ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒေသခံ ဒေါက်တာ လှိုင်မြင့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
“ရထားနံပါတ်က
ချက်ကြီးဘူတာအ၀င် ပွိုင့် လမ်းအခွဲမှာမှောက်တာ။ လမ်းတွေမကောင်းလို့
မှောက်တာ။ ဓာတ်ဆီတွေကမှောက်ပြီးတော့ လယ်ကျင်းထဲ ဆင်းသွားတာ။ အဲဒါတွေကို
ရွာသူရွာသားတွေက ခပ်ကြတာ။ အဲ့အချိန်မှာ မီးလောင်သွားတာ။ မနက် ၈ နာရီ ၅၀
မိနစ်မှာ မှောက်တာ။
“ခပ်နေတဲ့ ရွာသူရွာသားတွေ
ထိခိုက်သေဆုံးမှုက လောလောဆယ် ဆရာဝန်တွေ စစ်ပြီးတဲ့အချိန်မှာ ကျား ၁၆ ယောက်၊
မ ၇ ယောက်၊ ကျား၊မ ခွဲလို့မရတာက ၂ ယောက်၊ စုစုပေါင်း ၂၅ ယောက်။
ဆေးရုံကိုပို့ထားတဲ့ သေစာရင်းတော့မသိဘူး။ ကျနော်တို့က ချက်ကြီးရောက်နေတယ်။
မီးလောင်လို့ ဆေးရုံတက်နေတဲ့ လူနာက ၇၄ ယောက်လောက် ရှိတယ်။”
ဘယ်ဆေးရုံတွေမှာ ပို့ဆောင်ထားလဲ။
ကန့်ဘလူကုတင် ၁၀၀
ဆေးရုံမှာ အများဆုံးပဲ ၆၄ ယောက်ရှိတယ်။ ကျွန်းလှမှာ ၈ ယောက်၊ ချက်ကြီးမှာ ၂
ယောက်။ အဓိကက ခပ်တဲ့သူတွေလောင်တယ်။ နောက် အထက်ကလာတဲ့ ရထားတစင်းက
ဆိုက်နေတယ်။ ကောလင်းရထားခေါ်တယ် ဒေသအခေါ်။ အဲမှာ
ဝိုင်းအုံကြည့်နေတဲ့အချိန်မှာပဲ ကြည့်နေတဲ့သူတွေပါ မီးဟပ်တာ၊ အဲ
ချက်ကြီးဘူတာအ၀င် ပွိုင့်မှာပေါ့ တောင်ဘက်ကလာတာ။
“မီးသတ်ကားတွေ ၀ိုင်းငြှိမ်းကြတယ်၊ ၂ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်၊ အပူရှိန်တွေကတော့ ကျန်နေသေးတယ်။ ရေထွက်ထွက်လောင်းပေးနေရတယ်။”
ဒေသခံတွေက ပျောက်တဲ့သူတွေ
ရှာနေတယ်။ မနက်ကတည်းက သတင်းမရကြတော့ ကိုယ့်လူတွေထဲ သေသလား ရှင်သလားမသိ။
တချို့ ကန့်ဘလူသွားတဲ့ထဲမှာ ဒဏ်ရာရသူတွေနောက် လိုက်သွားကြတဲ့သူတွေလည်း
ရှိတော့ မိဘတွေက သေသလားရှင်သလားမသိ စိတ်ပူနေတယ်။ နာမည်နဲ့အတိအကျ မရသေးဘူး။
ရွာထဲမှာ မနက်ခင်ကတည်းက ပျောက်တဲ့သူ စာရင်းတွေရနေပြီ။ ဘယ်သူဘယ်ဝါတော့
အတိအကျ စာရင်းမထွက်လာသေးဘူး။”
0 ကွန်မန့်ရေးရန်:
Post a Comment