This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 19, 2012

(MSE Offline ပြုလုပ်နည်း) Microsoft Security Essentials (MSE) Offline Update

အင်တာနက်အခတ်အခဲကြောင့် Microsoft Security Essentials (MSE) ကို Online Update မလုပ်နိုင်တဲ့ သူငယ်ချင်းများ Offline အနေနဲ့ Update လုပ်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....
ပထမဆုံး မိမိသုံးနေတဲ့ Operating System က 32bit လား 64bit လားဆိုတာ သိထားရပါ့မယ် .... Win + Pause/Break ကို တွဲနှိပ်လိုက်ရင် သိနိုင်ပါတယ်... အောက်မှာ 32bit ဆိုရင် 32bit ကိုဒေါင်းယူပါ... 64bit ဆိုရင် 64bit ကို ဒေါင်းယူပါ...။
ဒေါင်းယူပြီးရင် mpam-fe ဆိုတဲ့ exe ဖိုင်လ်လေးရလာမှာပါ အဲ့ဒီဖိုင်လ်လေးကို Desktop မှာတင်ပြီး Right Click  -> Run as administrator  နဲ့ Run ပေးလိုက်ပါ ...
 ပြီးသွားရင် MSE ကိုဖွင့် Update ကို နှိပ်ပြီး Offline Update လုပ်နိုင်ပါပြီ.....
အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်...
အဆင်မပြေသေးရင် ညီလေး IT Helper တင်ပေးထားတဲ့  ဒီနည်းအတိုင်း  Offline Update လုပ်ပေးနိုင်ပါသေးတယ်...။
ဝင်းကမ္ဘာကျော်

မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာ အတူစားသောက်ခဲ့

မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့
Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့်  F23 မှ အရာရှိ၊စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင်မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော  အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့  Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain  CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
 နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
 
 Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ)၏ Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 မှ အရာရှိ၊ စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။
 
ထိုသို့ လာရောက် လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှ မြန်မာစစ်ရေယာဉ်များ မှအရာရှိ၊ စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
 
Copy from - Myanmar NAV

အမေရိကန်သမ္မတ ခရီးစဉ် သတင်းအချက်အလက်အချို့သိရ

သမိုင်း ၀င် မြန်မာ နိုင်ငံ ခရီးစဉ် အတွက် အိုဘားမား သည် အမေရိကန် ပြည်ထောင်စု
မှ ယနေ့  ညတွင် စတင် ထွက် ခွား သွား ပြီ ဟု သတင်း ရရှိသည်။

Photo by - Khu Daun
Copy from - Potus Trip To Myanmar

အိုဘားမား ခရီးစဉ်အကြို မြန်မာအစိုးရ သဘောထား ထုတ်ပြန်

ယနေ့ နိုဝင်ဘာလ ၁၈ ရက် မြန်မာစံတော်ချိန် ည ၈ နာရီ သတင်းတွင် နိုင်ငံတော် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် ၂/၂၀၀၂ ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
ဒါဟာ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ် အကြို မြန်မာအစိုးရဘက်က အခုလို အစိုးရရဲ့ လုပ်ဆောင်နေတဲ့ ၊ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ဆိုင်ရာတွေကို အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ကြေညာချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံတော် သမ္မတရုံးစာမျက်နှာတွင် လည်း ဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) 
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေ ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် - 

၁။လူ့အခွင့်အရေးကိစ္စများ မြန်မာနိုင်ငံအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ 

၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူ လုံရေးကိစ္စများနှင့် နေရေးထိုင်ရေးကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကို လည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေးတာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။ 

၂။ အကျဉ်းသားများကိစ္စ ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စ ကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာအစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များ ကို ပြန်လည် စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူ သည့် အချိန်မှစတင်၍ ငြိမ်းချမ်းရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက် ၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်စေ ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ 

ထို့အပြင် ပြည်ထောင်စုအစိုးရအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများ ကို ရေရှည်အာမခံချက်ပေးနိုင်ရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ 
ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။ 

ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကို လည်း နိုင်ငံ တကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများ ကို လည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံ တကာလူသားချင်းစာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေး သွားမည် ဖြစ်ပါသည်။ 

၎။ အဏုမြူမပြန့်ပွားရေး ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။ 

၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ် တွင် နိုင်ငံသားများ၏ ပါဝင်မှုကို မြှင့် တင်ခြင်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍ ကို မြှင့်တင် ပေး
ခြင်း တို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံ ပူးပေါင်း ပါဝင်သော အစီအစဉ်ဖြစ်ပါသည်။ 

၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။ 

(သတင်းထုတ်ပြန်ရေးအဖွဲ့)

ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ချေးငွေကန်ဒေါ်လာ ၆၁၅ သန်း ပေးမည်

တိုကျို၊ နိုဝင်ဘာ-၁၇

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရချေးငွေ ကန်ဒေါ်လာ ၆၁၅ သန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းမှာ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း
အမေရိကန်က ကြေညာပြီး ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ချေးငွေပေးမည့် ကြေညာချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ဂျပန်ဝန်ကြီးချုပ်
ယိုရှီဟီကိုနိုဒါက ကြေညာမည်ဖြစ်ကြောင်း နီကေးစီးပွားရေးနေ့စဉ် သတင်းကဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှထိပ်သီး
ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့၌ ရောက်ရှိနေပြီး နိုဝင်ဘာ ၁၉ ရက်တွင်
နှစ်ဖက်တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အတိုးနှုန်း နည်းနည်းနှင့် ရေရှည်ပေးအပ်မည့် ဂျပန်အစိုးရ ချေးငွေမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမ
ဆုံးပြန်လည်ပေးအပ်သည့် ချေးငွေဖြစ်ပြီး ယင်းမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်ရောက်ခြင်းကို ကျော
ထောက်နောက်ခံပေးရန်နှင့် မြန်မာနိုင်ငံတွင် သြဇာကြီးမားလာသည့် တရုတ်နိုင်ငံအား စောင့်ကြည့်ရန်လည်း
ဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။

ဂျပန်နိုင်ငံက ချေးငွေများကို ၂၀၁၃ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ပြီး
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားမြီရှင်နိုင်ငံများကလည်း လာမည့်နှစ် ဇန်န၀ါရီလအတွင်း မြန်မာ
နိုင်ငံ၏ ကြွေးမြီများကို သက်သာခွင့်ပေးရန် ကြေညာကြလိမ့်မည်ဟု မျှော်လင့်ရသည်။

7Day News Journal

မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် တံတား မိုင်းကွဲ၍ ရထား ၈စီး ပိတ်မိ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သော မန္တလေး- မြစ်ကြီးနား မီးရထား လမ်းပေါ်ရှိ မော်လူးဘူတာ နှင့် ပင်ဝယ် ဘူတာကြား တံတား တစ်စင်း၌ ယမန်နေ့ည ၁၁နာရီ ခန့်က မိုင်းကွဲမှု ဖြစ်ပွားခဲ့ရာ ရထား ၈စီး ပိတ်မိ နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ယင်း မိုင်းကွဲမှု ကြောင့် ရထား သံလမ်း ၅ပေ ပြတ်တောက် ခဲ့ပြီး တံတားဒေါက်တိုင် များမှာလည်း ပျက်စီး သွားကြောင်း ၄င်းက ဆိုသည်။

“ခုထိတော့ လမ်းပွင့်နိုင်တဲ့ အခြေနေ မရှိသေးဘူး။ ၇နာရီ မှ ပြီးမယ် လို့တော့ ကြားတယ်” ဟု မဲဇာတွင် ပိတ်မိနေသော အမှတ် ၃၇ လူစီး ရထားပေါ်မှ အသက်၁၈နှစ် အရွယ် မိုးညှင်း ဒေသခံ တစ်ဦးက ညနေ ၄နာရီ မိနစ်၂၀ တွင် ပြောကြားသည်။

အဆိုပါ ရထားလမ်း မိုင်းကွဲမှု ကြောင့် နဘား ဘူတာတွင် ရထား သုံးစီး၊ အင်းတော် ဘူတာ တွင် တစ်စီး၊ မဲဇာဘူတာ တစ်စီး၊ နန့်စီးအောင် ဘူတာ တစ်စီးနှင့် မိုးညှင်း ဘူတာတွင် တစ်စီး ပိတ်မိ နေကြောင်း မန္တလေး ဘူတာကြီးမှ ပေးပို့သော သတင်း အချက်အလက် များအရ သိရသည်။ ယင်း ပေါက်ကွဲမှု နှင့် ပတ်သက်၍ ကေအိုင်အေ ဌာနချုပ်သို့ The Voice Weekly မှ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်ထားဆဲ ဖြစ်သည်။

မန္တလေး - မြစ်ကြီးနား မီးရထား လမ်းမ တစ်လျှောက်တွင် မိုင်းကွဲမှု ၅၅ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု မိုင်းကွဲမှုသည် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

နိုဝင်ဘာလ(၁၇)ရက်နေ့ ည (၁၁) နာရီ ခွဲ အချိန်တွင် ဖားပန်ကျေးရွာအနီး တံတားအမှတ် (၄၇၈) တွင် ရထားသံလမ်း မိုင်းပေါက်ကွဲမှု ကြောင့် ပျက်စီးသွားပုံ။  ။ ဓါတ်ပုံ - Katha Town

တိရစ္ဆာန်ငယ်လေးတွေကို သတ်ဖြတ်ဖို့ ဖွဲ့ထားတဲ့ မိန်းကလေးများအဖွဲ့

မကြာသေးခင်က..၊ အမျိုးသမီးတစ်ဦးမှ ယုန်လေးတစ်ကောင်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပုံများ ပေါ်ကို ဗွီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ခဲ့ပါတယ်…။ ဒီဗွီဒီယိုကို အရေအတွက် (၅) သန်းကျော် ကြည့်ရှု့ခဲ့ကြပြီး လူအများရဲ့ဝေဖန်ချက်တွေဟာ စာမျက်နှာ (၁၀၀) ကျော်အထိ ရှိခဲ့ပါတယ်..။ http://www.youtube.com/watch?v=wp8UZWzsIm4&has_verified=1
ဒီဗွီဒီယိုဟာ ကြာချိန် ၄မိနစ်နဲ့ ၉စက္ကန့်ရှိပါတယ်..၊ ဗွီဒီယိုထဲမှာ ယုန်လေးတွေဟာ ထောင့်တစ်ထောင့်မှာရှိတဲ့ လှောင်အိမ်ငယ်လေးထဲမှာ ထည့်ထားခြင်းခံရပါတယ်…။ အသက်နှစ်ဆယ်ခန့်ရှိ အမျိုးသမီးငယ် တစ်ဦးဟာ လှောင်အိမ်ထဲမှာ ယုန်ငယ်လေးတစ်ကောင် ယူလိုက်ပါတယ်..ပြီးတော့ နမ်းလိုက်ပါသေးတယ်..၊ပြီးတော့ ရိုက်ကူးနေတဲ့ ကင်မရာဘက်ကို လှည့်ပြီး "ဟဲလို"လို့နှုတ်ဆက်ပါတယ်..ပြီးတော့ ယုန်ငယ်လေးကို ပစ်ပေါက်ပြီး ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုး ကို ပြုလုပ်ပါတော့တယ်..၊ ဗွီဒီယိုထဲမှာ မြင်ရတာတော့ ယုန်လေးတွေ နှစ်ကောင်ထက်မက အခုလိုမျိုး ပြုလုပ်ခြင်းခံထားရတာ ကိုတွေ့ရပါတယ်..

လူအများကတော့ ဒီကောင်မလေးဟာ စိတ်ရောဂါဝေဒနာရှင် ဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ပါတယ်.. ဒါပေမယ့် မဖြစ်နိုင်ပါဘူး..ဘာလို့လဲဆိုတော့.. အခုဖြစ်ရပ်ဟာ ဒီကောင်မလေး တစ်ယောက်တည်း လုပ်တာမဟုတ်ပဲ အဖွဲ့အစည်းနဲ့ကို လုပ်ဆောင်တာ ဖြစ်လို့ပါပဲ..အဲဒီအဖွဲ့အစည်းကိုတော "crush fetish" လို့ခေါ်ပါတယ်..။ ဗွီဒီယိုမှာ အတူပါခဲ့တဲ့ တစ်ခြား မိန်းကလေးတွေဟာ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်..။ ဒီလို ဗွီဒီယိုကို ပြုလုပ်ပြီး တိရစ္ဆာန်ငယ်လေးတွေ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ရခြင်းဟာ ပိုက်ဆံရှာဖို့ လုပ်တာဖြစ်ပါတယ်..။ သူတို့ဟာ ဒီဗွီဒီယိုတွေကို ခွေထုတ်ပြီး ပြန်လည်ရောင်းချကြပါပဲ ဖြစ်ပါတယ်..။

 ဒီလိုပုံစံတူမျိုး ညှင်းပမ်းနှိပ်စက်မှုပြုလုပ်ပုံတွေ အင်တာနက်မှာ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်..။ 

အိုဘားမားနှင့် အမေစု နာရေးကူညီမှုအသင်းသို့ရောက်ရှိလာခြင်း

by Kyaw Thu on Sunday, November 18, 2012 at 2:53am ·

ယနေ့ ၁၈.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အမေရိကန်သမ္မတ အိုဘားမားနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်တို့ မထင်မှတ်ဘဲ ရောက်ရှိလာခဲ့သည် ဆိုပါက မည်သူမျှ ယုံနိုင်မည်မဟုတ်ချေ။
၁၉.၁၁.၂ဝ၁၂ ရက်နေ့မှ အမေရိကန်သမ္မတ အိုဘားမား မြန်မာ ပြည်သို့ ရောက်ရှိလာမည်ဟု တရားဝင်သိထားခြင်းပင် မဟုတ်ပါလား။ သို့သော် “မလာမှီက ရောက်နှင့် နေသည်” ဟူသော စကားသည် ကျွန်တော်တို့အဖို့တော့ အမှန်ပင်ဖြစ်တော့သည်။
          အကြောင်းမှာ မန္တလေးမြို့မှ ပန်းချီပန်းပု ပညာရှင် ဦးသီဟန်နှင့်အဖွဲ့သည် မြတ်စွာဘုရားပုံတော်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ၊ အမေရိကန်သမ္မတ အိုဘားမားပုံနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့၏ ရုပ်ပုံကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ လာရောက်၍ ဒေါ်အောင်ဆန်း စုကြည်ထံသို့ တဆင့်လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ပုံပန်းချီကားချပ်များ၏ ထူးခြားချက်သည် မည်သည့်ရှုထောင့်မှ ကြည့်စေကာမူ ရုပ်ပုံကားချပ်၏ မျက်လုံးများသည် ကြည့်ရှု သူဘက်သို့ လိုက်လံရွှေ့ လျားပြောင်းလဲနေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် 3D (သုံးဘက်မြင်) ပန်းပုပန်းချီကားချပ်များ ဖြစ်သည်။ ပန်းချီပန်းပု ပညာရှင် ဦးသီဟန်တို့သည် လွန်ခဲ့သော လများကတည်း က ခံစားဖော်ကျူးထားသော ကိုယ်ပိုင်အနုပညာဉာဏ်ဖြင့် ဓါတ်ပုံငယ်များအား ကြည့်ရှုကာ ပုံဖော်ထား ခြင်းဖြစ်သည်။ ၁၉.၁၁. ၂ဝ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်သော အမေရိကန် သမ္မတ အိုဘားမား ရောက်မလာမီ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အိုဘားမား၏ အသက်ဝင်သော ပန်းချီပန်းပု ရုပ်ပုံကားချပ်သည် အရင်ရောက်ရှိလို့လာသည်မှာ မင်္ဂလာရှိသော အံ့သြဖွယ်ရာဖြစ်ရပ် တစ်ခု ပင် ဖြစ်တော့သည်။ ယင်းကားချပ်များအနက် အလိုတော်ပြည့် မြတ်စွာဘုရားပုံတော်၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ၊ အမေရိကန်သမ္မတ အိုဘားမားရုပ်ပုံ (၂) စုံတို့အား အမေစုထံ ပို့ပေးရန်နှင့် ယင်းအနက် အမေရိကန်သမ္မတ အိုဘားမားရုပ်ပုံတစ်ချပ်အား ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် သမ္မတ အိုဘားမားထံ သို့ လက်ဆောင်ပေးအပ်ရန်ဖြစ်ပြီး ကျန်ရှိသော ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ တို့အား NLD ရုံးချုပ်သို့ လက်ဆောင်အဖြစ် ပေးအပ်ရန်ဖြစ်သည်။ စုစုပေါင်း ရုပ်ပုံကားချပ် (၇) ချပ်ဖြစ် သည်။
          ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌမှာ နေ့လည် (၁းဝဝ) နာရီအချိန်ခန့်တွင် ထိုရုပ်ပုံ ကားချပ်များအား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရုံးချုပ်ရှိရာသို့ ပန်းချီပန်းပု ပညာရှင်ကြီး ဦးသီဟန်၏ မှာကြားချက်အတိုင်း အိမ်တိုင်ရာရောက်၊ ရုံးအရောက် လျင်မြန်စွာသွားရောက် ပို့ဆောင်ပေးခဲ့သည်။

ကချင်လုပ်ငန်းရှင် အချို့ ကေအိုင်အေဗဟိုသို့ “ ကေအိုင်အို/ကေအိုင်အေ၏ ကချင် တစ်မျိုးသားလုံး ကောင်းစားရေးဆိုသည်မှာ လူသတ်ခြိမ်းခြောက်၊ ဆက်ကြေး ကောက်ခံခြင်းလား ” ၊ “ ဗမာစစ်သားခြောက် ကချင်လူမျိုး မကြောက်၊ ကေအိုင်အေ ခြောက်၍ ကချင်လူမျိုး ကြောက်နေရသည် ” ၊ “ မြေမြို၍ လူမျိုးမပြုတ်၊ ကေအိုင်အေမြိုမှ ကချင်လူမျိုး ပြုတ်တော့မည် ” စသည်ဖြင့် စာများ ရေးသား ပေးပို့ ခဲ့ကြောင်း သတင်းရရှိ

Yezar Ni shared Myanmar Online News's photo.
ဖားကန့်ဒေသမှ ဆက်ကြေး သိန်း ၆၀၀၀၀ ကောက်ခံခြင်းနှင့် ပတ်သက်၍
ကေအိုင်အေ အဖွဲ့အတွင်း သဘောထားကွဲလွဲ
Saturday, November 17, 2012

ကေအိုင်အေမှ ဖားကန့်ဒေသ၌ ကျောက်စိမ်း ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ နှင့် သိန်း ၅၀၀ ကြား ကောက်ခံနေခြင်းကြောင့် ကချင်လုပ်ငန်းရှင်
အချို့ ကေအိုင်အေဗဟိုသို့ “ ကေအိုင်အို/ကေအိုင်အေ၏ ကချင် တစ်မျိုးသားလုံး ကောင်းစားရေးဆိုသည်မှာ လူသတ်ခြိမ်းခြောက်၊ 
ဆက်ကြေး ကောက်ခံခြင်းလား ” ၊ “ ဗမာစစ်သားခြောက် ကချင်လူမျိုး
မကြောက်၊ ကေအိုင်အေ ခြောက်၍ ကချင်လူမျိုး ကြောက်နေရသည် ” ၊ “ မြေမြို၍ လူမျိုးမပြုတ်၊ ကေအိုင်အေမြိုမှ ကချင်လူမျိုး ပြုတ်တော့မည် ” စသည်ဖြင့် စာများ ရေးသား ပေးပို့ ခဲ့ကြောင်း သတင်းရရှိသည်။

“ ၎င်းကိစ္စသည် ကေအိုင်အေ အဖွဲ့ အစည်းအတွက် မမျှော်လင့်နိုင်သော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ၊ ယခင်က ကချင်ပြည်သူများက မိမိတို့
ကေအိုင်အေအား လိုလားကြည်ဖြူစွာ ထောက်ခံခဲ့သော်လည်း ယခု ကာလတွင် ဆန်တစ်စေ့ပင် ကြည်ဖြူစွာ ပေးကမ်းခြင်း မရှိတော့ကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ၏ ပြည်သူလူထု အပေါ် ရက်ရက်စက်စက် ဆက်ဆံမှု ပုံစံများကြောင့် အစဉ်အလာ ပျောက်ပျက်သွားမည်ကို မလိုလားကြောင်း၊ ၎င်းဖြစ်စဉ်များကို ပြန်လည်စိစစ်ရန် ကေအိုင်အေ အနေဖြင့် ပြည်သူ လူထုအပေါ် တောင်းပန်ခြင်း၊ လုပ်ငန်းရှင်များကို ထုတ်ပြန်ချက်များပေးပို့၍ အသိပေးခြင်းများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ” နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လိုဇာဗဟို၌ ပြုလုပ်သော ခေါင်းဆောင်ပိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ပြောဆိုခဲ့သည်ဟု လိုဇာဌာနချုပ်မှ အမည်မဖော်လိုသူ ကေအိုင်အေ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

အစည်းအဝေးတွင် စစ်ဦးစီးချုပ် ဂမ်ရှောင်မှ အဖွဲ့အစည်းအတွင်း လိုအပ်ချက်ကြောင့် တပ်မဟာ (၁)၊ တပ်မဟာ (၂) နယ်မြေများတွင် တပ်မဟာမှူးများ၊ တပ်ရင်းမှူးများအား အခွန်ငွေကျပ် သိန်း ၆၀၀၀၀
ကောက်ခံ ပေးရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ရှင်းလင်း တင်ပြခဲ့သော်လည်း ၎င်းငွေအား စီမံခန့်ခွဲ သုံးစွဲမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြနိုင်ခြင်း မရှိသည့်အပေါ် ခေါင်းဆောင်ပိုင်းအတွင်း မပြေမလည်
ဖြစ်နေကြောင်း သိရသည်။

ဒေသခံများ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်ငွေများ ဆက်လက်
ပေးဆောင်နေရဆဲ ဖြစ်ကြောင်းနှင့် ကေအိုင်အေ၏ အဆိုပါ လုပ်ရပ်များ အပေါ် နာကြည်း ခံပြင်းလျက် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြ၀တီ
ဖားကန့်ဒေသမှ ဆက်ကြေး သိန်း ၆၀၀၀၀ ကောက်ခံခြင်းနှင့် ပတ်သက်၍
ကေအိုင်အေ အဖွဲ့အတွင်း သဘောထားကွဲလွဲ
Saturday, November 17, 2012

ကေအိုင်အေမှ ဖားကန့်ဒေသ၌ ကျောက်စိမ်း
ကုမ္ပဏီတစ်ခုလျှင် ငွေကျပ် သိန်း ၂၀၀ နှင့် သိန်း ၅၀၀ ကြား ကောက်ခံနေခြင်းကြောင့် ကချင်လုပ်ငန်းရှင်
အချို့ ကေအိုင်အေဗဟိုသို့ “ ကေအိုင်အို/ကေအိုင်အေ၏ ကချင် တစ်မျိုးသားလုံး ကောင်းစားရေးဆိုသည်မှာ လူသတ်ခြိမ်းခြောက်၊
ဆက်ကြေး ကောက်ခံခြင်းလား ” ၊ “ ဗမာစစ်သားခြောက် ကချင်လူမျိုး
မကြောက်၊ ကေအိုင်အေ ခြောက်၍ ကချင်လူမျိုး ကြောက်နေရသည် ” ၊ “ မြေမြို၍ လူမျိုးမပြုတ်၊ ကေအိုင်အေမြိုမှ ကချင်လူမျိုး ပြုတ်တော့မည် ” စသည်ဖြင့် စာများ ရေးသား ပေးပို့ ခဲ့ကြောင်း သတင်းရရှိသည်။

“ ၎င်းကိစ္စသည် ကေအိုင်အေ အဖွဲ့ အစည်းအတွက် မမျှော်လင့်နိုင်သော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ကြောင်း ၊ ယခင်က ကချင်ပြည်သူများက မိမိတို့
ကေအိုင်အေအား လိုလားကြည်ဖြူစွာ ထောက်ခံခဲ့သော်လည်း ယခု ကာလတွင် ဆန်တစ်စေ့ပင် ကြည်ဖြူစွာ ပေးကမ်းခြင်း မရှိတော့ကြောင်း၊ မိမိတို့ တပ်ဖွဲ့ဝင်များ၏ ပြည်သူလူထု အပေါ် ရက်ရက်စက်စက် ဆက်ဆံမှု ပုံစံများကြောင့် အစဉ်အလာ ပျောက်ပျက်သွားမည်ကို မလိုလားကြောင်း၊ ၎င်းဖြစ်စဉ်များကို ပြန်လည်စိစစ်ရန် ကေအိုင်အေ အနေဖြင့် ပြည်သူ လူထုအပေါ် တောင်းပန်ခြင်း၊ လုပ်ငန်းရှင်များကို ထုတ်ပြန်ချက်များပေးပို့၍ အသိပေးခြင်းများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ” နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လိုဇာဗဟို၌ ပြုလုပ်သော ခေါင်းဆောင်ပိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ပြောဆိုခဲ့သည်ဟု လိုဇာဌာနချုပ်မှ အမည်မဖော်လိုသူ ကေအိုင်အေ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။

အစည်းအဝေးတွင် စစ်ဦးစီးချုပ် ဂမ်ရှောင်မှ အဖွဲ့အစည်းအတွင်း လိုအပ်ချက်ကြောင့် တပ်မဟာ (၁)၊ တပ်မဟာ (၂) နယ်မြေများတွင် တပ်မဟာမှူးများ၊ တပ်ရင်းမှူးများအား အခွန်ငွေကျပ် သိန်း ၆၀၀၀၀
ကောက်ခံ ပေးရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ရှင်းလင်း တင်ပြခဲ့သော်လည်း ၎င်းငွေအား စီမံခန့်ခွဲ သုံးစွဲမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြနိုင်ခြင်း မရှိသည့်အပေါ် ခေါင်းဆောင်ပိုင်းအတွင်း မပြေမလည်
ဖြစ်နေကြောင်း သိရသည်။

ဒေသခံများ၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်ငွေများ ဆက်လက်
ပေးဆောင်နေရဆဲ ဖြစ်ကြောင်းနှင့် ကေအိုင်အေ၏ အဆိုပါ လုပ်ရပ်များ အပေါ် နာကြည်း ခံပြင်းလျက် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြ၀တီ

မုန်တိုင်းသတင်း ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလား

ပင်လယ်အော်နောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်၊ပုသိမ်မြို့၏အနာက်ဘက်မိုင်(၄၀၀)ခန့်၊ကျောက်ဖြူမြို့၏အနောက်တောင်ဘက်မိုင်(၃၈၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါမုန်တိုင်း
ငယ်သည်အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ဆိုင်ကလုန်း မုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပါသည်။မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်သာရှိပြီး မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်ရွေ့
လျားမည့်အခြေအနေမရှိဟု သတ်မှတ်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်ထူထပ်နေပါသည်။ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှမိုင်(၅၀)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"

နှစ်ပေါင်း တစ်ရာ ဆိုတာ သိပ်ပြီးတော့ကြာသွားပြီလား

Sa Maung and 2 other friends shared Aye Chan Mon's photo.
နှစ်ပေါင်း တစ်ရာ ဆိုတာ သိပ်ပြီးတော့ကြာသွားပြီလား..။ ထားပါတော့ ကြာသွားပြီပေါ့..။ ကျနော်တို့နိုင်ငံ အတွက်ဆိုရင်တော့ အုပ်ချုပ်သူတွေ အနေ နဲ့ တော့မသိဘူး..။ အုပ်ချုပ်ခံပြည်သူတွေ အဖို့တော့ လွတ်လပ်ရေးရပြီးကာလ ကနေ ယနေ့ချိန်ထိ တစ်ပါတီ အာဏာရှင် တွေရဲ့ အာဏာရူးမိုက်မှုဒဏ်ရယ်..၊ ပြည်တွင်း စစ်မီး တောက်လောင်မှုဒဏ်တွေကို ခံစားခဲ့ရတဲ့ အမှောင်ဖုံး..တံခါးပိတ်..ပါးစပ်ပိတ်..ကျိတ်မှိတ် နေခဲ့ရတဲ့ အချိန်ကာလ တောင်မှ နှစ်ပေါင်း ၆၀ ကျော်ပြီလေ..။ ဘယ်လောက်များ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေလာခဲ့ကြရသလဲဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ...။ ပြည်သူတွေ ဒီလိုနေခဲ့ကြရတာ အာဏာရှင်တွေကတော့ သိပ်ပြီးတော့များ ဂုဏ်ယူနေကြမလား..။ ထားပါ မပြောတော့ပါဘူး..။

နှစ် တစ်ရာ ရဲ့ ခြားနားခြင်း
****************
အမေရိကန်ပြည်ထောင်စုရဲ့ ၂၇ ယောက်မြောက် သမ္မတ အာဏာအပ်နှင်းပွဲ ကို ၁၉၀၉ ခုနှစ်၊ မတ်လ(၄)ရက်နေ့ မှာပြုလုပ်ခဲ့ပါတယ်..။ အဲ့ဒီချိန်က ရီပက်ပလစ်ကန်ပါတီ အနိုင်ရခဲ့တာကြောင့် ၀ီလျံဟောင်းဝပ် တပ်ဖ် (William Howard Taft ) ဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်..။ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ.. သမ္မတ အာဏာအပ်နှင်းပွဲမှာ အမိုးဖွင့် မြင်းလှည်
း(ကား မဟုတ်ဘူးနော်..) နဲ့ သမ္မတ နဲ့ သမ္မတ ကတော် တို့ စီတန်းလမ်းလျှောက် အောင်ပွဲခံ ပြည်သူတွေ ကိုနှုတ်ဆက်ခဲ့ပါတယ်..။ အဲ့ဒီနေ့မှာ နှင်းတွေ တအားကျခဲ့တာကြောင့် အလုပ်သမားပေါင်း ၆၀၀၀ ကျော် နဲ့ လှည်အစီးရေပေါင်း ၅၀၀ ကျော်တို့ဟာ နှင်းခဲပေါင်း တန်ချိန် ၅၈၀၀၀ ကျော် ရှင်းလင်းခဲ့ရပါတယ်..။ သမ္မတ နဲ့ သမ္မတ ကတော်တို့ဟာ လွတ်တော်အဆောက်အဦးကနေ အိမ်ဖြူတော်ကို သွားရာလမ်းမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံပါ...။

နှစ်တစ်ရာ ကြာပြီးနောက်
****************
အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတ အာဏာအပ်နှင်းပွဲကို ၂၀၀၉ ခုနှစ်၊ ဇန်နာဝါရီလ(၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်..။ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့တာကြောင့် ဘားရက်ခ် အိုဘားမား (Barack Obama) ဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်..။ သမ္မတ အိုဘားမား ရဲ့ အာဏာအပ်နှင်းပွဲ အခမ်းအနားကို ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ပြီး ကျင်းပခဲ့သမျှ ပွဲတွေထဲမှာ ပရိတ်သတ် တက်ရောက်သူ အများဆုံးဆိုတဲ့ မှတ်တမ်းကို ယနေ့ချိန်ထိ ရယူထားနိုင်ခဲ့ပါတယ်..။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အသုံးပြုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ဟာ ၁၈၆၁ ခုနှစ်မှာ သမ္မတကြီး လင်ကွန်း ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ပဲဖြစ်ပါတယ်..။ သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော်တို့ လမ်းလျှောက်ပြီး ပြည်သူတွေကိုနှုတ်ဆက်ခဲ့တဲ့ လမ်းဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) က သမ္မတ ၀ီလျံဟောင်းဝပ် တပ်ဖ် နဲ့ သမ္မတ ကတော်လျှောက်ခဲ့တဲ့ လွတ်တော် အဆောက်အဦးကနေ အိမ်ဖြူတော်ကိုသွားရာ လမ်းမကြီးပဲဖြစ်ပါတယ်..။

နှစ်တစ်ရာ... အမေရိကန်တွေအတွက်..ဘာတွေခြားနားသွားပြီလဲ...??
နှစ်ပေါင်း ၆၀ ကျော်.. ကျနော်တို့နိုင်ငံ.. ဘာတွေခြားနားသွားပြီလဲ....?? ကျနော်မှာ ပြောစရာ စကားလုံး မရှိတော့တာ အမှန်ပါပဲဗျာ.......။

အေးချမ်းမွန်မှ  Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Ko Nay Myo
နှစ်ပေါင်း တစ်ရာ ဆိုတာ သိပ်ပြီးတော့ကြာသွားပြီလား..။ ထားပါတော့ ကြာသွားပြီပေါ့..။ ကျနော်တို့နိုင်ငံ အတွက်ဆိုရင်တော့ အုပ်ချုပ်သူတွေ အနေ နဲ့ တော့မသိဘူး..။ အုပ်ချုပ်
ခံပြည်သူတွေ အဖို့တော့ လွတ်လပ်ရေးရပြီးကာလ ကနေ ယနေ့ချိန်ထိ တစ်ပါတီ အာဏာရှင် တွေရဲ့ အာဏာရူးမိုက်မှုဒဏ်ရယ်..၊ ပြည်တွင်း စစ်မီး တောက်လောင်မှုဒဏ်တွေကို ခံစားခဲ့ရတဲ့ အမှောင်ဖုံး..တံခါးပိတ်..ပါးစပ်ပိတ်..ကျိတ်မှိတ် နေခဲ့ရတဲ့ အချိန်ကာလ တောင်မှ နှစ်ပေါင်း ၆၀ ကျော်ပြီလေ..။ ဘယ်လောက်များ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေလာခဲ့ကြရသလဲဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ...။ ပြည်သူတွေ ဒီလိုနေခဲ့ကြရတာ အာဏာရှင်တွေကတော့ သိပ်ပြီးတော့များ ဂုဏ်ယူနေကြမလား..။ ထားပါ မပြောတော့ပါဘူး..။

နှစ် တစ်ရာ ရဲ့ ခြားနားခြင်း
****************
အမေရိကန်ပြည်ထောင်စုရဲ့ ၂၇ ယောက်မြောက် သမ္မတ အာဏာအပ်နှင်းပွဲ ကို ၁၉၀၉ ခုနှစ်၊ မတ်လ(၄)ရက်နေ့ မှာပြုလုပ်ခဲ့ပါတယ်..။ အဲ့ဒီချိန်က ရီပက်ပလစ်ကန်ပါတီ အနိုင်ရခဲ့တာကြောင့် ၀ီလျံဟောင်းဝပ် တပ်ဖ် (William Howard Taft ) ဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်..။ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ.. သမ္မတ အာဏာအပ်နှင်းပွဲမှာ အမိုးဖွင့် မြင်းလှည်
း(ကား မဟုတ်ဘူးနော်..) နဲ့ သမ္မတ နဲ့ သမ္မတ ကတော် တို့ စီတန်းလမ်းလျှောက် အောင်ပွဲခံ ပြည်သူတွေ ကိုနှုတ်ဆက်ခဲ့ပါတယ်..။ အဲ့ဒီနေ့မှာ နှင်းတွေ တအားကျခဲ့တာကြောင့် အလုပ်သမားပေါင်း ၆၀၀၀ ကျော် နဲ့ လှည်အစီးရေပေါင်း ၅၀၀ ကျော်တို့ဟာ နှင်းခဲပေါင်း တန်ချိန် ၅၈၀၀၀ ကျော် ရှင်းလင်းခဲ့ရပါတယ်..။ သမ္မတ နဲ့ သမ္မတ ကတော်တို့ဟာ လွတ်တော်အဆောက်အဦးကနေ အိမ်ဖြူတော်ကို သွားရာလမ်းမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံပါ...။

နှစ်တစ်ရာ ကြာပြီးနောက်
****************
အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတ အာဏာအပ်နှင်းပွဲကို ၂၀၀၉ ခုနှစ်၊ ဇန်နာဝါရီလ(၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်..။ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့တာကြောင့် ဘားရက်ခ် အိုဘားမား (Barack Obama) ဟာ သမ္မတ ဖြစ်လာခဲ့ပါတယ်..။ သမ္မတ အိုဘားမား ရဲ့ အာဏာအပ်နှင်းပွဲ အခမ်းအနားကို ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ပြီး ကျင်းပခဲ့သမျှ ပွဲတွေထဲမှာ ပရိတ်သတ် တက်ရောက်သူ အများဆုံးဆိုတဲ့ မှတ်တမ်းကို ယနေ့ချိန်ထိ ရယူထားနိုင်ခဲ့ပါတယ်..။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အသုံးပြုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ဟာ ၁၈၆၁ ခုနှစ်မှာ သမ္မတကြီး လင်ကွန်း ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မာကျမ်းစာအုပ်ပဲဖြစ်ပါတယ်..။ သမ္မတ အိုဘားမား နဲ့ သမ္မတ ကတော်တို့ လမ်းလျှောက်ပြီး ပြည်သူတွေကိုနှုတ်ဆက်ခဲ့တဲ့ လမ်းဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) က သမ္မတ ၀ီလျံဟောင်းဝပ် တပ်ဖ် နဲ့ သမ္မတ ကတော်လျှောက်ခဲ့တဲ့ လွတ်တော် အဆောက်အဦးကနေ အိမ်ဖြူတော်ကိုသွားရာ လမ်းမကြီးပဲဖြစ်ပါတယ်..။

နှစ်တစ်ရာ... အမေရိကန်တွေအတွက်..ဘာတွေခြားနားသွားပြီလဲ...??
နှစ်ပေါင်း ၆၀ ကျော်.. ကျနော်တို့နိုင်ငံ.. ဘာတွေခြားနားသွားပြီလဲ....?? ကျနော်မှာ ပြောစရာ စကားလုံး မရှိတော့တာ အမှန်ပါပဲဗျာ.......။

အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Ko Nay Myo

နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

Yezar Ni shared Myanmar NAVY's photo.
နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ  USS George Washington   နှင့်   USS John C.Stennis  လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ် ဖော်ပြပါ လေယာဉ်တင်သင်္ဘော နှစ်စင်းသည်  (၁၃-၁၀-၂၀၁၂)ရက်နေ့တွင် မြန်မာ့ရေပြင်ပိုင်နက်အနီး Andaman  ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက် ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း  ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ  ဘင်္ဂလားပင်လယ်အော်အတွင်း  ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည်  မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ယခုကာလတိုရက်ပိုင်းအတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာအပါအဝင် ကဏ္ဍအချို့၌  နီးနီးကပ်ကပ် ကူးလူးဆက်ဆံမူများကို ထင်ထင်ရှားရှား တွေ့နေရသည်။ထင်ရှားမူတစ်ခုသည် လူ့အခွင့်အရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သောအဖွဲ့သည် ယခုအပတ်အတွင်း   မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန်ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး Vikoom Singn၊ အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတအိမ်ဖြူတော်နှင့် ဒုသမ္မတရုံးမှ အကြီးတန်းအရာရှိများ၊ အမျိုးသားလုံခြုံရေးဌာန နှင့် အမိမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာသည်ကို ထူးထူးခြားခြား သတိပြုမိပါသည်။
      
တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ အိုဘားမားအား  မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း  ပထမသက်တမ်းမကုန်ခင် လာရောက်လည်ပတ်မည်ဟု ဆိုထားကြောင်း၊သမ္မတ အိုဘားမား၏ မဲဆွယ် Speechများတွင် မြန်မာနှင့်အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း၊မြန်မာ့အရေးသည် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း စသည့် အခြေအနေများကိုလည်း ကြားသိနေရပါသည်။၎င်းအပြင် ယခုလ (၁၆)ရက်နေ့က  ပြုလုပ်သည့် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက်သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီးရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတိုတစ်ခုအတွင်း  စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေအထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတော်၏ အစိုးရသစ်၊နိုင်ငံရေးစနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော်သစ်ကြီး၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီကာလတိုအတွင်း  အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင်ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင်အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဝါဆို
(17-10-2012)
နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ USS George Was
hington နှင့် USS John C.Stennis လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ် ဖော်ပြပါ လေယာဉ်တင်သင်္ဘော နှစ်စင်းသည် (၁၃-၁၀-၂၀၁၂)ရက်နေ့တွင် မြန်မာ့ရေပြင်ပိုင်နက်အနီး Andaman ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက် ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ယခုကာလတိုရက်ပိုင်းအတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာအပါအဝင် ကဏ္ဍအချို့၌ နီးနီးကပ်ကပ် ကူးလူးဆက်ဆံမူများကို ထင်ထင်ရှားရှား တွေ့နေရသည်။ထင်ရှားမူတစ်ခုသည် လူ့အခွင့်အရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သောအဖွဲ့သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန်ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး Vikoom Singn၊ အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတအိမ်ဖြူတော်နှင့် ဒုသမ္မတရုံးမှ အကြီးတန်းအရာရှိများ၊ အမျိုးသားလုံခြုံရေးဌာန နှင့် အမိမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာသည်ကို ထူးထူးခြားခြား သတိပြုမိပါသည်။

တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း ပထမသက်တမ်းမကုန်ခင် လာရောက်လည်ပတ်မည်ဟု ဆိုထားကြောင်း၊သမ္မတ အိုဘားမား၏ မဲဆွယ် Speechများတွင် မြန်မာနှင့်အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း၊မြန်မာ့အရေးသည် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း စသည့် အခြေအနေများကိုလည်း ကြားသိနေရပါသည်။၎င်းအပြင် ယခုလ (၁၆)ရက်နေ့က ပြုလုပ်သည့် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက်သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီးရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတိုတစ်ခုအတွင်း စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေအထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတော်၏ အစိုးရသစ်၊နိုင်ငံရေးစနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော်သစ်ကြီး၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီကာလတိုအတွင်း အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင်ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင်အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဝါဆို
(17-10-2012)

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် (ခေါ်) ဗိုက်ပေါက် ရဲ့ ညာဖက်နံရိုးကြားမှာ အပေါက်ကြီးတစ်ပေါက်ရှိနေ

“စိတ်မကောင်းစရာပါ။”

ကူညီလိုသူများအနေဖြင့် Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကိုဆက်သွယ်လှူဒါန်း ကုသိုလ်ပြုနိုင်ပါတယ်ခင်ဗျာ။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် (ခေါ်) ဗိုက်ပေါက် ရဲ့
ညာဖက်နံရိုးကြားမှာ အပေါက်ကြီးတစ်ပေါက်ရှိနေပါတယ်၊
အဲဒီအပေါက်ကြီးထဲကို နေ့စဉ် ပတ်တီးလိတ် ငါးလိပ် ထည့်လိုက် နောက်နေ့ ပြန်ထုတ်လိုက်နဲ့ အသက်ဆက်နေရတာ ဖြစ်ပါတယ်။ အဲဒီအပေါက်ကြီးကနေ အထဲက တစ်ခြမ်းလှီးထားတဲ့ အဆုတ်ကို မြင်နေရပါတယ်။
သူ့အတွက်ဆေးကုသစရိတ်ကို ထောက်ပံ့လိုသူများ Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကို ဆက်သွယ်ပေးကြပါ။
အပတ်စဉ် သူ့အတွက် ရရှိတဲ့ အလှူငွေတွေကိုသူ့ထံပေးအပ်ပြီး အလှူရှင်စာရင်းကို ဂျာနယ်မှာ ဖော်ပြပေးသွားမှာပါ။
လောလောဆယ် Health Care Journal က ကျပ်ငါးသောင်း မတည်လှူဒါန်းပေးထားပါတယ်။
ဗိုက်ပေါက်ရဲ့ အနာကို ဘယ်သူဆေးကုပေးမလဲ (ဇော်သက်ထွေး) ၁၆-၁၁-၂၀၁၂ထုတ် Health Care Journal မှဆောင်းပါး
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် ခေါ်ဗိုက်ပေါက် ရဲ့ညာဖက်နံရိုးကြားမှာ အပေါက်ကြီး တစ်ပေါက်ရှိနေပါတယ်၊အဲဒီအပေါက်ကြီးထဲ ကို နေ့စဉ် ပတ်တီးလိတ် ငါးလိပ် ထည့်လိုက် နောက်နေ့ပြန်ထုတ်လိုက်နဲ့အသက်ဆက်နေရတာပါ။ အဲဒီအပေါက်ကြီးကနေ အထဲက တစ်ခြမ်းလှီးထားတဲ့ အဆုတ်ကိုမြင်နေရပါတယ်။ သူ့အတွက်ဆေးကုသစရိတ်ကိုထောက်ပံ့ လိုသူများ Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကိုဆက်သွယ်ပေးကြပါ။အပတ် စဉ်သူ့အတွက် ရရှိတဲ့အလှူငွေ တွေကိုသူ့ထံ ပေးအပ်ပြီး အလှူရှင်စာရင်း ကိုဂျာနယ်မှာေ ဖ်ာပြပေးသွားမှာပါ။ လောလောဆယ် Health Care Journal ကကျပ်ငါးသောင်းမတည် လှူဒါန်းပေးထားပါတယ်။
ဗိုက်ပေါက်ရဲ့ အနာကို ဘယ်သူဆေးကုပေးမလဲ (ဇော်သက်ထွေး) ၁၆-၁၁-၂၀၁၂ထုတ် Health Care Journal မှဆောင်းပါး
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းလင်းကျော် ခေါ်ဗိုက်ပေါက် ရဲ
့ညာဖက်နံရိုးကြားမှာ အပေါက်ကြီး တစ်ပေါက်ရှိနေပါတယ်၊အဲဒီအပေါက်ကြီးထဲ ကို နေ့စဉ် ပတ်တီးလိတ် ငါးလိပ် ထည့်လိုက် နောက်နေ့ပြန်ထုတ်လိုက်နဲ့အသက်ဆက်နေရတာပါ။ အဲဒီအပေါက်ကြီးကနေ အထဲက တစ်ခြမ်းလှီးထားတဲ့ အဆုတ်ကိုမြင်နေရပါတယ်။ သူ့အတွက်ဆေးကုသစရိတ်ကိုထောက်ပံ့ လိုသူများ Health Care Journal ဖုန်း ၀၁ ၈၆၀၃၈၁၉ ကိုဆက်သွယ်ပေးကြပါ။အပတ် စဉ်သူ့အတွက် ရရှိတဲ့အလှူငွေ တွေကိုသူ့ထံ ပေးအပ်ပြီး အလှူရှင်စာရင်း ကိုဂျာနယ်မှာေ ဖ်ာပြပေးသွားမှာပါ။ လောလောဆယ် Health Care Journal ကကျပ်ငါးသောင်းမတည် လှူဒါန်းပေးထားပါတယ်။