Monday, August 20, 2012

တွံတေးနေလင်း ရဲ့ ရင်ဖွင့်သံ

Inbox
x





The Irrawaddy's Blog


(အိမ့်သံစဉ်)







သိန်းစိန် အစိုးရကျဆုံးပါစေ၊ သိန်းစိန်အစိုးရခန့် ထားတဲ့ ၀န်ထမ်းတွေကျဆုံးပါစေ ငါ့ပိုက်ဆံ ၁၂၀၀ ကုန်ပြီ။




By- NLD Central





သို့  ဗဟိုကော်မရှင်




ခင်ဗျားတို့ က ကျနော်တို့ပို့ တဲ့စာတွေကို ခင်ဗျားတိုဖေ့စ်ဘွတ်ခ်ပေါ်တင်ပေးတယ်။ လူကြီးတွေကို တင်ပြပေးတယ်။ (မှတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပို့ ပေးလို့မရမှန်းကျနော်လဲ သိပါတယ်)ဆိုလို့  ဒီစာကိုရေးလိုက်တာ။




ကျနော့်ညီမက ခင်ဗျားတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ လုပ်အားပေးနေတယ်။ အရင်ကတော့ ခင်ဗျားတို့ အတွက် တိုးတိုးတိတ်တိတ်လုပ်ပါတယ်။ ခုတော့ အခြေအနေကောင်းပဟဲ့ဆိုပြီး လုပ်အားပေးပါတယ်။ ကျနော်က နေလင်းပါ။ စမ်းချောင်းမှာရှိတဲ့ သခင်ကိုယ်တော်မှိုင်း မိသားစုပိုင်ကုမ္မဏီ တစ်ခုက သံပန်းဆရာပါ။ ကျနော်တို့ မောင်နှမနှစ်ယောက် မနက်စောစောထလာပြီး။ ကားစီး ဒလရောက်လို့  စောရင် ကူးတို့ သဘောင်္စီး ၊ နောက်ကျရင် စက်လှေစီးပါတယ်။ စက်လှေက ပိုမြန်တယ်လေ။ ညနေဆို ကျနော် ဆိုဒ်ထဲက ပြန်ရင် ၂၀၄ကားမှတ်တိုင်မှာစောင့် ညီမလာရင်နှစ်ယောက်သား စောရင် ကူးတို့ သဘောင်္စီး နောက် ကျရင် စက်လှေစီး ဒလ ရောက်ရင်ကားစီးပြန်ပေါ့ဗျာ။ ဒါလုပ်နေကြဘဲ။




ခုဒီနေ့ ၊ ဒီနေ့ ဆို ခုလေးတင် ကျနော်အိမ်မပြန်ရဘဲ ရန်ကုန်ဘက်ကမ်းပြန်လာရတယ်လေ။ ရှိစု မဲ့စုကုန်ပြီ။ ဒီကနေ့ (သောကြာနေ့ မယ်) ကျနော့်ညီမ ဘာတွေများအရေးကြီးတဲ့ အလုပ်တွေလုပ်နေမှန်းမသိ တော်တော် နောက်ကျတယ်။ ပန်းဆိုးတန်း ရောက်တော့ ခုနှစ်နာရီထိုးတော့မယ်။ ဒါနဲ့ ကျနော်တို့ လည်း စက်လှေ စီးဘို့  ဆုံးဖြတ်ကြလိုက်တယ်။




စက်လှေ ဆိပ်ရောက်တော့ အရံသင့်ပါပဲ။ ဒလကားဂိတ်ကိုကူးမယ့် စက်လှေတစ်စင်း (စက်သဗ္ဗန်လို့ လဲ ခေါ်တယ်။ သေးသေးလေးတွေ) ထွက်မလို့ တဲ့လူက ၈ယောက်ရှိနေပြီ။ ကျနော်တို့ မောင်နှမ နှစ်ယောက် တက်ရင် ၁၀ယောက်ကွက်တိပဲ။ ဒါနဲ့ တက်ကြ၊ ထွက်တယ်ပေါ့ဗျာ။ ရိုးရိုးလေး။ အချိန်က ခုနှစ်နာရီနီးပါး။ မှောင်နေပြီ။ မိုးတွေလဲ ရွာနေတယ်။ ဒလမှာ ကားမရမှာစိုးလို့ သာ သဗ္ဗန်စီးရတာ ခပ်လန့် လန့် ရယ်။ ရေကျကြီး။




ပန်းဆိုးတန်းဆိပ်ကမ်းအကြောင်းပြောပြမယ်။ စစချင်းကုန်လှောင်ရုံတွေဘက်ကရေရင် စက်သဗ္ဗန်ဆိပ်၊ ပြီးရင် နန်းသီတာ(ဘဲလေးလို့ လဲ ခေါ်တယ်) စားသောက်ဆိုင်ရှိတဲ့ ဆိပ် အဲဒါပြီးရင် ပန်းဆိုးတန်း ဒလ ကူးတို့ သဘောင်္ ကပ်တဲ့ဆိပ် အဲဒီ့ဆိပ်ရဲ့ ဟိုဘက်မှာ ပြဿနာ အကြီးအကျယ် တက်စေမယ့် မြေတူးသဘောင်္တို့ ၊ ကြယ်ငါးပွင့် သဘောင်္တို့ ကပ်တဲ့ဆိပ်။ အစိုးရပိုင်ပေါ့ဗျာ။ အဲလို ရှိတယ်။ ဘောဆိပ် တစ်ခုနဲ့ တစ်ခုက ဝေးလှ ပေနှစ်ရာပေါ့။ အဲ့ဆိပ်လေ ကျနော်တို့ ကိုသတ်မယ့်ဆိပ်က။




စက်လှေက ထွက်လာတယ်ဆိုပဲ။ ရှေ့ ဆင့်နောက်ဆင့် သုံးစီးထွက်တာ။ ညနေပိုင်းဆို အိမ်ကို အမြန်ပြန်ချင်တဲ့ သူတွေ ဒလဘက်ကမ်းမှာ ကားပေါ်မယ် ထိုင်ခုံကောင်းကောင်းလိုချင်တဲ့သူတွေက သဗ္ဗန်ကို အရဲ ကိုးပြီး စီးကြတယ်။ အိမ်ကို အမြန်ရောက်ဖို့ ထက် ကိုယ့်အသက်ကို နှမြောသူတွေက ကူးတို့ သဘောင်္ပဲစီးကြတယ်။ အရေးပေါ်ကိစ္စကလွဲလို့ ။




ကျနော်တို့ မောင်နှမစီးလာတဲ့ သဗ္ဗန်က ရှေ့ ဆုံးကပေါ့။ စက်လှေပေါ်ရောက်တယ်ဆိုပဲ မောင်နှမနှစ်ယောက် အဖွဲ့ ချုပ်က လူတွေ အတင်းတုပ်တော့တာပဲ။ မိုးတော့ရွာတာပေါ့။ ဒါပေမယ့် သိပ်မကြောက်ဘူး ။ စက်လှေ က ရေဆိပ်ကနေ ဘဲလေးစားတော်ဆက် ဘောဆိပ်အနောက်၊ ဘဲလေးစားတော်ဆက်နဲ့ ဘောတံတားအကြား ထိုးထားတဲ့ တံတားအောက်ကိုဖြတ်၊ နောက်ပန်းဆိုးတန်းဘောဆိပ်အနောက် ပန်းဆိုးတန်းလက်မှတ်ရုံနဲ့  ပန်းဆိုးတန်းဘောတံတားအကြားထိုးထားတဲ့ တံတားအောက်ကိုဖြတ် အပြီးမှာ မြေတူး သေဘာၤတုိ ့၊ ၾကယ္ငါးပြင့္သေဘာၤတုိ ့ ကပ္တဲ့ ဘောဆိပ်မရောက်ခင် စပ်ကြားမှာ ရန်ကုန်မြစ်လယ်ခေါင်ကို ဖြတ်အထွက်၊ ရုတ်တရက် စက်လှေမောင်းသမားက ရင်ကွဲ သံကြီးနဲ့ အလန့် တကြား " ဟဟ ကြိုးကြီးဟ ၊ ကြိုးကြီး စက်တွေ ရပ်ရပ်။ ဟေ့ကောင်တွေ စက်ရပ်၊ စက်ရပ်" လို့ အသံနက်ကြီးနဲ့ ထအော်ရင်းကျနော်တို့ စက်လှေရဲ့ စက် ကိုလည်း ရပ် အနောက်က ကပ်လျက်ပါလာတဲ့စက်လှေနှစ်စင်းကိုလဲ ရပ်ခိုင်းတယ်။ ပြီးတော့ထပ်ပြောသေး တယ်။ "မအေပေးတွေလုပ်ပုံက အကုန်လုံးသဘောင်္အောက်ရောက်တော့မှာပဲ" တဲ့။ ကျနော်လည်း ခေါင်းမွေး ၊ ခြေသလုံးမွှေး၊ ရှိသမျှ အမွှေးတွေအကုန်ထောင်သွားပြီး။ စဉ်းစားမိတာက ညီမလေးကိုပဲ ကယ်ရမလား။ ငါပဲ လွှတ်အောင်ကူးရမလားပေါ့။ နက်ဖြန် စနေ နေ့ ဆို ကျနော့်ကောင်မလေးနဲ့ ရွှေဆံတော်ဘုရားဖူးနေကြလေ။




စက်သဗ္ဗန်မောင်းသမားက စက်ကိုအတင်းထိုးရပ်လို့ တော်သေးရဲ့ အောင့်မေ့ပြီး သက်ပြင်းချရုံရှိသေး၊ ခရီးသည် တစ်ယောက်ရဲ့  "အမလေး အမြန်လုပ်ကြပါ။ ဟိုမှာဘောဆိပ်နဲ့ ဆောင့်လို့ သေကုန်တော့မယ်၊ ကိုရဲ ရေ ကျမကို ရှင်မျှော်နေပြီလား " ဆိုတဲ့အသံကြားလိုက်ရလို့ တဖက်လှည့်ကြည့်လိုက်တော့ လားလား ကျနော်တို့ စက်လှေ ဟာ စက်သတ်ထားတဲ့အတွက် ကျနေတဲ့ ရေစီး နဲ့ ဘောတစ်ခု နဲ့ တစ်ခု ပေနှစ်ရာလောက် ကွာတဲ့အကြား ကနေ တစ်ဖက် ပန်းဆိုးတန်း၊ ဒလ ကူးတို့ သဘောင်္ရပ်ထားတဲ့ ဆိပ်ခံဘော ဆီကို ဘေးစောင်းကြီး အရှိန်ပြင်းပြင်းနဲ့ မြောချ နေတာကိုး ....။




ကျနော်ယောင်ယမ်းပြီး ကျနော့်ညီမလက်ကို ကိုင်လိုက်မိတယ်။ တဖြည်းဖြည်းနဲ့ ဟုတ်ဘူး မြန်မြန်ဆန်ဆန်ကြီး ကျနော်တို့ စက်လှေနဲ့ နီးနီးလာတဲ့ ပန်းဆိုးတန်း၊ဒလ ဆိပ်ခံဘောကြီးနဲ့ ကူးတို့ သဘောင်္ကြီးကို ကြည့်ရင်း ကျနော့် မျက်လုံးတွေ ပါးစပ်တွေ ၊ အသက်ရူနှုန်းတွေ မှင်တက်သွားတယ်။ တခြား ခရီးသည်တွေလည်း ဂါထာပေါင်းစုံ၊ "တ"နည်းပေါင်းစုံ၊ နာမည်ပေါင်းစုံတွေတနေကြတယ်။




လွယ်အိပ်အနီလွယ်ထားတဲ့ ၀န်ထမ်းပုံ ပေါ်တဲ့ အသက်လေးဆယ်အရွယ်လူကြီး တစ်ယောက် ကတော့ ရှေ့ က ဈေးသည်ကောင်မလေးကို ခွကျော်ပြီး စက်လှေ ဦးပိုင်းမှာ ရှိတဲ့ အသက်ကယ်ဘောကွင်းကို အတင်းထိုး လုလေရဲ့ ။ သူအလုကောင်းတော့ ၊ ကျနော်တို့ရှေ့ နားမှာ ထိုင်နေတဲ့ အလုပ်က ပြန်လာ တဲ့ ကောင်မလေးနဲ့ ကောင်လေးနှစ်ယောက်ကလည်း အဲ့ ဘောကွင်းကိုပဲ အတင်းပြန်လုတာပေါ့ ။ စက်လှေကတော့ ဘယ်ဘက်ကို ယိမ်းလိုက် ၊ ညာဘက်ကို ယိမ်းလိုက်နဲ့  ဆိပ်ခံဘော တံတားကြီးရဲ့ အောက်ကို အရှိန်ပြင်းပြင်းနဲ့  ချီတက်နေလေရဲ့ ။




ကျနော်လည်းအားကိုးရာမဲ့၊ ကြောက်လဲ ကြောက်နေတော့ စက်လှေ မောင်းသမားဘာများလုပ်မလဲ ဆိုပြီး နောက်လှည့်ကြည့်လိုက်တော့၊ ဘုရား ဘုရား နောက်မှာ ကမ္ဘာ နှစ်ခု ထပ်ပျက်နေတာကိုး။ ကျနော်တို့ စက်လှေ နဲ့ ရှေ့ ဆင့်နောက်ဆင့်ထွက်လာတဲ့ စက်လှေနှစ်စင်းပေါ်က လူတွေရဲ့ စိုးရိမ်ပူပန်နေတဲ့မျက်နှာတွေ ငိုကြွေးနေတဲ့ မျက်နှာတွေ ၊ ငါးနှစ်သားအရွယ်လောက်ရှိတဲ့ ခလေးတစ်ယောက်ရဲ့ သေမင်းခံတွင်းက လွတ်လို လွတ်ငြား ကြောက်လန့် တကြားအော်ဟစ်ငိုယိုလိုက်တဲ့ " ၀ါး " ဆိုတဲ့ အသံတွေ က ကျနော့်ကို မင်းသေရတော့မယ်လို့  အချက်ပြနေသလိုပါပဲ။ စဉ်းစားမိတာက ကျနော့်ညီမလေးက ရေမကူးတတ်ဘူး၊ သူ့ ကို ကယ်ရမှာလား။ ငါလွတ်အောင် ကူးရမှာလား။ ငါလွတ်မှာလား ။ ငါလွတ်ရင်အဖေ နဲ့ အမေက ငါ့ကို ဘာပြော မလဲ။ ငါ့ညီမလေး လွတ်ရင်ရော ။ စက္ကန့် ပိုင်းအတွင်းမှာ ကြောက်စိတ်၊ စိုးရိမ်စိတ် တွေနဲ့ ကျနော့် မျက်လုံးတွေပြာဝေလာပါတယ်။




သဗ္ဗာန်မောင်းဆရာတွေကလည်း တစ်ယောက်ကို တစ်ယောက် " ဦးကိုထောင်ထား၊ ဦးကိုထောင်ထား၊ ဘော နဲ့ မညှိစေနဲ့ ၊ တောင့်ထား" လို့ အော်ဟစ်သတိပေးနေပေမယ့် ရေစီးအားကို တောင့်ခံပြီး သဗ္ဗာန်ကို လွတ် အောင်လှော်ဘို့ ဆိုတာ မဖြစ်နိုင်ဘူး။ ပန်းဆိုးတန်း၊ ဒလ ဆိပ်ခံဘောကြီးကလည်း ညမှောင်မှောင် မည်းမည်းထဲ မှာ ကျနော်တို့ ကို လက်ယပ်ခေါ်နေလေရဲ့ ။ ဒီတစ်ခါတော့ ကိစ္စချောပြီ ၊ ဟုတ်တယ်လေ လူတွေကလည်း ထိန်း မနိုင်သိမ်းမရ၊ စက်လှေကလည်း ယမ်းတမ်းတမ်း၊ ဆိပ်ခံဘောကြီးကလည်း ကြိုဆိုလို့ ....




" ဒီမှာ ၊ ကျမပြောတာ နားထောင်၊ အကုန်လုံးကျမကို ကြည်စမ်း" မိန်းခလေးတစ်ယောက်ရဲ့ အသံ ၊ အသံက နက်တယ်။ စူးရှတယ် ။ ကျနော်အပါအ၀င်အော်ဟစ် ပြီးသွေးပျက်နေတဲ့ သူတွေ အကုန်လုံး စက္ကန့် ပိုင်းလောက် အံ့အားသင့်ပြီး ငြိမ်သွားတယ်။ ဒါကို ကောင်မလေးက အခွင့်ကောင်းယူပြီး ဆက်တိုက်ပြောချလိုက်တယ်။ "စက်ဆရာ ငေါင်မနေနဲ့  လုပ်စရာရှိတာလုပ် ၊ ကျန်တဲ့လူတွေ ကျမပြောတာ နားထောင် မထောင်လို့  ကတော့ သေပြီမှတ် ငါ့ကို ဘာမှတ်နေလဲ၊ အားလုံးငြိမ်ငြိမ်နေ မလှုပ်နဲ့ အသံ တစ်စက်မှ မထွက်နဲ့ "




ဘယ်သူများလဲ မှတ်တယ်။ ကျနော့်ညီမပေါ့ ။ ခပ်တည်တည်နဲ့ ဟောက်နေတာ အဖွဲ့ ချုပ်မှာ လုပ်နေကြလား မသိဘူး။ ပြီးတော့ ကျနော့်ပါးကို လက်နဲ့ တစ်ချက်ရိုက်ပြီး အိပ်ပေး ပဲ့ကိုကိုင်ပြီးရေထဲဆင်း ကြိုးကိုမြန်မြန်ဖြေ ပဲ့ကိုမလွှတ်လိုက်နဲ့  နော်တဲ့။




ကျနော်လည်း အိပ်ကို ပေးပြီး နောက်ဆုံးတန်းမှာ ရှိတဲ့ စက် နဲ့ ခရီးသည်တွေ အကြား ခြားထားတဲ့ တန်းခလေး ကို ကျော်ပြိး ပန်ကာချထားတဲ့ နားက တစ်ဆင့်ကိုယ်တစ်ပိုင်းရေထဲ ဆင်းပြီး ပန်ကာ တန်းအောက် ကို ရောက်နေတဲ့ ကြိုးကို ရေထဲ ထပ်နှစ်ပြီး ပန်ကာအောက်ကနေ ၀ိုက်ထုတ်တာပေါ့၊ သဗ္ဗာန်မောင်းဆရာက စက်လှေကို ဆိပ်ခံဘောတံတားဆီမရောက်အောင်ပြင်းထန်တဲ့ ရေစီးကြောင်းကို ဆန့် ကျင်ပြီးလှော် ခပ်နေ တာ ပေါ့။




ကျနော်ညီမ အဲ့လို လုပ်လို့ နဲ့ တူတယ်၊ ရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့ ကောင်မလေးက အသက်ကယ်ဘော လု တာကို ရပ်ပြီး ကျနော်တို့ စက်သဗ္ဗာန်နဲ့ ကပ်လျက်မြောလာတဲ့ စက်လှေနှစ်စင်းပေါ်ကို " တစ်ယောက်ယောက် ကြိုးသွားဖြည် ၊ စက်လှေသမားတွေ လှော်ထားလို့ " လှမ်းအော်လိုက်တယ်။ တခြားစက်လှေကလူတွေလဲ ကျနော်လို ပဲ ကိုယ်တစ်ပိုင်း ရေထဲနှစ်ပြိး ကြိုးကို ပန်ကာအောက်ကနေ ထုတ်ကြတာပေါ့။




ဆိပ်ခံဘော တံတားနဲ့ ကျနော်တို့ စက်လှေ လေးငါးပေလောက်အကွာမှာ ကျနော် အသံကုန်ဟစ်အော်တော့ တာ ပဲ "လွတ်ပြီမောင်း" ။ စက်လှေသမားလည်း သိပ်စဉ်းစားပုံမပေါ်ဘူး လှော်တက်ကို လွှတ်ချပြီး စက်ကို နိုးတာ ဒါတာင် သုံးခါလောက်နိုးလိုက်ရတယ်။ စက်ကုန်ပဲ။ စက်လှေလည်း မျှားတစ်စင်းလို မြစ်လယ်ခေါင်ဘ က် ဝေါခနဲ တိုးထွက်သွားတော့မှ။ ကျနော်လည်း ရေထဲ ကျနေတဲ့ ခန္ဓာကိုယ်တစ်ပိုင်းကို ပြန်မတ်လိုက်ပြီး " ဟူး" ခနဲ သက်ပြင်းလို့ ခေါ်မလား ဘာလားမသိဘူးချလိုက်မိတယ်။ စိတ်ထဲတော့မသေတော့ဘူးဟ လို့  မြည်တမ်းလိုက်တယ်။




ကျနော့်ညီမနဲ့ စောစောတုန်းက လှမ်းအော်တဲ့ ကောင်မလေးကတော့ နောက်က စက်လှေတွေကို လှမ်းကြည့်နေတယ်။တစ်စင်းပြီးတစ်စင်း "၀ူး ခနဲ ဝေါ ခနဲ " စက္ကန့် ပိုင်းလောက်ရတဲ့ အခွင့်အရေးထဲ အသားကုန်မောင်းထွက်လာကြ တာ။ ကျနော်တို့ စက်လှေပေါ်က လူတွေ လက်ခုပ်တွေတီးမိကြတယ်။ ကျန်နှစ်စင်းပေါ်က လူတွေလည်း မျက်နှာ စပ်ဖြီးဖြီးတွေနဲ့ လက်တွေပြန်ပြကြတယ်။ ကဲ ဒါဆိုပြီးရောပေါ့နော်။




မြစ်လယ်ခေါင်မှာတော့ စက်လှေသုံးစင်းဟာ ဆဲသံ တညံညံနဲ့ ။ မြေတူးသင်္ဘောတွေရပ်တဲ့ ဆိပ်ခံတံတားမှာ ရပ်ထားတဲ့ မြေတူးသင်္ဘောကြီးနဲ့ အဲ့သဘောင်္ကြီးရဲ့ ကျောက်ကြိုးကို မြစ်ထဲမှာ ကန့် လန့် ဖြတ်ဆွဲပြီး ပန်းဆိုးတန်းဘော တံတားအောက် ကုန်းပိုင်းမှာ ချထားတဲ့ ကျောက်ဆူးကြီးကို မေတ္တာပို့ ကြတာပေါ့။ " ဘယ်မအေလိုးများ ရွှေညဏ်တော်စုးရောက်ထားလဲ မသိပါဘူး အကုန်သေကုန်တော့မှာပဲ" ဆိုတဲ့ အသံ။ အေးကွာ တော်တော် ဆောက်ကျင့်ပျက်တဲ့ကောင်တွေ ဆိုတာ က တဖုံပေါ့။





ကျနော်ညီမကတော့ နောက်ကကပ်ပါလာတဲ့စက်လှေတွေကို ကြည့်ရင်း၊ စက်လှေမောင်းသမား ကို မေးခွန်း ထုတ်လိုက်တယ် " ဦးလေး နောက်ထွက်လာမယ့် စက်လှေတွေ ဘယ်လိုလုပ်မလဲ" စက်လှေမောင်း ဆရာက " ငါတို့ လိုပဲဖြစ်မှာပေါ့ " တဲ့ ။ ကျနော့်ညီမလေး မျက်လုံးက ပြူးခနဲ ဖြစ်သွားတယ် "ဟင်" ခနဲ တစ်ချက် အသံ ထွက်ပြီး အကြောင်းကြားလေဦးလေးရဲ့ လို့ လှမ်းပြောရှာတယ်။ စက်လှေသမားက "ဟာ ဒီအချိန်မှ ဘယ်လို လှည့်ပြောမလဲ ကမ်းနဲ့ အဝေးကြီး" လို့  ပြန်ပြောပါတယ်။




ကျနော့်ညီမက " ပြန်လှည့်ပါ ဦးလေးရယ် တခြား သူတွေသေကုန်မှာပေါ့ ကျမတို့ သွားပြောကြမယ်" ဆိုတော့ စက်လှေသမားဘာလုပ် လို့ လုပ်ရမှန်း မသိ ကြောင်နေလေရဲ့ ။ ကျနော်ကတော့ချမ်းနေပြီ ဘယ်ပြန်လှည့်ချင် မလဲ။ ရုတ်တရက်ဆိုသလို ၀န်ထမ်းပုံပေါက်နေ တဲ့ လူကြီးက " ဟေ့ဟေ့ ပြန်မလှည့်နဲ့ ငါတို့ အိမ်ပြန်ချင်ပြီ စက်လှေသမားတွေတာဝန်ပေါ့ သူတို့ မျက်စိရှင်ရှင်ကြည့် မောင်းလေ မူးနေရင်တော့ ဘယ်မြင်မလဲ" လို့ ဒေါကြီးမောကြီးအော်တော့တာပေါ့။ ကျန်သူတွေလည်း သူတို့ ထင်မြင်ချက်တွေ တစ်ယောက် တစ်မျိုးပေးနေရင်းကပဲ။ ကျနော်တို့ စက်လှေဟာ ဒလ ဘက်ကမ်းကို ရောက်လာပါတော့တယ်။




ကျနော် ယောင်ယမ်းပြီး ကြိုးတန်းကြီး ကန့် လန့် ဖြတ်ခံနေတဲ့ ဆိပ်ခံ ဘောနှစ်ခုအကြားကို လှမ်းကြည့် လိုက်တော့ မှောင်မည်းနေတာပဲ။ ဘာမှမမြင်ရဘူး။ ကျနော်တို့ ဗယောက်ဗ ယက်ဖြစ်နေတာကို လည်းဘယ်သူ မှမြင်မှာမဟုတ်ဘူး။ တခြားစက်လှေ တစ်စင်းစင်းကျနော်တို့ လိုဖြစ်နေရင် လည်း ဘယ်သူမှမြင်မှာမဟုတ်ဘူး။ ကျနော်ကျောထဲက စိမ့်သွားပြီး ဆက်မကြည့်ရဲတော့လို့ စက်လှေကနေ ဒလဆိပ်ကမ်းကုန်းမြေပေါ် ခုန်ချ လိုက်တယ်။ အောက်ရောက်ရင်ဘဲ ကျနော်ညီမလေးက သူ့ အိတ်ထဲက ငါးရာတန်တစ်ရွက်ကို ထုတ်ပြီး ကျနော့်ကို လှမ်းပြောတယ်။ ကျနော် ကြောင်သွားတယ်။




ဘာလဲ လို့ မေးဆတ်ပြတယ်။ စကားတော့မပြောနိုင်ဘူး။ ကျနော့်ညီမလေးက " ကိုကြီး ငါးရာထပ်စိုက်ပြီး ဒီသမ္ဗာန်ကိုစင်းလုံးငှားသွား ဟိုဘက်ရောက်ရင် စက်လှေသမားတွေအားလုံးကို ပန်းဆိုးတန်း ဆိပ်ခံ ဘော နဲ့  ကြယ်ငါးပွင့်သဘောင်္တွေရပ်တဲ့ ဆိပ်ခံဘောကြားမှာ ကြိုးတစ်ချောင်းကန့်လန့် ဖြတ်ခံနေတယ်။ အဲ့က နေ မြစ် ထဲ ကို ဖြတ်မထွက်ကြနဲ့ လို့ " သွားပြောပါတဲ့။ကျနော်က " ဟာ ဒီအချိန်မှ ဘာထူးမလဲ ဟပြီးတော့ တစ်ထောင်တောင် နှမြောစရာကြီး သွားဆိုလည်း ငါ ကူးတို့ သဘောင်္နဲ့ သွားလိုက်ပါ့မယ်။




ငါးဆယ်ပဲ ကုန်မှာ ပေါ့" လို့ တုန့် ပြန်လိုက်တယ်။ ကျနော့် ညီမလေးကလေသံ မာမာနဲ့  " ခုတောင် ဘယ် နှစ်စင်းဖြစ်နေ မှန်းမသိဘူး၊ သဘောင်္နဲ့ သာသွားလို့ ကတော့ မျိုးပါပြုတ်မယ်၊ ဒီဘက်ကနေ ဖုန်းဆက်ပြော ရအောင်လည်း ငါးထောင်တန် ဖုန်းမပေါ်သေးလို့ ကူးတို့ ဆိပ်တွေ ဖုန်းမတပ်နိုင်ဘူး ၊ ကိုကြီးလည်း တွံတေးပြန် မနေနဲ့ ဟိုဘက်မှာ အိပ်လိုက်၊ ညီမလေးလည်း အဆင်ပြေတဲ့ကားနဲ့ ပြန်မယ်။ အိမ်ကိုပြောပြလိုက်မယ်။




ဟို ဘက် ရောက်ရင် သေချာ ပြောဖြစ် အောင်ပြောနော်၊ ခုချိန်က အပြန်ကြည့်ပဲ အသွားမရှိဘူး " ပြောအပြီး တစ်ဆက်တည်း " စက်လှေဆရာကို ဦးလေး ကျမအကို စင်းလုံးငှားမယ် ဟိုဘက်ပြန်ထွက်ပါ ။ ဟိုဘက်ရောက် ရင် ဦးလေးရော ကိုကြီးရော ကြိုး အကြောင်းအားလုံးကို ပြောပြပါ ။ ကဲကဲ သွားတော့ သွားတော့ " ဆိုပြီး ဆရာမက လစ်သွားလေရဲ့ 




ကျနော် လည်း သဗ္ဗာန်ပေါ်ပြန်တက်ရင်း လစ်စို့  ဦလေးရေလို့ အော်လိုက်မိတယ်။




မြစ်လယ်ခေါင်မှာတော့ ကြိုးတန်းရှိတဲ့ နေရာကိုလှမ်းကြည့်ရင်း ကြက်သီး ထမိပါတယ်။ ရေကလည်းစိုတော့ စိတ်ထဲက ကျိန်ဆဲမိတယ်။ လက်သည်ကို ရှာတော့ သောက်စည်းကမ်းမရှိတဲ့ သိန်းစိန် အစိုး ရနဲ့ ဝန်ထမ်း


တွေကြောင့် မြန်မြန်ကျဆုံးပါစေ။ ခုတော့ ရှိစုမဲ့စု ပိုက်ဆံ တစ်ထောင်ကုန်ပြီ၊ ပြီးတော့ ကျနော်လာတာကို မကြိုက်တဲ့ ဗဟန်းက အမျိုးအိမ်မှာ အဆဲအဆိုခံပြီး တစ်ည အိပ်ရအုံးမယ်။




ညစာ အဲဒါလည်း ပြဿနာ၊ မနက်ကျထပြန်ရမယ်။ အချစ်ရေ ဒီစနေ မနက်စောစောတော့ မင်းနဲ့ အ တူ ရွှေဆံတော်ဘုရားမဖူးနိုင်တော့ဘူး




ဒိတော့ဗျာ၊ ကျနော် သိန်းစိန် အစိုးရကို မကျေနပ်ဘူး။ ပြီးတော့ လက်လွတ်စပယ်လုပ်တဲ့ မြေတူးသဘောင်္ပေါ် က ၀န်ထမ်းတွေကို မကျေနပ်ဘူး။ အဲဒါ ဗဟိုကော်မရှင်က တစ်ခုခုလုပ်ပေးပါ။ ဖြစ်နိုင်ရင် ကျနော်ကုန်ခဲ့ တဲ့ စက်လှေခ တစ်ထောင်ရယ်။ ခု ခင်ဗျားတို့ ကို စာလှမ်းရေးတဲ့ အတွက် အင်တာနက်သုံးခ နှစ်ရာရယ်။ စုစုပေါင်းတစ်ထောင့်နှစ်ရာ ပြန်ပေးပါ။ ကျနော် ညစာ ထည့်မတွက်ထားပါဘူး။




ကျနော်ညီမကပြောဘူးတယ် ။ တစ်ခုခုဆို ခင်ဗျားတို့ ဆီပဲ စာတိုက်ရိုက်ရေးပါ။ ဒေါ် အောင်ဆန်းစုကြည်ဆီမရေးပါနဲ့ တစ်စောင်မှ




ရောက်မှာ မဟုတ်ဘူးတဲ့။ အဲဒါရောဟုတ်လားဗျ။ ဘာပဲဖြစ်ဖြစ် ကျနော့်ပိုက်ဆံကို ခင်ဗျားတို့ ပြန်ပေးပါ။




ခင်ဗျားတို့ မပေးနိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနားက လူတွေဆီက တောင်းပေးပါ။ ကျနော့်ညီမပြောတာတော့ အဖွဲ့ ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နားက လူတွေက အရမ်းချမ်းသာတာပဲတဲ့။ ဟန်းဖုန်းတွေလည်းကိုင်ကြတယ်။ သုံးလိုက်တဲ့ပစ္စည်းတွေလည်း နိုင်ငံခြားက လာတဲ့အကောင်းစားတွေပဲတဲ့။ သူတို့ တွေ ငွေ ထောင့်နှစ်ရာတော့ တတ်နိုင်မှာပါဗျာ




နေလင်း


၁၂/တတန(နိုင်) ၁၃၂၄၇၈


အမှတ် ၂၀၊ ဗိုလ်ချုပ်လမ်း၊ ကွမ်းခြံရပ်ကွက် ၊ တွံတေးမြို့ 



--

0 ကွန်မန့်ရေးရန်:

Post a Comment