Posted: 26 Aug 2012 07:25 AM PDT
ကျွန်တော်
အခုအချိန်အထိ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ ရေးခဲ့တာ ချည်းပါပဲ။
လူမှု့ရေးခံစားချက်နဲ့ ပတ်သက်ပြီးတော့ မရေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခု
နည်းပညာနှင့် ဆက်စပ်ပြီး လူမှု့ရေးနှင့်ပတ်သက်နေတဲ့ အမြင်ကို
ပြောပြချင်လို့ပါ။ ကျောက်မီးသွေးစက်ရုံတစ်ခုရဲ့ လည်ပတ်ပုံ နည်းစနစ်၊
ကောင်းကျိုးနှင့်ဆိုးကျိုး ဒါတွေကို ကွဲကွဲပြားပြားမသိဘဲနဲ့
သူများပြောတိုင်း လိုက်ခေါင်းညိတ်နေရင်တော့ ပုတ်သင်ညိုပဲ ဖြစ်သွားမှာပါ။
အကောင်းဆုံးဆိုတဲ့ အရာတစ်ခုရဲ့အောက်မှာ စွန့်လွှတ်အနစ်နာခံခဲ့ ရင်းခဲ့ရ
ဒုက္ခခံခဲ့ရတာတော့ ရှိကြစမြဲပါ။ ဥပမာ အခုကော့သောင်းမှာ
ကျောက်မီးသွေးနှင့်ပတ်သက်ပြီးေ
ကျွန်တော့်ကို
လူတစ်ယောက် ဖုန်းဆက်ပါတယ်။ oversea call နဲ့ ဆက်တာပါ။ ၀ဘ်ဆိုက်မှာ
ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ ကနေ
စည်းရုံးနေတာကို တွေ့ရပါတယ်။ ကျွန်တော့်ကိုလည်း အဲ့ကျောက်မီးသွေးစက်ရုံကို
ကန့်ကွက်ဖို့အတွက် ပို့စ်တင်ပေးဖို့ တောင်းဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်
ထိခိုက်နိုင်တယ်ဆိုတာတွေပါ ပြောတာပေါ့။ အဲ့တော့ ကျွန်တော်ပြောတာဟာ
ဘယ်သူ့ဖက်မှ မလိုက်သလိုဘဲ အလယ်တည့်တည့်ကနေ အမြင်ကိုပြောပြပါ့မယ်။ အခု
လျှပ်စစ်ဓါတ်အား ထုတ်လွှင့်ဖို့ စက်ရုံတည်ဆောက်လိုက်တဲ့ နည်းပညာသည်
အခုမှလား။ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နည်းပညာပါ။ တိုးတက်နေတဲ့
အနောက်နိုင်ငံတွေ တော်တော်များများ ဥပမာ- အမေရိကန်၊ တရုတ်စတဲ့နိုင်ငံတွေမှာ
ဟိုးအရင်အရင် စတင်ဖွံ့ဖြိုးတဲ့အချိန်အခါတုန်း
(ကျောက်မီးသွေးစက်ရုံရှိ မည်သူနှင့်မျှ မပတ်သက်သလို၊ သက်ဆိုင်မှု့လည်းမရှိပါ။ ဖြစ်သင့်တာကို ထောက်ပြခြင်းသက်သက်သာ ဖြစ်ပါတယ်)
(နောက်တစ်ခုကတော့
ဝန်ထမ်းခန့်အပ်တာမှာ ဘယ်သူနဲ့အမျိုးတော်လည်း၊ ဘယ်လိုပတ်သက်တာလည်း
စသည်ဖြင့် လူမှု့ရေးနှင့်ပတ်သက်သည့် မေးခွန်းများကိုသာ အဓိကထားမေးတယ်လို့
သိရပါတယ်။ တကယ်ဖြစ်သင့်တာသည်။ ယခုလို လုပ်ငန်းမျိုးမှာ တကယ်တတ်ကျွမ်းသော
လူငယ်များနှင့် စာရင်းဇယား ကျွမ်းကျင်စွာ ကွန်ပျူတာဖြင့်
တွက်ချက်လုပ်ဆောင်နိုင်သည့် လူမျိုးကိုပဲ ဦးစားပေးခန့်အပ်ရမည့်အစား၊
လူမှု့ရေးနှင့် ပတ်သက်သူများ ကိုသာ ခန့်အပ်နေတာတွေဟာ အဲ့လို
လျှပ်စစ်ထုတ်လုပ်ပေးမည့် စက်ရုံအတွက် အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုပါ။
တကယ်တတ်ကျွမ်းတဲ့သူများ ကတော့ ဘေးရောက်ပြီး အမျိုးတွေက နေရာယူနေတာဟာ
မဖြစ်သင့်ပါဘူး။ ရည်ရှည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ထိုခိုက်မှု့တွေ၊
မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့လို ၀န်ထမ်းခန့်အပ်တဲ့အခါမှာ
နည်းပညာမေးခွန်းများအစား အမျိုးစပ်သည့် မေးခွန်းတွေမေးနေတာဟာ
အတော်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲလို့လဲ ပြောချင်ပါတယ်။)
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း |
||||
Posted: 26 Aug 2012 07:25 AM PDT
၁။ ၀ဘ်ဆိုက်တွင် အသံအရမ်းကျယ်လို့ ဘေးအိမ်တွေနဲ့ ကျောင်းကတောင်မှ ကလေးတွေ လန့်ပြေးကြတယ်လို့ ဆိုထားတဲ့ ၀ဘ်ဆိုက်အတွက် ပြောပြချင်တာလေးပါ။
ဖြေ။
ကျောက်မီးသွေး စက်ရုံစတင် မလည်ပတ်ခင်မှာ အထဲမှာ ရှိနေတဲ့
သံမှုန်များနှင့်ချေးများကို ရေနွေးနှင့်ချေးချွတ်ရပါတယ်။ ပြီးတာနဲ့ အထဲက
အမှုန်အမွှားများနှင့်လည်ပတ်မှု့
၂။ မီးခိုးပြာများကျလို့ အနားက အိမ်တွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
တစ်ခြားသူအတွက်တော့
ဘယ်လိုနေလဲတော့ မသိပါဘူး။ ကျွန်တော့်အတွက်တော့ အတော့်ကို ဟာသပါပဲ။
စက်ရုံတောင် စပြီးမလည်ရသေးပါဘူး။ ချေးချွတ်ဆေးကြောနေတဲ့အဆင့်ပဲ
ရှိပါသေးတယ်။ အဲ့မှာ အသေးစိတ်သိချင်ရင် အင်္ဂလိပ်လို ကျွမ်းကျင်သူများနှင့်
မေးမြန်းခွင့်ရှိသူများ တာရိုက်မေးမြန်းကြည့်ပါ။ သိပါလိမ့်မယ်။
စက်ဆေးတဲ့အတွက် မီးခိုးပြာက ဘယ်ကကျသသလဲဆိုတာကို ကျွန်တော်တော့်
မခန့်မှန်းတတ်ပါ။
၃။ နေအိမ်နဲ့အရမ်းနီးလို့ဆိုတဲ့ ညီလေးတစ်ယောက် အတွက်ကိုလည်း ပြန်ပြောပြချင်ပါတယ်။
ယခုသတ်မှတ်ဆောက်လုပ်ထားသော
နေရာသည် ညီပြောသလို နေအိမ်နှင့်ညီပြောသလောက် မဝေးပါ။ ပြီးတော့
စက်ရုံတကယ်လည်ပတ်ပြီဆိုရင် အင်ဂျင်သံသာ ဘာသံကြားရမလဲ၊ အခုလည်ပတ်နေတဲ့
စက်သုံးဆီအင်ဂျင်သံ(မြို့လည်တွ
၎။
မြန်မာနိုင်ငံကို ဒီနည်းပညာ ရောက်လာရင် အောင်မြင်စွာ
လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်ရင် ကျွန်တော်တို့နိုင်ငံ ဘာတွေဖြစ်လာနိုင်လဲ။
မြန်မာနိုင်ငံတိုးတက်သွားနိုင်
ကျွန်တော် ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နှင့်ပြောခြင်းမျ
အားလုံးအမြင်မှန်ရပြီး
အနာဂတ်အတွက် အကျိုးမျှော်ကိုးနိုင်ပါစေလို့ ဆုတောင်းရင်း မြန်မာနိုင်ငံ
သားတွေ အားလုံးကိုယ့်တိုင်းပြည်မှာ ပြန်လည်အလုပ်လုပ်နိုင်ပြီး
ကိုယ့်တိုင်းပြည် ကောင်းကျိုးအမြန်ဆုံးပြုနိုင်ပါ
စေတနာများစွာဖြင့်
ညီနေမင်း(နည်းပညာ)
|
||||
Posted: 26 Aug 2012 07:39 AM PDT
ကျွန်တော်
နေမကောင်းလို့ ထိုင်းကို ခဏသွားပါတယ်။ သွားတုန်းမှာပဲ အိမ်ကို
ဖိတ်စာလာပို့ပါတယ်တဲ့ ဖုန်းဆက်တယ် ဘာဖိတ်စာလဲ မေးတော့ ဒီမိုကရက်တစ်ပါတီကနေ
ဖိတ်တာဆိုပဲ။ ပါတီ (၃) ခုပေါင်းပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်တဲ့။ ကျွန်တော်က
ဘာတီဝင်လည်းမဟုတ်၊ နိုင်ငံရေးသမားလည်း မဟုတ်တဲ့အတွက် ဘယ်လိုမှ အဲ့လို
ပါတီမျိုးမှာ သွားပြီးတော့ ဆွေးနွေးစရာမလိုအပ်ဘူးထင်ပြီး မသွားခဲ့ပါ။
တကယ်လို့ ဆွေးနွေးချင်ရင် ဆိုင်ကိုလာခဲ့ပါလို့ အကြံပြုပါရစေ။
ကိုသန်းထွန်းရေ. ကျွန်တော် နားလည်သလောက်နဲ့ ကိုသန်းထွန်း နားလည်သလောက်ကို
ဆွေးနွေးလို့ရပါတယ်။ ဒါပေမယ့် တစ်ခုတော့ ကျွန်တော်အံ့သြမိတယ်ဗျာ။
ဗိုလ်ချုပ်အောင်ဆန်း ခေတ်တုန်းက လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့တွေကို
တော်လှန်ဖို့အတွက် နိုင်ငံရေးသမားတွေအဖြစ် လုပ်ခဲ့ကြတယ်။ တကယ့်ကို
ချီးကျူးထိုက်ပါတယ်။ အဲ့တစ်ချိန်တုန်းက နိုင်ငံရေးသမားဆိုတာဟာ ခုလို
ကိုသန်းထွန်းလို ခပ်တုံးတုံး ခပ်ပဲ့ပဲ့ အတွေးတွေနဲ့ မဟုတ်သလို၊
ပညာရေးမှာလည်း နိုင်ငံခြားမှာ ပညာသွားသင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့
သူတွေချည်းပါပဲ။ အခု ကိုသန်းထွန်း ဖိတ်လိုက်တဲ့ ဖိတ်စာအနောက်ကြောဖက်မှာ
ကိုပို့တဲ့စာကို ကိုသေချာ ပြန်ဖတ်ကြည့်ပါဦး "Technology" ကိုတောင်
ဖြောင့်ဖြောင့်တန်း တန်းမရေးနိုင်ဘဲနဲ့ ကျောက်မီးသွေးစက်ရုံတစ်ခု
လည်ပတ်ဖို့ကို ဆွေးနွေးမယ်ဆိုတော့ အတော်လေးကို ဟာသဖြစ်စရာပါပဲ။
ဒီမိုကရက်တစ်ပါတီမှာ ကိုသန်းထွန်းက ပါတီခေါင်းဆောင်လား၊ ပါတီဝင်လား
ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပါတီခေါင်းဆောင် ဆိုရင်တော့ ခင်ဗျားလက်အောက်က
ပါတီဝင်တွေကို ဘယ်လို အုပ်ချုပ်ပါသလဲ။ အသိပညာ အတတ်ပညာတွေနဲ့လား။ အရာရာကို
အမြင်ကျယ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အတွေးအမြင်တွေနဲ့လား။ ခုလို
ခပ်ပဲ့ပဲ့စာတွေနဲ့ရေးလိုက်တဲ့ စာသားတစ်ချို့ကတော့
ကျွန်တော်သုံးသပ်ချက်အရတော့ 5 တန်းတောင် မအောင်သေးလောက်ဘူး ထင်ပါတယ်။
ကျွန်တော်ရိုင်းသွားရင် ဆောရီးပါ။ လူတိုင်းမှာ အမြင်တစ်မျိုးစီရှိသလိုပဲ။
ကျွန်တော့်ကိုလည်း သုံးသပ်လို့ရပါတယ်။ ဝေဖန်လို့ရပါတယ်။ မဆော်ကားရင်
ပြီးတာပါပဲ။ လူတိုင်းမှာ လွတ်လပ်စွာ သုံးသပ်ပိုင်ခွင့်ရှိပါတယ်။
ကျွန်တော်ကြားဖူးတာကတော့ နိုင်ငံရေးသမားဆိုတာ အမှန်တရားကို သတ္တိရှိရှိနဲ့
ရင်ဆိုင်ရဲတဲ့ သူတွေလို့ ကျွန်တော် သိထားတာပါ။ ကျွန်တော် ကိုသန်းထွန်းကို
ထပ်ပြီးတော့ သုံးသပ်လိုက်ပါ့မယ်။ အရမ်းပဲ့လိုက်တာ ကိုသန်းထွန်းရယ်ပေါ့။
စာမပို့ခင် စာကိုတော့ မှန်အောင် အရင်ရေးပြီးမှ ပို့စေချင်တာပါ။ ခင်ဗျားက
ဒီမိုကရက်တစ်ပါတီဆိုတဲ့ အမည်နဲ့လာတဲ့အတွက် ဒီမိုကရက်တစ်ပါတီမှာ
ခင်ဗျားလိုနိုင်ငံရေးသမားကို ခန့်ထားတာဟာ သူများဒို့အရေးဆိုတိုင်း
လိုက်ပြီး ဒို့အရေး၊ ဒို့အရေးလုပ်နေလို့လား ဆိုတာတော့ ကျွန်တော် မသိပါဘူး။
ကျွန်တော် ပြောတာ ရိုင်းလား မရိုင်းဘူးလားဆိုတာကိုတော့ စာဖတ်သူတွေထဲမှာ
ပညာတတ်တွေ တော်တော်များပါတယ်။ အားလုံးပဲ ကျွန်တော်မှားတယ်ဆိုရင်
ဝေဖန်နိုင်ပါတယ်။ ကွန်မန့်ဝင်ရေးနိုင်ပါတယ်။
၁။ သင့်နိုင်ငံရေးသမားတွေကို မလေးစားတာ သင့်ထ္မင်းစားဖို့ လုပ်ပေးနေတဲ့ သူကိုစော်ကားလိုက်တာပဲ့
ဖြေရှင်းချက်။ ။ကျွန်တော်နိုင်ငံရေးသမားတွေကု
၂။ အဲ့ဒီ့စော်ကားခြင်းဟာ သင့်အဖေအမေကို စော်ကားခြင်းထက် ပို၍အပြစ်ကြီးလေ၏။ သင်စဉ်းစားပါ?
ဖြေရှင်းချက်။ ။ကျွန်တော်သစ္စာဆိုထားပါတယ်။
ဘုရား၊ တရား၊ သံင်္ဃာ၊ မိဘ၊ ဆရာ သမားများကို အသက်ထက်ဆုံး
ကံသုံးပါးစလုံးဖြင့် မပြစ်မှား မဆော်ကားပါဘူးလို့ သစ္စာဆိုထားပါတယ်။
ဘာလို့လဲဆိုရင်တော့ အနန္တော အနန္တငါးပါးထဲမှာ မိဘပါနေလို့ပါ။
ဘယ်နိုင်ငံရေးသမားကိုမှလည်း မဆော်ကားခဲ့ပါ။
အခုကိုသန်းထွန်း(ဒီမိုကရက်တစ်ပါ
၃။ သင် Techanilogy သမားဟုပြောသည်။ သင်ပြောသည့်အမည် နာမသည် ဘာကိုဆိုလိုသနည်း ဆိုတာ သင်သိမှ ပြောရင် ပိုကောင်းပါသည်။
ဖြေရှင်းချက်။ ။ ဟုတ်ကဲ့
ကိုသန်းထွန်းရေ အစ်ကိုပြောတဲ့ Techanilogy ဆိုတာကိုတော့ ကျွန်တော်
တကယ်မသိပါဘူး။ ကျွန်တော်ရေးခဲ့တာက Technology (နည်းပညာ) နှင့်ပတ်သက်ပြီး
အမြင်ကိုတော့ ရေးခဲ့ဖူးပါတယ်။ အစ်ကိုခုပြောတဲ့ Techanilogy ဆိုတာကိုတော့
ကျွန်တော် မသိတာအမှန်ပါ။ English to English မှာ ထပ်ဖြည့်သင့်တယ်ထင်ပါတယ်။
အစ်ကိုပြောတဲ့ Techanilogy ရဲ့ အဓိပ္ပါယ်ကို ဖွင့်ပြစေလိုပါတယ်။
အခုကျွန်တော် မသိတဲ့အတွက် ဘာကိုမှ မပြောနိုင်တဲ့အတွက် ကျွန်တော်လေ့လာမှု့
ညံ့ဖျင်းသွားတယ်လို့ပဲ အပြစ်တင်ပါရစေ။ (မင်းတော်တော် လေ့လာဖို့ လိုသေးပါလား
ညီနေမင်းရယ် အဟတ်ဟတ် .... )။
၎။ သင့်လုပ်ငန်းသည် မည်သူကို ကိုယ်စားပြုသနည်း? ကျုပ်တို့လုပ်ငန်းသည် ပြည်သူကို ကိုယ်စားပြု၏။
ဖြေရှင်းချက်။ ။ကျွန်တော့် http://www.nyinaymin.org
ဆိုပြီး ၀ဘ်ဆိုက်ပြုလုပ် ထားခြင်းသည် ကိုယ်ကျိုးရှာရန်အတွက် မဟုတ်ပါ။
အဲ့အတွက်ကြောင့်လည်း မည်သူမဆို ၀ဘ်ဆိုက်တွင် ၀င်ရေးချင်သူများအားလုံးကို
ဖိတ်ခေါ်ခဲ့ ပါသည်။ ၀ဘ်ဆိုက်၏ နောက်ဆုံး စာလုံးသည် .org(Organization)
ဆိုတာသည် အများနှင့် သက်ဆိုင်သည့်ဝဘ်ဆိုက်ဖြစ်ကြောင်
ကိုသန်းထွန်းကော
ပြည်သူကို အကျိုးပြုတယ်လို့ပြောခဲ့သလို ပြည်သူတွေအတွက် ဘာတွေများ
ခုချိန်အထိ အကျိုးပြုပြီးခဲ့ပါသလဲ။ လူထုကော ဘာတွေ အကျိုးခံစားခဲ့ရပါသလဲ။
၅။ အခကြေးငွေသည် လူကိုပျက်စီးစေသည် ကြွေးတိုင်းလဲ မစားနှင့်ပေးတိုင်းလဲမယူနဲ့ ငါ့သား။
ဖြေရှင်းချက်။ ။ ပထမဦးစွာ ကြွေး ကို အရင်ဆုံး ကျွေး လို့ပြင်ရေးသင့်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်ခင်ဗျာ။ စာလုံးပေါင်း စပါးလင်
လေး နည်းနည်း လွဲနေတယ်ထင်တယ်။ ဘယ်သူ့ဆီက ထောက်ပံ့ငွေကို ကျွန်တော်
စားခဲ့ပါသလဲ။ ညီနေမင်းသည် ကွန်ပျူတာလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေပါသည်။ ဘာလုပ်သလဲဆိုတာကို ဆိုင်က ဆိုင်းဘုတ်မှာ
လာဖတ်ပေးပါ။ ခုချိန်အထိ ဘယ်သူကျွေးတာမှ စားခဲ့တာမရှိ သလို။ မာနလည်း
ရှိထားပါတယ်။ အဲ့ဒါဘာလဲဆိုရင် ကိုယ့်ဥာဏ်ပညာဖြင့် အလုပ် လုပ်ထားသော
လုပ်အားခမဟုတ်ဘဲ ရယူခဲ့တဲ့ ပိုက်ဆံခုချိန်အထိ မရှိပါ။
သူများဟောင်ခိုင်းတိုင်းလည်း လိုက်မဟောင်တတ်ပါ။ အမှန်တရားကို မြတ်နိုးစွာ
တန်ဖိုးထားထားပါသည်။ ငါ့သား လို့ပြောတာတော့ နည်းနည်းလေး
အဆင့်နိမ့်သွားတယ်ထင်တယ် ကိုသန်းထွန်းရေ့။ ထက်မြက်ပြီး လူထုကို
ကိုယ်စားပြုထားပါတယ် ဆိုတဲ့ စာသားဟာ ဒီစကားလုံး တစ်လုံးတည်းနှင့်ကို
ကိုသန်းထွန်းအဆင့်ဟာ zero Laval အောက်ကို ဆင်းသွားပါပြီ။ ကျွန်တော့်ကို
မွေးထားတဲ့ ဖခင်ကတော့ ဆုံးပါးသွားပါပြီ။ ကျွန်တော့်ကို သားလို့ခေါ်နိုင်တာ
အမေတစ်ယောက်တည်းပဲ ရှိပါတော့တယ်။ နိုင်ငံရေးသမားတွေထဲမှာ Quantity နဲ့
Quality ဆိုပြီးခွဲကြည့်ရင်တော့ ကိုသန်းထွန်း Laval ဟာ Quality(အရည်အချင်း)
မဟုတ်ဘဲ Quantity(အရေအတွက်) ပဲရှိတဲ့သူဆိုတာ ပေါ်လွင်နေပါတယ်။
၅။ သင့်မှာ သင်စရာတွေအများကြီးပါ။ သင်ကျုပ်ဖိတ်တဲ့ ဆွေးနွေးပွဲသို့ ဖြစ်အောင်တက်ပါ။ သင့်အတွက် ကောင်း၏။ DPM (သန်းထွန်း)
ဖြေရှင်းချက်။ ။ကျွန်တော်
နာမည်ကို ကွင်းစကွင်းပိတ်ထည့်မိတာကတော့ စာလုံးပေါင်းမတတ်လို့ပါ။
ကွင်းစကွင်းပိတ်ထည့်ရင် ပိုကြည့်ကောင်းသွားမလားလို့ပါ။
ကျွန်တော်သင်ယူစရာတွေ အများကြီးရှိပါတယ်။ မှန်ပါတယ်။ ကိုသန်းထွန်းခင်ဗျာ။
ဒါပေမယ့် ကိုသန်းထွန်းဆီမှာတော့ မဟုတ်တာ အသေအချာပါပဲ။ ဘုရား၊ တရားလုပ်ဖို့
ပထမခြေလှမ်းဖြစ်တဲ့ သမထ အလုပ်ကို အရင်နိုင်နင်းအောင် ပုတီးစိတ်၊ တရားထိုင်၊
ဝင်လေ ထွက်လေ ရှု့ပြီးတော့ ခန္ဓာကိုယ်ရဲ့ အတွင်းထဲက စိတ်ကို နိုင်နင်းအောင်
ညတိုင်းကြိုးစားနေပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ၀ိပဿနာကတော့
နည်းနည်းအလှမ်းဝေးပါသေးတယ်။ ၀ိပဿနာလုပ်တဲ့ အချိန်ကျရင်တော့
ကျွန်တော်အားလုံးကို စွန့်လွှတ်ခဲ့တဲ့နေ့ဖြစ်မှာပါ။ အတွင်းစိတ်ကို
အရင်အောင်နိုင်မှ ခန္ဓာကိုယ်အပြင်ဖက်ကနေ ရှု့ပြီး အပြင်ပိုင်းအောင်ခြင်းကို
ရယူရမှာဖြစ်တဲ့အတွက် ဒုတိယအဆင့်ကိုတော့ မရောက်နိုင်သေးပါဘူး။ သမထအဆင့်ပဲ
ရှိပါသေးတယ်။ ဆရာတော်ကြီးတွေဆီမှာ သင်ယူရဦးမှာပါ။
(စာရှူ့သူများ မည်သူမဆို ဤပို့စ်အား ဝေဖန်အကြံပြုရေးသားနိုင်ပါသည်။)
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)
|
2 ကွန်မန့်ရေးရန်:
very Good ကိုညီနေမင်း ရေး အားပေးတယ် ဆက်လုပ်....
ဒါမှ တို့ကိုညီနေမင်းကွ..........................
Post a Comment