
လူငယ်ငါးဦး၏
တစ်ဦးချင်းစီ တင်ဆက်သော ဟာသပြက်လုံး၊ အမူအရာတို့ကို ကြည့်ရှု နေသူများ
အူလှိုက်သည်းလှိုက် ရယ်ရွှင်နေကြသည်။ ထိုလူငယ်များသည် ပြက်လုံး ဟာသများကို
ဇာတ်
သဘင်ရှေးရိုး အတိုင်း တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီ
တို့ကို ဝတ်ဆင်ပြီး ပြက်လုံးပြက်ခြင်း မဟုတ်ပေ။ နိုင်ငံ တကာရှိ ဟာသ အနုပညာ
သမားများကဲ့သို့ မြန်မာ နိုင်ငံတွင် စွန့်ဦး တီထွင် ပြက်လုံးများ ထုတ်ကာ
ဖျော်ဖြေနိုင်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။ ၎င်းင်းတို့မှာ သီးလေးသီး
မျိုးဆက်သစ်ဟု နာမည်ခံထားသည့် လူငယ် ငါးဦးဖြစ်သည်။ ထိုသူ တို့မှာ ကျေးကျေး၊
ဝါဝါ၊ ဆူးဆူး၊ သားချိုနှင့် ဘူးခါး တို့ဖြစ်ကြသည်။
ထိုသို့ ပြက်လုံးပြက်ရခြင်းနှင့် ပတ်သက်၍ အသက် ၂၈ နှစ်အရွယ်ကျေးကျေးက
“ဆိုင်းတွေ၊ ဗုံတွေ မပါဘဲ ကျွန်တော်တို့တွေ ဟာသတွေ ထုတ် နိုင်ကြတယ်။
ပရိသတ်တွေကလည်း ဟာသကို ကြိုက်လို့ လာအားပေးတယ် ဆိုတာကို ပြချင်တာ ပါ” ဟု
ရှင်းပြသည်။
အသက် ၂၅ နှစ်အရွယ် ဝါဝါက “ကျွန်တော် တို့ ဒီလို လုပ်တာဟာ
မြန်မာ့ဇာတ်သဘင်ကို သွေ ဖည်ချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ Standard
ကိုမြှင့်ချင်တာ။ ကိုယ့်ဟာသ လူရွှင်တော်တွေရဲ့ Roll ကိုမြှင့်ချင်တာပါ”
ဟုဆိုသည်။
မြန်မာ့ ဇာတ်သဘင်တွင် မင်းသမီးသည်သာ အဓိကဖြစ်နေပြီး လူရွှင်တော်တို့သည်
ပံ့ပိုးသူ အဖြစ် နှင့်သာ ရှေးယခင် ကတည်းက ရှိနေခြင်းဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍လည်း အသက် ၂၅ နှစ်အရွယ် ဆူးဆူးက “ကျွန်တော်တို့
မြန်မာ့ အစဉ်အလာ မပျက်အောင်လည်း ကကြမယ်။ Stand up Comedian အတွက်လည်း
လုပ်ကြမယ်” ဟုဆိုသည်။
ယင်းလူငယ်တို့ ကနဦးအစတည်ခဲ့သည်မှာ အွန်လိုင်း စာရေးသူများ စုစည်းသည့် ပရဟိတ
ရန်ပုံ ငွေပွဲ တစ်ခုမှ ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ ဟာသ ပြက်လုံးများကို
အွန်လိုင်းတွင် တင်ရာ လူကြိုက်များ ခဲ့သည်။ လူရွှင်တော် ဂေါ်ဇီလာက
ယင်းလူငယ်တို့ ၏ ပြက်လုံး ပြက်ကွက်များသည် အလားအလာ ကောင်း များ ရှိနေသည့်
အတွက် ကူညီပံ့ပိုး ပေးခဲ့သည်။ လူရွှင်တော် ဇာဂနာနှင့် လူကြိုက်များနေ သည့်
သီးလေးသီးတို့က ထိုလူငယ်များကိုတွေ့ ဆုံပြီး ပြည်တော်ပြန် သီးလေးသီး၏
ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်သော အငြိမ့်ပွဲ၌ သီးလေး သီး
မျိုးဆက်သစ် လူငယ်သုံးဦးကို စတင် ပွဲထုတ်ခဲ့ သည်။
“မှတ်မှတ်ရရ အဲဒီပွဲမှာ စင်ပေါ် မတက်ခင် ကျွန်တော်လက်တွေတုန်တာ လုံးဝ
မပျောက်ဘူး။ ဒါပေမဲ့ ပွဲကတဲ့အခါ အဆင်ပြေခဲ့ပါတယ်။ အဲဒီပွဲ မှာ အကကောင်းလို့
ခြေထောက် ကျိုးခဲ့ပါတယ်” ဟု ကျေးကျေးက ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။
ပို့ကုန် သွင်းကုန် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်ပြီး အတွေ့အကြုံ
မရှိဘဲ စင်ပေါ်တက် ဖျော် ဖြေသည့်အခါ အဆင်မပြေမှုများ ရှိသော်လည်း ပရိ သတ်၏
အားပေးမှု ရရှိခဲ့သည့်အတွက် ပီတိဖြစ်ရ သည် ဟုလည်း အသက် ၂၇ အရွယ်
သားချိုကပြော သည်။
ဝါဝါကလည်း “တကယ် စင်ပေါ်တက်တော့မှ ပြက်လုံး ပညာဟာ အရေးကြီးမှန်း သိတော့တယ်။
ပထမနှစ်ပွဲ လောက်မှာ ကျွန်တော် ပြက်ပေမယ့် ပရိသတ် တွေက မရယ်ကြဘူး။
တော်တော်စိတ်ပျက်သွား တယ်။ မလုပ်တော့ဘူးကို စဉ်းစားလိုက်မိတယ်။
နောက်ပြက်ရင်းနဲ့ အဆင်ပြေ လာတာပါ” ဟု အဆင် မပြေမှုများနှင့် ဖြတ်သန်း
ခဲ့ရပုံကို ပြောပြသည်။ ထိုမျိုးဆက်သစ် လူငယ်များကို ဒုတိယ အကြိမ် အဖြစ်
လူရွှင်တော် အရိုင်းနှင့် လူရွှင်တော် ကင်းကောင် တို့က ပခုက္ကူ ရေဘေးအတွက်
ရန်ပုံငွေပွဲ အဖြစ် ပွဲထုတ် ခဲ့သည်။
“အဲဒီပွဲမှာ လူရွှင်တော် ကိုးယောက် ပါတော့ အားသာချက်၊ အားနည်းချက်တွေကို
သိခဲ့ရပါတယ်။ မှတ်မှတ်ရရတော့ အဲဒီပွဲ ကပြီးတော့ ပင်ပန်းပြီး
အိပ်ပျော်သွားတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဆူးဆူးက မျက်နှာ ပြောင်ပြကာ ၎င်း
အတွေ့အကြုံ ကို ပြောပြသည်။
ထိုလူငယ် များသည် နာမည်ကျော် သီးလေး သီးကဲ့သို့ ပြည်သူ့အသံ ပြည်သူ့ဟန်ဟု
ခံယူခြင်း မျိုး ၎င်းတို့သည်လည်း ပြည်သူ့တို့၏ လိုလားချက် လိုအပ်ချက်များကို
ပြောနိုင်သော ပြည်သူ့ Speaker ဖြစ်ရမည်ဟု ခံယူထားကြသည်။ ရှေးဘုရင်များ
လက်ထက်ကတည်းကပင် တိုင်းရေးပြည်ရာ အခြေအနေများကို ဘုရင်မင်း တရားကြီးက
သိချင်သည့် အခါများတွင် သဘင်ပွဲများ ပြုလုပ်ကာ ပွဲတော်ခံကြသည်။ ကပြ တီးမှုတ်
ဖျော်ဖြေ သူများကို သဘင်သည်၊ ဆိုင်းသမား၊ ရွာစားစသဖြင့် ခေါ်ဝေါ်မှုများ၊
ချီးမြှောက်မှုများလည်း ရှိခဲ့ကြသည်။ ယင်းအပြင် အရေးတကြီး ပါဝင်ရသည်မှာ
ပျော်တော် ဆက် ဖြစ်သည်။ ပျော်တော်ဆက်သည် တိုင်းရေး ပြည်ရေး
လိုအပ်ချက်များကို ဟာသနှော၍ ပြက်လုံး များဖြင့် ဘုရင်ကြီးကို တင်ပြရသည်။
ထိုခေတ်ထိုအခါက ဝန်ကြီး မတ်ကြီးများသည် ဘုရင် မင်းတရားကြီးကို
လျှောက်တင်ရာတွင် အလျှောက်မတော်ပါက မင်းပြစ်မင်းဒဏ်ခံရသေး သည်။ သို့သော်
ပျော်တော်ဆက်များကိုမူ မင်း ပြစ်မင်းဒဏ် မခံရသော အခွင့်ထူးခံ လူတန်းစားဟု
သမုတ် ခဲ့ကြသည်။
ပြောင်းလဲလာသည့် ခေတ်စနစ်အရ နောက်ပိုင်း တွင် ပျော်တော်ဆက်များကို
လူရွှင်တော်ဟူ၍ ဖြစ် လာသည်။ ယင်းနောက် မင်းပြစ်မင်းဒဏ် မခံရသော
ပျော်တော်ဆက်ခေါ် လူရွှင်တော်တို့ အထုအထောင်း ခံခဲ့ကြရသည်များလည်း ရှိသည်။
သီးလေးသီး မျိုးဆက်သစ် လူငယ်တို့ကမူ အစဉ်အလာကို ထိန်းသိမ်းသည့် အနေဖြင့်
တိုင်းပြည် ၏ လိုအပ်ချက်များကို ပြက်လုံးများဖြင့် ထောက်ပြ ကြမည်ဟူသော
ခံယူချက်ကတော့ တူညီ နေကြသည်။ ၎င်းတို့ ပြက်ခဲ့သည့် ပြက်လုံးများ အနက်မှ
ပြက်လုံး တစ်ခုကိုလည်း ကျေးကျေးက ယခုကဲ့သို့ ပြန်လည် ပြောပြသည်။
၎င်းပြက်ခဲ့သည့် ပြက်လုံး မှာ ‘တောတစ်ခုထဲသို့ ယုန်တစ်ကောင်ကိုလွှတ် လိုက်သည်။
အမေရိကန်စုံထောက် FBI ၊ နိုင်ငံတကာ စုံထောက် အင်တာပိုနှင့်
မြန်မာထောက်လှမ်းရေးတို့ ယုန်ကို မည်သူ မိမည်နည်းဟု ပြိုင်ကြသည်။ FBI သည်
တပ်ဖွဲ့အင်အား ၅၀ ဖြင့် တောနင်းရှာသည်။ မတွေ့၊ အလားတူ အင်တာပိုသည်လည်း
တပ်ဖွဲ့ အင်အား ၁၀၀ ဖြင့် ရေကုန်ရေခန်း ရှာပြန်လေသည်၊ မတွေ့။
မြန်မာထောက်လှမ်းရေး အလှည့်သို့ ရောက် လာသည်။ တပ်ဖွဲ့အင်အား တစ်ယောက်မျှ
မပါ။ FBI နှင့်အင်တာပိုတို့ မျက်လုံးပြူးကာ မြန်မာ ထောက်လှမ်းရေး အရာရှိကို
ကြည့်ကြသည်။ တစ် နာရီသာ ကြာသည်။ မြန်မာ ထောက်လှမ်းရေး အရာရှိသည်
ဝက်ဝံတစ်ကောင်ကို ကုပ်ဆွဲ နပန်း ရိုက်ကာ ခေါ်လာသည်။ ဝက်ဝံထံမှလည်း
“ကျွန်တော် ယုန်ပါ ခင်ဗျ။ ကျွန်တော် ယုန်ပါ ခင်ဗျ”ဟု အော်ဟစ် လေသည်။
ထိုပြက်လုံးကို မျက်နှာဟန် မျက်နှာထား ကောင်းကောင်းဖြင့်
ပြက်ခဲ့ကြသည့်အတွက် ပရိသတ် များ အထူး အားပေး ခဲ့သော်လည်း ထောက်လှမ်းရေး
အဖွဲ့ကမူ မည်သည့် ရည်ရွယ်ချက်ဖြင့် ပြက်ခဲ့သည် ကို ခေါ်ယူ စစ်ဆေး
ခဲ့သည်ဟုလည်း ၎င်းကပြန်လည် ပြောပြသည်။
ယင်းအပြင် ထိုလူငယ်များသည် အလုပ် ကိုယ်စီ ရှိသော်လည်း ဟာသ
လူရွှင်တော်လိုင်းတွင် ရည်မှန်းချက် မြင့်မြင့် ထားကြသည်။ နိုင်ငံတကာ
ဟာသပွဲတော်ကို ကမ္ဘာ့နိုင်ငံများ အသီးသီးမှ အလှည့် ကျ ကျင်းပကြပြီး
နိုင်ငံစုံ ဟာသ ဝါသနာရှင်၊ ပညာ ရှင်များ ပါဝင်ဖျော်ဖြေကြသည်။
ထိုပွဲတော်တွင် မြန်မာနိုင်ငံ မပါဝင်သေးသည့်အတွက် ၎င်းတို့က ယင်းပွဲ၌
ပါဝင်နိုင်သည်အထိ ကြိုးပမ်းကြရန် ရည်မှန်းထားကြသည်။
ယင်းပွဲတော်တွင် ဟာသပြက်လုံး ထုတ်သူ တစ်ယောက်က ပြောလိုက်သည်နှင့်
အခြားနိုင်ငံ များကလည်း နားလည်ကြသည်။ ထိုသူတို့ပြောကြ သည်မှာ
အင်္ဂလိပ်ဘာသာစကားဖြင့်သာ ပြောဆို ကြခြင်းဖြစ်သည်။ “မြန်မာလို ပြက်လုံး
လုပ်ဖို့တင် မဟုတ်ဘူး။ အင်္ဂလိပ်လိုပါ ဘာသာပြန်ပြီး ပြက်လုံး ပြက်ဖို့
ရှိတယ်။ ဒါပေမဲ့ မလုပ်နိုင်သေးဘူး” ဟု ဆူးဆူးက ဆိုသည်။
နိုင်ငံတကာထိ ထိုးဖောက်နိုင်ရန် ပြင်ဆင်နေ သော်လည်း ထိုလူငယ်အဖွဲ့၏
အွန်လိုင်း Fan Club ဖွဲ့ပြီး စတင်ခဲ့သော ရည်ရွယ်ချက် ဖြစ်သည့် ပရဟိတ
အလှူများ အတွက် အနုပညာ ဒါနပြုနေ သည်ကိုမူ အဆက်မပြတ် လုပ်ဆောင်မည်
ဖြစ်ကြောင်း ဝါဝါ က ရှင်းပြသည်။
Engineering Service ကုမ္ပဏီတွင် အလုပ် လုပ်ကိုင် နေသော အသက် ၂၈ နှစ်အရွယ်
ကျေးကျေးက ၎င်းတို့အဖွဲ့၏ ကြိုးစား အားထုတ်မှုကို အောက်ပါ အတိုင်း ပြောကြားသည်။
“မြန်မာ့ အငြိမ့်၊ မြန်မာ့ပြက်လုံးတွေ ဘယ်လို ရှိတယ်ဆိုတာကို ကမ္ဘာကသိအောင်ကျွန်တော်တို့ ကြိုးစားသွားမယ်”
Written by မင်းထက်စံ၊ အောင်အောင်ထွန်း
The Voice Weekly