This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 11, 2012

လေ့လာထားသင့်သည် လျှပ်စစ် ဖော်မြူလာ




Current တို့ Ampere တို့ Volt တို့ ဆိုတာ အခြေခံပညာ အထက်တန်းလောက်တုန်းက Physicဘာသာရပ်ထဲမှာ သင်ခဲ့ရတာပါ။ ဒါပေမယ့်  ဒိ voltage formula၊ current formula တွေကို  လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်ပြီး ဘယ်လို အသုံးချမလဲဆိုတာက စဉ်းစားကြည့်စရာပါ။ အထူးသဖြင့် IT သမားတစ်ယောက်အနေနဲ့ ဒီ Electronic အခြေခံ formula တွေ သိကိုသိထားရမှာပါ။


ဥပမာ ကိုယ့်ကွန်ပျူတာရဲ့ power supply က 500 Watt ရှိတယ်ဆိုပါတော့။ ကိုယ့်ရဲ့ အိမ်သုံးမီတာက
လာတဲ့ မီအားသည် computer system ရဲ့ သုံးစွဲအားကို လက်ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။
သံသယအဆင့်နဲ့ ရပ်မနေပါနဲ့။ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစား

ပြည်ထောင်စုလမ်းမ ရေကြီး၊ လူတစ်ဦး မျောပါသေဆုံး


ကော့လီ

မူစယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ သိန္နီမြို့အဝင်မှာ ဩဂုတ်လ ၇ ရက်နေ့မှာ လမ်း ရေကျော်တာကြောင့် ဖြတ်သန်းသွားတဲ့ လူ တစ်ဦး ရေနဲ့အတူမျောပါ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ရေနဲ့အတူ မျောပါသေဆုံးသွားသူမှာ သိန္နီမြို့နယ် ပန်စုံရွာနေ အသက် ၅၂ နှစ် အရွယ်ရှိ ဦးဌေးလွင် ဆိုသူဖြစ်ပြီး သူနဲ့အဖော်သုံးဦး ဆိုင်ကယ် ကို တုတ်နဲ့လျှိုထမ်းကာ ရေကိုဖြတ်ကျော်ဖို့ ကြိုးစားစဉ်မှာ အခုလို မျောပါသွားတာဖြစ်ကြောင်း သိရပါတယ်။ ဦးဌေးလွင်နဲ့ အတူပါ သူများကို တော့ အများက ဝိုင်းဝန်းဆယ်ယူ ရရှိလိုက်ပေမယ့် ဦးဌေးလွင် ကတော့ ရေနဲ့

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ


ရန်ပိုင်

ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံ တားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေး လိုက်ရ ကြောင်း သတင်းရသည်။

အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက် – ရွာငံမှတဆင့် ကျောက်ဆည် မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့ လာရန် တံတားဦးမြို့သို့ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှ

အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး



ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ပြောင်းလဲ ပေးဆောင် ရမည့် နှုန်းထား သစ်သည် ၀ယ်ယူသည့် ငွေအပေါ် ၀င်ငွေရ လမ်းမတင် ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ပြီး တံဆိပ်ခေါင်း ခွန်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ဖြစ်ပါက ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဖြစ်ပါက ၅ ရာခိုင်နှုန်းစုစုပေါင်း၃၅ ရာခိုင်နှုန်း ပေးဆောင် ရမည် ဖြစ်ကြောင်း၊ အဆိုပါ အခွန်နှုန်းထားသစ်သည် ယခု ဘဏ္ဍာနှစ် မှစတင်တဲ့ ၀င်ငွေခွန် စနစ်သစ် အရ စည်းကြပ် ကောက်ခံတဲ့ နှုန်းထား ဖြစ်ကြောင်းနေပြည်တော်အခွန်ဦးစီးဌာနမှ မှသိရှိ ရသည်။

ယင်းသို့ ပြောင်းလဲလိုက်ခြင်းသည် ၄ နှစ်ခန့်အထိ သက်တမ်းတိုး လာခဲ့သော အိမ်ဝယ်သူများ ကို အခွန်လျှော့ပေါ့သက်သာခွင့်ကို ရပ်ဆိုင်းလိုက် ခြင်းဖြစ်ပြီး ဘန်ကောက်

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဘုန်းကြီးကျောင်းများကို အတင်းပြောင်းရွှေ့ခိုင်း



ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို


ကျော်ခ

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံများက ၎င်းတို့၏ လက်ရှိ နေ ထိုင်ရာ နေ ရပ်ရင်းကို စွန့်၍ ရခိုင်လူမျိုးအများစုရှိရာ နေရာများကို ပြောင်းရွှေ့နေလိုကြကြောင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိစပ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီ လူမျိုး ၉၀ ရာ

အာဏာအလွဲသုံးစားလုပ်တဲ့ ရမည်းသင်း လွှတ်တော်အမတ်

လွှတ်တော်အမတ် များအား တွေ့ ရစဉ်

ရမည်းသင်းမြို့ နယ် မြို့ နယ် ဆေးရုံ့ကို ၁၆.၇.၁၂ မှာ ဓါတ်လိုက်ပြီး သေဆုံးတဲ့
အလောင်းရောက်လာ ပါတယ်။ အဲဒီအလောင်းဟာ လွှတ်တော်အမတ် ဦးအောင်မြင့်
ရဲ့ဆွေမျိုးရင်းချာ ဖြစ်တာကြောင့် ဦးအောင်မြင့်ဟာ ရင်ခွဲစစ်ဆေး မခံဘူးလို့  ညင်းဆို
ခဲ့ပါတယ်။

ဆေးရုံအုပ်က သေမှုသေခင်း-----

သီတဂူဆရာတော်ကြီးနှင် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်း




ဒီကနေ့ ဘုန်းကြီးတို့ ပြောဆိုတဲ့ တရားစကား လာရောက် နားထောင်ကြတဲ့ အမျိုးသား အမျိုးသမီး အားလုံးဟာ ဘုန်းကြီးတို့ရဲ့ ဘ၀ဟောင်းက ညီအစ်ကို မောင်နှမဟောင်းတွေပါလို့ ဘုန်းကြီးတို့ ဒီလို သဘောထားပြီးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ် လုပ်ကြတဲ့ လုပ်ငန်းဟာ ဘာလုပ်ငန်းလဲ? ဘုရားလောင်း လုပ်ငန်း, အဲဒါကြောင့် ဘုရားလောင်းကျင့်စဉ် (၁၀)ပါးကို Leadership quality-များအနေနဲ့ ဘုန်းကြီးတို့ ဒီကနေ့ ပြောပြပါတယ်။ နိုင်ငံမှာ ခေါ
င်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ လူလူချင်း တစ်ေ

" ဇိမ် ခန်း "



  
သူတစ်ပါး မိန်းမသားတွေ အိပ်စက်နေတဲ့
ညဉ့် ၁နာရီကျော် သန်းခေါင်ယံ ဟာ
သူတို့တွေအတွက်တော့ နေ၀င်ချိန်မျှသာ
အခုမှ သမုဒ္ဒရာ ၀မ်းတစ်ထွာဇာတ်စတုန်း . . .

သံဇကာကွက်ကာထားတဲ့ တိုးလျှိုးပေါက်အခန်းမှာ
ထိုင်သူထိုင် ထသူထ အိပ်

တစ်ပါတ်အတွင်း မြန်မာအစိုးရ စစ်တပ် စစ်ရေးလှုပ်ရှားမှု သတင်းတို



August 10, 2012

(၁) ခမရ(၃၈၇) (၄၃၈) တပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့်သည် ဒေါ့ဖုန်းယန်မြို့နယ် ဘွမ်ဆောမ်ဘွမ် တ၀ိုက်တွင် အခြေပြု လှုပ်ရှားလျက် ရှိသည်။
(၂) သြဂုတ်လ (၆)ရက်နေ့တွင် ဗန်းမော်

ipot, iphone, ipad စတာတွေထဲကို သီချင်း၊ video၊ Games၊ softwares တွေ ဘယ်လိုထည့်ရမလဲ။

ညီနေမင်း

မေး ညီသွေး အစ်ကိုညီနေမင်းခင်ဗျာ။ ကျွန်တော့် iphone ထဲကို အစ်ကိုတင်ပေးတဲ့ game နဲ့ software တွေကို ထည့်ကြည့်ပါတယ်. itunes ကနေ ထည့်တာ လုံးဝအဆင်မပြေပါဘူး။ အဲ့ဒါ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုထည့်သင့်သလဲ ဆိုတာလေး လမ်းညွှန်ပေးပါဦး။ အဆင်အပြေဆုံးနဲ့ အလွယ်ကူဆုံး software လေးရှိရင် ကူညီပေးပါဦး။ အားကိုးလျှက်ပါဗျာ။ နေကောင်းပါစေ။

ဖြေး ကိုညီသွေးရေ အခုအချိန်အထိတော့ ညီပြောတဲ့ software တွေ၊ Games တွေကို အဆင်အပြေဆုံး install လုပ်နိုင်တာကတော့ ifunbox ဟာ အဆင်အပြေ

အစိုးရမှ အင်အားသုံးပြီး KIO ဌာနချုပ်ကို စစ်ဆင်နေ



Photo by - Jade Land
10 August 2012

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်ကို အစိုးရက အင်အားသုံးပြီး စစ်ဆင် နေသည်ဟု (KIA) စစ်ရုံးချုပ်က အရာရှိတဦးက ပြောပါသည်။ အင်အား ဖြည့်တင်း ထားသော အစိုးရ တပ်ဖွဲ့များသည်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ရှေ့တန်း စခန်း ဌာနချုပ်နှင့် (၁၀) မိုင်ခန့်သာ ဝေးသော ဒေါ့ဖုန်ယန်မြို့နယ်ခွဲ ဘက်သို့ ရောက်ရှိေ

မြန်မာနိုင်ငံရှိ ပျက်စီးနေသော လမ်းများ ပြုပြင်ရန် ဂျပန်ကားကုမ္ပဏီ ကူညီလို


မြန်မာနိုင်ငံတွင်း သယ်ယူပို့ ဆောင်ရေးကဏ္ဍ တိုးမြှင့်ရန်မှာ ကမ္ဘာ့အဆင့်မီ ပို့ဆောင်ရေးဥပဒေရှိရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်းလမ်းများ ဆိုးရွားစွာ ပျက်စီးနေမှုအား ဂျပန်ကားကုမ္ပဏီမှ ကူညီ ထောက်ပံ့ပေးချင်သော ဆန္ဒရှိကြောင်း ဂျပန်ကားကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ကာမူဟိစာအီဝါမိုတို က သြဂုတ် ၆ ရက် Chatrium Hotel တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
မစ္စတာ အီဝါမိုတိုက ““သယ်ယူပို့ဆောင်ရေး ကဏ္ဍ

ကချင်အာဇာနည်နေ့ လိုင်ဇာတွင် ကျင်းပ


09 

သြဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်း (ဓါတ်ပုံ kachinnet.net)

ကချင် တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံြး

ကျောင်းသားများက ပြုပြင်ရန် ဆန္ဒပြခဲ့သောလမ်းကို ဒေ၀ူးနှင့် အိန္ဒိယ Punj Lloy က ပြန်လည် တည်ဆောက်ပေး


နိရဉ္စရာ

ကျောက်ဖြူမြို့နယ် အတွင်း ကျောင်းသားများက ပြန်လည်ပြုပြင်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သော လမ်းကို အခုအခါ ကိုရီးယား ဒေ၀ူးနှင့် အိ န္ဒိယ Punj Lioy ကုမ္ပဏီများက ပြန်လည် ပြုပြင် တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းမှာ မရကျွန်းနှင့် ဂုံးရှိန် ကျေးရွာ အကြားတွင် တည်ရှိသော လမ်းဖြစ်ပြီး ဂုံးရှိန် အထက်တန်းကျောင်းမှ ဒေသခံ ကျောင်းသူ ကျောင်းသားများ ကျောင်းသွား ကျောင်းပြန် အသုံးပြုနေသော လမ်းဖြစ်သည်။ ကျေးရွာသားများမှ ၎င်းလမ်းကို ကိုယ်ထူ

Gtalk ဘာသာပြန်စနစ်ထည့်သွင်း နည်း


အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။
Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြ

မြစ်ဆုံစီမံကိန်းက စက်ယန္တရားတွေ ပြန်ပို့မယ်



  ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းမှာ အသုံးပြုတဲ့ တရုတ် စက်ပစ္စည်းနဲ့ ယန္တရားတွေကို တရုတ် နိုင်ငံကို ပြန်လည် ပို့ဆောင်ဖို့ အတွက် မနေ့တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးက ဆုံးဖြတ်လိုက် ပါတယ်။
အခုလို ဆုံးဖြတ် လိုက်တာကို ကြည့်ခြင်း အားဖြင့် သမ္မတ ဦးသိန်းစိန် ကြေညာ ထားတဲ့ အတိုင်း ၂ဝ၁၅ ခုနှစ် အတွင်းမှာ လုံးဝ ဆက်မလုပ်ဘူး ဆိုတဲ့ သဘော ရှိပါတယ်။
မြစ်ဆုံ ရေကာတာ ဆက်လုပ်ခွင့် ရမယ့် အခြေအေ

တလွဲအသုံးချ အိုင်တီနှင့် မြန်မာ့ယဉ်ကျေးမှု


ဖေ့ဘွတ်ခ် စာမျက်နှာများနှင့် ဖုန်းများအတွင်းရှိ Movies ဖိုင်များတွင် ယခုတစ်လော နာမည်ကြီးလာသော ဖိုင်တစ်ခုက လူတော်တော်များများ၏ ပါးစပ်ဖျားတွင် အလွန်ရေပန်းစားနေသလို  မသိသူကဘဲ ခေတ်နောက်ကျနေသလိုပင်။
အိုင်တီ တိုးတက်လာသော ခေတ်ကြီးအတွင်းတွင် ခေတ်မီနည်းပညာများဖြင့် ပျံ့နှံ့မှု မြန်ဆန်မှုနှုန်းက အံ့မခန်း။
နာမည်ကြီးသည်ဟု ဆိုသော်လည်း ကောင်းသတင်းတော့မဟုတ်။ သို့သော် လူတိုင်းလိုလို စိတ်ဝင်စားနေကြသည်။ လူအများ၏ စိတ်ဝင်စားမှုနှင့်အတူ ထွက်ပေါ်လာသော ကောလာဟလများစွာကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်လောက်အောင်ပင်။ လူအများစု စိတ်ဝင်စားနေသော ယင်းအကြောင်းအရာ၏ နောက်ကွယ်တွင် ကာယကံရှင်များ၏ ဂုဏ်သိက္ခာနှင့် မိသားစု ခွဲရေး တွဲရေး ဇာတ်လမ်းများစွာ ရှိနေသည်ကိုတော့ အဆိုပါ Moviesဖိုင် တင်သောသူက မသိဘဲတော့ မရှိနိုင်ပါ။
ယင်းကဲ့သို့ ဖြစ်ပေါ်လာရခြင်းများရဲ့ အဓိက မှားယွင်းသူများမှာ ဘယ်သူတွေ ဖြစ်မလဲ။ ကာယကရှင်တွေပဲလား၊ မှတ်တမ်းအဖြစ် ရိုက်ထားသူတွေပဲလား။ ဒီလိုဖိုင်တွေကို ရှာဖွေတင်သူတွေပဲလား။ ဒါမှမဟုတ် မြန်ဆန်စွာ ခေတ်မီတိုးတတ်လာတဲ့ အိုင်တီခေတ်ကြောင့်ပေပဲလား။ အဖြေရှာလျှင်တော့ အမျိုးမျိုး ထွက်နိုင်သလို လူငယ်များရဲ့ အမြင်များစွာကလည်း စိတ်ဝင်

ကလေး တွေ ကို မြေတိုက်ခန်း ထဲ မှ ဖမ်းဆီးထား တဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေ ကို အရေးယူမည်

46_8_1344498840_98_ham_ngam
ရုရှား နိုင်ငံ ရှိ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် က မြေတိုက် ခန်း တွင် နှစ် ပေါင်း များ စွာ
ပိတ်လှောင် ခံထား ရသည့် ကလေး များ ကို ရုရှား အာဏာ ပိုင်များ က ပြန်လည် ကယ် တင် နိုင်
ခဲ့ ပြီ ဖြစ်သည်။
မြေတိုက် ခန်း ထဲ တွင် ပိတ်လှောင် ခံထား ရစဉ်  ကလေးများ မှာ နေရောင် ကို လုံးဝ မြင်ရ ခြင်း မရှိဘဲ
ချမ်းအေးသည့် ရာသီ များ တွင် အပူပေး စက် များ ဖွင့် လှစ် ပေး ခဲ့ ခြင်း မရှိ ဟု CNN သတင်း
တွင် ဖော် ပြ ထား သည်။
ပိတ်လှောင် ခြင်းခံထား ရသူများ ကို ပြန်လည် ကယ် တင်

`ရယ်လိုက်ကြစို့ သူငယ်ချင်း´(ဟာသကဏ္ဍ(၁၁))



၁။မလာရဲဘူး
မြစ်တစ်ခုအတွင်းတွင် ရေကူးနေသော ကိုအလင်းရောင်သည် ကုန်းပေါ်တွင်ရှိသော
ရင်ခုန်သူကိုလှမ်းမေးလေသည်။
`ဒီမြစ်ထဲမှာ မိချောင်းရှိသလားဗျ´
`မရှိဘူးရဲရဲသာကူး ဒီကောင်တွေမလာ ရဲဘူး´
`ဘာလို့လဲ´
`မိချောင်းတွေက ငါးမန်းကို ကြောက်တယ်လေ´

၂။ မမေ့ကြပါနဲ့
 အမျိုးသမီးထံသို့ ၄င်း၏တိတ်တိတ်ပုံးချစ်သူ အမျိုးသားတစ်ယောက်ရောက်လာသည်။
ရောက်ပြီးမကြာမီ အမျိုးသမီး၏ ယောကျာ်းအိမ်ပြန်လာသဖြင့် ဘီထဲဝင်ပုန်းနေရန် သူမကတိတ်တိိတ်ပုန်း ချစ်သူကိုပြောသည်။ ယောက်ကျာ်း အလုပ်သို့သွား

(၆)နှစ်အရွယ် ကလေး၏နှာခေါင်းထဲမှ (၃)နှစ်ကြာရှိနေသော အရုပ်ဘီးအား ထုတ်နိုင်ခဲ့

....


အမေရိကန်ပြည်ထောင်စုတွင် (၆)နှစ်အရွယ် ယောက်ျားလေး၏ နှာခေါင်းအတွင်း (၃)နှစ်အကြာ ကပ်ငြိဝင်နေခဲ့သော Lego အရုပ်ကားဘီးအား ဆရာဝန်များက အောင်မြင်စွာထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ကလေးငယ် သုံးနှစ်အရွယ်ခန့်က ကစားရင်း နှာခေါင်းထဲဝင်သွားခဲ့သော ယင်းLego အရုပ်ကားဘီးတာရာဟာ ကလေးင

ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး



 
 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။


အဆိုပါအမိန့်အရ ကျောက်တော်မြို့နယ်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ည ၁ဝ နာရီမှ နံန

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ



fng-press
 မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
ဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှာ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း

ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။

ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးသိန်းစိန် အား ဖိတ် ခေါ်ြ

Friday, August 10, 2012

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ


 အကြောင်းအရာက "ယာမ" ပါ။ ကျနော့် သူငယ်ချင်းတွေ ဆေးသုံးပြီး စာတွေကျက်တယ်။ သူတို့ကိုယ်သူတို့ကတော့ စာတွေ ညသန်းခေါင်ကျော်ကျော်ထိ လုပ်နိုင်တယ်လို့ ပြောတယ်။ အဲဒါမှန်သလား။ အောင်သွားတဲ့ သူတွေတော့ ရှိပါတယ်။ မအောင်တဲ့သူတွေလည်းရှိပါတယ်။ ကျနော်သိချင်တာက အဲဒီဆေးအကြောင်းပါ။ သူက ညတစ်ညလုံးတော့ မအိပ်ဘူး။ ဥပမာ ညနေ ၂ နာရီလောက်မှာ ဆေးသုံးထားတယ်ဆိုရင် အဲဒီည မအိပ်ဘဲနေတယ်။ အာရုံကလည်းတစ်ခုပဲလို့ ပြောတယ်။ တကယ်ဟုတ်သလား။ နောက်နေ့ ၂ နာရီလောက်မှာ တအားအိပ်ချင်တယ်တဲ့။ အိပ်လည်းအိပ်တယ်။ ပြီးရင် မသုံးရရင်လည်း ဘာမှမဖြစ်ဘူးတဲ့။ အရင်လိုပဲတဲ့။ မစွဲဘူးတဲ့။ သုံးလိုက်ရင် ပေါ့သွားတယ်တဲ့။ တကယ်မစွဲဘူးလား။ ဒီဆေးကိုသုံးလို့ ဦးနှောက်ရဲ့ ဘယ်အပိုင်းတွေကို ထိခိုက်သွား

ဟင်္သာတ ရေကြီး


ဧရာတီတိုင်း ဒေသကြီး ဟင်္သာတမြို့ တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာ
ရွာသွန်းသောကြောင့် ဥယျာဉ် မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ
ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊
တို့တွင် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့်
ကျောင်းသား ကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး
ရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက်လျက် ရှိ သတင်းရရှိပါသည်။


အစိမ်းရောင်ကို ကြောက်နေရခြင်း


ဓာတ်ပုံ- လူငယ်လေး တယောက်

မြန်မာနိုင်ငံသားတွေဟာ ဘာကြောင့်ရယ်မသိ၊ စိမ်းစိမ်းမြင်ရာ ကြောက်နေရတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတာ ကိုက မြန်မာ ဖြစ်နေရောသလား လို့ မေးခွန်းထုတ်မိတယ်။

အကြောင်းကတော့ လူငယ်လေးတယောက်ရဲ့ ဓာတ်ပုံတပုံကလည်း လူမှု အင်တာနက် စာမျက်နှာ
ပေါ် မြင်လိုက်ရ တော့ လူမြင်ကွင်းတွေထိပါ ဒီလို အဖြစ်တွေက ပေါ်ထွက်လာလို့ပါ။

လူငယ်လေးတယောက်က ယမန်နေ့ သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် မြို့ထဲကို နေ့လယ် ၁ နာရီလောက်က သွားပါ သတဲ့။ သူ့ စိတ်ထဲ တကြိမ်တ

နိုင်ငံသားစိစစ်ရေးကတ် ၀ယ်ယူမှု ဖော်ထုတ်ရေး




(ဓာတ်ပုံ - ဧရာဝတီ)

ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံသား အများအပြား မြန်မာပြည်ထဲ ခိုးဝင် စိမ့်ဝင်နေကြပါတယ်။
သူတို့တွေက ဌာနဆိုင်ရာကို လာဘ်ထိုးပြီး နိုင်ငံသား စိစစ်ရေးကတ် ရရှိထားကြတယ် ဆိုတဲ့ သတင်းတွေလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။
ဒီဖြစ်ရပ်တွေကို ဖော်ထုတ် အရေးယူဖို့ အစိုးရကို တိုက်တွန်းချင်တယ် လို့ အမျိုးသားလွှတ်တော်မှာ မနေ့က အဆိုတင်ပါတယ်။
အထူးစီမံချက်ချပြီး ဖော်ထုတ်ဖို့ပါ။

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေ နဲ့ စစ်တပ်ကိုယ်စား

ပိုင်ဆိုင်တာ ဘယ်လောက်ရှိလဲ သိဖို့မလိုပါ တဲ့ ...


(ဓာတ်ပုံ - ဧရာဝတီ)

အစိုးရအဖွဲ့ဝင်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ကြေညာရေး ဆိုတာကို လွှတ်တော်မှာ စကားဦးသမ်းလိုက်တာ အကြီးအကျယ် ကန့်ကွက်ခံရပါတယ်။

ဒီအကြောင်း အစိုးရသတင်းစာမှာ သတင်းဖော်ပြထားတာကို အခုလို တွေ့ရပါတယ် -

အစည်းအဝေး (၁၄)ရက် မြောက်နေ့က တင်သွင်းခဲ့သော ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ

မြောက်ခေါင်းဆောင်ဇနီးရဲ့ လက်ကိုင်အိတ်


North Korean leader Kim Jong-un (R) accompanied by his wife Ri Sol-ju (C) during a visit to a sub unit of the Korean People's Army Unit 552.  North Korea's young first lady has been pictured sporting what appears to be a Christian Dior handbag, an image in stark contrast to widespread shortages elsewhere in the impoverished nation, it was reported in the South Korean media on August 8, 2012.

(AFP photo)

မြောက်ကိုရီးယားပြည်သူတွေ အငတ်ဘေးသင့်၊ ဆင်းရဲနွမ်းပါးကြပေမယ့် သူတို့ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အသစ်စက်စက်ဇနီးဖြစ်သူကတော့ တန်ဘိုးကြီး Dior အမျိုးအစား လက်ကိုင်အိတ်နဲ့ လူလုံးပြနေပါတယ်။

ဒီသတင်းကို တောင်ကိုရီးယား မီဒီယာများမှာလည်း အထူး ဖော်ပြနေကြတာပါ။ မြောက်ရဲ့သတင်းကို တောင်က

မြန်မာတွင် ဂျပန် NHK World ရုပ်သံ ထုတ်လွှင့်


 
ဂျပန်နိုင်ငံရဲ့ မီဒီယာကြီးတခုဖြစ်တဲ့ NHK World အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားအစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့် ခဲ့ပါတယ်။
ပြည်တွင်း ရုပ်သံကုမ္ပဏီ တခုဖြစ်တဲ့ Skynet ရဲ့ ကမ်းလှမ်းမှုနဲ့ အခုလို ထုတ်လွှင့် ပြသတာဖြစ်ပြီး ရက်သတ္တ တပတ်လုံး အချိန်ပြည် ၀န်ဆောင်မှု ပေးဖို့လ

ရခိုင်ပြည်အရေးနှင့် ပတ်သတ်၍ NLD တင်သွင်းသော အဆိုကို ကြံ့ဖွံ့ပယ်ချ


မင်းသွီး

နေပြည်တော်၌ ကျင်းပသော စတုတ္ထအ ကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး တွင်ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှတင်သွင်းလိုက်သောအဆို ကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

NLD ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းသွား သော အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မသမာ သောနည်းလမ်းဖြင့်မြန်မာနိုင် ငံအတွင်းသို့ ဝင်ရောက်မှုရှိခြင်း၊ မသမာသော နည်းလမ်းများ ဖြင့်မြန်မာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ကိုင်ဆိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရေးတာဝန်အဖြစ် အထူးစီမံ ချက် ချမှတ်ပြီးဖေါ်ထုတ်အရေးယူ ပေးသွားပါရန်ပြည် ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကြံ့ခိုင်ရေး ပါတီမှ ရခို

သမ္မတဦးသိန်းစိန် ရခိုင်ခေါင်းဆောင်များနှင့် ပြည်နယ်တည်ငြိမ်ရေး ဆွေးနွေး


သမ္မတဦးသိန်းစိန်ဟာ မနေ့က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်နှစ်ဦးကို အလွတ်သဘောတွေ့ဆုံပြီး ရခိုင်ပြည်နယ် တွင်း တည်ငြိမ်းအေးချမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦအေးသာအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်က

ကချင်ဖက်သို့ အစိုးရထိုးစစ်ဆင်မှု များလာ KIA နေရာတခု ဆုတ်လိုက်ရ


KNG

ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ နေရာယူထားသော လုထောန် (Lu Htawn)တွင် မြန်မာ အစိုးရ တပ်ပေါင်းစုမှ ထိုးစစ်ဝင်ရောက်လာသောကြောင့် သြဂုတ် ၇ ရက် ယမန်နေ့ ညနေတွင် နောက်ဆုတ်လိုက်ရကြောင်း KIA ရှေ့တန်းမှ ပြောသည်။

ိုင်းမော်မြို့နယ် ဆဒုန်း (Sadung) ဒေသ ကန်ပိုင်တီ (Kambaiti) လမ်းမ ရေတံခွန်ဝန်းကျင်တွင် တပ်ချထားသော KIA တပ်မဟာ (၅) လက်bအောက် တ

မြန်မာပြည်မှာ ကားဝပ်ရှော့ဖွင့်မယ့် ထိုင်းကုမ္ပဏီ


คุณสุรีย์ภรณ์ อุดมผลวณิช
TSL အရာရှိ ဆူရီဖွန်

ထိုင်းနိုင်ငံရောက် ဥရောပကားတွေကို အထူးပြုပြင်တဲ့ SMRT က မြန်မာပြည်မှာလည်း ၀ပ်ရှော့လာဖွင့်တော့မယ်လို့ သိရပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်မယ် တဲ့။

ဒေါ်လာ တသန်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။

ကားပြင်တာချည်းပဲ မဟုတ်ပါဘူး၊ ကားအလှဆင်တာလည်း ပါဝင်မယ် လို့ ဆိုတယ်။

ရန်ကုန်မှာ ဆောက်မယ့် သူတို့ ၀ပ်ရှော့က တရက်ကို ကားစီးရေ ၃၀ ၀န်ဆောင်မှု ပေးနိုင်တယ်၊ ထိုင်းဝပ်ရှော့ဆရာ ၄ ယောက်ကို အဲဒီမှာ တာဝန်ပေးမယ် တဲ့။

SMRT က ဥရောပကားတွေကိုပဲ အထူးပြုပြင်တယ် ဆိုေ

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို ရှုံးနိမ့်


ရန်ကုန်၊ သြဂုတ် ၉

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်  အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေးထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရား စီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင်ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက် ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် တရားေ

ကမ္ဘာ့ အမြန်ဆုံးလူသား အူစိန် ဘော့တ်



ကမ္ဘာ့ အမြန်ဆုံး လူသား အူစိန် ဘော့တ် (ဓာတ်ပုံ – TPS)

လွန်ခဲ့တဲ့ ၄ နှစ် ဘေဂျင်း အိုလံပစ် ပြီးကတည်းက အားလုံးသိချင်နေကြတဲ့ အဖြေကို ပေးလိုက်သူကတော့ အူစိန် ဘော့တ်ပဲ ဖြစ်ပါတယ်။ အူစိန် ဘော့တ်ဟာ ယခုနှစ် လန်ဒန်အိုလံပစ်မှာ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉. ၆၃ စက္ကန့်နဲ့ ပထမ နေရာကနေ ပန်းဝင်ခဲ့ပြီး ကမ္ဘာ့ပရိသတ် ကို ဆက်လက် အံ့အားသင့်စေခဲ့ပါတယ်။

ဘေဂျင်းမှာတုန်းက သူဘယ်လောက်ထိမြန်အောင် ပြေးနိုင်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂျမေကာ နိုင်ငံသား ဘော့တ် ဟာ ၉. ၆၉ စက္ကန့်နဲ့ ကမ္ဘာ့စံ

Firefox ကိုပိုပြီးမြန်စေမယ့် Add-on တစ်ခု

မင်္ဂလာပါဗျာ..ကျွန်တော် firefox အကြောင်းလေးနည်းနည်းဆွေးနွေးချင်လို့ပါ..အကြောင်းကတော့ဗျာ Firefox ကို
မြန်နှုန်းမြှင့်ချင်တာပါ..ဒိီလောက်မြန်တဲ့ဟာကိုထပ်မြှင့်ချင်သေးသလားဆိုတော့ မတက်နိုင်ဘူးဗျာ ကလိချင်တာကိုး
နည်းလမ်းတွေအများကြီးတွေ့မိပေမယ့်ခုတွေ့မိတဲ့နည်းလမ်းလေးကိုတော့သဘောကျမိတယ်..လွယ်တာကိုး
ပြီးတော့အဟုတ်လည်းမြန်သွားတယ်ဗျာ..လုပ်ပုံလေးကနည်းနည်းလေးပါ..စလိုက်ရအောင်
https://addons.mozilla.org/en-US/firefox/addon/tweak-network/
အဲ့ဒီလင့်လေးကိုသွားလိုက်ပါ..
အခုလိုပုံထဲကအတိုင်းတွေ့ရပါမယ် add to firefox ဆိုတာေ

Firefox ကိုနှေးစေသော Add-ons များ

ဒါလေးကတော့ Firefox မှာမသုံးသင့်တဲ့ Add-ons လေးတွေပါတဲ့..ပြန်စစ်ကြည့်ပါအုံး
ဒီပုံထဲကအတိုင်းပါနေတယ်ဆိုရင်တော့ဖြုတ်ပစ်လိုက်ပါ..သူတို့က firefox ကိုအလုပ်နှေးစေတယ်တဲ့ဗျာ.


ကျောက်တော်ရဲ့ နောက်ဆုံးအခြေအနေ



ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမ်ဘာရီရွာ အင်္ဂါနေ့ မနက်က မီးရှို့ခံရတာဖြစ်ပြီး အနီးအနားက ရွာသားတွေပြောပြချက်အရ အိမ်ခြေ ၃ဝဝ ကျော်လောက် လောင်ကျွမ်းတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိမ် ၁ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။
မောင်းတောမှာ ဗုံးခွဲမှာကို စိုးရိမ်တဲ့ အတွက် လုံခြုံရေးတွေ ပိုချထားတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ ဘတ်စ်ကားလိုင်းတွေလည်း ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်ဒေသခံတွေနဲ့ မွတ်ဆလင်မ်တွေ

ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်နိုင်


ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုး

~ ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုး ~


အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
“အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း - အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
၂။ နှတ်ဖြင့် အလှူဒါနပြုခြင်း - အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း - စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း - ကောင်းသောစေတ

သူနာပြုဝတ်စုံနဲ့ မွေးကင်းစကလေးငယ်ကို ခိုးယူဖို့ကြိုးစားတဲ့ အမျိုးသမီး ...



အမေရိကန်ပြည်ထောင်စုရှိ Southern California ဆေးရုံတွင် အသက်(၄၈)နှစ်အရွယ် အမျိုးသမီးဟာ သူနာပြုဝတ်စုံ ဝတ်ဆင်ပြီး သူမရဲ့ အိတ်လုံးရှည်ရှည်ထဲ မွေးကင်းစကလေးငယ်အား ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် တနင်္လာနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သူမဟာ သူနာပြုဆရာမအသွင် ဝတ်ဆင်ပြီး ကလေးမိခင်အား ကလေးကို ရေချိုးပေးမည်ဟုဆိုကာ ကလေးအားေ

ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မဲဆောက်မြို့ ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊  နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မနေ့ညနေ ၅ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရ၀လိတ် ချူမ့်ရင်က ပြောပါတယ်။

“မဲဆောက်မြို့ ဆုမ်ဒစ်ပန်းခြံအနောက်က တိုက်ခန်းမှာ ငှားနေတဲ့ အသက် ၁၆-၁၇ နှစ် အရွယ် မြန်မာလူငယ် ၃ ဦးဟာ အလုပ်အကိုင် မယ်မယ်ရ

အဆိုတော်တွေစုံတဲ့ Shwe FM အရောင်းမြှင့်တင်ပွဲ

သြဂုတ်လ (၅) ရက်နေ့က ရန်ကုန်၊ Junction Square မှာ ကျင်းပခဲ့တဲ့ 
Shwe FM 2nd Year of Achievement Award for 2011 အရောင်းမြင့်တင်ပွဲ
 
Ni Ni Khin Zar (Red) @ Shwe FM 2nd Year of Achievement Award

ရက်အနည်းငယ်အတွင်းမှာ အသက် ၅၀ စာအိုမင်းသွားတဲ့ သနားစရာ ဗီယက်နမ်က အမျိုးသမီး...


ဗီယက်နမ်နိုင်ငံက ငုယင်သီပေါင် ဆိုတဲ့အမျိုးသမီးလေးဟာ ရက်အနည်းငယ်အတွင်းမှာဘဲ အသက် ၂၃ နှစ်အရွယ်ကနေ သက် ၇၃ နှစ်အရွယ်လောက်ထင်ရအောင်ကို အိုမင်းသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူမဟာ ပင်လယ်စာ တွေကနေ အဆိပ်သင့်သွားလို့ ဖြစ်ပါသတဲ့။  ယခု အသက် ၂၆ နှစ်ရှိပြီးဖြစ်တဲ့ အဆိုပါမိန်းမငယ်လေးဟာ ၂၀၀၈ ခုနှစ်ထဲက ဒီလို ပင်လယ်စာ အဆိပ်သင့်လို့ သူမ အသားတွေဟာ ရှုံတွလာခဲ့တာကို သိရှိခဲ့ပေမယ့် ဆင်းရဲလွန်းလို့ ဆေးမကုနိုင်ခဲ့ပါဘူးတဲ့။  ဒီလထဲမှာတော့ ဗီယက်နမ်က ဆရာဝန်တွေက သူမရဲ့ ဆေးဖိုးဝါးခ မည်မျှလောက်ကျနို