ငါတို့ စစ်ပွဲတွေကို အဆုံးမသတ်ရင်
စစ်ပွဲတွေက ငါတို့ ကိုအဆုံးသတ်သွားလိမ့်မယ်
(ဘာသာပြန်)
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၁.၉.၂၀၁၂) ကိုကြိုဆိုပါသည်။
စစ်ရပ်ဖို.အချိန်တန်ပြီး..ငါတိုငြီမ်းချမ်းဖို.အချိန်တန်ပြီ.....။
သား.သမီး...ချင်း..ကိုယ်.ချင်းစာ.တရား.ထားနိုင်ကြပါစေ
သား.သမီး...ချင်း..ကိုယ်.ချင်းစာ.တရား.ထားနိုင်ကြပါစေ
"စစ်ပွဲတွေကြားက လူတစ်ယောက်ခံစားချက်"
အရောင်မရှိ အမှောင်ပကတိ နေ့ တွေ နေ့ တွေ
ဖြတ်သန်းရင်း မနက်နဲ့ ည ခွဲမရခဲ့တာကြာပြီပေါ့
လက်နက်သံတွေကြား ခြေသံတွေကြားထဲမှာ
အရောင်မရှိ အမှောင်ပကတိ နေ့ တွေ နေ့ တွေ
ဖြတ်သန်းရင်း မနက်နဲ့ ည ခွဲမရခဲ့တာကြာပြီပေါ့
လက်နက်သံတွေကြား ခြေသံတွေကြားထဲမှာ
အသက်အောင့်ပြီး ပုန်းခိုရှောင် "ရ" ခဲတဲ့ အသက်တစ်ချောင်းကို
ကာကွယ်ဖို့ ကြိုးစားရင်း နေဝင်နေထွက်တွေက နှေးလွန်းခဲ့တယ်
အသက်ရှင်ဖို့ မွေးလာတာ ဒါပေမဲ့ ဘဝတွေသေဆုံးခဲ့သလိုဘဲ
ဘယ်မှာလဲငြိမ်းချမ်းရေး ဘယ်ဆီရောက်နေလဲ သေချာစဉ်းစားကြည့်တော့
လူတွေကိုယ်တိုင် အဝေးဆုံးတွန်းထုတ်ခဲ့တာပဲ
ပြန်လာပါ ဘယ်ရောက်လို့ ဘာလုပ်နေလဲ
ရောက်ရာအရပ်က အမြန်ပြန်လာပေးပါ
"ငြိမ်းချမ်းရေး" ရယ်
အမှန်တကယ်လိုအပ်နေလို့ ပါ။

credit to ..ခေတ်လူငယ်
သူငယ်ချင်းတို.ရေ မော်နီကာတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၁.၉.၂၀၁၂) ကိုကြိုဆိုပါတယ်။ ထာဝရငြိမ်းချမ်းရေး အမြန်ရရှိပါစေ။
သူငယ်ချင်းတို.ရေ မော်နီကာတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၁.၉.၂၀၁၂) ကိုကြိုဆိုပါတယ်။ ထာဝရငြိမ်းချမ်းရေး အမြန်ရရှိပါစေ။
0 ကွန်မန့်ရေးရန်:
Post a Comment