အစိမ်းရောင်ပူဖောင်းတွေ၊ Bob Marley ကို ဂုဏ်ပြုတဲ့ ဂျာမေကာ အလံတွေ ၊ တစ်ချို့ ကဆေးတံတွေ ကိုင်ဆောင်ပြီးတော့ စုဝေးနေခဲ့ပါတယ်။
အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ ဆေးခြောက်ကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်အသုံးပြုဖို့ အတွက် တစ်လ အများဆုံး ဆေးခြောက် ၄၀ ဂရမ်( ၁.၄ အောင်စ) ကို လိုင်စင်ရဆေးဆိုင်တွေကနေ ၀ယ်ယူသုံးစွဲခွင့် ရရှိတော့ မှာပါ။ ဒီဥပဒေမှာအကျုံးဝင်သူတွေဟာ အသက် ၁၈ နှစ်ကျော်ပြီးတဲ့ ဥရုဂွေးနိုင်ငံသားတွေဖြစ်ရမှာဖြစ်ပြီး သူတို့  ရဲ့ လစဉ်ဆေးခြောက်အသုံးပြုဝယ်ယူမှုကို အစိုးရမှတ်တမ်းထဲမှာ အစီရင်ခံရမှာဖြစ်ပါတယ်။
ဒီဥပဒေဟာ လေးလအကြာမှာ အသက်ဝင်မှာဖြစ်ပြီး ဥရုဂွေးနိုင်ငံသားတွေဟာ တစ်အိမ်ထောင်ကို ဆေးခြောက် ပင် ခြောက်ပင် စိုက်ပျိုးခွင့်ကိုလည်း ရရှိမှာပါ။ နောက်ထပ် ဆေးခြောက်ကလပ်တွေလည်း ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ကလပ်တစ်ခုကို အဖွဲ့ ဝင် ၁၅ ယောက်ကနေ ၄၅ ယောက်ထိ လက်ခံနိုင်ကာ တစ်နှစ်ကို ကလပ်အနေနဲ့  ဆေးခြောက်ပင် ၉၉ ပင် စိုက်ပျိုးနိုင်ပါတယ်။ ဒီနှစ်ဧပြီလကနေစပြီး ဆေးခြောက်နှစ်သက်တဲ့လူတွေဟာ လိုင်စင်ရ ဆိုင်တွေကနေ စပြီး ၀ယ်ယူအသုံးပြုနိုင်ပြီလို့ အစိုးရ အမျိုးသမီးလွှတ်တော်အမတ် လူစီယာ က ကြေငြာခဲ့ပါတယ်။
“ ကျွန်မတို့ ဟာ ဒီရင်ခုန်စရာအတွေ့ အကြုံကို လာမယ့်ဧပြီမှာ စတင်မှာဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ကောင်းမွန်တဲ့ လူမှုရေးပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်လာမယ်လို့ ထင်ပြီး ၊ လူထုကျန်းမာရေး နဲ့  တခြား မူးယစ်ဆေးစွဲပြသနာတွေကိုလည်း ဖြေရှင်းပေးသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ လူစီယာက ပြောကြားသွားပါတယ်။ ဆေးခြောက်ဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တယ်ဆိုတဲ့ အယူအဆဟာ လက်တင် အမေရိကနေ စတင်ခဲ့တာဖြစ်ပြီး ကိုကိန်းစွဲမှု၊မူးယစ်ရမ်းကားမှုစတဲ့ ပြသနာတွေကို ဆေးခြောက်နဲ့ ဖြေရှင်းနိုင် မယ်လို့ တချို့ ဒေသခေါင်းဆောင်တွေက လက်ခံလာကြပါတယ်။
0 ကွန်မန့်ရေးရန်:
Post a Comment