Saturday, October 6, 2012

မျက်လုံးအန္တရာယ်ကာကွယ်ရေး

မျက်လုံးအန္တရာယ်ကာကွယ်ရေး

 

မာတိကာ


၁။ မျက်လုံး အန္တရာယ်ကာကွယ်ရေး အခေါ်အဝေါ် နှင့် အဓိပ္ပါယ်သတ်မှတ်ချက်များ

၂။ အဘယ်ကြောင့် မျက်လုံးကို ကာကွယ်ရန် အရေးကြီးသနည်း

၃။ ဖြစ်နိုင်သော အန္တရာယ်များ

၎။ မျက်လုံးအန္တရာယ်အတွက် အကာအကွယ် အတားအဆီးများ ပြုလုပ်ပေးခြင်း

၅။ ဒဏ်ရာရသော မျက်လုံးအား မည်သို့ ပြုစုပေးမည်နည်း

၆။ မည်သည့်နေရာတွင် မည်သည့်မျက်မှန် ၀တ်ရမည်နည်း

၇။ အန္တရာယ်ကင်းမျက်မှန် သမိုင်း

၈။ အန္တရာယ်ကင်းမျက်မှန် ဒီဇိုင်း

၉။ မျက်မှန်ကိုင်းကို စမ်းသပ်ခြင်း

၁၀။ အန္တရာယ်ကင်းမျက်မှန် အမျိုးအစား

၁၁။ ဂဟေမျက်မှန် (Welding Goggles)

၁၂။ ဂဟေမျက်မှန်အမျိုးအစား ရွေးချယ်ခြင်း

၁၃။ အန္တရာယ်ကင်းမျက်မှန် နှင့် ရိုးရိုးမျက်မှန် ကွာခြားချက်

၁၄။ အန္တရာယ်ကင်းမျက်မှန်ကို ထိန်းသိမ်းမှု

၁၅။ အန္တရာယ်ကင်းမျက်မှန်ကို သုတ်သောဆေးများ

၁၆။ မျက်လုံးကျန်းမာရေး

ရည်ညွှန်းကိုးကား Website များ

မှတ်ချက်။             ။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ၀တ်ဆင်ရသော မျက်မှန် (Safety Glasses) ကို ဤစာအုပ်တွင် အန္တရာယ်ကင်းမျက်မှန် ဟု သုံးစွဲထားပါသည်။

၁။ မျက်လုံး အန္တရာယ်ကာကွယ်ရေး အခေါ်အဝေါ် နှင့် အဓိပ္ပါယ်သတ်မှတ်ချက်များ

၁။ မျက်လုံး အန္တရာယ်ကာကွယ်ရေး (Eye Protection) - မျက်လုံးကို အရာဝတ္တု၊ အခိုးအငွေ့၊ အလင်းတန်းများကြောင့် ထိခိုက်ရှနာ ဖြစ်ခြင်းမှ ကာကွယ်ခြင်း

၂။ မျက်နှာအကာ (Face Shield) - ၀တ်ဆင်သူ၏ မျက်နှာကို အန္တရာယ်ဖြစ်စေမည့် အရာဝတ္တု၊ အရည်၊ အခိုးအငွေ့များကြောင့် ထိခိုက်ရှနာ ဖြစ်ခြင်းမှ ကာကွယ်ပေးသည့်အရာ၊ အချို့အလုပ်များတွင် အန္တရာယ်ကင်းမျက်မှန် ၀တ်ဆင်ရုံမျှဖြင့် မလုံလောက်။ ထိုနေရာများတွင် မျက်နှာ အကာများ ၀တ်ဆင်ရပါမည်။ မည်သည့်နေရာများတွင် ၀တ်ဆင်ရမည်ကို ANSI Z87.1 တွင် ဖော်ပြထားပါသည်။


၃။  လုပ်ငန်းသုံးမျက်မှန် (Goggle) - လွင့်စဉ်လာသော ဖုံများ၊ အမှုန်များ၊ သစ်သားစ၊ ကျောက်ခဲ၊ သံတိုသံစ အစရှိသည်များ၊ အန္တရာယ်ရှိသောအရည်များ၊ အခိုးအငွေ့များ၏ အန္တရာယ်မှ မျက်လုံးနှင့် မျက်လုံးအနီးတ၀ိုက်နေရာများကို အကာအကွယ်ပေးသည့် အရာ။ ၎င်းမှာ Safety Glass ထက်ပိုမို စိတ်ချရသည်။

၎။ အန္တရာယ်ကင်းမျက်မှန် (Safety Glasses) - လွင့်စဉ်လာသော ဖုံများ၊ အမှုန်များ၊ သစ်သားစ၊ ကျောက်ခဲ၊ သံတိုသံစ အစရှိသည်များ၊ အန္တရာယ်ရှိသောအရည်များ၊ အခိုးအငွေ့များ၏ အန္တရာယ်မှ မျက်လုံးနှင့် မျက်လုံးအနီးတ၀ိုက်နေရာများကို အကာအကွယ်ပေးသည့် ပစ္စည်း။



၅။ ဆောင့်ဒါဏ်ကို ခံနိုင်ရည်အား (Impact Resistance) -  ANSI စံနှုံးသတ်မှတ်ချက်များအရ မျက်လုံးကို ကာကွယ်ရန် လွင့်ပျံလာသော အရာဝတ္တုများ၏ ဆောင့်ဒါဏ်ကို ခံနိုင်သည့် မျက်မှန်၏ အရည်အသွေး၊ ဂုဏ်သတ္တိ။

၆။ အနီအောက်ရောင်ခြည် (Infrared Radiation) - အလင်းလှိုင်းအလျား ၇၈၀ မှ ၂၀၀၀ နန်နိုမီတာ (780 to 2000 nanometers) ရှိသည့် လျှပ်စစ်သံလိုက်စွမ်းအင်။ အလင်းတန်းပင်ဖြစ်သော်လည်း သာမန်မျက်စိဖြင့်မမြင်နိုင်ပေ။

၇။ နန်နိုမီတာ (nm – nanometers) - တစ်မီတာ၏ သန်းတစ်ထောင်ပုံတစ်ပုံ ရှိသော အလျားအတိုင်းအတာ

၈။ လေဆာ (LASER) - Light Amplification by Stimulated Emission of Radiation - လေဆာရောင်ခြည်၊ ဘေးသို့ဖြာထွက် မသွားသော အလင်းတန်း

၉။ အန္တရာယ်ရှိသောအရည် (Hazardous Solution) - မျက်လုံး၊ အသား စသည့် လူ့ခန္ဓာကိုယ်ကိုထိလိုက်လျှင် စားသွားစေသည့်၊ အန္တရာယ် ဖြစ်စေတတ်သည့် အရည်၊ ဥပမာ - ဓါတုဗေဒ ဆေးရည်၊ အက်စစ် စသည်

၁၀။ ရောင်ပြန် ထုတ်လွှတ်ခြင်း (Luninous Transmittance) - ပစ္စည်းတစ်ခုခုကို ထိုးဖောက်သွားနိုင်သော အလင်းရောင် အစိတ်အပိုင်း တစ်ခု၊ လှိုင်းအလျား ၃၈၀ မှ ၇၈၀ နန်နိုမီတာရှိသည်။

၁၁။ အလင်းရောင်ဖြာထွက်ခြင်း (Optical Radiation) - လျှပ်စစ်သံလိုက်လှိုင်းရောင်စဉ်တစ်စိတ်တစ်ပိုင်း၊ လှိုင်းအလျား ၂၀၀ မှ ၂၀၀၀ နန်နိုမီတာ ရှိသည်။ ထိုအလင်းရောင်ကို အနီအောက်ရောင်ခြည်(IR- infrared radiation)၊ မြင်နိုင်သောအလင်း(VIS - light visible for man) နှင့် ခရမ်းလွန်ရောင်ခြည် (UV- ultraviolet radiation) ဟု ထပ်မံခွဲခြားနိုင်သည်။

၁၂။ မျက်မှန်ဘေးကာ (Side Shield) - မျက်လုံးကို ဘေးဘက်မှလာသော အမှုန်အမှိုက်များမှ ကာကွယ်ရန် သာမန်မျက်မှန်များ၏ ဘေးဘက်တွင် တပ်ဆင်သော အစိတ်အပိုင်းတစ်ခု

၁၃။ ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) - လှိုင်းအလျား ၂၀၀ မှ ၃၈၀ နန်နိုမီတာရှိသော လျှပ်စစ်သံလိုက်လှိုင်းတစ်ခု၊ အလင်း ရောင်ပင်ဖြစ်သော်လည်း သာမန်မျက်စိဖြင့် မမြင်နိုင်။

၁၄။ ဂဟေသမားဆောင်း ခမောက် (Welding Helmet) - ဂဟေဆော်ရာမှထွက်လာသော အပူ၊ အလင်းတန်းများ၊ ကျောက်စက်တိုက်ရာမှ ထွက်လာသည့် သံစ စသည်တို့၏ အန္တရာယ်မှ ကာကွယ်ပေးသည့် ခမောက်၊ ဤခမောက်တွင် ကျောက်စက်တိုက်သည့်အခါ သုံးသည့် မှန်အကြည်နှင့် ဂဟေဆော်သည့်အခါသုံးသည့် မှန်အနောက် ဟု မျက်မှန်နှစ်ထပ် ပါသည်။


၁၅။ ရောင်ခြည်ထိမျက်လုံး (Arc Eye) - ဂဟေမီးကို မျက်မှန်အကာမပါဘဲ တိုက်ရိုက်ကြည့်မိသဖြင့် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိအပေါ်ယံ အကြည်လွှာ ပျက်စီးသွားသည့် အခြေအနေကို ခေါ်သည်။ ထိုအခါ မျက်စိပြင်းထန်စွာနာမည်၊ အမြင်ေ၀၀ါးသွားမည်။ ဤကဲ့သို့သော အခါများတွင် မျက်လုံးကို ရေများစွာ ဖြင့် ဆေးပေးရန်လိုသည်။ မျက်စဉ်းများသုံးနိုင်သည်။ သို့သော် အကောင်းဆုံးမှာ ဆရာဝန်နှင့် ပြသခြင်းဖြစ်သည်။

၁၆။ OSHA – U.S. Occupational Safety and Health Administration

၁၇။ ANSI – American National Standard Institute


၂။ အဘယ်ကြောင့် မျက်လုံးကို ကာကွယ်ရန် အရေးကြီးသနည်း


မျက်လုံးအန္တရာယ်ကာကွယ်ရေးဟူသည် မျက်လုံးကို အမှုန်အမှိုက်၊ အလင်းရောင်၊ အပူ၊ အရည်စက်၊ လေပြင်း၊ အခြားပိုမို ကြီးမားသော ပစ္စည်းများဖြစ်သည့် ဘောလုံး၊ သစ်ကိုင်း၊ ၀ါးကိုင်း စသည်တို့မှ ကာကွယ်ရန် အန္တရာယ်ကာကွယ်ရေးမျက်မှန် တပ်ဆင်ခြင်းကို ခေါ်ပါသည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများအနက် မျက်လုံးသည်လည်း အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ မျက်လုံးကို မည်သည့် အရာနှင့်မှ အစားထိုးလို့မရ။ မျက်စိကွယ်ခြင်းသည် ထာဝရဖြစ်၏။ အမြင်အာရုံ ဆုံးရှုံးလျှင် လူဖြစ်ရှုံးရတော့သည်။ ထို့ကြောင့် မျက်လုံးကို ထိခိုက်ရှနာခြင်းများမှ ကာကွယ်ရန် အလွန်အရေးကြီးပါသည်။

လုပ်ငန်းခွင်၌ဖြစ်သော မျက်လုံးအန္တရာယ်အများစုမှာ အလွယ်တကူ ကာကွယ်နိုင်ပါလျှက် ဂရုမစိုက်သောကြောင့် ဖြစ်ရတာ များပါသည်။ ထို့ကြောင့် မျက်လုံးအန္တရာယ်ကာကွယ်ရေးကို ဥပဒေထဲတွင် ထည့်သွင်းပြဌာန်းထားပြီး မလိုက်နာသူများကို အရေးယူ အပြစ်ပေးရပါမည်။

လုပ်ငန်းရှင်များအနေနှင့် မိမိအလုပ်သမားတိုင်းအား အန္တရာယ်ကင်းမျက်မှန် ထုတ်ပေးထားရန်၊ မျက်မှန်မကောင်းတော့ပါက အသစ်လဲပေး ရန် တာဝန်ရှိပါသည်။ မျက်မှန်တစ်လက်၏ တန်ဖိုးမှာ မည်မျှမများပါ။ အဖိုးဖြတ်မရသော မျက်လုံးကို ဘာမှအဖိုးမတန်လှ သော မျက်မှန် တစ်လက်နှင့် အလောင်းအစားလုပ်ရန် မသင့်တော်လှပါ။

လုပ်ငန်းခွင်အတွင်း ၀င်ရောက်လာသည်နှင့် မည်သူမဆို အန္တရာယ်ကင်းမျက်မှန် ၀တ်ဆင်ရန် သတ်မှတ်ထားရမည်။ မျက်မှန် တပ်ရန် လိုသော နေရာများ၌လည်း ဆိုင်းဘုတ်များဆွဲကာ ပြသထားရမည်။ မိမိကြောင့်မဟုတ်လျှင်ပင် အခြားတစ်နေရာမှလာသော အစတစ်ခု မျက်လုံးအတွင်း ၀င်ပါက မျက်လုံးကို ဒဏ်ရာရစေနိုင်သည်။

လုပ်ငန်းခွင်တိုင်း၌ ရှေးဦးသူနာပြုသေတ္တာများထားကာ ထိုသေတ္တာ၌ မျက်စဉ်း၊ ဇာကနာ၊ ပတ်တီး စသည်တို့ အရံသင့် ထားရှိရ ပါမည်။ မျက်စိတွင် ဒဏ်ရာရပါက မည်ကဲ့သို့ ပြုလုပ်ရမည်ကိုလည်း အလုပ်သမားတိုင်းအား လေ့ကျင့်သင်ကြား ပေးထားရပါမည်။ ထိုမျှသာမက အရေးပေါ်ဆေးကုသရေးအတွက် အနီးဆုံး ဆေးခန်း၊ ဆေးရုံစသည့်နေရာများကိုလည်း ကြည့်ထားရန် လိုပါသည်။ ထိုဆေးရုံ၊ ဆေးခန်း များထံ မည်ကဲ့သို့သွားရမည်ကို အလုပ်ခွင်ရှိ လုပ်သားအားလုံးအား သတင်းပေးထားရမည်။


၃။ ဖြစ်နိုင်သော အန္တရာယ်များ

မျက်လုံးအန္တရာယ်ဖြစ်စေနိုင်သော အကြောင်းတရား များစွာရှိပါသည်။ အောက်တွင် အချို့ကို ဖော်ပြထားပါသည်။



ကျောက်စက်တိုက်ရာမှ လွင့်လာသော သံစများသည် မျက်လုံးအတွက် အလွန်ကြီးမားသော အန္တရာယ်ဖြစ်၏။



အရာဝတ္ထုများ၊ သံရေပူများသည်လည်း မျက်လုံးအတွက် အန္တရာယ်ရှိသည်။

လေဆာအလင်းတန်းသည်လည်း မျက်လုံးအတွက် အန္တရာယ်ဖြစ်၏။

v  အမှိုက်သရိုက်၊ အမှုန်အမွှား၊ သံစ၊ သစ်သားစ၊ ကျောက်ခဲ၊ မှန်ကွဲစ စသည်တို့လွင့်စင်ကာ မျက်လုံးကို မှန်ခြင်း၊ မျက်လုံးအတွင်း ၀င်ခြင်း။ ၀င်သောနည်းမှာလည်း မျိုးစုံရှိပါသည်။ လေတိုက်သဖြင့် ၀င်ခြင်း၊ ကျောက်စက်တိုက်ရာမှ သံစများလွင့်စဉ်ကာ ၀င်ခြင်း။ တူထုရာမှ သစ်သားစ ပဲ့ကာ လွင့်စဉ်ဝင်ခြင်း၊ ကွန်ကရစ်ကို အပေါက်ဖောက်ရာမှ ကျောက်စ လွင့်စဉ်ဝင်ခြင်း စသည်။ မျက်လုံး အတွင်း တစ်ခုခုဝင်ပြီဆိုလျှင် ရေများများနှင့် လောင်းဆေးပါ။ မျက်လုံးကို လုံးဝ မပွတ်ပါနှင့်။ မျက်လုံးအတွင်း ၀င်သွားသော အစသည် မျက်သားကို စိုက်ကာ ပိုဆိုးစေပါသည်။ မျက်စိကိုပိတ်၊ အပေါ်မှ အသာအယာ ပတ်တီးစီးကာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်သွားပါ။

v  ဖိအားမြင့်လေ၊ ရုတ်တရက်တိုက်လိုက်သော လေပြင်း စသည်တို့ကြောင့်လည်း မျက်လုံးကို အန္တရာယ်ဖြစ်စေပါသည်။ ဖိအားဖြင့် လေးပိုက်ခေါင်းကို မည်သည့်အခါမှ ရှေ့တည့်တည့်မှ မကြည့်မိပါစေနှင့်။ ထိုလေထိပါက မျက်လုံးကွယ်သည်ထိ အန္တရယ်များ ပါသည်။ ထို့အတူပင် လေပြင်းတိုက်လာလျှင် မျက်လုံးကို ကာကွယ်ထားသင့်ပါသည်။ ဘာအကာအကွယ်မှ မရှိလျှင် မျက်စိပိတ် ထားနိုင်ပါသည်။

v  ဓါတုဆေးရည်များ၊ ချွတ်ဆေးများ၊ သုတ်ဆေးများ၊ အရည်ပူများ နှင့် အခြား အန္တရာယ်ဖြစ်စေသော အရည်များသည်လည်း မျက်လုံးကို ပျက်စီးစေပါသည်။ ထို့ကြောင့်ထိုအရည်များကို ကိုင်တွယ်သည့်အခါတိုင်း၊ ထိုအရည်များနှင့် အလုပ်လုပ်သည့် အခါတိုင်း မျက်လုံးအကာ အကွယ်များ ၀တ်ဆင်ထားရန် လိုပါသည်။ အကယ်၍ မျက်လုံးအတွင်း ထိုအရည်များ ၀င်ခဲ့သည်ရှိသော် မျက်လုံးကို လက်နှစ်ဖက်ဖြင့် ဖြဲကာ သန့်ရှင်းသောရေများများဖြင့် အနည်းဆုံး ၁၅ မိနစ်ကြာအောင် လောင်းပါ။ မျက်လုံးကို ဆေးရန် ရေမှတပါး အခြားမည်သည့်အရည်မှ မသုံးပါနှင့်။  

v  လျှပ်စစ်မီးဂဟေမှ ထွက်သော အလင်းရောင်တွင် ခရမ်းလွန်ရောင်ခြည် အများအပြားပါသည်။ ထိုမီးအား အကာအကွယ်မပါသော မျက်လုံး နှင့် မည်သည့်အခါမှ မကြည့်မိပါစေနှင့်။ ထို့ပြင် လေဆာရောင်ခြည်သည်လည်း မျက်လုံးအတွက် အလွန်အန္တရာယ် ရှိပါသည်။ ထိုမီးများသည် မျက်လုံးကို ချက်ချင်းထိခိုက်ချင်မှ ထိခိုက်မည်ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မျက်လုံးရောင်လာခြင်း၊ မျက်စိနာခြင်း၊ မျက်သား များနီရဲလာခြင်း၊ မျက်စိကိုက်ခြင်းစသည်တို့ ဖြစ်တတ်ပါသည်။ မျက်လုံးကို ထိုမီးထိပြီဆိုလျှင် ဆရာဝန်ထံ အမြန်ပြသင့်ပါသည်။

v  မျက်ကပ်မှန်ဖြုတ်၊ တပ်သည့်အခါတွင် မျက်လုံးကို လက်သည်းနှင့်ခြစ်မိတတ်သည်။

v  မြက်ရိတ်စက်ဖြင့် မြက်ရိတ်သူများသည် လွင့်လာသော မြက်ဖတ်များဖြင့် မျက်လုံးကို ခတ်မိတတ်သည်။

v  ခရီးသွားသူများအနေနှင့် ၀ါးခက်၊ သစ်ခက်စသည်တို့နှင့် မျက်လုံးကို ခတ်မိတတ်သည်။

v  မျက်စိပတ်ဝန်းကျင်တွင် ထိုခိုက်ဒဏ်ရာရခဲ့ပါက ပတ်တီးရွရွစည်းကာ ဆေးခန်းအမြန်သွားပါ။ မျက်လုံးကို မပွတ်မိပါစေနှင့်။

v  ဘောလုံးကစားသူများသည်လည်း မျက်လုံးကို ဘောလုံးမှန်တတ်သည်။

v  သီတင်းကျွတ်ပွဲတော်များ၌ ကလေးများကစားသည့် မီးပန်းမှ မီးပွားများသည်လည်း မျက်လုံးအတွင်း ၀င်တတ်ပါသည်။

v  နေပူထဲတွင် ခရီးသွားသူများ၊ နေရောင်အောက်၌ ကြာမြင့်စွာ အလုပ်လုပ်ရသူများသည် နေရောင်မှ ခရမ်းလွန်ရောင်ခြည် နှင့် ကြာမြင့်စွာ ထိတွေ့ရမည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် နေကာမျက်မှန်တပ်ဆင် အလုပ်လုပ်သင့်ပါသည်။

v  စာသင်ခန်း သို့မဟုတ် ဟောပြောပွဲများတွင် လေဆာပွိုင်တာ(laser pointer) သုံးတတ်ပါသည်။ ထိုကိရိယာမှ ထွက်လာသော လေဆာအလင်းတန်းသည်လည်း မျက်လုံးအတွက် အန္တရာယ်ရှိပါသည်။ ထိုအလင်းတန်းနှင့် မျက်လုံးကို မထိုးမိပါစေနှင့်။

v  သီတင်းကျွတ်၊ တန်ဆောင်တိုင်များတွင် ကစားသော မီးရှုးမီးပန်းမှ မီးပွားများသည်လည်း မျက်လုံးအတွက် အန္တရာယ်ရှိသဖြင့် ကလေးများအား အထူးသတိထား ကိုင်တွယ်ပါစေ။


၎။ မျက်လုံးအန္တရာယ်အတွက် အကာအကွယ် အတားအဆီးများ ပြုလုပ်ပေးခြင်း

လည်ပတ်နေသော စက်များတွင် အကာများတပ်ဆင်ခြင်း
ကျောက်စက်၊ ဖောက်စက်၊ မော်တာသုံးလွှစက် စသည့်စက်ကိရိယာများတွင် အကာများတပ်ဆင်ထားခြင်းဖြင့် လွင့်ပျံလာမည့် အမှုန်အမွှားများကို အကာအကွယ် ပေးနိုင်သည်။


အလုပ်လုပ်သည့်နေရာကို ကာရံထားခြင်း


ဂဟေဆော်ရာမှ ထွက်လာသော အလင်းတန်းများမှာ ကြည့်မိသူအတွက် အန္တရာယ်ရှိ၏။ ထို့ကြောင့် ဂဟေဆော်သည့်နေရာကို ကာရံပေးထားခြင်းဖြင့် ဂဟေမီးများ အပြင်မထွက်အောင် ထိန်းထားနိုင်သည်။


လေ၀င်လေထွက်ကောင်းအောင် လုပ်ပေးခြင်း

လေစုပ်ထုတ်ပေးသော ဇလားများတပ်ဆင်ပေးထားခြင်းဖြင့် အလုပ်လုပ်ရာမှထွက်လာသော အမှုန်အမှိုက်များကို စုပ်ပေးနိုင်သဖြင့် မျက်လုံးကို စဉ်မည့်အန္တရာယ်မှ လျှော့ချပေးနိုင်သည်။
အလင်းရောင်လုံလောက်စွာ ထားပေးခြင်း
အလင်းရောင်ကောင်းကောင်းမရလျှင် အားစိုက်ကြည့်ရမည်။ ကောင်းကောင်းမမြင်ရသဖြင့် အန္တရာယ်ဖြစ်နိုင်ချေများသည်။ ထို့ကြောင့် အလုပ်လုပ်သည့်နေရာကို အလင်းရောင် လုံလောက်စွာ ထွန်းပေးထားပါ။
ဆိုင်းဘုတ်များ ထားပေးခြင်း
နိမ့်သောနေရာ၊ ကြိုးတန်း၊ အစွန်း စသည်တို့တွင် အမှတ်တမဲ့ ၀င်မတိုက်မိစေရန် သတိပေး ဆိုင်းဘုတ်များ ချိတ်ဆွဲထားပေးပါ။

အကြောင်းကိစ္စရှိလျှင် မျက်စိကို ဆေးကြောနိုင်ရန် အရေးပေါ် ရေစင်များ ထားပေးပါ။
မျက်လုံးအတွင်းသို့ ဓါတုဗေဒဆေး၊ အမှုန်၊ သုတ်ဆေးမှုန်များ ၀င်ခဲ့လျှင် အလွယ်တကူ ဆေးကြောနိုင်ရန် အရေးပေါ် မျက်လုံးဆေးရေစင်များ ထားပေးရပါမည်။ ထိုရေစင်သည် အရေးပေါ်အတွက်သာဖြစ်ပြီး  လက်ဆေးခြင်း၊ မျက်နှာသစ်ခြင်း စသည်တို့အတွက် မသုံးရပါ။
၅။ ဒဏ်ရာရသော မျက်လုံးအား မည်သို့ ပြုစုပေးမည်နည်း
မျက်လုံးဒဏ်ရာများမှာ အောက်ပါအတိုင်းဖြစ်နိုင်ပါသည်။
v  တစ်စုံတစ်ခုဖြင့် မျက်လုံးအားခြစ်မိခြင်း
v  မျက်လုံးအတွင်း သစ်စကဲ့သို့ တစ်ခုခုစိုက်ဝင်ခြင်း
v  ဓါတုဗေဒဆေးရည်များ မျက်လုံးအတွင်းဝင်ခြင်း
v  တစ်ခုခုဖြင့် ရိုက်မိသဖြင့် မျက်လုံးဒဏ်ရာရခြင်း၊ ယောင်ယမ်းခြင်း
v  မျက်လုံးအတွင်းမှ သွေးယိုခြင်း
v  မျက်ခုံးရိုးကျိုးခြင်း - စသည်

ရန်ဖြစ်သဖြင့် မျက်လုံးကို လက်သီးနှင့်ထိုးခြင်း၊ သစ်ကိုင်း၊ ၀ါးကိုင်းဖြင့် မျက်လုံးကိုရိုက်မိခြင်း၊ ထင်းပေါက်ရာမှ မျက်လုံးအတွင်း သစ်စ စူးဝင်ခြင်း စသည်တို့ဖြစ်ခဲ့ပါက ဆေးရုံသို့ အမြန်သွားကာ ဆရာဝန်ဖြင့်ဆေးကုသမှု ခံယူသင့်ပါသည်။ မျက်လုံးဒဏ်ရာရပါက ရေမှလွဲ၍ အခြားမည်သည့်အရေနှင့်မျှ မျက်လုံးကိုဆေးကြောခြင်း မပြုပါနှင့်။ မျက်လုံးကို မပွတ်မိရန်လည်း အထူးသတိထားပါ။ မျက်လုံးအတွင်း သစ်စ ၀င်သည့် အခြေအနေမျိုး၌ မျက်လုံးကို ပွတ်ခြင်းကြောင့် သစ်စပိုမိုစူးနစ်ကာ အခြေအနေကို ပိုဆိုးစေပါသည်။
မျက်လုံးအန္တရာယ်ကာကွယ်ရေးမှာ အလွန်ရိုးရှင်းကာ လွယ်ကူပါသည်။ အန္တရာယ်ကင်းမျက်မှန်ကို သေသေချာချာ ၀တ်ဆင်လုပ်ကိုင် မည် ဆိုလျှင် မျက်လုံးအပေါ်ကျရောက်မည့် အန္တရာယ်၏ ၉၀ ရာခိုင်နှုံးကို ကာကွယ်နိုင်ပါသည်။ သို့သော် အများစုမှာ ဤမျှလွယ်ကူသည့် အချက်ကိုပင် မလိုက်နာကြသည့်အတွက် မလိုလားအပ်သော မျက်စိကွယ်ခြင်း စသည့် ဒုက္ခများနှင့် ရင်ဆိုင်ရခြင်းဖြစ်ပါသည်။
၆။ မည်သည့်နေရာတွင် မည်သည့်မျက်မှန် ၀တ်ရမည်နည်း
            အမေရိကန် လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေး စည်းမျဉ်းများ (တစ်ကိုယ်ရေသုံးပစ္စည်း) တွင် အောက်ပါအတိုင်း မည်သည့် လုပ်ငန်းများအတွက် မည်ကဲ့သို့သော လုပ်ငန်းခွင်သုံးမျက်မှန်များ သုံးရမည်ကို ညွှန်ပြထားပါသည်။
မျက်မှန်အမျိုးအစားများ (TABLE E-1 - Eye and Face Protector Selection Guide)
 
1.  GOGGLES, Flexible Fitting - Regular Ventilation
2.  GOGGLES, Flexible Fitting - Hooded Ventilation
3.  GOGGLES, Cushioned Fitting - Rigid Body
4.  SPECTACLES, Metal Frame, with Sideshields (1)
5.  SPECTACLES, Plastic Frame - with Sideshields (1)
6.  SPECTACLES, Metal-Plastic Frame - with Sideshields (1)
7.  WELDING GOGGLES, Eyecup Type - Tinted Lenses (2)
7A. CHIPPING GOGGLES, Eyecup Type - Clear Safety Lenses
8.  WELDING GOGGLES, Coversepc Type - Tinted Lenses (2)
8A. CHIPPING GOGGLES, Coverspec Type - Clear Safety Lenses
9.  WELDING GOGGLES, Coverspec Type - Tinted Plate Lens (2)
10. FACE SHIELD (Available with Plastic or Mesh Window)
11. WELDING HELMETS (2)
Footnote(1) Non-side shield spectacles are available for limited hazard use requiring only frontal protection.
Footnote(2) See Table E-2, in paragraph (b) of this section, Filter Lens Shade Numbers for Protection Against Radiant Energy.
 
 
မည်သည့်လုပ်ငန်းများအတွက် မည်သည့်မျက်မှန်များ သုံးမည်နည်း
<><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><>


လုပ်ငန်းအမျိုးအစား

အန္တရာယ်

ရွေးသင့်သော မျက်မှန်အမျိုးအစား


အက်ဆီတလင်းဓါတ်ငွေ့ဖြင့် မီးရှို့ခြင်း၊ ဖြတ်တောက်ခြင်း၊ ဂဟေဆက်ခြင်း

မီးပွားစင်ခြင်း၊ ဓါတ်ရောင်ခြည်သင့်ခြင်း၊ သတ္တုအရည်ပူလောင်ခြင်း၊ လွင့်စင်လာ သော သတ္တုစများ ထိမှန်ခြင်း . . စသည်

၇၊ ၈၊ ၉


ဓါတုဗေဆေးရည်များ ကိုင်တွယ်ခြင်း

ဆေးရည်များစဉ်ခြင်း။ ဓါတ်ငွေ့များ ရှုမိခြင်း၊ ဆေးရည်လောင်ခြင်း . . စသည်

၂၊ ၁၀ (ပြင်းထန်သော ဓါတု ဆေးရည်များဖြစ်ပါက မျက်မှန်နံပတ် ၁၀ ပေါ်တွင် နံပါတ် ၂ ထပ် တပ်ပါ။


သတ္တုပြားများအား ခြစ်ခွာထုတ်ခြင်း

သတ္တုစများ လွင့်စင်ထိမှန်ခြင်း. . စသည်

၁၊ ၃၊ ၄၊ ၅၊ ၆၊ ၇(က)၊ ၈(က)


Arc Welding ဂဟေဆော်ခြင်း

မီးပွားစင်ခြင်း၊ ဓါတ်ရောင်ခြည်သင့်ခြင်း၊ သတ္တုအရည်ပူလောင်ခြင်း . . စသည်

၉၊ ၁၁ (နံပါတ် ၁၁ ကို နံပါတ် ၄၊ ၅၊ ၆ မှန်များနှင့် တွဲသုံးပါ။)


မီးဖိုများနှင့် အလုပ်လုပ်ခြင်း

အပူဟပ်ခြင်း၊ အလင်းရောင်စူးခြင်း၊ သတ္တုအရည်ပူလောင်ခြင်း . . စသည်

၇၊ ၈၊ ၉ (သံအရည်ကျိုခြင်းကဲ့သို့သော လုပ်ငန်းများတွင် နံပါတ် ၁၀ ကိုတွဲသုံးပါ။


ကျောက်စက်တိုက်ခြင်း (အပေါ့စား)

သတ္တုစများ လွင့်စင်ထိမှန်ခြင်း. . စသည်

၁၊ ၃၊ ၄၊ ၅၊ ၆၊ ၁၀


ကျောက်စက်တိုက်ခြင်း (အပြင်းစား)

သတ္တုစများ လွင့်စင်ထိမှန်ခြင်း. . စသည်

၁၊ ၃၊ ၇(က)၊ ၈(က) ပိုမိုပြင်းထန်လျှင် နံပါတ် ၁၀ ကို သုံးပါ။


ဓါတ်ခွဲခန်း

ဓါတုဆေးရည်စဉ်ခြင်း၊ ဖန်စကွဲရှခြင်း . . စသည်

၂ (ပိုမိုပြင်းသော ဆေးရည်များအတွက် နံပါတ် ၁၀ ကို နံပါတ် ၄၊ ၅၊ ၆ တို့နှင့် တွဲသုံးပါ)


စက်စားခြင်း (တွင်ခုံ၊ ဖောက်ခုံ စသည်)

သတ္တုစများ လွင့်စင်ထိမှန်ခြင်း. . စသည်

၁၊ ၃၊ ၄၊ ၅၊ ၆၊ ၁၀

၁၀

သတ္တုရည်ကြိုခြင်း လုပ်ငန်း

မီးပွားစင်ခြင်း၊ ဓါတ်ရောင်ခြည်သင့်ခြင်း၊ သတ္တုအရည်ပူလောင်ခြင်း . . စသည်

၇၊ ၈ (နံပါတ် ၁၀ ကို နံပါတ် ၄၊ ၅၊ ၆ မှန်များနှင့် တွဲသုံးပါ)

၁၁

Spot Welding အစက်ဂဟေဆော်ခြင်း

သတ္တုစများ လွင့်စင်ထိမှန်ခြင်း၊ မီးပွား စဉ်ခြင်း . . စသည်

၁၊ ၃၊ ၄၊ ၅၊ ၆၊ ၁၀
 
၇။ အန္တရာယ်ကင်းမျက်မှန် သမိုင်း
မျက်လုံးအန္တရာယ်ကာကွယ်ရေးကို ၁၈၈၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် P.Johnson ဆိုသူက စတင်တီထွင် သုံးစွဲခဲ့သည်။ အစပိုင်းတွင် အက်စကီမိုးလူမျိုးတို့က နှင်းများကြောင့် အမြင်များပိတ်ဖုံးမှုကို ကာကွယ်ရန် Inuit goggles ခေါ် မျက်လုံးအကာတစ်မျိုး တီထွင်သုံးစွဲ ခဲ့သည်။ သစ်သား၊ ကမာခွံစသည်တို့ကို သုံးကာ ပြုလုပ်ကြသည်။ ခရမ်းလွန်ရောင်ခြည်မသင့်စေရန် အလင်းရောင်ဝင်သာရုံမျှ အလယ်တွင် ပါးပါးခွဲထား၏။ ၀တ်ဆင်ရာတွင် မျက်လုံးနှင့် အထာကျစေရန် ခပ်ကွေးကွေး လုပ်ထားပြီး နှာခေါင်းနေရာတွင် ချိုင့်ထားသည်။ မျက်မှန်ကို ခေါင်းတွင်ဝတ်ဆင်ရန် သမင်အကြောမျှင်များဖြင့် ကြိုးပြုလုပ်ထားသည်။

၂၀ ရာစုအစောပိုင်းသို့ရောက်သောအခါ လေကာမပါသော ကားများမောင်းနှင်ရာတွင် လေတိုက်မှုကြောင့် မျက်လုံးအတွင်း ဖုံများ၊ သဲများ မ၀င်စေရန်၊ လေတိုက်သဖြင့် မျက်စိများ မစပ်စေရန် ထိုမျက်မှန်များဝတ်ဆင်လာကြသည်။ ပထမဦးဆုံးလေယာဉ်ကို ၁၉၀၃ ခုနှစ် တွင် တီထွင်ခဲ့အပြီး လေယာဉ်အမြန်နှုံးကြောင့် မျက်လုံးများ လေဒဏ်မခံနိုင်သဖြင့် မျက်မှန်မှာ အလွန်အရေးကြီးသော နေရာရောက်ခဲ့ သည်။ အန္တရာယ်ကင်းမျက်မှန်ကို ပထမဦးဆုံးစတင် တပ်ဆင်ခဲ့သော လေယာဉ်မှုးမှာ Charles Manly ဖြစ်နိုင်ပါသည်။ ၎င်းသည် ၁၉၀၃ ခုနှစ်တွင် Samuel Langley's aerodrome ဖြင့်ပျံသန်းခဲ့စဉ်က ၀တ်ဆင်ခဲ့သည်။ (ထိုပျံသန်းမှုမှာ မအောင်မြင်ခဲ့ပါ။)
ထို့နောက်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မျက်မှန်ဒီဇိုင်းနှင့်တကွ ပြုလုပ်ပုံများပါ လျှင်မြန်စွာ တိုးတက်ခဲ့ သည်။
၈။ အန္တရာယ်ကင်းမျက်မှန် ဒီဇိုင်း
အန္တရာယ်ကင်းမျက်မှန်ထုတ်လုပ်ရာတွင် အမေရိကန်စံနှုံး ANSI Z87.1 အတိုင်းထုတ်လုပ်ပါသည်။ ANSI Z87.1 ကို လေးကြိမ် (၁၉၇၉၊ ၁၉၈၉၊ ၂၀၀၃ နှင့် ၂၀၁၀ ခုနှစ်များ) ပြင်ဆင်ရေးဆွဲခဲ့ပါသည်။ ဤသည်မှာ တစ်ကမ္ဘာလုံး လက်ခံ သုံးစွဲနေသော စံနှုံးဖြစ်၏။ လက်ရှိစံနှုံးမှာမူ ANSI Z87.1-2010 ဖြစ်ပါသည်။ မျက်မှန်သားကို များသောအားဖြင့် ပိုလီကာဗွန်နိတ် Polycarbonate သုံးပြီး ထုတ်၏။
မျက်မှန်၏ ဒဏ်ခံနိုင်ရည်နှုံးကို (အခြေခံ - Basic) နှင့် (အထူး - High) ဟု နှစ်မျိုးထုတ်လုပ်ပါသည်။ အထူးဒဏ်ခံနိုင်သော မျက်မှန်များတွင် Z87+ ဟု ရေးထိုးထားပါသည်။
မျက်မှန်ထုတ်လုပ်ရာတွင် ANSI Z87.1-2003 က သတ်မှတ်ထားသော အဓိကအချက်များမှာ အောက်ပါတို့ဖြစ်သည်။ 
-       အခြေခံအရည်အသွေးမျက်မှန်များအတွက် ဆောင့်အားဒဏ်ခံနိုင်ရည်ကို မျက်မှန်သီးသန့်အတွက်သာ စမ်းသပ်သည်။
-       အထူးအရည်အသွေးမျက်မှန်များတွင် ဆောင့်အားဒဏ်ခံနိုင်ရည်ကို မျက်မှန်အားမျက်မှန်ကိုင်းတွင်တပ်လျှက် မျက်မှန်နှင့်ကိုင်း အတွဲလိုက်အတွက် စမ်းသပ်သည်။
-       Non-prescription မျက်မှန်များသည် prescription မျက်မှန်များထက် ပိုပြီး ခံနိုင်ရည်အားနည်းသည်။ prescription မျက်မှန်သား က ပိုထူသည်။
-       ယခင်က မျက်မှန်သားအထူကို အနည်းဆုံး ၃ မီလီမီတာရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါ ပိုပြီးဆောင့်အားဒဏ် ခံနိုင်သော မှန်သားများ ထုတ်လာနိုင်ပြီဖြစ်သဖြင့် ပို၍ပါးသော prescription မျက်မှန်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
-       ယခုထုတ်လုပ်သော မျက်မှန်များကို နှစ်မျိုးခွဲခြားနိုင်သည်။ တစ်မျိုးမှာ အခြေခံ ခံနိုင်ရည်အား (Basic Impact) နှင့် နောက်တစ်မျိုးမှာ အထူးခံနိုင်အား (High Impact) ဟု ဖြစ်သည်။
-       အခြေခံ ခံနိုင်ရည်အား (Basic Impact) မျက်မှန်များအတွက် စမ်းသပ်ပုံမှာ အချင်း ၁ လက်မရှိသော သံဘောလုံးကို အမြင့် လက်မ ၅၀ မှ မျက်မှန်သားပေါ်သို့ လွှတ်ချစမ်းသပ်ခြင်း ဖြစ်သည်။ ဤစမ်းသပ်ချက်ကို drop ball စမ်းသပ်ချက်ဟု ခေါ်ပြီး ဤစမ်းသပ်ချက်ကို အောင်မြင်ရန် မျက်မှန်သားသည် ခြစ်ရာထင်ခြင်း၊ ကွဲခြင်း၊ အက်ခြင်း လုံးဝမရှိရပေ။ မှန်ဖြင့်ပြုလုပ်သော မျက်မှန်များအတွက် မျက်မှန်အလက်တိုင်းကို စမ်းသပ်ရန်လိုပြီး ပလတ်စတစ်ဖြင့်လုပ်သော မျက်မှန်များကိုမူ ထုတ်လုပ်သော အသုတ်မှ ကျပမ်းကောက်ယူ စမ်းသပ်သည်။
-       အထူးခံနိုင်အား (High Impact) မျက်မှန်များအတွက် စမ်းသပ်ပုံမှာ လက်မတစ်မတ်ရှိ သံဘောလုံးကို တစ်စက္ကန့်လျှင် ပေ ၁၅၀ အမြန်နှုံးဖြင့် မျက်မှန်သားပေါ် ပစ်လွှတ်စမ်းသပ်ခြင်းဖြစ်၏။ ဤစမ်းသပ်ချက်ကို မြန်နှုံးမြင့် စမ်းသပ်ချက် (high velocity test) ဟု ခေါ်ပြီး ဤစမ်းသပ်ချက်ကို အောင်မြင်ရန် မျက်မှန်သားသည် ကွဲခြင်း၊ အက်ခြင်း၊ ခြစ်ရာထင်ခြင်း၊ ကိုင်းမှပြုတ်ထွက်ခြင်း စသည်တို့ မဖြစ်ရပါ။
အချို့သော မျက်မှန်များတွင် Z94.3 ဟူသော အမှတ်အသားကို တစ်ခါတရံတွေ့ချင် တွေ့နိုင်ပါမည်။ ဤသည်မှာ ကနေဒါ စံနှုန်းဖြစ်၏။ မျက်မှန်သားကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်သည်ဖြစ်စေ မှန်အထူ အနည်းဆုံး ၁ မီလီမီတာ ရှိရမည်ဟုလည်း သတ်မှတ်ထားပါသည်။ ဂဟေဆော်ရာတွင်သုံးသည့် မျက်နှာအကာနှင့် မှန်များကိုမူ အနည်းဆုံး ၃ မီလီမီတာ ထူရမည်ဟု ANSI Z87.1 တွင် သတ်မှတ်ထားသည်။ အထူးခံနိုင်ရည်အားကောင်းသည့် မှန်များအတွက်မူ အထူမှာ အနည်းဆုံး ၂ မီလီမီတာ ဖြစ်ပါသည်။
၉။ မျက်မှန်ကိုင်းကို စမ်းသပ်ခြင်း
မျက်မှန်ကိုင်းအတွက်မူ အခြေခံ ခံနိုင်ရည်အား (Basic Impact) မျက်မှန်အတွက်ရော အထူးခံနိုင်အား (High Impact) မျက်မှန်အတွက်ပါ စမ်းသပ်ပုံခြင်း အတူတူပင်ဖြစ်၏။ စမ်းပုံစမ်းနည်းမှာ အောက်ပါအတိုင်း ၃ နည်းရှိ၏။
-       အမြင့်မှ အလေးဖြင့်ဆောင့်ချခြင်း (High mass impact) - စမ်းသပ်ချက်မှာ လူဦးခေါင်းပုံအရုပ်၌ တပ်ဆင်ထားသော မျက်မှန် ပေါ်သို့ အလေးချိန် ၁၇.၆ အောင်စရှိသော အချင်း ၁ လက်မရှိ သံဘောလုံးကို ပြွန်အတွင်းမှနေ၍ အမြင့် လက်မ ၅၀ အကွာမှ လွှတ်ချလိုက်သည်။ ထိုစမ်းသပ်ချက်အောင်မြင်ရန် မျက်မှန်သည် မျက်မှန်ကိုင်းမှ ကျွတ်ထွက်ခြင်း၊ စောင်းရွဲ့သွားခြင်း၊ မျက်မှန် ကိုင်းကျိုးခြင်း၊ ပဲ့ခြင်း စသည်တို့လုံးဝမရှိရပါ။
-       ကြာရှည်ခံခြင်း (Durability) - မျက်မှန်ကိုင်းသည် မီးလောင်ဒဏ်ခံနိုင်မှု၊ ပွန်းစားမှု စသည်တို့အတွက် စမ်းသပ်အောင်မြင်ရမည် ဖြစ်ပါသည်။
-       မြန်နှုံးမြင့် စမ်းသပ်ချက် (High velocity impact) - စမ်းသပ်ပုံမှာ လက်မတစ်မတ်ရှိ သံဘောလုံးကို တစ်စက္ကန့်လျှင် ပေ ၁၅၀ အမြန်နှုံးဖြင့် ၁၀ လက်မအကွာမှနေ၍ မျက်မှန်သားပေါ် ပစ်လွှတ်စမ်းသပ်ခြင်းဖြစ်၏။ ဤစမ်းသပ်ချက်ကို မျက်မှန်ကိုင်းအသစ်၊ မှန်သားအသစ်တို့သုံးကာ အကြိမ်ကြိမ်ပြုလုပ်သည်။ ပြုလုပ်သည့်အခါတိုင်း ပစ်သည့်ထောင့်ကို အမျိုးမျိုးပြောင်းသည်။ ထိုစမ်းသပ်ချက်အောင်မြင်ရန် မျက်မှန်သည် မျက်မှန်ကိုင်းမှ ကျွတ်ထွက်ခြင်း၊ စောင်းရွဲ့သွားခြင်း၊ မျက်မှန်ကိုင်းကျိုးခြင်း၊ ပဲ့ခြင်း စသည်တို့လုံးဝမရှိရပါ။
၁၀။ အန္တရာယ်ကင်းမျက်မှန် အမျိုးအစား

အထက်ပါ အန္တရာယ်ကင်းမျက်မှန်နှစ်မျိုးအနက် ပထမတစ်မျိုးမှာ ပိုမိုကာကွယ်မှုပေးနိုင်သည်။ သို့သော် ဒုတိယတစ်မျိုးမှာ ပိုကြည့်လို့ ကောင်းသည်။ ပေါ့ပါးသည်။ ၀တ်ဆင်ရာတွင် သက်တောင့်သက်သာရှိသည်။ ထို့ကြောင့် သာမန်ကာကွယ်မှုမျိုးအတွက် ဒုတိယအမျိုးအစား ကို သုံးကြပြီး ကျောက်စက်တိုက်ခြင်း၊ ကျောက်ခွဲခြင်း စသောလုပ်ငန်းမျိုးများအတွက်မူ ပထမအမျိုးအစားကိုသာ ရွေးချယ်သင့်ပါသည်။
အပေါင်း အမှတ်အသား (Plus mark) -  Z87+ ဟု အပေါင်းလက္ခဏာပါသော မျက်မှန်အမျိုးအစားမှာ ဆောင့်အားဒဏ်ကို ပိုခံနိုင်သည်။
V နှင့် S အမှတ်အသားများ ("V" and "S" marks) – V ဟူသည် photochromic ဖြစ်၏။ S ဟူသည် special tint ကို ဆိုလိုသည်။ အလင်းအားကို မည်မျှလျှော့ချပေးနိုင်သည်ကို ပြထားခြင်းဖြစ်၏။ ထို့ပြင် အခြားအမှတ်အသားများကိုလည်း အောက်ပါအတိုင်း တွေ့နိုင်ပါသေးသည်။
v  W – Welding (Shade Number ပါဖော်ပြထားတတ်သည်။)
v  U – UV Filter (ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသည်။)
v  L – Visible Light Filter (အလင်းတန်းကို အကာအကွယ်ပေးသည်။)
v  R – IR Filter (အနီအောက်ရောင်ခြည်ကို အကာအကွယ်ပေးသည်။)
            ဥပမာ - 3M+W3 ဟု ဖော်ပြထားသည်ကို တွေ့ပါက ထိုမျက်မှန်ကို 3M ကုမ္ပဏီမှ ထုတ်လုပ်သည်။ ဂဟေဆော်ရန်ဖြစ်ပြီး ဂဟေမှန် အတန်းအစား (Welding Filter Rated) 3.0 ဖြစ်သည်ဟု မှတ်ယူရပါမည်။ မျက်မှန်တွင် Z87-2+ ဟုတွေ့ပါက ထိုအန္တရာယ်ကင်း မျက်မှန်ကို ANSI Z87.1-2010 စံနှုံးအရ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု သိရပါမည်။
သတ္တုများကို ဖြတ်တောက်ခြင်း၊ ခဲဂဟေ၊ ကြေးဂဟေ လုပ်ငန်းများတွင် အလင်းအားကို လျှော့ချနိုင်အား ၁.၅ မှ ၃.၀ (လျှော့အား နိုင်စွမ်းနည်း) ထိလောက်သာ သုံးသည်။ သို့သော် လျှပ်ပန်း ဂဟေများမှာ အလင်းထုတ်လွှတ်အားမြင့်သဖြင့် အလင်းလျှော့နိုင်အား ၁၀ မှ ၁၄ ထိကို သုံးရသည်။ မှန်အမျိုးအစား ခွဲခြားမှုမှာ အသေဖြစ်၏။ ၎င်းကို ပြုပြင်သုံးလို့ မရဟု အသေမှတ်ထားပါ။ မည်သည့်အခါမှ မိမိ သဘောနှင့် ပြင်မသုံးပါနှင့်။ မျက်လုံးအတွက် အလွန်အန္တရာယ်များသည်။   
ဤတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်သည်ဆိုရာ၌ ခရမ်းလွန်ရောင်ခြည်၏ ပြင်းအားအလိုက်သာ ကာကွယ်နိုင်ပါသည်။ ကာကွယ်နိုင်သည့်အဆင့်ကို U2 မှ U6 ထိ ခွဲထားပါသည်။ U2 သည် ကာကွယ်နိုင်မှုအနည်းဆုံးဖြစ်ပြီး U6 မှာမူ ကာကွယ်နိုင်မှု အမြင့်ဆုံးဖြစ် ပါသည်။
၁၁။ ဂဟေမျက်မှန် (Welding Goggles)
            ဂဟေမျက်မှန်များမှာ ဂဟေဆော်ရာမှ ထွက်လာသော မီးပွားနှင့် စူးရှသောအလင်းတန်း၊ အပူတို့ကို ကာကွယ်ပေးရန် ထုတ်လုပ်ပါ သည်။ ဂဟေမျက်မှန်တစ်ခုသည် ဂဟေဆော်သူကို မည်မျှကာကွယ်ပေးနိုင်သနည်း ဆိုသည်မှာ မည်ကဲ့သို့သော ဂဟေမျက်မှန် အမျိုးအစား နည်းဆိုသည့်အပေါ်မူတည်ပါသည်။
            အောက်တွင် ဂဟေမျက်မှန် အမျိုးအစားများကို ဖော်ပြထားပါသည်။



ဤအမျိုးအစားများကို ကြည့်လျှင် နောက်ဆုံးတစ်မျိုးသာ ဂဟေမီးပွားများ အန္တရာယ်မှသော် လည်းကောင်း၊ အပူဒဏ်မှသော် လည်းကောင်း၊ ကျောက်စက်တိုက်ရာမှ ထွက်လာသော သံမှုန်များအန္တရာယ်မှ လည်းကောင်း၊ ဂဟေမီးအလင်းတန်းကို လည်းကောင်း သေသေချာချာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ပါလိမ့်မည်။ ကျန်အမျိုးအစားများမှာ စူးရှသည့် ဂဟေမီး အလင်းရောင်ကို ကာကွယ်ရန် အတွက်သာ ကောင်းပါသည်။
၁၂။ ဂဟေမျက်မှန်အမျိုးအစား ရွေးချယ်ခြင်း
            ပထမဦးဆုံးစဉ်းစားရမည်မှာ သင့် ဂဟေခမောက် (welding helmet) သည် အမေရိကန်စံနှုံး ANSI Z87.1 – 2003 (သို့မဟုတ် ANSI Z87+) နှင့် ကိုက်ညီ သလား ဆိုတာ ဖြစ်ပါသည်။ ဤစံနှုံးအရထုတ်လုပ်ထားသော ခမောက်သည်သာ သင့်ကို လွင့်စဉ်လာသော အရာဝတ္ထုများ၏ အန္တရာယ် နှင့် ဂဟေမီးတို့၏ အန္တရာယ်မှ ကောင်းစွာ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ 
ဂဟေမျက်မှန်ကို အလင်းစစ်ပေးနိုင်မှု နှုံးပေါ်မူတည်ကာ နံပါတ်ခွဲထားပါသည်။ ထိုမျက်မှန်များမှာ ဂဟေဆော်ရာမှ ထွက်လာသော အနန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည်များအား ရာနှုံးပြည့် အကွယ်အကွယ် ပေးနိုင်သည်။
ဂဟေမျက်မှန်တွင် ပုံသေနံပါတ်ရှိသော မျက်မှန် နှင့် အမှောင်အားကို အလိုလိုညှိပေးနိုင်သော မျက်မှန် ဟု နှစ်မျိုးရှိ၏။ ပုံသေနံပါတ်နှင့် မျက်မှန်မှာ ဈေးသက်သာသည် မှန်သော်လည်း ဂဟေမဆော်ဘဲ သည်အတိုင်းတပ်ကြည့်လျှင် မှောင်နေသဖြင့် ဘာမှ မမြင်ရပါ။ ဂဟေဆော်လိုက်မှ ဂဟေမီးကြောင့် မြင်နိုင်တာ ဖြစ်ပါသည်။ မှန်အမျိုးအစားတွင် အမ်ပီယာနိမ့်သော ဂဟေများအတွက် နံပါတ် ၈၊ အမ်ပီယာအမြင့်များအတွက် နံပါတ် ၁၃ ထိ ရှိပါသည်။ ထိုမျှသာမက ကျောက်စက်တိုက်ခြင်း နှင့် ဖြတ်တောက်ခြင်းတို့အတွက် နံပါတ်နိမ့် (နံပါတ် ၃ မှ ၈ ထိ) လည်းရနိုင်ပါသည်။
ဂဟေဆော်ခြင်းအတွက် အောက်ပါမှန် အတန်းအစားများကို ရွေးချယ်ရန် ညွှန်ပြထားပါသည်။
ဂဟေဆော်ခြင်းအတွက် မှန်အတန်းအစားေ
ရွးသော ဇယား
<><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><> <><>


ဂဟေအမျိုးအစား

မှန်နံပါတ်


Shielded metal-arc welding 1/16, 3/32, 1/8, 5/32 inch diameter electrodes (SMAW)

၁၀


Gas-shielded arc welding (nonferrous) 1/16, 3/32, 1/8, 5/32 inch diameter electrodes (ဓါတ်ငွေ့ဂဟေ - သံမဟုတ်သော သတ္တုများ)

၁၁


Gas-shielded arc welding (ferrous) 1/16, 3/32, 1/8, 5/32 inch diameter electrodes (ဓါတ်ငွေ့ဂဟေ - သံသတ္တုများ)

၁၂


Shielded metal-arc welding 3/16, 7/32, 1/4 inch diameter electrodes (SMAW)

၁၂


5/16, 3/8 inch diameter electrodes

၁၄


Atomic hydrogen welding

၁၀ - ၁၄


Carbon-arc welding

၁၄


Soldering (ခဲဂဟေ)



Torch brazing (ကြေးဂဟေ)

၃ သို့မဟုတ် ၎

၁၀

Light cutting, up to 1 inch (အသေးစားဖြတ်ခြင်း - ၁ လက်မအထိ)

၃ သို့မဟုတ် ၎

၁၁

Medium cutting, 1 inch to 6 inches (အလတ်စားဖြတ်ခြင်း - ၁ လက်မ မှ ၆ လက်မ အထိ)

၎ သို့မဟုတ် ၅

၁၂

Heavy cutting, over 6 inches (အကြီးစားဖြတ်ခြင်း - ၆ လက်မအထက်)

၅ သို့မဟုတ် ၆

၁၃

Gas welding (light), up to 1/8 inch (ဓါတ်ငွေ့ဂဟေ - အသေးစား)

၎ သို့မဟုတ် ၅

၁၄

Gas welding (medium), 1/8 inch to 1/2 inch (ဓါတ်ငွေ့ဂဟေ - အလတ်စား)

၅ သို့မဟုတ် ၆

၁၅

Gas welding (heavy), over 1/2 inch (ဓါတ်ငွေ့ဂဟေ - အကြီးစား)

၆ သို့မဟုတ် ၈
၁၃။ အန္တရာယ်ကင်းမျက်မှန် နှင့် ရိုးရိုးမျက်မှန် ကွာခြားချက်
အလှတပ်မျက်မှန် သို့မဟုတ် အဝေးကြည့်၊ အနီးကြည့်မျက်မှန်များသည် အမြင်ကောင်းစေရန် အဓိက ရည်ရွယ်သည်။ အလှအပ ကို ဦးစားပေးသည်။ မှန်သား နှင့် မျက်မှန်ကိုင်း၏ အရည်အသွေးကိုမူ အန္တရာယ်ကင်းမျက်မှန်ရော ရိုးရိုးမျက်မှန်တွင်ပါ ဦးစားပေး ထုတ်လုပ် ကြပါသည်။ ရိုးရိုးမျက်မှန်သည် အလုပ်လုပ်ရာတွင် သုံးရန် မသင့်တော်။ အဘယ်ကြောင့်ဆိုသော် လွင့်ပျံလာသော အရာဝတ္ထုများ၏ ရိုက်ခတ်မှု၊ ဆောင့်ဒဏ်ကို ခံနိုင်ရန် စမ်းသပ်ထားခြင်းမရှိသောကြောင့် ဖြစ်သည်။
အန္တရာယ်ကင်းမျက်မှန်ထုတ်လုပ်ရာတွင် တပ်ဆင်သူ သက်တောင့်သက်သာရှိစေမှု၊ မျက်လုံးကို အကာအကွယ် ပေးနိုင်မှုများ အပြင် တပ်ဆင်သူအား ကြည့်ကောင်းစေရန် တစ်နည်းအားဖြင့် အလှမျက်မှန်ကဲ့သို့သုံးနိုင်ရန်ပါ ဒီဇိုင်းလုပ်ကြသည်။ အန္တရာယ်ကင်းမျက်မှန် ပေါ်တွင် ထုတ်လုပ်သည့် စံနှုံးကို အသားတံဆိပ်ဖြင့် ဖော်ပြထားသည်။
အန္တရာယ်ကင်းမျက်မှန် အစိတ်အပိုင်းများ
ယခုထုတ်လုပ်သော အန္တရာယ်ကင်းမျက်မှန်များတွင် မျက်မှန်ကိုင်းကို အတိုအရှည် ချိန်ညှိ၍ရသည်။ မျက်မှန်ဝယ်တော့မည် ဆိုလျှင် ဦးစွာတပ်ကြည့်လိုက်ပါ။ မိမိဦးခေါင်း၊ နှာခေါင်း၊ မျက်လုံးအနေအထားများနှင့် အံဝင်ခွင်ကျဖြစ်မည့် မျက်မှန်ကို ရွေးပါ။ မျက်မှန်သည် တပ်လိုက်သည့်အခါ သက်တောင့်သက်သာ အနေအထားတွင် ရှိရပါမည်။
၁၄။ အန္တရာယ်ကင်းမျက်မှန်ကို ထိန်းသိမ်းမှု
            အန္တရာယ်ကင်းမျက်မှန်သည် သင့်မျက်လုံးအား ထိခိုက်ဒဏ်ရာရမည့် အန္တရာယ်များမှ ကာကွယ်ပေးသည်ဖြစ်ရာ မျက်မှန်ကို ဂရုတစိုက်ထိမ်းသိမ်းရန် အရေးကြီးသည်။
Ø  မျက်မှန်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။ အ၀တ်စ နုနုနှင့် ပွတ်တိုက်သန့်စင်ပေးပါ။ ဖုံ၊ အမှုန်များကပ်ငြိနေလျှင် ရေဖြင့်ဆေးကြောပါ။
Ø  မျက်မှန်တွင် ခြစ်ရာထင်ခြင်းသည် မျက်စိအမြင်ကို မကောင်းစေရုံမျှမက မှန်သား၏ ခံနိုင်ရည်အားကိုပါ ကျဆင်းစေပါသည်။
Ø  မ၀တ်ဆင်သောအခါများ၌ မျက်မှန်ကို အ၀တ်စနုနုဖြင့် ပတ်ကာ အေး၍ခြောက်သွေ့သောနေရာတွင် သေသေချာချာ သိမ်းဆည်းပါ။
Ø  မှုန်ဝါးနေသော၊ ခြစ်ရာခတ်ရာများဖြင့် ပြည့်နှက်နေသော မျက်မှန်ကို မသုံးပါနှင့်။ မျက်စိအမြင်မကောင်းသောကြောင့် အန္တရာယ်ဖြစ်တတ်သည်။ မျက်မှန်မကောင်းလျှင် အမြန်ဆုံးလဲပါ။
၁၅။ အန္တရာယ်ကင်းမျက်မှန်ကို သုတ်သောဆေးများ
Anti-Fog Coatings - အပူချိန်အပြောင်းအလဲကြောင့် မျက်မှန်ပေါ်တွင် ချွေးငွေ့များ မပျံစေရန် သုတ်သောဆေး
Anti-Scratch Coatings - ခြစ်မိ၊ ခတ်မိသည့်ဒဏ်ကို ခံနိုင်စေရန် သုတ်သောဆေး
Anti-Static Coatings - ဖုံ၊ အမှုန်များ မကပ်ငြိစေရန် သုတ်သောဆေး
Hard Coatings - မျက်မှန်သက်တမ်းကို ပိုမိုရှည်ကြာစေရန် သုတ်သောဆေး
Anti-UV Coatings - ခရမ်းလွန်ရောင်ခြည် ၉၉.၉ % ကို စုပ်ယူစေနိုင်သော ဆေး
၁၆။ မျက်လုံးကျန်းမာရေး
            အိပ်ချိန်မှအပ တစ်ချိန်လုံး မျက်လုံးကို အသုံးပြုနေရသည်ဖြစ်ရာ ကျန်းမာသော မျက်လုံးများဖြစ်နေစေရန် အမြဲဂရုပြုရပါမည်။ ယခုခေတ်တွင် အများစုမှာ အီလက်ထရောနစ်ပစ္စည်းများ (ကွန်ပြူတာ၊ တီဗီ၊ အိုင်ဖုံး၊ အိုင်ပက်ဒ်၊ ဟန်းဖုံး၊ ဂိမ်းပလေယာ အစရှိသည်) ကို တစ်နေ့လျှင် ၅ နာရီနှင့် အထက် အသုံးပြုနေကြသည်ဟု ဆိုပါသည်။ အီလက်ထရောနစ်ပစ္စည်းများကို ကြာရှည်ကြည့်ခြင်းသည် မျက်စိ ညောင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်လုံးအိမ်ခြောက်သွေ့ခြင်း၊ အမြင်ေ၀၀ါးခြင်း၊ မျက်ရည်ပူများကျခြင်း၊ ခေါင်းကိုက်ခြင်းစသည့် မျက်လုံး သို့မဟုတ် မျက်လုံးနှင့် ဆက်စပ်သည့်ရောဂါများကို ဖြစ်စေသည်။  
            အောက်တွင် မျက်လုံးကို ဂရုပြုရမည့် အချက်များကို ဖော်ပြထားပါသည်။
၁။ အနားပေးပါ
            မျက်လုံးကို အနားပေးရန် ၂၀ - ၂၀ - ၂၀ ဥပဒေသကို လိုက်နာပါ။ ထိုဥပဒေသမှာ တစ်ခုခုကိုကြည့်နေလျှင် (ဥပမာ - စာဖတ်ခြင်း၊ ကွန်ပြူတာသုံးခြင်း) မိနစ် ၂၀ ကြာတိုင်း စက္ကန့် ၂၀ အနားပေးပြီး ပေ ၂၀ ဝေးသော အရာဝတ္ထုကို ကြည့်ပါ။
၂။ မြင်ကွင်းကို ချဲ့ပေးပါ
            သေးငယ်သောအရာများ (ဥပမာ - ဟန်းဖုံးပေါ်မှ စာများ) ကို ကြည့်သည့်အခါ သေသေချာချာမြင်နိုင်ရန် မျက်လုံးမှာ များစွာ အားစိုက်ရသဖြင့် ပင်ပန်းသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် စာလုံးများကို ချဲ့ပြီးဖတ်ပါ။ ကြီးသောစာများဖတ်ခြင်းသည် မျက်လုံးအားစိုက်ရမှုကို များစွာသက်သာစေသည်။
၃။ ပြတ်သားပါစေ
            ကြည့်မည့်အရာဝတ္ထုကို သေသေချာချာ ပြတ်ပြတ်သားသား မြင်ရရန် ချိန်ညှိပေးပါ။ အထူးသဖြင့် ကွန်ပြူတာမျက်နှာပြင် အလင်းရောင်ကို မိမိနှင့် သင့်တော်အောင် မလင်းလွန်း၊ မမှိန်လွန်း ချိန်ထားပါ။ ကွန်ပြူတာမျက်နှာပြင်သည် မိမိနှင့် ၂ ပေခန့်အကွာတွင် ရှိနေပါစေ။
၎။ မျက်နှာမူရာ
            အလင်းရောင်လာရာအရပ်သည် သင့်နောက်ကျောတည့်တည့် သို့မဟုတ် သင့်မျက်နှာရှေ့တည့်တည့်မှ မဖြစ်ပါစေနှင့်။ ကွန်ပြူတာ မျက်နှာပြင် စသည်တို့သည် အလင်းရောင်လာရာအရပ်နှင့် ထောင့်တစ်ခု ချိုးနေပါစေ။
၅။ အောက်နည်းနည်းငုံ့ပါ
            မျက်လုံးသည် အနည်းငယ်အောက်ငုံ့ကြည့်ရလျှင် ပိုသက်တောင့်သက်သာ ရှိတတ်သည်။ ထို့အတွက် သင့်ကွန်ပြူတာ မျက်နှာပြင် သည် မျက်လုံးတည့်တည့်အောက် အနည်းငယ် နိမ့်နေပါစေ။
၆။ ကွန်ပြူတာမျက်နှာပြင်ကို အမြဲသန့်ရှင်းပါ
            ကွန်ပြူတာမျက်နှာပြင်တွင် ကပ်ငြိနေသော ဖုံမှုန့်များသည် သင့်မျက်လုံးကို တစ်နည်းတစ်ဖုံအားဖြင့် ထိခိုက်စေသဖြင့် ကွန်ပြူတာမျက်နှာပြင်ကို နေ့စဉ်သန့်ရှင်းပါ။
၇။ ကွန်ပြူတာမျက်နှာပြင်အား ကြည့်သည့်အချိန်ကို လျှော့ချပါ
အကယ်၍ သင်သည် စာအုပ်မှ စာများကို ကူးရိုက်ရမည်ဆိုလျှင် ကျွန်ပြူတာမျက်နှာပြင်ကို ကြည့်မည့်အစား စာအုပ်ကိုသာ ကြည့်ရိုက်ပါ။ အမှားစစ်သည့်အခါမှ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်ပါ။

၈။ မျက်တောင် မကြာခဏခတ်ပါ
ကွန်ပြူတာ၊ တီဗီကြည့်သူများသည် မျက်တောင်ခတ်ရန် မေ့လျော့နေတတ်သည်။ ထိုအခါ မျက်လုံးမှ အရည်များ ခန်းခြောက် တတ်သည်။ ထို့ကြောင့် မျက်တောင်ကို ဂရုတစိုက်ခတ်ပေးရန် လိုပါသည်။

၉။ မျက်လုံးလေ့ကျင့်ခန်း လုပ်ပေးပါ
လက်ဖ၀ါးနှစ်ဖက်ကို ပူလာသည်ထိပွတ်ပါ။ ထို့နောက် လက်ဖ၀ါးများဖြင့် မျက်လုံးပေါ် ဖွဖွအုပ်ထားပါ။ လက်ချောင်းများကို အလင်းမ၀င်စေရန် စေ့ထားပါ။



ရည်ညွှန်းကိုးကား Website များ
6.     http://www.allaboutvision.com
7.     http://www.ccohs.ca
9.     http://www.statefundca.com  (Good for All Checklists)
11.  http://www.millerwelds.com

0 ကွန်မန့်ရေးရန်:

Post a Comment