အခုရက်ပိုင်း ထွက်ပေါ်လာတဲ့အထဲက စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကတော့ သမ္မတ အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထဲ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ယောက် ပါဝင်လာခြင်းပါ။ လွတ်မြောက်လို့ နေအိမ်ရောက်ရောက်ခြင်း ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
ဒီ သတင်းစာရှင်းလင်းပွဲကနေ တဆင့် သူတို့ အဖြစ်အပျက်၊ သူတို့ အတွေ့အကြုံ တစ်ချို့ ထုတ်ဖော်ပြောဆိုပါတယ်။ သူတို့ ပြောဆိုတာတွေထဲမှာ ဘာတွေ ထူးခြားတာတွေပါလဲ၊ အဖြစ်မှန်တွေက ဘာလဲ၊ ဒီ အဖြစ်အပျက်တွေကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လွတ်မြောက်ခွင့်ပေးသင့်သူတေ
ကိုကျော်နေ၀င်းနဲ့ အေးနေ၀င်း တို့နှစ်ယောက်ဟာ နိုင်ငံရေးသမားတွေတော့ မဟုတ်ကြပါဘူး။ သူတို့ နှစ်ယောက် လွတ်မြောက်လာတာနဲ့ ပါတ်သက်ပြီး အငြင်းပွားကြသူတွေ ရှိသလို၊ ကြေငြာချက်ထုတ် ကန့်ကွက်သူတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စိစစ်တဲ့နေရာမှာ အဓိကအားဖြင့် ဘယ်ပုဒ်မ တွေနဲ့ ဖမ်းဆီးထားသူတွေကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ် သတ်မှတ်မလဲ၊ အဲဒီ ပုဒ်မတွေနဲ့ မဟုတ်ရင်တောင် နိုင်ငံရေးလုပ်လို့ ဆက်စပ် အဖမ်းခံ၊ ထောင်ချ အပြစ်ပေးခံရရင် လည်း ထည့်သွင်းဖို့ စသဖြင့် မူဘောင်တွေ ချမှတ်ပြီး လုပ်ခဲ့ကြတာပါ။ အခု ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်း နှစ်ယောက် ဟာ အဲဒီ သတ်မှတ်ထားတဲ့ ပုဒ်မတွေနဲ့ ထောင်ချခံရသူတွေဖြစ်နေလေတော
သူတို့ကို ဘယ်သူက ထောင်ထဲပို့ခဲ့သလဲ။
လွတ်မြောက်ပြီးပြီးချင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုကျော်နေ၀င်းနဲ့ ကိုအေးနေ၀င်းက သူတို့ မိသားစု မတရား ဖမ်းဆီး ထိန်းသိမ်းခံရတဲ့အကြောင်း၊ သူတို့မှာ တစ်ဖက်က စွတ်စွဲသလို အပြစ်မရှိတဲ့အကြောင်း တရားရုံးမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ လျောက်လဲခဲ့ပြီဖြစ်တဲ့အကြော
အာဏာရှင်ဟောင်းအပေါ် သစ္စာရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်
သူတို့ နှစ်ယောက် သတင်းစာရှင်းလင်းပွဲမှာ နောက်ထပ် စိတ်တ၀င်စား သိလိုက်ရတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟ
တကယ့် အဖြစ်အပျက်က ဘာလဲ
သူတို့ နှစ်ယောက် သတင်းထောက်တွေကို ရှင်းပြတဲ့ဆီမှာ သူတို့မိသားစုဟာ အဲဒီအချိန်က စစ်အာဏာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အကြား ရင်ကြားစေ့ရေး လုပ်ပေးဖို့ ကြိုးစားလို့ ဒီလို အညှိုးခံ အပြစ်ပေးခံရတာလို့ ဆိုထားပါတယ်။ သူပြောတဲ့အထဲက အချက်အလက် တစ်ချို့ မှန်ကောင်း မှန်နိုင်ပေမယ့် အဲဒါတွေဟာ နအဖ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာရှင်ဟောင်း မိသားစုဝင်တွေကို သေဒါဏ်ပေးဖို့လောက်အထိ အရေးပါခဲ့မယ့်ပုံတော့ မပေါ်ပါဘူး။ တကယ့် အဖြစ်မှန်ကတော့ ကိုယ်ကျိုးစီးပွားဆိုင်ရာ ကိစ္စတွေပါ။ အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ ၁၉၈၈ စစ်ဘက်၊ အရပ်ဘက် ရာထူးတွေ အားလုံးကို စွန့်လွှတ်သွားတဲ့တိုင် အဲဒီအချိန်က စစ်ကောင်စီကို လိုအပ်တဲ့အခါ နောက်ကွယ်ကနေ ကြိုးကိုင်ညွှန်ကြားနေတယ်ဆို
ဒီလို စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း နောက်ပိုင်းအာဏာရှိလာတဲ့ စစ်အာဏာရှင်တွေနဲ့ ထိပ်တိုက်တိုးလာတာ ဖြစ်ပါတယ်။ အထင်ရှားဆုံး ဥပမာ တစ်ခုကတော့ စကိုင်းလင့်ခ် ကုမ္ပဏီထောင်ပြီး မိုဘိုင်းဖုန်း တပ်ဆင်ရေး လုပ်ကိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကမြန်မာနိုင
ဗိုလ်ချုပ်မှူးကြီးနဲ့ အာဏာရှင် လုပ်မယ့်သူတွေအတွက် ဘာအချက်ပြနေသလဲ
အခုနောက်ပိုင်း လူတွေကြား ဆွေးနွေးငြင်းခုံနေကြတဲ့ အချက်တစ်ခုကတော့ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ သူ့တပည့်သားမြေးတွေအပေါ် တစ်စုံတစ်ရာ သြဇာညောင်း မညောင်း ကိစ္စပါ။ လက်ရှိ အာဏာပိုင်တွေ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက
ပြောရရင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ လုံးလုံးလျားလျား လွတ်မြောက်သွားပြီလို့ မပြောနိုင်သေးပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အာဏာရှင်စနစ်အောက်ကို ရောက်သွားနိုင်သေးတဲ့ ရေခံမြေခံတွေ အားလုံးကျန်ရစ်နေပါသေးတယ်။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ပျက်လုနီးပါး ဖြစ်ခဲ့ရတာတွေ၊ အာဏာရှင်တွေကိုယ်တိုင်လည်း ဇတ်သိမ်းမကောင်း၊ သမိုင်းမလှ ဖြစ်ခဲ့ရတာတွေကို လက်ရှိ အာဏာပိုင်တွေ၊ အထူးသဖြင့် တပ်မတော်ထဲက ခေါင်းဆောင်တွေ ကောင်းကောင်းသင်ခန်းစာယူဖို
စည်သူအောင်မြင့်။




























ကျွန်တော်နေတဲ့ရပ်ကွက်ထဲကလူတစ်ေ





