This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 4, 2012

စားလို့ကောင်းမယ့် နိုင်ငံ အလံများ......!


ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံ့ အလံများ၏ ပုံစံကို အစားအသောက်များဖြင့် ပြင်ဆင် ဖန်တီးထားရာ စားလို့ ကောင်းဖွယ်ရှိသည့် နိုင်ငံ့အလံ အချို့ကို အရသာရှိသော နိုင်ငံအလံများ ဟူ၍ yoka.com ဝဘ်ဆိုက်တွင် ပြသထားသည်။ မည်သည့်နိုင်ငံအလံ စားလို့အကောင်းဆုံး ဖြစ်မည်ကို ကျနော်၏ စာဖတ်ပရိသတ်များ ရွေးချယ်ကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ၾသစေတးလ်
ဘရာဇီး
ဗွီယက်နမ်
စပိန်
ဆွစ်ဇာလန်
ဂျပန်
ကိုရီးယား
လက်ဘနွန်
ဂရိ
အိန္ဒိယ
အီတလီ
ပြင်သစ်
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture
စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice Persident (IT)
Vice Persident(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။
နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း ပြောပါရစေရှင်……
IT, Sharing
ထပ်ဆင့်တင်ပြသူ♪☺MC♥ Zaw ♥htet☺♪

Thursday, May 3, 2012

သူရဦးရွှေမန်းနုတ်ထွက်ရန်ဖိအားပေးခံရ

Inbox
x

Anyataya Media anyatayamedia@gmail.com
9:57 AM (13 hours ago)

to mrsorcerer
သူရဦးရွှေမန်းနုတ်ထွက်ရန်ဖိအားပေးခံရ

Inline image 1

ပြီးခဲ့တဲ့ရက်ပိုင်းက.သူရဦးရွှေမန်းကိုဖိအားပေးပြီးနုတ်ထွက်ခိုင်းခဲ့တယ်လို့သိရတယ်..ပါတီကနေရောလွှတ်တော်ကနေရောထွက်ခိုင်းခဲ့ တယ်လို့..ဦးရွှေမန်းနှင့်ရင်းနှီးတဲ့စစ်အစိုးရ၀န်ကြီးဟောင်းတစ်ဦးကပြောပါသည်။
          ပြီးခဲ့တဲ့ကြားဖြတ်ရွှေးကောက်ပွဲရှုံးနှိမ့်မှုကနေစပြီးကြံ့ခိုင်ရေးပါတီအတွင်းသဘောထားကွဲလွဲမှုတွေကြီးမားလာပြီး..ယခင်သမ္မတနှင့် ဦးရွှေမန်းကြားမှာရှိတဲ့အစိုးရနှင့်လွှတ်တော်ကြားရှိတိုက်ပွဲဟာအာဏာရပါတီထဲအထိကူးစက်လာခဲ့တယ်လို့ယူဆနိုင်ပါသည်။
          စစ်ဗိုလ်ချုပ်ဟောင်းဦးရွှေမန်းအနေနှင့်လည်းစစ်အစိုးရလက်ထက်ကထုံးစံအတိုင်းကိုယ်ကျိုးစီးပွားများအနေနှင့်သားအကြီးအောင်သက်မန်း၏ဧရာရွှေဝါလုပ်ငန်းအုပ်စု၊သားအငယ်တိုးနိုင်မန်း ၄င်း၏ယောက္ခမဦးခင်ရွှေနှင့်ပေါင်းလုပ်နေသောစီးပွားရေးလုပ်ငန်းများအားထိခိုက်
လာနိုင်တဲ့အတွက်ယခုဖိအားပေးမှုကိုလွန်ဆန်နိုင်ဖွယ်မရှိကြောင်းသုံးသပ်နိုင်ပါသည်။
          စစ်အစိုးရလက်ထက်အခွင့်အရေးရခဲ့သောစီးပွားရေးလုပ်ငန်းရှင်များကလည်းလွှတ်တော်၏ဆောင်ရွက်ချက်များကြောင့်လက်ရှိအစိုးရ၀န်ကြီးများနှင့်ပေါင်းပြီးရိုက်မည့်ခွင်များပျက်သဖြင့်မကျေနပ်ကြကြောင်းသိရှရပါသည်။

မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး

မန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် တရုတ်
နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ
ဆော်သြလိုက်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အလျောက် တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ထိုဒေသသို့ မသွားရောက်ကြရန် ဝန်ကြီးဌာန ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် ကချင်ပြည်နယ်တွင်း ရောက်ရှိနေထိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများအနေနှင့်လည်း သတိကြီးစွာ
နေထိုင်ကြရန် သတိပေးထားသည်။
တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာနှင့် ပန်ဝါ ဒေသများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတို့အကြား ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ကြိမ်ရေများစွာ ဖြစ်ပွားလာနေသည်။

ဘာလဲမိန်းမ

Inbox
x

gtalk princess gtalkprincess1091@gmail.com
6:11 PM (7 hours ago)

to yankintharrr, mrsorcerer
ဦးလေးကြီးကောအဲဒီလိုတွေးလား။တွေးရင်တော့လူပျိုကြီးဖြစ်မယ်နော်။ဦးလေးတို့ယောကျာ်းလေးတွေလည်းဒီလိုပဲနေမှာပါ။
ရုပ်အဆင်းချောရင်အရည်အချင်းမရှိ
  • အရည်အချင်းရှိတော့ဘ၀င်မြင့်
  • ဘ၀င်မမြင့်တတ်တော့လည်းတိုးတတ်ချင်စိတ်မရှိ
  • တိုးတတ်ချင်စိတ်ရှိတော့လည်းကြီးကျယ်တယ်
  • ကြီးမကျယ်တတ်တော့လည်းလူတကာနဲ့လေလိုက်
  • အလေမလိုက်တတ်တော့လည်းအခြောက်ဖြစ်
  • အခြောက်မဖြစ်တော့လည်းအန္တရာယ်ရှိ
ဟီ ဟီ

ကိုယ်တိုင်ပေါက်ကရရေးသည်။


2012/5/1 ရန်ကင်းသား <yankintharrr@gmail.com>
  • ရုပ်အဆင်းလှရင်အချက်အပြုတ်မတတ်
  • ချက်တတ်ပြန်တော့မနူးညံ့ပြန်
  • နှုးညံ့နွဲ့နှောင်းတော့ကိုယ်ပိုင်အတွေးအခေါ်မရှိ
  • ကိုယ်ပိုင်အတွေးအခေါ်ရှိတာကျယောက်ျားဆန်
  • မဟာဆန်တဲ့သူကျတော့အသုံးအဖြုန်းကြီး
  • စုဆောင်းတတ်ပြန်တော့ခေတ်မမှီပြန်
  • ခေတ်မီပြန်တော့စိတ်မချရ
  • စိတ်ချရတာကျတော့ဘယ်လိုကြည့်ကြည့်မလှပြန်



Facebook မှပြန်ရှဲထားတာပါ။
yankinthar

ကမ္ဘာတ၀ှမ်းရှိကို့ယို့ကားယားနိုင်သောရေချိုးနည်းများ

မြေကြီးရေချိုးနည်း
ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်းကို ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာကိုယ် တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။ ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။

ခရမ်းချဉ်သီး ရေချိုးနည်း

ကိုလံဘီယာနိုင်ငံမှ ခရမ်းချဉ်သီး ပွဲတော်ဟာ ရက်သတ္တပါတ်ကြာအောင်ကျင်းပလေ့ရှိတဲ့အတွက် ခရမ်းချဉ်သီး ရေချိုးနည်းဟာ ထင်ရှားကျော်ကြားလှပါတယ် ။ ခရမ်းနီတွေကို အသုံးပြုတဲအတွက် အရည်ရွှမ်းရွှမ်းနဲ့ ပျော်ရွှင်စ ရာကောင်းလှပါတယ် ။ စစ်ပွဲတစ်ပွဲနဲ့ ဆင်တူလှပြီး အနိုင်ရရှိသူမရှိပါဘူး ။ ရင့်မှည့်နေတဲ့ ခရမ်းချဉ်သီးတွေကို လက်နက်အဖြစ်အသုံးပြုပြီး လမ်းတွေတလျောက် စစ်ပွဲသဖွယ် တိုက်ခိုက်ကြပါတယ် ။ အမှတ်တမဲ့ ကြည့်မယ် ဆိုရင် ခရမ်းချဉ်သီး အရည်မြစ်ကြီးနဲ့ ဆင်တူလှပါတယ် ။


အနီရောင်ဝိုင် ရေချိုးနည်း

ပင်သစ်ဝိုင်ကို နှစ်သက်ကြသူတွေဟာ ပြင်သစ်နိုင်ငံ မှ ပူပြင်းလှတဲ့ နွေအခါမှာ Japan နိုင်ငံ Hakone Kowakien ကိုသွားရောက်ပြီး ၀ိုင်ရေချိုးနည်းကို ဆင်နွှဲကြပါတယ် ။ သင်ဒီရေချိုးနည်းကို သုံးခြင်းအားဖြင့် ရရှိတဲ့အကျိုး ဆက်ကတော့ ရေချိုးနေရင်း ၀ိုင်သောက်လို့ရခြင်းဖြစ်ပါတယ် ။ ဒီပျော်ရွှင်စရာ ရေချိုးနည်းကို ကလေး တွေနဲ့ လူကြီးတွေပါ ဆင်နွဲကြပါတယ် ။ ၀ိုင်ဟာ အရေပြားကို ကောင်းကျိုးပေးပြီး လှပစေပါတယ် ။ အရေပြား ဆဲလ်အသစ်တွေကိုလည်း ပြန်လည်ဖြစ်ပေါ်စေပြီး နုပျိုစေတယ်လို့ အယူရှိကြပါတယ် ။


ဘီယာနှင့်ရေချိုးနည်း

ဘီယာကို ၀ိုင်ထက်ပိုပြီး နှစ်သက်ကြသူတွေဟာ ဒီပြိုင်ဖက်ကင်း ဘီယာရေချိုးနည်းကို အကြိုက်တွေ့ကြပါတယ် ။ ဒီဘီယာ အစွမ်းဟာ သင့်ရဲ့ အရေပြားတွေကို ပိုပြီး လှပအောင် ငယ်ရွယ်နုပျိုအောင် စွမ်းဆောင်နိုင်ပါတယ် ။ ကလေး နဲ့ လူကြီးတွေဟာ ဘီယာရေချိုနည်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွင် နှစ်သက်ကြပါတယ် ။


ရေနံနှင့် ရေချိုးနည်း

အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကို လုံခြုံစွာ ဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာ ဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း သတိထားရပါမယ် ။ ရေနံနဲ့ ရေချိုးခြင်းရဲ့ အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါနဲ့ အရေပြားရောဂါတွေကို ပျောက်ကင်းစေတဲ့အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံမှာ sulphur (ဆာလ်ဖာ) ပါဝင်တဲ့အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်းကို Azerbaijan နိုင်ငံမှ Naftalan မှာ ကျင့်သုံးနေကြပါတယ် ။




Views: 111

အသိပညာ ရဲ့ တန်ဖိုး

အသိပညာ ရဲ့ တန်ဖိုး
Posted by သက်တန့်ချို

တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီး
တစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။
အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။
တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။
“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”
ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။
“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ
မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ ”
####################################
လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

အကြောင်းရင်း

အကြောင်းရင်း

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။"
ရယ်စရာ မဂ္ဂဇင်း

လောကနီတိ-၂

လောကနီတိ-၂
Posted by may16

သူယုတ်မာကို အချစ်မလွန်ရာ။
သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
Do not love the unvirtuous too much.
Even though praised highly, the wicked may act impolitely and boisterously.
မြွေသည် အမျက်လွန်၏။
မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
The snake is extreme in anger.
The wicked is more furious than the snake.
Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.
မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish may be said to be the foolish.
သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
When bad results occured due to his evil deeds, then he gets into trouble.
လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
The fool, if he is stronger, may plunder others possessions by force.
After death that fool of less knowledge lands in hell.

လောကနီတိ-၁

လောကနီတိ-၁
Posted by may16

အင်အားကြီးမားသော အမိုက်ရင် အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏
မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ချည်နိုင်စွမ်း သကဲ့သို့တည်း။
Strong, bad elements cannot be overcome single-handed but by united action.
A blade of garss is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
လေကွယ်ထောင့်ရာ အရပ်၌ မီးတောက်သည် ကြီးထွားမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေး ထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
အရှင်သခင်ကိုတု၍ မည်သည့်အမှုကိုမျှ ဂုဏ်တုဂုဏ်ပြိုင် မပြုအပ်
ဝတ်စားဆင်ယင် အလှပြင်ခြင်း၌ လည်းကောင်း ၊ စည်းအိမ်ချမ်းသာ ခံစားရာ၌ လည်းကောင်း အတူမပြုရာ။
No Competition in pride with a master should be attempted.
No similarity or equality of attire and wealth should be attempted.

ရှက်တတ်သူများအတွက် စားသင့်သော အစားအစာများ..........


ရှက်တတ် သူများ အတွက် ကိုယ့် ကိုယ်ကို ယုံကြည် စိတ်ကို တဖြည်း ဖြည်း တည်ဆောက်နိုင် ဖို့ အစား အစာ က ကူညီပေးနိုင်ပါတယ်။ မွန်ထရီ ယယ် Mc Gill တက္ကသိုလ်မှ သုတေ သီများရဲ့ အဆိုအရ Tryptophan ဆိုတဲ့ အမိုင်နိုအက်စစ် Essential Amino Acid ပါဝင်တဲ့ အစားအစာ များဟာ လူတွေကိုပိုပြီး ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ရှိအောင် လုပ်ပေး နိုင်ကြောင်း တွေ့ရပါတယ်။ Tryptophanြွကယ်ဝစွာပါဝင်တဲ့ အစာ အစာတွေထဲမှာ အသား(အထူးသဖြင့် ကြက်သား)၊ ငါး (ဆယ်လ်မွန်၊ တူနာ)၊ ပဲတောင့်ရှည်တို့ ပါဝင်ပါတယ်။

အဲလိုကြီးတော့ မပြောနိုင်ပေါင်

အဲလိုကြီးတော့ မပြောနိုင်ပေါင်
Posted by may16

အပျိုကြီး နှစ်ယောက် စကားလက်ဆုံကျနေကြသည်. .
"ငါတော့ ဒီတစ်သက် လုံးဝယောက်ျားမယူတော့ဘူး. . . . "
"ဘာဖြစ်လို့လဲအေ့. . . . "
"အိမ်ဘေးက လင်မယားကို ကြည့်ပြီး စိတ်ဓာတ်ကျလို့ပေါ့ . . . . ယောကျာ်းက နေ့တိုင်း အရက်မူးပြန်လာပြီး ရန်တွေ့. . . ဒီကြားထဲ မွေးထားတဲ့ သားသမီးတွေကလည်း တစ်ပြုံတစ်ခေါင်း . . . "
"ကြားရတာ သားစိတ် ၊ သမီးစိတ်ကုန်လိုက်တာ .. . . . . "
"ဘယ်လိုအေ့ ၊ လင်စိတ်သားစိတ် ကုန်တယ်လို့ပြောစမ်းပါ. အေ . . . . "
"အိုအေ - မရလို့ ခက်နေရတဲံ ကြားထဲ. . . . အဲသလိုကြီးတော့ မပြောနိုင်ပေါင်.. . . . . "

အသက်ဝင်သလားမမေးနဲ့

အသက်ဝင်သလားမမေးနဲ့
Posted by poemflower

ဆရာမက သူ့ကျောင်းသားလေးတေါကို ဆော်လ်မွန်ငါးဖမ်းလုပ်ငန်းနဲ့ စည်သွပ်လုပ်ငန်းအကြောင်း သင်ခန်းစာ တစ်ခု သင်ကြားပို့ချလိုက်ပါတယ်. . သင်ခန်းစာ ပြီးဆုံးသွားတဲ့အခါမှာ ကိုယ့်စာအုပ်ထဲမှာ ကိုယ် ဆော်မွန် ငါးပုံလေး တစ်ပုံစီ ရေးဆွဲလာကြာဖို့ ကျောင်းသားလေးတွေကို ဆရာမက အိမ်စာအဖြစ်နဲ့ ခိုင်းလိုက်တာပေါ့. .
နောက်တစ်နေ့ မနက်ကျတော့ ကျောင်းသားလေးတွေအားလုံးလိုလို သူတို့ စာအုပ်လေးတွေထဲမှာ ဆော်လမွန်ငါးရုပ်ကလေးတွေ ရေးဆွဲလာပြီး ဆရာမဆီ လာပြကြပါတယ်.. . .
ဒါပေမယ့် ကျောင်းသားလေး တစ်ယောက် က သူ့စာအုပ်ထဲမှာ စာမျက်နှာဗလာ ဖြစ်ပြီး ဘာမှ ရေးဆွဲမထားပါဘူး . . . ဆရာမက အဲဒီကျောင်းသားလေးကို ဘာကြောင့်လဲ မေးလိုက်ပါတယ်. . .
"ကဲပြောစမ်း. . . မင်းက ဘာကြောင့် လဲဆိုတာ.. . "
"ဒီလိုပါ ဆရာမ . . ကျွန်တော် တကယ့် ဆော်လ်မွန်ငါး အစစ်ထင်ရလောက်အောင် တူတဲ့ ငါးရုပ်တစ်ရုပ်ဆွဲထားပါတယ်. . . ခင်ဗျာ . . ဒါပေမယ့် ဒီနေ့မနက်. . ကျွန်တော့ စာအုပ်ပြန်ဖွင့်ကြည့်တော့ အဲဒီငါး မရှိတော့ပါဘူး . . . . ကြောင်ခုတ်သွားလို့ပါ. . . ."

ထင်ရက်တယ်

ထင်ရက်တယ်
Posted by may16

တရားပွဲတစ်ပွဲမှာ တရားဟောတဲ့ ဘုန်းကြီးကို တရားပွဲပြီးတော့ အမျိုးသမီးတစ်ဦးက သူ့ယောက်ျားအတွက် အားနာစိတ်ဖြစ်ပြီး ဘုန်းကြီးကို ခုလို တောင်းပန်စကားဆိုပါတယ်.. ..
"အရှင်ဘုရား ဘုန်းဘုန်း တရားဟောနေတုန်းမှာ တပည့်တော်မ ယောကျာ်း အပြင် ထထွက်လျှောက်သွားတာ ဘယ်လိုမှ သဘောမထားပါနဲ့ ဘုရား . . . ဒီအတွက် တပည့်တော် တောင်းပန်ပါတယ်. . "
ဘုန်းကြီးက " ရပါတယ် ဒကာမကြီး ကျုပ်လည်းနားလည်ပါတယ်. . . ခင်ဗျားယောက်ျားက ကျုပ်ရှေ့တည့်တည့်မှာ ဆိုတော့ အနေကျုံ့ရှာလွန်းလို့ ဖြစ်မှာပေါ့. . . "
"မဟုတ်ဘူး ဘုန်းဘုန်းရဲ့ ဒါကြောင့်မဟုတ်ပါဘူး . . . . သူငယ်ငယ်တည်းက အိပ်ပျော်ရင်း လမ်းထလျှောက်တတ်တဲ့ ရောဂါရှိလို့ပါ . . . . တဲ့ . . . "
Reder's Digest

ဈေးကွက်ကိုဝင်ရော


ဈေးကွက်ကိုဝင်ရော
Posted by poemflower
အနောက်ဘက် တောင်တန်းဒေသတစ်နေရာမှာ ယာသမားတစ်ယောက်ရဲ့ မြင်းကြီးက မြင်းပိုင်ရှင် ယာသမားရဲ့ ယောက္ခမကြီးကို ကန်မိလို့ သေဆုံးသွားခဲ့ပါတယ်.. .
ဈာပနချတဲ့နေ့မှာ အလွန်ကြီးမား များပြားလှတဲ့ တက်ရောက်သူ ပရိသတ်လူအုပ်ကြီးနဲ့ စည်ကားနေတာပေါ့ . . ထူးဆန်းနေတာက ပရိသတ်အားလု့း က ယောကျာ်းသားတွေချည်း ဖြစ်နေတာပါပဲ. . . ဒီတော့ တရားဟော ဓမ္မဆရာ ဘုန်းတော်ကြီးက ယာသမားကြီးကို တအံ့တသြနဲ့ မေးရပါတော့တယ်.
"ခု . . . ကွယ်လွန်သွားတဲ့ အဘွားကြီးက အတော်ကို ထင်ရှား ကျော်ကြားလို့ပဲဖြစ်ရမယ်. . ကြည့်စမ်း လူတွေ သူတို့ အလုပ်ကို ပစ်ထားခဲ့ပြီး ဒီဈာပနပွဲကို လာကြတယ်လေ. . . . ဟုတ်တယ်မို့လား . . . ."
"ဒီလူတွေ ဈာပနပွဲကို လာကြတာမဟုတ်ဘူး . . .ဖာသာကြီးရဲ့ . . ကျွန်တော့ရဲ့မြင်းကြီးကို ၀ယ်ချင်လို့လာကြ တာပါတဲ့. . . . "
အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ-၎

လောကနီတိ-၎
Posted by may16

ဥစ္စာမရှိဘဲ အစားမကြူးရာ။
ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
ပညာမရှိဘဲ စကားများစွာ မဆိုရာ။
Without wealth, be not excessive in eating.
Without strength, love not fighting.
Without learning, speak not too much.
မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
သူမမေးဘဲ များစွာ မပြောရာ။
မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
Don't visit another's house frequently without being invited.
Don't talk too much without being asked.
Don't extol and boast of oneself.
(Don't blow one's own trumpet.)
ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
A half-empty vessel makes more sound.
A person not fully educated tends to show off.
သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
The ocean is not contented in receiving water.
The eye is not contented in seeing the beloved.
The wise is not contented in good speech.

ကိုယ့်ဆိုဒ်မှာ Web Messenger တစ်ခုထားချင်ရင်

  
       Web Messenger ဆိုတာကတော့ ကွန်နက်ရှင်မကောင်းတဲ့အချိန်မှာ G-talk တို့၊ Yahoo တို့ကို ချက်နိုင်တဲ့အရာတစ်ခုပါ။ (ဥပမာ- karoolark Web Messenger)
              ဒီလို Web Messenger ကို ကိုယ့်ဘလော့ဂါဆိုဒ်မှာထားချင်တယ်ဆိုရင်တော့
     layout>>Add a gadget >> Javascript/ HTML ကနေ အောက်ကကုဒ်လေးကို ကူးထည့်လိုက်ပါ . . .။
         <div><div id="119590720783059603" style="width: 100%; overflow-y: hidden;" class="wcustomhtml" align="left"><iframe src="http://www.ebuddy.com/widgets/loginbox/custom_login.html?version=large" style="width: 300px; height: 250px;" frameborder="0" scrolling="no"></iframe></div></div>
ဒါဆိုရင်တော့ web messenger တစ်ခု သင့်ဆိုဒ်ရဲ့ ဆိုဒ်ဘားပေါ်မှာရောက်ရှိလာမှာဖြစ်ပါတယ်.။
 အားလုံး အဆင်ပြေနိုင်ကြပါစေ။
အွန်လိုင်းပေါ်ကနည်းပညာများ

connection ကောင်းမကောင်း ဘယ်လိုကြည့်မလဲ

connection ကောင်းမကောင်း ဘယ်လိုကြည့်မလဲ

အင်တာနက်ဆိုင်မှာလူတွေပြောလေ့ရှိ
ိပါတယ် ကျသွားပီတို့ တက်လာပီတို့ (con)ပြောပါတယ်
အခုပြောမှာက အဲ့ကောင်းတယ်မကောင်းဘူးဆိုတာဘယ်လိုကြည့်လဲပေါ့

ပထမတစ်နည်းကတော့
Task Manager ကကြည့်လို့ရပါတယ်
Task Manager ကိုတော်တော်များများသိပါတယ် မသိရင်တော့  Ctrl+Alt+Del(or)Ctrl+Shift+Esc နှိပ်ကြည့်ပါ

ပထမဆုံး Networking Tab ကိုသွားပါ အဲ့ကအောက်မှာပြထားတဲ့အနီရောင်ဘောက်လေးမှာ
0.1% 0.12% တို့ဆိုရင်တော့ကျနေပါတယ် အဲ့ထက်များရင်တော့ကောင်းပါတယ် 0.5လောက်ဆိုရင်တော့အတိုင်းအထက်အလွန်ပါပဲ(နေပြည်တော်ကလိုင်းလောက်ရှိပါတယ်)

ဒုတိယတစ်နည်း
win+R>>cmd>>nslookup>>nslookup အဲ့မှာ

အဲ့လိုပေါ်လာရင်တော့ တက်တယ်ပေါ့ မပေါ်ပဲ Request Time Out ဆိုရင်တော့ကျနေပါတယ်
Address ဆိုတာကတော့ကိုယ်သုံးနေတဲ့ IP ပဲဖြစ်ပါတယ်
တခြားနည်းတွေလည်းရှိသေးပါတယ်
ဒီလောက်ဆိုရင်တော့ အိုကေပါပီ :D

အိမ်ထဲထိ ကျူးကျော် ၀င်ရောက်တဲ့ ကား





(အိမ့်သံစဉ်)
 
ဧည့်သည်ဆိုတာ အိမ်ရှင်ခေါ်မှ လာကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် တခါတလေလည်း မခေါ်ပဲနဲ့ လာတဲ့ ဧည့်သည်မျိုး လည်းရှိတတ် ပါတယ်။ တချို့ ဧည့်သည်တွေကတော့ ဧည့်ဆိုးစာရင်းထဲမှာ ရှိကြတယ်။ ဒါကိုတော့ နိုင်ငံရေးအကျဉ်း သားမိသားစုတိုင်း ကြုံဖူးနေ ကြဖြစ်ပါတယ်။
 
အခုတော့ ဒီလိုနိုင်ငံရေးလုပ်တဲ့ မိသားစုဆီကိုလာတဲ့ ဧည့်ဆိုးမဟုတ်ပါဘူး။ ပဲခူးတိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြိ့က သာမန် အိမ်ဆိုင်လေးဖွင့်ထားတဲ့ ဦးအေးထွန်းအိမ်ကို လာတဲ့ ဧည့်ဆိုးကတော့ လူမဟုတ်ဘဲ ကားတစ်စီးဖြစ်နေတာပါ။

 
ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ၁၀ နာရီခွဲလောက်က ရန်ကုန် တောင်တွင်းပြေးဆွဲနေတဲ့ မြရတနာ ယာဉ်လိုင်းက ကားတစ်စီး ဟာ ပြည်မြို့ဘက်နေမောင်းလာခိုက် ဟီးနိုးကားတစ်စီးကို တိုက်ပြီးထွက်ပြေးရာက အရှိန်မထိန်းနိုင် တော့ပဲ ခြံအုတ်ရိုး တံတိုင်း ကိုပါ တပါတည်း တိုက်ပြီး အိမ်ရှေ့စတိုးဆိုင်လေးကတဆင့် အိမ်ထဲအရောက် ဒီဘတ်စ် ကားကြီး ၀င်ရောက်လာတာကို အိမ်ရှင် ကိုယ်တိုင် ဒီမိုကရက်တစ်မြန်မာ့အသံကို သတင်းပေးပို့ထားခဲ့ပါတယ်။
ဒါပေမယ့် သူ့သတင်းပို့ချက်ထဲမှာ ပစ္စည်းပျက်ဆီးဆုံးရှုံးတာတွေကိုတော့ ဖော်ပြထားပေမယ့် လူထိခိုက်ဒဏ်ရာ ရမှု ရှိမရှိ သေချာ မဖော်ပြထားပါဘူး။ 
 
ယာဉ်ပိုင်ရှင် တောင်တွင်းကြီးက ကိုနေလင်းအောင်က အခုထိ ပျက်စီးဆုံးရှုံးသွားတာတွေကို လျော်ကြေးပေးဖို့ ပျက်ကွက် ဆဲဖြစ်ကြောင်လည်း သိရပါတယ်။
                                                           ပျက်ဆီးသွားတဲ့ အိမ်အတွင်းပိုင်း 
 ဒီလို ၀န်ချီစက်နဲ့ မ သယ်ထုတ်ရတယ်
ဓာတ်ပုံများ ( ကားတိုက်ဝင်ရောက်ခံခဲ့ရသည့် အိမ်ရှင် ကိုအေးထွန်း-DVB TV ဖေ့စ်ဘုတ်
Posted in: News Photos . 

deep freeze ကိုဟတ်ကြမယ်



သူငယ်ချင်းတို့ အခုတင်ပေးချင်တာကတော့ deep freeze ကိုဘယ်လို ဟက်မလဲဆိုတာပဲ....
ဘာလို့တင်ပေးရလဲဆိုတော့
သူငယ်ချင်းတစ်ယောက်ကမေးတယ်..........သူစက်က server မှာ deep freeze
တင်ထားတာ အခု virus ကြောင့် deep freeze က
ကားသွားတယ်တဲ့..ကျန်တဲ့စက်တွေကို software အသစ်ရလို့ သွင်းချင်တာ အခု
server မှာ deep freeze က မရတော့တော့ တင်မရဘူး deepfreezeကို
ဘယ်လိုဖြုတ်မလဲဆိုလို့ ဒါလေးတင်ပေးလိုက်တာပါ ...လုပ်ကြည့်လိုက်ပါ......
သူ့ကို ဟက်ဖို့ နည်းလမ်းနှစ်ခုရှိတယ် .....
ပထမတစ်နည်းကတော့ ဆော့ဝဲကိုသုံးတာပါ.....
အောက်ကလင့်ကိုကလစ်ပြီးဆော့ဝဲလေးကိုဒေါင်းပြီသုံးလိုက်ပါ....
ကျွန်တော်စမ်းတာ အဆင်ပြေပါတယ်.....
နာက်တစ်နည်းကတော့အောက်
ပါအတိုင်းဖြစ်ပါတယ်......
1. ကွန်ပျူတာကို restart လုပ် CMOS ထဲကိုဝင်
ခုနှစ်ကို ပြီးခဲ့တဲ့
10နှစ်လောက်ထိ ပြောင်းပေါ့ (ဥပမာ - 2000)
2. ပြီးရင် Windows မတက်ခင် F8 နှိပ် Safe Mode နဲ့ဝင်ပါ။
3. Windows တက်လာရင် Ctrl+Alt+Del နှိပ်ပီး DFServ.exe , FrzState2k.exe ဆိုတဲ့
Process နှစ်ခုကို End Process လုပ်လိုက်.......
4. နောက်ပြီး registry editor မှာ အထက်က နာမည်
နှစ်ခုနဲ့ ပါတာအကုန်ကို ဖျက်ပစ်
...
5. C:Program
FilesFaronicsDeep Freeze
အောက်က
ဖိုင်အကုန်လုံးကို ဖျက်ပစ်
.......
6. Run>
msconfig
ရိုက် service အောက်က DFServ service ကို
အမှန်ချစ်ဖြုတ်ပေး
......
7. Restart ချပါ။ CMOS မှာ
ခုနှစ်ကိုပြန်ပြင်လိုက်ပါ။ ဒါဆို
DeepFreeze ပြုတ်သွားပီ......
စမ်းကြည့်လိုက်ပါသူငယ်ချင်း.....အဆင်ပြေမှာပါ......ဒါကိုမှ
အခက်အခဲရှိနေတယ်.....သိပ်နားမလည်ဘူးဆိုရင်..အောက်မှာ comment
လေးရေးပြီး...