နေမကောင်းလို.
ဓါတ်မှန်သွားရိုက်ရာမှ ဓါတ်မှန်စက်ရင်ဘတ်ပေါ်ပြုတ်ကျပြီး ၈ရက်ကြာသတိမေ့ပြီး
၃ရက်လောက် သတိပြန်လည်လာတဲ့ ဒေါ်ရင်မြင့်အခုတော့ ဆုံးရှာပြီ
တစ်ကယ်ဖြစ်တာဆိုရင်တော့ ဘယ်ဆေးရုံလဲဆိုတာဖော်ပြသင့်ပါတယ်။
ဒီတစ်ခါလည်း လုပ်ပြန်ပါပြီ.... ဘယ်လို
ဓါတ်မှန်ရိုက်စက်ပါလိမ့် ... တွေ့ဖူးသမျှ ဓါတ်မှန်ရိုက်စက်တွေကတော့
အပေါ်ကနေချိတ်ထားတဲ့ ဓါတ်မှန်ရိုက်စက်ပဲတွေ့ဖူးပါတယ် .. သတင်းရင်းမြစ်
မှန်မမှန်သေချာ စုံစမ်း သင့်ပါတယ် ... သတင်းရင်းမြစ် ခိုင်မှာ
မှန်ကန်တယ်ဆိုရင် လူတစ်ယောက်လုံးသေတဲ့ကိစ္စဖြစ်တဲ့အတွက် ဆေးရုံနာမည်ကိုပါ
ထည့်ရေးသင့်ပါတယ်....
ချိတ်ထားတဲ့ ဓါတ်မှန်စက်ရှိပါတယ် တဲ့ .. မေးကြည့်မိတော့ .. ဒါပေမယ့် အသုံးနည်းတယ်လို့လဲပြောပါတယ်.. သတင်းအမှန်ဖြစ်တယ်ဆို သေချာ Detail ထုတ်ဖေါ်ရေးသားသင့်ပါတယ် ... အခုသတင်းမှာ ဖြစ်စဉ်ကို ယေဘုယျပဲေ၇းထားတဲ့အတွက် ဖွ ရုံသက်သက် ပဲ ဖြစ်နေပါတယ် .... သတင်းသေချာခိုင်မာအောင် လုပ်ပေးသင့်ပါတယ် သေချာစုံစမ်းပြီးမှ အဖြစ်အပျက်အမှန်ကိုသာ ရေးစေ၊ တင်စေချင်ပါတယ်... ပုဂ္ဂလိကဆေးရုံတစ်ရုံတဲ့။ တကယ်ဖြစ်တာပါဆိုရင် အဲဒီဆေးရုံနာမည်ကို ဒီလိုထည့်မရေးပဲနေမယ်ထင်နေလား။ ၀က်ဝက်တောင်ကွဲသွားအုံးမယ်။ကိုယ့်အကြောင်းကိုယ်ရေးတာက ဘာမှပြသနာမဖြစ်ပေမယ့် အများနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုတော့ သေချာစီစစ်မေးမြန်းပြီးမှ ရေးတာကကောင်းမယ်ထင်ပါတယ်

ကျွန်မတို.လို
သတင်းတင်နေတဲ့ ဘလော့ဂါတွေလဲ အတင်းနဲ.သတင်းလိုမျိုးကို
ခွဲခြားပြီးတင်ရင်ကောင်းမှာပါဘဲရှင်။ အထူးသတိနဲ.သတင်းအမှန်တွေကိုသာ
ဘလော့တင်ရင်ကောင်းမယ်ထင်ပါတယ်။
အဲဒီလောက်သေသေချာချာသိပြီးမှတော့။ ဆေး၇ုံနာမည် တော့ သေချာထည့်ေ၇းရင်ကောင်းမယ်နော်။
မေ၇းတာဆိုရင်တော့လုပ်ကြံဇာတ်လမ်းလား ဘာလဲဖြစ်ကုန်တော့တာပေါ့နော်။ဆေးရုံသိတယ်ဆိုရင်နောက်လူတွေရှောင်လို့ရတာပေါ့။
........
စာရေးသူစကားမှားသွားရင်တောင်းပန်ပါတယ်နော်။ တစ်ချို.သောဂျာနယ်လစ်တွေ ကြောင့်သတင်းတွေတစ်လွဲဖြစ်နေတာတွေမြင်နေရလို.ပါ။
ဟိုတစ်လောကလဲ 14နှစ်သမီးလေး တည်းခိုခန်းသွားတဲ့သတင်း အရမ်းပျံ.နှံ.သွားတယ်။
သတင်းကနေ အတင်းဖြစ်သွားတယ်။ ဖွရုံသက်သက်ဖြစ်သွားတယ်။
ကလေးရဲ.မိဘတွေနဲ.
ကလေးမလေးရဲ.ရှေ.ရေးကိုဖျက်ဆီးလိုက်သလိုပါဘဲ။ တကယ်ဆို သတင်းတင်မဲ့အစား
ဒီလိုမျိုးကို ပညာပေးဆောင်းပါးအနေနဲ.ရေးသင့်တာပါ။
စာရေးသူစကားမှားသွားရင်ထပ်တောင်းပန်ပါတယ်နော်။
မော်နီကာ
0 ကွန်မန့်ရေးရန်:
Post a Comment