတို့လဲ အာ့လို မကြာခန ကြုံနေကြပါတရ် တဲ့ ။ ငွေဖြည့်ကဒ် ဟောင်းတွေ ကို ခဲ ပြန် အုပ် ပလတ်စတစ် ပြန်ဖုံးပြီး အသစ်နဲ့ အဟောင်းနဲ့ လဲပြီး သုံးနေကြတာပါ။ တချို့ဆို ဆယ်ကဒ်လောက်ဝယ်ပြီးမှ ငါးကဒ် လောက်ကို ငါးထောင်တန် နဲ့ ပြန်လဲခိုင်းတာပါ။
အတု တကဒ် တွေ့တာနဲ့ အောက်မှာ ပုံနဲ့ ပြထားလိုက်ပါတရ်။ တော်တော်ခွဲမရအောင် တူပါတရ်။ (တူမှာပေါ့ အစစ်ကို ခဲအုပ်ပြီး အိတ် နဲ့ထည့်ထားတာကိုး)
အတုက ခဲခြစ် ထားတဲ့ ပေါ်မှာ MPT ဆိုတာ မပါပါဘူး ။ နောက် ပလတ်စတစ် က ပိုပါးပါတရ်။
သူငယ်ချင်းတို့လဲ ၀ယ်ရင် တခါထဲ ဖြည့်ခိုင်းပါ။
တခါထဲ မဖြည့်နိုင်ဖူးဆိုလဲ ခဲပေါ်မှာ MPT စာ ပါ မပါ သေချာ စစ်ပါ။ တော်တော်လေးကို ခွဲမရအောင်တူပါတရ်။ လောလော နဲ့ ၀ယ်သွားရင် သတိထားမိမှာမဟုတ်ပါဘူး
သတိထားကြပါ……………….
Shared by:Aung Chan Phyo(Myanmar Mobile Users Group)
ဒီက နေ့ ဖြစ်နေပုံနဲ့တူတဲ့ ပုံပြင် လေးပါ။ (ဖြစ်ရပ်မှန်)
ဒီက နေ့ ဖြစ်နေပုံနဲ့တူတဲ့ ပုံပြင် လေးပါ။
လွတ်လပ်ရေးရပြီးကာစအချိန်ပေါ့ဗျာ။
တောရွာတွေမှာ စစ်လက်ကျန်လက်နက်တွေနဲ့
ဓါးပြ တွေသောင်းကျန်းနေတာပေါ့။ဒီရွာကလူတွေ ကဟိုဘက် ရွာတိုက် ဟိုဘက် ရွာကလူတွေက ဒီဘက် ရွာတိုက်ပေါ့။
မြေလတ်ပိုင်းကရွာကြီးတစ် ရွာက တော့ စီးပွား ရေးတောင့်တင်းပြီး လူငယ်တွေပေါတော့ ပြည် သူ့ စစ်ဖွဲ့ပြီးရွာကိုကာကွယ်ထားနိုင် ကြတယ်တဲ့။ ပြည်သူ့စစ်အဖွဲ့ကလည်း ၄၀-၅၀ လောက် ရှိတော့ ဓါးပြအဖွဲ့တွေရွာနားတောင် မကပ်နိုင် ဘူးလေ။
ဖြစ်ချင် တော့ အဲ့ဒီရွာသူကြီးကဓါးပြအဖွဲ့တစ်ခု
ခေါင်းဆောင် ဖြစ်နေတယ်။ရွာနီးချုပ်စပ်က ရွာတွေလှည့်တိုက်လာတာ ကုန်တော့
ရွာကို မျက် စောင်းကျလာတယ်။ရွာက ကာကွယ်ရေးအဖွဲ့ တောင့်တင်းတော့လည်း မလုပ်
ရဲဘူး။ဒါပေမယ့် မျိုးမျိုးမြတ်မြတ် ရမယ်ဆိုတာသိတော့လည်း လက်မလွတ်ချင်
ဘူး။အဲ့ဒီတော့သူကြီးက အကြံ တစ်ခုရပြီးအ ကောင် အထည်ဖေါ်ပါတယ်။
တစ်နေ့သူကြီးနဲ့ သူကြီးက တော် မြို့အစည်း အ ဝေးကပြန်လာပါတယ်။ ည ရောက်တော့ သူကြီး ကရွာကာကွယ်ရေးအဖွဲ့တွေကို ခေါ်ပြီး သူမြို့က ပြန်လာကြောင်း လူကြီးတွေကဘာတွေလမ်းညွှန် မှာကြားလိုက်ကြောင်း သြဝါဒ ခြွေပါတယ်။ပြော လို့လည်းပြီးရော မြို့ပြန်လက် ဆောင် ပုဆိုး (10) ထည်ပါလာကြောင်း ကာကွယ်ရေးအဖွဲ့တွေ အကုန်မ ပေးနိုင် တဲ့အတွက် စိတ်မ ကောင်းပါ ကြောင်း သင့်သလိုခွဲယူကြပါဆိုပြီး ပုဆိုး (10) ထည်ကို ပေးလိုက်ပါတယ်။
အချိန်ကာလက အဝတ်အထည် ရှားပါးတဲ့ အချိန်ဖြစ်တော့ လူတိုင်းက သူကြီးပေးတဲ့ ပုဆိုးကို လိုချင် ကြတာပေါ့ဗျာ။အ ဝေမတည့် တော့ ကာကွယ်ရေးအဖွဲ့တွေ စိတ်ဝမ်းကွဲကုန် တယ် စကားများကြတယ် လက်ပါခြေပါဖြစ် လာ တော့တာပေါ့။ကာကွယ်ရေးအလုပ်တွေကို စုစု စည်းစည်းညီညီညွတ်ညွတ် မလုပ် နိုင် ကြ တော့ ဘူး။
သိပ်မကြာခင် မှာပဲ သူကြီးရဲ့ ဓါးပြအဖွဲ့က ကာကွယ်ရေးအဖွဲ့မရှိတော့တဲ့ရွာကို လွယ်လွယ် ကူကူဓါးပြတိုက်သွားပါတော့တယ်။
(ကျွန်တော်တို့တစ်တွေ သူကြီ့းဖြစ်သူပေးတဲ့ ပုဆိုး (10) လိုမျိုး အကြာခဏ အ ပေးခံရတတ်တာကို သတိပြုမိစေရန်ပါ)့
လွတ်လပ်ရေးရပြီးကာစအချိန်ပေါ့ဗျ
တောရွာတွေမှာ စစ်လက်ကျန်လက်နက်တွေနဲ့
ဓါးပြ တွေသောင်းကျန်းနေတာပေါ့။ဒီရွာကလ
မြေလတ်ပိုင်းကရွာကြီးတစ် ရွာက တော့ စီးပွား ရေးတောင့်တင်းပြီး လူငယ်တွေပေါတော့ ပြည် သူ့ စစ်ဖွဲ့ပြီးရွာကိုကာကွယ်ထားနိုင
ဖြစ်ချင် တော့ အဲ့ဒီရွာသူကြီးကဓါးပြအဖွဲ့တစ်ခု
တစ်နေ့သူကြီးနဲ့ သူကြီးက တော် မြို့အစည်း အ ဝေးကပြန်လာပါတယ်။ ည ရောက်တော့ သူကြီး ကရွာကာကွယ်ရေးအဖွဲ့တွေကို ခေါ်ပြီး သူမြို့က ပြန်လာကြောင်း လူကြီးတွေကဘာတွေလမ်းညွှန် မှာကြားလိုက်ကြောင်း သြဝါဒ ခြွေပါတယ်။ပြော လို့လည်းပြီးရော မြို့ပြန်လက် ဆောင် ပုဆိုး (10) ထည်ပါလာကြောင်း ကာကွယ်ရေးအဖွဲ့တွေ အကုန်မ ပေးနိုင် တဲ့အတွက် စိတ်မ ကောင်းပါ ကြောင်း သင့်သလိုခွဲယူကြပါဆိုပြီး ပုဆိုး (10) ထည်ကို ပေးလိုက်ပါတယ်။
အချိန်ကာလက အဝတ်အထည် ရှားပါးတဲ့ အချိန်ဖြစ်တော့ လူတိုင်းက သူကြီးပေးတဲ့ ပုဆိုးကို လိုချင် ကြတာပေါ့ဗျာ။အ ဝေမတည့် တော့ ကာကွယ်ရေးအဖွဲ့တွေ စိတ်ဝမ်းကွဲကုန် တယ် စကားများကြတယ် လက်ပါခြေပါဖြစ် လာ တော့တာပေါ့။ကာကွယ်ရေးအလုပ်တွေကိ
သိပ်မကြာခင် မှာပဲ သူကြီးရဲ့ ဓါးပြအဖွဲ့က ကာကွယ်ရေးအဖွဲ့မရှိတော့တဲ့ရွာကိ
(ကျွန်တော်တို့တစ်တွေ သူကြီ့းဖြစ်သူပေးတဲ့ ပုဆိုး (10) လိုမျိုး အကြာခဏ အ ပေးခံရတတ်တာကို သတိပြုမိစေရန်ပါ)့
ပွဲစား.........................
Wednesday, December 4, 2013

အမှန်စင်စစ် ပွဲစားဟူသည် အကျိုးဆောင်ပေးသော လုပ်ငန်းတစ်ရပ်ဟု အဓိပ္ပါယ်ခေါ်ဆိုနိုင်သည်။ လူ့လောကတို့တွ...င် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဟူ၍ တိုင်းနိုင်ငံ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ လည်း စည်းမျဉ်းစည်းကမ်း ဥပဒေသများရှိခဲ့သလို ပွဲစားလောကတွင်လည်း ပွဲစားများစောင့် ထိန်း ရမည့် ကျင့်ဝတ်စည်းကမ်းများရှိခဲ့ ကြောင်းသိရှိခဲ့ရသည်။
ယင်းတို့သည် ရောင်းသူနှင့်ဝယ်သူတို့ အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ရာတွင် ရောင်းသူ၏ ကုန်ပစ္စည်းများအားလည်း ကြားမှနေ၍ အမြတ်တင်ရောင်းချခြင်း မပြုလုပ်ရ ပွဲစားတို့သည် ထိုက် သင့်သော အခကြေးငွေကိုသာ ယူဆောင်ခွင့်ရှိသည်။ မတရားလောဘစိတ်ဖြင့် မိမိ၏ ဆောင်ရွက် ခွင့် အဖိုးအခကိုမြှင့်တင်၍ မယူဆောင်ရ။
လူတစ်ဦးနှင့်တစ်ဦး လုပ်ဆောင်သော လုပ်ဆောင်မှုများအား အဆင် ပြေစေရန် မိမိမှ လူသားချင်း စာနာစိတ်ဖြင့် ဆောင်ရွက်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပွဲစားလောကတွင် လည်း မဇ္ဈိမပဋိပဋာစိတ်မွေးဖွားပြီး လူသားချင်းစာနာစိတ်ဖြင့် ဆောင်ရွက်ပါက ကုသိုလ် ကြံဖန် ၍ရမည့်
ပရဟိတလုပ်ငန်းတစ်ရပ်အဖြစ်လည်း ခံယူနိုင်မည်ဖြစ်သည်။
သို့တည်းမဟုတ် မိမိ၏ အတ္တ စိတ်များလွှမ်းခြုံကာ ရောင်းသူနှင့်ဝယ်သူကြား မတရားအမြတ် ထုတ် လိုသော လောဘစိတ်ဖြင့် ဆောင်ရွက် မည် ဆိုပါက မိမိ၏ ဂုဏ်သိက္ခာ၊ မိမိ၏သမိုင်း၊ မိမိ၏ မှတ်ကျောက် တို့ ပြိုပျက်ကာ သံသရာဝဋ်ဆင်းရဲ ဘဝမှလွတ်ကင်းမည် မဟုတ်သလို အပယ်ဘုံမှ လည်း ကျွတ်ဖို့လမ်း ရှိမည်မဟုတ်ချေ။
အမှန်စင်စစ် ပွဲစား ဟူ၍ ပေါ်ပေါက်လာရခြင်းမှာ ရောင်းသူ/ဝယ်သူတို့၏ အချိန်မအားလပ် မှု ကြောင့်၊ လုပ်ငန်းသဘောတရား မကျွမ်းကျင်မှုတို့ကြောင့် ပေါ်ပေါက်လာသော လူအဖွဲ့အစည်း တစ်ရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ပွဲစားဟူသည် အတ္တများကိုဖြုတ်၍ မှန်မှန်ကန်ကန် မဇ္ဈိမပဋိပဋာ လမ်းစဉ်အား ကျင့် သုံးလိုက်နာပြီး မိမိအား ရောင်းသူဝယ်သူတို့မှ သဒ္ဒါကြေး၊ မေတ္တာကြေးကိုသာ လက်ခံရယူလျှင် ပရဟိတ ပွဲစားဟူ၍ပင် ခေါ်ဆိုနိုင်ပေလိမ့်မည်။
သို့သော် ယခုခေတ်ကာလ အတိုင်းအတာအရ စီးပွားရေး ကပ်ဘေးအမျိုးမျိုး၊ လူမှုရေး ကပ်ဘေး အမျိုးမျိုး၊ ငြိမ်းချမ်းရေး ကပ်ဘေးအမျိုးမျိုး၊ သဘာဝဘေး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့နေ ရသောကြောင့် ပွဲစားတည်းဟူသော လောကတွင်လည်း လောဘ၊ ဒေါသ၊ မောဟများ လွှမ်းခြုံခံ ရမှုတည်းဟူသော အဓမ္မဝါဒီများ ဆုပ်ကိုင်ထားသော အတ္တသမားများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့ရာတွင် အကျိုးဆောင် ပေးမှုတည်းဟူသော စကားလုံး၏ တန်ဖိုးအား တန်ဖိုးမြှင့်တင်ရန်၊ တန်ဖိုးရှိရန်၊ နတ်လူအပေါင်း သာဓုခေါ် ဆိုနိုင်ရန်အတွက်မှု မိမိတို့ အကျိုးဆောင်ပေးမှု လုပ်ငန်း သည် လူသားတို့အတွက်၊ ကမ္ဘာ့ပြည်သူတို့ အတွက်၊ မြန်မာပြည်သူပြည်သားများအတွက် အကျိုး ရှိသော၊ တန်ဖိုးရှိသော သာဓုခေါ်ဆိုနိုင်သော လုပ်ငန်းရပ်ဖြစ်ဖို့ အရေးကြီးသည်။
လောဘ၊ ဒေါသ၊ မောဟများကြောင့်၊ လူပွဲစား၊ လက်နက်ပွဲစား၊ ငြိမ်းချမ်းရေးပွဲစားများ ပေါ်ပေါက် လာခဲ့သည့်အပြင် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မမျှော်လင့်ခဲ့သော၊ မထင်မှတ်ခဲ့သော၊ ပွဲစားလုပ် ငန်း တစ်ရပ် ပေါ်ပေါက်လာပြန်တော့သည်။ ယင်းပွဲစားသည်ကား “မသာပွဲစား … အသုဘပွဲစား … လူသေ ပွဲစား … နာရေးပွဲစား” ဟူ၍ပင် ဖြစ်တော့သည်။ လူသားတစ်ယောက် ကမ္ဘာမြေပြင် ကိုရောက်ရှိပြီး ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားချိန်တွင် ဝမ်းနည်းပူဆွေးသောကများဖြင့် အပူမီးများ လွှမ်းခြုံခံနေရသော လူတို့ထံမှ လူသားချင်းစာနာစိတ်မွေးဖွား၍ ကူညီဖေးမကာ အပူမီးများ ငြိမ်းအေးပေးရမည့်အစား ထိုအပူသည်၊ ဒုက္ခ သည်တို့ထံမှ မညှာမတာ လူသားချင်းစာနာစိတ် မထားဘဲ လူစိတ်ပျောက်ကာ မိမိရလိုမှုတည်းဟူသော လောဘစိတ်တို့ဖြင့် အမြတ်ထုတ်ကြ သည့် လောဘသားများ၊ အတ္တသမားများ၊ အဓမ္မဝါဒီသမားများ၊ လူစိတ်ပျောက်နေသည့် သူတို့ ပင် ဖြစ်တော့သည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြ
ဆေး ခန်း၏ ထောက်ခံစာ (သေဆုံးကြောင်း အမှတ်စဉ်နံပါတ်ပါရှိသည်။) စသည့် အထောက် အထား များပြည့်စုံလျှင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူး ဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၇ဝ၉၂၇၇၊ ၇ဝ၄၇၈၄၊ ဝ၉ ၃၁ဝ ၄၃၉၁၅၊ ၅၈၁ ၉၂၄ များအား ဆက်သွယ်လျှင် အသင်းရုံးချုပ်ရှိရာမှ နိဗ္ဗာန်မော်တော်ကားမောင်း သူ၊ ယာဉ်နောက်လိုက်တို့နှင့်အတူ အသင်းသူ/သားတစ်ဦး အနည်းဆုံးလိုက်ပါကာ သေဆုံးသူ ၏ နေအိမ် (သို့) ဆေးရုံရှိရာသို့ အမြန်ဆုံးလာ ရောက်ကာ ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား နိဗ္ဗာန် ယာဉ်မော်တော်ကားဖြင့် သက်ဆိုင်ရာသုဿန်များသို့ ပို့ဆောင်ပေးပြီး ကျန်ရစ်သူမိသားစု၏ ဆန္ဒ အရ တိုက်ရိုက်မီးသင်္ဂြိုဟ်ပေးခြင်း (သို့) အအေးခန်းထားပေး ခြင်းတို့ကို (အခမဲ့) ဝန်ဆောင်ပေးမှု တို့အား လုပ်ဆောင်ပေးလျှက်ရှိသည်။
အအေးခန်းထားရှိပါက (၃) ရက်စာ အအေးခန်းထားခ ကုန်ကျငွေအား ရန်ကုန်မြို့စည်ပင်သာယာ အဖွဲ့သို့ ကျွန်တော်တို့အသင်းမှ ကာယကံရှင် မိသားစုများကိုယ်စား နာရေးအကူငွေအဖြစ် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခဲ့ကာ မီးသင်္ဂြိုဟ်ခ ကုန်ကျစရိတ်အားလည်း အကူငွေ အဖြစ် ပေးဆောင် ကုသိုလ်ယူလျှက်ရှိသည်။ အအေးခန်းထားပြီးသင်္ဂြိုဟ် မည့် နေ့ရက်တွင်ခန်းမငှားခြင်း၊ ဂူသွင်းခြင်းတို့ကိုမူ နာရေးရှင်များမှ ပေးဆောင်စေခဲ့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းအဖွဲ့အနေဖြင့် အများပြည်သူတို့မှ စေတနာထက်သန်စွာဖြင့် လှူဒါန်းထားသော အလှူငွေတို့အား အပူမီးများ လွှမ်းခြုံခံနေရသော အများပြည်သူအပေါင်းတို့အား ကူညီ ဖေးမ အားပေးမှုများကို စိတ်စေတနာသန့်စွာဖြင့် အနစ်နာခံကာ လူသားချင်းစာနာစိတ်များ မွေးဖွား ကာ ဆောင်ရွက်ပေးနေသော ပရဟိတစစ်စစ် အသင်းအဖွဲ့ တစ်ခုဖြစ်ပါသည်။
ဤတွင် လူတစ်ယောက် သေဆုံးသွားပါလျှင် ထိုသေဆုံးသွားသော လူ၏မိသားစုများ မိတ်ဆွေ အပေါင်းအသင်းများမှ နာရေးအတွေ့အကြုံမရှိခဲ့ပါလျှင် အထက်တွင် ကျွန်တော်ဖော်ပြထားသော “မသာ ပွဲစား … အသုဘပွဲစား … လူသေပွဲစား … နာရေးပွဲစား” များတို့သည် လူသားချင်းစာနာ စိတ် ကင်းမဲ့စွာဖြင့် အမြတ်ထုတ်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာခဲ့တော့သည်။
ကာယကံရှင်မိသားစုများထံသို့ ဝင်ရောက်ကာ အားပေးနှစ်သိမ့်သည့် ပုံစံမျိုးဖြင့်ဝင်ခဲ့ပြီး မိမိမှာ နာရေးကိစ္စရပ်များအား အတွေ့အကြုံ များစွာရှိပါကြောင်း။ ထို့ကြောင့် မိမိမှ ဤနာရေးကိစ္စရပ်အား အစအဆုံး ကူညီပေးပါမည်ဖြစ်ကြောင်း၊ နိဗ္ဗာန်ယာဉ်ခေါ်ဆိုခ၊ မီးသင်္ဂြိုဟ်ခ၊ အအေးခန်းထားခ၊ ပန်းအလှပြင်ခ၊ ဆီမီးအမွှေးတိုင်ထွန်းခ၊ ကန်တော့ပွဲ တင်ခ၊ ဘုန်းကြီးပင့်ခ၊ သံဃာတော်များအား ဝတ္ထုငွေလှူခ၊ အလောင်းအား ရေချိုးအလှပြင်ခ၊ အုန်းသီးခွဲ၍ သင်္ဂြိုဟ်ပေးခ၊ စည်ပင်ဝန်ထမ်း များ အား စေတနာကြေးငွေပေးခ၊ သင်္ဂြိုဟ်မည့် အခမ်းအနားအား ကြီးကျယ် ခမ်းနားစွာဖြင့် ကျင်းပနိုင် ရန် ခန်းမအတွင်း ကော်ဇောခင်းခ၊ ထိုင်ခုံခင်းခ ဟူ၍ ကာယကံရှင်မိသားစုတို့ ရိုးသားလျှင် ရိုးသား အလျှောက်၊ ‘အ’ လျှင် ‘အ’ သလောက်လုပ်ကြံ၊ လိမ်လည်၊ လှည့်ဖျား၊ သွေးဆောင် ကာ အခ
ကြေးငွေ တို့ အား ကိုယ်ချင်းစာနာစိတ်မဲ့ကာ မတရားကြေးဟူ၍ အကုသိုလ်ယူခြင်း ပင် ဖြစ်တော့ သည်။
ထို့ကြောင့်ကြမ်းတမ်းသော လူမှုဘဝများအား ရင်ဆိုင်ကြုံတွေ့နေရသော၊ လောကဓံတရား လှိုင်းတံ ပိုးများကြား လူးလိမ့်ခံစားနေရသော အပူသည် မိဘပြည်သူများအနေဖြင့် ဟန်ဆောင်မှု၊ လှည့်ဖြား မှု၊ ဖြား ယောင်းမှု၊ သွေးဆောင်မှုများဖြင့် ယုတ်ညံ့သော စိတ်ဓာတ်တို့ဖြင့် မတရားသော နည်း လမ်းဖြင့် ရှာဖွေစား သောက်နေကြသော ထိုထိုသော မသာပွဲစား၊ နာရေးပွဲစား၊ လူသေပွဲစားများ အား မိမိတို့ ခံစားနေရသော အပူမီးများ လောင်ကျွမ်းခံရမှု ကြုံတွေ့နေရသော အချိန်ကာလအတွင်း သတိရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကြဖို့ အရေးကြီးလှပေသည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်
ကြောင်း ကာယကံရှင်တို့အား လက်မှတ်ရေးထိုးစေမှုများအား သက်သေ အထောက်အထားဖြင့် ကူညီဖေးမမှုများကို လုပ်ဆောင်ပေးလျှက်ရှိသည်။
သို့ရာတွင် အချို့သော နာရေးပွဲစားများသည် သူတို့အိတ်ထဲသို့ ထည့်သွင်း လိုက်သော ငွေကြေး တစုံတရာအား ကျွန်တော်တို့အသင်းအား ပေးဆောင်ရသည်ဟူ၍ ထင်ယောင်ထင် မှား ဖြစ်စေရန် ၄င်း၊ ကျွန်တော်တို့အသင်းမှ သဘာဝပတ်ဝန်းကျင်သစ်တော ထိန်းသိမ်းမှုအတွက် ၄င်း၊ ငွေကြေး ၏ ချွေ တာ မှုကြောင့်၎င်း ကွယ်လွန်သူအား အလူမီနီယမ်အခေါင်းဖုံးဖြင့် တစ်နည်း မှန်ခေါင်းဖြင့် ပြင်ဆင်ပေးပြီးသည့်နောက် မီးသင်္ဂြိုဟ်စက်တွင်းသို့ သေဆုံးသွားသူတို့၏ ရုပ်အလောင်းအား ထည့် သွင်းပြီး သည့်နောက် သင်္ဂြိုဟ်စက်အတွင်းတွင် သစ်သားကဒ်ဖြင့် ရုပ်အလောင်းအား မီးသင်္ဂြိုလ် ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သော်လည်း ကျန်ရစ်သူ ကာယကံရှင် မိသားစုတို့အား “ခင်ဗျားတို့ရဲ့ အဖိုး၊ ဦးလေး၊ အဒေါ် တို့ရဲ့ နောက်ဆုံးသင်္ဂြိုဟ်ပေးမှုကို ပက်လက်ကြီး သင်္ဂြိုဟ်မှာလား” ဟူ၍၄င်း၊ “အခေါင်းလေးနဲ့ ဆိုရင်ပိုပြီး တင့်တယ်ပါတယ်ဗျာ” ဟူ၍ တစ်နည်း သစ်သားခေါင်းဝယ် ရန် သွေးဆောင်ဖြားယောင်း လှည့်စားမှုများ ပြုလုပ်ကာ အခေါင်းရောင်းဆိုင်မှ ကော်မရှင်ရယူခြင်း ကာယ ကံရှင်တို့မှ အခေါင်းဖိုးအား အဆမတန် ဈေးမြှင့် တောင်းဆိုခြင်းများကို ပြုလုပ်လေ့ရှိသည်။
ထို့အပြင် အဆိုးဝါးဆုံးသော လုပ်ရပ်တစ်ခုမှာ လူမှုရေး လုပ်ငန်း လုပ်ဆောင်မှုအားအသုံးချကာ ထိုထိုသော နာရေးပွဲစားများ၊ မသာပွဲစားများဖြင့်ပူးပေါင်း၍ သင်္ဂြိုဟ်ပေးရမှု အလောင်းဦးရေ စံချိန်ချိုးရမှုများကို လုပ်ဆောင် ကြသော အသင်းများလည်းရှိပါသည်။ ထိုကဲ့သို့သော အသင်းအဖွဲ့ များနှင့် ပါတ်သက်မိသော နာရေးကာယကံရှင် များအနေဖြင့်(အခမဲ့) သင်္ဂြိုဟ် ပေးခွင့်ရခဲ့သော်ငြား လည်း တကယ်တမ်း ကုန်ကျငွေများသည် (အခမဲ့) မဟုတ်ချေ။
ထို နာရေးပွဲစား များနှင့် ချိတ်ဆက်ထားသော အသင်းအဖွဲ့အနေဖြင့်( အခမဲ့) ကူညီပေးခဲ့သော် လည်း နာရေးပွဲစား များ၏ စည်းရုံးလှည့်ဖြားမှုတို့ကြောင့်
နဂိုကတည်းက မိမိတို့၏ စားဝတ်နေထိုင်ရေးအရ မီးသင်္ဂြိုဟ်စရိတ်မတတ်နိုင်၍ (အခမဲ့) ကူညီ သည် ဟူသော ကူညီမှုအသင်းများကို အကူအညီတောင်းခါမှ ကုန်ကျငွေများ ထပ်မံကုန်ကျရသည့် အတွက် နာရေးရှင်များအနေဖြင့် ဘဝရပ်တည်မှုများ နိမ့်ပါးသည်ထက် နိမ့်ပါးကုန်ကြရတော့သည်။ ထို့ကြောင့် နာရေးကိစ္စသော်၎င်း၊ ကျန်းမာရေးကိစ္စသော်၎င်း၊ ပညာရေးကိစ္စသော်၎င်း၊ သဘာဝ ဘေးကိစ္စ သော်၎င်း အကူအညီတောင်းခံကြမည့် အပူသည် ဒုက္ခသည်များအနေဖြင့် မိမိတို့ အကူ အညီတောင်းခံ ကြမည့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်ခဲ့မှုများ၏ သမိုင်း ရာဇဝင် အချက် အလက်များအား သိရှိထားရန်လိုအပ်ပေသည်။
အများပြည်သူတို့အား အမှန်တကယ် အနစ်နာခံ၍ ပေးဆပ်ကူညီဖေးမခဲ့သော အသင်းအဖွဲ့ဟုတ် မဟုတ်၊ အများပြည်သူတို့အား ကူညီသယောင်ယောင်ဖြင့် ကိုယ်ကျိုးရှာ နာမည်ကြီးချင်သော ပရဟိတ အမည်ခံ အတ္တသမားများဟုတ်မဟုတ် အများပြည်သူတို့ အနေဖြင့် လေ့လာသုံးသပ်ထား ဖို့ အချိန်တန်ပြီ ဖြစ်တော့သည်။
ကျွန်တော်အနေဖြင့် ကျွန်တော်တို့၏ ပရဟိတတည်းဟူသော လုပ်ငန်းရပ်ကြီးအား အများပြည်သူ တို့အား ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ဖိဖိစီးစီး ကူညီဖေးမပေးမှုများ လုပ်ကိုင်နိုင်ရန်အတွက် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများအား သတိပေးစာသားဆောင်ပုဒ်အား နာရေးဝန် ထမ်း (ယာဉ် မောင်း/နောက်လိုက်)များ နေ့စဉ်တွေ့မြင်နိုင်သော တာဝန်ကျနေရာချိတ်ဆွဲထား သည်။ ယင်းဆောင်ပုဒ်မှာ
ရဲ ဘော် တို့
‘ ငို ’ မ ပြ နဲ့ . . . ‘ ကြွေ ’ မ ပြ နဲ့
‘ လမ်း ကြောင်း ’ ရင် . . . ‘ လိုင်း ပြောင်း ’ သွား မယ်။
‘ ဂွ င် ဖန်’ ရင် . . . ‘ အ နှ င် ခံ ’ ရ မယ်။
ဒါဘဲ
ကျော်သူ
ထို့အပြင် အသင်းသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ အကူအညီတောင်းကြသော နာရေးရှင်များ သိရှိရန်အတွက်လည်း အောက်ပါစာသားအား ကျွန်တော်၏ လက်ညိုးထိုးထားသောပုံဖြင့် ချိတ်ဆွဲထား ရတော့သည်။
“မ သာ ပွဲ စား မ လာ ရ”
ပုံ / ကျော်သူ
ကျွန်တော်သည် ပရဟိတလုပ်ငန်းများအား လုပ်ဆောင်ခဲ့သည်မှာ (၁၃) နှစ်တာကာလ သို့ ရောက် ရှိလာခဲ့သည်နှင့် အညီ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား စစ်မှန်သောပရဟိတ၊ တန်ဖိုးရှိသောပရဟိတ၊ ပြည်သူများ ၏ ပရဟိတ၊ လူသားတိုင်း၏ပရဟိတ ဟူသော မှတ်ကျောက် အတင်ခံ နိုင်ရန်အတွက် ညီနောင်ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့များအား ထိုကဲ့သို့သော ပရဟိတ လောကအား နာမည်ဖျက်မည့် ပွဲစားများနှင့် ပါတ်သက်မှုမရှိစေဘဲ စီးပွားရေး၊ နိုင်ငံရေး သမား များ ၏ အနုနည်းဖြင့် စည်းရုံးသိမ်းသွင်းမှု၊ သွေးဆောင်ဖြားယောင်း မှုတည်းဟူသော ပိုးချည်မျှင်မှလွတ်ကင်းနိုင်ရတိဟူသော အသိတရားဖြင့် ရပ်တည်ကြကာ မိမိတို့ လုပ်ဆောင် ပေးဆပ်မှုများအား ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ပြုပြီး အတ္တများဖြုတ်ချကာ အများပြည်သူ တို့အား ကူညီဖေးမပေးနိုင်သော လိပ်ပြာသန့် သည့်၊ သိက္ခာရှိသည့်၊ သီလလုံသည့် အများပြည်သူ တို့ဘက်မှ မားမားမတ်မတ်ရပ်တည် ပေးဆပ်သွားနိုင် သူများ ဖြစ်ကြစေရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတော့သည်။
ပရဟိတ သစ္စာဆိုရဲသည့်
(ကျော်သူ)
ကျော်သူ
ဒီဇင်ဘာ ၃၊ ၂၀၁၃
ကြမ္မာဆိုးများနှင့် ပြိုင်ကားလေးဘတ်စ်တတ် ...............
ကံကြမ္မာဆိုးများနှင့်
နာမည်ကျော်ကြာတဲ့ ပြိုင်ကားလေး ဘတ်စ်တတ် အကြောင်းကို
တင်ပြခြင်ပါတယ်။
ဒီပြိုင်ကားလေး၏ မူလပထမပိုင်ရှင်ဟာ နာမည်ကျော်ကြားသော
သရုပ်ဆောင်တစ်ဦးဖြစ်သူ
ဂျိမ်းစ်ဒင်း ပါ။ သူဟာ သရုပ်ဆောင်အလုပ်တွင်မက
ပြိုင်ကား
စီးရ ၊ မောင်းရတာကိုလည်း ကြိုက်ပါတယ်။ ဒါကြောင့် သူနောက်ဆုံးဝယ်
လိုက်တဲ့
ပြိုင်ကားလေးကို little Bastard လို့အမည်ပေးလိုက်ပါတယ်။
သူ ဒီကားကိုဝယ်ယူစဉ်မှာ
နာမည်ကျော်ကြားသော ဆာ အလက် ဂီးနက်စ် က
အရှိန်ပြင်းစွာ
မောင်းနိုင်တဲ့ ကားကြောင့် ဂျိမ်းစ်ဒင်း တစ်ယောက်သေနိုင်တယ် လို့
နိမိတ်ဖတ်
ဟောကိန်းထုတ်လိုက်ပါတယ်။
ဒီဟောကိန်း
အတိုင်းပဲ ၁၉၅၅ ခုနှစ်မှာ ဂျိမ်းစ် တစ်ယောက် ယာဉ်တိုက်မှုဖြစ်ပြီး
ကားပေါ်မှာ
သေခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ကားကို တစ်နာရီ မိုင်ရှစ်ဆယ်နှုံးမောင်းပြီး
ခေါင်းချင်းဆိုင်
တိုက်မိပြီး သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူများ၏ တွေ့ရှိချက်
အရ ဂျိမ်းစ်တစ်ယောက်
မျက်နှာချင်းဆိုင်မောင်းနှင်နေချိန် ရှောင်မယ်ဆို ရရဲ့သားနဲ့၊
ရှောင်ချိန်ရှိရဲ့သားနဲ့
ဘာကြောင့်မရှောင်ခဲ့တာလဲ ဆိုတာ ဝေခွဲမရခဲ့ပါဘူး။ သူတို့ဟာ
ဂျိမ်းစ်၏
ကားမောင်းကျွမ်းကျင်မှု၊ ပရောဖတ်ရှင်နယ် ဖြစ်မှုတွေကိုပါ သိနေသဖြင့် ပိုပြီး
အဖြေထုတ်ရ
ခက်ခဲ့ပါတယ်။
ဒီကားလေး၏
လူကို သေစေမှုဟာ ဂျိမ်းစ်တစ်ယောက်ထဲ အတွက်မဟုတ်ပါဘူး။
၁၉၅၉ ခု ဒီကားလေးပျောက်ကွယ်သွားချိန်အထိ
နောက်ထပ်လူနှစ်ယောက် ကို သေစေ
ခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ဒီကားလေး၏ ကံကြမ္မာဆိုးများအကြောင်း သတင်းကြီး
စေခဲ့ပါတယ်။
အမှတ်တရ ပစ္စည်းဝယ်ယူစုဆောင်းသူများ၏ အကြိုက်ဖြစ်ခဲ့ပြီး အပြိုင်
အဆိုင် ၀ယ်ယူဖို့
ကြိုးစားခဲ့ကြပါတယ်။
အဲဒီလို အမှတ်တရပစ္စည်းစုဆောင်းသူများက
ဒီကားလေး၏ အပျက်အစီး အပိုင်အစ
ရယူဖို့ ၊
ခွာယူဖို့ ကြိုးစားကြချိန်မှာလည်း မမျှော်လင့်သော ဘေးအန္တာရာယ်များကျရောက်
ပြီး ဒဏ်ရာအနာတရ
ဖြစ်ကြရပါတယ်။
ဒီကားလေးကို
ပြုပြင်ပြီးရောင်းဖို့ မိတ်ဆွေတစ်ယောက်က ကြိုးစားပါတယ်။ ဒီလိုကြိုးစား
နေစဉ်မှာ
ဒီကားကိုပြုပြင်နေတဲ့ အလုပ်ရုံက စက်ပြင်သမားရဲ့ ခြေထောက်ပေါ် ဒီကားက
ကျလာပြီး
ခြေထောက်ကျိုးခဲ့ရပါတယ်။ ပြီး ဆရာဝန်နှစ်ယောက်ကလည်း သူတို့ရဲ့ကား
မှာပြန်သုံးရန်
ဒီကားရဲ့ အစိတ်အပိုင်းများကို ၀ယ်ယူခဲ့ကြပါတယ်။
တစ်ယောက်က
အသတ်ခံလိုက်ရပြီး ၊ တစ်ယောက်က အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင် ဒီကား၏
မပျက်မစီးကျန်နေတဲ့ တိုင်ယာနှစ်လုံးကို လူတစ်ယောက်အား ရောင်း
လိုက်ပါတယ်။
ထူးခြားစွာပဲ အဲဒီဘီးနှစ်လုံး လုံးက မောင်းနေစဉ်တစ်ချိန်တည်း ပေါက်သွားလို့
အဲဒီလူကို
ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီတိုင်ယာနှစ်လုံးကို စစ်ဆေးကြည့်တော့ ဘီးပေါက်
လောက်အောင်
ချွတ်ယွင်းချက် ကြီးကြီးမားမား ရှာမတွေ့ပါဘူး။
ဒီလောက် ထိတ်လန့်ဖွယ်
ကံကြမ္မာဆိုးများနှင့် ကားကလေးကို နောက်ဆုံးမှာ ကာလီဖိုးနီးယား
အဝေးပြေးလမ်းမှ
ကားပြပွဲ ကိုပြသရန် စီစဉ်ကြပါတယ်။ ဒါပေမယ့် ပြပွဲမဖွင့်ခင် ညမှာ အဲဒီပြခန်း
မီးလောင်ပါတယ်။
ကားတွေအားလုံး မီးလောင်ပျက်စီးသွားပေမယ့် ဂျိမ်းစ်ရဲ့ကားကလေးကတော့
မီးညွန့်တောင်
အဟတ်မခံရဘဲ မီးဘေးက လွတ်သွားတာကို အံ့သြဖွယ်တွေ့ကြရပါတယ်။
နောက်တော့
ဒီကားလေးကို ဆယ်လီနတ်စ် ကိုသွားဖို့ ထရပ်ကားပေါ်တင်ယူသွားပါတယ်။
ဆယ်လီနတ်စ်
ဆိုတာ ဂျိမ်းစ်သေတဲ့နေ့က ဂျိမ်းစ်သွားမယ့် ခရီးပါ။ အဲဒီ ထရပ်ကားဟာ
မောင်းနေစဉ်မှာပဲ
ကားမောင်းသူဟာ ယာဉ်ကိုမထိမ်းနိုင်ကာ ဒရိုင်ဘာခန်းမှ ထွက်ကျသွား
ပါတယ်။ ပြီးတော့
သူ့ရဲ့ ထရပ်ကားက ပြန်ကြိတ်မိပါတယ်။ ဂျိမ်းရဲ့ကားလေးကတော့
ထရပ်ကားပေါ်ကနေ
အေးအေးဆေးဆေးပဲ လိမ့်ဆင်းသွားပါတယ်။
၁၉၅၉ ခု ဒီကားလေး၏
ဇာတ်သိမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒီကားကို
နောက်တစ်ကြိမ် ပြပွဲလုပ်ဖို့ ကြိုးစားကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကားကလေးဟာ
ဘာ့ကြောင့်မှန်းမသိရပဲ
အပိုင်း ၁၁ ပိုင်းကွဲထွက်သွားပါတယ်။ ဒီကားကို သေသေချာချာ ဂဟေ
ဆော် တွဲစပ်
ထားရဲ့သားနဲ့ ဖြစ်သွားရတာပါ။
နောက်ဆုံး
ဖလော်ရီဒါ ရဲတပ်ဖွဲ့မှ ဒီကားလေးကို မီယာမီ ရှိ ပြပွဲတစ်ခုမှာ ပြဖို့ကြိုးစားကြပါတယ်။
ကားလေး၏ အစိတ်အပိုင်းတွေကို
သစ်သားပျဉ်ချပ်တွေနဲ့ အလုံပိတ်ကာ ထရပ်ကားပေါ်တင်ပြီး
လွှတ်လိုက်ပါတယ်။
ထိုအချိန်မှစကာ ကားကလေးဟာ ပဟေဠိဆန်စွာပဲ ပျောက်ဆုံးသွားပါတယ်။
အဲဒီနောက်
စုံစမ်းစစ်ဆေးမှုတွေ လုပ်သော်လည်း နောက်ထပ်ဘယ်တော့မှ ဒီကားလေးကို မတွေ့
ကြရတော့ပါဘူး။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ
………………. နေခရမ်း
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဗုဒ္ဓလှိုဏ်ဂူတွေ့ရှိခဲ့သည့် ဂျပန်သုတေသနအဖွဲ့ ....................
ဂျပန်သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်ဒေသမှာ
ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ
တာလီဘန်တွေကြီးစိုးတဲ့ လွန်ခဲ့တဲ့ (၁၂)နှစ်ခန့်ကစပြီး ဗုဒ္ဓဘာသာဆိုင်ရာ
အဆောက်အဦးတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ယခုအချိန်မှာ တော့
ဂျပန်သုတေသနအဖွဲ့ဟာ ယခင်က ဗုဒ္ဓဘာသာအမွေအနှစ်တွေတည်ရှိတဲ့ နေရာနဲ့ (၃)
ကီလိုမီတာအကွာမှာ ဗုဒ္ဓလှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သုတေသနပြုလုပ်သူတွေရဲ့ ပြောကြားချက်အရတော့ အဆိုပါလှိုဏ်ဂူဟာ
(၄.၅)ကီလိုမီတာအနက်ရှိ လှိုဏ်ဂူအတွင်းမှာ ဗုဒ်္ဓဘာသာနဲ့ ဆက်စပ်ပစ်္စည်းတွေကို
ရှာဖွေတွေ့ရှိခဲ့ပြီး ဒီဂူတွင်းက ရုပ်ပွားတွေတွေဟာ ဘေးဝန်းကျင်ရှိ ဂူတွေထဲက
ရုပ်ပွားတော်တွေထက် နှစ်(၁၀၀)လောက် သက်တမ်းပိုစောတယ်လို့ သိရပါတယ်။
ဝါကိုတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျပန်သုတေသနအဖွဲ့ရဲ့
အဖွဲ့ခေါင်းဆောင် ကိုဆာကူမေးဒါ က ယခုလိုမျိုး ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့တဲ့
နေရာတစ်ခုမှာ ဗုဒ္ဓအမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဟာ
အံ့အားသင့်ဖို့ကောင်းကြောင်း ဒါဟာ ဘာမီယမန်ဒေသအတွင်းမှာ ဘယ်လောက်ထိ
ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့တယ်ဆိုတာကို လေ့လာဖို့အတွက် အခွင့်ကောင်းပဲဖြစ်ကြောင်း
ပြောကြားသွားခဲ့တယ်လို့သိရပါတယ်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဂျပန်ကျွန်းငယ်................
တိုကျိုမြို့တောင်ဘက် ကီလိုမီတာ (၁၀၀၀) ကွာ ပစိဖိတ်သမုဒ္ဒရာထဲက ဂျပန်ပိုင်
အိုဂါဆာဝါရာကျွန်းတွေနားက ကျွန်းတစ်ကျွန်းမှာ ကမ်းလွန်မီးတောင်
တစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကျွန်းငယ်လေးတစ်ကျွန်း ဖြစ်ပေါ်လာ
ကြောင်းသိရပါတယ်။ ဂျပန်နိုင်ငံမိုးလေ၀သဋ္ဌာနက မီးတောင်နောက်ဆုံးပေါက်ကွဲမှုဟာ
နီရှီနိုရှီမာအရှေ့မြောက်ဘက် မီတာ (၅၀၀)ခန်မှာဖြစ်ကြောင်း ဗုဒ္ဓူဟူးနေ့က
အတည်ပြုပြောကြားခဲ့ပါတယ်။ လူမနေတဲ့ကျွန်းမှာနှစ်(၄၀) အတွင်း
ပထမဆုံးပေါက်ကွဲမှုဖြစ်ရပ်လည်းဖြစ်ပါတယ်။
ကျွန်းလယ်မီးတောင်အလယ်ကမီးခိုးမြူတွေထွက်လာတဲ့ပုံနဲ့ မီးခိုးမည်းတွေ
စက္ကန့်(၃၀)နဲ့စက္ကန့်(၆၀)ကြားတစ်ခါ ပန်းထွက်လာတဲ့ပုံကို NHK
ကကင်မရာသမားတစ်ယောက်က ရိုက်ထားခဲ့ပါတယ်။
အသစ်ပေါ်လာတဲ့ကျွန်းငယ်ဟာ အရှေ့နဲ့အနောက်ကို မီတာ(၂၀၀) ၊
မြောက်နဲ့တောင်ကို မီတာ(၃၀၀)ပြန့်ထွက်နေကြာင်း
ဂျပန်ကမ်းခြေစောင့်တပ်ကပြောပါတယ်။ ဒါပေမယ့် အရာရှိတွေနဲ့ကျွမ်းကျင်သူ
တွေကတော့ ပြန့်ထွက်မှုဟာ မြောက်နဲ့တောင်ကို မီတာ(၁၀၀)ပဲရှိကြောင်းပြောပါတယ်။
ကုလသမဂ္ဂ ရဲ့ အဏ္ဏ၀ါဥပဒေအရ အဲ့ဒီ့ကျွန်းငယ်ကို
တရားဝင်ကျွန်းအဖြစ်သတ်မှတ်လိုက်ပါက ဂျပန်နိုင်ငံရေပိုင်နက်ဟာ
ကျွန်းငယ်ရဲ့တောင်ဘက်ကို မီတာ(၅၀၀)အထိ ကျယ်ပြန့်သွာမှာဖြစ်ကြာင်းသိရပါတယ်။ကျွန်းအသစ်နားက ဂျပန်ကျွန်းတွေကြောင့် ဂျပန်နိုင်ငံရဲ့စီးပွားရေးဇုန်ဟာကျယ်ပြန့်မှာမဟုတ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ပေါ်လာတဲ့ကျွန်းအသစ်ဟာ အရှေ့တရုတ်ပင်လယ်မှာနယ်မြေအငြင်းပွားနေရတဲ့ ကျွန်းတွေနဲ့ အတော်ဝေးတယ်လို့လည်းသိရပါတယ်။
Tuesday, December 3, 2013
ဒေါ်စု သမ္မတ ဖြစ်ဖို့ အရည်အချင်း မရှိဘူး ဆိုတဲ့သူတွေ လက်လှမ်းမီတဲ့ ခြောက်ခု..................
သာမန် လွှတ်တော်အမတ် အဆင့်က လုပ်ပြသွားတဲ့ နီးစပ်ရာ လုပ်ချက်ကလေးတွေပါ။
(၁) နှစ် နှစ်ဆယ်လုံးလုံး အလုပ်သမား ၀န်ကြီး မလုပ်နိုင်တဲ့ ထိုင်းခရီးစဉ်မှာ ယင်လတ်နဲ့ ထိုင်းအလုပ်သမားဝန်ကြီး နဲ့တွေ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီသောသူတွေရဲ့ အခက်အခဲကို အဆင်ပြေစေတဲ့ ယာယီ အလုပ်သမားကတ်နဲ့ နိုင်ငံကူးလက်မှတ် တွေ ထုတ်ပေးလာနိုင်တယ်။
(၂) နှစ် နှစ်ဆယ် လုံးလုံး ကျန်းမာရေးဝန်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး ဘတ်ဂျက်ကို တိုးပေးဖို့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး အဆင့်မြှင့်ဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်လာသလို ဂျာမနီနဲ့ ဂျပန်တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့ ရရှိခဲ့တယ်။
(၃) နှစ် နှစ်ဆယ်လုံးလုံး ဘယ်ပညာရေးဝန်ကြီးမှာ မလုပ်နိုင်ခဲ့တဲ့
ပညာရေး ဘတ်ဂျက်ကို နှစ်ဆတိုးဖို့ အဆို တင်သွင်းခဲ့လို့ ကျောင်းတွေမှာ ပညာရေးဘတ်ဂျက်အသုံးစရိတ် နှစ်ဆရလာတဲ့အပြင် ရန်ကုန် မန္တလေး အဆင့်မြင့်တက္ကသိုလ်တွေအဖြစ့် အရင်က ပိတ်ထားခဲ့တဲ့ တက္ကသိုလ်တွေမှ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူပေါင်းဆောင်ရွက်ပြီး ပညာရေး အဆင့်မြင့်ဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်လာတယ်။
(၄) နှစ်နှစ်ဆယ်လုံးလုံး သတ္တုတွင်း ၀န်ကြီး နဲ့ အမျိုးသား စီမံကိန်း ၀န်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
လက်ပံတောင်တောင်စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ် အရင်က မြန်မာနိုင်ငံအနေနဲ့ တ၇ုတ်နဲ့ ၁၅ ရာခိုင်နှုန်းပဲ ရခဲ့တဲ့ အချိုးအစားကို ၆၀ ရာနှုန်းအဖြစ် အကျိုးအမြတ် ရအောင် ဖန်တီးပေးနိုင်ခဲ့သလို ယခင်က နစ်နာခဲ့တဲ့ ပြည်သူတွေ အနေနဲ့လည်း လျော်ကြေးတွေ ပြန်လည်ရရှိခဲတယ်။ အကျိုးဆက်အဖြစ် တရုတ်က ရပ်တန့်ထားတဲ့ စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ကြိုးစားရင် ဒေါ်စုနဲ့ နဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ သဘောပေါက်လာတယ်။
(၅) နှစ်ငါးဆယ်လုံးလုံး ဘယ်နိုင်ငံ့ခေါင်းဆောင် မှ မလုပ်နိုင်ခဲ့တဲ့ မိမိအစိုးရစရိတ်မပါပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်နဲ့ နိုင်ငံရေး စီးပွားရေး ကြွေးမြီကိစ္စတွေ ဥပဒေရေးရာ နိုင်ငံရေးရာတွေကို ကမ္ဘာ့ပညာရှင်တွေနဲ့ ဆွေးနွေးဟောပြောခြင်း နိုင်ငံအတွက် ကဏ္ဍစုံကို အခွင့်အလမ်းပွင့်စေခြင် အစရှိတာတွေကို ဆောင်ရွက်ခဲ့တယ်။
လက်ရှိ သမ္မတ နဲ့ ဒေါ် စုနဲ့ကို ကမ္ဘာက ဖိတ်ကြားတာချင်း၊ အဲဒီနိုင်ငံ ၀န်ကြီးချုပ်တွေနဲ့ တွေ့ဆုံဧည့်ခံတာချင်း၊ တိုင်းပြည်အကြောင်း ပွင့်လင်းစွာ ဆွေးနွေးကြတာချင်း
ဘယ်သူက ပိုများသလဲ ...။
(၆) နှစ်ပေါင်းများစွာ မည်သည့်သမ္မတကမှ ဘာသာရေးနဲ့ပတ်သက်ပြီး ပွင့်လင်းစွာမဖြေကြားခဲ့တဲ့
မြန်မာပြည်က လူနည်းစုအစ္စလာမ်တွေက မြန်မာပြည်က ဗုဒ္ဒဘာသာဝင်တွေကို စိုးရိမ်ထိပ်လန့်နေပါသလား ဆိုတဲ့ ဘီဘီစီရဲ့ နှပ်ကြောင်းပေးမေးခွန်းကို
ကမ္ဘာ့ အစ္စလာမ် ပါဝါကိုလည်း ကမ္ဘာ့ ဗုဒ္ဒဘာသာဝင်လူနည်းစုက စိုးရိန်ထိပ်လန့်နေတာပါပဲ ဆိုတဲ့ အဖြေနဲ့ ချေပ ဖြေဆိုနေချိန်မှာ
.
လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ သမ္မတက ပြည်တွင်းမီဒီယာတွေနဲ့ VOA အင်တာဗျူးမှာ
ကျွန်တော်တို့ နိုင်ငံမှာ ခိုးဝင်လာသူ မရှိပါဘူး။ ၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ် ဆိုတဲ့ ပြောကြားချက်တွေကို ဥပဒေကိုမလေ့လာပဲ ပြီးစလွယ် ပေါက်ပန်းဈေး တရစပ် ပြောဆိုနေကြပါတယ်။
-------------------------------------------------------------------------------------------------
ဒါ ပါးပါးလေးပဲ ယှဉ်ကြည့်တာပါ။
တွေးကြည့်ကြပေါ့ဗျား
မူရင်း ...ငရဲသား
အင်တာနက်မှာ ပျံ့နေတဲ့ သတင်းတွေ အပေါ် စိုးမြတ်သူဇာ ဖြေရှင်း
အခုရက်ပိုင်း အင်တာနက်မှာ ဖြစ်ပေါ်နေတဲ့ Myanmar celebrity တွေရဲ့သတင်းနဲ့ ပတ်သက်ပြီး အကယ်
ဒမီ စိုးမြတ်သူဇာက သူမရဲ့ကိုယ်ပိုင် facebook စာမျက်မှာ ဖြေရှင်းထားတာကို ကူးယူ ဖော်ပြပေးလိုက် ပါ
တယ်။

အကယ်ဒမီ စိုးမြတ်သူဇာ၊ ဓာတ်ပုံ- စိုးမြတ်သူဇာ ဖေ့စ်ဘုတ်
ပရိတ်သတ်များရှင်ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အ
ကြောင်းအရာများနှင့် ပတ်သက်ပီးကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင် ကျမကိုသံယောဇဉ် ရှိ
ကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အရှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမ ကိုယ်တိုင်လဲ
အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ်။
Moe Zay Nyein ကိုကျမ မသိပါ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ
နားမလည်ပါသူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ မ
ထောက်ခံ ထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့
comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ ကျမ တော်တော် ကို စိတ်ပျက်မိပါတယ်။
အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း တကယ် နိုင်ငံတော် အစိုး
ရက ဒီတိုင်း ကြည့်မနေဘဲ ထိထိ ရောက်ရောက် အပြစ်ပေး ခဲ့တာ လူတိုင်းလဲ သိကြပါတယ်။ nobody
perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ်။
သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ ကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများ ကြီး
ရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး ကျမ အသက် ၄၂ နှစ်ရှိပါပြီ။
လက်ရှိ မိဘ တွေ နဲ့ တူတူနေပြီး ကျမ ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင်
အသိုင်း အဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ်။
အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲကျမ ဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့
အင်မတန် ခံရခက်ပါတယ်။ နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်
စားပေမဲ့ ဒီနိုင်ငံသူ တစ်ယောက်အနေနဲ့ နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ်။
ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော ကိစ္စ များကို ဘဲ
ကျမ စိတ်ဝင်စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ ဘ်ာသူ့
ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါတယ်။
ကျမ life ကို Day by day ဖြတ်သန်းပါတယ် ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့
ပါဘူး။့  ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်
နစ်နာအောင် ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက် ဒီအသက် အရွယ်ထိ
ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ လိပ်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ
ရှိပါတယ်။
MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့ လုပ်ဖော် ကိုင်
ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ် မိသားစုတွေ ရှိကြတဲ့ အ
တွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်ဆီးစေပါတယ် သံသ
ယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ်။
အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ
ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ် ပရိတ်သတ်များရှင်
MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံးကို ကျမ
လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက် အသိအမှတ်လဲ မပြုပါဘူး။
ကျမ အတွက် အချိန်က ဘဝ ပါ ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ်
ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်
သတ်တွေကို ကျမ တန်ဖိုးထားထားလို့ ပါ ကျမ အတွက် နံပါတ် တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲ
မှာ ပရိတ်သတ်များ ပါပါတယ် ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကိုလက်တွဲထားမဲ့အဖော်
ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်
လျှောက် ချင်ပါတယ်။
MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီ
အသုံး အနူန်း ကို ကျမ နားလည်ပါတယ်။
ဦး MZN ရှင်( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦး တတ်ပြီး ခေါ်လိုက်တာပါ ) ဦးပြော
သလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက် ကျမ ကတော့
ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင် ဒါပေမဲ့ ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင် ကျမ အ
တွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦးကို ကျေးဇူး
တင် မိပါတယ်။
ဘယ်သူနဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ လူမူဆက်ဆံရေးဟာ လူတစ်ယောက်
အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အရာ မှ အဆင်ပြေမှာ
မဟုတ်ပါဘူး။
ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ်။ ဘယ်နိုင်ငံမှာဘဲ နေနေ နိုင်ငံတိုင်း
ရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ်။
အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို
(၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက
(၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက
(၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်းအထောက်အထား
မရှိပါက ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ။
ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင် သလို
ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး
ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ။
နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး လူ့ အခွင့်
အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အ
ကောင်း ဆုံး မဟုတ်ဘူးလား ကျမကို ချစ်တဲ့ ပရိတ်သပ်များ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည်
ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင် ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီ
နေရာကနေ ကျမ တောင်းပန်ပါတယ်။ ကျမ ကိုနားလည်ပေးကြပါ။
ဒီကိစ္စမှာ ကျမကို ကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူးကျေးဇူးတင်
ပါတယ် အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပါစေရှင်။
စိုးမြတ်သူဇာ
2nd December 2013 1:30 pm
The Irrawaddy's Blog by အိမ့်သံစဉ်

Monday, December 2, 2013
ပါကင်ရှားနေသော ရန်ကုန်မြို့တော်........................
Monday, December 2, 2013
စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့လယ်ဖြစ်သော အနော်ရထာလမ်းမကြီး ဘေးတွင်
ကားများ အစီအရီ ရပ်ထားသည်။ ပလက်ဖောင်း ပေါ်တွင် ဈေးရောင်းနေသည့် ဈေးသည်များ၏
အသံတို့မှာလည်း တစ်ယောက်တစ်ပေါက် အော်ဟစ်ဆူညံ နေကြသည်။ အဆိုပါ လမ်းပေါ်တွင်
ကားတစ်စီး ရပ်လိုက်ပြီး ဝတ်စုံဆင်တူ ဝတ်ထားသည့် ကုမ္ပဏီဝန်ထမ်း
အမျိုးသမီးနှစ်ဦးက ကားပေါ်မှ ဆင်းလာကာ ကားအတွင်းရှိ ပစ္စည်းများကို
ဆွဲယူနေသည်။ ထိုသို့ ကား ရပ်လိုက်စဉ် ခဏတာအချိန်မှာပင် နောက်ကား များက
ဟွန်းကို တပွမ်ပွမ် တီးကြသည်။ ထိုအမျိုးသမီးနှစ်ဦး ထဲမှ ၂၈ နှစ်ခန့်အရွယ်
အမျိုးသမီးက နောက် ၁၅ မိနစ်နေရင် ဒီမှာ လာကြိုပေးပါ" ဟု ယာဉ်မောင်းကို
ပြောလိုက်သည်။
ယင်းမြင်ကွင်းသည် အနော်ရထာ လမ်းမကြီးပေါ် ဈေးဆိုင်ခန်း ဖွင့်ထားသူများ၊ အထပ်မြင့်တိုက် များတွင် နေထိုင်သူတို့၏ ကားများ ကားပါကင် နေရာယူထားသည့် အတွက် ထိုနေရာသို့ လာရောက်သူများ ကားရပ်ရန်နေရာ မရှိဘဲ လမ်းမကြီးပေါ် ခဏတာရပ်သော်လည်း နောက်ကားများ က ဟွန်းတီးနေကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် အနော်ရထာလမ်း ကဲ့သို့ အထင်ကရ လမ်းမကြီးသာ မဟုတ်ဘဲ လမ်းကြားများ၊ ရပ်ကွက်များတွင်လည်း ကားရပ်ရန် ပါကင်ရှာရခြင်းအတွက် အချိန် အတော်ပေးနေကြရသည်။
မြို့လယ်ရှိ အထပ်မြင့်အဆောက် အအုံတို့တွင် မြေညီထပ် နေထိုင်သူတို့သည် မျက်နှာစာတွင် ကားရပ်ရန်နေရာ ကားပါကင် (Parking) ကို အပိုင်ယူထားကြသည်။ အချို့ဆိုလျှင် ကားရပ်ရန်နေရာကို ဝါးလုံး တား၍ ယာဉ်မရပ်ရ ဆိုင်းဘုတ်ကို ထောင်ထားသည်။ ရပ်ကွက်ထဲတွင်လည်း အိမ်ရှေ့ကားမရပ်ရ ဆိုသည့် စာတန်းများကို စာလုံးကြီးများဖြင့် ရေးသားထားသည်။
မြေညီထပ်နှင့် အပေါ်ထပ်တွင် နေထိုင်သူတို့ ကားရပ်ရန် နေရာလုပြီး စကားများ ရန်ဖြစ်ကြသည်များကို မကြာခဏ တွေ့ ရသည်။ ထိုသို့ ဖြစ်နေသည်မှာ ယခုမှမဟုတ် နှစ်နဲ့ချီနေပြီ ဖြစ်သည်။ အစိုးရသစ် တက်လာပြီး ကားများ ဒလဟော တင်သွင်းခွင့်ပြုလိုက်ပြီးသည့် နောက်ပိုင်းတွင် ကားပါကင် ပြဿနာသည် အခြေအနေ ပိုမိုဆိုးရွားလာသည်။
နိုင်ငံခြားသတင်းဌာနတွင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက "မြို့ထဲလာရင် ကားရပ်ဖို့နေရာ တော်တော်ရှာရတယ်" ဟု ညည်းတွား ပြောဆိုဖူးသည်။
ထိုကဲ့သို့ ကားပါကင် မလုံလောက် မှုကြောင့် လမ်းပေါ်တွင် ကားများဆင့် ရပ်လိုက်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်လျက်ရှိနေသည် ကိုလည်း တွေ့ရသည်။
မဟာဗန္ဓုလလမ်း ပေါ်တွင် အအေးဆိုင် ဖွင့်ထားသူတစ်ဦးက "ဆိုင်ရှေ့မှာ ကားရပ် ခိုင်းလိုက်ပြန်ရင်လည်း ကိုယ့်ကားရောက် လာတဲ့အချိန် နေရာမရှိဘူး။ ဒါကြောင့် ကားရပ်ဖို့ နေရာဦးထားရတယ်" ဟု နေရာ ယူထားရခြင်းကို ရှင်းပြသည်။
အချို့သော ဆိုင်ရှင်၊ အိမ်ရှင်များ သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကားပါကင်အတွက် နှစ်စဉ် ကြေး အခွန်ဆောင်ထားပြီး ဖြစ်သော်လည်း အချို့မှာမူ အခွန်ဆောင်ထားခြင်း မရှိပေ။
စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦးက "တခြားကားတွေကို ရပ်ခွင့် မပေးဘဲ နေရာတွေ ပိတ်ထားတာဟာ မလုပ်သင့်ဘူး။ တခြားကားတွေအတွက် ဖယ်ပေးရမယ်" ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တစ်နှစ်စာ ကားပါကင်အတွက် တစ်စတုရန်းပေလျှင် ၈၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း ယင်းကော်မတီ ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
ကားပါကင်များ ရပ်နားနိုင်ရန် အတွက် သီရိမင်္ဂလာဈေးဟောင်း၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေနေရာ၊ မင်းရဲကျော်စွာလမ်း အစရှိသော နေရာများတွင် ယာဉ်ရပ်နား စခန်းများ ဖွင့်လှစ်ခဲ့ပြီး ကားရပ်နားနိုင်သည့် နေရာများလည်း ဆောက်လုပ်လျက် ရှိသည်။
ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့ မှုများ မဖြစ်ပေါ်စေရန် အတွက် ခြောက်လမ်းသွား ကားလမ်းမကြီး အပါအဝင် ယာဉ်မရပ်ရသည့် လမ်းပေါင်း၂၆ခုကို ထုတ်ပြန်ခဲ့သည်။ သို့သော် ယာဉ်မောင်းသူ အများစုမှာ လိုက်နာခြင်း မရှိသကဲ့သို့ အရေးယူမှုမှာလည်း အားနည်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက "တခြားနိုင်ငံတွေလို အထပ်မြင့် ပါတဲ့ ကားပါကင်ဆောက်ဖို့ ဆွေးနွေးတာ ရှိတယ်။ ခုအများဆုံးဒုက္ခ တွေ့နေရတာ ယာဉ်ကြောပိတ်ဆို့မှုပဲ" ဟု စက်တင်ဘာလ အတွင်းက ပြောဆိုထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပန်းဆိုးတန်းလမ်းတွင် အထပ် ၁၅ ထပ်ရှိသော ကားပါကင်အဆောက် အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားစီးရေ တစ်ရာကျော် ထားနိုင်မည်ဟု ဆိုထားသည်။
အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း အစရှိသော လမ်းမကြီးများတွင် ကားပါကင်ထိုးနိုင်ရန် ပလက်ဖောင်းများကို မြို့တော်စည်ပင်က ပြင်ဆင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဈေးသစ် လဟာပြင်ဈေးနေရာ တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်း၍ အကျိုးတူ တည်ဆောက်သော Twin Tower သည် အထပ် ၃၂ ထပ်နှင့် ၂၄ ထပ် အဆောက်အအုံ တို့ဖြစ်ပြီး ကားပါကင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ က ပြောဆိုထားသည်။
ထိုအဆောက်အအုံ စီမံကိန်းကာလသည် လေးနှစ်ဖြစ်သည့်အတွက် ကားပါကင် အသုံးပြုနိုင်ရန် စောင့်ဆိုင်းရဦးမည်။
ထိုအဆောက်အအုံများ ပြီးဆုံးသွားပါက လည်း ရန်ကုန်မြို့တော်အတွင်း ကားပါကင် ပြဿနာ ပြေလည်နိုင်ပြီလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတိုင်မီ က ယာဉ်အစီးရေ ၂ ဒသမ ၄ သန်းရှိပြီး ရန်ကုန်မြို့တော်တွင် အစီးရေ သုံးသိန်းခန့် ရှိခဲ့သည်။ ကားတင်သွင်းခွင့် မူဝါဒများ လျှော့ချပြီးသည့် နောက်ပိုင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သိန်းတစ်သောင်းခွဲကျော် ခွင့်ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရာရှိတစ်ဦးကမူ "ယာဉ်ကြော ပိတ်ဆို့တာကို လတ်တလောဖြေရှင်းဖို့ မလွယ်သေးဘူး" ဟု မှတ်ချက်ပေးသည်။
ရန်ကုန်မြို့တော်၏ ညနေခင်း ဆည်းဆာချိန်တွင် ကားများတရွေ့ရွေ့နှင့် ဥဒဟို သွားလာနေကြသည်။ ကားဟွန်းများကလည်း တပွမ်ပွမ် မြည်ဟီးနေသည်။ မဟာဗန္ဓုလလမ်းပေါ်တွင် ကားပါကင်များ ပြည့်နေသည့် အတွက် တက္ကစီကားများက လမ်းမပေါ်တွင် ပိတ်ရပ်ထားသည်။ ဈေးသည် များကလည်း တတိယလမ်းမပေါ်တွင် ခင်းရောင်းနေကြသည်။ ယာဉ်ကြောပေးထားသည့် လမ်းသည် ယာဉ်သုံးစီးစာ သွားနိုင်သော်လည်း ယာဉ်တစ်စီးသာ သွား၍ရသည်။
၃၁ လမ်းသို့ လာရောက်သည့် လုပ်ငန်းရှင်တစ်ဦးက အောက်ပါအတိုင်း ပြောကြားသည်။ "ကားပါကင်ထိုးဖို့ နေရာမရှိလို့ ဒရိုင်ဘာကို ပတ်မောင်းခိုင်းနေရတယ်" ဟူ၍ ဖြစ်သည်။
Written by မင်းထက်စံ
The Voice Weekly

Thit Htoo Lwin - Feature

Saturday, November 30, 2013
ဝိုင်းစုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ဆောင်မယ် .........
မြတ်သူအောင်
သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။
လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
“၀ိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။
ဝိုင်းစုခိုင်သိန်းနဲ့ လက်ထပ်မယ့် ကိုဥက္ကာမြင့်ကြူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း အမေရိကားမှာ သီချင်းသွားဆိုစဉ် တွေ့ဆုံခဲ့ကြတာလို့ ကိုဥက္ကာမြင့်ကြူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။
ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။
“၀ိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ၀ိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ၀ိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ၀ိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။
Posted by
Koko Zaw

စိတ် ဖိစီးမှု အတွက် ယောဂ လေ့ကျင့်ခန်း...............

ယောဂ လေ့ကျင့်ခန်းဟာ စိတ် ဖိစီးမှု အတွက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ နေ့စဉ်နှင့် အမျှ သွားလာ
လှုပ်ရှား မှုတို့သည် တစ်ခါ တစ်ရံ စိတ်ကို မွမ်းကျပ်နိုင်သလို လုပ်ငန်း ကိစ္စများ မအောင်မြင်ခြင်းကြောင့်
စိတ်ဖိစီးမှု များကို ဖြစ်စေနိုင် ပါတယ်။
ခန္ဓာကိုယ် ပင်ပန်းသည်ထက် စိတ်ပင်ပန်း မှုသည် ပိုပြီး လူကို ပင်ပန်းစေပါတယ်။ ထိုပင်ပန်းမှုများကို
သက်သာပျောက်ကင်းစေရန် ယောဂလေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းသည် အ
ချိန်အများကြီး ပေးစရာ မလိုပါဘူး။ အချိန်အနည်းငယ်နှင့် မိမိအိမ်မှာ နေ့တိုင်းလုပ်သင့်သော လေ့ကျင့်
ခန်း တစ်ခု ဖြစ်ပါတယ်။
ထို့ပြင် တစ်ခြားသော ရောဂါများအတွက် ကောင်းမွန်စေတဲ့ အပြင် ကျန်းမာရေး အတွက်လည်း ကောင်း
မွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများ ခံစားနေရချိန်တွင် ယောဂလေ့ကျင့်ခန်းကို လုပ်
လိုက်ပါ။ စိတ်သက်သာမှုကို ရရှိစေနိုင် ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
By ရိုးရာလေး
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: စိတ် ဖိစီးမှု အတွက် ယောဂ လေ့ကျင့်ခန်း http://www.simon-vlog.com/2013/11/blog-post_3102.html#ixzz2m86iQ88d
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။
အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။
Ref: Good Health
စာရေးသူ :July Moe
အေးချမ်းမွန် Credit To >Zuri's Beauty Hub
╰⊰◤ကောင်ကင်းပြာ◥⊱╮